ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးတို့ရဲ့ ဖွံ့ဖြိုးမှု အတွက် ဖေဖေ၊ မေမေ ပံ့ပိုးပေးသင့်တဲ့ (၇) ချက်

ကလေးရဲ့ ကောင်းမွန်စွာဖွံ့ဖြိုးမှုအတွက် ဖေဖေမေမေတို့ အမြဲတွေးပူခဲ့ကြတာ ကိုယ်၀န်ဆောင်ချိန် အချိန်ကတည်းကပေါ့။ ကလေးက ထွားသင့်သလောက် ထွားရဲ့လား၊ ပြည့်စုံရဲ့လား ၊ သန်မာရဲ့လား စသည်ဖြင့် အရိပ်တကြည့်ကြည့်နဲ့ မဟုတ်လား။ မေမေတို့ သိထားတဲ့အတိုင်းပါပဲ။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဟာ အာဟာရကို မူတည်တယ်ဆိုပေမယ့် အစားအသောက်နဲ့တင် ပြီးပြည့်စုံမှာ မဟုတ်ပါဘူး။ ကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပံ့ပိုးပေးရမယ့် တခြားအချက်လေးတွေ ရှိနေပါသေးတယ်။ မိဘအနေနဲ့ ဒါတွေ ပံ့ပိုးပေးသင့်ပါတယ် ကလေး ပြုစုစောင့်ရှောက်တဲ့အခါ အရေးကြီးဆုံးက အာဟာရပါ။ အဲဒီနောက်မှ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေအတွက် အထောက်အကူဖြစ်မယ့် ပျိုးထောင်နည်းတွေ၊ သင်ကြားပေးတာတွေ နဲ့ ကလေးကို ထပ်ပြီး ပံ့ပိုးပေးရမယ်လေ။ (၁) အာဟာရ လုံလောက်ပါစေ။ အသက် (၂)နှစ်အထိ မိခင်နို့တိုက် လို့ရပါတယ်။ ဒါပေမယ့် အသက်(၂)နှစ်ကျော်လို့ မိခင်နို့နဲ့ မလုံလောက်တဲ့ ဖွံ့ဖြိုးကာစ ကလေးတစ်ယောက်အတွက် […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။

ခုထက်ထိ မေမေတွေမှာ ရှိတဲ့ ပြဿနာကတော့ ကလေးကို ရေတိုက်တာပါပဲ။ ဘယ်လောက်ပဲ ပညာတွေ ပေးနေပေမယ့်လည်း ကလေးကို ရေတိုက် နေတုန်းပါပဲ။ နောက်ပြီး တကယ်သိ တကယ်နားလည်တဲ့ မေမေတွေကျတော့လည်း မိဘဆွေမျိုးတွေကို မလွန်ဆန်နိုင်တာနဲ့ပဲ တိုက်ရပြန်ရော။ တစ်ခါ ကိုယ့်ကလေးကို အပ်ပြီး အလုပ်ထွက်လုပ်ပြန်တော့လည်း အလစ်မှာ ရေခိုးတိုက်ကြပြန်ရော။ ဆိုတော့ ဒီလောက် အကြိမ်ကြိမ်အခါခါ ပြောနေပါလျက်နဲ့ ဘာကြောင့် ဒီရေကိုချည်း အတင်းတိုက်ဖို့ ကြိုးစားနေကြတာလဲ။ သူတို့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲ။ ဆက်ကြည့်ရအောင်။ မေမေတွေ ဘာလို့ ကလေးကို ရေတိုက် ချင်ရတာလဲ။ (၁) "နင်တောင် ရေသောက်သေးတာ၊ ကလေး က ရေဆာမှာပေါ့။" မွေးစ ကလေးက ရေတွေ ဘာတွေ မသိပါဘူး။ ဒီအချိန်မှာ သူ့အတွက် အကောင်းဆုံးက မိခင်နို့ပါ။ ကလေးအတွက် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေ ခေါင်းကိုက် တတ်လား

ဒီတခါတော့ ခေါင်းကိုက်တတ်တဲ့ သားသား၊ မီးမီးလေးတွေအကြောင်းကို မေမေတို့ပိုနားလည်စေဖို့နဲ့ တကယ်ပဲ ခေါင်းကိုက်တာလား၊ ဘာတွေလုပ်ပေးဖို့လိုမလဲ၊ ဘာတွေကြိုတင်ရှောင်ရှားဖို့လိုမလဲဆိုတာကို ‌ပြောပြပေးသွားပါမယ်။ သားသား၊ မီးမီးလေးတွေ ခေါင်းကိုက်တယ်၊ ခေါင်းကိုက်တယ်နဲ့ ‌ပြောတတ်ကြတာ မေမေတို့ မကြာခဏကြားဖူးကြမှာပါ။ အဲဒီအခါကျရင် သူတို့လေးတွေ ဘယ်လိုခံစားနေရမလဲ၊ ဘာလုပ်ပေးရမလဲ ဆိုတာနဲ့ ဆောင်ရန်၊ ‌ရှောင်ရန်လေးတွေသိထားရင် ဖေဖေ၊ မေမေတို့လည်း စိတ်အေးရမှာပါ။ သားသား၊ မီးမီးလေးတွေ ခေါင်းကိုက် ရတဲ့အကြောင်းရင်းတွေကတော့- (၁) သွားကိုက်လို့ (၂) နှာစေး၊ ချောင်းဆိုး၊ ဖျားတဲ့အခါ (၃) ဦးခေါင်းကို တစ်ခုခုနဲ့ခိုက်မိတဲ့အခါ (၄) စိတ်ခံစားချက်၊ စိတ်ဖိစီးမှု တစ်ခုခုရှိတဲ့အခါ (ဥပမာ-စာမေးပွဲနီးတဲ့အခါ၊ လိုတာမရတဲ့အခါ၊ ဆရာ၊ ဆရာမ၊ သူငယ်ချင်းတွေနဲ့ အဆင်မပြေတဲ့အခါ၊ ရွယ်တူသူငယ်ချင်းတွေက လှောင်‌ပြောင်ကြတဲ့အခါ၊ ဖေဖေ၊မေမေက ဆူတဲ့အခါ) (၅) အိပ်ချိန်မမှန်၊ အိပ်ရေးမဝတဲ့အခါ (၆) အစားအသောက်‌ကြောင့် (ကော်ဖီ၊ လဖက်ရည်၊ ချော့ကလက်၊ ဆိုဒါ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ

သကြားဓာတ် ပမာဏများများပါဝင်တဲ့ ရေခဲမုန့်တွေ၊ Bubble Tea တွေ၊ အချိုရည်တွေ၊ သကြားလုံးတွေ၊ ဒိုးနပ်တွေဟာ ကလေးတွေ သိပ်ကြိုက်နှစ်သက်တတ်ကြတဲ့ အစားအစာမျိုးတွေဖြစ်ပါတယ်။ မိဘတွေကိုယ်တိုင်ကလည်း သားသားမီးမီးတွေ နှစ်သက်တဲ့ ဒီလိုအစားအစာမျိုးတွေကို မကြာခဏဆိုသလို ကျွေးမွေးဖြစ်တတ်ကြပါတယ်။ မိဘဆိုတော့လည်း သားသမီးကို ပျော်စေချင်၊ စိတ်ချမ်းသာစေချင်ကြတယ်မဟုတ်လား။ ဒီလို အချိုဓာတ်၊ သကြားဓာတ်ကဲတဲ့အစားအစာတွေကို ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေက အလွန်နှစ်ခြိုက်ကြတာမှန်ပေမယ့် လွန်လွန်ကဲကဲစားသုံးနေမိပြီဆိုရင်တော့ သူတို့လေးတွေရဲ့ ကျန်းမာရေးအခြေအနေကို ထိခိုက်လာစေနိုင်တာကို သတိထားဖို့ လိုအပ်ပါတယ်။ ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ ကိုယ့်ကလေးကို ချစ်ရင် အချိုစာတွေ လျှော့ကျွေးပါ .... ဒီလို ပြောရတာက တကယ်လို့ ကိုယ်က သားသားမီးမီးတွေကို ချိုချိုရဲရဲနဲ့ လျှာအရသာစွဲစေမယ့် မုန့်တွေ ၊ သရေစာတွေ မကြာခဏကျွေးမွေးနေမိပြီလို့ ယူဆရရင် ချက်ချင်းရပ်တန့်လိုက်ပါ။ သေချာ ပြန်လည် […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကိုယ့်ကလေးကို COVID-19 ရန်ကနေ ဘယ်လို ကာကွယ်မလဲ။

COVID-19 ကို ကပ်ရောဂါအဖြစ်  ကြေညာပြီးတဲ့ နောက်မှာ လူတိုင်းက ငါ့ကိုများ ကူးမလားဆိုပြီး စိုးရိမ်နေကြပါပြီ။ လက်ရှိအချိန်ထိ (၁၁.၅.၂၀၂၀) တစ်ကမ္ဘာလုံးမှာ နိုင်ငံပေါင်း ၁၆၀ကျော်ကို ရောဂါက ရောက်ရှိသွားပြီး လူပေါင်း ၁၈၀,၀၀၀ကျော် ကူးစက်ခံရကာ ၇၀၀၀ကျော် သေဆုံးသွားပါပြီ၊။ ကံကောင်းတာက လူပေါင်း ၈၀၀၀၀နီးပါးလောက်က ပြန်ကောင်းလာပါပြီ။ ဆိုလိုတာက တစ်ဝက်နည်းပါးလောက်က ပြန်ကောင်းလာပါတယ်။ သေဆုံးသူအများစုက နဂိုရောဂါအခံရှိတဲ့ သူတွေ၊ အသက်ကြီးတဲ့ သူတွေ များပါတယ်။ ကလေးတွေ မှာတော့ COVID-19 တွေ့ရတာက လူကြီးတွေနဲ့ ယှဉ်ရင်တော်တော်နည်းပါတယ်။ ၂၉ရက် ဖေဖော်ဝါရီ ဒေတာတွေအရ ၉နှစ်အောက် ကလေးတွေမှာ သေဆုံးသူ မတွေ့သေးပါဘူး။ ၁၀နှစ်နဲ့ ၁၉နှစ်ကြားမျာဆို ၀.၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဘာလို့ ဒီလိုနည်းရတာလဲ ဆိုတဲ့ အကြောင်းရင်းကို သေသေချာချာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေး မျက်လုံးအားနည်းနေခြင်း ရှိမရှိ ဘယ်လိုသိနိုင်မလဲ

အခုခေတ်လို စမတ်ဖုန်းတွေ၊ တယ်လီဗေးရှင်းတွေ အရမ်းအားကောင်းလာတဲ့အချိန်မျိုးမှာ ကလေးတွေ ငယ်ငယ်လေးနဲ့ မျက်စိအားနည်းလာတာတွေ့ရပါတယ်။ တချို့ဆို မူလတန်းအရွယ်ကတည်းကတောင် မျက်မှန်စတပ်လာရပါတယ်။ အနီးမှုန်၊ အဝေးမှုန်ဖြစ်တာကို မျက်မှန်တပ်ပြီး ကြည့်ရအဆင်ပြေအောင်လုပ်နိုင်ပေမဲ့ ကလေးရဲ့မျက်လုံးအားနည်းနေပြီလားဆိုတာကို ဘယ်လိုသိနိုင်ပါမလဲ။ အခုပြောပြပေးမယ့် အချက်လေးတွေကို သတိထားကြည့်ပြီး မိမိကလေးမှာ မျက်စိပြဿနာတစ်ခုခုရှိနေသလားဆိုတာကို အကြမ်းဖျင်းဆန်းစစ်နိုင်မှာပါ။ ၁ - တစ်ခုခုကိုကြည့်ရင် မျက်လုံးမှေးကြည့်ရတယ် တစ်ခုခုကိုကြည့်လို့သိပ်ကောင်းကောင်းမမြင်ရရင် မျက်လုံးမှေးကြည့်ဖူးပါသလား။ ကလေးတွေလည်း ဒီလိုပါပဲ။ သူတို့တစ်ခုခုကိုကြည့်လို့ ရှင်းရှင်းလင်းလင်းမမြင်ရတဲ့အခါ မျက်လုံးကိုအတင်းမှေးပြီးကြည့်တတ်ကြပါတယ်။ ဒီလိုမှေးကြည့်လိုက်တဲ့အတွက် မျက်လုံးထဲကိုအလင်းတွေပိုစုဝင်သွားပြီး ပိုရှင်းရှင်းလင်းလင်း မြင်ရစေပါတယ်။ ကလေးတစ်ယောက် စာဖတ်ရင်ဖြစ်ဖြစ်၊ တစ်ခုခုကိုကြည့်တဲ့အခါဖြစ်ဖြစ် မျက်စိကိုအတင်းမှေးကြည့်နေရင် သူ့ရဲ့အမြင်အာရုံသိပ်မကောင်းလို့ဖြစ်နိုင်ပါတယ်။ ၂ - ခေါင်းစောင်းပြီးကြည့်တတ်တယ် ခေါင်းစောင်းပြီးကြည့်ရတယ်ဆိုတာ မျက်လုံးကြွက်သားမညီမျှလို့ ဒါမှမဟုတ် မျက်ကြောသေနေလို့ လည်းဖြစ်နိုင်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့လည်း အပေါ်မျက်ခွံက အောက်ကိုတွဲကျနေတဲ့အတွက် အမြင်အာရုံမကွယ်အောင် ခေါင်းကိုစောင်းပြီးကြည့်တာမျိုး ရှိတတ်ပါတယ်။ မျက်လုံးက ပုံရိပ် ၂ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးမှာ ဖြစ်တဲ့ တီဘီရောဂါအကြောင်း

တီဘီ လို့ ပြောလိုက်ရင် လူကြီးမှာပဲ ဖြစ်တယ် ထင်မှာစိုးလို့။ တကယ်က မဟုတ်ပါဘူး။ ကလေးတီဘီရောဂါရှင်တွေမှ အများကြီးပါပဲ။ ၂၀၁၅ ဒေတာတွေ အရဆိုရင် တစ်ကမ္ဘာလုံးမှာ တီဘီရှိတဲ့ ကလေး၁သန်းရှိပြီး ၂သိန်းက တီဘီကြောင့် ဆုံးပါးသွားကြပါတယ်။ တီဘီက ဒီခေတ်ကြီးမှာ အရှင်းပျောက်အောင် ကုသလို့လည်း ရနေပါပြီ။ ကာကွယ်လို့လည်း ရနေပါပြီ။ တီဘီကြောင့် သေနှုန်းတွေ၊ ကူးစက်နှုန်းတွေ နည်းနေသင့်ပါပြီ။ မြန်မာနိုင်ငံမှာလည်း လူထုကျန်းမာရေးကို ထိခိုက်အောင် လုပ်တဲ့ထဲမှာ တီဘီက ရှေ့ဆုံးက ပါပါတယ်။ ကလေးတွေကို သူတို့အရွယ်နဲ့ မမျှတဲ့ တီဘီရောဂါ မခံစားရအောင် ဘာလုပ်ပေးကြမလဲ။ ကလေးတွေမှာ တီဘီဖြစ်မှန်း ဘယ်လိုသိနိုင်မလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘယ်လိုကလေးတွေက တီဘီ ပိုဖြစ်နိုင်လဲ။ တီဘီရှိတဲ့သူနဲ့ အထိအတွေ့ များတဲ့ ကလေးတွေ (ဥပမာ မိသားစုဝင်၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေး မှာ ဘာဓာတ်တွေ ချို့တဲ့နေလဲ သိကြရဲ့လား

ကိုယ့်ကလေး က သူများ လောက် ထွားရဲ့လား၊ ဉာဏ်ကောင်းရဲ့လား ဆိုတာတော့ မိဘတွေ အမြဲ ဆန်းစစ် နေလေ့ ရှိပါတယ်။ ဒါပေမယ့် ဒီလိုထွားဖို့၊ သန်မာဖို့၊ ဉာဏ်ရည် ဖွံ့ဖြိုးဖို့ အရေးပါတဲ့ အာဟာရဓာတ်တွေ ကိုတော့ ကလေးမှာ ပြည့်ဝ နေရဲ့လား သေချာမသိကြပါဘူး။ ကလေးမှာ လိုအပ်တဲ့ အာဟာရဓာတ် တွေ ချို့တဲ့နေ၊ လိုအပ်နေ၊ မလုံလောက်နေဘူး ဆိုရင် ဒီလက္ခဏာ တွေ တွေ့ရတတ် ပါတယ်နော် - (၁) အငြိမ်မနေတာ လွန်ကဲခြင်း ကလေး က အနားမနေဘဲ ဆော့နေရင် ကျန်းမာရေး ကောင်းတဲ့ လက္ခဏာ လို့ အများစုက မှတ်ယူထားကြ ပါတယ်။ ဒါပေမယ့် ကလေးတွေ မှာ အတက်ကြွလွန်နေတဲ့ အခါ အစာခြေစနစ် က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကို ဘာတိုက်မယ် စိတ်ကူးလဲ..... မေမေ

ကလေးကို လုံလောက်တဲ့ အာဟာရပြည့်ဝလို့ ကျန်းမာသန်စွမ်းတဲ့ ကလေးတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်ဟုတ်။ ဒါဆိုရင် ကလေးတွေက ပထမဆုံး ၅ နှစ်တာကာလမှာ ဦးနှောက်နဲ့ဉာဏ်ရည် ဖွံ့ဖြိုးမှုကိုရော ကိုယ်ခံအားစနစ်ကိုပါ အကောင်းဆုံး တည်ဆောက်ကြတယ်ဆိုတာကို သိပြီးပြီလား......မေမေတို့ရေ။ ဒီကာလမှာ မေမေ့ရွေးချယ်မှု မှန်ကန်လေလေ ကလေးအတွက် အကောင်းဆုံးသော အရာတွေ ဖြစ်ထွန်းနိုင်လေလေပါ။ ဒီတော့ ရွေးချယ်မှုတိုင်းက ကလေးအပေါ်မှာ သက်ရောက်မှု ရှိနေတယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုတော့ဘူးပေါ့။ ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ် ကလေးတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်အထိမှာ စိုက်ထူခဲ့တဲ့ milestone တွေက မနည်းပါဘူး။ မွေးစကနေ ၁ နှစ် အတွင်းမှာ • အသံလာရာကို ရှာတတ်ပြီ • သူတို့နာမည်လေးခေါ်ရင် တုံ့ပြန်တတ်ပြီ • လက်ပြနှုတ်ဆက် တတ်ပြီ • လက်ညှိုးညွှန်တဲ့ဆီကို လိုက်ကြည့်တတ်ပြီ • ဝူးဝူးဝါဝါး ပြောတတ်ပြီ • စကားပြောတဲ့ဆီကို လိုက်ကြည့်တတ်ပြီ • ပါပါ၊ မာမာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အသက် ၂နှစ်ကျော်ကလေးကို နို့ဆက်တိုက် သင့်လား............

ကလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာရင် အစစအရာရာကို ပြင်ဆင်တွေးတောပေးတာက မိဘတိုင်းရဲ့ မေတ္တာပါ။ ဒီလိုပြင်ဆင်မှုမှာ အစားအသောက်ကစလို့ နေရေးထိုင်ရေး ဝတ်စားပြင်ဆင်ပေးမှု အကုန်လုံးပါပါတယ်။ ဒီလိုပြင်ဆင်မှုတွေထဲမှာ လွယ်ကူတာတစ်ခုမှ မပါသလို ဆုံးဖြတ်ရခက် ဝေခွဲရခက်တဲ့ ကိစ္စတွေကလည်း ဒုနဲ့ဒေးပါ။ အခုတစ်ခေါက်လည်း ဒီဝေခွဲရခက်တဲ့ ပြဿနာတစ်ခုကို အဖြေထုတ်ပေးမယ်နော်။ အဲဒါကတော့ ကလေးတစ်ယောက်ကို အသက် ၂နှစ်ကျော်လာပြီဆိုရင် တခြား အာဟာရမပြည့်ဝတဲ့ သရေစာတွေ လျှောက်ကျွေးမယ့်အစား နို့ဆက်တိုက် လို့ရမလား ဆိုတာပါ။ ကလေးကို မဖြစ်မနေ မိခင်နို့တိုက်ရမယ့် ကာလ ကလေးကို စတင်မွေးဖွားချိန် ကနေစလို့ အသက် ၆ လမပြည့်မချင်း အာဟာရဓာတ်ပြည့်ဝစေဖို့ဆိုရင် အကောင်းဆုံးက မိခင်နို့ပါ။ မေမေက အာဟာရပြည့်ဝအောင် စားလေလေ သားသားမီးမီးတို့က အာဟာရပြည့်ဝပြီး ကျန်းမာထွားကြိုင်းလေလေပါ။ ဒါကြောင့် မွေးစကနေ ၆ လအထိက မေမေ့နို့ချိုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း