ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

အသက် ၂၀ အရွယ်မှာ ပျော်ရွှင်နေတဲ့ လူငယ်တစ်ယောက် ဖြစ်စေဖို့

လူတစ်ယောက်ရဲ့ ဘဝခြေလှမ်းအစဆိုတာ အသက် ၂၀ ပြည့်ပြီး ၃၀ မရောက်ခင် အချိန်ကာလမှာ စတင်ပါတယ်။ ကလေးဘဝ၊ ဆယ်ကျော်သက် ဘဝနဲ့ လုံးဝမတူ ပြောင်းလဲနေတဲ့ ဘဝအသစ်တစ်ခုကို ရှာဖွေဖော်ထုတ်ကြရတယ်။ ဒီဘဝထဲမှာ ကျင်လည်ဖြတ်သန်းနိုင်ဖို့ စတင်ရုန်းကန်ကြရတယ်။ လောကဓံရဲ့ တိုက်စားမှုဒဏ်ကို စတင်ခံစားကြရတဲ့ အရွယ်ပေါ့။ ဒီဆောင်းပါးမှာတော့ အသက် ၂၀ မှ ၂၉ နှစ်ထိ လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျော်စရာ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကျော်ဖြတ်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ၁။ အိပ်မက်ကို စတင်ရှာဖွေပါ။ ဒီလိုအချိန်ဟာ ကိုယ့်ရဲ့ ဝါသနာ၊ ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာ ရှိတဲ့ အနာဂတ်တစ်ခုကို အကောင်အထည်ဖော်ဖို့ အကောင်းဆုံးအချိန်ပါ။ တက္ကသိုလ်မှာ လူကြီးစကားတွေ နားယောင်ပြီး ကိုယ်စိတ်မပါတဲ့ မေဂျာ၊ ကျောင်းကို တက်ခဲ့မိတယ် ဆိုရင်လည်း အချိန်မီ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ဘက်စုံထူးချွန်တဲ့ သားသမီးလေးတွေ ပျိုးထောင်ဖို့ မေမေ သိသင့်တဲ့ (၆) ချက်

ကလေးတွေရဲ့ အောင်မြင်မှုကို အမြင်ချင်ဆုံးက ဖေဖေ မေမေ တို့ ပါပဲ ။ စာမေးပွဲတို့ ပြိုင်ပွဲတို့ဆို ကာယကံရှင်လေးတွေထက် မိဘတွေက ပိုပြီး စိတ်လှုပ်ရှားတတ်ကြတာပဲ ကြည့်။ ကိုယ့်သားသမီးလေးတွေကို ပညာတော်စေချင်တာ ၊ ထိပ်ဆုံး ရောက်စေချင်တာ မိဘတိုင်း ရဲ့ ဆန္ဒပဲ မဟုတ်လား။ ဒါပေမယ့် မေးစရာရှိတဲ့မေးခွန်းတစ်ခုက ပညာရေးမှာ အဆင့်တစ် ရရုံနဲ့ ထူးချွန်အောင်မြင်တယ်လို့ ယူဆနိုင်ပြီလား မိဘတွေဟာ အများအားဖြင့် ကျောင်းမှာ အမြဲ အဆင့်တစ် ရဖို့ ၊ အမှတ်အများဆုံး ရဖို့ကိုပဲ အလေးထားပြီး ကလေးတွေကို တွန်းအားပေးတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေ ရဲ့ အနာဂတ်ဘဝမှာ အောင်မြင်မှုတွေ ရဖို့ ဆိုတာ ဉာဏ်ကောင်းရုံ ၊ အမှတ်ကောင်းရုံ နဲ့ မလုံလောက်ဘူး ဆိုတာ မေမေတို့ သတိပြုဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

တချို့မေမေတွေ ဘာလို့ အမြဲဒေါသထွက်နေလဲ တွေးမိရဲ့လား

ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားများ စုဝေးနေထိုင်ရာ တိုက်ခန်းတွေမှာဆိုရင် တစ်အိမ်မှာ အော်ဟစ်သံတွေ နည်းနည်းလောက် ကျယ်လာတာနဲ့ ဘေးအိမ်နီးနားချင်းတွေ အကုန်ပြန်ကြားရလောက်တဲ့အထိ ဖြစ်တာ သတိထားမိကြမှာပါ။ တစ်ခုခုဆိုရင် အဖေတွေက အော်ဟစ်လိုက်၊ မေမေတွေက အော်ဟစ်လိုက်၊ ကလေးက အော်ငိုလိုက်နဲ့ အိမ်လေးက အေးချမ်းတဲ့ရက်ကို မရှိဘူး။ ဘာကြောင့် ဒီလိုဖြစ်နေကြတာလဲဆိုတာ သင်ကိုယ်တိုင်ရော တစ်ခါလောက် တွေးကြည့်မိဖူးလား။ တကယ်တမ်းတော့ ဒေါသကြီးတဲ့ မေမေအများစုက အပျိုအရွယ်မှာ အရမ်းကို သဘောအေးပြီး ဒေါသကြီးတဲ့သူတွေ မဟုတ်ကြဘူးလို့ သိပ္ပံပညာရှင်များက ဆိုထားကြပါတယ်။ ဒါဆိုရင် သူတို့ ဘာလို့ ဒေါသကြီးလာကြတာလဲ။ အဓိကကတော့ မိခင်ဘဝမှာ ကြုံလာရတဲ့ လောကဓံနဲ့ အခက်အခဲတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက သူတို့ကို ပြောင်းလဲသွားစေခဲ့တာပါ။ ၁။ တစ်မိသားစုလုံးရဲ့ တာဝန်တွေ ပုံကျလာခြင်း လူတွေ ထင်ထားတာက မိသားစုတစ်စုမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

အရေးပါတဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို DHA နဲ့အကူအညီပေးကြမယ်

မိဘတိုင်းရဲ့ အလိုလားဆုံး ဆန္ဒတစ်ခုကို ပြောပါဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာ ကြီးပြင်းစေချင်တဲ့ ဆန္ဒဖြစ်မှာပါ။ ဒီဆန္ဒပြည့်ဖို့ အခွင့်အရေးကို အဝေးကြီးမှာ သွားရှာနေစရာ မလိုပါဘူး။ ဖေဖေမေမေတို့ကိုယ်တိုင် အကောင်အထည်ဖော်နိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်မှုအတွက် DHA ကိုအသုံးပြုပြီး အားဖြည့်ကူညီပေးလို့ရပါတယ်။ DHA ဆိုတာ ဘာလဲ။ DHA ဆိုတဲ့ အာဟာရဓာတ်က ငါးကြီးဆီမှာ ပါဝင်တဲ့ Omega – 3 fatty acid အမျိုးအစားထဲက တစ်မျိုး (Docosahexaenoic Acid) ဖြစ်ပါတယ်။ ကလေးဘဝမှ အသက်ကြီးလာတဲ့အချိန်ထိ မျက်စိအမြင်အာရုံ နဲ့ ဦးနှောက် အာရုံကြောစနစ်ကို ဖွံ့ဖြိုးစေတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးတွေ မျက်စိမှုန်ခြင်းမရှိဖို့ ကာကွယ်ပေးနိုင်သလို ကလေးဘဝမှာ DHA ကို အလုံအလောက် ရရှိမှ […]


ကလေးအစာခြေစနစ်ပြဿနာများ

သားသားမီးမီးတွေရဲ့ ဝမ်းဗိုက်ကလေး ကျန်းမာနေစေဖို့ အရေးပါလှတဲ့ Probiotics

ဝမ်းတစ်လုံး မကောင်းရင် သိပ်ခေါင်းခဲရတယ်လို့ အဆိုရှိတယ်မဟုတ်လား။ လူကြီးတွေတောင် ခက်ခဲလှတဲ့ ဒီလို အစာခြေစနစ်နဲ့ အစာအိမ်ပြဿနာမျိုးတွေဟာ သားသားမီးမီးတွေ အတွက်ဆို ဘယ်လောက်တောင် ဆိုးရွားလိုက်မလဲနော်။ ငယ်ရွယ်သေးတဲ့ သားသားမီးမီးတွေရဲ့ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာစေဖို့ ဘယ်လို ပံ့ပိုးပေးရကြမလဲ။ သားသားမီးမီးတွေ အသက် ၂ နှစ်ခွဲအရွယ်မတိုင်ခင်မှာ အစာအိမ်ထဲက Microbiota တွေစတင် ဖြစ်ပေါ်လာပါတယ်။ အဆိုပါကာလအတွင်း ကလေးရဲ့ အစာအိမ်ကျန်းမာရေးအခြေအနေဟာ သူ့ရဲ့ ကြီးပြင်းလာမယ့် ဘဝတလျှောက်လုံးအပေါ် သက်ရောက်မှုရှိသွားလိမ့်မယ်ဆိုတာကို သင်နားလည်ထားဖို့ လိုမှာဖြစ်ပါတယ်။ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်ရဲ့ အစာခြေစနစ်ထဲမှာ ဘက်တီးရီးယားပေါင်း ၁၀၀ ထရီလီယံကျော် ရှိနေမှာဖြစ်ပြီး ပိုးမွှားမျိုးစိတ်ပေါင်း ၄၀၀ ကျော်အထိရှိနေမှာဖြစ်ပေမယ့် မွေးဖွားပြီးကာစ ဖွံ့ဖြိုးဆဲ သားသားမီးမီးတွေရဲ့ အစာအိမ်ထဲမှာတော့ ဒီလိုအကျိုးပြုပိုးမွှားလေးတွေ အမြောက်အများ ရှိမနေသေးပါဘူး။ အစာအိမ်အတွင်းက အစာခြေဘက်တီးရီးယားလေးတွေရဲ့ ဟန်ချက်ညီညွတ်မှုဟာ ရေရှည်မှာ ကလေးအတွက် အဝလွန်ရောဂါ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကို EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ကောင်းအောင် ဘယ်လိုပျိုးထောင်မလဲ

ကလေးတစ်ယောက်အောင်မြင်ဖို့ဆိုတာမှာ ဖေဖေမေမေတို့အနေနဲ့ ပညာရေးကောင်းအောင် သင်ပေးရုံနဲ့ လုံလောက်ပြီလို့ထင်ပါသလား။ မေးစရာမေးခွန်းတစ်ခုက အောင်မြင်တဲ့သူတိုင်းမှာ ပညာအရည်အချင်းကောင်းကောင်းပဲရှိကြတာလား။ အောင်မြင် ကျော်ကြားသူတိုင်းဟာ အရည်အချင်းကောင်းများစွာကိုပိုင်ဆိုင်ထားကြပါတယ်။ ပညာရပ်ဆိုင်ရာ ဗဟုသုတမှာ နှံ့စပ် ကြသလို ပေါင်းသင်းဆက်ဆံရေးလည်းကောင်းကြပါတယ်။ တကယ်တော့ အောင်မြင်သူတစ်ယောက်အဖြစ် ပျိုးထောင်ချင် တယ်ဆိုရင် ကိုယ့်ရဲ့ ကိုယ်ပွားလေးကို ပညာအရည်အချင်းကောင်းအောင် သင်ပေးဖို့လိုသလို ကလေးကို စိတ်ခံစားမှု ထိန်းသိမ်းနိုင်စွမ်း (EQ) ကောင်းအောင် လုပ်ဆောင်ပေးဖို့လည်း လိုပါမယ်။ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာ EQ ကို အရှည်ကောက်Emotional Quotient (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) လို့ခေါ်ကြပါတယ်။ Emotional Intelligence လို့လည်းခေါ်ကြတယ်။ EQ ဆိုတာက စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ EQ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးရဲ့ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) အကြောင်း

ကိုယ့်ကလေးကို လူမှုဆက်ဆံရေးနယ်ပယ်မှာ ဝင်ဆံ့ပြီး အောင်မြင်သူတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒ မေမေ ဖေဖေတိုင်းမှာ ရှိမယ်ထင်ပါတယ်။ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့အတွက် ဉာဏ်ကောင်းခြင်း IQ တစ်ခုတည်းနဲ့မလုံလောက်ပါဘူး။ စိတ်ပိုင်းဆိုင်ရာထိန်းသိမ်းနိုင်စွမ်း EQ လည်းကောင်းဖို့လိုအပ်ပါတယ်။ EQ ဆိုတဲ့စကားက အခုနောက်ပိုင်းမှာ အရမ်းခေတ်စားလာတဲ့အသုံးအနှုန်းတစ်ခုဖြစ်ပါတယ်။ ကလေးတွေမှာ EQ ဆိုတာဘာလဲ။ ကိုယ့်ကလေးကို EQ ကောင်းဖို့အတွက် ဘယ်လို ပြုစုပျိုးထောင်ကြမလဲဆိုတာကို ဒီဆောင်းပါးမှာ ဆွေးနွေးထားပါတယ်။ ကလေးတစ်ယောက်ကို အောင်မြင်သူအဖြစ်ကြီးပြင်းစေဖို့ လိုအပ်ချက် (သို့မဟုတ်) EQ EQ (စိတ်ခံစားမှုထိန်းသိမ်းနိုင်စွမ်း) ဆိုတာ စိတ်ခံစားချက်တွေကို အကောင်းဆုံးထိန်းချုပ်နိုင်တယ်၊ အခြေအနေကို လိုက်ပြီးအကောင်းဆုံးတုံ့ပြန်တတ်တယ်၊ အခြားသူတွေရဲ့ စိတ်အခြေအနေကို အကောင်းဆုံးခန့်မှန်းတတ်ပြီး လိမ္မာပါးနပ်စွာ တုံ့ပြန်တတ်တဲ့ စိတ်ခံစားချက် ထိန်းသိမ်းနိုင်စွမ်းကို ခေါ် တာပါ။ ကလေးတစ်ယောက်ရဲ့ EQ ဆိုတာ ဘယ်အရာတွေပါလဲ။ ကလေးတစ်ယောက်ရဲ့ EQ ကောင်းခြင်းကိုသိနိုင်ဖို့အတွက် အချက် (၅)ချက်ရှိပါတယ်။ ကိုယ့်ကိုကိုယ်သိခြင်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ရုပ်ပိုင်းဖွံ့ဖြိုးမှုနဲ့အတူ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကလည်း ကလေးတွေအတွက် အရေးပါပါတယ်

၉ လ လွယ်လို့ ၁၀ လ ဖွားထားရတဲ့ ကလေးကို အကောင်းဆုံး မကြီးပြင်းစေချင်တဲ့ မိဘ ဘယ်မှာ ရှိလိမ့်မလဲ။ ဗိုက်ထဲ လွယ်ထားရကတည်းက ကလေး အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့ အစားအစာ တစ်ခုချင်းစီတိုင်း လှုပ်ရှားမှု တစ်ရပ်ချင်းစီ တိုင်းကို သေချာ ဂရုစိုက် ခဲ့ကြတာ မိဘတွေပါ။ ဒီလို ဂရုစိုက်မှုတွေက အရွယ်ရောက် တဲ့အထိ လစ်ဟင်းမှု တစိုးတစိ မရှိတတ်ကြပါဘူး။ ဒီတစ်ခေါက်တော့ ကလေးကို အကောင်းဆုံး ဂရုစိုက်ပေးချင်တဲ့ မေမေ ဖေဖေတို့ သတိလက်လွတ် ဖြစ်နေနိုင်တဲ့ အချက်လေး တစ်ခု အကြောင်း ပြောပြပေးချင်ပါတယ်။ ဖေဖေ မေမေတို့က ဘာကို သတိလက်လွတ် ဖြစ်နေတာလဲ။ ကလေး တစ်ယောက် ဖွံ့ဖြိုးဖို့ဆိုရင် ဖေဖေ မေမေတို့ ဘာကိုအရင်ဆုံးပြေးမြင်မိလဲ။ သန်သန်မာမာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာပေါက်တဲ့ ရေကျောက် သက်သာစေဖို့

ရေကျောက်ဆိုတာက ကလေးတွေမှာ တော်တော်လေးအဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ပါ။ ရေကျောက်က ရေယုန်ဗိုင်းရပ်စ် တစ်မျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ အသက် ၁၂ နှစ်အောက် ကလေးအများစုမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ရေကျောက်ဖြစ်တဲ့အခါ ကလေးက အဖျားတက်ပြီး ခန္ဓာကိုယ်အနှံ့မှာ ယားယံတဲ့ အနီရောင် အဖုအပိမ့်တွေ ထွက်လာပါမယ်။ ဒီပြဿနာကို ဖေဖေမေမေတို့အနေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ရေကျောက်ပေါက်တဲ့အခါ ဘေဘီလေးမှာ ဘယ်လိုလက္ခဏာတွေဖြစ်နိုင်လဲ ......... ရေကျောက်ပေါက်တဲ့အခါ စဖြစ်ကာစမှာ ဘေဘီလေးမှာ အဖျားရှိမယ် ခေါင်းကိုက်မယ် လည်ချောင်းနာမယ် ဗိုက်အောင့်မယ် စတဲ့လက္ခဏာတွေက ရက်အနည်းငယ်ကြာဖြစ်ပါလိမ့်မယ်။ ဒီလိုကနေတဖြည်းဖြည်း ကိုယ်အပူချိန်က ၁၀၁ ဒီဂရီဖာရင်ဟိုက် ကနေ ၁၀၂ ဒီဂရီဖာရင်ဟိုက်ရှိလာပါလိမ့်မယ်။  အဲ့ဒီနောက်မှာတော့ ဗိုက်၊ ရင်ဘတ် နဲ့ မျက်နှာတို့မှာ ယားယံတဲ့ အနီရောင်အဖုအပိမ့်တွေဖြစ်လာပါလိမ့်မယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးရဲ့ဘဝကို သက်ရောက်နိုင်တဲ့ မေမေတို့ရဲ့ အမှား များ

ကလေးတွေကို စည်းကမ်းတင်းကျပ်ပြီးပုံစံချလွန်းတာမကောင်းသလို သွန်သင်ထိန်းကျောင်းမှုမရှိလို့လည်းမဖြစ်ပါဘူး။ ကလေးတွေကို ပျိုးထောင်ရာမှာလည်း နည်းလမ်းမှန်ကန်ဖို့က အရေးကြီးပါတယ်။ ကလေးတွေကို သွန်သင်ထိန်းကျောင်းရင်း မိဘတွေလုပ်မိတတ်တဲ့ အမှား တွေရှိပါတယ်။ မသိလိုက်ဘဲ လုပ်မိနေတဲ့ နည်းလမ်းမှားတွေက ကလေးတွေရဲ့ကြီးပြင်းမှုမှာ အကျိုးဆက်မကောင်းတဲ့ ဂယက်တွေဖြစ်လာစေနိုင်ပါတယ်။ အခု သင့်ကလေးကို ပျိုးထောင်တဲ့နည်းလမ်းကရော မှန်ကန်ရဲ့လားဆိုတာ အောက်မှာဖော်ပြထားတဲ့ မိဘတွေရဲ့အမှား တွေကို ကြည့်ရအောင်။ (၁) အပြစ်တင်တာ ကလေးတွေကို အမြဲလိုလို အပြစ်ပြောတာက ရှက်ရွံ့စိတ်နဲ့ ချိုးနှိမ်ခံရမှုကို ခံစားရစေပါတယ်။ အပြောပဲခံနေရပြီး အမှန်ကိုသေချာမရှင်းပြတဲ့အတွက် ကလေးက အမှားထပ်လုပ်မိဦးမှာပဲဖြစ်ပါတယ်။ တကယ်တော့ ကလေးကို ညင်ညင်သာသာသတိပေးစကားပြောပြီး ဒီ အမှား ကို ဘာကြောင့်မလုပ်သင့်တာလဲ ရှင်းပြဖို့ပါပဲ။ (၂) လူကြားထဲ ဆုံးမပြောဆိုတာ ကလေးကို သူလုပ်ခဲ့တဲ့ အမှား အတွက် ဆုံးမဖို့လိုနေပြီလို့ယူဆတယ်ဆိုရင် မွေးချင်းမောင်နှမရှေ့၊ သူငယ်ချင်းတွေရှေ့မှာ အပြစ်မပြောသင့်၊ မဆူသင့်ပါဘူး။ တစ်ယောက်တည်းရှိချိန်မှ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း