ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေကို နား သန့်ရှင်းပေးသင့်သလား

လူကြီးတွေ ဆိုတာကလေ ကိုယ်တိုင်တောင် နားဖာကလော် တကိုင်ကိုင်၊ ဂွမ်းလုံးတံလေး တထုတ်ထုတ်နဲ့ နား ကလော်မှ သန့်ရှင်းတယ်ထင်ကြတာပါ။ ဘာမှမရှိရင် ခေါင်းညှပ်ကလစ်လေး နဲ့ တောင် နားဖာချေး ကလော်တတ်ကြပါတယ်။ ဒါပေမယ့် နား ကို ကလော်ဖို့ လိုအပ်လို့လား နားအတွင်းပိုင်း ဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်း ရှိသလို ထူးထူးခြားခြား သန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများ လုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေး ကတော့ နားဖာချေး တွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေ မရှိမှ သန့်နေမယ်၊ အကြားအာရုံ ပိုကောင်းတယ် လို့ ထင်ကြတယ်လေ။ နားဖာချေး ဆိုတာ နားဖာချေး ဆိုတာ cerumen လို့ ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး ဖြစ်ပြီး နားကို ကာကွယ်ပေးဖို့ နဲ့ နားအတွင်းပိုင်း စိုစွတ်မှု ထိန်းပေးဖို့ ခန္ဓာကိုယ်က […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ရေကျောက်ပေါက်ခြင်း (Chicken Pox in children )

ရေကျောက်ပေါက်တယ်ဆိုတာ… ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးမှာ ယားတဲ့အကွက်တွေ အနာတွေဖြစ်ပြီး တုပ်ကွေးလို လက္ခဏာမျိုးကိုလည်း ခံစားရလေ့ရှိပါတယ်..။ ကလေးငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်…။ ရောဂါလက္ခဏာတွေ ခန္ဓာကိုယ် ယားယံပြီး အဖုထွက်ခြင်း အဖျားရှိခြင်း (၁၀၁-၁၀၂ F) ခေါင်းကိုက်ခြင်း လည်ချောင်းနာခြင်း  နီရဲယားယံတဲ့ အဖုတွေဟာ ဝမ်းဗိုက် ဒါမှမဟုတ် မျက်နှာကနေစလေ့ရှိပြီး  ဦးရေပြား ….. ပါးစပ်..လက်မောင်း..ခြေထောက်နဲ့ လိင်အင်္ဂါအပါအဝင် ခန္ဓာကိုယ် တစ်ခုလုံးကို ပျံ့သွားလေ့ရှိပါတယ်..။ အဖုတွေဟာ အစပိုင်းမှာ သေးငယ်တဲ့ အနီရောင် အဖုတွေဖြစ်ပြီး ခြင်ကိုက်ဖုနဲ့လဲ ဆင်ပါတယ်..။ နှစ်ရက်ကနေ လေးရက်အကြာမှာတော့ အထဲမှာ အရည်ရှိတဲ့ အရည်ကြည်ဖုအဖြစ် ပြောင်းလဲသွားပါတော့တယ်.။ အရည်ကြည်ဖုတွေ ပေါက်သွားတဲ့အခါ အနာဖြစ်ပြီး ခြောက်သွေ့တဲ့အညိုရောင်အဖတ်တွေ အဖြစ် ရောက်ရှိသွားတတ်ပါတယ်.။ ဘာကြောင့် ရေကျောက်ပေါက်သလဲ Varicella Zoster လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့်ဖြစ်ပြီး…. ရောဂါကူးစက်ဖြစ်ပွားမှုကို ကာကွယ်ဆေးထိုးခြင်းနဲ့ ကာကွယ်နိုင်ပါတယ်..။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို မိခင်နို့ တဖက်တည်း နဲ့ တိုက်ရင် ဘာတွေ ဖြစ်နိုင်လဲ။

မိခင်နို့ တိုက်ခြင်းဟာ ကလေးလေးရော၊ မိခင်အတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အပြင် ကလေးလေးနဲ့ မေမေကြား သံယောဇဉ်လည်း တိုးစေနိုင်တဲ့ ထူးခြားတဲ့ အချိန်လေးတစ်ခုပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ မိခင်တွေဟာ ကလေးလေးကို နို့ နှစ်ဖက်လုံးနဲ့ တစ်လှည့်စီ တိုက်ကျွေးကြပါတယ်။ ဒါပေမယ့် တချိုု့သော မိခင်တွေမှာ အကြောင်းအမျိုးမျိုးကြောင့် (ဥပမာ- မိခင် (သို့) ကလေးက တစ်ဖက်ဖက်ကို ပိုအားသန်တာကြောင့် ဖြစ်စေ၊ နို့တစ်ဖက်ဖက်က အထွက်နည်းတာ (သို့) နို့မထွက်တာမျိုးကြောင့် ဖြစ်စေ၊ နို့တိုက်တဲ့ ပုံစံ မမှန်တာကြောင့် ဖြစ်စေ၊ အမေရဲ့ နို့တစ်ဖက်ဖက်က နာတာ၊ရောင်တာ တစ်ခုခုကြောင့်ဖြစ်စေ) နို့တစ်ဖက်တည်းနဲ့ တိုက်ရတာမျိုးတွေ ရှိတတ်ကြပါတယ်။ အဲဒီလို မိခင်တွေအတွက် ဘာတွေဖြစ်နိုင်လဲ ဘယ်လိုလုပ်သင့်တယ်ဆိုတာလေးကို ဒီဆောင်းပါးလေးမှာ ပြောပြပေးမှာပါ။ ၁။ ကလေးလေးအတွက် နို့မဝခြင်း။ ပထမဦးဆုံး […]


မိခင်နို့တိုက်ကျွေးခြင်း

အလုပ်များတဲ့ မေမေတွေ မိခင်နို့ကို စနစ်တကျ ဘယ်လိုပြင်ဆင်ပေးထားခဲ့မလဲ။

မိခင်နို့ ဟာ မွေးကင်းစ ကလေးလေးတွေအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အဖော်မွန်လေးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကလေးလေးတွေရဲ့ အကောင်းဆုံး ကျန်းမာရေးကို ပေးစွမ်းနိုင်ဖို့ အတွက် အသက်၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်တယ်လို့ ကျန်းမာရေးအသိပညာပေးကြတာတွေ တွေ့ဖူးကြမှာပါ။ တကယ်လည်း မိခင်နို့တိုက်ကျွေးခြင်းက ကလေးလေးကိုရော မေမေကိုပါ ကောင်းကျိုးတွေ များကြီးဖြစ်စေပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ဒီနေ့ခေတ်ကြီးမှာ မိခင်တော်တော်များများက ကိုယ်ပိုင်အလုပ်တွေ လုပ်ပြီး စီးပွားရှာနေကြရတဲ့သူတွေ ဖြစ်နေကြတဲ့အတွက် တရားဝင်မီးဖွားခွင့် ပြည့်သွားတဲ့အခါ အလုပ်ပြန်ဆင်းရပြီး ကလေးလေးကို ခြောက်လ ပြည့်တဲ့အထိ အနီးကပ် နို့မတိုက်နိုင်ကြတာမျိုးတွေ ရှိကြပါတယ်။ အဲဒီလိုဆိုရင် အလုပ်လုပ်နေတုန်း ကလေးကို နို့လာတိုက်ဖို့က အဆင်မပြေတာမျိုး၊  ဒီလိုမှ မဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုကြောင့် ခဏတာ ကလေးနဲ့ မရှိနိုင်တာမျိုးမှာ ကလေးအတွက် မိခင်နို့ကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက် ခြင်းအနုပညာ

မိခင်နို့ဟာ မွေးကင်းစကလေးငယ်လေးတွေ အားလုံးအတွက် ပြီးပြည့်စုံတဲ့ အာဟာရ ဖြစ်ပြီး မိခင်ရော၊ ကလေးလေးတွေအတွက်ပါ ကောင်းကျိုးတွေ အများကြီးရစေနိုင်တဲ့ အတွက် ကလေးငယ်လေး အားလုံးကို အသက်၆လထိ မိခင်နို့ တစ်မျိုးထဲကိုသာ တိုက်ကျွေးကြဖို့ တိုက်တွန်းထားပါတယ်။ အဲဒီ ခြောက်လ အတွင်း အခြားဖြည့်စွက်စာ မကျွေးခင်ကာလမှာ မိခင်တွေဟာ ကလေးငယ်လေးတွေကို တစ်နေ့မှာ ခုနှစ်ကြိမ်၊ ရှစ်ကြိမ် ကနေ ဆယ်ကြိမ်လောက်အထိကို နို့တိုက်ကျွေးနေကြရပါတယ်။ တစ်ခါတိုက်ရင်လည်း ၁၅ မိနစ်မှ မိနစ် ၃၀ ပတ်ဝန်းကျင် လောက်ကြာတတ်ပါတယ်။ တစ်ချို့ မိခင်တွေက နို့တိုက် နည်း ပုံစံ မမှန်တဲ့ အခါမှာ ကလေးနို့မဝဘဲ လိုတာထက်ပိုကြာတာမျိုးတွေလည်း ဖြစ်တတ်ကြပါတယ်။ မိခင်နို့ကို နေ့စဉ်နေ့တိုင်း တိုက်ရတာဖြစ်တဲ့အတွက် သက်သက်သာသာ၊ အချိန်တိုတိုနဲ့ ထိရောက်မှုရှိဖို့က အရေးကြီးပါတယ်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးငယ်များတွင် ရေဓာတ် ဆုံးရှုံးခြင်း ၏ လက္ခဏာများ

ကလေးများရော လူကြီးများပါ တစ်နေ့တာမှာ ရေဓာတ် ဟာ ကိုယ်ခန္ဓာထဲကနေ ပုံမှန်လျော့နည်းနေတတ်ပါတယ်။ အရေပြားကနေ ချွေးအနေနဲ့ဖြစ်စေ၊ အသက်ရှူထုတ်ရာကဖြစ်စေ၊ ဆီးနဲ့ဝမ်းကဖြစ်စေ ပုံမှန်စွန့်ထုတ်နေပါတယ်။ များသောအားဖြင့် ကလေးငယ်တွေဟာလည်း စားသောက်ခြင်းကနေ ရေဓာတ်ကို ရယူပြီး ဆုံးရှုံးသွားတာတွေကို ပြန်လည်ဖြည့်တင်းပါတယ်။ တစ်ခါတရံမှာတော့ ဆုံးရှုံးသွားတဲ့ ရေဓာတ်ဟာ ပြန်လည်ဖြည့်တင်းနိုင်တာထက် ပိုမိုနေပါတယ်။ ဖျားနာခြင်း၊ ဝမ်းပျက်ခြင်း၊ ရာသီဥတုပူခြင်း၊ လှုပ်ရှားမှုများခြင်း စတာတွေမှာ ခန္ဓာကိုယ်ထဲက ရေတွေကို အပြင်ကိုပိုရောက်စေပြီး ရေဓာတ်ဆုံးရှုံးခြင်း ဖြစ်ပေါ်စေပါတယ်။ တကယ်တော့ ရေဓာတ် ဆုံးရှုံးခြင်းဟာ မပေါ့ဆသင့်တဲ့ကိစ္စဖြစ်ပါတယ်။ ရေဓာတ် လုံလောက်စွာ မရှိတော့ရင် ကိုယ်ခန္ဓာရဲ့လုပ်ငန်းဆောင်တာတွေကို သေချာစွာ မလုပ်ဆောင်နိုင်တော့ပါဘူး။ ဆိုးရွားလွန်းရင် ဦးနှောက်ပျက်စီးခြင်း၊ သေဆုံးခြင်းတွေပါ ဖြစ်စေတတ်ပါတယ်။ ကလေးငယ်များတွင် ရေဓာတ် ဆုံးရှုံးခြင်း ဆယ်ကျော်သက်နဲ့ လူကြီးတွေထက်စာရင် ကလေးတွေဟာ ရေဓာတ် ဆုံးရှုံးခြင်း ဒဏ်ကို ပိုပြီးခံစားရလွယ်ပါတယ်။ ကိုယ်ခန္ဓာအရွယ်အစား သေးငယ်လို့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ

သားသားမီးမီးတွေကို ဂိမ်းပေးဆော့လိုက်ပါ ခုချိန်မှာ အသက် ၃၀ ဝန်းကျင်ကို ဖြတ်သန်းနေသူတွေဆို ကြုံဖူး၊ မှတ်မိဖူးကြမယ်ထင်ပါတယ်။ ငယ်ငယ်တုန်းက ဗီဒီယိုဂိမ်းဆိုင်သွားလို့ လူကြီးမိဘတွေက ဆူကြရိုက်ကြတာမျိုး။ “နင်တို့ ဂိမ်းမဆော့နဲ့ ဂိမ်းဆော့ရင် ရူးတတ်တယ်” လို့ အပြောခံခဲ့ရတာမျိုး။ ခေတ်တွေက ပြောင်းလဲလာလိုက်ပုံများ တစ်ချိန်တုန်းက ဆော့ရင် ရူးမယ်လို့ အပြောခံခဲ့ရတဲ့ ဂိမ်းတွေဟာ ခုချိန်မှာတော့ မိဘတွေကို ကိုယ်တိုင် ကစားဖို့ တွန်းအားပေးရမယ့် အားကစားနည်းတစ်မျိုးဖြစ်လာနေပြီ။ နိုင်ငံ့လက်ရွေးစင်တွေကိုတောင် မွေးထုတ်ပေးနေကြရတဲ့ အထိ။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ဘူး။ ဂိမ်းဆော့တာက သားသားမီးမီးတွေရဲ့ လူမှုဆက်ဆံရေးနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုတွေကိုလည်း အထောက်အကူပြုစေပါသေးတယ်။ တစ်ချိန်တုန်းက တုတ်နဲ့ အရိုက်ခံခဲ့ရဘူးတဲ့သူတွေကတော့ ငါတို့ ခေတ်ကောင်းကို လွတ်လိုက်လေခြင်းလို့ တွေးထင်မှတ်ယူနေကြမလားပဲနော်။ ဒါပေမယ့် အတိတ်ကို တွေးပြီး ဝမ်းနည်းမနေပါနဲ့။ ခုချိန်မှာ ကိုယ့်ရင်သွေးလေးတွေကို ဗီဒီယိုဂိမ်းပေးဆော့ပြီး ဒီကနေ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးကို ဘယ်အချိန်ထိ နို့အာဟာရ တိုက်ကျွေးသင့်လဲ

နို့အာဟာရကလေ မေမေ့နို့ရည်ပဲ ဦးစားပေးရမှာပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မရနိုင်တဲ့ကလေးတွေအတွက် ဖြည့်စွက်နို့အာဟာရတိုက်ကျွေးရပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးမှာ နို့အာဟာရဆိုတာ နှစ်မျိုးလုံးအပြင် နောက်ပိုင်း ကြီးပြင်းလာတဲ့အရွယ်ထိ သောက်လို့ရတဲ့ ဖြည့်စွက်နို့မှုန့်တွေကိုပါ ရည်ညွှန်းပါတယ်နော်။ ကလေးအတွက် အာဟာရဆိုရင် နို့ချိုတိုက်ကျွေးဖို့ရယ်၊ အစားစစားတတ်ဖို့ရယ်ပဲ မေမေတို့ ဦးစားပေးကြမှာပဲလေ။ အများအားဖြင့် ၆ လအရွယ်ထိ မိခင်နို့တိုက်ကျွေးဖို့ သိကြပေမယ့် ဘယ်အချိန်ထိ နို့တိုက်လို့ရလဲဆိုတာကိုတော့ အငြင်းပွားကြရပါတယ်။ အရပ်စကား အယူအဆမှား ဘယ်အချိန်ထိ နို့တိုက်သင့်လဲ၊ ဘယ်အချိန်မှာ နို့ဖြတ်သင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောကြတဲ့ စကားတွေ၊ အယူအဆတွေက အမျိုးမျိုးပါပဲ။ မေမေတို့ အတွေးများတတ်တဲ့ အချက်လေးတွေ မှန်းပြီးပြောကြည့်မယ်နော်။ ၆ လကျော်ရင် နို့မတိုက်ရတော့ဘူး။ ဖြည့်စွက်စာနဲ့ အစာအမာ စားတတ်ရင် နို့အာဟာရ အရေးမကြီးတော့ဘူး။ နို့ဖြတ်တဲ့အရွယ်နောက်ပိုင်း နို့အာဟာရ မလိုတော့ဘူး။ အစားအစုံစားတတ်ရင် […]


မိခင်နို့တိုက်ကျွေးခြင်း

ကိုယ်ဝန်ဆောင်မေမေ နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား..........

ပထမ မွေးထားတဲ့ သားသားမီးမီးလေးတွေက ၂ နှစ် မပြည့်ခင်မှာ မေမေက နောက်ထပ် ဘေဘီလေးကို ကိုယ်ဝန်ဆောင်ထားရပြီဆိုရင် မေမေတိုင်း သိချင်နေမယ့် မေးခွန်းလေးတစ်ခု ရှိနိုင်ပါတယ်။ ဒါကတော့ ၂ နှစ်မပြည့်ခင်အထိ မိခင်နို့တိုက်ပါဆိုတော့ ပထမ ကလေးကို မိခင်နို့ချို ဆက်တိုက်လို့ ရမလားဆိုတဲ့ ကိစ္စပါ။ ဒီ ကိစ္စကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ။ ကိုယ်ဝန်ရှိနေချိန်မှာ နို့ဆက်တိုက်လို့ ဖြစ်ပါ့မလား.............. ကိုယ်ဝန်ဆောင်နေရချိန်မှာ ကလေးက နို့ဖြတ်ဖို့ အဆင်မပြေသေးတဲ့ အရွယ်ဖြစ်နေမယ်ဆိုရင် နို့ဆက်တိုက်ပါ၊လို့ ပြောပါရစေ။ ဒါက မေမေ့ကိုရော ဘေဘီလေးကိုပါ ထိခိုက်စေမှာ မဟုတ်ပါဘူး။ ဒိလိုနို့တိုက်တာ​ကြောင့် ဗိုက်ထဲက ဘေဘီလေးဆီကို အာဟာရ ပြည့်ဝလုံလောက်စွာ မရမှာကိုလည်း စိုးရိမ်နေနိုင်ပါတယ်။ တကယ်ကတော့ ဒီလိုမဖြစ်ပါဘူး။ မေမေကသာ အာဟာရပြည့်ဝအောင် စားမယ်ဆိုရင် ဗိုက်ထဲက ဘေဘီလေးလည်း အာဟာရ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးရဲ့ ကိုယ်ခံအားစနစ်က ဘာကြောင့် အရေးကြီးတာလဲ။

ကိုးလလွယ်လို့ ဆယ်လဖွားပြီး အရိပ်တကြည့်ကြည့် မွေးထားရတဲ့ ကလေးက သွက်သွက်လက်လက် တက်တက်ကြွကြွနဲ့ ပျော်နေတာကိုပြုံးပြီး ကြည့်နေရတာနဲ့တင် အမောပြေတယ်ဆိုတဲ့ ဆန္ဒကို  မိဘတွေ အချင်းချင်းပဲ နားလည်မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သားသမီးက ကျန်းမာနေမယ်ဆိုရင် ပင်ပန်းတာကို မမှုပါဘူး။ ဒီတော့ ကိုယ့်သားသမီးတွေ ကျန်းမာပျော်ရွှင်နေဖို့ အဓိကကျတဲ့ ကိုယ်ခံအားစနစ်အကြောင်း ပြောကြရအာင်။ ကျန်းမာခြင်းရဲ့ အဓိက ဇာတ်လိုက် ခန္ဓာကိုယ် ကျန်းမာနေစေဖို့ ဆိုရင် ပြင်ပက ရောဂါပိုးတွေ ဝင်မလာအောင် တားဆီးဖို့ကလည်း တစ်ချက်အပါအဝင်ပါ။ ဒါကို အဓိက လုပ်ပေးတဲ့ ဇာတ်လိုက်က ကိုယ်ခံအားပေါ့။ ကိုယ်ခံအား ကောင်းနေမှ ပတ်ဝန်းကျင်က ရောဂါပိုးမွှားတွေ ကူးစက်ခံရတာမျိုး မရှိမှာပါ။ ကိုယ်ခံအားက မေမေ့ဗိုက်ထဲက ထွက်ကတည်းက အတူပါလာတဲ့ အရာပါ။ အပြည့်အဝတော့ မဖွံ့ဖြိုးသေးဘူးပေါ့။ ဒီလိုနဲ့ မွေးဖွားပြီးနောက်မှာ တဖြည်းဖြည်းချင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း