ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေဥာဏ်ကောင်းစေဖို့ စူပါအစားအစာတွေ

ကလေးတွေဆိုတာ သင်ယူမှုအားအကောင်းဆုံး၊ အသွက်လက်အထက်မြက်ဆုံးအရွယ်လေးတွေပါ။ ဒီလိုအချိန်မှာ အာဟာရပြည့်ပြည့်၀၀ရှိဖို့၊ စားတဲ့အစားအသောက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး ဦးနှောက်ကိုအကျိုးပြုတဲ့ ဓာတ်တွေပါ၀င်ဖို့ သိပ်ကိုအရေးကြီးလှပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်ကလေး ဥာဏ်ကောင်းအောင် ပံ့ပိုးပေးနိုင်တဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲ ကြည့်လိုက်ရအောင်။ (၁) ဥအမျိုးမျိုး  ဥတွေဟာ အသားဓာတ်ကြွယ်၀တဲ့ အဓိက အစားအစာတစ်ခုအဖြစ် နာမည်ကြီးပါတယ်။ လူသိနည်းသေးတဲ့ အချက်တစ်ခုကတော့ ဥအနှစ်မှာပါတဲ့ Choline ဆိုတဲ့ ဓာတ်တစ်မျိုးဟာ မှတ်ဥာဏ်ကို တိုးတက်ကောင်းမွန်စေတယ်ဆိုတာပါပဲ။ ဒါကြောင့် ဦးနှောက်ဖွံ့ဖြိုးစေဖို့ အာဟာရဖြစ်ပြီး စျေးလဲသက်သာတဲ့ ဥအမျိုးမျိုးကို ကလေးတွေကိုကျွေးဖို့မမေ့နဲ့နော်။  (၂) အုတ်ဂျုံ (နှံစားပြောင်း) အုတ်ဂျုံတွေဟာ မြန်မာပြည်မှာ ကလေးတွေကို ကျွေးတဲ့ ဓလေ့နည်းပေမယ့် အနောက်နိုင်ငံတွေမှာတော့ အလွန်အာဟာရပြည့်တဲ့ ကောက်နှံအနေနဲ့ အရမ်းကျွေးတဲ့ ဓလေ့ရှိပါတယ်။ အုတ်ဂျုံမှာ မနက်ခင်းမှာ ကလေးတွေလိုအပ်တဲ့ ဦးနှောက်အတွက် အလွန်ကောင်းမွန်တဲ့ စွမ်းအင်ကိုထုတ်ပေးပါတယ်။ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်

မိုးရာသီလည်း နီးလာပြီဆိုတော့ မိုးရာသီမှာ အဖြစ်များတဲ့ သွေးလွန်တုပ်ကွေး ရောဂါနဲ့ ပတ်သက်ပြီး ဂရုပြုရမယ့် အချိန်ရောက်လာပါပြီ။ လူကြီးတွေမှာလည်း ဖြစ်နိုင်သလို အဓိကအားဖြင့် ကလေးငယ်လေးတွေမှာ ဖြစ်တတ်ပြီး ကလေးလေးတွေရဲ့ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အထိဖြစ်စေနိုင်ပါတယ်။ ဒီတော့ သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ လိုပါမယ်။ သွေးလွန်တုပ်ကွေး မဖြစ်အောင် ကာကွယ်ကြမယ်။ ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းသည် ဆိုတဲ့စကားအတိုင်း ဖြစ်လာရင် အသက်အန္တရာယ်အထိ ရန်ရှာနိုင်တဲ့ ဒီ သွေးလွန်တုပ်ကွေးရောဂါကို မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်နှိမ်နင်း ကြမလဲ။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာ ရောဂါပိုးရှိတဲ့ ခြင်( အထူးသဖြင့် Aedes aegypti အမျိုးအစား) မှ တစ်ဆင့် လူကို အကိုက်ခံရပြီး ကူးစက်တာဖြစ်ပါတယ်။ ကာကွယ်ဖို့နည်းလမ်းတွေကို အပိုင်း ၂ပိုင်းခွဲပြီး မျှဝေပေးချင်ပါတယ်။ (၁) ခြင်တွေ ပေါက်နိုင်မယ့်နေရာတွေ နဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

မိမိကလေးလေးက Down Syndrome အနေနဲ့မွေးလာခဲ့ရင်ဘယ်လို ပြုစုပျိုးထောင်ပေးကြမလဲ။

Down Syndrome ဆိုတာ ဗီဇလက္ခဏာတွေကို သယ်ဆောင်ပေးတဲ့ chromosome လေးတစ်ခုမှာ ပုံမမှန်မဟုတ်ပဲ တစ်ခုအပိုပါလာတဲ့  မွေးရာပါရောဂါတစ်ခု ဖြစ်ပါတယ်။ Down Syndrome အနေနဲ့ မွေးလာတဲ့ ကလေးလေးတွေ ဟာ ပုံမှန်ကလေးလေးတွေထက် ဉာဏ်ရည်ဖွံ့ဖြိုးမှုအားနည်းပြီး အခြားရောဂါတွေလည်း ဖြစ်နိုင်ချေပိုများတဲ့ ကလေးလေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အဲလိုကလေးလေးတွေရဲ့ မိဘတွေ အနေနဲ့ ပုံမှန်မိဘတွေထက်ပိုပြီး စိတ်ဓာတ်ကြံ့ခိုင်ဖို့ လိုအပ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ Down Syndrome ကလေးတစ်ယောက်ရဲ့ မိဘတွေ အနေနဲ့ ကလေးလေးကို ဘယ်လိုပြုစုပျိုးထောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားချင်ပါတယ်။ ပထမဦးဆုံးအနေနဲ့ မိမိကလေးလေးက Down Syndrome အဖြစ်နဲ့ မွေးလာတဲ့ အခါမှာ မိဘတိုင်းက စိတ်ဓာတ်ကျ၊ ဝမ်းနည်းမိကျမှာပါ။ ဒါပေမယ့် မိဘတွေ အနေနဲ့ မိမိတို့ရဲ့ ကလေးလေးကို အကောင်းဆုံးပျိုးထောင်ကြရမှာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ သွားပိုး မစားစေဖို့

ကလေးတွေဟာ ငယ်စဉ်ကတည်းက အချိုတွေ အစားများတာကြောင့်ရော၊ သွားကို ဂရုမစိုက်တာကြောင့်ရော၊ မေမေတွေက ကလေးတွေကို သွားတိုက်ဖို့ သတိမထားတာကြောင့်ရော သွားပိုး စားတတ်ကြပါတယ်။ ဒါကြောင့် ကလေးတွေက အရွယ်မတိုင်ခင် သွားပိုးစားတာ၊ ငယ်သွားလဲတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ကြည့်လိုက်ရင် သွားမည်းမည်းလေးတွေ၊ သွားကျိုးလေးတွေ ဖြစ်နေတာပေါ့။ သွားကိုက်တာကြောင့် ဂျီကျတာမျိုးလည်း လုပ်တတ်ပါသေးတယ်။ ကလေးငယ်ငယ်လေးတွေမှာ ဘာတွေကြောင့်များ သွားပိုးစားရတာလည်း၊ ဘယ်လိုနည်းလမ်းတွေနဲ့ ကာကွယ်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ သွားပိုး စားတယ်ဆိုတာ ဘာလဲ။ သွားပိုးစားတယ်ဆိုတာ သွားကြွေလွှာတွေ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးတာကို ပြောတာပါ။ သွားကြွေလွှာဆိုတာ သွားရဲ့ အပြင်ဆုံးအလွှာပါ။ သွားပိုးစားတာကြောင့် သွားမှာ အပေါက်တွေ ဖြစ်လာပါတယ်။ ကလေးတွေမှာ ဘာလို့ သွားပိုး စားတာလဲ။ သွားပိုးစားတာက ဘက်တီးရီးယားနဲ့ အခြားအကြောင်းတွေကြောင့်ပါ။ ကာဘိုဟိုက်ဒရိတ်ပါတဲ့ အစားအစာတွေ (အထူးသဖြင့် ချိုပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ

ကလေးတွေအတွက် သကြားလုံးဆိုတာ ဆုလာဘ်ပါပဲ။ ငယ်ငယ်တည်းက ကလေး ကောင်းတာတစ်ခုခုလုပ်တိုင်း တော်လိုက်တာဆိုပြီး ချီးကျူးပြီး သကြားလုံးတွေ ဆုချတတ်ကြပါတယ်။ ဒါတွေက နောက်ပိုင်းမှာ အကျင့်ဖြစ်လာပြီး ကလေးက သကြားလုံးကို စွဲလမ်းလာပါတယ်။ ဒါတင်မကသေးပါဘူး။ သကြားလုံးကနေတဆင့် အချိုပါတဲ့ အစားအစာတွေကို ခုံမင်လာပါတယ်။ တစ်နည်းအားဖြင့် သကြားဓာတ်ပါတဲ့ အစားအစာတွေကို ပိုစားလာပါတယ်။ အဲ့ဒီတော့မှ မိဘတွေအနေနဲ့ ကလေးကို  ဒီအတိုင်းဆက်ကျွေးရင် ဘာဖြစ်လာမှာလဲဆိုပြီး စိုးရိမ်လာပါတယ်။ ဒါဆိုရင် ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ က ဘာလဲ။ ကလေးတွေ အတွက် သကြားဓာတ်များတဲ့ အစားအစာတွေကဘာလဲ။ သကြားအစားထိုးဘာကျွေးကြမလဲဆိုတာကို ဆက်ကြည့်ရအောင်။ ကလေးများအတွက် သကြားရဲ့ဆိုးကျိုးများ သကြားစွဲလမ်းမှု အချိုတွေ အစားများရာကနေ ‘သကြားစွဲလမ်းမှု’ဆိုတဲ့ ‌ရောဂါဖြစ်လာပါတယ်။ အရက်စွဲတာ၊ ဆေးစွဲတာလိုမျိုးတော့ မဟုတ်ပါဘူး၊၊ သကြားဓာတ်ကို ဦးနှောက်က အင်မတန်မှ ကြိုက်ပါတယ်၊၊ သကြားဓာတ်နည်းသွားတာနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ သားသားမီးမီး... အစားစားစေဖို့

ကလေးက ပြင်ဆင်ပေးသမျှကို အားပါးတရစားတာကို မြင်ရချိန်က မေမေတစ်ယောက်အတွက် အပျော်ဆုံးအချိန်ဖြစ်မှာပါ။ ဒီလိုဖြစ်ဖို့ဆိုတာက လွယ်ကူလှတယ်တော့မဟုတ်ပါဘူး။ အကြောင်းကတော့ ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ စားသောက်မှုပုံစံချင်းမတူကြလို့ပါ။ အချို့ကလေးတွေက အစားမရွေးတတ်ပေမယ့် အချို့ကလေးတွေကတော့ အစားရွေးတတ်ကြပါတယ်။ အစားရွေးတဲ့ သားသားမီးမီးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ အစားရွေးတဲ့ သားသားမီးမီး... အစားစားစေဖို့ ဘာတွေ လုပ်ဆောင်ပေးရမလဲ ဆိုတာကို ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လိုက်ပါ မေမေတို့ရေ....... သားသားမီးမီးက အစားရွေးသူလား ....... ကိုယ့်ရဲ့ သားသားမီးမီးက ဟိုဟာကျွေးလည်း မစားချင်ဘူး၊ ဒီဟာဆိုလည်း ဟင့်အင်းလုပ်မယ်။ အာဟာရပြည့်တဲ့ ထမင်းတွေ။ ဟင်းတွေထက် အာဟာရပါဝင်မှုနည်းတဲ့ အချိုစာတွေ ကိတ်မုန့်၊ ရေခဲမုန့်စတာတွေကိုမှ နှစ်နှစ်ခြိုက်ခြိုက် စားနေတယ်ဆိုရင်တော့ သေချာတာက အစားရွေးတဲ့ သားသားမီးမီးကို ပိုင်ဆိုင်ထားပြီဆိုတာပါ။ အစာရွေးတော့ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ..... အစာရွေးတော့ သေချာတာက လိုအပ်တဲ့အာဟာရတွေ ပြည့်ဝစွာမရဘူးပေါ့။ ဒီတော့ ဘာဖြစ်လာမလဲဆိုရင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ၂နှစ်အထက် ကလေးတွေမှာ အာဟာရဓာတ်တွေ လုံလောက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ

ကလေး အသက် ၂နှစ်အထက်ကနေ စတင်တဲ့ ကာလဟာ သူတို့လေးတွေရဲ့ နောက်ပိုင်း ကျန်းမာဖွံ့ဖြိုးမှုအတွက် သိပ်အရေးကြီးပါတယ်။ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ဉာဏ်ရည်ဖွံ့ဖြိုး ထက်မြက်မှု၊ ကြံ့ခိုင်သွက်လက်မှု တွေအတွက် အဆုံးအဖြတ်ပေးနိုင်တဲ့ အရေးကြီးတဲ့ ကာလ လို့ ဆိုနိုင်ပါတယ်။ ကလေးရဲ့ အသက်၂နှစ်အထက်ကာလ ကလေးရဲ့ဖွံ့ဖြိုးမှုအကောင်းဆုံးအချိန်ဖြစ်တဲ့ ၂နှစ်အထက်ကနေ နောက်ပိုင်းကာလမှာ ကလေးရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးနေပါတယ်။ အဲဒီကာလအပိုင်းအခြားအတွင်းက ဘာသာစကား သင်ယူနိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်း အပါအဝင် ဦးနှောက်ရဲ့ စီမံလုပ်ဆောင်ချက်တွေ ကို ထိန်းချုပ်မယ့် ဦးနှောက်အပိုင်းမှာ ဖွံ့ဖြိုးလာပါမယ်။ ဒါကြောင့် အာဟာရပြည့်ဝဖို့ဟာ  ဒီလို အပိုင်းအခြားကာလအတွက် အရေးကြီးဆုံး နံပါတ်တစ်ဖြစ်လာပါတယ်။ နုနယ်တဲ့ ဦးနှောက် နဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှု ကာလလည်းဖြစ်ပါတယ်။ ကလေးတွေရဲ့ဦးနှောက်က ငါးနှစ်မပြည့်ခင်ကာလအတွင်းမှာ မြန်မြန်ဆန်ဆန်ဖွံ့ဖြိုးလာပြီး အရွယ်အစားထုထည်က ၅ နှစ်ပြည့်တဲ့ချိန်မှာ အရွယ်ရောက်ပြီးသူ […]


ကလေးငယ်အာဟာရ

ဘေဘီလေးတို့ ကိုယ်ခံအားတိုးစေမယ့် စားစရာလေးများ

နုနယ် ငယ်ရွယ်လွန်းတဲ့ ဘေဘီလေးတွေကို ရောဂါတွေ အန္တရာယ်ကနေ ကာကွယ်ဖို့ဆိုရင် ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ရပါမယ်။ ဒီလို ဂရုစိုက်တဲ့အခါ အရေးကြီးဆုံးက အာဟာရဖြစ်အောင် ပြင်ဆင်ပေးဖို့ပါ။ အာဟာရဖြစ်အောင် ပြင်ဆင်ပေးပြီးရင်လည်း ကလေးက စားမှ အာဟာရပြည့်ဝမှာပါ။ ဒီတော့ ဘေဘီလေးတွေလည်း ခံတွင်းလည်းတွေ့ ကိုယ်ခံအားလည်း ပြည့်စေမယ့် စားစရာလေးတွေအကြောင်း မေမေတို့ သိအောင် ဝေမျှပေးမယ်နော်။ ဘေဘီလေးတို့ ခံတွင်းတွေ့စေမယ့် ကိုယ်ခံအားဖြည့် စားစရာလေးတွေက ဘာတွေများလဲ................ ဘေဘီလေးက ကိုယ်ခံအားကောင်းတဲ့  ကလေးတစ်ယောက်ဖြစ်ဖို့ဆိုရင် ဘေဘီလေးကို ဒီ အစားအစာလေးတွေနဲ့ မိတ်ဆက်ပေးဖို့ လိုပါမယ်။ ဒိန်ချဉ် - ဒိန်ချဉ်မှာ ဘေဘီလေးတို့ရဲ့ အစာခြေစနစ်ကို စောင့်ရှောက်ပေးမယ့် အကျိုးပြုဘက်တီးရီးယား (probiotics) တွေပါနေလို့ပါ။ ဒီသက်ရှိဘက်တီးရီးယားလေးတွေက အူနံရံတွေကို ကျန်းမာစေပြီး အာဟာရ စုပ်ယူမှုကိုကောင်းစေသလို ဝမ်းဗိုက်နဲ့ အစာခြေစနစ် ပြဿနာ ကင်းစေနိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေး နို့မှုန့် အာဟာရနဲ့ပတ်သက်ပြီး သင်ဘာတွေ သိသင့်လဲ

နို့မှုန့်ဟာ ကလေးအတွက် ဘယ်လို အာဟာရရှိစေနိုင်လဲ ဆိုတာနဲ့ ပတ်သက်ပြီး မေမေတို့ အမြဲမေးတတ်ကြပါတယ်။ နို့မှုန့် အကြောင်းကို မပြောခင်မှာ ကလေးအတွက် အကောင်းဆုံး အာဟာရကတော့ မိခင်နို့ ဖြစ်တယ်ဆိုတာကို အရင်ဆုံး သိထားဖို့ လိုပါတယ်။ မိခင်နို့မှာ ကလေးကြီးထွားမှုနဲ့ ဉာဏ်ရည် ထက်မြက်စေဖို့ အာဟာရဓာတ် အစုံအလင် ပါဝင်ပါတယ်။ ဒါ့အပြင် မိခင်နို့ တိုက်ကျွေးခြင်းဖြင့် မိခင်နဲ့ ကလေးကြား သံယောဇဉ်ကိုလည်း တိုးစေသလို ကလေးရဲ့ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက် တချို့သော ရောဂါတွေ ဖြစ်မလာအောင်၊ ကလေး ကျန်းမာစေဖို့၊ အလွယ်တကူ ဖျားနာခြင်းတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကလေးတွေရဲ့ အသက် ၆လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သေချာတိုက်ကျွေးဖို့ အရေးကြီးပါတယ်။ ကလေး အသက် ၆လ နောက်ပိုင်းမှာ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ရင်သွေး ဘာလို့ ကောင်းကောင်း အိပ်မပျော်တာလဲ

အိပ်မပျော်တဲ့ဝေဒနာဟာ ပူပင်သောကတွေနဲ့ ရုံးကန်လှုပ်ရှားနေရတဲ့ လူကြီးတွေမှာသာမကပါဘူး ငယ်ရွယ်နုနယ်လှတဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုဖြစ်ပါတယ်။ သားသားမီးမီးလေးတွေဟာ တစ်နေ့ကို အနည်းဆုံး ၉ နာရီ အိပ်စက်ပေးဖို့ လိုအပ်ပြီး ဒီလိုအိပ်စက်ပေးမှသာ သူတို့ရဲ့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းမှုနဲ့ စိတ်ပျော်ရွှင်မှုကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ကြွက်သား၊ နှလုံးနဲ့ ဦးနှောက်တို့ ဖွံ့ဖြိုးလာစေဖို့ အိပ်စက်မှုက အထောက်အကူဖြစ်စေပါတယ်။ အိပ်စက်ခြင်းဟာ ရင်သွေးတွေရဲ့ အစာစားချင်စိတ်ကိုလည်း မျှတအောင်ထိမ်းချုပ်ပေးတာမို့ ငယ်ရွယ်စဉ်မှာတင် ကိုယ်အလေးချိန်မြင့်မားနေတဲ့ ပြဿနာကိုလည်း တားဆီးပေးနိုင်ပါသေးတယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာတော့ ရင်သွေးလေးတွေ ကောင်းမွန်စွာ မအိပ်စက်နိုင်ကြတာကို မိဘတိုင်း ကြုံဖူးကြမှာပါ။ ဘာကြောင့် ရင်သွေးလေးတွေ ခုလို မအိပ်ပျော်နိုင်ဖြစ်နေကြတာပါလိမ့်နော်။ သားသားမီးမီးတွေ ဘာလို့ အိပ်မပျော်ဖြစ်နေတာလဲ ငယ်ရွယ်စဉ်အချိန်မှာ ရင်သွေးငယ်တွေဟာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ အိပ်စက်ခြင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ အိပ်မပျော်တာတွေကို ခံစားနေရတဲ့ ကလေးတွေဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း