ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးငယ်တွေရဲ့ အသက်အရွယ်အလိုက် ဖြည့်စွက်စာ တွေကို ဘယ်လို ကျွေးကြမလဲနဲ့ အခြားဂရုစိုက်သင့်သော အချက်များ။

မိခင်နို့ဟာ ကလေးငယ်တွေရဲ့ အသက် ၆လ အထိ ပြည့်၀ လုံလောက်တဲ့ အာဟာရဓါတ်ကို ပေးနိုင်တဲ့ တစ်ခုတည်းသောအရာ ဖြစ်တဲ့အတွက် အသက် ၆ လအထိ ကို မိခင်နို့တစ်မျိုးတည်းသာ တိုက်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။ ဒါပေမယ့် အသက် ၆ လ ကျော်သွားတဲ့အခါမှာ နို့တစ်မျိုးတည်းနဲ့ မလုံလောက်တော့ဘဲ  ဖြည့်စွက်စာ တွေ ထည့်ကျွေးဖို့ လိုအပ်လာပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ကလေးလေးအသက် ၆ လပြည့်ပြီးသွားတဲ့ ကလေးလေးတွေရဲ့ မေမေတွေအနေနဲ့ ကလေးရဲ့ဘယ်အသက်အရွယ်အလိုက် ဘာတွေ၊ ဘယ်လို ဖြည့်စွက် ကျွေးနိုင်တယ် ဆိုတဲ့အကြောင်းလေး မျှဝေပေးသွားချင်ပါတယ်။ ၁။ အသက် ၆လ မှ ၈လ အထိ မိခင်နို့ကိုတော့ ကလေးလေးစို့ချင်သလောက် ပေးစို့နိုင်ပါတယ်။ ဒါ့အပြင် ဖြည့်စွက်စာ အနေနဲ့ မိသားစုစားတဲ့ ထမင်းအိုးထဲက […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

Measles (သို့) ဝက်သက်ရောဂါ အကြောင်း လေ့လာကြမယ်။

ဒီလို Covid ကာလရဲ့ Stay home အချိန်လေးမှာ အနားယူရင်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ကူးစက်ပုံခပ်ဆင်ဆင်တူတဲ့ တစ်ချိန်တစ်ခါက ပျံ့နှံ့ပြီး အဖြစ်များခဲ့တဲ့ ဝက်သက်ရောဂါလေး အကြောင်း မျှဝေပေးချင်ပါတယ်။ ဝက်သက်ရောဂါ ဆိုတာ ကူးစက်လွယ်ပြီး ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ ကလေးလေးတွေမှာ များသောအားဖြင့် ဖြစ်တတ်ပြီး အသက်ရှုလမ်းကြောင်းကို ပြသနာဖြစ်စေတဲ့ ဗိုင်းရပ်တစ်မျိုး ဖြစ်ပါတယ်။ တစ်ချိန်တစ်ခါက တစ်ကမ္ဘာလုံးအတိုင်းအတာ အရ သေနှုန်းမြင့်မားခဲ့တဲ့ အထိ ဒုက္ခပေးခဲ့တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ယခုအချိန်မှာ တော့ ကာကွယ်နိုင်တဲ့ဆေးရှိလာတဲ့အတွက် ဖြစ်ပွားနှုန်းအင်မတန် လျော့ကျလာခဲ့ပါတယ်။ သို့ပေမယ့်လည်း ဒီရောဂါဟာ ကလေးငယ်တွေရဲ့ အသက်ကို ခြိမ်းခြောက်နိုင်တဲ့အရေးကြီးတဲ့ ရောဂါတွေထဲကတစ်ခု ဖြစ်နေဆဲပဲ ဖြစ်တဲ့အတွက် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကလည်း ဒီဝက်သက်ရောဂါကို အမြစ်ပြတ်ဖို့ နည်းလမ်းတွေချမှတ်ပြီး လုပ်ဆောင်နေကြပါတယ်။ ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေး နို့ကောင်းကောင်း စို့နိုင်ဖို့

ကလေးတွေကို နို့တိုက်တဲ့အခါ မိခင်တွေ တော်တော်များများ အခက်အခဲတွေ့ရတာ တွေ့နေရပါတယ်။ အထူးသဖြင့် သားဦး မိခင်တွေပေါ့။ ကလေးနီတာရဲလေးကို မထိရဲ မကိုင်ရဲနဲ့ နို့လည်း ကောင်းကောင်း မတိုက်တတ်ပါဘူး။ နို့တိုက်တယ်ဆိုတာ မိခင်နို့ ကလေးပါးစပ်ထဲရောက်ရုံနဲ့ မပြီးပါဘူး။ မိခင်ရော သက်တောင့်သက်သာရှိရဲ့လား။ ကလေးရော သက်တောင့်သက်သာ ဖြစ်ရဲ့လား။ ကလေးဆီကိုရော နို့ကောင်းကောင်း ဝင်ရဲ့လား စတဲ့အချက်တွေကိုပါ ထည့်ပြီး စဉ်းစားရမှာပါ။ ဒီဆောင်းပါးလေးမှာတော့ ကလေးကို အနေအထား မှန်မှန် တိုက်နိုင်ဖို့ နည်းလမ်းတွေကို ပြောပြပေးပါမယ်။ ဘယ်လို နို့တိုက်ကြမလဲ။ စစချင်းမှာတော့ ဒီလိုပဲ နေသားကျဦးမှာ မဟုတ်သေးပါဘူး။ မှားလိုက် ပြင်လိုက်နဲ့ အမေရော ကလေးပါ အချိန်ယူပြီး သင်ရမှာပါ။ နို့တိုက်နိုင်တဲ့ပုံစံ အများကြီးရှိပါတယ်။ ထိုင်ပဲ တိုက်တိုက်၊ လှဲပဲ တိုက်တိုက်၊ ကလေးကို ရင်ဘတ်ပေါ်တင်ပြီးပဲ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း

ခုလို ကာလမှာ ဆေးရုံ၊ ဆေးခန်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ ရောဂါကူးစက်မှာ စိုးလို့ ဆေးရုံကို မဖြစ်မနေလိုမှ လာဖို့ ဆရာဝန်တွေကလည်း အကြံပြုထားပါတယ်။ ဒါပေမယ့် ရောဂါဆိုတာ ကိုဗစ်ဖြစ်နေလို့ ရှောင်နေမှာမှ မဟုတ်တာ။ ကိုဗစ်ကလည်း ကိုဗစ်၊ တခြားရောဂါတွေကလည်း ဒီတိုင်း ဆက်ဖြစ်နေဦးမှာပဲ။ ဒါကြောင့် မေမေတို့က ကလေးတွေမှာ အဖြစ်များတဲ့ရောဂါ တွေကို သိထားသင့်ပါတယ်။ ဒီတော့ ဘယ်လို အချိန်မှာ ဆေးရုံသွားသင့်လဲ။ ဘယ်လိုသာမန်ရောဂါတွေကိုတော့ အိမ်မှာပဲ ဘယ်လိုနည်းလမ်းနဲ့ ပြုစုကြမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ကလေးမှာ အဖြစ်များတဲ့ရောဂါ တွေကို အိမ်တွင်ပြုစုကုသပေးခြင်း မွေးကင်းစ ကလေး မွေးကင်းစကလေးတွေကို မကိုင်ခင်မှာ ရေနဲ့ဆပ်ပြာ သုံးပြီး လက်အရင်ဆေးပါ။ သူတို့လေးတွေမှာ အဖြစ်များတဲ့ ပြဿနာတွေကတော့ မျက်ဝတ်ထွက်တာ မွေးစကလေးတွေက မျက်ဝတ် ထွက်တတ်တာ သဘာဝပါ။ သန့်ရှင်းတဲ့ အတတ်စကို ရေသန့်လေး စွတ်ပြီး […]


ကလေးငယ်အာဟာရ

ဖြည့်စွက်စာ ကျွေးနည်း လမ်းညွှန်

မေမေတို့ ကလေး အသက်၆လ ကျော်ပြီဆိုတာနဲ့ ဘာကျွေးရင်ကောင်းမလဲဆိုပြီး ခေါင်းခဲတတ်ကြပါတယ်။ အရင်ကတော့ မိခင်နို့ပဲတိုက်တာဆိုတော့ လွယ်တယ်လေ။ ကရိကထလည်း မများဘူး။ ခုကလေးကို ဖြည့်စွက်စာ ကျွေးရတော့မယ်ဆိုတော့ ဘာတွေများ ကျွေးရမလဲ။ လူကြီးစားသလိုပဲ ကျွေးရမှာလား။ ကလေးနဲ့ မတည့်ရင် ဘယ်လို လုပ်မလဲ။ ဗိုက်ရောပြည့်ပါ့မလား စသဖြင့် တွေးစရာတွေ ရှိလာပါပြီ။ ဒီလိုမဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားတဲ့ မိခင် ကလေး ကျန်းမာမှတ်တမ်းစာအုပ်ထဲက လွယ်ကူတဲ့ ဖြည့်စွက်စာ ကျွေးနည်းလမ်းညွှန် အကြောင်း ပြောပြပေးပါ့မယ်။ မိခင်နို့ ဆက်တိုက်ပါ။ ကလေးအသက် ၆လအထိ မိခင်နို့ တစ်မျိုးတိုက်ရပါတယ်။ ၆လကျော်သွားလည်း ဖြည့်စွက်စာတွေနဲ့အတူ မိခင်နို့ ဆက်တိုက်လို့ ရပါတယ်။ ကလေး အသက် ၂နှစ် ဒါမှမဟုတ် ၂နှစ်ကျော်တဲ့အထိ တိုက်လို့ရပါတယ်။ ဖြည့်စွက်စာ ကျွေးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင် နို့တိုက် ကျွေးခြင်း လမ်းညွှန်

မေမေတွေအနေနဲ့ ကိုယ့်ကလေး ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့အတွက် ဘာကျွေးရမလဲဆိုတာ တကယ်ခေါင်းခဲစရာပါ။ ဒါလေးနဲ့ တည့်ပါ့မလား။ ဟိုဟာလေး ကျွေးရင်ရောနဲ့ ဗျာများတတ်ပါတယ်။ အထူးသဖြင့် မိခင်နို့ပဲ တိုက်ရမယ့် အချိန်မှာပေါ့။ ကိုယ်တိုင်သေချာ မသိတဲ့ အခါကျတော့ အရပ်ပြော စကားတွေနဲ့ ကလေးကို ကျွေးမိတတ်ပါတယ်။ မှန်တာလဲ ရှိသလို လွဲတာလည်း ရှိမှာပေါ့။ ဒီလို မဖြစ်ရအောင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ဝေထားတဲ့ မိခင်ကလေး ကျန်းမာ စာအုပ်မှာ ပါဝင်တဲ့ မိခင် နို့တိုက် ကျွေးခြင်းနဲ့ ဖြည့်စွက်စာကျွေးနည်း လမ်းညွှန်ကို ပြောပြပေးချင်ပါတယ်။ ဒါကို သိထားရင် ကိုယ့်အားကိုယ်ကိုးပြီး ကလေးကို စောင့်ရှောက်နိုင်မှာပါ။ နည်းလမ်း အမှားတွေကိုလည်း မသုံးမိတော့ဘူးပေါ့။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက် မိခင်များ အတွက် အရင်ဆုံးမှာချင်တာက ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်များ […]


ကလေးငယ်အာဟာရ

ကလေးတို့အတွက် ဖော်မြူလာနို့မှုန့် (Infant milk formula) ရဲ့ ကောင်းကျိုး ၁၀ ချက်

ကလေးတွေ ကျန်းမာစေဖို့ဆိုရင် အာဟာရဓာတ်တွေ ပြည့်ဝစုံလင်စွာ မှီဝဲပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေဖို့ လိုအပ်ပါတယ်။ ကိုယ်ကလည်း ကျန်းမာ၊ စိတ်ကလည်းချမ်းသာနေမယ်ဆိုရင် ကလေးတွေဟာ ခန္ဓာကိုယ်ရော ဦးနှောက်ပါ ဖွံ့ဖြိုးပြီး ကျန်းမာသန်စွမ်းလာမှာပါ။ ဒီလို ကျန်းမာသန်စွမ်းဖို့ဆိုရင် မိခင်နို့ကို အဓိကတိုက်ကျွေးဖို့ လိုအပ်ပါတယ်။ မိခင်တိုင်းဟာ မွေးကင်းစကလေးတွေကို အသက် ၆ လအရွယ်ရောက်တဲ့အထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်သင့်ပါတယ်။ မိခင်နို့မှာ အစားမထိုးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတာကြောင့် ၆လ ကျော်လွန်သွားချိန်မှာလည်း ဖြည့်စွက်စာနဲ့အတူ ဆက်လက်တိုက်ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် မိခင်နို့ဆက်မတိုက်နိုင်တော့ရင် မိခင်နို့နဲ့အတူ တွဲဖက်တိုက်ကျွေးဖို့ နို့မှုန့် (Infant milk formula) တွေကို အသုံးပြုနိုင်ပါတယ်။ Infant milk formula တွေဟာ ကလေးတွေရဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကျန်းမာသန်စွမ်းမှုတွေကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ Infant milk formula […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

သွေးလွန်တုပ်ကွေး ကာကွယ်ဆေး

မကြာခင် မိုးရာသီရောက်တော့မှာ ဆိုတော့ ရာသီတုပ်ကွေးနဲ့အတူ သွေးလွန်တုပ်ကွေး လည်း ပါလာပါပြီ။ မေမေတွေ စိုးရိမ်ရတဲ့ အချိန်ပေါ့။ တစ်ဆက်တည်းမှာပဲ ရာသီတုပ်ကွေးတောင် ကာကွယ်ဆေးရှိတာ သွေးလွန်တုပ်ကွေးရော ကာကွယ်ဆေး မရှိဘူးလားဆိုတဲ့ မေးခွန်းတွေလည်း ခဏခဏ ကြားနေရပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးက တကယ်ရှိတာလား။ ရှိရင် ကလေးတွေကို ဘာလို့ ထိုးပေးလို့မရဘူးလားဆိုတဲ့ မေးခွန်းတွေကို ဖြေပေးသွားပါ့မယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး တကယ်ရှိသလား။ ရှိပါတယ်။ သွေးလွန်တုပ်ကွေး ကာကွယ်ဆေးရယ် ဆိုပြီး တကယ်ရှိပါတယ်။ ၂၀၁၆လောက်တည်းက Dengvaxiaဆိုတဲ့ ကာကွယ်ဆေးက လိုင်စင်ရပြီးပါပြီ။ ထိုးဆေးအမျိုးအစားဖြစ်ပြီး ၀-၆လ-၁၂လ ဆိုပြီး ၃ကြိမ်ထိုးရပါတယ်။ သွေးလွန်တုပ်ကွေးဗိုင်းရပ်စ် ၄မျိုးလုံးကို ကာကွယ်နိုင်အောင် ထုတ်လုပ်ထားပါတယ်။ WHOကတော့ သွေးလွန်တုပ်ကွေးအဖြစ်များတဲ့နိုင်ငံတွေမှာ ထိုးသင့်ကြောင်း တိုက်တွန်းထားပါတယ်။ နိုင်ငံပေါင်း ၂၀မှာ ခွင့်ပြုပြီး ထိုးနေပါပြီ။ ၂၀၁၉မှာ အမေရိကန်နိုင်ငံက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့

ဘေဘီလေးတွေ ဆော့ကစားရင်းဖြစ်ဖြစ် မြက်ခင်းလို နေရာမျိုးတွေပေါ်မှာ လမ်းလျှောက်ရင်းက ဖြစ်ဖြစ် မတော်တဆ ပုရွက်ဆိတ် ကိုက်ခံရတာမျိုး ဖြစ်နိုင် ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ဘေဘီလေးကို ဘယ်လို သက်သာအောင် လုပ်ပေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ ဖေဖေမေမေတို့ရေ.... ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ သက်သာစေဖို့ ဘေဘီလေးတွေ ပုရွက်ဆိတ် ကိုက်ခံရတဲ့အခါ နောက်ဆက်တွဲ ထိခိုက်မှုတွေ မဖြစ်စေဖို့ဆိုရင် ရှားစောင်းလက်ပပ် ပုရွက်ဆိတ် ကိုက်ခံရတဲ့နေရာကို ရှားစောင်းလက်ပပ် အတွင်းသားနဲ့ ပွတ်ပေးလိုက်ပါ။ အရေပြား ယားယံတာ နဲ့ နီမြန်းတာတွေကို သက်သာစေမှာပါ။ ရေခဲဝတ် ကပ်ပါ ပုရွက်ဆိတ် ကိုက်ခံရတယ်ဆိုတာကို သိသိချင်း ရေခဲတုံးတွေကို တဘက်စသန့်သန့်ထဲထည့်ပြီး ကပ်ပေးပါ။ ဒီလို ကပ်ပေးတာက ပုရွက်ဆိတ်ကိုက်တာ​ကြောင့် အရေပြား ယားယံတာနဲ့ ရောင်ရမ်းနီမြန်းတာကို သက်သာစေနိုင်မှာပါ။ ပျားရည် ပုရွက်ဆိတ်ကိုက်တဲ့နေရာကို ပျားရည်ခပ်ပါးပါးလေးလိမ်းပေးလို့ ၁၀ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး တို့ အသားလှဖို့ ဆောင်ရန်၊ ရှောင်ရန် တချို့

မေမေတို့ရဲ့ ဘေဘီလေး တွေကို အသားဖြူစေချင်၊ အသားလှစေချင်လွန်းလို့ သိပ်ဂရုစိုက်ပေးကြတယ် မဟုတ်လား။ ပင်ကိုယ် ကိုက နုနယ်၊ နူးညံ့လွန်းတဲ့ အရွယ်လေးတွေဆိုတော့ လူကြီးတွေလို အသားအရေထိန်း ပေးလို့လည်း မရဘူးလေ။ တကယ်လို့ ဂရုစိုက်ပုံ မှားနေခဲ့ရင် ကလေးအသားအရေ၊ ကလေးအရေပြားမှာ ထိခိုက်ရနိုင်ခြေ များပါတယ်။ ဒါ့ကြောင့်ပဲ ဘေဘီလေး တို့ရဲ့ အသားအရေ ကျန်းမာစေဖို့ ဒီအချက်တွေ မေမေတို့ သတိထားပေးပါနော်။ ဘေဘီလေး တွေကို ရေချိုးဖို့ မလောပါနဲ့။ လူကြီးတွေရဲ့ အရေပြားထက် အဆပေါင်းများစွာ ပိုနုတဲ့အပြင် သူတို့လေးတွေရဲ့ အသားအရေ ခြောက်သွေ့သွားရင် ဓာတ်မတည့်မှုတွေ၊ အရေပြားပြဿနာတွေလို အကျိုးဆက်တွေ ရှိလာနိုင်ပါတယ်။ ရေချိုးတဲ့ ကလေးအရေပြားမှာ ရှိနေတဲ့ သဘာဝအဆီလေးတွေ အကုန်ပါသွားနိုင်လို့ပေါ့။ ဒါ့ကြောင့်‌ နေ့တိုင်း ရေမချိုးပေးပါနဲ့။ တစ်ပတ်သုံးကြိမ်လောက်ပဲချိုးပေးပါ။ သန့်စင်ပေးတဲ့အခါ ဂရုစိုက်ပါ။ တစ်လဝန်းကျင် ဘေဘီလေးကို တစ်ပတ်နှစ်ကြိမ်၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း