ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးသောက် ဖော်မြူလာနို့မှုန့်တွေ နဲ့ပတ်သက်ပြီး သိထားတာတွေ မှန်ရဲ့လား.................

ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့အတွက် အာဟာရဓာတ်ပြည့်ဝနေဖို့က အရေးကြီးတယ်ဆိုတာ မေမေတို့သိပြီးသားဖြစ်မှာပါ။ အာဟာရဓာတ်နဲ့ပတ်သက်လို့ မေမေတို့ ကြားဖူးနေကြတဲ့ အကြောင်းအရာတွေလည်းအများကြီးရှိလိမ့်မယ်ထင်ပါတယ်။ ဒီအထဲမှာမှ မေမေတို့ ဝိဝါဒ ကွဲပြားလေ့ရှိတဲ့ ဖော်မြူလာနို့မှုန့် နဲ့ပတ်သက်ပြီး အထင်မှားနေတဲ့ အချက်လေးတွေကို ဒီဆောင်းပါးမှာ ပြောပြသွားမယ်နော်။ ကလေးသောက် ဖော်မြူလာနို့မှုန့်နဲ့ပတ်သက်လို့ မေမေတို့ သိထားတာ မှန်ရဲ့လား............ ကလေးကို မိခင်နို့တိုက်ကျွေးတာက အကောင်းဆုံးဆိုပေမယ့် နို့မထွက်တဲ့အခါမျိုး၊ မိခင်က ရောဂါတစ်ခုခုခံစားနေရတဲ့အခါမျိုးမှာ ကလေးကို လုံလောက်တဲ့ အာဟာရ ရရှိစေဖို့ ဖော်မြူလာနို့မှုန့်တွေကို အားကိုးရပါတယ်။ ဒီအခြေအနေမှာ မေမေတိုင်း တွေးမိနိုင်တာက ကလေးကို နို့မှုန့်တိုက်လို့ ဖြစ်ပါ့မလား.... နို့မှုန့်တိုက်ရင် ကလေးကိုများ ထိခိုက်မလားဆိုတဲ့ အတွေးတွေပါ။ ဒီအတွေးတွေက မှန်ရော မှန်ရဲ့လားဆိုတာကို ဆန်းစစ်ကြည့်ဖူးပါသလား။ ကလေးကို ဖော်မြူလာနို့မှုန့်တိုက်ဖို့ စိုးရိမ်နေတဲ့ မေမေတို့အနေနဲ့ သံသယကင်းကင်းနဲ့ ကလေးကို ဖော်မြူလာနို့မှုန့်တိုက်နိုင်ကြဖို့ ဒီအချက်လေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီ ပျော်ရဲ့လား..........

မိဘတိုင်းကတော့ သားသမီးတိုင်းကို ပျော်ရွှင်စေချင်မှာပါ။ ဒါဆိုရင် ကလေးတွေ တောင့်တတဲ့ ပျော်ရွှင်မှုက ဘာလဲဆိုတာကိုရော သတိထားမိရဲ့လား............ ကလေးတွေက ပျော်ရွှင်ဖို့ လိုအပ်တယ်ဆိုတာကတော့ တကယ့်ကို မှန်ပါတယ်။ ဒါပေမယ့် သူတို့လေးတွေက အချိန်တိုင်းတော့ မပျော်ရွှင်နေနိုင်ပါဘူး။ လူကြီးတွေလိုပဲ သူတို့မှာလည်း စိတ်ဖိစီးတာ၊ စိတ်ညစ်စရာလေးတွေရှိနိုင်ပါတယ်။ လူတိုင်းမှာ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ အထီးကျန်ခြင်း စတဲ့ ခံစားချက်အထွေထွေက ငယ်စဉ်ကာလကတည်းက ခံစားတတ်ခဲ့တဲ့ အရာတွေပါ။ ဒီတော့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုထားမယ် စိတ်ကူးလဲ မေမေဖေဖေတို့ရေ။ ကလေးကို အချိန်တိုင်းပျော်အောင် ထားလို့ရတယ်လို့ စိတ်ကူးနေတယ် ကြီုးစားနေတယ်ဆိုရင်တော့ ဒီကြိုးပမ်းမှုက ရေရှည်မှာ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။ ဒီတော့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ကလေးကို ပျော်ရွှင်အောင် ဘယ်လိုလုပ်ပေးလို့ရမလဲဆိုတာကို ပြောပြပါမယ်။ ဘေဘီလေး စိတ်ညစ်နေတာလား............. ကလေးဆိုတာက အချိန်တိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မေမေ့ ချစ်မေတ္တာကပေးတဲ့ ဘေဘီလေးတို့ ကျန်းမာရေး

မိခင် နဲ့ ဘေဘီလေးတို့ကြားက ချစ်ခြင်းမေတ္တာမှာ မျက်စိနဲ့မြင်လို့ မရတဲ့ စွမ်းအားတွေ အများကြီးရှိနေပါတယ်။ မိခင်ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးတို့အတွက် အကောင်းဆုံးတွေပဲ ပေးစွမ်းမယ်ဆိုတာကတော့ ထွေထွေထူးထူးပြောနေစရာ မလိုအောင်ပါ။ သိပ္ပံနည်းကျ လေ့လာမှုတွေအရရော အများရဲ့ ယုံကြည်လက်ခံမှုတွေအရပါ မိခင်မေတ္တာက ဘေဘီလေးတို့အတွက် အဖိုးဖြတ်လို့ မရတဲ့ အရာပါ။ မေမေ့ရဲ့ ချစ်ခြင်းမေတ္တာက ဘေဘီလေးကို ဘယ်လို အကျိုးကျေးဇူးတွေ ပေးစွမ်းသလဲ............. ငယ်စဉ်ကာလမှာ မေမေရဲ့ ချစ်ခြင်းမေတ္တာကို ပြည့်ပြည့်ဝဝ ရရှိတဲ့ ဘေဘီလေးတွေက ဦးနှောက်ဖွံ့ဖြိုးမှု ကောင်းတယ် ငယ်ငယ်မှာ မေမေ့ဆီက ချစ်ခင် ဂရုစိုက်မှုရတဲ့ ကလေးလေးတွေဟာ ဦးနှောက် အကောင်းဆုံး ဖွံ့ဖြိုးကြသူတွေပါ။ သူတို့လေးတွေဟာ သင်ယူနိုင်စွမ်း ကောင်းသလို၊ တီထွင်ကြံဆမှုလည်းကောင်းကြတယ်။ ဘဝစိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ကြပြီး ပြဿနာတွေကိုလည်း အကောင်းဆုံး ဖြေရှင်းနိုင်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပျော်ရွှင်ကျန်းမာစွာနဲ့ ဉာဏ်ရည်ထက်မြက်တဲ့ […]


ကလေးငယ်ပထမနှစ်

မွေးကတည်း က သွားပေါက်နေတဲ့ ကလေး ရှိလား။

ရှိတာပေါ့။ မွေးကတည်း က သွားပေါက် နေတဲ့ ကလေး ရှိပါတယ်။ ကလေးတော်တော်များများက ၆လလောက်ဆို သွားငုတ်တုတ်၊ လူငုတ်တုတ် ဖြစ်နေပါပြီ။ အတိုးအလျော့နဲ့ ပြောရင် ၄လနဲ့ ၇လကြားပေါ့။ ဒါပေမယ့် တချို့ကလေးက အမေဝမ်းက ကျွတ်ကတည်းက သွားလေးနဲ့။ တချို့ကျတော့လည်း မွေးပြီး တစ်လလောက်နေတော့ သွားပေါက်လာရော။ ဒါတွေဟာ ဘာကြောင့်လဲ။ ဘယ်လိုလုပ်ကြမလဲဆိုတာ ကြည့်ကြရအောင်။ ဘာလို့ မွေးကတည်း က သွားပေါက်နေရတာလဲ။ ကလေး ၂၀၀၀မှာ ၁ယောက်လောက်က မွေးကတည်းက သွားပါလာပါတယ်။ ထူးဆန်းတယ်လို့ ထင်ရပေမယ့် တချို့သော အကြောင်းတွေက ကလေးကို မွေးကတည်းက သွားပေါက်စေပါတယ်။ သွားဖုံးမှာ ပေါက်တာလည်း ရှိသလို နှုတ်ခမ်းနားမှာ၊ အာခေါင်မှာ ပေါက်တာလည်း ရှိပါတယ်။ များသောအားဖြင့်တော့ မွေးကတည်းက သွားပေါက်တဲ့ကလေးတွေက အောက်က ရောဂါစုတွေနဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးဖျားပြီး အနီစက် ထွက်ရင်

မေမေတို့ ကလေးလေးတွေကနေ ကျန်းမာပါတယ်ဆိုတာတောင် တစ်နှစ်ကို ၂ခါ ၃ခါလောက်က ပုံမှန်ဖျားတတ်ကြပါတယ်။ ဒါသဘာဝပါပဲ။ ရိုးရိုးဖျားတာလည်း ရှိသလို အဖျားနဲ့ တခြား လက္ခဏာတွေ တွဲနေတာလည်း ရှိပါတယ်။ ဥပမာ အဖျားနဲ့ ဝမ်းလျှောတာ၊ အဖျားနဲ့ ချမ်းတုန်တာ၊ အဖျားနဲ့ အနီစက်ထွက်တာ စသဖြင့် အမျိူးမျိုးရှိပါတယ်။ ဒီထဲကမှ အတွေ့ရများတဲ့ အဖျားနဲ့ အနီစက် ထွက်တာကို ပြောချင်ပါတယ်။ မေမေတို့လည်း သိထားတော့ ကိုယ့်ကလေးလည်း ဘာဖြစ်လဲဆိုတာ သိနိုင်တာပေါ့။ ကလေးက ဖျားပြီးမှ အနီစက်ထွက်တာရှိသလို အနီစက် ထွက်ပြီးမှ ဖျားတာလဲ ရှိပါတယ်။ တခြားလက္ခဏာတွေနဲ့ တွဲလာတာမျိုးလည်း ရှိပါတယ်။ အတွေ့များတဲ့ ရောဂါတွေကတော့ ရေကျောက် ဝက်သက်  ဂျိုက်သိုး Scarlet fever Fifth disease Roseola infantum […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းခြင်း

မိခင်နို့ရည်ကို သိုလှောင်သိမ်းဆည်းတယ်ဆိုတာ နို့ရည်ကို မိခင်ရဲ့ရင်သားကနေ လိုအပ်သလောက် ညှစ်ယူပြီး စနစ်တကျသိမ်းဆည်းထားခြင်းကို ဆိုလိုတာပါ။ ဘာလို့ ဒီလို သိမ်းဆည်းရမလဲ။ မိခင်နဲ့ဝေးကွာနေလို့ပါ။ (ဥပမာ မိခင်က ကလေးကို အကြောင်းအမျိုးမျိုးကြောင့် အိမ်မှာထားခဲ့ရတဲ့အချိန်တွေအတွက်ပါ။ အထူးသဖြင့် အလုပ်တစ်ဖက်နဲ့ နို့တိုက်မိခင်တွေပါ။ ဒါဆိုရင်တော့ မိခင်က အလုပ်မှာရှိနေစဉ်မှာ ကလေးနို့ဆာတဲ့အခါ အဆင်သင့်တိုက်ကျွေး နိုင်မှာပါ။) မိခင်ရဲ့ ရင်သားဟာ နို့ရည်တွေနဲ့ ပြည့်လျှံပြီး ကြီးမားတင်းရင်းလာတဲ့အခါ ကလေးဟာမိခင်နို့ကို စုပ်ယူဖို့ အားမရှိတဲ့အခါ မိခင်ဟာ မိမိရဲ့ နို့ရည်ပြုဂလင်းက နို့ချိုထွက်တဲ့နှုန်းကို မြင့်တက်စေချင်တဲ့အခါ ဖခင်တစ်ယောက်အနေနဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ကလေးကိုယုယုယယ နို့ထွက်တိုက်ချင်တဲ့ အခါမျိုးမှာ မိခင်နို့ကို သိမ်းဆည်းထားနိုင်ပါတယ်။ ဘယ်လိုညှစ်ယူသင့်သလဲ။ မိခင်ရဲ့ရင်သားက နို့ရည်ကို လက်နဲ့ဖြစ်စေ၊ နို့ညှစ်ကိရိယာ (Breast pump)နဲ့ဖြစ်စေ ညှစ်ယူ နိုင်ပါတယ်။ ပမာဏကိုတော့ လိုအပ်သလို ချင့်ချိန်နိုင်ပါတယ်။ အစပိုင်းမှာတော့ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးတွေကိုချစ်လွန်းလို့နမ်းလိုက်ခြင်းဟာသူတို့လေးတွေအတွက် ဘာတွေဖြစ်လာနိုင်သလဲ။

အနှီးလေးနဲ့ နွေးနွေးထွေးထွေး ထုပ်ထားတဲ့ကလေးတွေနဲ့ ဝကစ်ပြီးချစ်စရာကောင်းတဲ့ ကလေး တွေကို တွေ့လိုက်ရတဲ့ အချိန်မှာ သင့်အနေနဲ့ ပွေ့ပိုက်နမ်းရှိုက်ချင်တဲ့ စိတ်တွေ တဖွားဖွားပေါ်ပေါက်လာ မှာပါ။ သင့်အနေနဲ့ အရမ်းချစ်လွန်းလို့ သန့်သန့်ရှင်းရှင်းနမ်းလိုက်တာပါပဲ။ ဒါပေမဲ့ အဲ့လိုနမ်းရှုံ့လိုက်ခြင်း ဟာ မရည်ရွယ်ဘဲနဲ့ ကလေးတွေအတွက် အန္တရာယ်တွေ အများကြီးဖြစ်စေနိုင်ပါတယ်။ နှုတ်ခမ်းနဲ့ ပါးစပ်နား တစ်ဝိုက်ကို နမ်းလိုက်ခြင်းဟာ ရောဂါပိုးမွှားတွေကို ကလေးတွေဆီ ပျံ့နှံ့စေပါတယ်။ နှုတ်ခမ်းကိုမနမ်းရဘူးဆိုတော့ ပါးလေးကိုရော နမ်းလို့ရနိုင်လားလို့မေးချင်စဖွယ်ရှိနိုင်ပါတယ်။ ဘယ်နေရာ ဖြစ်ဖြစ်မနမ်းသင့်ပါဘူး။ ဥပမာ ကလေးတစ်ယောက်ရဲ့ လက်ကလေးကို အသည်းယားလွန်းလို့ နမ်းလိုက်တယ်ပဲဆိုပါစို့။ သူ့ရဲ့လက်ကလေးတွေကို သူပြန်စုပ်တဲ့အခါ သင်နမ်းထားတဲ့ နေရာမှာရှိတဲ့ ရောဂါပိုးမွှား တွေဟာ သူ့ဆီ သွယ်ဝိုက်ပြီး ကူးစက်သွားမှာပါ။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာတွေနဲ့ နွေးထွေးမှုတွေဟာ မွေးကင်းစကလေးလေးတွေရဲ့ ကြီးထွား ဖွံ့ဖြိုးမှုကို များစွာ အကျိုးသက်ရောက်နိုင်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မိဘတစ်ယောက်အနေနဲ့မိမိကလေးကိုဘယ်လိုပျိုးထောင်ပေးမလဲ

အကောင်းမြင်စိတ်ကို မွေးမြူပေးပါ။ သင့်ကလေးရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့ ကလေးတွေဆီမှာ မကောင်းတဲ့အမူအကျင့်တွေရှိနေတဲ့ အခါ သင့်ကလေးဆီကို ကူးစက်လာနိုင်ပါတယ်။ ဒါကိုပြန်လည်ပြုပြင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ မကောင်းတာတစ်ခုခုကို လုပ်လိုက်မိပြီဆိုရင် ဆူပူဟောက်ဟမ်းလိုက်မှာထက် ကောင်းကောင်းမွန်မွန်ပြောဆိုဆုံးမတာမျိုးကို ကလေးတွေကလိုချင်ကြပါတယ်။ သူတို့လေးတွေကို မြှောက်ပင့်ပေးတာကိုလည်း နှစ်သက်သဘောကျတတ်ကြပါတယ်။ သင်ဖြစ်စေချင်တဲ့ အပြုအမူမျိုးကိုပြောပြပေးပါ။ အပေါင်းလက္ခဏာဘက်ဆောင်တဲ့ ပြောဆိုဆုံးမခြင်းမျိုးကိုသာ ပြုလုပ်ပေးပါ။ (ဥပမာ ‘ဒီနေရာကို မရှုပ်ပွစေနဲ’ လို့ပြောဆိုသုံးနှုန်းမယ့်အစား ‘အဝတ် လေးတွေကို ခေါက်ပြီးနေရာတကျထားပေးပါ’ လို့အပြုသဘောဆောင်တဲ့ အသုံးအနှုန်းမျိုးကိုသာ ရွေးချယ်သုံးနှုန်းပေးပါ။) ဒေါသကို ထိန်းချုပ်ပါ။ သင့်ကလေးကို စိတ်ဆိုးမာန်ဆိုးနဲ့ အော်ဟစ်လိုက်ခြင်းဟာ သင့်ကိုလည်း စိတ်ဖိစီးမှုတွေတိုးပွားလာစေနိုင်သလို ကလေးကိုလည်း စိတ်ညစ်ညမ်းရှုပ်ထွေးမှုတွေ၊ ဒေါသတွေ ဖြစ်လာစေမှာပါ။ ဒီတော့ ဆုံးမရာမှာ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အတတ်နိုင်ဆုံး ပျော့ပျောင်းစွာပြောဆိုပေးပါ။ ကောင်းမွန်တဲ့အရာ တစ်ခုခုကို သင့်ကလေးပြုလုပ်လိုက်တဲ့အခါ ချီးမွမ်းပေးဖို့ မမေ့ပါနဲ့။ ကလေးက ငယ်သည်ဖြစ်စေ ၊ ဆယ်ကျော်သက်ဖြစ်စေ အလုပ်တာဝန်တစ်ခုခုကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစ ကလေးငယ်လေးတွေမှာ ဖြစ်နိုင်တဲ့ အရေးပေါ်အခြေအနေများ။

မွေးကင်းစ ကလေးငယ်လေးတွေဟာ ဂရုမစိုက်မိရင် အချိန်မရွေး အသက်အန္တရာယ်ရှိနိုင်တဲ့ နုနုနယ်နယ် အရွယ်လေးတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို အိမ်မှာပြုစုစောင့်ရှောက်တဲ့အခါမှာ ဘယ်လိုလက္ခဏာတွေက ပြသနာရှိနိုင်တယ်၊ ကလေးအတွက် အရေးကြီးတယ်ဆိုတာလေးကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ အိမ်မှာ ကလေးငယ်ကို ကြည့်ရှုစောင့်ရှောက်နေရတဲ့ သူတိုင်း အောက်ပါ အချက်တွေကို သတိထားပေးရပါမယ်။ ၁။ ကလေးတွင် အသက်ရှုရခက်ခဲနေတဲ့ ရောဂါလက္ခဏာများ တွေ့ရခြင်း။ အသက်ရှုမြန်နေခြင်း (သို့) အသက်ရှုတာ ပုံမမှန်ဖြစ်နေခြင်း။ မျက်နှာ၊ နှုတ်ခမ်းတွေ ပြာနှမ်းလာခြင်း။ အသက်ရှုတဲ့ အခါမှာ အခက်အခဲဖြစ်နေတယ်လို့ ထင်ရခြင်း။ အသက်ရှုတဲ့အခါ ရင်ဘတ်ကြွက်သားများ၊ နံရိုးကြား ကြွက်သားများ ချိုင့်ဝင်သွားခြင်း။ အဆက်မပြတ် ချောင်းဆိုးခြင်း၊ တရွှီရွှီ အသံကြားရခြင်း။ စတဲ့ လက္ခဏာတွေ ဖြစ်လာမယ်ဆိုရင် ဆေးရုံကို အမြန်ဆုံးသွားဖို့ လိုအပ်ပါတယ်။ ၂။ ကိုယ်အပူချိန် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေးငယ်များ အသားဝါ ခြင်းနဲ့ ပတ်သတ်တဲ့သိကောင်းစရာများ။

မွေးကင်းစကလေးငယ်တွေ အတော်များများဟာ မွေးပြီးရက်အနည်းငယ်အတွင်းမှာ အသားဝါ တဲ့ ပြသနာကို ကြုံတွေ့နေကြရပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ အသားဝါခြင်းဟာ တစ်ခါတစ်လေမှ သူ့ဘာသာ ပျောက်သွားနိုင်ပေမယ့် တစ်ခါတစ်လေမှာ အဝါဓာတ်က ဦးနှောက်ထဲထိရောက်သွားတဲ့အခါ မသန်မစွမ်းဖြစ်ခြင်း ၊ဉာဏ်ရည်ချို့တဲ့ ခြင်း တွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် မိမိကလေးမှာ အသားဝါလာတယ်၊ မျက်သားအဖြူနေရာမှာ ဝါလာတယ် ဆိုရင်တော့ မပေါ့လျော့ဘဲ ကလေးဆရာဝန်နဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘာ့ကြောင့် အသားဝါ ရသလဲ။ မွေးကင်းစကလေးငယ် အသားဝါခြင်းဟာ ကလေးငယ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ အဝါဓာတ်ကို ဖြစ်စေတဲ့ billirubin လို့ခေါ်တဲ့ ပစ္စည်းတွေများလာတာကြောင့်ပါ။ မွေးကင်းစအရွယ် အသားဝါခြင်းကို ၁။ ဇီဝကမ္မ ဖြစ်စဉ်အရ အသားဝါခြင်း( physiological jaundice)နဲ့ ၂။ရောဂါ တစ်ခုခုကြောင့် ဖြစ်ရတဲ့ အသားဝါခြင်း (Pathological jaundice) ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ ၁။ ဇီဝကမ္မ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း