ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ခြေထောက်ခွင် နေတာ ပြင်ပေးလို့ရလား

ကလေး ခြေထောက်ခွင် နေရင် အသားလေးနှိပ်နယ်ပြီး ဆန့်ပေးရတယ်တဲ့။ အများစု ပြောလေ့ရှိကြ၊ လုပ်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ပေးရင် ခွင်နေတဲ့ ခြေထောက်လေး တကယ်ရော ပြန်ဆန့်သွားရဲ့လား။ ခြေထောက်ခွင် တယ် ဆိုတာ ကလေးတွေမှာ ခြေထောက်ခွင်တာဟာ အမေ့ဝမ်းထဲမှာတုန်းက နေရာကျဉ်းလေးထဲ ဖွံ့ဖြိုးလာရတဲ့အတွက် အရိုးဖွံ့ဖြိုးမှုပုံစံ ကြောင့် ကလေးတွေမှာ ဖြစ်လေ့ရှိပါတယ်။ ဒါကို ကလေးဖွံ့ဖြိုးမှုမှာ ပုံမှန်အဆင့် လို့ ခေါ်ပါတယ်။ ကလေး လမ်းစလျှောက်တဲ့အချိန်မှာ ခြေထောက်ခွင်တာ သိသာလာမှာ ဖြစ်ပေမယ့် အများအားဖြင့် အရွယ်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းသက်သာသွားမှာပါ။ လမ်းစလျှောက်တာ စောတဲ့ ကလေးတွေမှာတော့ ပိုသိသာတတ်ပါတယ်။ ဒါ့ကြောင့် လမ်းစောစောလျှောက်ခိုင်းလို့ ခြေထောက်ခွင်တာလို့တောင် လူကြီးတွေ ပြောလေ့ရှိကြပါတယ်။ ဘာကြောင့် ခြေထောက်ခွင် သလဲ ကလေးအများစု ကတော့ အပေါ်မှာ ပြောခဲ့တဲ့အတိုင်းပဲ မွေးစတည်းက သဘာဝအလျောက် ဖြစ်လာတာ ဆိုပေမယ့် ဖြစ်ခဲတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးကို နှာခေါင်းထိပ် ညှစ်ဆွဲပေးရင် နှာခေါင်း ချွန်လာရောလား

မွေးကာစ ကလေးလေး တွေကို ဖယောင်းရုပ်လေးတွေ လို့ ခေါ်ကြတယ်နော်။ လိုသလို ပုံသွင်း လို့ ရတဲ့အရွယ်ပါတဲ့။ ဒီအရွယ်လေးမှာ နှာတံ ပေါ်အောင် ဆွဲပေးရတယ်၊ နှာခေါင်း ထိပ်လေး ညှစ်ဆွဲပေးရတယ် နဲ့ မေမေတို့ အလုပ်ကို ရှုပ်နေပါရောလား။ ဘေဘီလေး ကို ချောစေ၊ လှစေချင်တာကိုး… တကယ်ရော ထိရောက်ရဲ့လား နိုးပါ။ ကလေး ရဲ့ နှာခေါင်းပုံစံက သူ့ရဲ့ မျိုးဗီဇ အရ သတ်မှတ်ထားပြီးသားပါ။ နှာခေါင်းလေးကို ညှစ်တာ၊ ဆွဲတာ၊ နှိပ်နယ်တာတွေ နဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး။ နှာခေါင်း ကို ညှစ်ဆွဲကာမှ ကလေးမှာ နာကျင်စေတာပဲ အဖတ်တင်မှာပါနော်။ ဘေဘီလေး ရဲ့ နှာခေါင်းဟာ အမေ့ဝမ်းထဲ ပထမဆုံး စတင်ဖြစ်တည်တဲ့ အစိတ်အပိုင်းတွေထဲ ပါဝင်သလို ကိုယ်ဝန် ၇ ပတ် […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေ

ကလေးက ဝဝကစ်ကစ်လေး ချစ်ဖို့ ကောင်းလိုက်တာလို့ ပြောတတ် ကြပါတယ်။ ချစ်ဖို့ထက် စိုးရိမ်စရာ ကောင်းတယ်လို့ပဲ ပြောပါရစေ။ ဘယ်အရွယ်မှာမဆို ဝခြင်း ပိန်ခြင်းသည် မကောင်းပါဘူး။ သူ့အရွယ်နဲ့သူ ထိုက်သင့်တဲ့ ကိုယ်အလေးချိန်ရှိမှသာ ကလေးက ကျန်းကျန်းမာမာနဲ့ ရောဂါကင်းကင်း နေနိုင်မှာပါ။ ကလေးအရွယ်တည်းက ဝနေရင် နောက်ပိုင်း ကြီးလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ရှိလာမှာပါ။ ဒါကြောင့် ကလေးကို အဝလွန် စေတဲ့ အကြောင်းတွေက ဘာတွေလဲ။ နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ။ အဝမလွန်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မေမေတွေ သိထားသင့်ပါတယ်။ ကလေးကို အဝလွန် နေမှန်း ဘယ်လိုသိနိုင်လဲ။ ဝတဲ့ကလေးတိုင်းက အဝလွန်နေတာ မဟုတ်ပါဘူး။ တချို့ကလေးတွေက ဒီတိုင်းကို လူကောင်ထွားနေတာ ရှိပါတယ်။ နောက်ပြီး ကလေးတွေရဲ့ ကိုယ်မှာ အဆီစုတာကလည်း […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးငယ်တွေကို ဖုန်း ပေးသုံးသင့်လား။

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ လူတိုင်းနီးပါး ဖုန်း တွေကို အသုံးပြုလာကြပါတယ်။ ဖုန်းတွေ၊ ကွန်ပြူတာစတဲ့ လျှပ်စစ်ပစ္စည်းတွေ၊ အင်တာနက် နဲ့ နည်းပညာတိုးတက်လာမှုတွေကြောင့် ဆက်သွယ်ရလွယ်ကူလာတယ်၊ သိချင်တဲ့အရာတွေကို အလွယ်တကူရှာဖွေ လေ့လာနိုင်တယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ဖြစ်လာပေမယ့် လူတွေက ဖုန်းသုံးတာကို စွဲလမ်းလာကြတဲ့အခါ၊ ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ အသုံးမပြုကြတဲ့အခါ တဖြည်းဖြည်း ဘေးအန္တရာယ်တွေ ဖြစ်လာပါတယ်။ နောက်ပိုင်းမှာ တချို့မိဘတွေက ကလေးငယ်လေးတွေနဲ့ ကစားပေး၊ သင်ပေး တာတွေထက် ကလေးကို ဖုန်းတွေနဲ့ အချိန်ကုန်စေလာတာကို တွေ့လာရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကလေးငယ်တွေ ဖုန်းအသုံးပြုတဲ့အခါ ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေနဲ့ သုံးသင့်၊ မသုံးသင့်ဆိုတာလေးကို မျှဝေပေးသွားမှာပါ။ ဖုန်း သုံးခြင်းရဲ့ ဆိုးကျိုးများ။ ၁။ အဝလွန်ခြင်း။ လှုပ်ရှားမှုတွေ နည်းလာပြီး အဆီတွေစုလာခြင်း၊ အဝလွန်ခြင်းအပြင် နောက်ဆက်တွဲတွေ ဖြစ်တဲ့ နှလုံး၊ […]


လိင်မှုဘဝသာယာပျော်ရွှင်ရေး လမ်းညွှန်ချက်များ

Sex education ကို ဘာကြောင့် သင်ပေးရတာလဲ။

Sex education တွေ သင်တော့မယ်ဆိုတဲ့ အသံကြားတော့ တချို့တွေက ဒါကို လိင်ဆက်ဆံနည်း သင်ပေးတယ်လို့ ထင်ကြတယ်။ နာမည်ကလည်း လိင်ပညာပေး ဆိုတော့လေ။ တကယ်တော့ လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ပါဘူး။ လိင်မှုဘဝရဲ့ ဆောင်ရန်၊ ရှောင်ရန်တွေကစလို့ ကိုယ့်ပါတနာကို လေးစားဖို့အထိ လူမှုဆက်ဆံရေးတွေကိုပါ သင်ပေးတာပါ။ ဒါကြောင့် နောက်ပိုင်းမှာ Comprehensive sex education ပြီးပြည့်စုံသော လိင်ပညာပေးခြင်း (CSE) လို့ ပြောင်းခေါ်လာကြပါပြီ။ ဒီဆောင်းပါးမှာ SE က ဘာကြောင့်လိုအပ်တာလဲ။ ဘာတွေကို သင်ပေးတာလဲဆိုတာ ဆွေးနွေးပေးမှာပါ။ Sex education ဆိုတာ ဘာလဲ။ Sex education ဆိုတာ လူငယ်တွေ အရွယ်ရောက်လာလို့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းတွေမှာ ဘာလို့ sex education သင်ပေးသင့်တာလဲ။

သိပ်မကြာခင်က ဆယ်တန်းမှာ လိင်ပညာပေး (sex education)နဲ့ ပတ်သတ်လို့ သင်ရမယ့် သင်ရိုးညွှန်းတမ်း ထွက်လာပါတယ်။ ထုံးစံအတိုင်း လူ၃ယောက်ရှိရင် ၂ဖွဲ့ကွဲတာဆိုတော့ သင်သင့်တယ်။ မသင်သင့်ဘူး စသဖြင့် အသံတွေ ပြန်ကြားရတာပေါ့။ ကိုယ်တွေနိုင်ငံမှာပဲ ဒီလိင်ပညာပေးကို သင်တာ မဟုတ်ပါဘူး။ တခြားနိုင်ငံတွေမှာလည်း သင်ပါတယ်။ ဒီမှာတော့ စစချင်းဆိုတော့ ပြောရတာ ခက်ခဲတာ၊ ကျောင်းသားက ကိုယ့်ကို မလေးစားမှာ စိုးတာ စသဖြင့် အခက်အခဲလေးတွေတော့ ရှိမှာပေါ့။ သူများဆီမှာလည်း ရှိပါတယ်။ ဒီလိုပဲ နည်းလမ်းရှာပြီး သင်ရတာပေါ့။ အရင်ဆုံး စိတ်ထဲမှာ ပြတ်ပြတ်သားသား သိထားသင့်တာက လိင်ပညာပေးဆိုတာ လိင်ဆက်ဆံနည်းကို သင်ပေးတာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကို အရင်ဆုံး စိတ်ထဲမှာ ရှင်းထားပါ။ သူတို့အခေါ်ကတော့ comprehensive sex education ပြီးပြည့်စုံတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အမြွှာလေးတွေ မွေးခဲ့ရင် ဘယ်လိုပြုစု စောင့်ရှောက်ကြမလဲ။

အမြွှာဆိုတော့ ပိုဆိုးပြီပေါ့။ သေသေချာချာ မစီစဉ်ထားဘူးဆိုရင် သူတို့နှစ်ယောက်ကို ပျိုးထောင်ရ၊ ထိန်းရတာနဲ့ တစ်အိမ်လုံး ကမ္ဘာပျက်သွားနိုင်ပြီး ကလေးတွေလည်း ကောင်းကောင်းမွန်မွန် ကြီးပြင်းလာဖို့ ခက်ခဲပါလိမ့်မယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ အမြွှာလေး တွေ မွေးထားတဲ့သူတွေအတွက် အကူညီပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးသွားချင်ပါတယ်။ ၁။ လုပ်ရမှာတွေ၊ လုပ်သင့်တာတွေကို ချရေးထားပါ။ အမြွှာမွေးထားတဲ့ မိခင်တွေဟာ ပုံမှန် မိခင်တွေထက် အလုပ်ပိုများ၊ ပိုပင်ပန်းတဲ့ အတွက် ကလေးတွေအတွက် အိပ်ချိန်၊ စားချိန် နဲ့ ဘယ်အချိန်လောက်မှာ ဘာလုပ်မယ် ဆိုတာကို အချိန်ဇယားကြိုဆွဲထားပြီး ဘာတွေ ကြိုတင်ပြင်ဆင်ထားမယ် ဆိုတာကို လည်း ချရေးမှတ်ထားသင့်ပါတယ်။ တခြား အမြွှာမွေးဖူးတဲ့ အသိတွေရှိရင် အကြံဉာဏ်တောင်းကြိုတောင်းပြီး ကိုယ်ဝန်ဆောင်ချိန်ကတည်းက လေ့လာထားသင့်ပါတယ်။ ကြိုတင်ပြင်ဆင် အောင်ပွဲဝင်ဆိုတဲ့ အတိုင်း ကြိုတင်ပြင်ဆင်မှုရှိထားတာက တစ်နေ့တာအတွက် အကောင်းဆုံးလုပ်ဆောင်နိုင်အောင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေရဲ့ အစာခြေစနစ် ကျန်းမာဖို့ lcFOS ကဘာတွေလုပ်ပေးနိုင်လဲ

အစာခြေစနစ်ဟာ ကလေးတွေမှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုပါ။ မေမေ့ဗိုက်ထဲမှာတုန်းကတော့ မေမေစားသမျှက ကလေးဆီတန်းရောက်တာမို့လို့ ပြဿနာ မရှိဘူးဆိုပေမယ့် မွေးလာတဲ့ အခါမှာတော့ ကိုယ့်အားကိုယ်ကိုးပြီး အစာခြေရတော့မယ်လေ။ ကလေးတစ်ယောက်မှာ အစာခြေစနစ် မကျန်းမာဘူးဆိုရင် နောက်ဆက်တွဲအနေနဲ့ အာဟာရမပြည့်ဝတာလိုမျိုးကနေ ဦးနှောက်ကောင်းမွန်စွာမဖွံ့ဖြိုးတာတွေအထိ ရှိနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့အစာခြေစနစ်တစ်ခုဖြစ်နေအောင် မိဘတွေအနေနဲ့ ဘယ်လိုကူညီပေးလို့ရနိုင်လဲဆိုတာကို ဒီဆောင်းပါးလေးမှာ ပြောပြပေးသွားမှာပါ။ အစာခြေစနစ်လေး ကျန်းမာအောင် ဘာလုပ်ကြမလဲ။ အရင်တုန်းကတော့ အစာသန့်၊ ရေသန့်၊ လက်သန့်တဲ့။ ဒါတွေသန့်နေရင် ကလေးရဲ့ အစာခြေစနစ်မှာ ရောဂါမဖြစ်နိုင်ပါဘူးတဲ့။ ဒါလည်း မှန်ပါတယ်။ ပြီးတော့ ကလေးကို မိခင်နို့ပဲ တိုက်ရမယ်။ ဖြည့်စွက်စာ ကျွေးတဲ့အရွယ်ရောက်ရင် အာဟာရစုံလင်အောင် ကျွေးရမယ်တဲ့။ ဒါပေမယ့် ဘယ်လောက်ပဲ အပေါ်က ကျွေးကျွေး၊ အောက်က အစာခြေစနစ်က ကောင်းကောင်း မစုပ်ယူနိုင်ဘူးဆိုရင် အလဟဿပါပဲ။ ခုနောက်ပိုင်းကျတော့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

အလုပ်တွေလည်း မပျက်ဘဲ သားသမီးလေးတွေကို ဂရုစိုက်နိုင်စေဖို့

မေမေဆိုတဲ့ ဂုဏ်ပုဒ်လေးနောက်မှာ ကြီးမားလေးလံတဲ့ တာဝန်တွေနဲ့ ဝတ္တရားတွေက ရှိစမြဲပါ။ အရင်ကဆို သတ်မှတ်ထားတာက မေမေဆိုတာက ကလေးကို မွေးဖွား ပျိုးထောင် သွန်သင်ဆုံးမ ကျွေးမွေးစောင့်ရှောက်ပြုစုရမယ်ပေါ့။ အခုကတော့ ပြောင်းလဲလာတဲ့ ခေတ်ကာလအရ မိခင်တွေဟာ အိမ်ထောင့်တာဝန်  သားသမီးတာဝန်အပြင် ဝင်ငွေရှာတာကိုပါ လုပ်ဆောင်လာကြပါတယ်။ လုပ်ငန်းခွင်ဆိုတဲ့ တာဝန်မရှိစဉ်ကတောင် တစ်နေ့လုံးနီးပါး အနားမရတဲ့ မေမေတိုရဲ့ တာဝန်ကခုလို ခေတ်ကာလမှာဆို ပိုများလာနိုင်ပါတယ်။ အလုပ်သွားရ အိမ်ရောက် ချက်ပြုတ် သားသမီးကို ဂရုစိုက်ဆိုတော့ မေမေတွေ အလုပ်များမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ အလုပ်များတယ်ဆိုပေမယ့် ဝမ်းနဲ့လွယ်ပြီး မွေးထားတဲ့ သားသမီးတွေကို ဂရုမစိုက်လို့ကလည်း မဖြစ်ပြန်ပါဘူး။ မေမေတွေရဲ့ ဂရုစိုက်မှုက သားသမီးတွေအတွက် အင်အားပါ ကလေးတစ်ယောက်ဟာ ဘယ်အရွယ်ရောက်ရောက် မိခင်ရဲ့ ချစ်ခင်ထွေးပွေ့မှု ဂရုစိုက်မှုကို လိုအပ်ပါတယ်။ ငယ်သေးတဲ့ ကာလမှာဆို ကောင်းမွန်စွာ […]


ကလေးငယ်ပထမနှစ်

ကလေးများ ဖွံ့ဖြိုးမှု နောက်ကျလျှင်

ကလေးဆိုတာ သူ့အချိန်နဲ့သူ မှောက်ချိန်တန်မှောက်၊ ထိုင်ချိန်တန်ထိုင် တဖြည်းဖြည်း ကြီးထွားလာရမှာပါ။ မေမေတို့အနေနဲ့လည်း ကိုယ့်ကလေးက ဖွံ့ဖြိုးမှု နောက်ကျမှာ သိပ်ကြောက်ကြပါတယ်။ အတူတူမွေးတဲ့ ဟိုဘက်အိမ်က ကလေးက ထိုင်နေပြီ။ ဒီကောင်လေးက ခုထိ ဇက်မခိုင်သေးဘူး။ အကြီးကောင်တုန်းက ဒီချိန်ဆို စကားစပြောနေပြီ ဒီကောင်လေးကျ နောက်ကျလိုက်တာ စသဖြင့် တခြား ကလေးနဲ့နှိုင်းပြီး ကိုယ့်ကလေးကို ဖွံ့ဖြိုးမှုနောက်ကျတယ်လို့ ထင်တတ်ပါတယ်။ တကယ်နောက်ကျတာလည်း ဖြစ်နိုင်သလို မေမေတို့ စိုးရိမ်နေတာလဲည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ ဘယ်အရွယ်မှာ ဘယ်လို ဖွံ့ဖြိုးတယ်၊ ဘယ်အရွယ်ရောက်တာတောင် ဘာမလုပ်တတ်ဘူးဆိုရင် ဆရာဝန်နဲ့ ပြရမယ်ဆိုတာ သိထားရင် ပိုကောင်းတာပေါ့။ ကလေးများရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့် မွေးစကနေ ၄လ ခေါင်းခိုင်ရပါမယ်။ မျက်လုံးက အမေ့မျက်နှာ ဒါမှမဟုတ် ပတ်ဝန်းကျင်က ပစ္စည်းတွေကို လိုက်ကြည့်တတ်ရပါမယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း