ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကို စာကြည့်စားပွဲမှာ တစ်ချိန်လုံးထိုင်ကာ စာကြည့်ခိုင်းတော့မှာလား။ အန္တရာယ်များလှပါတယ်နော်

ကျောင်းက စာသင်ခန်းတွေမှာ ဆရာ ဆရာမတွေက ကလေးတွေကို ငြိမ်ငြိမ်လေး ထိုင်ခိုင်းထားပြီး စာသင်ပြနေကြတာဟာ သာမန်လုပ်ရိုးလုပ်စဉ် တစ်ခုပါ။ ကျောင်းသားတစ်ယောက်ဟာ ထိုင်ခုံမှာ ငြိမ်ငြိမ် လေးထိုင်ပြီး စာကြည့်နေခြင်းဖြင့် သေသေချာချာ အာရုံစူးစိုက်နိုင်လိမ့်မယ်လို့ ထင်နေကြပါတယ်။ အရွယ် ရောက်ပြီးသူ ကျောင်းသား ကျောင်းသူတွေ (ဥပမာ၊ တက္ကသိုလ် ကျောင်းသားတွေ)ကတော့ စာလေ့လာရာမှာ အချိန်အကြာကြီးနဲ့ တစ်ဆက်တည်း မလေ့လာကြတော့ပါဘူး။ ခဏအနားယူတာမျိုး၊ မတ်တပ်ရပ် စာကျက်တာမျိုး စတာတွေလုပ်တတ်ကြပါတယ်။ ဒါပေမဲ့လည်း မူလတန်းနဲ့ အလယ်တန်း ကလေးတွေအနေနဲ့ကျတော့ လူကြီးတွေ၊ ဆရာဆရာမတွေရဲ့ ထားရာနေ၊ စေရာသွားပါတယ်။ စာလေ့လာရာမှာ သူတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့် နည်းလမ်းတွေကို မရှာဖွေတတ်ကြသေးပါဘူး။ အောက်ဖော်ပြပါ အချက်တွေက တစ်နေကုန်ထိုင်ပြီး စာသင်နေရာက ရလာနိုင်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေပါပဲ။ (၁)     အချိန်တော်တော်ကြာ ထိုင်လျက် စာကျက်နေမယ်ဆိုရင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

အိမ်မှာသင်ကြား လိင်ပညာအသိတရားများ

ကလေးတွေကို လိင်အသိပညာပေးခြင်းဟာ ဘာကြောင့် အရေးကြီးတာလဲ။ အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံ ကွဲပြားမှုတွေကို နားလည်စေရန်။ ကျား/မ လိင် အရ တူညီချက်တွေနဲ့ကွဲပြားခြားနားချက်တွေကို သိရှိစေရန်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မိမိရဲ့လိင်အရ တာဝန်ယူတတ်မှုရှိလာစေရန်။ လိင် အသိပညာကို သင်ကြားရခြင်းကြောင့် လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့သူ တစ်ယောက်အဖြစ် ကြီးပြင်းလာစေရန် ရည်ရွယ်ပါတယ်။ ဘယ်အချိန်မှာ လိင်ပညာပေးခြင်းကို ပြုလုပ်သင့်သလဲ။ ဘယ်သူတွေက ပေးသင့်သလဲ။ ယနေ့ခေတ်မှာ နည်းပညာတွေ တစ်ဟုန်ထိုး တိုးတက်လာတာနဲ့အမျှ လိင်ကိစ္စအပေါ် ကလေးတွေရဲ့ စိတ်ဝင်စားမှု မြင့်လာကြပါတယ်။ လိင်အကြောင်းကို ပိုမိုသိချင်လာကြပါတယ်။ လူမှုကွန်ယက် စာမျက်နှာတွေကနေ အလွယ်တကူ ရှာဖွေလာကြပါတယ်။ ဒီလိုအချိန်မှာ မိဘတွေဘက်က ခြေတစ်လှမ်းဦးထားဖို့ လိုအပ်ပါလိမ့်မယ်။ လိင်အသိပညာကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသိပညာပေးထားသင့်ပါတယ်။ ကလေးတွေကို လိင်ပညာ ပေးခြင်းအတွက် ပဏာမတာဝန်ရှိသူဟာ မိဘတွေပါပဲ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့အတွက် အသင့်တော်ဆုံး လေ့ကျင့်ခန်းလေးများ

ကလေးတွေကို လေ့ကျင့်ခန်း လုပ်စေတာက ပျော်ရွှင်မှုကိုတင် ဖြစ်စေတာမဟုတ်ဘဲ ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာမှုကိုပါ ဖြစ်စေတာပါ။ ငယ်စဉ်ကစလို့ လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်လေးတွေကို လုပ်ပေးတာက ကလေးတစ်ယောက်ကို မိဘတွေအနေနဲ့ လုပ်ပေးသင့်တဲ့ အလေ့အကျင့်လေး တစ်ခုပါ။ လေ့ကျင့်ခန်း လုပ်ပေးတာက ကလေးတွေအတွက် ဘယ်လို အထောက်အကူ ပြုပေးနိုင်မလဲ......... ကလေးကို ငယ်စဉ်ကတည်းက လေ့ကျင့်ခန်း လုပ်တတ်တဲ့ အလေ့အထလေး မွေးမြူပေးမယ်ဆိုရင် ကလေးကို နှလုံး ကျန်းမာမယ် သွေးကြောတွေ သွေးစီးဆင်းမှု ကောင်းမယ် အဆုတ်တွေ ကျန်းမာစေမယ် သွေးတွင်းသကြားဓာတ် ကျဆင်းစေမယ် ကိုယ်အလေးချိန် ထိန်းညှိပေးနိုင်မယ် အရိုးတွေ သန်မာစေမယ် ဦးနှောက် ကောင်းစွာဖွံဖြိုးမယ် ကင်ဆာ ကာကွယ်ပေးနိုင်မယ် စိတ်ခံစားမှု ကောင်းမယ် ပေါင်းသင်းဆက်ဆံရေး ကောင်းမယ် သွေးတိုးရောဂါ ကင်းစေမယ် ခန္ဓာကိုယ် အင်အားပြည့်ဝမယ် ကိုယ်ခံအား ကောင်းစေမယ် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းသင်ခန်းစာတွေမှာ လိင်အသိပညာကို ထည့်သွင်းသင်ကြားသင့်နေပြီလား

ကျောင်းသင်ခန်းစာတွေမှာ လိင်အသိပညာကို ထည့်သွင်းသင်ကြားသင့်နေပြီလား စာသင်ကျောင်းတွေမှာ သင်ကြားတဲ့ ကျောင်းသင်ခန်းစာတွေမှာ လိင်ပညာပေး သင်ခန်းစာတွေကို ထည့်သွင်းသင်ကြားဖို့ ဘာကြောင့် အရေးကြီး သလဲဆိုတာ ပြောပြပေးပါမယ်။ (၁)      အသက်အရွယ်မပြည့်သေးသူ အမျိုးသမီးငယ်လေးတွေမှာ ကိုယ်ဝန်ရှိလာပြီး ကျောင်းထွက် ရတဲ့ကိစ္စတွေ အဖြစ်များလာပါတယ်။ အသက်မပြည့်သေးတဲ့အတွက် စဉ်းစားဉာဏ် လုံလောက်စွာ မဖွံ့ဖြိုးသေးတဲ့အတွက်ကြောင့်ပါ။ ဒါ့အပြင် အရွယ်မတိုင်ခင် လိင်မှုကိစ္စပြုလုပ်ခြင်းကြောင့် ဘယ်လို အကျိုးဆက်တွေဖြစ်လာနိုင်သလဲ ဆိုတာ သူတို့ နားမလည်သေးလို့ပါ။ ကိုယ်ဝန်ရှိပြီး ကျောင်းထွက် ရမယ်ဆိုတာကိုလည်း ကြိုတင်မျှော်မှန်းထားပုံမရပါဘူး။ ဒီပြဿနာတွေ လျစ်လျူမရှုထားသင့်ပါဘူး။ ဒါတွေကို လိင်အသိပညာပေးလိုက်ခြင်းနဲ့ ကျော်လွှားနိုင်ပါတယ်။ (၂)      အသက်မပြည့်သေးတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဟာ ကောင်းမွန်စွာ မဖွံ့ဖြိုးသေးပါဘူး။ ကိုယ်ဝန်ဆောင်ဖို့လည်း အဆင်သင့် မဖြစ်သေးပါဘူး။ ဒါကြောင့် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်တွေမှာ ကိုယ်ဝန်နဲ့ ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ အဖြစ်များလှပါတယ်။ (၃)      သင့်ကလေးဟာ အကျင့်ပျက်စရိုက်တွေ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ချောကလက် စကျွေးမလဲ။

ဘေဘီလေးတွေအတွက် အသက် ၆လ အထိ မေမေ့နို့စို့တယ်။ ၆ လပြည့်ရင် မေမေ့နို့အပြင် ဘေဘီလေးက အစား စစားပြီ။ အစာစစားတယ် ဆိုပေမယ့် အစားအစားတိုင်းကို မဟုတ်ပါဘူး။ ထမင်း ခပ်ပျော့ပျော့၊ နူးအိအောင် ပြုတ်ထားတဲ့ အသား၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီစိမ်းတို့ကို နူးအောင်ပြုတ် ကြိတ်ခြေလို့ ကျွေးရတာပါ။ ကလေးကို ၆ လ မပြည့်ခင်မှာ အစာမာ မကျွေးသင့်သလို ရေလည်း မတိုက်သင့်သေးပါဘူး။ ကလေးကို အရွယ်မတိုင်ခင်မှာ အစာမာ ကျွေးတာက မလိုလားအပ်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်လို့ပါ။ ကလေးကို ၆ လမှာ အစာမာ စကျွေးလို့ရပြီ ဆိုပေမယ့် အစားတိုင်းတော့ မဟုတ်ဘူးပေါ့။ ဒီတော့ ကလေးကို လူတိုင်းကြိုက်တဲ့ ချောကလက်ကို ဘယ်အချိန်ဆို စကျွေးလို့ ရမလဲဆိုတာကိုရော သိထားပြီးပြီလား […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးများ နို့အန် တဲ့အခါ

ကလေးတွေ ခုပဲ နို့တိုက်တယ် ခုပဲ ပြန်အန်ထွက်တာမျိုး ကြုံဖူးပါသလား။ ဒါကို Possetingလို့ ခေါ်ပါတယ်။ မသိတဲ့မေမေတွေဆို ကလေးက နို့တွေပြန်အန်တယ်၊ ဗိုက်များမကောင်းဘူးလား မသိဘူးဆိုပြီး စိုးရိမ်တတ်ပါတယ်။ နို့အန် တယ်လို့ ပြောပေမယ့် တကယ်တော့ အန်တာ မဟုတ်ပါဘူး။ အန်တာနဲ့ ဘာကွာသလဲ။ တကယ်ပဲ စိုးရိမ်စရာ မရှိဘူးလားဆိုတာ ကြည့်ကြည့်ရအောင်။ နို့အန် တာ (Posseting)နဲ့ အန်တာ (Vomiting) ဘာကွာသလဲ။ Possetingက အန်တာနဲ့ မတူဘဲ တစ်ခုခုကို စားပြီး ထွေးထုတ်လိုက်တာနဲ့ တူပါတယ်။ ကလေးက သက်သောင့်သက်သာပါပဲ။ ငိုလည်း မငိုပါဘူး။ နို့တိုက်ပြီးတာနဲ့ တန်းဖြစ်ပါတယ်။  Vomitingက ကျတော့ အစာအိမ်ကြွက်သားတွေက အစာအိမ်ထဲက အစာတွေကို အပြင်ကို ညှစ်ထုတ်လိုက်တာ ဖြစ်တဲ့အတွက် အားပါပါတယ်။ နို့တိုက်ပြီးပြီးချင်း မဖြစ်ပါဘူး။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ သင့်ကလေးအတွက် မိဘတစ်ယောက်အနေနဲ့ ဘာလုပ်ပေးနိုင်မလဲ

အနိုင်ကျင့်ခံရခြင်းနဲ့ ပြစ်တင်ဝေဖန်ခံရခြင်းတွေဟာ ကျောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထတွေပါ။ သင့်ကလေးကို အခြားကလေးတစ်ယောက်က အနိုင်ကျင့်နေပြီဆိုရင်တော့ မိဘတစ်ယောက် အနေနဲ့ (သို့မဟုတ်)  အုပ်ထိန်းသူတစ်ယောက်အနေနဲ့ လျစ်လျူရှုမထားသင့်ပါဘူး။ တာဝန်အပြည့်အဝရှိပါတယ်။ အနိုင်ကျင့်ခံနေရတဲ့ ကလေးတစ်ယောက်ကို ဘယ်လိုမျိုးနည်းလမ်းကျကျ ကာကွယ်ပေးနိုင်မလဲ ဆိုတာ ပြောပြချင်ပါတယ်။ အနိုင်ကျင့်ခံရတဲ့အခိုက်အတန့်မှာ သင့်ကလေးဟာ ဘယ်လိုပြုမူသင့်သလဲဆိုတာကို သင်ပြောပြ အကြံပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ရာမှာလည်း သင့်အနေနဲ့ မှန်ကန်တဲ့နည်းလမ်းတွေ အသုံးပြုဖို့လိုအပ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းတွေသုံးနိုင်မှာသာ သင့်ကလေးခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာ စိတ်ဖိစီးမှုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ယနေ့ခေတ်မှာ အနိုင်ကျင့်ခံခြင်းနဲ့ အနှောင့်အယှက် ပေးခြင်းကို ကာကွယ်တားဆီးပေးတဲ့ ဥပဒေတွေလည်းရှိနေပါပြီ။ သင်ကိုယ်တိုင်မှန်မှန်ကန်ကန် အသုံးချ နိုင်ဖို့ပဲလိုအပ်တာပါ။ (၁)   အနိုင်ကျင့်ခံရခြင်းကို ရှောင်ရှားနိုင်အောင် သင့်ကလေးကို ကူညီပေးပါ။ အနိုင်ကျင့်ခံရတာကို ဘယ်လိုရပ်တန့်နိုင်မလဲဆိုတာ သင့်ကလေးကို အသိပညာပေးပါ။ အနိုင်ကျင့်ခံရသူတွေကို ကြောက်ရွံ့ပြီး မျက်လုံးလွှဲတာမျိုးကို […]


မိခင်နို့တိုက်ကျွေးခြင်း

နို့ချိုတိုက်ကျွေးခြင်း ရပ်တန့်ထားရာမှ ပြန်လည်တိုက်ကျွေးခြင်း

နို့တိုက်မိခင်တစ်ယောက်ဟာ အခြေအနေတစ်ခုခုကြောင့် ရက်ပေါင်းများစွာ၊ ရက်သတ္တပတ်၊ လနဲ့နှစ်တွေ အတော်ကြာ မိမိရဲ့ရင်သွေးကို နို့ချိုတိုက်ကျွေးခြင်းကို ရပ်တန့်ထားလိုက်ပါတယ်။ ဒီလို ရပ်ထားရာကနေ နို့ပြန်တိုက်ခြင်းကို ဆိုလိုတာပါ။ ဘာကြောင့် ဒီလိုလုပ်ရသလဲ။ အောက်ပါအချက်တွေကြောင့်ပါ။ မိခင်ဖျားနာနေခြင်း မိမိကလေးနဲ့ ဝေးကွာနေခြင်း နို့ဖြတ်လိုက်ပြီးမှ စိတ်ပြောင်းကာ ပြန်တိုက်ချင်လာခြင်း ကလေးတစ်ယောက်ကို မွေးစားလိုက်ပြီးတဲ့အချိန်မှာ နို့ထွက်အောင် ပြန်လည်ပြုလုပ်ပြီး နို့တိုက်ခြင်း (မိမိမှာ နို့စို့ကလေးရှိခဲ့ဖူးသူ) စတာတွေပဲ ဖြစ်ကြပါတယ်။ နို့ချိုပြန်လည်တိုက်ကျွေးခြင်းကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲ။ နို့မှုန့်/နို့ဘူးတွေက မပေးနိုင်တဲ့ အကျိုးကျေးဇူးများစွာကို မိခင်နို့ရည်က ပေးနိုင်ပါတယ်။ ကလေးဟာ မိခင်နို့ရည်ကို သောက်သုံးခြင်းကြောင့် ကိုယ်ခံအားစနစ် ကောင်းစွာ ဖွံ့ဖြိုးပြီး ရောဂါပိုး အလွယ်တကူ ဝင်ရောက်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ မိခင်နို့ရည်ကို အချိန်အတော်ကြာ ဖြတ်ထားရာမှ ပြန်လည်ကြိုးစား မတိုက်ကျွေးဘဲ နေရင်တော့ ဒီလိုအကျိုးကျေးဇူးတွေ ခံစားရမှာ မဟုတ်ပါဘူးနော်။ နို့ချိုပြန်လည်တိုက်ကျွေးနေစဉ်မှာ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများတွင် သံဓာတ် ချို့တဲ့ခြင်းကြောင့်သွေးအားနည်းရောဂါကိုကာကွယ်ကြမယ်။

သံဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဟာ မွေးကင်းစလေးတွေနဲ့ ကလေးငယ်တွေမှာ အဖြစ်များတဲ့ သွေးရောဂါတစ်မျိုးပါ။ သံဓာတ်ချို့တဲ့တာကြောင့် သွေးနီဥရဲ့ အဓိက အစိတ်အပိုင်းလေးတွေ ဖြစ်တဲ့ haemoglobin လေးတွေမတည်ဆောက်နိုင်တဲ့ အတွက် သွေးအားနည်းလာခြင်းဖြစ်ပါတယ်။ ရောဂါ ဖြစ်လာပြီဆိုရင် ရောဂါလက္ခဏာတွေ အနေနဲ့ ကလေးဟာ အသားအရေဖြူဖျော့နေမယ်။ မျက်ခမ်း အတွင်းသားတွေ ဖြူဖျော့နေမယ်။ ကြီးထွားမှုနှုန်း နှေးနေမယ်။မောပန်းလွယ်မယ်။ လက်သည်းခွံလေးတွေက ချိုင့်နေ၊ ပြားနေပြီး ကျိုးလွယ်မယ်။ အခြားရောဂါပိုးတွေ အဝင်လွယ်ပြီး မကြာခဏဖျားမယ် စတဲ့ ရောဂါလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ ဘေလုံးကြီးလာခြင်း၊ နှလုံးထိခိုက်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်း စတဲ့ အန္တရာယ်ရှိတဲ့ ဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီရောဂါကို ကာကွယ်ဖို့ အရမ်းအရေးကြီးပါတယ်။ သံဓာတ် ချို့တဲ့တာကိုဘယ်လိုကာကွယ်ကြမလဲ။ ၁။ လမစေ့၊ ပေါင်မပြည့်ကလေးများ (သို့) အမြွာကလေးများ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ.......

ကလေးက ကျန်းမာတယ်နော်။ ကလေးက ထွားလိုက်တာ၊ ကလေးက တော်တော် ဉာဏ်ကောင်းတာပဲ ဆိုတဲ့ ချီးကျူးပြောဆိုမှုတွေ ကြားရရင် အလိုလိုနေရင်း ပြုံးမိပြီး စိတ်ထဲမှာ ပီတိဖြစ်မိတာ မေမေတိုင်းဟုတ်။ ကိုယ်ပျိုးထောင်တဲ့ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန် ကြီးပြင်းလာတာက မေမေတစ်ယောက်ရဲ့ မိခင်ဘဝ အောင်မြင်မှုဆိုလည်း မမှားပါဘူး။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ မေမေတို့အနေနဲ့ ကလေးရဲ့ ကိုယ်ခံအား ကောင်းမွန်ဖို့ကို ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်ခံအား မကောင်းဘူးဆိုရင် ရောဂါပိုးတွေ ဝင်ရောက်ပြီး မကြာခဏဆိုသလို နာမကျန်းတွေဖြစ် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု နှေးကွေးတာတွေဆက်ဖြစ်လာနိုင်ပါတယ်။ ကလေးတစ်ယောက် ဘယ်လို ကြီးထွားဖွံ့ဖြိုးလာတာလဲ............ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ဆိုရင် ၂နှစ် အထက်ကာလမှာ  အာဟာရ ပြည့်ဝမှုကို သေချာလေး ဂရုစိုက်ရပါမယ်။ အဲဒီကာလအတွင်းမှာ ကလေးက ကိုယ်ခံအား တည်ဆောက်တယ် ပထမဆုံး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း