ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့

မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့ မြန်မာနိုင်ငံလို အီကွေတာရပ်ဝန်းနဲ့ နီးကပ်တဲ့နေရာမျိုးမှာတည်ရှိတဲ့ တိုင်းပြည်မျိုးမှာ မိုးရာသီဆိုတာ ကူးစက်နိုင်တဲ့ ရောဂါဘယပေါင်းစုံ ထကြွသောင်းကျန်းတတ်တဲ့ ရာသီမျိုးပါ။ ဒီလိုရာသီမျိုးမှာဆိုရင် တုပ်ကွေး၊ ရာသီတုပ်ကွေး၊ ငှက်ဖျား၊ တိုက်ဖွိုက်၊ သွေးလွန်တုပ်ကွေး၊ ကာလဝမ်းရောဂါ၊ အသည်းရောင်အသားဝါရောဂါနဲ့ အရေပြားရောဂါတွေဟာ ကလေးတွေကို ဒုက္ခပေးဖို့ ချောင်းမြောင်းနေတတ်ပါတယ်။ ခုကာလမှာဆိုရင် COVID-19 ကိုပါ ထည့်သွင်းပူပန်ရမှာပါ။ နုနယ်တဲ့ကလေးတွေဟာ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရတဲ့အခါ လူကြီးတွေထက် ပိုမိုထိခိုက်ခံစားရတတ်ပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။ ကလေးတွေကြောင့် လူကြီးမိဘတွေကိုယ်၌လည်း စိတ်ပင်ပန်းဆင်းရဲရပြန်တယ်မဟုတ်လား။ ဒီလိုပြဿနာတွေကို တားဆီးဖို့ဆိုရင် ကလေးတွေကို ပိုမိုဂရုစိုက်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ဂရုစိုက်ကြမှာလဲ။ မိုးရာသီရောဂါတွေကို ကိုယ့်ကလေးရဲ့ အဝေးမှာ ထားကြစို့ ကလေးတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ ရန်ကို လျှော့ချဖို့၊ ကာကွယ်တားဆီးဖို့ဆိုရင် အောက်ပါ နည်းလမ်းတွေကို လိုက်နာပြီး […]


ကလေးငယ်အာဟာရ

အလုပ်များတဲ့ မေမေတွေ ကလေးကို အစာကျွေးမွေးရာမှာ အထောက်အကူဖြစ်စေမယ့် အကြံပြုချက်များ

ဒီကနေ့ခေတ်မှာက လင်ရယ် မယားရယ် ဒိုးတူဘောင်ဘက် ရှာဖွေလုပ်ကိုင်စားသောက်ကြတဲ့ မိသားစုတွေများလာပါတယ်။ ဒီတော့ နေ့စဉ်လုပ် လုပ်ငန်းခွင်အလုပ်တွေ၊ အိမ်မှုကိစ္စတွေနဲ့ အလုပ်များနေတဲ့ မိန်းမသားတွေကလည်း တစ်နေ့တခြား ပိုပိုများပြားလာပါတယ်။ အိမ်ထောင့်ဝင်ငွေအတွက် မိမိတတ်သိထားတဲ့ ပညာနဲ့ တစ်ဖက်တစ်လမ်းက ဝင်ငွေရှာဖွေနေတဲ့ လေဒီတွေအတွက် နေ့စဉ်နဲ့အမျှ အားလပ်ချိန်ရယ်လို့ သိပ်တောင်မရှိလှပါဘူး။ တကယ်လို့ ကိုယ့်မှာ အိမ်ရဲ့ ဆည်းလည်း သားသားမီးမီးကလည်း ရှိနေမယ်ဆိုရင်တော့ အလုပ်မအားလပ်မှုတွေကြားကနေ ကလေးကို နေ့စဉ် ကျွေးဖို့မွေးဖို့၊ နို့ချိုတိုက်ကျွေးဖို့ ကိစ္စတွေကို စီမံရတာက မိခင်တွေရဲ့ ဝတ္တရားတစ်ခုဖြစ်လာပါတော့တယ်။ ကလေး အသက် ၆ လထိ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့သင့်ပါတယ်။ မိခင်နို့မှာ ပါဝင်တဲ့ အာဟာရတွေက ကလေးတွေ ကောင်းကောင်းကြီးထွားဖွံ့ဖြိုးနိုင်ဖို့နဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အထောက်အကူဖြစ်စေပါတယ်။ တကယ်လို့ ကိုယ့်ကလေးအသက် ၆ လ ပြည့်ပြီးပြီ ဆိုရင်တော့ ဖြည့်စွက်စာတွေ […]


ကလေးအရေပြားပြဿနာများ

ကိုယ့်ကလေး အမြဲအသားခြောက်လို့ စိတ်ညစ်နေရပြီလား

မိဘရယ်လို့ ဖြစ်လာပြီဆိုရင် ကိုယ့်ကလေးအတွက် အစစအရာရာ စိတ်ပူတတ်ကြတာ သဘာဝပါပဲ။ သေးသေးမွှားမွှားလေးဆိုရင်တောင် ကိုယ့်ကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုပြီး စိုးရိမ်မကင်း ဖြစ်ရတာ ကလေး မမွေးခင်ကနေ ကြီးသွားတဲ့အထိတိုင်အောင်ပါပဲ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာဆိုရင် ကလေးတွေ မကြာခဏ အဖြစ်များတာကတော့ အသားအရေခြောက်သွေ့တာပါပဲ။ ကျန်းမာရေးအရ ပြဿနာ ကြီးကြီးမားမား မရှိဘူးဆိုပေမယ့် သားသမီးအရေးဆို သေးသေးလေးကအစ စိုးရိမ်စရာဖြစ်နေတဲ့ မိဘတွေအတွက်တော့ ရင်အေးစရာ ကိစ္စတော့ မဟုတ်ဘူးပေါ့။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေမှာ အဖြစ်များတဲ့ အသားအရေခြောက်တာကို ဘယ်လို ဖြေရှင်းပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အဆင်ပြေလွေယ်ကူတဲ့ နည်းလမ်း ၅ချက်ကို ပြောပြပေးမှာ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒီနည်းလမ်းတွေကို သေချာလိုက်နာပေးမယ်ဆိုရင် ကိုယ့်ရဲ့ ကလေး ကျန်းကျန်းမာမာနဲ့ နွေရာသီရဲ့ အပူဒဏ်ကို အကောင်းဆုံး ကျော်ဖြတ်သွားနိုင်မှာပါ။ ၁။ ရေဓာတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ သွားကြိတ် ရင်

ကလေး တစ်ယောက် အိပ်နေပြီဆိုရင် အိပ်နေရင်း တစ်ချက်တစ်ချက် ထထယောင်တာကိုလည်း ကြားနိုင်တယ်။ တစ်ခါတစ်လေ အသက်ပြင်းပြင်းရှူတာမျိုးလည်း ရှိနိုင်တယ်။ တစ်ခါတစ်ခါ တကျွိကျွိနဲ့ သွားကြိတ် တာမျိုးလည်း ရှိနိုင်ပါတယ်။ သွားကြိတ်တာကို ဆေးပညာအရ bruxismလို့ ခေါ်ပါတယ်။ ကလေးကစလို့ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ကလေးမှာ ဖြစ်ရင်တော့ မိဘတွေအနေနဲ့ ပိုပြီး စိတ်ပူကြမှာပေါ့။ ကလေးတွေ ဘာလို့ သွားကြိတ်တာလဲ။ ဘာတွေ ထိခိုက်နိုင်သလဲ။ ဘယ်လိုကာကွယ်ပေးမလဲဆိုတာ ဆက်ကြည့်ကြရအောင်။ ကလေး ၁၀ယောက်မှာ ၂ယောက် ၃ယောက်လောက်က သွားကြိတ် တတ်ကြတာ သဘာဝပါ။ ဒါပေမယ့် ကောင်းတာတစ်ခုက အရွယ်ရောက်ရင် အလိုလို ပျောက်သွားကြတာပါပဲ။ ကလေးတွေက အိပ်နေတဲ့ အချိန် ဒါမှမဟုတ် စိတ်ဖိစီးတဲ့အချိန်ဆို သွားကြိတ်တတ်ကြပါတယ်။ ကလေးတွေ ဘာလို့ သွားကြိတ် တာလဲ။ သွားကြိတ် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေမှာ ဘာများ မှားယွင်းနေလဲ

ပိန်ပြီးညှက်လွန်းနေ တဲ့ကလေးတွေ မြင်ဖူးတယ် မဟုတ်လား။ မိဘဆိုတာ ကိုယ့်သားသမီးနဲ့ ပတ်သက်လာရင် အကောင်းဆုံးကိုပဲ ဖြည့်ဆည်းပေးချင်ကြတာပါပဲ။ တစ်ခါတစ်လေ ကိုယ့်ကလေး ကောင်းစေဖို့ဆိုပြီး လုပ်မိလိုက်တဲ့ အရာတွေကို မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်သွားတတ်တာမျိုးတွေလည်း ရှိပါတယ်။ မိဘတွေ အမှားမဟုတ်ဘဲ ကိုယ့်ကလေးက အစားရွေးလွန်းတာ၊ ကျန်းမာရေး ပြဿနာမျိုးတွေ ရှိနေတာ အစရှိသဖြင့် အကြောင်း အမျိုးမျိုးကြောင့်လည်း ပိန်နေတတ်ပါတယ်။ ခုဆောင်းပါးလေးမှာတော့ ပိန်ပြီး ညှက်နေတဲ့ ကလေးတွေ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊ မိဘတွေအနေနဲ့ ဘာတွေ ပြင်ဆင်ပေးနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဘာကြောင့် ကလေးတွေ ပိန်ပြီးညှက်လွန်းနေ တာလဲ။ ၁။ ပရိုတင်းဓာတ် ချို့တဲ့ခြင်း အဓိက အဖြစ်များရတဲ့ အကြောင်းရင်းကတော့ အာဟာရဓာတ် ချို့တဲ့ခြင်းဆိုတဲ့ Malnutrition ပြဿနာပါပဲ။ ဆင်းရဲတဲ့ တိုးတက်ဆဲ နိုင်ငံတွေ၊ ကျန်းမာရေးနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အစားရွေးတဲ့ ကလေးတွေအတွက် မိဘများ ဘယ်လိုပြင်ဆင်ကြမလဲ

အစားနဲ့ ပတ်သက်လာရင် ဟိုဟာမစား၊ ဒီဟာမစား အရမ်းကြေးများတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ မြင်တွေ့နေရမှာပါ။ တကယ်တမ်းတော့ ကလေးတွေအရွယ်မှာ အစားကြေးများတယ်ဆိုတာ ပုံမှန် တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဒါကို အကြောင်းပြပြီး မိဘတွေအနေနဲ့ လိုတာထက်ပိုတဲ့ အတင်းအကြပ် ဖိအားပေးပြီး စားခိုင်းတာမျိုး၊ သူတို့ စားချင်တာတွေကို လုံးဝ ပိတ်ပင်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။ ဘယ်အချိန်မှာ ကလေးတွေ အစားရွေးတတ်နေပြီလဲ။ အသက် ၂ နှစ်အထက် ကြီးလာတဲ့အခါ ကလေးတွေကို အမာစာတွေ နည်းနည်းချင်း စပြီး ကျွေးလာရပါတယ်။ အစပိုင်းမှာတော့ ကလေးတွေအတွက် စားရတာ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပေမယ့် ကျင့်သားရလာတဲ့အခါမှာ အဆင်ပြေသွားမှာပါ။ အဲဒီနောက်ပိုင်း အသက် ၄ နှစ်ဝန်းကျင်အရွယ်မှာ ကလေးတွေအနေနဲ့ ကိုယ်စားနေတဲ့ အစားအစာနဲ့ ပတ်သက်ပြီး အရသာ၊ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

လိင်ပညာပေး သင်ကြားရာမှာ ကြုံလာနိုင်တဲ့ အခက်အခဲများ

လိင်ပညာပေး ကို အရင်က ထဲထဲဝင်ဝင် မသင်ကြားဖူးဘူးလို့ ထင်ပါတယ်။ မီလိုက်သလောက် ပြောရရင် အတန်းထဲမှာ ဆယ်ကျော်သက်အရွယ် ခန္ဓာကိုယ် ပြောင်းလဲပုံအကြောင်း၊ မိန်းကလေးတွေ ဓမ္မတာ လာတဲ့ အကြောင်းလောက်ကိုပဲ သင်ပေးဖူးတာပါ။ ခုတော့ လိင်ပညာပေးကို သင်ရိုးညွှန်းတမ်းနဲ့ စနစ်တကျ စာသင်ချိန် တစ်ချိန် ပေးပြီး သင်ရတော့မှာပါ။ ရုတ်တရက်ဆိုတော့ ကျောင်းသားတွေအတွက်ရော၊ ဆရာတွေအတွက်ရော အခက်အခဲလေးတွေ ရှိနိုင်ပါတယ်။ ဘာအခက်အခဲတွေ ရှိမှာလဲဆိုတာ ဆက်ကြည့်ကြရအောင်။ အသေးစိတ်ဆွေးနွေးရခြင်း အရင်ကတော့ ကျောင်းတွေမှာ လက်မထပ်ဘဲ အတူမနေရဘူးလို့ ပြောရင် ကိစ္စပြတ်ပါတယ်။ မျက်နှာ ပူစရာလည်း မလိုသလို ထွေထွေထူးထူး ပြောစရာလည်း မရှိပါဘူး။ ဒါပေမယ့် ခုလိင်ပညာပေးမှာ အတူမနေရဘူးဆိုတာ အပြင် မတော်တဆ အတူနေမိရင် ရောဂါပိုး မကူးစက်အောင်၊ မလိုချင်တဲ့ ကိုယ်ဝန်မရအောင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

မိဘတွေ သိထားသင့်တဲ့ ကလေးတွေအတွက် ဗီဒီယိုဂိမ်း ပေးဆော့နည်း လမ်းညွှန်

ဒီကနေ့ခေတ်မှာ ဗီဒီယိုဂိမ်းတွေဟာ အသက်အရွယ်မရွေး လူအတော်များများနဲ့ မကင်းကွာတော့တဲ့ အရာတွေဖြစ်ပါတယ်။ လူအတော်များများဟာ Console၊ ကွန်ပျူတာ၊ မိုဘိုင်းဖုန်း၊ တက်ဘလက်စတဲ့ အီလက်ထရွန်နစ် ထုတ်ကုန်မျိုးစုံကနေ ဗီဒီယိုဂိမ်းဆော့ကစားနေကြပြီဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ ဗီဒီယိုဂိမ်းဆော့ကစားသူပေါင်း ၁.၂ ဘီလီယံတောင်ရှိပါတယ်။ ကမ္ဘာ့လူဦးရေက ၇.၆ ဘီလီယံသာရှိတာမို့ ကမ္ဘာ့လူဦးရေရဲ့ ၁၆% ဟာ ဂိမ်းဆော့ကစားကြတယ်ဆိုတဲ့ သဘောပါ။ ခုနောက်ပိုင်းကာလတွေမှာ လူငယ်အများစုဟာ ဂိမ်းကစားခြင်းကို နေ့စဉ်ပုံမှန်ပြုလုပ်နေကျ လုပ်ငန်းဆောင်တာတစ်ခုလို ပြုလုပ်နေကြပြီး အချို့လူငယ်တွေဟာဆိုရင် စွဲလမ်းတဲ့အဆင့်ကို ရောက်ရှိနေကြပါပြီ။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာတော့မဟုတ်ပါဘူး။ ဂိမ်းကို စွဲလမ်းလွန်းလာတဲ့အခါ ဘေးထွက်ဆိုးကျိုးတစ်ချို့ဖြစ်ပေါ်လာပါတယ်။ ဒါတွေကတော့ ဂိမ်းကစားသည့် အချိန် တဖြည်းဖြည်းများလာတာ ဂိမ်းအကြောင်းကိုသာ တွေးမိနေမိတာ လက်တွေ့ဘဝမှာ ရင်ဆိုင်နေရသည့် ပြဿနာတွေ၊ စိုးရိမ်စိတ်တွေ၊ စိတ်ဓာတ်ကျဆင်းတာတွေကနေ လွတ်မြောက်ဖို့ ဂိမ်းကစားတာ၊ ဂိမ်းကစားရဖို့ လိမ်ညာပြောဆိုလာတာ၊ ဂိမ်းမကစားရတဲ့အခါ နေမထိထိုင်မသာဖြစ်လာတာ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ

သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ လို့ ပြောရတာက လူတိုင်း ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ဖို့ လိုမယ်။ ဒါမှ ကျန်းမာမယ်။ ခန္ဓာကိုယ် သွက်လက်ပေါ့ပါးမယ်ဆိုတာ ပြောနေစရာတောင် မလိုအောင်ပါ။ ဒီလိုပါပဲ ဖွံ့ဖြိုးဖို့ စတင်နေတဲ့ ကလေးတွေမှာလည်း လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးတာက ရုပ်ပိုင်းဆိုင်ရာရော ဦးနှောက်နဲ့အာရုံကြော ဖွံ့ဖြိုးမှုကိုပါ အထောက်အပံ့ပေးပါတယ်။ သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ သားသားမီးမီးတို့ကို လေ့ကျင့်ခန်း လုပ်ခိုင်းပါ .... ကလေးကို အသက် ၂ နှစ်ကျော် ၃ နှစ်လောက်ကစပြီး လေ့ကျင့်ခန်းလုပ်ပေးတဲ့ အကျင့်လေးကို မွေးမြူပေးမယ်ဆိုရင် နှလုံး ကျန်းမာစေနိုင်တယ် နှလုံးက ကြွက်သားတွေနဲ့ ဖွဲ့စည်းထားတာပါ။ နှလုံး ကြွက်သားတွေဟာလည်း ခန္ဓာကိုယ်ရဲ့ အခြား ​ကြွက်သားတွေလိုပါပဲ နေ့စဉ် လေ့ကျင့်ခန်း လုပ်ဖို့ လိုပါမယ်။ နှလုံးက ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးလေလေ သန်မာပြီး […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ကလေးရဲ့ အစာခြေစနစ်က ဘယ်လောက်ထိ အရေးကြီးလဲ။

ကလေးတစ်ယောက်ကို ကျွေးမွေးပြုစုရတာ ထင်သလောက်မလွယ်ပါဘူး။ ကိုယ်ဝန်ရှိတုန်းကလဲ အစားအသောက်တွေကို ဆင်ခြင်ရသလို မွေးလာပြန်တော့လည်း ဒီကလေးကို ဘယ်လို ဂရုစိုက်ရမှာလဲ။ နည်းနည်းလေး အရွယ်ရောက်လာတော့လဲ သူတို့ကို ဘာကျွေးရမှာလဲ စသဖြင့် မေမေတို့မှာ အခက်အခဲတွေ ရင်ဆိုင်ရပါတယ်။ ဘေးစကားတွေကို ယုံပြီး ကျွေးလို့လဲ မဖြစ်ဘူးလေ။ မတော်တဆ ကိုယ့်ကလေး နေမကောင်းဖြစ်ရင် ကိုယ်ပဲ ဝမ်းနည်းရမှာလေ။ ကိုယ့်ကလေးရဲ့ အစာအိမ်ကလည်း နုနုနယ်နယ်လေးရယ်။ ဒီတော့ ကိုယ့်ကလေးရဲ့ အစာအိမ်လေး ကျန်းမာနေအောင်၊ ကိုယ့်ကလေးလည်း ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာအောင် ဘာတွေ လုပ်ရမလဲဆိုတာ ကြည့်ကြည့်ရအောင်။ အစာခြေတာထက် ပိုပါတယ်။ ဟုတ်ပါတယ်။ တကယ်တော့ အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အလုပ်က အစာခြေတာ တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ်ခံအားကို မြှင့်တင်ပေးတာ၊ ပြင်ပက ရောဂါကို ကာကွယ်ပေးတာ စတဲ့ အလုပ်တွေလည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း