ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

တန်ဖိုးရှိတာမို့ တန်ဖိုးထားရမယ့် လူငယ်ဘဝ

လူငယ်ဘဝအကြောင်း ပြောကြတဲ့အခါ ပြုံးချင်စရာ၊ ရွှင်ချင်စရာ၊ မျက်ရည်ဝဲချင်စရာ အတိတ်ရဲ့ အစိတ်အပိုင်းလေးတွေဟာ အတွေးပုံရိပ်တွေထဲမှာ တစ်လွှာခြင်း တစ်ချပ်ခြင်း ပေါ်လာလိမ့်မယ်။ “ငါတို့ ငယ်ငယ်တုန်းကဆိုရင်ကွာ” လို့ စကားချီပြီး တချို့က မျက်ရည်လေး စမ်းစမ်း၊ စမ်းစမ်းနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြလိမ့်မယ်။ ကျောင်းဝန်းထဲက ကုက္ကိုပင်ကြီးအောက်မှာ ဘောလုံးကန်ခဲ့တာကနေစလို့ ယုန်ရုပ်မီးပုံးလှည်းလေးတွန်းရင်း တန်ဆောင်တိုင်းပွဲဈေးထဲ ပတ်လျှောက်ခဲ့ကြတာအဆုံး ဘဝမှာ အမှတ်တရတွေ ဒုနဲ့ဒေးမဟုတ်လား။ အမှတ်တရတွေနဲ့အတူ ကိုယ်ဖြတ်သန်းခဲ့တဲ့လူငယ်ဘဝနဲ့ ပတ်သက်ပြီး တစ်ဦးချင်းစီအလိုက် မှတ်ယူထားတဲ့ သတ်မှတ်ထားတဲ့ တန်ဖိုးတွေရှိနေတတ်ကြတယ်။ ဖြတ်သန်းမှုအပေါ်မူတည်ပြီး တန်ဖိုးထားမှုခြင်း၊ စံနှုန်းခြင်း ကွာဟနိုင်တာမှန်ပေမယ့် အကြောင်းတိုက်ဆိုင်လာတိုင်း “ငါတို့တုန်းကတော့ ဒီလိုကွ” ဆိုပြီး ရှင်းပြတတ်ကြတာပါပဲ။ တချို့တွေကတော့ အမှတ်တရတွေနဲ့အတူ လူငယ်ဘဝ တန်ဖိုးတွေဟာ မှေးမှိန်ပျောက်ကွယ်သွားကြပြီလားလို့ တွေးထင်နေမိနိုင်ပါတယ်။ ဒီနေ့ခေတ်လူငယ်တွေရဲ့ တန်ဖိုးတွေဟာ အရင်မျိုးဆက်တွေနဲ့ ကွာဟမှုတွေ ရှိလာနေလို့ ထင်မြင်ယူဆချင်စရာဖြစ်လာနေတယ်မဟုတ်လား။ လူငယ်ဘဝဟာ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် အာဟာရချို့တဲ့မှုကို ဘယ်လို ဖြေရှင်းကြမလဲ

နို့တိုက်မိခင်တွေအနေနဲ့ အာဟာရကို စဉ်းစားတဲ့အခါမှာ နှစ်ယောက်စာ စဉ်းစားရပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်စားသမျှက မိခင်နို့ရည်ကနေတတဆင့် ကလေးဆီကို ရောက်သွားလို့ပါပဲ။ ဒါကြောင့် ဒီလိုအချိန်မှာ ကိုယ်စားချင်တာ၊ အရသာရှိတာတွေအပြင် ဘာလေး စားလိုက်ရင်တော့ နို့ပိုများများထွက်မှာ၊ ငါ့ကလေး ဘယ်လိုအားရှိမှာ၊ ဘာလေးစားလိုက်ရင်တော့ ကလေးက ခုခံအားတွေ တက်လာမှာ စသည်ဖြင့် စဉ်းစားပြီး စားပေးဖို့ပါ အရေးကြီးပါတယ်။ နောက်တစ်ခုက နို့တိုက်မေမေတို့ အစားရှောင်တဲ့အခါ ကလေးကို ထိခိုက်နိုင်ပါတယ်။ မေမေတို့က လူကြီးဆိုတော့ သိပ်မသိသာပေမယ့် ကလေးလေးတွေက ခုမှ ဖွံ့ဖြိုးခါစဆိုတော့ သူ့အတွက် အာဟာရချို့တဲ့လို့ မဖြစ်ပါဘူး။ ဒါကြောင့် နို့တိုက်မေမေတွေမှာ ဖြစ်တတ်တဲ့ အာဟာရချို့တဲ့မှုတွေက ဘာလဲ။ ဒီလို မချို့တဲ့အောင် ဘယ်လို ဖြေရှင်းကြမလဲဆိုတာ ပြောပြပေးပါမယ်။ နို့တိုက်မေမေတွေ ဘာလို့ အာဟာရချို့တဲ့တာလဲ။ နို့တိုက်မေမေတွေက မွေးပြီးခါစမှာ အားအင်ကုန်ပြီး ဟော်မုန်း […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သင့်ကလေး ခဏခဏ နားပြည်ယို နေရင် ဒါကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သင့်ကလေးဟာ ခဏခဏ နားပြည်ယို တတ်သူလား။ ကုလိုက် ပျောက်လိုက် ပြန်ဖြစ်လိုက်နဲ့ သံသရာလည်နေပါသလား။ ဒါဆို သင့်ကလေးကို ခဏထားပြီး ပတ်ဝန်းကျင်ကို တစ်ချက်သတိထားကြည့်ပါ။ သင့်ကလေးရဲ့ အနီးအနားမှာ ဆေးလိပ်သောက်တဲ့သူ ရှိနေပါသလား။ သင်ကိုယ်တိုင်ပဲ ဖြစ်ဖြစ်၊ သူ့အဖေ၊ အဘိုး၊ ဦးလေးပဲ ဖြစ်ဖြစ်ပေါ့။ ဒါဆိုရင် ကလေး နားပြည်ယိုရတာက သူတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတာ ဆက်ကြည့်ရအောင်။ ကလေးများနဲ့ ဆေးလိပ်ငွေ့ ဆေးလိပ်ငွေ့ကြောင့် ကလေးတွေမှာ နားပြည်ယိုတာ အပါအဝင် အဆုတ်ပျက်စီးတာ၊ အဆုတ်ပိုးဝင်တာ၊ ပန်းနာရင်ကျပ်ထတာ၊ ကလေးငယ်လေးတွေမှာ ရုတ်တရက် သေဆုံးတာ (SIDS)တွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ခဏခဏ သက်သေပြပြီးသား အချက်တွေပါ။ လေ့လာချက်တွေအရ ဆေးလိပ်ငွေ့ကို မီးညှိရာမှ ထွက်လာတဲ့အငွေ့တွေ၊ ဆေးလိပ်သောက်တဲ့သူ ပြန်မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို ပြန်ရှူမိတဲ့ ကလေးတွေဟာ […]


ကလေးငယ်ပထမနှစ်

ဘေဘီလေးတွေကို ပေးကလိုက်ပါ

လမ်းလျှောက်တတ်စ သားသားမီးမီးလေးတွေ သီချင်းသံ ကြားတဲ့အခါ လှုပ်စိလှုပ်စိ လိုက်ကတာလေးက တော်တော်လေး ချစ်ဖို့ ကောင်းပါတယ်။ ဒီလို ကနေတဲ့အခါ ဖေဖေမေမေတို့က ဟန့်တာ၊ လှောင်တာမျိုး မလုပ်ဘဲ လက်ခုပ်လေးတီးလို့ အားပေးလိုက်ပါ။ ကတာက ဘေဘီလေးရဲ့ ရုပ်ပိုင်း ဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာကိုပါ အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်လို့ပါ။ ဘေဘီလေးတွေကို ပေးကပါလို့ ပြောရတဲ့ အကြောင်းအရင်း သီချင်းသံ မြူးမြူးလေးနဲ့ ဘေဘီလေးက လိုက်ကတဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးစေတယ် ကလေးအရွယ်ကတည်းက ယုံကြည်မှုရှိအောင် လုပ်ပေးမှ အသက်ကြီးလာတဲ့အခါ ရဲရင့်ပြီး ယုံကြည်မှု ပြည့်ဝတဲ့သူအဖြစ် ကြီးပြင်းလာမှာပါ။ ဒီနေ့ခေတ်မျာ အောင်မြင်ဖို့ဆိုရင် ဘေဘီလေးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိဖို့ လိုပါမယ်။ ဒါကြောင့် ဘေဘီလေးကို ယုံကြည်မှု ပြည့်ဝစေဖို့ ပေးကလိုက်ပါ။ ဒီလို လွတ်လွတ်လပ်လပ် ပေးကတာက တစ်နေ့ထက်တစ်နေ့ ဘေဘီလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ

ပွေ့ဖက် ပေးပါ။ ကိုယ့်ရဲ့ အချစ်ရဆုံးသော သားသားမီးမီးလေးတွေကို မကြာခဏ ပွေ့ဖက်ပေးလိုက်ပါ။ ကလေးလေးက ပျော်နေတဲ့ အချိန်ရော၊ ဝမ်းနည်းနေတဲ့ အချိန်၊ ထိတ်လန့်နေတဲ့ အချိန် တွေမှာ မိဘတွေရဲ့ နွေးထွေးမှုကို လိုအပ်ပါတယ်။ ပွေ့ဖက်ခြင်းဟာ မိသားစုရဲ့ ချစ်ခင်နွေးထွေးမှုကို ဖော်ပြတဲ့ ချစ်စရာအကောင်းဆုံး အပြုအမူတစ်ခု ပါပဲ။ ဒါတင်မကဘဲ ကလေးပြုစုစောင့်ရှောက်တဲ့နေရာမှာ ပွေ့ဖက်ခြင်းရဲ့ အကျိုးကျေးဇူးတွေက အံ့ဩစရာကောင်းလှပါတယ်။ ကလေးလေးတွေကို နွေးနွေးထွေးထွေး ပွေ့ဖက် ပေးပါ ပွေ့ဖက်ကြင်နာပေးခြင်းက ကလေးကို ဉာဏ်ရည်ထက်မြက်စေနိုင်တယ် ဆိုတဲ့ လေ့လာတွေ့ရှိချက်မျိုး က ချစ်ခင်နွေးထွေးတတ်တဲ့ မိသားစုတွေအတွက် တကယ်အားတက်စရာ ပါနော်။ အချစ်ရဆုံး သားသားမီးမီးလေးတွေအတွက် နောက်ထပ် ဘယ်လို ကောင်းကျိုးတွေ ရှိနိုင်ဦးမလဲ ဆက်ပြီး ကြည့်လိုက်ရအောင် - ပွေ့ဖက်ခြင်းက ကလေးတွေကို (၁) ဉာဏ်ရည် ထက်မြက်စေတယ် ကလေးဘဝမှာ အသားချင်း ထိတွေ့မှုက […]


ကလေးငယ်ပထမနှစ်

သင့်ကလေးက စကားပြောနောက်ကျ နေပြီလား။

မေမေတွေကတော့ ကလေးတွေကို ဗိုက်ထဲမှာကတည်းက တစ်နေ့ တစ်မျိုး မရိုးရအောင် စိုးမ်နေရတာပါပဲ။ မွေးလာတော့လည်း ကလေးနို့မှ ဝပါ့မလား။ ငါ့ကလေးက ညှက်နေတာလား။ ကလေးက ထိုင်လည်း မထိုင်သေးဘူး။ စကားလည်း မပြောသေးဘူး စသဖြင့် စိုးရိမ်တတ်ကြပါတယ်။ ဒီထဲမှာ complaintအတက်ဆုံးကတော့ ကလေးက စကားပြောနောက်ကျ တာပါပဲ။ စကားပြောနောက်ကျပြီဆိုရင် မေမေတွေ ကလေးကို စကားပြောအောင်ဆိုပြီး ဓလေ့အရ ကြက်ဖင်ဆီဘူးတွေကျွေးကြ သိသမျှ မှတ်သမျှလေးတွေ လုပ်ကြနဲ့ အလုပ်ရှုပ်ကြပါတော့တယ်။ ဒီမှာ ပြောချင်တာက ကိုယ့်ကလေးက တကယ်ပဲ စကားပြောနောက်ကျတာလားဆိုတာ သိအောင်လုပ်ပါ။ ဘာလို့လည်း ဆိုတော့ ကလေးတွေမှာ developmental milesonesလို့ ခေါ်တဲ့ အသက်အရွယ်အလိုက်ဖွံ့ဖြိုးမှု ဖြစ်စဉ်တွေ ရှိပါတယ်။ ဒီmilestonesပေါ်မူတည်ပြီး ကလေးက မှောက်တာ၊ ထိုင်တာ၊ စကားပြောတာ၊ လမ်းလျှောက်တာတွေ  ဖြစ်တာပါ။ အသက်အရွယ်အလိုက်ဖွံ့ဖြိုးတယ်ဆိုပေမယ့် ကလေး […]


ကလေးငယ်ပထမနှစ်

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေးမလဲ

ကလေး စကားပြောတယ်ဆိုတာ သူ့ရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ကလေးရဲ့ ဦးနှောက်က မွေးစကနေ ၃နှစ်အတွင်းမှာ ခပ်မြန်မြန်ပဲ ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့် ကလေးက ၂နှစ်လောက်ဆို စကားစပြောနိုင်နေပါပြီ။ တကယ်တော့ ကလေးက မွေးစကတည်းက သူ့နည်းသူ့ဟန်နဲ့ မိဘတွေနဲ့ ဆက်သွယ်ပြောဆိုနေတာပါ။ သူဗိုက်ဆာတာ၊ အိပ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ ဖေဖေ၊ မေမေတို့ သိအောင် ပြောပြပေးနိုင်ပါတယ်။ ကလေးစကားပြောတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆိုင်တယ်ဆိုပေမယ့် မေမေဖေဖေတို့ဘက်ကလည်း ကလေးကို ဂရုစိုက်ပေးရပါတယ်။ ခုမှ လူ့လောကထဲကို စရောက်တဲ့ကလေးတွေ ဘာသာစကားတစ်ခုကို ပြောဖို့ဆိုတာ တစ်ယောက်ယောက်ပြောတာ သူကြားမှ လိုက်တုပြီး ပြောနိုင်မှာပါ။ ဆိုလိုတာက ဖေဖေ မေမေက ကလေးနဲ့ စကားပြောပေးရပါမယ်။ မြှူပေးရပါမယ်။ ကလေးက စကားပြောတတ်တဲ့အရွယ်မရောက်သေးသည့်တိုင် ဖေဖေ မေမေတို့က ကလေးကို စကားပြောပေးရမှာပါ။ ကလေးက […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကိုဗစ်ကာလမှာ ကလေးကို ကျောင်းပြန်ပို့တော့မယ်ဆိုရင်

COVID-19 ကပ်ရောဂါအတွက် ခုထက်ထိ ကာကွယ်ဆေးရော၊ ကုသဆေးပါ မတွေ့သေးဘူးဆိုပေမယ့် လူတွေဟာ New normal ဆိုတဲ့ နေထိုင်မှုပုံစံအသစ်နဲ့ နေသားကျဖို့ ကြိုးစားနေကြပါပြီ။ အလုပ်တွေပြန်လုပ်နေကြပြီဖြစ်သလို ကျောင်းတွေလည်း အတိုင်းအတာတစ်ခုအထိ ပြန်ဖွင့်လာကြပါပြီ။ ကျောင်းပြန်ဖွင့်မယ်ဆိုတုန်းက ဒီလို အခြေအနေမှာ ကျောင်းပြန်ဖွင့်တာက ကလေးတွေကို မတော်တဆ ရောဂါပိုးတွေများ ကူးစက်စေမလားဆိုပြီး တစ်နှစ်လောက် ကျောင်းနားလိုက်ဖို့အထိ စဉ်းစားထားကြတဲ့ မိဘတွေလည်း ဒုနဲ့ ဒေးပါပဲ။ မတတ်သာလို့သာ ဒီလိုစဉ်းစားကြတာပါ။ တတ်နိုင်ရင် ကလေးကို တစ်နှစ်နားစေချင်မှာ မဟုတ်ပါဘူး။ ခုဆိုရင် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ကလေးတွေကို တတ်နိုင်သမျှ အန္တရာယ်ကင်းကင်းနဲ့ ကျောင်းတက်နိုင်အောင်လို့ လိုက်နာရမယ့် စည်းကမ်းလေးတွေ ထုတ်ပြန်ထားပါတယ်။ အသိပေးထားပါ။ တတ်နိုင်ရင် ကလေးကို သူနားလည်လောက်မယ့် စကားလုံးတွေနဲ့ ကိုရိုနာဗိုင်းရပ်စ်အကြောင်းကို ရှင်းပြထားပါ။ ဒီရောဂါဟာ ဘယ်လိုရောဂါမျိုးဖြစ်တယ်၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့အတွက် မှန်ကန်ပြည့်ဝတဲ့ အာဟာရ

ကလေးကို အစား ကောင်းကောင်း စားစေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်တတ်တဲ့ အလေ့အထဖြစ်စေဖို့  မွေးမြူပေးရတာက ကလေးကို ပျိုးထောင်ပေးနေတဲ့ မိဘတိုင်းအတွက် အရေးကြီးတဲ့ တာဝန် တစ်ရပ်ဖြစ်ပါတယ်။ လှုပ်ရှားသွားလာနိုင်နေပြီဖြစ်တဲ့ ၂ နှစ်ကျော် အရွယ် ကလေးတစ်ယောက်အဖို့ အာဟာရပြည့်ဝမှုက တော်တော်လေး အရေးပါလှပါတယ်။ ဒီလိုပြောရတာက အာဟာရပြည့်ဝမှ ကလေးက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးမှာ မို့လို့ပါ။ အာဟာရပြည့်ဝမှုက ကလေးကို ဖျားနာမှု ကင်းစေဖို့လည်း အထောက်အကူပြု ပေးနိုင်ပါသေးတယ်။ ကလေးက သံဓာတ်၊ ဗီတာမင် C စတာတွေ ချို့တဲ့မယ်ဆိုရင် ဦးနှောက် နဲ့ ခန္ဓာကိုယ်ရဲ့ ဖွံ့ဖြိုးမှုပါ ထိခိုက်နိုင်ပါတယ်။ အရွယ်ရောက်တဲ့အခါ အကောင်းဆုံး ဖွံ့ထွားပြီး ကျန်းမာတဲ့ ကလေးတစ်ယောက် ဖြစ်စေဖို့ဆိုရင် ငယ်စဉ် ကာလကတည်း အာဟာရပြည့်ဝဖို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတွေ ဖျားနာမှုကင်းပြီး ကိုယ်ခံအားကောင်းစေဖို့ဆိုရင်

အခုအချိန်ကတော့ တုပ်ကွေးဖျားနာ သိပ်ကိုပေါတဲ့ မိုးရာသီကို ရောက်ရှိနေပါပြီ။ ကမ္ဘာတစ်ဝှမ်းမှာ COVID-19 ကပ်ဘေးကလည်း ဆက်လက်ရှိနေဆဲပါ။ ဒီအချိန်မှာပဲ ကလေးတွေရဲ့ စာသင်ကျောင်းတချို့က ပြန်ဖွင့်ဖို့ နီးစပ်လာနေပါပြီ။ ဒီလိုအချိန်မှာ မိဘတိုင်း တွေးပူနေကြတာက မိမိတို့ရဲ့ ကလေးတွေ ဖျားမှာနာမှာကိုပါပဲ။ တုပ်ကွေးနဲ့ ဖျားနာခြင်းတွေ ကင်းဝေးဖို့ဆိုရင် ကိုယ်ခံအားစနစ်ကောင်းမွန်ပြီး ကျန်းမာသန်စွမ်းနေဖို့ လိုအပ်ပါတယ်။ ကိုယ်ခံအားစနစ်ဟာ သားသားမီးမီးတို့ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို မြှင့်တင်ပေးတာမို့ တော်ရုံဖျားနာဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ကလေးတွေ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် အချက်(၃)ချက်နဲ့ စဉ်းစားဖို့ လိုအပ်ပါတယ်။ ဒီအချက်တွေကတော့ - ရှေ့တန်းခံစစ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ - ကိုယ်ခံအားဆဲလ်တွေကို ဖွံ့ဖြိုးစေမယ့် အာဟာရတွေ နဲ့ - Antibodies ကို ထုတ်လုပ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ ရယ်ပါပဲ။ ရှေ့တန်းခံစစ်က အာဟာရဓာတ်များ ရှေ့တန်းခံစစ်ဆိုတာ ခန္ဓာကိုယ်ရဲ့ တံခါးပေါက်တွေပါပဲ။ ဥပမာပြောရရင် အသက်ရှူလမ်းကြောင်းနဲ့ အစာခြေစနစ်ပါ။ ဒီလမ်းကြောင်းတွေကနေ ရောဂါပိုးတွေဝင်လာနိုင်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း