ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေး တွေ နေ့နဲ့ ညမှားနေရင်

ခုမှ ကလေးမွေးထားတဲ့မေမေတို့ စိတ်ညစ်ရတဲ့ထဲမှာ မွေးစကလေး လေးက နေ့နဲ့ ညနဲ့ မှားနေတာလည်း ပါပါတယ်။ နေ့ဆို အိပ်နေပြီ။ ညဆို အိပ်ရေးဝတော့ သူကဆော့၊ ကိုယ်က အိပ်ချင်၊ ပြီးတော့ ခဏလေး အိပ်လိုက်၊ ထလိုက်နဲ့ မိုးက ဘယ်လို လင်းသွားမှန်းတောင် မသိလိုက်ဘူးဆိုတဲ့ မေမေတွေ ရှိကြလား။ ကြာလာတော့ မေမေတွေ မျက်လုံးဟောက်ပက်နဲ့ပေါ့။ ဒီလို မေမေတွေ ရှိတယ်ဆိုရင်တော့ ကလေးတွေ နေ့နဲ့ ညနဲ့ မှားတာကို ဖြေရှင်းဖို့ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ မွေးစကလေးတွေ ဘာလို့ နေ့နဲ့ ညနဲ့ မှားတာ ကလေးလေးတွေက မေမေ့ဗိုက်ထဲမှာ နေတုန်းက မေမေနေတဲ့ ပုံစံကို ခံစားပြီး အိပ်ကြတာပါ။ မေမေလှုပ်နေရင် သူတို့ကို ချော့သိပ်သလိုပဲမို့လို့ မေမေတို့ အလုပ်လုပ်ချိန်မှာ အိပ်ပျော်နေကြပါတယ်။ မေမေတို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကိုယ့်ကလေး ဟင်းသီးဟင်းရွက်တွေ ကြိုက်လာအောင် ဘယ်လိုစည်းရုံးကြမလဲ

ဟင်းသီးဟင်းရွက်တွေ နဲ့ သစ်သီးဝလံတွေဟာ အာဟာရဓာတ်တွေကြွယ်ဝပြီး ကျန်းမာစေတဲ့ သဘာဝအစားအစာတွေဖြစ်ကြပါတယ်။ အသက်အရွယ်မရွေး လူကြီး၊ လူငယ်နဲ့ ကလေးတိုင်းအတွက် အကျိုးကျေးဇူးဖြစ်စေနိုင်တဲ့ အရာတွေပေါ့။ ဒါကြောင့် မိဘတိုင်း ကိုယ့်ကလေး အသီးအရွက်တွေကိုကြိုက်လာတာမျိုးကို အလိုရှိကြပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ ဟင်းသီးဟင်းရွက်တွေကို သဘာဝအလျောက် ကြိုက်နှစ်သက်သွားတတ်ကြတာ မဟုတ်ပါဘူး။ ငယ်ရွယ်စဉ်မှာ မိဘတွေရဲ့ စီမံကျွေးမွေးမှုတွေကြောင့်သာ တဖြည်းဖြည်းချင်းကြိုက်နှစ်သက်သွားတတ်တာလေ။ မိဘလုပ်သူတွေရဲ့ စီမံကျွေးမွေးမှုကောင်းမွန်ရင် ကလေးတွေက သစ်သီးဝလံတွေ၊ အရွက်တွေကို ပိုမိုနှစ်ခြိုက်လာကြမှာဖြစ်ပြီးတော့ ကျန်းမာရေးကိုလည်း ပိုပြီး အကျိုးရှိစေမှာပါ။ ငယ်ရွယ်စဉ်မှာကတည်းက ဟင်းသီးဟင်းရွက်များများမှီဝဲတဲ့ကလေးတွေဟာ ကြီးလာချိန်မှာ အဝလွန်တာ၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတွေဖြစ်နိုင်ခြေနည်းပါးနိုင်တယ်လေ။ ဒါကြောင့် ရင်သွေးတွေကို ဟင်းသီးဟင်းရွက်တွေ ကျွေးမွေးဖို့ကိစ္စက အရေးကြီးတာပေါ့။ ကိုယ့်ရဲ့ ကလေး ဟင်းသီးဟင်းရွက်တွေ နှစ်ခြိုက်လာအောင် ဘယ်လို စီမံကျွေးမွေးကြမလဲ။ သိပ်ပြီးမခက်ခဲလှပါဘူး။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းလေးတွေကို လိုက်နာဆောင်ရွက်ကြည့်ရင် […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက် တိုင်း စားသင့်တဲ့ အစားအစာ (၇) မျိုး

ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ကို အာဟာရ ပြည့်ဝစွာ ကျွေးမှ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုးမှာပါ။ ဒီတော့ ဆယ်ကျော်သက် အရွယ် ကလေးတွေကို အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့ ဘာတွေများ ကျွေးရမလဲဆိုပြီး ခေါင်းခြောက်နေတဲ့ မေမေတွေ ရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက မေမေတို့ရဲ့ ခေါင်းခြောက်တဲ့ ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မှာပါ။ ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဆယ်ကျော်သက် အရွယ် သားသားမီးမီးတို့ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ ဒါတွေပြင်ဆင်ပေးပါ။ (၁) ကြက်ဥ ကြက်ဥမှာ ခန္ဓာကိုယ် ကျန်းမာဖွံ့ထွားစေဖို့ လိုအပ်တဲ့ ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကြက်ဥတစ်လုံးမှာ ဇင့်၊ ဗီတာမင် A၊ selenium နဲ့ ဗီတာမင် E တို့ ပါဝင်နေပါတယ်။ တစ်နေ့ကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်တို့အတွက် မဖြစ်မနေ လိုအပ်မယ့် အာဟာရဓာတ်

ကျန်းမာစွာ စားသောက်နေထိုင်မှုက အသက်အရွယ်တိုင်းအတွက် အရေးပါပါတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့အတွက် ပိုအရေးပါပါတယ်။ အကြောင်းကတော့ ကြီးကောင်ဝင်တဲ့အရွယ်မှာ လုံလောက်တဲ့ အာဟာရဓာတ်တွေပြည့်ဝမှ ခန္ဓာကိုယ်က အကောင်ဆုံး ဆက်လက် ကြီးထွားနိုင်မှာပါ။ ဖွံ့ဖြိုးပြောင်းလဲမှုတွေ ဖြစ်ပေါ်နေတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့မှာ အင်အားပြည့်ဝပြီး ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရစေဖို့အတွက် အာဟာရဓာတ်တွေကို ပြည့်ဝလုံလောက်စွာ စားသုံးဖို့ မဖြစ်မနေလိုအပ်ပါတယ်။  ဒီတော့ ဆယ်ကျော်သက်အရွယ် တစ်ယောက်အနေနဲ့ ဘယ်လို အာဟာရဓာတ်တွေကို ပြည့်ဝအောင် စားသုံးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။  ဆယ်ကျော်သက်တို့အတွက် လိုအပ်မယ့် အာဟာရဓာတ်များ ဆယ်ကျော်သက် အစောပိုင်းကာလက အခြား အသက်အရွယ် အပိုင်းအခြားတွေထက် အာဟာရကို ပိုမိုပြည့်ဝဖို့ လိုပါမယ်။ ဒီတော့ အာဟာရ ပြည့်ဝပြီး အကောင်းဆုံး ကြီးထွားစေဖို့အတွက် ကယ်လ်လိုရီ ကယ်လ်လိုရီက ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ အဓိက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေးကို မေမေတို့ ဘယ်လို စောင့်ရှောက်မလဲ။

ဟေး မေမေတို့ မွေးကင်းစ ဘေဘီပေါက်စလေးကို ကောင်းကောင်းစောင့်ရှောက်တတ်ရဲ့လား။ အမေ့ဗိုက်ထဲက ထွက်လာတဲ့ ကလေးလေးကလေ မွေးကတည်းက အသားလည်းဝါဘူး။ လလည်းစေ့ ပေါင်လည်း ပြည့်တယ်။ ချို့ယွင်းချက်တွေလည်း မပါဘူး။ ရောဂါတွေလည်း မပါလာဘူးဆိုရင် မေမေတို့အတွက် ကံကောင်းခြင်းပါပဲ။ ခုကလေးက ကျန်းကျန်းမာမာလေး မွေးလာပြီဆိုရင်တော့ ဆက်ပြီး ထိန်းကျောင်းရမှာ မေမေ ဖေဖေတို့ တာဝန်ပါပဲ။ ဆေးရုံမှာတုန်းက အဆင်ပြေပေမယ့် အိမ်ပြန်ရောက်တဲ့အခါ ဒီနီတာရဲ့လေးကို မထိရဲ မကိုင်ရဲနဲ့ ဘာလုပ်ပေးရမလဲမသိ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီသေးသေးလေးတွေကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။ မွေးကင်းစကလေးကို ကောင်းကောင်းဂရုစိုက်နိုင်ဖို့ အရင်ဆုံး မေမေတို့ လုပ်ရမှာကို မပြောခင် ဆေးရုံက လုပ်ပေးလိုက်တာတွေကို ပြောပြပါမယ်။ ဆေးရုံမှာမွေးတယ် ဒါမှမဟုတ် အိမ်မှာ သားဖွားဆရာမနဲ့ မွေးတယ်ဆိုရင် ကလေးကို မွေးပြီးပြီးချင်း လိုအပ်တဲ့ ကာကွယ်ဆေးတွေ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးမှာ ဆုံဆို့နာ မဖြစ်အောင် မေမေတို့ ဘာလုပ်ပေးနိုင်လဲ။

ဒီ ၂၀၂၀ သြဂုတ် လလယ်ပိုင်းလောက်မှာ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဆုံဆို့နာ ကပ်ရောဂါအသွင် (outbreak)ဖြစ်တယ်ဆိုပြီး သတင်းတွေ တက်လာပါတယ်။ ခုချိန်ထိကို တွေ့ရှိသူ ၄၅ယောက်မှာ ၆ယောက်လောက်လည်း ဆုံးသွားပြီးပါပြီ။ ဒါက လတ်တလော ဖြစ်ပေါ်နေတဲ့ ကိုဗစ်နဲ့ သေဆုံးသူအရေအတွက် အတူတူပါပဲ။ ကိုဗစ်က ကာကွယ်ဆေး၊ ကုသဆေး မပေါ်သေးလို့ ၆ယောက်ဆုံးတာ လက်ခံလို့ရပေမယ့် ကာကွယ်ဆေးရော၊ ကုသဆေးပါ ရှိတဲ့ ဆုံဆို့နာက ၆ယောက်ဆုံးတာ ရင်နာစရာပါ။ အနောက်နိုင်ငံတွေမှာ ကာကွယ်ဆေး လွှမ်းခြုံမှု အားကောင်းလို့ရော၊ လူတိုင်းနီးပါး ကာကွယ်ဆေးထိုးပြီး herd immunityရနေလို့ရော သူတို့မှာ သိပ်မဖြစ်ကြတော့ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်တဲ့ မြန်မာနိုင်ငံအပါအဝင် အင်ဒိုနီးရှား၊ ဘင်္ဂလားဒေရှ့်၊ ဗီယက်နမ် စတဲ့နိုင်ငံတွေမှာ ၂၀၁၆လောက်က စပြီး ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ဖြစ်လိုက်ရင်လည်း ကပ်ရောဂါအသွင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ အသက်အရွယ်အလိုက် လိင်ပညာပေး သင်ကြားနည်း

လိင်ပညာပေးကို မကြာခင်မှာ ကျောင်းစာတွေမှာ ထည့်သွင်းဖို့ ပြင်ဆင်နေကြပါပြီ။ ဒါဟာ ကောင်းတဲ့အချက်ပါပဲ။ မီးဆိုတာ ပူမှန်းသိမှ ရှောင်ရကောင်းမှန်း နားလည်မှာလေ။ ခုလက်ရှိကတော့ ဆယ်တန်းမှာ သင်ဖို့ ပြောထားကြပါတယ်။ နောက်ပိုင်းကျရင်တော့ ဒီထက်ငယ်တဲ့ အရွယ်မှာလည်း သင်လာလိမ့်မယ်လို့ ထင်ပါတယ်။ တကယ်တော့ လိင်ပညာပေးကို ဘယ်အရွယ်ကစသင်ရမလဲဆိုတော့ သူများနိုင်ငံတွေမှာတော့ ကလေးက  ပြောတာကို နားလည်တယ်ဆိုတာနဲ့ သင်ပေးလို့ရပါပြီတဲ့။ ကလေးတွေရဲ့ နားလည်နိုင်စွမ်းပေါ်မူတည်ပြီး တဖြည်းဖြည်း တိုးသင်သွားတာပါ။ လိင်စော်ကားခံရတယ်ဆိုတာ အသက်အရွယ်မရွေး ကျားမမရွေး ဖြစ်နိုင်တယ်ဆိုတာ အားလုံး မြင်နေ ကြားနေရပါတယ်။ ဒါကြောင့် ကလေးတွေကို ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင် စောစောသင်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ နောက်တစ်ခုက လိင်ပညာပေးဆိုတာ ကျောင်းက ဆရာ၊ ဆရာမတွေပဲ သင်ပေးရတာ မဟုတ်ပါဘူး။ ကလေးငယ်လေးတွေနဲ့ အရင်ဆုံးထိတွေ့ရမှာ အိမ်က မိဘတွေပါ။ ဒါပေမယ့် စစချင်းဆို […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ်တို့ရဲ့ စိတ်ထဲက ပြဿနာများ

‌မိဘတွေမဖြစ်မနေသိသင့်တဲ့ လူငယ် တို့ရဲ့စိတ်ထဲက ပြဿနာများ ငယ်ငယ်ကတော့ မိဘစကားကို နားထောင်ပါရဲ့။ အရွယ်လေးရောက်လာတော့ ပြောလို့ဆိုလို့ သိပ်မကောင်းတော့ဘူး။ အတွေ့အကြုံရှိတဲ့ လူကြီးတွေစကား နားမဝင်တော့ပါဘူးပေါ့။ ဒါက မိဘတွေ အတွေး။ လူငယ် ဆိုတာ လွတ်လပ်မှုကို တောင်းဆိုလေ့ ရှိကြသလို လူကြီးဆိုတာကလည်း စိတ်ပူတတ်၊ ထိန်းကျောင်းချင် တတ်ကြတာမို့ သဘောကွဲလွဲတတ်ကြပါတယ်။ အမေတို့ မသိပါဘူး၊ လူငယ်ပဲလေ ဒီလောက်တော့ နားလည်ပေးပေါ့ တို့၊ ဘိုးတော်က ပွားတယ်၊ အိမ်မှာ မနေချင်တော့ဘူး တို့ လူငယ်တို့ဆီကလည်း အသံထွက်လာတတ်တာပေါ့။ ဒီနေရာမှာ ဘာက ပြဿနာလဲ ဆိုတော့ အတွေးမတူကြတာပါ။ ကလေးတွေရဲ့ စိတ်ထဲ ဘယ်လိုရှိနေမလဲ၊ ဘာတွေ ကူညီပေးလို့ရမလဲ၊ ဆက်ဆံရေး ဘယ်လိုရင်းနှီးအောင် လုပ်ကြမလဲ ဆိုတာမျိုး တွေးလေ့ရှိတဲ့ မိဘတွေဟာ သားသမီးနဲ့ ဆက်ဆံရေးပိုကောင်းလေ့ရှိပါတယ်။ သူတို့စိတ်ထဲ ဘာတွေ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

လူငယ်တွေရဲ့ ကျန်းမာရေးက ဘာလို့အရေးကြီးတာလဲ..ဘယ်လိုဂရုစိုက်ပေးရမလဲ

ယနေ့ လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားကို ကြားဖူးကြမယ်ထင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ် ကမ္ဘာကြီးကို ဖန်တီးချင်ရင် လူငယ်တွေကို ငယ်စဉ်ကတည်းက အကောင်းဆုံး ပျိုးထောင်ပေးဖို့ လိုပါမယ်။ ဒီလို ပျိုးထောင်ပေးတယ်ဆိုတဲ့ နေရာမှာ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးတာကြောင့် စိတ်ရော ကိုယ်ပါ ကျန်းမာပြီး တက်ကြွဖျတ်လတ်တဲ့ လူငယ်လေးတွေ ဖြစ်အောင် ပျိုးထောင်ဖို့ လိုပါမယ်။ ဒါမှ သူတို့လေးတွေရဲ့ ကိုယ်တိုင် အနာဂတ်ရော လူသားတွေရဲ့ အနာဂတ်ပါ လှပမှာ ဖြစ်ပါတယ်။ ဒီတော့ ဆယ်ကျော်သက် သားသမီးတွေကို ဘယ်လိုများ ဂရုစိုက်ပေးမလဲ။ သိချင်ရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ လူငယ်တွေရဲ့ ကျန်းမာရေးက အရေးကြီးသလား........... ကျန်းမာရေးက လူတိုင်းအတွက် အရေးပါပါတယ်။ ဘေဘီလေး ဘဝကစလို့ ဆယ်ကျော်သက်၊ သတ်လတ်ပိုင်း၊ ဖိုးဖိုးဖွားဖွား အရွယ်အထိ ကျန်းမာရေးက ထိပ်ဆုံးက အရေးပါတဲ့အရာပါ။ အသိပညာကြွယ်ဝပြီး […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ

ယနေ့ခေတ် ဆယ်ကျော်သက်ကလေးတွေဟာ အရင်က ဆယ်ကျော်သက်တွေ ထက် အခက်အခဲတွေ ပိုများနိုင်ပါတယ်။ ခန္ဓာ၊ စိတ်စတာတွေပြောင်းလဲမှုကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေဟာ လူမှုရေးကစလို့ ကျန်းမာရေးအဆုံး အသစ်အသစ်သော ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။ အွန်လိုင်းကနေ အနိုင်ကျင့်ဗိုလ်ကျတာ၊ ကျောင်းမှာ  အုပ်စုဖွဲ့ ရိုက်နှက်ခံရတာကစလို့ နောက်ဆုံး ကိုယ့်အသက်ကို ကိုယ်တိုင် ရန်ရှာတာမျိုး အထိ အမျိုးမျိုးသော ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို အကောင်းဆုံး ပျိုးထောင်ချင်တယ်ဆိုရင် အရင်ခေတ်အခါနဲ့ မတူတော့တဲ့ ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်အရွယ်မှာ ဘယ်တွေလိုကြုံရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ လူငယ်တွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာများ အရာရောပြောင်းလဲနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာ၊ အာဟာရ ချို့တဲ့တာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆယ်ကျော်သက်တွေ ဟာ အာဟာရ လုံလောက်စွာ မရရှိတာကြောင့် ရောဂါတွေဒဏ်ကို ခံနိုင်ရည် နည်းကြပါတယ်။ အာဟာရ မပြည့်ဝမှုကြောင့် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း