ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

မေမေတစ်ယောက် ဖြစ်ရတာ အခက်အခဲ များစွာနဲ့ပါ .. ဒါပေမဲ့ သင်ကျော်လွှားနိုင်တာ ယုံကြည်ပါ

မေမေ ဆိုတဲ့ စကားလုံးလေး နှစ်လုံးက တော်တော်လေး အဓိပ္ပာယ် လေးနက်ပါတယ်။ မေမေဆိုတဲ့ တာဝန်က ကမ္ဘာပေါ်မှာရှိသမျှ အလုပ်တွေထဲမှာ အခက်ခဲဆုံးပါ။ မေမေ ဆိုတဲ့ အလုပ်က လစာ ဝင်ငွေ မရသလို သင်ယူလေ့လာစရာ သင်တန်း မရှိဘဲ ကိုယ်တိုင် ရုန်းကန်ရတဲ့ အလုပ်တစ်ရပ်ပါ။ ကလေးကို မွေးဖွားပြီးချိန်ကစလို့ ကြီးပြင်း အရွယ်ရောက်သည်အထိ စက္ကန့် မလပ်တစ်ချိန်လုံး အပတ်တကုပ် ကြိုးစားလုပ်ကိုင်ရတဲ့ အလုပ်အကိုင် တစ်ခုပေါ့။ သေးခံ လဲတာကစလို့ ကလေးကို ချော့တာ၊ နို့ချို တိုက်ကျွေးတာနဲ့ အာဟာရ စီစဉ်ပြင်ဆင်တာအထိ မကုန်နိုင်သော အလုပ်တွေကို လုပ်ရတာပါ။ အဖိုးအခဆိုတာ တစ်ပြားတစ်ချပ်မှ မရဘဲ ပျော်ရွှင်မှုကိုပဲ ပီတိဖြစ်ရင်း အကောင်းဆုံး ကြီးပြင်းလာအောင် ပျိုးထောင်ရတာပါ။ စိတ်ဖိစီးမှုဒဏ်ကိုလည်း အခြားအလုပ်တွေထက် ပိုပြီး ခံစားရတတ်ပါတယ်။ ဒီလို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးမှာဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့

ဘေဘီလေးတွေရဲ့ နုနယ်တဲ့ အရေပြားက ထိခိုက်လွယ်ပါတယ်။ ဒီလို ထိခိုက်လွယ်တဲ့ အရေပြားလေးမှာ အင်ပျဉ် ဖြစ်တဲ့အခါ သက်သာစေဖို့ ဘာလုပ်ပေးရမလဲ ဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား........... ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ်ကို သက်သာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်မှာပါ။ ဘေဘီလေးမှာ ဖြစ်တဲ့ အင်ပျဉ် သက်သာစေဖို့ အင်ပျဉ် ဖြစ်တဲ့အခါ ဘေဘီလေးမှာ ယားယံတာနဲ့ နာကျင်တာကို ခံစားရစေနိုင်ပါ။ ဒီ အရေပြား ပြဿနာကို သက်သာစေဖို့ဆိုရင် ရေအေးဝတ် ကပ်ပေးပါ အင်ပျဉ်ကို သက်သာစေဖို့ အလွယ်ကူဆုံးနဲ့ အမြန်ဆန်ဆုံး နည်းလမ်းက ရေအေးဝတ် ဒါမှမဟုတ် ရေခဲကပ်တာပါ။ ရေအေးဝတ် ကပ်တာက ရောင်ရမ်းမှုကိုရော ယားယံမှုကိုပါ သက်သာစေမှာပါ။ ဒါကြောင့် တဘက်စ သန့်သန့်လေးထဲမှာ ရေခဲတုံးလေးတွေ ထည့်ပြီး ကပ်ပေးပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

ကိုယ်တိုင် နို့ချိုတိုက်ကျွေးတဲ့ မေမေ တွေပဲ ရရှိနိုင်မယ့် အကျိုးကျေးဇူးများ

ကလေးတွေကို ၆ လအရွယ်အထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက ဘာကြောင့် အကြံပြုကြသလဲ။ မိခင်နို့တိုက်ကျွေးခြင်းက ကလေးအတွက်ရော၊ မေမေ တို့အတွက်ပါ နှစ်ဦးနှစ်ဖက် အကျိုးကျေးဇူးများလှတာကို သင်သိပါသလား။ မေမေ တို့အတွက် ဆုလာဘ်တချို့ မေမေ့ နို့ရည်ဟာ ဘေဘီလေးအတွက်က ဘေးအန္တရာယ်နဲ့ ဆိုးကျိုးသက်ရောက်မှု ကင်းတဲ့ အကောင်းဆုံး အာဟာရပါ။ မွေးကင်းစအရွယ် ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ အာဟာရတွေကို ဖြည့်တင်းနိုင်ဖို့ မိခင်နို့ကို အစားထိုးနိုင်မယ့် တခြားအာဟာရ မရှိပါဘူး။ တစ်ဖက်မှာလည်း မေမေတို့အတွက် မိခင်နို့တိုက်ကျွေးရင်း အလိုအလျောက် ရရှိနိုင်မယ့် ဆုလာဘ်တချို့ ရှိနေပါတယ်။ ဒီလို ကျန်းမာရေးအကျိုးကျေးဇူးတွေကို နို့ချို တိုက်ကျွေးတဲ့ မေမေတွေပဲ ရနိုင်မှာပါနော် - ကင်ဆာ ကာကွယ်နိုင်တယ် လေ့လာတွေ့ရှိထားတဲ့ အချက်အလက်တွေအရ ကလေးကို မိခင်နို့ ၆လနဲ့ ၆လအထက် တိုက်ကျွေးခြင်းကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့

ဘေဘီလေးက ဆီးသွားတိုင်း ငိုနေတယ်။ ဆီးကလည်း သိပ်မသွားဘူး။ အနံ့ကလည်း ပြင်းတယ်။ ဘာဖြစ်တာလဲ မသိဘူး ဆိုတဲ့ မေမေတွေရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး အတူတူ အဖြေထုတ်လိုက်ရအောင်လား......... ဘေဘီလေး ဆီးသွားတိုင်း ငိုနေရတာက ဆီးလမ်းကြောင်း ပိုးဝင်နေတာ ဖြစ်နိုင်ပါတယ်။ သေချာစေဖို့ ဒီအချက်လေးတွေနဲ့ ဆန်းစစ်ကြည့်ပါ။ ဘေဘီလေးက ဆီးလမ်းကြောင်းပိုးဝင်နေတာလား............. ဘေဘီလေးက ကိုယ်ပူနေမယ် ဆီးခဏခဏသွားမယ် ဆီးနံ့ပြင်းမယ် ဆီးက ပန်းရောင် ဒါမှမဟုတ် အရောင် နောက်ကျိကျိ ဖြစ်နေမယ် အန်မယ် အီနေမယ် ဆီးသွားတိုင်း ငိုနေမယ် ဆိုရင် ဘေဘီလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။ ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ အိမ်တွင်းကုထုံးများ ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ဆိုရင် နို့များများ တိုက်ပေးပါ ဘေဘီလေး ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေဖို့ မိခင်နို့ များများ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သားသားမီးမီးတို့ ဆီးလမ်းကြောင်းပိုးဝင်တာ သက်သာစေဖို့ ဘာတွေကျွေးမလဲ။

ဆီးလမ်းကြောင်း ပိုးဝင်တာက လူကြီးတွေမှာတောင် ခံရခက်တာ ငယ်သေးတဲ့ သားသားမီးမီးတို့မှာဆို ပိုဆိုးနိုင်ပါတယ်။ ဒီလို ဖြစ်တဲ့အခါ သားသားမီးမီးတွေကို သက်လည်း သက်သာစေချင်တယ်။ ဒါဆိုရင် ကလေးတွေ ဆီးလမ်းကြောင်း ပိုးဝင်တာကို သက်သာစေမယ့် အစားအသောက်လေးတွေ အကြောင်း ပြောပြပေးစေချင်ပါတယ်။ ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာလား။ ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတယ်ဆိုရင် ကိုယ်ပူမယ် ဆီးက ပုံမှန် မဟုတ်တဲ့ အနံ့တွေ ရနေမယ် အန်မယ် အစားမစားချင်ဖြစ်မယ် ကလေးက ဂျီကျနေမယ် ကလေးက ဗိုက်အောင့်တယ်။ ဆီးသွားရတာ နာတယ် ပြောမယ် ဆီးခဏခဏ သွားနေမယ် ဆီးထွက်ကျမယ် ဆီးက နီနေမယ်၊ ပန်းရောင် သန်းနေမယ် ဆီးက အနံ့ပြင်းနေမယ် ဆီးသွားရင်း ငိုမယ်ဆိုရင် ကလေးက ဆီးလမ်းကြောင်း ပိုးဝင်နေတာပါ။ သားသားမီးမီး ဆီးလမ်းကြောင်း ပိုးဝင်တာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အဖြစ်များတဲ့ မွေးရာပါ နှလုံးရောဂါများ

ကလေးတွေမှာ တချို့က မွေးလာကတည်းက နှလုံးရောဂါလေးနဲ့ မွေးဖွားလာတတ်ပါတယ်။ ဒါကို ဆေးပညာအရ congenital heart disease (မွေးရာပါနှလုံးရောဂါ) လို့ ခေါ်ပါတယ်။ CDC အဆိုအရ အမေရိကန်မှာ လက်ရှိ မွေးရာပါ နှလုံးရောဂါရှိတဲ့ ကလေး တစ်သန်းနဲ့ လူငယ် တစ်သန်း ရှိတယ်လို့ ဆိုပါတယ်။ ဒီဘက်နှစ်ပိုင်းတွေမှာ ဆေးပညာတွေ တိုးတက်လာတဲ့အတွက် ရောဂါတွေကို အရင်ကထက် ပိုပြီးကောင်းအောင် ကုလာနိုင်တာကြောင့် မွေးရာပါနှလုံးရောဂါသည် ကလေးတွေဟာ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာကြပါပြီ။ ကုသလို့ပျောက်ကင်းတဲ့အတွက်ကြောင့် အသက်ရှင်နိုင်ခြေလည်း ပိုပြီး များလာပါပြီ။ မွေးရာပါ နှလုံးရောဂါ အမျိုးအစားများ နှလုံးရောဂါ အမျိုးအစားတွေကိုတော့ နှလုံးရဲ့ နံရံက ဖြစ်တာရယ်၊ အဆို့ရှင်က ဖြစ်တာရယ်၊ သွေးကြောမကြီးတွေက ဖြစ်တာရယ်ဆိုပြီး ခွဲလို့ရပါတယ်။ နှလုံးနံရံရောဂါ - အဓိကကတော့ နှလုံးအခန်းတွေကြားမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

အရွယ်မရွေး ခြင်ကိုက်ခံရ နိုင်ပါတယ်။ လူကြီးတွေ အတွက်က ခြင်ကိုက်တာ အမှုမဲ့ အမှတ်မဲ့ ဆိုပေမယ့် ဘေဘီလေးတွေ မှာတော့ ခြင်ကိုက်တဲ့အခါ နီနေတာ၊ အရေပြားမှာ အပိမ့်တွေ ထွက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို အခြေအနေကို ဘယ်လိုများ အကောင်းဆုံး ဖြေရှင်းမယ် စိတ်ကူးလဲ မေမေ ..... နည်းလမ်းကောင်းလေး ဝေမျှ ပါရစေ။ ဘေဘီလေးတွေ ခြင်ကိုက်ခံရတဲ့အခါ သက်သာစေဖို့ ခြင်ကိုက်တာက ကာကွယ်လို့ ရတယ် ဆိုပေမယ့် အမြဲ ကာကွယ်ဖို့ကျ မဖြစ်နိုင် ပါဘူး။ ဒီလိုမျိုး တစ်ချိန်လုံး ကာကွယ်ဖို့ မဖြစ်တဲ့ အခြေအနေမှာ ခြင်ကိုက်ခံလာရရင် သက်သာအောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတဲ့ နည်းလမ်းလေးကို ပြောပြပေး ပါရစေ။ ရေခဲကပ်ပါ ရေခဲတုံးလေးတွေကို တဘက်စ သန့်သန့်လေးထဲ ထည့်ပြီး ခြင်ကိုက်ခံရတဲ့ နေရာမှာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ကလေးလေး တစ်ယောက် မွေးဖွားလာပြီ ဆိုရင် လူကြီးမိဘတွေ၊ စီနီယာမေမေ တွေ ပြောလေ့ရှိကြတဲ့ အယူအဆ တစ်ခုပါ။ မွေးဆံပင်ကို ရိတ်ပစ်ရမယ်တဲ့။ ကလေးဘဝမှာ ဆံပင် ရိတ်မှ ကျန်းမာမယ်၊ ဆံပင်သန်မယ် တဲ့လေ။ ထုံးတမ်းစဉ်လာအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ အရပ်ပြောစကားအရ ကလေးလေးတွေကို ဆံပင် ရိတ်ပေးလေ့ ရှိကြပါတယ်။ ဒီလို ရိတ်ပြီးမှ ဆံပင်သန်လာမယ့် အပြင် ကလေးက အပူအပုပ် ကင်းစင်ပြီး ဖွံ့လာမယ်၊ ကျန်းမာလာမယ် လို့တောင် ယုံကြည်ထားကြပါတယ်။ တကယ် ဆံပင် သန်လာမှာလား နိုးပါ။ ခေါင်းရိတ်ခြင်း မရိတ်ခြင်းက ကလေးရဲ့ ဆံပင်သန်လာ၊ ထူလာဖို့အတွက် ထူးထူးခြားခြား သက်ရောက်မှု မရှိဘူး လို့ ပညာရှင်တွေက ဆိုကြပါတယ်။ အမှန်တကယ်တော့ ဆံပင်ဆိုတာ ဦးရေပြား အောက်က ဆံပင်မွေးညင်းအိတ်လေးတွေကနေ ပေါက်လာတာမို့ ဦးရေပြား […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးရဲ့ ဝမ်းချုပ်ပြဿနာ အတွက် မေမေတို့ ရဲ့ သောက

ကလေးက ဝမ်းပုံမှန်မသွားလို့ မေမေတို့ စိတ်ညစ်နေရပြီလား။ ဝမ်းသွားဖို့ တည်လည်း အကြောက်အကန် ငြင်းနေပြန်တော့ အခက်တွေ့ရပြန်ရော။ ဝမ်းချုပ်ပြီဆို ဝမ်းသွားချင်လည်း မသွားနိုင်လို့ ငိုနေရတဲ့မျက်နှာလေးရယ်၊ လေထိုးလေအောင့် ဖြစ်လာလို့ ခံစားရတာတွေရယ်၊ ဝမ်းသွားတဲ့အချိန် မျက်ရည်လည်ရွှဲနဲ့ ဖြစ်ရတာတွေရယ် မေမေတို့ မြင်တွေ့ချင်မှာမဟုတ်ပါဘူး။ ကလေးတွေမှာ ဝမ်းချုပ်ဝေဒနာခံစားရတဲ့အခါမှာ ကလေးက - အစားကောင်းကောင်းမစားဘူး၊ တစ်ပတ်ကို အများဆုံး သုံးကြိမ်လောက်ပဲဝမ်းသွားတာ၊ သွားတဲ့ဝမ်းက မာကျစ်ပြီး စမြင်းတုံးခံနေတာ၊ ဗိုက်အောင့်တာ၊ အိမ်သာတက်ဖို့တောင် မကြိုးစားချင်တော့တာတွေ ဖြစ်လာတတ်ပါတယ်။ ဘာလို့ဝမ်းချုပ်ရတာလဲ အစာခြေစနစ်နဲ့ အူလမ်းကြောင်း မကျန်းမာလို့ အစာခြေစနစ်ဆိုတာ အစာကိုချေဖျက်ပြီး အူလမ်းကြောင်းတလျှောက် အာဟာရစုပ်ယူ၊ စနစ်တကျစွန့်ထုတ်ပေးတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းရဲ့လုပ်ဆောင်ချက်တစ်ခုလုံးကို ဆိုလိုပါတယ်။ အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာတွေရှိနေရင် ဝမ်းချုပ်နိုင်ပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေ မလုံလောက်လို့ အစာခြေစနစ်ထဲမှာ သဘာဝအလျောက်ရှိနေတဲ့ အကျိုးပြုဘက်တီးရီးယားလေးတွေကို Probiotic လို့ခေါ်ပါတယ်။ သူတို့လေးတွေက အစာခြေစနစ်နဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်တွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

စူပါမေမေ ဖြစ်ဖို့အဆင့် (၈)ဆင့်

ကမ္ဘာ့ အလုပ်အများဆုံးသူတွေက ဘယ်သူတွေ ဖြစ်မယ်ထင်လဲ ….. မေမေတွေပါပဲ။ ဒီလို ပြောလိုက်လို့ အံ့အားသင့်သွားမလား… တကယ်တော့ မေမေတွေက အားလပ်ချိန်မရှိဘဲ မိသားစုတွေကို ပေးဆပ်တတ်ကြသူတွေပါ။ မေမေတွေဟာ မိုးလင်းကနေ မိုးချုပ် အလုပ်နဲ့ လက်မပြတ်တမ်းလုပ်ကြရပေမယ့် အချို့သော လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ချီးမွမ်းလေးစားခံရမှု တောင် မရကြပါဘူး။ ပျမ်းမျှအားဖြင့် ဘယ်သူ တစ်ဦးတစ်ယောက်ကမှ မေမေတစ်ယောက်လောက် အလုပ်မများတာ အမှန်ပါ။ မေမေတစ်ယောက်ဟာ အပြင်အလုပ်မလုပ်ဘူး အိမ်မှုကိစ္စ ကိုပဲ လုပ်တယ်။ အိမ်ထောင်ရှင်မ တာဝန်ကိုပဲ ယူထားတယ်ဆိုရင်တောင် မဆုံးနိုင်တဲ့ အိမ်မှုကိစ္စ၊ သားသမီးတာဝန်၊ လင်သားတာဝန်၊ မိဘတွေကို ပြုစုရတာ၊ စောင့်ထိန်းလိုက်နာရမယ့် ကျင့်ဝတ်တွေကို ပြည့်မီအောင် လုပ်ရတာနဲ့တင် မိုးလင်းကနေ မိုးချုပ် အနားမရကြသူတွေပါ။ မေမေတစ်ယောက်ရဲ့ တာဝန်မှာ ပိတ်ရက်၊ အားလပ်ချိန်ရယ်လို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း