ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မိခင်အမျိုးအစားကွဲ (၄)မျိုး

မိခင်ဆိုတာ မိသားစုတစ်စုရဲ့ ဝေယျာဝေစ္စ၊ အိမ်တာဝန်တွေ အကုန်လုံးကို ထမ်းပိုးထားရတဲ့ သူတစ်ဦးပါ။ မိမိအတွက်ထက် အမြဲတမ်းလိုလို ခင်ပွန်းသည်၊ သားသမီး၊ သူတို့ရဲ့ မိဘတွေ၊ ဆွေမျိုးတွေ အဆင်ပြေစေရေး၊ ကျန်းမာစေရေး၊ ပျော်ရွှင်စေရေးနဲ့ သံယောဇဉ် မြဲမြံစေရေးကိုလည်း တာဝန်ယူထားရပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးထိန်းကျောင်းပုံနဲ့ အိမ်တာဝန် စီမံခန့်ခွဲတဲ့နေရာမှာ ကွဲပြားသွားတဲ့ မိခင်အမျိုးအစား (၄) မျိုးကို ပြောပြပေးချင်ပါတယ်။ ကိုယ့်က မိခင်တစ်ယောက်အနေနဲ့ ဘယ်အမျိုးအစားတွေထဲမှာ ပါလဲ၊ ကိုယ့်ရဲ့ အားသာချက်က ဘာလဲ၊ အားနည်းချက်တွေ ရှိရင်ရော ဘယ်လိုပြင်ဆင်သင့်လဲဆိုတာကို နားလည်သွားတဲ့အခါ မိသားစုကြား ပိုပြီး ပြေပြေလည်လည် ဖြစ်သွားစေနိုင်မှာပါ။ ၁။ ပြီးပြည့်စုံမှုကို လိုလားသော မိခင်ပုံစံ ဒီလို မိခင်တွေဟာ မိသားစုအပေါ် အလွန်ထိန်းချုပ်တတ်တယ်၊ တခြားသူတွေ၊ ဘေးပတ်ဝန်းကျင်ရဲ့ အမြင်ကို အလွန်အလေးထားပြီး အမှားအယွင်းတစ်စုံတရာကို လုံးဝသည်းခံလေ့မရှိပါဘူး။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အချိုကြိုက်လွန်းတဲ့ကလေးနဲ့ မိဘတွေရဲ့ စိုးရိမ်လွန်ကဲမှု

အချိုမကြိုက်တဲ့ ကလေးဆိုတာ မရှိသလောက်ကို ရှားပါတယ်။ အချိုရဲ့ သဘာဝက ငယ်လွန်းတဲ့ ကလေးတွေ၊ ဆယ်ကျော်သက်တွေအပြင် လူကြီးတွေကိုယ်တိုင်ကိုပါ စွဲလန်းသွားစေတဲ့အထိ ကောင်းတာဆိုတော့ မိဘတွေအတွက် အမြဲ စိုးရိမ်လွန်လောက်စရာ ကိစ္စတစ်ခုလို ဖြစ်နေတတ်တာလည်း မဆန်းပါဘူးနော်။ အချိုဓာတ်ကြောင့် ကိုယ့်ရဲ့ ကလေးကျန်းမာရေး ထိခိုက်လာနိုင်လား၊ ကလေးက အချိုတွေ အရမ်းစားနေလား၊ အချိုစားလွန်းတဲ့ ကလေးတွေဟာ သွားနဲ့ ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိလာနိုင်လား၊ ကလေးကို တစ်နေ့ကို အချိုဘယ်လောက်နှုန်းကျွေးသင့်လဲ အစရှိသဖြင့် မိဘတွေကြားမှာ အမြဲ မေးခွန်းထုတ်နေရတဲ့ ပြဿနာကြီး တစ်ခုလိုပါပဲ။ ကလေးတွေရဲ့ အချိုကြိုက်တဲ့ သဘာဝ ကလေးအများစုက အချိုကြိုက်ပါတယ်။ ဒါကို အပြစ်တင်လို့ မရပါဘူး။ ကျန်းမာရေးအတွက် အာဟာရဓာတ် မပေးစွမ်းနိုင်ပေမယ့် ကလေးတွေရဲ့ လျှာက အချိုတွေ၊ အဆီပါဝင်မှုများတဲ့ အစားအစာတွေကို တောင့်တတတ်တာ သဘာဝပါ။ […]


မိခင်နို့တိုက်ကျွေးခြင်း

မေမေတို့ ရင်သွေး ကို နို့ချို တိုက်ကျွေးပြီး ဆီးချိုရောဂါကို ကာကွယ်ပါ

မေမေတို့ ရဲ့ နို့ရည်ဆိုတာ ရင်သွေး အတွက် အကောင်းဆုံးနဲ့ အပြည့်စုံဆုံး အာဟာရပါ။ မိခင်တစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို သရုပ်ဖော်ပြနေတဲ့ နို့ချို တိုက်ကျွေးခြင်းဟာ ဘေဘီလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုကို အလွန်ပဲအထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် နို့ချိုတိုက်ကျွေးခြင်းဟာ ရင်သွေးတွေကိုပဲ အကျိုးဖြစ်ထွန်းစေတာမဟုတ်ပါဘူး။ မိခင်ဖြစ်သူကိုလည်း အကျိုးဖြစ်ထွန်းစေတာပါ။ ဥပမာအားဖြင့်ပြောရရင် နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ကယ်လိုရီတွေ လောင်ကျွမ်းမှုအားကောင်းပြီး ကိုယ်အလေးချိန် ကျစ်လျစ်စေတာ၊ သွေးအားနည်းရောဂါဖြစ်နိုင်ခြေ နည်းပါးတာ၊ ဆီးလမ်းကြောင်းပိုးဝင်မှုကို တားဆီးနိုင်တာ၊ စိတ်ဖိစီးမှု လျော့ကျစေတာ၊ သွေးတိုးဖြစ်နိုင်ခြေကို လျှော့ချပေးတာ၊ ရင်သားကင်ဆာအပါအဝင် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးတာ၊ နှလုံးရောဂါဖြစ်နိုင်ခြေနည်းပါးသွားတာတွေပါပဲ။ ဒါတွေတင်မကပါဘူး။ ပုံမှန်နို့ချိုတိုက်ကျွေးတဲ့ မိခင်တွေဟာ ကမ္ဘာပေါ်က လူပေါင်း ၄၂၂ သန်းကို ဘေးဒုက္ခပေးနေတဲ့ ဆီးချိုရောဂါဖြစ်နိုင်ခြေလည်း နည်းပါးသွားမှာဖြစ်ပါတယ်။ ဆီးချိုရောဂါဟာ ဖြစ်ပွားမှုများသလို လူ့အသက်တွေကို နှုတ်ယူနှုန်းလည်းမြင့်မားပါတယ်။ ဆီးချိုရောဂါကြောင့် တစ်နှစ်ကို လူ ၁ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ အရွယ်မတိုင်ခင် မသန်မစွမ်းဖြစ်နိုင်

ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အာရုံကြောချို့ယွင်းတဲ့ရောဂါ Multiple Sclerosis (MS) ဖြစ်နိုင်တယ်လို့ နိုင်ငံစုံကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ခုခေတ်မှာ ကလေးတွေရဲ့ ကိုယ်အလေးချိန်တွေဟာ ယခင်ဆယ်စုနှစ်တွေကထက် ပိုပြီးမြင့်မားလာနေကြပါတယ်။ ပတ်ဝန်းကျင်နဲ့ အစာအာဟာရကျွေးမွေးမှုပုံစံတွေကြောင့်ပေါ့။ ဒီတော့ကလေးတွေမှာလဲ အဝလွန်တဲ့ပြဿနာနဲ့ရင်ဆိုင်လာရပါတယ်။ သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ငယ်ရွယ်စဉ်မှာ အဝလွန်တဲ့ကလေးတွေ ဟာ အသက်ကြီးလာချိန်မှာ နှလုံး၊ သွေးတိုး၊ ဆီးချိုနဲ့ လေဖြတ်နိုင်ခြေတွေပဲ မြင့်မားတာမဟုတ်ပါဘူးတဲ့။ အရွယ်မတိုင်ခင်မှာပဲ Multiple Sclerosis ဝေဒနာခံစားလာရနိုင်တယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၃၅ ရောက်ရင် တစ်ကမ္ဘာလုံးက ကလေးငယ်တွေရဲ့ ၁၄% လောက်ဟာ အဝလွန်နေနိုင်တယ်လို့ ဗြိတိန်အခြေစိုက် ကွင်းမေရီတက္ကသိုလ်ရဲ့ လေ့လာချက်တွေကဆိုထားပါတယ်။ ဒီကလေးတွေထဲက တချို့တစ်ဝက်ဟာ MS ရောဂါဝေဒနာခံစားနေရနိုင်ပါတယ်။ ပုံမှန်အားဖြင့် MS ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဟာ သဘာဝပတ်ဝန်းကျင်နဲ့ ဆေးလိပ်သောက်သုံးမှုတွေကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လေ့လာချက်အသစ်တွေအရ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

မေမေတို့ အတွက် Stay At Home ကာလ လမ်းညွှန်ချက် ၁၀ ချက်

ဖေဖေတွေဟာ အိမ်ဦးနတ်ဆိုရင် မေမေတို့ ကလည်း အိမ်ရဲ့ အရှင်သခင်မတွေပါပဲ။ နေအိမ်တစ်ခုကို စီမံခန့်ခွဲရာမှာ မိခင်တွေလောက် တော်တဲ့ တတ်တဲ့ ကျွမ်းကျင်တဲ့သူမျိုးတွေမရှိနိုင်ဘူးလေ။ ခုလို Stay At Home ကာလမျိုးမှာဆို မိခင်တွေက ပိုအရေးပါလာပါတယ်။ မိခင်တွေရဲ့ စနစ်တကျစီမံခန့်ခွဲမှုတွေအောက်မှာပဲ မိသားစုလေးက စနစ်တကျလည်ပတ်နေနိုင်မှာမဟုတ်လား။ Stay At Home ကာလမှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း၊ အိမ်မှုကိစ္စတွေ စီမံရင်း၊ လုပ်ငန်းခွင်တာဝန်တွေကိုလည်း ထမ်းဆောင်နေကြတဲ့ မိခင်တွေကို မြင်တွေ့ကြမယ်ထင်ပါရဲ့။ နေအိမ်မှာနေထိုင်ရင်း အိမ်ကိစ္စတွေ လုပ်ရင်းကိုင်ရင်း အထာကျတဲ့ ထက်မြက်တဲ့ အိမ်ထောင်ရှင်မတစ်ယောက်၊ မိခင်တစ်ယောက်ဖြစ်ဖို့အတွက် အသုံးဝင်နိုင်မယ့် နည်းနာလေးတွေ ရှိတာမို့ ပြောပြချင်ပါတယ်။ ၁။ မနက်စောစောထ အိမ်မှာနေနေရတဲ့ရက်တွေလေ စောစောထဖို့ လိုလို့လားလို့ တချို့ကတော့ မေးခွန်းပြန်ထုတ်ချင်ထုတ်နိုင်ပါတယ်။ တကယ်တော့ စောစောထတာက ကောင်းမွန်တဲ့ အလေ့အထတစ်ခုပါ။ ကလေးအတွက် မိသားစုအတွက် […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

သင့်ကလေးဟာ ကိုယ်ပူကြီးလာရင် တက်တတ်သလား

ကိုယ်ပူကြီးရင် တက်တတ်တဲ့ သင့်ကလေးအတွက် သင်စိတ်ပူမိတာမဆန်းပါဘူး။ ကလေးငယ်တွေမှာ ကိုယ်ပူကြီးလာတဲ့အခါ တက်တဲ့အခြေအနေတစ်ခုရှိပါတယ်။ မိမိကလေးမှာဖြစ်စေ၊ အခြား အိမ်နီးချင်း ကလေးတွေမှာဖြစ်စေ ကိုယ်ပူကြီးပြီး တက်သွားတယ်ဆိုတဲ့ အတွေ့အကြုံမျိုး ရှိတတ်ကြမှာပါ။  ကြားလည်း ကြားဖူးကြလိမ့်လို့ထင်ပါတယ်။ အရင်မူလက အာရုံကြောစနစ်နဲ့ ပတ်သက်ပြီး ဘာပြဿနာ မှလည်း  မရှိဖူးဘဲ ပုံမှန်အတိုင်း ကျန်းကျန်းမာမာနဲ့ကြီးပြင်းနေတဲ့ ကလေးတွေမှာ ဒီလိုပြဿနာနဲ့ ကြုံတွေ့ရတဲ့အခါ မိဘတွေအနေနဲ့ အတော်လေး အံဩပြီး စိတ်ပူပင်ရမှာပါ။ ကိုယ်ပူကြီး ပြီးတက်တဲ့အချိန်ဟာ မိနစ်အနည်းငယ်သာကြာပေမဲ့ မိဘတွေအနေနဲ့တော့ တစ်ကမ္ဘာလောက်ကြာ တယ်လို့ခံစားရမှာပါ။ ကံကောင်း ထောက်မစွာနဲ့ပဲ ထိုအခြေအနေဟာ အန္တရာယ်မကြီးလှပါဘူး။ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခု လည်း မဟုတ်ပါဘူး။ ကိုယ်ပူကြီးပြီး တက်တဲ့လက္ခဏာတွေကို အသေးစိတ်ပြောပြ ချင်ပါတယ်။ ကိုယ်အပူချိန်တက်လာပြီဆိုတာနဲ့ ကလေးဟာ ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာပြီး သတိလစ်သွားနိုင်ပါတယ်။ တစ်ခါတရံတော့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုကသာလျှင် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေး တစ်ယောက်ကို ဘယ်လိုစိတ်ခွန်အားမြှင့်တင်ပေးမလဲ

ကလေး တစ်ယောက်ရဲ့ စိတ်ဓာတ်က နုနယ်ပါတယ်။ သူတို့လေးတွေ စိတ်အားတက်ကြွနေဖို့ စိတ်ဓာတ်ခွန်အားပြည့်ဝနေဖို့လိုအပ်ပါတယ်။ စိတ်ခွန်အားပြည့်ဝပြီး အားအင်တက်ကြွနေမှ သူတို့လေးတွေရဲ့ နေ့စဉ်ဘဝဟာ ဖြောင့်ဖြူးသာယာနေမှာပါ။ ဒီလို စိတ်အားတက်ကြွနေဖို့၊ စိတ်ခွန်အားမြင့်မားနေဖို့ဆိုရင် မိဘအုပ်ထိန်းသူတွေရဲ့ လမ်းညွှန်မှုနဲ့ ဆုံးမပဲ့ပြင်မှုတွေက အဓိကကျပါတယ်။ ကိုယ့်ကလေး ပျော်ရွှင်တက်ကြွနေအောင် ဘယ်လို အားပေးကြမလဲ။ ဘယ်လို စိတ်အားတက်ကြွစေမလဲ။ နည်းလမ်းလေးတွေ ရှိပါတယ်။ ဘယ်လိုလုပ်ရမလဲ သင်ကြားပေးပါ ကလေးဆိုတာ သိချင်စိတ်များတယ်။ ဒါကြောင့် ဘာလုပ်လုပ် သူတို့က ဝင်ပါချင်တတ်ကြစမြဲ။ ဒီလိုအခြေအနေမျိုးမှာ ဆူငေါက်ပြီး နှင်ထုတ်လိုက်တာထက် ဘယ်လိုလုပ်ရတယ်၊ ဘာကြောင့်လုပ်ရတယ်ဆိုတာမျိုး သင်ကြားပေးမယ် ပြောပြပေးမယ်ဆိုရင် သူ့ရဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုကို မြှင့်တင်ပေးရာရောက်ပါတယ်။ ဖေဖမေမေတို့နဲ့ နေတဲ့အချိန်တိုင်းမှာ ဆုချီးမြှင့်ပါ တီဗီကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေထက် ဖေဖေမေမေတို့နဲ့ နေတဲ့အချိန်ပိုများတာက ကလေးတွေအတွက် ပိုအကျိုးရှိပါတယ်။ ကိုယ်တိုင်ကလည်း ကလေးတွေက အချိန်ပေးဖို့လိုပါတယ်။ ပေါက်ကရမုန့်တွေ မစားဖြစ်တိုင်း ဆုချပါ လမ်းဘေးသွားရည်စာတွေ၊ Junk Food တွေနဲ့ အသင့်စားအစားအစာတွေဟာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ကိုယ်ခံအားစနစ် အပေါ် သက်ရောက်နေတဲ့ အချက်များ

သားလေးက ချူချာတယ်၊ နေမကောင်း ခဏခဏ ဖြစ်လို့ ဆေးခန်းပဲ ပြေးနေရတာပဲ လို့ မေမေတွေရဲ့ စိတ်မကောင်းဖြစ်နေတဲ့ ညည်းသံလေးတွေ ကြားဖူးမှာပေါ့။ ငယ်ငယ်က ကျန်းမာရေး ချူချာခဲ့တဲ့ ကလေးတွေဟာ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေမှာ သူများတွေထက် နှေးကွေးတာ၊ မပြည့်မီတာလေးတွေ ရှိတတ်တာလည်း သိကြပြီး ဖြစ်ပါလိမ့်မယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ အဓိက အကြောင်းရင်းခံကတော့ ကလေးရဲ့ကိုယ်ခံအားစနစ် က မကြံ့ခိုင်လို့ပါပဲ။ ကိုယ်ခံအား နည်းတဲ့အခါ ရောဂါဝင်လွယ်မယ်၊ နေမကောင်းဖြစ်ရတဲ့အခါ အားပိုနည်းမယ်၊ ဖွံ့ဖြိုးဆဲအရွယ်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေ အပြည့်အဝ မရယူနိုင်တော့ဘူး၊ ဒီလိုကနေ ဖွံ့ဖြိုးသင့်သလောက် ဖြစ်မလာတော့ဘဲ ရွယ်တူတွေကြား နောက်ကောက်ကျသွားရနိုင်ပါတယ်။ ကလေးရဲ့ကိုယ်ခံအားစနစ် ကို ဘာတွေက သက်ရောက်မှုရှိနေသလဲ ကလေးရဲ့ကိုယ်ခံအားစနစ်ကို ကျန်းမာစေနိုင်တဲ့ အချက်တွေရှိသလို အားနည်းစေနိုင်တဲ့ အချက်တွေလည်း အများကြီး ရှိတာပေါ့။ သားသားမီးမီးတွေရဲ့ ကိုယ်ခံအားစနစ်နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးစကလေး တွေနဲ့ ပတ်သက်ပြီး မေမေတို့ မထင်ထားတဲ့ အလွဲများ

မွေးစကလေး ကို စောင့်ရှောက်ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမှ မဟုတ်တာ။ ဒီသေးသေးလေးတွေကို ဘယ်နည်းနဲ့မှ အမှားမခံနိုင်ဘူးဟုတ်။ ဒါပေမယ့် ကိုယ်က ခုမှ သားဦး ဖြစ်တယ်ဆိုရင် ဘေးပတ်ဝန်းကျင်ရဲ့ အကူအညီကိုလည်း ယူရတာပဲ မလား။ ဒီအခါမှာ မှန်တာတွေရော မမှန်တာတွေရော ပါလာနိုင်ပါတယ်။ ဘယ်လိုအရာတွေက မေမေတို့ သိထားတဲ့ အလွဲလေးတွေလဲဆိုတာ ပြောပြပေးပါ့မယ်။ မွေးစကလေး နဲ့ မေမေတို့ရဲ့ အလွဲလေးများ ကလေးကို နေ့တိုင်းရေချိုးပေးရမယ်။ ကလေးကို နေ့တိုင်းချိုးပေးစရာ မလိုပါဘူး။ အထူးသဖြင့် မွေးကင်းစမှာပါ။ ကလေးရဲ့ အရေပြားမှာ မွေးစဆိုရင် အဖြူဖတ်လေးတွေ ကပ်နေတတ်ပါတယ်။ အဲ့ဒါကို အတင်းမခွာပစ်ရပါဘူးနော်။ အဲ့ဒါ ကလေးအရေပြားကနေတဆင့် ရောဂါပိုး မဝင်အောင် သဘာဝက ကာကွယ်ပေးထားတာပါ။ ကလေးကို တစ်နှစ်ပြည့်တဲ့အထိ တစ်ပတ်ကို ၂ခေါက် ၃ခေါက်လောက် ရေချိုးပေးရင် လုံလောက်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော်

မွေးကင်းစကလေး ကို ပြုစုစောင့်ရှောက်တဲ့နေရာမှာ မေမေတို့အနေနဲ့ ဆောင်ရန် ရှောင်ရန်တွေ အများကြီးပါပဲ။ အထူးသဖြင့် မေမေတို့က ကောင်းစေချင်လို့ လုပ်လိုက်ပေမယ့် ကလေးအတွက် ဆိုးကျိုးဖြစ်သွားတာလေးတွေ ရှိပါတယ်။ နောက် ဘာမှမဖြစ်လောက်ဘူးလို့ ထင်ထားပေမယ့် ကြီးကြီးမားမားထိခိုက်သွားနိုင်တာလေးတွေပေါ့။ အောက်မှာ ဆက်ပြောမှာကတော့ မေမေတို့ ကလေးလေးတွေကို မလုပ်သင့်တဲ့ အရာလေးတွေပါ။ မွေးကင်းစကလေး တွေကို မေမေတို့ ဒါတွေ မလုပ်ရဘူးနော် ခေါင်းရိတ်တာ မေမေတို့ရေ ကလေးလေးက ခေါင်းရိတ်မှ ဆံပင်သန်မယ်ဆိုတာ မဟုတ်ပါဘူးနော်။ သိပ်ရိတ်ပေးချင်ရင်လည်း နောက်မှရိတ်ပါ၊ ခုတော့ မရိတ်ပါနဲ့ဦး။ ဆံပင်တွေက ကလေးရဲ့ ခေါင်းအတွက် အကာအကွယ်ပါ။ ခေါင်းမအေးအောင် ကာပေးထားတာပါ။ မေမေတို့ ရိတ်လိုက်ရင် ကလေးက ကတုံးပြောင်ပြောင်နဲ့ အေးနေမှာပေါ့။ ပြီးတော့ မတော်တဆများ ဓားရှမိရင် ဒဏ်ရာကနေတဆင့် ဦးနှောက်ထဲကို ပိုးဝင်တတ်တယ်နော် မေမေတို့။ ကလေးငိုတာကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း