ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့

စိတ်ပိုင်းဆိုင်ရာ ကျန်းမာ​ကြံ့ခိုင်စွာ ကြီးပြင်းလာစေဖို့ ငယ်စဉ်ကတည်းက ကလေးကို စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သူ တစ်ဦးဖြစ်အောင် ပျိုးထောင်ပေးဖို့လိုပါမယ်။ ဆယ်ကျော်သက် အရွယ်ရောက်လာတဲ့အခါမှာ ကလေးတိုင်းက စိတ်ဓာတ်ကျတာ အပါအဝင် အမျိုးမျိုးသော စိတ်အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒီလို အခြေအနေတွေကို ကျော်လွှားနိုင်မှ ကလေးက အောင်မြင်တဲ့ လူငယ်ဖြစ်လာမှာပါ။ ဒီတော့ ကိုယ့်ရဲ့ ဆယ်ကျော်သက်  ကလေးတစ်ယောက်ကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာ ကြံခိုင်စေဖို့ ဘယ်လို အလေ့အထလေးတွေများ မွေးမြူပျိုးထောင်ပေးဖို့ လိုမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆယ်ကျော်သက်တို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ ခန္ဓာကိုယ် အပြောင်းအလဲ၊ စိတ်အပြောင်းအလဲကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပါ လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဆယ်ကျော်သက် တစ်ယောက်အနေနဲ့ တစ်နေ့ကို တစ်နာရီလောက် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးဖို့လိုပါမယ်။ လေ့ကျင့်ခန်း […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

Puberty က hit ဦးမှာလား။

ဆယ်ကျော်သက်တွေ ကြားထဲမှာ ခေတ်စားနေတာက puberty hit ဆိုတဲ့ စကားရပ်လေး ရှိပါတယ်။ အရင်က ပုပုသေးသေး ကောင်မလေးက ခုမှ အရပ်တွေရှည်ပြီး လှလာတယ်လို့၊ ပိန်ပိန်ညှက်ညှက်ကောင်လေးက ယောက်ျားပီသတဲ့ ရုပ်လေး ထွက်လာတယ်တို့ပေါ့။ အပျိုဖော် လူပျိုဖော်ဝင်တယ် (puberty)ဆိုတာ လူတိုင်း ကျော်ဖြတ်ရမယ့် ကိစ္စပေမယ့် လူတိုင်းကတော့ puberty hitချင်မှ hitမှာပါ။ လူတိုင်း နတ်ရေကန်ထဲ ပစ်ချလိုက်သလို ပြောင်းလဲချင်မှ ပြောင်းလဲမှာပါ။ ဒါဟာ ဘာကြောင့်များပါလိမ့်။ ဘယ်အချက်တွေကများ puberty hit စေတာလဲ။ ပျိုဖော်ဝင်ချိန်မှာ ပြောင်းလဲမှုတွေ ဖြစ်စေတာက အောက်ကအချက်တွေကြောင့်ပါ။ ဟော်မုန်း အပျိုဖော်ဝင်တော့မယ်ဆိုရင် ဦးနှာက်ထဲမှာရှိတဲ့ ဟော်မုန်းထိန်းချုပ်ရာ ဌာနချုပ်ကြီး ဟိုက်ပိုသလမက် (hypothalamus) က စပြီး လှုပ်ရှားလာပါပြီ။ သူ့ရဲ့ အမိန့်ပေးမှုနဲ့ ကောင်မလေးတွေရဲ့ သားဥအိမ်၊ ကောင်လေးတွေရဲ့ ဝှေးစေ့ကနေ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေရဲ့ အရေပြားကို ဒုက္ခပေးမယ့် အရာများ

တစ်ခါတလေကျရင် ဘေဘီလေးတွေမှာ အကြောင်းအရင်းမသိရဘဲ အရေပြားတွေ ယားယံနေတာ၊ နီရဲနေတာမျိုး မြင်တွေ့ရတတ်ပါတယ်။ နူးညံ့လှတဲ့ ကလေးအရေပြားလေး ယားယံနေတဲအခါ သူတို့အတွေ ခံစားရခက်သလို ဘာကြောင့်ဆိုတာကိုလည်း ပြောပြနိုင်စွမ်းမရှိသေးတော့ အတော်လေး အကျပ်ရိုက်စရာ အခြေအနေဖြစ်ပါတယ်။ ခုလိုမျိုး ရင်သွေးလေးတွေ အရေပြားယားယံမှုဖြစ်စေတဲ့အကြောင်းအရင်း အမြောက်အများရှိပြီးတော့ အဓိက အကျဆုံး အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ Sunscreen - Sunscreen တွေဟာ အသားအရေကို နေလောင်မှုဒဏ်ကနေ ကင်းဝေးစေဖို့ ရည်ရွယ် ဖန်တီးထားတဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ Sensitive skin မျိုးရှိတဲ့ကလေးမျိုးတွေအတွက် Sunscreen နဲ့ မတည့်တာမျိုးဖြစ်တတ်ပါတယ်။ ရင်သွေးအတွက် Sunscreen ဝယ်ယူမယ်ဆိုရင် Para-aminobenzoic acid (PABA) မပါတာကိုရွေးချယ်ဝယ်ယူပါ။ ဒီဓာတ်က ကလေးအရေပြားကို ယားယံစေတာဖြစ်ပါတယ်။ Antibacterial Soap - […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ရင်သွေး ဘာလို့ အော့အန်နေတာလဲ? ဘယ်လိုဖြေရှင်းမလဲ?

ရင်သွေးလေးတွေဟာ တစ်ခါတစ်ရံမှာ အကြောင်းပြချက် ရေရေရာရာမရှိပဲ အော့အန်တာမျိုးဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာပြီဆိုရင် မိဘတွေမှာ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ပြာယာခတ်တတ်ကြတာ သဘောဝပါပဲ။ တကယ်တော့ ကလေးတွေ အော့အန်ရတဲ့အကြောင်းအရင်းတွေဟာ အမျိုးမျိုးဖြစ်နိုင်ပြီး ဘယ်လိုပြဿနာကြောင့် အော့အန်နိုင်လဲဆိုတာကို သိနားလည်ထားမယ်ဆိုရင် တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းကုစားပေးနိုင်ဖို့ အခွင့်အလမ်းများပါတယ်။ အဖြစ်များတာကတော့ အစာအိမ်ဗိုင်းရပ်စ်တွေကြောင့် ဒါမှမဟုတ် အစာအဆိပ်သင့်တာမျိုးတွေကြောင့်ပါ။ ဒါပေမယ့် တခြားအကြောင်းအရင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာပါပဲ။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ အော့အန်တာကို သက်သာအောင် ကူညီနိုင်ပါတယ်။ ရေဓာတ်ချို့တဲ့တာဟာ အဖြစ်များတဲ့ပြဿနာဖြစ်ပါတယ်။ ကလေးတွေကို ကိုယ်တိုင်ဂရုတစိုက်နဲ့ အစားအစာမပြင်ဆင်ပေးနိုင်ရင် ရေဓာတ်ချို့တဲ့တာဖြစ်ဖို့ အလွန်နီးစပ်ပါတယ်။ အော့အန်တာအပြင် ပင်ပန်းနွမ်းနယ်နေတာ၊ ပါးစပ် အာခေါင်ခြောက်တာ၊ ငိုကြွေးချိန်မှာ မျက်ရည်သိပ်မကျတာ၊ အရေပြားအေးစက်နေတာ၊ ပုံမှန်အတိုင်း ဆီးမသွားတာ၊ ဆီးအရောင်ရင့်လွန်းနေတာတွေပါဖြစ်နေပြီဆိုရင် သင့်ကလေး ရေဓာတ်ချို့တဲ့တာသေချာနေပါပြီ။ ရင်သွေး အော့အန်ခြင်းကို သက်သောစေမယ့် နည်းလမ်းများ အော့အန်ရတဲ့အကြောင်းအရင်းတွေထဲက အဓိကအချက်တစ်ခုက ရေသောက်နည်းပြီး ရေဓာတ်ချို့တဲ့လို့ဖြစ်နိုင်ပါတယ်။ ရေဓာတ်ပြန်ပြည့်အောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို ဘယ်လိုသိပ်ကြမလဲ

မနက်သုံးနာရီကလည်းထိုးပြီ၊ မိမိရဲ့ဘေဘီလေးကလည်းမအိပ်သေးဘူး။ မေမေကတော့ အရမ်းအိပ်ချင်နေပြီပေါ့။ ဘေဘီလေးတို့အိပ်စက်ဖို့ရန်အတွက် မေမေတို့တွေ ဘယ်လိုနည်းလမ်းတွေ သုံးရမှာပါလိမ့်။ (၁) ‘S’ ငါးလုံးနည်းလမ်း Swaddling ဆိုတာ မြန်မာလိုဆိုရင် တင်းကြပ်စွာထုပ်ပိုးထားသည်လို့ အဓိပ္ပာယ်ရပါတယ်။ ကလေးတွေဟာ မေမေတို့ရဲ့ဗိုက်ထဲမှာ သန္ဓေသားဘဝအနေနဲ့ ကိုးလခန့်ရှိနေခဲ့တာပါ။ ထိုအချိန်က မေမေတို့ရဲ့သားအိမ်ဟာ သန္ဓေသားလေးတွေကို နွေးထွေးစွာထုပ်ပိုးထားခဲ့ပါတယ်။ ဒါကြောင့်အပြင်ရောက်လာသည့်တိုင် ဒီလိုခံစားမှုမျိုးကို ကြိုက်နေတတ်ကြပါတယ်။ ဘေဘီလေးတွေကိုချော့သိပ်ဖို့ဆိုရင် နွေးထွေးစွာထုပ်ပိုးယုယထားခြင်း နည်းလမ်းဟာလည်း အသုံးဝင်ပါတယ်။ တခြားအချိန်တွေမှာတော့လွတ်လပ်စွာဆော့ကစားပါစေနော်။ Side - ဘေးတစ်စောင်းအနေအထားနဲ့ သိပ်ကြည့်ပါ။ ဘေးစောင်းအနေအထားဟာ ဘေဘီလေးကို အိပ်မက်ကမ္ဘာထဲရောက်အောင် တဖြည်းဖြည်းနဲ့ခေါ်ဆောင်သွားနိုင်ပါတယ်။ အိပ်ပျော်သွားရင်တော့ ပက်လက်အနေအထားပြန်ပြောင်းပေးနိုင်ပါတယ်။ Shushing ဆိုတဲ့အဓိပ္ပာယ်ကတော့တိုးတိတ်ညင်သာတဲ့ ရှူးဆိုတဲ့အသံကို စည်းချက်ကျကျ ကလေးရဲ့နားအနီးမှာသီဆိုပေးပါ။ ဤအသံဟာ သားအိမ်ထဲမှာရှိနေစဉ် ကာလမှာ ကြားခဲ့ရတဲ့အသံနဲ့ ပုံစံတူတယ်လို့ဆိုထားကြပါတယ်။ Swing - ဒီနည်းလမ်းကိုတော့ လူတိုင်းသိပြီးသားပါ။ ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို ခေါင်းအုံးနဲ့ ပေးအိပ် လို့ရလား

လူကြီးတွေအတွက်တော့ ခေါင်းအုံးဆိုတာ အိစက်ညက်ညောပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်နိုင်အောင် အထောက်အကူပေးတယ်ဆိုပေမယ့် ငယ်သေးတဲ့ ကလေးတွေအတွက်တော့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ အရွယ်ငယ်သေးတဲ့ ကလေးတွေမှာ ခေါင်းအုံးနဲ့ ပေးအိပ် ကျင့်မရှိတာကြောင့်ရယ်၊ အသက်အရွယ်ကြောင့် ခေါင်းအုံးနဲ့ အိပ်တဲ့အခါ မတော်တဆ ဖိမိပြီး မွန်းသလို ခံစားရတာ၊ အသက်ရှူကျပ်တာ၊ အသက်ရှူမဝတာတွေ ဖြစ်နိုင်ပါတယ်။ ဘယ်အရွယ်မှ ခေါင်းအုံးနဲ့ ပေးအိပ် လို့ ရမှာလဲ။ အနည်းဆုံး ကလေးအသက် တစ်နှစ်ခွဲ (၁၈ လ) အရွယ်မှသာ ခေါင်းအုံးနဲ့ သိပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။ အဲဒီထက်ငယ်တဲ့ ကလေးတွေ၊ အထူးသဖြင့် အသက် တစ်နှစ်အောက် ကလေးတွေဆိုရင်တော့ ခေါင်းအုံးနဲ့ ပေးအိပ်ပ်သင့်ပါဘူး။ အသက် တစ်နှစ်အောက် ကလေးတွေမှာ ရုတ်တရက်သေဆုံးခြင်းလက္ခဏာ (SIDS) ကို ဖြစ်စေတဲ့ တရားခံအကြောင်းရင်းတွေထဲမှာ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေး အစာမကြေဖြစ်နေလား ဘယ်လိုသိနိုင်မလဲ ..ဘယ်လိုကာကွယ်ကြမလဲ

လူကြီးတွေလို ရောဂါလက္ခဏာ တိတိကျကျ မပြောပြတတ်တဲ့ ကလေးတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ရင် သူတို့ရဲ့ အပြုအမူနဲ့ ပြင်ပလက္ခဏာလေးတွေကို အမြဲသတိထားမိဖို့ အရေးကြီးပါတယ်။ ကလေးက အစာမစားချင်ဘူးပဲ ပြောနေပြီဆိုရင် ကလေးမှာ အစာမကြေတာများဖြစ်နေလားလို့ စတင် သံသယရှိသင့်ပါပြီ။ အစာမကြေတာက ဝမ်းချုပ်တာလိုပဲ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ကိစ္စတစ်ခုပါ။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာလည်း ဖြစ်နိုင်ခြေများပါတယ်။ အစာမကြေတာက ကြီးကြီးမားမား ကျန်းမာရေး ပြဿနာလို့ မဆိုသာပေမယ့် သေချာလေး ဂရုစိုက် စောင့်ရှောက်ဖို့တော့ လိုပါတယ်။ အစာမကြေခြင်းက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေနိုင်သလို သားသားမီးမီးတို့ရဲ့ ပျော်ရွှင်စရာအချိန်လေးတွေကို ထိခိုက်စေနိုင်လို့ပါ။ ကလေးက အစာမကြေဖြစ်နေတာလား။ ကလေးက အစာမကြေဖြစ်နေတဲ့အခါ လေပွမယ် မကြာခဏ လေတက်နေမယ် စားချဉ့်ရည်(အစာခြေရည်) ပြန်ဆန်တက်မယ် မအီမသာဖြစ်မယ် အော့အန်မယ် အစားမစားဘဲ နေမယ် စတဲ့ လက္ခဏာတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို စိတ်ပိုင်းဆိုင်ရာက ဘယ်လို ပံ့ပိုးပေးလဲ။

ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေတဲ့ ဖေဖေ မေမေတို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ကိုယ့်ကလေးကို ကျန်းမာပြီး စိတ်ချမ်းချမ်းသာသာလေးနဲ့ ကြီးပြင်းစေချင်တာပါပဲ။ ဒီလို ဖြစ်လာဖို့အတွက်ကိုပဲ မေမေတို့ အကောင်းဆုံးကြိုးစားခဲ့ကြတာပဲလေ။ ကလေးအတွက် အကောင်းဆုံးဆိုတာတွေကိုကြီး ရွေးချယ်ပြီး ပေးခဲ့ကြတာပါ။ ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ ဘာတွေ လိုအပ်မလဲ။ မေမေတို့ရဲ့ သားသားမီးမီးတွေ စိတ်ကူးထဲကအတိုင်း ကျန်းကျန်းမာမာကြီးပြင်းလာဖို့ဆိုရင် ပြည့်ဝတဲ့အာဟာရ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာရေးစောင့်ရှောက်မှု မိသားစု ချစ်ခင်ပေးမှု စတာတွေ လိုအပ်ပါတယ်။ မေမေတို့ အားလုံးပေးနိုင်ပေမယ့် တစ်ခါတလေမှာ ကလေးကို ချစ်ခင်မှုတွေ မပေးနိုင်ပါဘူး။ ဆိုလိုတာက ဖေဖေ မေမေတို့အနေနဲ့ ကလေးကို မချစ်တာမဟုတ်ဘဲနဲ့ ကလေးကို ပြည့်စုံအောင် ထားမယ်ဆိုတဲ့ စိတ်နဲ့ အချိန်ပြည့် စီးပွားရေးတွေ လုပ်နေရတဲ့အတွက် ကလေးနဲ့ လက်ပွန်းတတီးနေချိန်တွေ၊ ကလေးကို ချစ်ကြောင်းပြဖို့တွေကို မေ့သွားတတ်ပါတယ်။ တကယ်တော့ ဒီအချက်က ကလေးရဲ့ […]


ကလေးငယ်အာဟာရ

ဘေဘီလေး သွေးအားမနည်းစေဖို့ ဘာတွေ ပြင်ဆင်ကျွေးမွေးမလဲ။

သွေးအားနည်းတာက လူကြီးတွေမှာမှ မဟုတ်ပါဘူး။ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ သွေးအားနည်းရတဲ့ အဓိက အကြောင်းအရင်းကတော့ စားသုံးတဲ့ အစားအစာတွေမှာ သံဓာတ် ပါဝင်မှု နည်းနေလို့ပါ။ သံဓတ် အားနည်းတာက သွေးအားနည်းရောဂါကို ဖြစ်စေပြီး ဘေဘီလေးကို အာရုံစူးစိုက်နိုင်စွမ်း ကျစေနိုင်သလို သင်ယူနိုင်မှုကိုလည်း အားနည်းစေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးမှာ သံဓာတ် အားနည်းပြီး သွေးအားနည်းရောဂါ မဖြစ်စေဖို့ ဒီဆောင်းပါးလေးကနေ ပြောပြပေးသွားပါမယ်။ ဘေဘီလေး သွေးအားနည်းရောဂါ ကင်းစေဖို့ ဘေဘီလေးမှာ သွေးအားနည်းရောဂါ ကင်းစေဖို့ ဒါတွေ ပြင်ဆင်ပေးဖို့ မမေ့ပါနဲ့။ Oatmeal Oatmealက ကလေးတိုင်း နှစ်သက်သလို ဘေဘီလေးတို့အတွက် လိုအပ်တဲ့ အာဟာရလည်း ပြည့်ဝစွာ ပါဝင်နေပါတယ်။ အမျှင်ဓာတ်လည်း ပါဝင်တာကြောင့် အစာခြေစနစ်ရော အစာအိမ်ကိုပါ ကျန်းမာစေမှာပါ။ ဘေဘီလေး သွေးအားနည်းရောဂါ ကင်းစေဖို့လည်း သံဓာတ် ဖြည့်ပေးမှာပါ။ အနီရောင် အသား အနီရောင် အသားတွေက […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ဘယ်အချိန်မှာ ချိစ် စကျွေးမလဲ။

ချိစ်က နို့ထွက်ပစ္စည်း တစ်မျိုးဖြစ်ပြီး ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ အာဟာရဓာတ် များစွာ ပါဝင်နေပါတယ်။ ဒါဆို ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးတွေကို ချိစ်ကျွေးလို့ရလားလို့ မေမေတိုင်း သိချင်နေမယ် ထင်ပါတယ်။ ဒီလို သိချင်နေတဲ့ ကိစ္စလေးကို ဒီ ဆောင်းပါးလေးကနေ အဖြေပေးသွားမှာမို့ အတူတူ ဖတ်ကြည့်ရအောင်လား မေမေတို့ရေ............ ဘေဘီလေးက ဘယ်အရွယ်မှာ ချိစ် စစားလို့ရလဲ............... မိဘ တော်တော်များများက ဘေဘီလေးက ဖြည့်စွက်စာ စစားပြီဆိုတဲ့ ၆ လ အရွယ်ကစလို့ ချိစ်ကို စကျွေးချင်ကြပါတယ်။ တကယ်ကတော့ မသင့်တော်သေးပါဘူး။ ၆ လမှာ ကလေးက မိခင်နို့အပြင် ဖြည့်စွက်စာကို စစားပြီဆိုတာ မှန်ပေမယ့် ချိစ်ကျွေးရလောက်တဲ့အထိ အပြည့်အဝ ဖွံ့ဖြိုးပြီလားဆိုတာ အတိအကျ ပြောဖို့ ခက်ပါမယ်။ ဒီလိုပြောရတာက ချိစ်က နို့ထွက်ပစ္စည်း တစ်ခု ဖြစ်နေတာကြောင့်လည်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း