ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........

ကျွန်တော်တို့ရဲ့ အစာခြေစနစ်ထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားလေးတွေ မှီတင်းနေထိုင်ကြပါတယ်။ အကျိုးပြုတဲ့ ဘက်တီးရီးယားရော အကျိုးမပြုတဲ့ ဘက်တီးရီးယားရောပါ။ အကျိုးပြု ဘက်တီးရီးယားလေးတွေ ကတော့ အစာခြေစနစ်ကစလို့ ကိုယ်ခံအားပါ ကောင်းစေဖို့ အကောင်းဆုံး ထောက်ကူပေးတာပေါ့။ အကျိုးပြု ဘက်တီးရီးယားလေးတွေ ကျန်းမာစေဖို့ဆိုရင် သူတို့ကို အာဟာရ ထောက်ပံ့ပေးဖို့ လိုပါမယ်။ ဒီလိုထောက်ပံ့ပေးတဲ့အာဟာရကိုတော့ ပရီဘိုင်အိုးတစ်(prebiotics)လို့ ခေါ်ပါတယ်။ အရွယ်ရောက်ပြီးသားသူတွေမှာ အကျိုးပြုဘက်တီးရီးယားတွေက လုံလောက်မှုရှိပေမယ့် ဖွံ့ဖြိုးဆဲ ကလေးတွေရဲ့ အစာခြေစနစ်ထဲမှာတော့ ဒီ အကျိုးပြု ဘက်တီးရီးယားတွေက လုံလုံလောက် မရှိသေးဘူးပေါ့။ ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ဖွံ့ဖြိုးစေဖို့ဆိုရင် အရေးအကြီးဆုံးက အစာခြေစနစ်ပါ။ ကြားဖူးနေတဲ့ lcFos က ကလေးတွေအတွက် ဘယ်လို အကျိုးပြုသလဲ........ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် သေချာတာက အကျိုးပြုဘက်တီးရီးယားလေးတွေ အကောင်းဆုံး ရှင်သန်နိုင်အောင် ထောက်ပံ့ပေးဖို့ပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကလေးတွေရဲ့ အစာခြေစနစ်ထဲက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ချစ်ခင်မြတ်နိုးမှုနဲ့ အလေးဂရုပြုမှုကို ဖော်ပြကြတဲ့ အခိုက်အတန့်

မိုးတွေ အကြိုက်ရွာတဲ့ မိုးရာသီပြီးလို့ မကြာခင်မှာ အဝေးရောက်နေသူတွေအားလုံး နေရပ်ကိုပြန်ပြီး မိသားစုတွေနဲ့ ဆုံတွေ့ကြရတော့မယ့် ဆီမီးထိန်ထိန်ညီးတဲ့ သီတင်းကျွတ်ကာလ ရောက်လာတော့မယ်နော်။ မိုးလေကင်းလွတ်တဲ့ သီတင်းကျွတ်က ရာသီဥတုလေး သာယာသလို ကြည်လင်တဲ့ ညကောင်းကင်အောက်မှာ ဆီးမီးတွေထွန်းရင်း ဖေဖေမေမေ ဖိုးဖိုးဖွားဖွားတို့ကို ကန်တော့ စကားတွေပြောကြ ဖိုးဖိုးဖွားဖွားတို့က မေတ္တာအပြည့်နဲ့ ပြင်ဆင်ပေးထားတဲ့ မုန့်တွေကိုစားရင်း မောင်နှမတွေ ပျော်ပျော်ပါးပါးဆုံရတဲ့ ပျော်ရွှင်မှုက အတိုင်းမသိနော်။ ဒါပေမယ့် အခုကာလက မြန်မာနိုင်ငံမှာ ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုဗစ်က ဖြစ်နေတယ်ဆိုတော့ အရင်လို မိသားစုတွေ အတူတူ ပျော်ပျော်ပါးပါး ဘုရားသွားဖို့ လျှောက်လည်ဖို့ဆိုတာ သိပ်တော့ မလွယ်ဘူးနော်။ ဒါပေမယ့်လည်း ပျော်စရာကောင်းတဲ့ အခိုက်အတန့်ကို အကောင်းဆုံးလေးတော့ ဖြတ်သန်းရမယ်လေ။ အကြောင်းကတော့ သီတင်းကျွတ်ဆိုတာ မြန်မာလူမျိုးတွေရဲ့ တစ်ဦးအပေါ်တစ်ဦး ချစ်ခင် အလေးဂရုပြုမှုကို ပြသတဲ့ အချိန် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ အနာဂတ် လှပဖို့ DHA ဘာလို့လိုတာလဲ

ကလေးကို အကောင်းဆုံးသော အရာတွေကို ပေးချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ဒီဆန္ဒ ပြည့်ဝဖို့ကိုလည်း မိဘတိုင်းက အကောင်အထည်ဖော်နိုင်ပါတယ်။ကလေးရဲ့ အနာဂတ် လှပဖို့ ဖန်တီးပေးနိုင်မယ့် လက်တစ်စုံကလည်း ဖေဖေမေမေတို့ ကိုယ်တိုင်ပဲဆိုတာ မမေ့စေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကိုယ်ချစ်ရတဲ့ သားသားမီးမီးတို့ရဲ့ အနာဂတ်လေးတွေ လှပစေဖို့ မေမေဖေဖေတိုင်း မသိလို့မဖြစ်တဲ့ အချက်လေးတစ်ခုအကြောင်း ပြောပြပေးသွားမှာပါ။ ကလေးတစ်ယောက် ကျန်းမာစွာ ကြီးပြင်းလာစေဖို့ မေမေတို့ မေ့နေနိုင်တဲ့အရာတစ်ခု ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းစေဖို့ အာဟာရ ပြည့်အောင် ဂရုစိုက်ပါလို့ ပြောလိုက်ရင် ပရိုတင်း၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေကို အရင် ပြေးမြင်နိုင်ပါတယ်။ တချို့ကလည်း အားရှိဖို့လိုတယ်ဆိုတာတော့ သိပေမဲ့ ဘယ်အစိတ်အပိုင်းအတွက် ဘာအာဟာရဓာတ်ကို အဓိကလိုတယ်...ဘယ်လိုပြည့်ဝအောင် ကလေးကို ကျွေးမွေးရမယ်ဆိုတာကို တိတိကျကျမသိနေတာလည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ ပံ့ပိုးပေးနေတဲ့ အာဟာရဓာတ်လေး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြား နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့

ဘိုးဘိုးဘွားဘွားတို့နဲ့ မြေးလေးတို့ဟာ ကြားမှာ မျိုးဆက်တစ်ခုခြားပါတယ်။ မျိုးဆက်အပေါ်အောက်ဖြစ်တဲ့ မိဘနဲ့ သားသမီးကြားမှာတောင် နားလည်မှုလွဲတာ၊ သူ့ခေတ်နဲ့ ကိုယ့်ခေတ် အယူအဆ မတူတာတွေ ရှိသေးတာ၊ မြေးအဘိုးတွေကြားထဲမှာရော မရှိနိုင်ဘူးလား။ ဒါပေမယ့် သားအချစ်၊ မြေးအနှစ်လေ။ ဒီအခက်အခဲတွေကို ဘိုးဘိုးဘွားဘွားတို့ရဲ့ မေတ္တာ၊ မြေးလေးတွေရဲ့ အချစ်နဲ့ ကျော်လွှားနိုင်ပါတယ်။ တချို့ဘိုးဘိုးဘွားဘွားတွေက မြေးအပေါ် စည်းကမ်းတင်းကြပ်သလောက် တချို့ကလည်း အလိုလိုက်ကြပါတယ်။ ဒီလိုပါပဲ။ မြေးလေးတွေမှာလည်း လိမ္မာတဲ့ မြေးလေး ရှိသလို၊ ပြောရခက်တဲ့ ကလေးတွေလည်း ရှိနေတာပါပဲ။ ဒီတော့ ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြားမှာ နွေးထွေးပြီး ပျော်ရွင်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ကြမလဲ။ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။ ဘိုးဘိုးဘွားဘွားနဲ့ မြေးငယ်လေးတို့ကြား နွေးထွေးတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့ ပုံပြင်လေးတွေ ပြောပြပါ။ စာအုပ်ထဲက ပုံပြင်လေးတွေ အပြင် ဘိုးဘိုးဘွားဘွားတို့ ငယ်ငယ်က အကြောင်းတွေ၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးများရဲ့ ဆန်းစစ်ဝေဖန်နိုင်စွမ်းတိုးတက်စေဖို့

ကလေးတွေဟာ သင်လွယ်တတ်လွယ်လေးတွေပါ။ ခုခေတ်ကလေးတွေဆို လည်လိုက်တာမှ အရိပ်ပြရင် အကောင်မြင်တယ်ဆိုတာမျိုးပေါ့။ ဒီလို ဉာဏ်ကောင်းတဲ့ကလေးတွေဟာ အမှားအမှန်ကို သေသေချာချာ ဆန်းစစ်ဝေဖန်နိုင်ရင်၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်ရင် ပိုတောင်မကောင်းနိုင်ဘူးလား။ ခေတ်ကာလရဲ့ အခြေအနေအရ ပုံစံချထားတဲ့ တွေးခေါ်မှုတွေကို သိပ်လက်မခံတော့ပါဘူး။ အကျိုးအကြောင်းမှန်မှန်နဲ့ ထိုးဖောက်နိုင်မယ့် အတွေးအခေါ်တွေ၊ မတူညီတဲ့ အတွေးအမြင်တွေကို ပိုပြီး ကြိုဆိုလာကြပါပြီ။ သင့်ကလေးကိုရော ဒီလို တွေးခေါ်နိုင်အောင် ပြုစုလို့ရမယ်လို့ မထင်ဘူးလား။ ကလေးတွေအတွက် ဆန်းစစ်နိုင်စွမ်းဆိုတာ ဘယ်လောက်အရေးကြီးလဲ။ ဆန်းစစ်ဝေဖန်နိုင်စွမ်းဆိုတာ အကျိုးသင့် အကြောင်းသင့် စဉ်းစားတတ်တာ၊ မှန်၏ မမှန်၏ ဆုံးဖြတ်နိုင်တာ၊ လွတ်လွတ်လပ်လပ် တွေးခေါ်နိုင်တာပဲ ဖြစ်ပါတယ်။ ကလေးဘဝမှာ ဒါတွေလိုလို့လားလို့ မေးစရာရှိပါတယ်။ မေမေတို့ ကလေးက တစ်နေ့မှာ လူကြီးဖြစ်လာမှာပါ။ သူ့ကို ဘယ်လို လူကြီးမျိုး ဖြစ်စေချင်လဲ။ ခုတည်းက ပုံဖော်ကြည့်လို့ရပါတယ်။ အများပြောတိုင်း ရောယောင်ပြီး ဟုတ်တယ်၊ မဟုတ်ဘူး […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။

အခုတစ်ခေါက်တော့ မေမေဖေဖေတို့ လုပ်မိနေတဲ့ အမှားလေး တစ်ခု အကြောင်းပြောပြချင်ပါတယ်။ ဒါကတော့ ကလေးတစ်ယောက် သူ့ကိုယ်သူ တာဝန်ယူနိုင်လောက်တဲ့အရွယ် ၆ နှစ် ၇ နှစ်လောက် ရောက်လာပြီဆိုရင် သူ့နောက်ကမွေးထားတဲ့ သူ့ရဲ့ မောင်လေး၊ ညီမလေးတွေကို ထိန်းခိုင်းတာပါ။ အချို့ဆို ၄ နှစ်လောက်ကလေးကို ၂ နှစ်အရွယ်ကလေးကို ထိန်းခိုင်းတာမျိုးတောင် ရှိပါတယ်။ တကယ်ကတော့ အကြီးဆုံးအနေနဲ့ မွေးဖွားလာတာက ကလေးတွေကု ထိန်းဖို့ မဟုတ်ပါဘူး။ ရှေ့ဆောင်လမ်းပြကောင်းဖြစ်ဖို့ပါ။ ဒါကြောင့် ပြောချင်တာက ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။ ဒီလိုပြောရတဲ့ အကြောင်းအရင်ကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ကလေးထိန်းရမယ့် တာဝန်က အကြီးဆုံးကလေးမှာ မရှိနေပါဘူး။ မေမေ မအားလို့နော်၊ ညီမလေးကို ကြည့်လိုက်ဦး၊ မောင်လေးကို ထိန်းပါဦးဆိုတာက တစ်ခါတလေ အပေါ့အပါးသွားချင်နေတဲ့အခါမျိုး လူမရှိလို့ဆိုရင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင်ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

မိဘတိုင်းကတော့ ကိုယ့်ရဲ့ကလေး ရဲရင့်နေတာ သတ္တိရှိနေတာ လူပုံအလယ်မှာ အကြောက်အရွံ့ကင်းကင်းနဲ့ ရပ်တည်နေတာကို မြင်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီလို ရဲရင့်တဲ့ကလေး တစ်ဦးဖြစ်လာဖို့ဆိုရင် မှန်ကန်စွာ လမ်းညွှန်သင်ကြား ပြုစုပျိုးထောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုပြုစုပျိုးထောင်ရာမှာလည်း အစွန်းနှစ်ဖက်လွတ်အောင် ပျိုးထောင်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ အရာရာမှာ ကိုယ့်အားကိုယ်ကိုးလိုစိတ်ပျောက်ပြီး မိဘတွေကိုချည်း အားကိုးနေတာမျိုး မ ဖြစ်စေဖို့ လိုအပ်သလို လူအမြင်မတင့်တယ်စရာ အမူအကျင့်တွေ ပြုမူမိတဲ့အထိ ဆိုးသွမ်းသွားအောင် အလိုလိုက်မိတာမျိုးလည်း မဖြစ်စေဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် သတ္တိရှိရှိ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့ဆိုရင် သူ့ကိုသင်ကြားပေးရမှာတွေ၊ ကိုယ်တိုင်စံပြအနေနဲ့ပြုမူပြရမှာတွေ၊ သဘာဝအတိုင်း နားလည်သဘောပေါက်အောင် လမ်းညွှန်ပြသရမှာတွေ အများကြီးပါပဲ။ ဒါကြောင့်လည်း ကိုယ့်ကလေး ရဲရင့်ထက်မြက်လာစေဖို့ အကောင်းဆုံးပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်ကြံကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာစေဖို့ ကိုယ်တိုင် […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ရေညှိ ထမင်းလိပ်တယ်။ ဘေဘီလေးက နည်းနည်းဆိုပြီး ပါးစပ်ဟတယ်။ ရေညှိကြော်လေး စားလည်း မေမေ သားသားဆိုပြီး ပါးစပ်ဟတယ်။ ဟယ် စားလို့ တည့်ပါ့မလား။ မကျွေးရင်လည်း ငိုနေပြီဆိုတော့ ဘယ်လို လုပ်ရမလဲဆိုပြီး အကြံအိုက်နေတဲ့ မေမေတွေ ရှိလား.......... ဘေဘီလေးကို ရေညှိကျွေးလို့ ရလား..... မေမေတိုင်း သိချင်နေမယ့် ဒီမေးခွန်းလေးကို ဖြေပေးရမယ်ဆိုရင်တော့ ဟုတ်ကဲ့ ကျွေးလို့ ရပါတယ်ပေါ့။ ဒါပေမယ့် သတိထားရမယ့်အချက်လေးတွေတော့ ရှိတယ်နော်။ ဘေဘီလေးကို ရေညှိကျွေးတဲ့အခါ အရသာတွေ ဖြည့်စွက်ထားတာမျိုး မဖြစ်ဖို့တော့ လိုပါမယ်။ ဆားတောင် နည်းနည်းပဲ စားရမယ့် ဘေဘီလေးကို အချိုမှုန့်၊ အရသာမှုန့်တွေပါနေတဲ့ ရေညှိကျွေးတာကတော့ ကောင်းကျိုးထက် ဆိုးကျိုး ပိုနေမယ်ဆိုတာ ထွေထွေထူးထူး ပြောနေစရာ မလိုအောင်ပါ။ ဘယ်အရွယ်မှာ ရေညှိ စကျွေးရပါ့......... ကျွေးလို့ ရတာကတော့ ဟုတ်ပါပြီ။ ဘယ်အရွယ်မှာ ရေညှိ […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ နေကြာစေ့

နေကြာစေ့ တခွပ်ခွပ် ကိုက်ရင်း ရုပ်ရှင်ကြည့်နေတုန်း တူလေး၊ တူမလေးတွေက တီတီ ကျွေး၊ လေးလေး ကျွေး လို့ ပြောလာရင် ကျွေးလိုက်ရမလား၊ တည့်ရော တည့်ရဲ့လားဆိုပြီး ဇဝေဇဝါ ဖြစ်နေတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ ဇဝေဇဝါဖြစ်နေတာကို ဖြေရှင်းဖို့ ဒီဆောင်းပါးလေးကို ဖတ်ရင်း အဖြေထုတ်ရအောင်နော်။ ဘေဘီလေးကို နေကြာစေ့ ကျွေးလို့ရလား........... ဒီအမေးကို ဟုတ်ရပါတယ်ပဲ ပြောရမှာပေါ့။ တကယ်ကတော့ ဘေဘီလေးကို solid food စတင်မိတ်ဆက်တဲ့ ၆ လမှာကတည်းက နေကြာစေ့ ကျွေးလို့ ရပါတယ်။ ဒါဆို ခွံလို့ရတာပေါ့ဆိုပြီး အားပါးတရတော့ မခွံလိုက်ပါနဲ့နော်။ တီတီ၊ လေးလေးလို့ မပီကလာခေါ်နေတဲ့ ဘေဘီလေးက ၄ နှစ် မပြည့်သေးဘူးဆိုရင်တော့ နေကြာစေ့ကို ကြိတ်ပြီး ကျွေးတာက အကောင်းဆုံးပါ။ ဒီလိုပြောရတာက နေကြာစေ့က ကလေးကို အစာနင်တာ၊ သီးတာ​တွေ […]


ကလေးငယ်ပထမနှစ်

မွေးကင်းစကလေးတွေမှာ အတွေ့များတဲ့ ကျန်းမာရေးပြဿနာတွေ

ကလေးတွေဟာ မွေးကင်းစအချိန်ကနေ အသက်တစ်နှစ်ပြည့်တဲ့အချိန်ထိ မိဘတွေအနေနဲ့ သေချာအနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လုံခြုံတဲ့ မိခင်ရဲ့ ဝမ်းဗိုက်ထဲကနေ ပြင်ပလောကကို ရောက်ရှိလာပြီး အသက်ရှူဖို့၊ စားသောက်ဖို့၊ အိပ်စက်အနားယူဖို့ အစရှိတဲ့အရာတွေကို စတင်သင်ယူရပါတယ်။ ပြင်ပလောကနဲ့ အသားကျဖို့အတွက် ပြင်ဆင်နေရတဲ့ ဒီပထမတစ်နှစ်ကာလကတော့ ကလေးတွေအတွက် ကျန်းမာရေးပြဿနာများ ထူပြောတဲ့ ကာလမို့ မကြာခင်မှာ မိဘလောင်းဖြစ်တော့မယ့်သူတွေရော၊ အခုမှ ပထမဆုံး သားဦးသမီးဦးမွေးထားတဲ့ မိဘတွေအတွက်ပါ သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများကို ဒီဆောင်းပါးမှာ ပြောပြပေးချင်ပါတယ်။ ၁။ မွေးဖွားစဉ် ထိခိုက်မှုများ တစ်ခါတရံ မီးဖွားနေချိန်မှာ ကလေးကို မိခင်မွေးလမ်းကြောင်းကနေ လျင်မြန်စွာ ထွက်လာစေဖို့ ညှပ်ကိုအသုံးပြုရတာမျိုး ရှိပါတယ်။ ဒီညှပ်ကြောင့် ကလေးအနေနဲ့ ထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။ ကလေးအများစုကတော့ ထိုထိခိုက်မှုကို တိုတောင်းတဲ့အချိန်အတွင်း ကုသပျောက်ကင်းသွားနိုင်ပါတယ်။ ဒီလိုမွေးဖွားစဉ် ထိခိုက်မှုတွေထဲမှာ ဦးရေပြားတစ်ဝိုက် နီရဲရောင်ရမ်းတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း