ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

Autism (အော်တစ်ဇင်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Autism (အော်တစ်ဇင်) ကဘာလဲ။ အော်တစ်ဇင် ဆိုတာက ကလေးဘဝထဲကစပြီး တစ်ဘဝလုံးကြန့်ကြာနေနိုင်တဲ့ ဦးနောက်အာရုံကြောနှင့် ဖွံဖြိုးမှုဆိုင်ရာ စိတ္တဇအထီးကျန်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ အော်တစ်ဇင် က လူတွေနှင့် ဆက်ဆံတာတွေ၊ ပြောဆိုတာတွေနှင့် သင်ကြားမှုပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီရောဂါရှိတဲ့ ကလေးတွေမှာ လူမှုဆက်ဆံရေး၊ အရိပ်ပြ အကောင်မမြင်၊ စကားနားမလည်ခြင်း နှင့် အမြင်ကျဉ်းခြင်းဆိုင်ရာ ပြဿနာများ၊ အစွဲအလမ်းကြီးခြင်း စတဲ့ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်။ ဒီအပြုအမူတွေက အနည်းအကျဉ်းမှ ဒုက္ခိတဖြစ်တဲ့အထိဖြစ်နိုင်ပါတယ်။ အော်တစ်ဇင် က ရောဂါနှင့် ရောဂါလက္ခဏာအနည်းအများပေါ်မူတည်ပြီး အမျိုးမျိုးဖြစ်နိုင်ပြီး အထူးသဖြင့် ရောဂါအခြေအနေ မပြင်းထန်တဲ့ ကလေးတွေ သို့မဟုတ် ပိုဆိုးတဲ့ရောဂါတွေက ဖုံးကွယ်ထားခံရလျှင် မသိသာနိုင်ပါဘူး။ သိပ္ပံပညာရှင်တွေကတော့ အော်တစ်ဇင် ကိုဖြစ်စေတဲ့ အကြောင်းအရာကို သေချာမသိကြသော်လည်း မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင် နှစ်မျိုးစလုံးနှင့် သက်ဆိုင်နိုင်တယ်လို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Juvenile Rheumatoid Arthritis (ကလေး လေးဖက်နာရောဂါ) ကဘာလဲ။ ကလေး လေးဖက်နာရောဂါ ဆိုသည်မှာ ကလေးများတွင် ဖြစ်ပွားသော အဆစ်အမြစ်ရောင်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ကလေးများတွင်ဖြစ်သော ဘာကြောင့်မှန်းမသိဘဲ အဆစ် ရောင်ခြင်း နှင့် Still’s disease ဟုလည်း ခေါ်ပါသည်။ ကလေး လေးဖက်နာရောဂါသည် အရွယ်ရောက်ပြီးသူများတွင် ဖြစ်သော လေးဖက်နာရောဂါနှင့် ကွဲပြားပါသည်။ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး လများ နှစ်များ အထိကြာနိုင်ပါသည်။ သို့သော် ကလေးငယ်များ၏ ၇၅ရာခိုင်နှုန်းသည် ပျောက်ကင်း သွားပါသည်။ ပျောက်ကင်းစေသော ဆေးမရှိသော်လည်း အချိန်မီ သိခြင်း၊ ဆေးကောင်းခြင်း နှင့် ကုသမှုကောင်းခြင်း သည် ပုံမှန်ဘဝ အတိုင်း အခွင့်အရေးများ ရစေပါသည်။ ကလေး လေးဖက်နာရောဂါသည် စာရေးခြင်း၊ အဝတ်ဝတ်ခြင်း နှင့် ပစ္စည်းများသယ်ခြင်း (လက်၊ လက်ကောက်ဝတ်) ၊ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းကိုက်ရောဂါ ဆိုတာဘာလဲ။ ဝမ်းကိုက်ရောဂါဆိုတာ Salmonella(စဲလ်မိုနဲလား) နှင့် Shigella(ရှီဂဲလ်လား)ဆိုတဲ့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါပိုးဟာရောဂါးပိုးရှိနေတဲ့ မစင်နဲ့ တိုက်ရိုက်ထိတွေ့မိရာကနေ ကူးစက်နိုင်ပါတယ်။ ထို့အပြင် မသန့်ရှင်းတဲ့ အစားအသောက်တွေ စားသောက်မိခြင်း, မသန့်ရှင်းတဲ့ရေထဲမှာရေကူးမိခြင်းတို့ကနေလဲဖြစ်နိုင်ပါတယ်။ အသက် ၂ နှစ်ကနေ ၄ နှစ်ကလေးတွေ မှာ အဖြစ်များနိုင်ပါတယ်။ဆောင်းရာသီထက်နွေရာသီလို အချိန်အခါမျိုးမှာ ပိုအဖြစ်များနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ လက္ခဏာတွေကတော့ရောဂါပိုးဝင်ပြီးချိန်ကစပြီး တစ်ရက်၊ နှစ်ရက်လောက် အကြာမှာ ဝမ်းလျှောခြင်း၊အန်ခြင်း၊ဖျားခြင်းနှင့် ဗိုက်အောင့်ခြင်းတွေ စဖြစ်လာပါမယ်။ ဝမ်းလျှောတာက ၅ ရက်ကနေ ၇ ရက်လောက်ထိ ဆက်တိုက်ဖြစ်နိုင်တာကြောင့် ကလေးငယ်လေးတွေအတွက်ဆေးရုံမှာ တက်ရောက်ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ကလေးက ဝမ်းလျှောပြီး အဖျား ၁၀ဝံFလောက်ဖြစ်နေတယ်ဆိုရင် အမြန်ဆုံးဆရာဝန်သွားပြသင့်ပါတယ်။ ဘာတွေက ဝမ်းကိုက်ရောဂါကိုဖြစ်စေတာလဲ။ ဝမ်းကိုက်ရောဂါကို အဓိကဖြစ်စေတာကတော့ ဘက်တီးရီးယားပိုးတွေပဲဖြစ်ပါတယ်။ Salmonella(စဲလ်မိုနဲလား)၊ Shigella(ရှီဂဲလ်လား)၊ E.coli(အီးကိုလိုင်း)၊Campylobacter (ကမ်ပိုင်လိုဘက်တာ) အစရှိတဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဖြစ်တဲ့ ဝမ်းလျှောရောဂါ

ကလေးတွေမှာဖြစ်တဲ့ ဝမ်းလျှောရောဂါဆိုတာ ဘာလဲ။ ကလေးလေးတွေရဲ့ ဝမ်းက ပုံမှန်ထက်ကို ပိုပြီးအရည်အဖြစ်သွားနေခြင်းဖြစ်ပါတယ်။ ဒီလို ဝမ်းလျှောတာဟာ ဘယ်ကလေးမှာ မဆိုဖြစ်နိုင်ပါတယ်။ ဒါဟာ ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မှာ ကုသရုံနဲ့ သက်သာသွားတာများပါတယ်။ ဒါပေမယ့်သေချာ ဂရုစိုက်ကုသခြင်းမရှိရင်တော့ ဒီဝမ်းလျှောရောဂါဟာ အန္တရာယ်ရှိလာနိုင်ပါတယ်။ ကလေးတွေမှာ ဝမ်းလျှောရောဂါဖြစ်ရင် ဘယ်လို လက္ခဏာတွေပြလဲ။ ဝမ်းလျှောရောဂါဆိုတဲ့အတိုင်းပဲ ဝမ်းကတော့ အရည်အဖြစ်သွားနေပါလိမ့်မယ်။ ဝမ်းလျှောတာ အပြင် အန်ခြင်း အစားအသောက်ပျက်ခြင်း ဖျားခြင်း မအီမသာဖြစ်ခြင်း ရေဓါတ်ခမ်းခြောက်ခြင်း ကိုယ်အလေးချိန်ကျခြင်း တို့ပါဖြစ်နိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြသင့်လဲ။ အောက်ပါလက္ခဏာတွေပြနေရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဝမ်းလျှောခြင်းက တစ်ရက်၊နှစ်ရက်နဲ့ မသက်သာသွားရင် အဖျား ၁၀၂ံF နှင့် အထက်ရှိနေရင် ခဏခဏအန်နေပြီး ဘာအရည်မှသောက်မရနိင်အောင်ဖြစ်နေရင် ဝမ်းထဲမှာသွေး သို့မဟုတ် ချွဲတွေပါလာရင် ဆရာဝန်နဲ့ပြသင့်နေပါပြီ ရေဓါတ်ဆုံးရှုံးမှုလွန်ကဲခြင်း လက္ခဏာတွေဖြစ်တဲ့ ပါးစပ်နှင့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ

ကျောင်းပိတ်ရက်မှာ ပျော်လည်းပျော်မယ်၊ ပိုလည်းတော်မယ့် လှုပ်ရှားမှုများ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအပျော်ဆုံးအချိန်ပါ။ ကျောင်းတက်စရာ၊စာကျက်စရာမလို၊ တီဗီကြည့်မယ်၊ ဂိမ်းဆော့မယ်၊ အပြင်ထွက်ကစားမယ်ဆိုပြီးတော့ပေါ့။ အားလပ်တဲ့အချိန်လေး ကလေးတွေပျော်တာလည်းကောင်းပေမယ့် အပျော်အပါးနဲ့အကြာကြီးလွှတ်မထားသင့်ပါဘူး။ သုံးလပိတ်ပြီးရင်ကျောင်းပြန်တက်ရမှာပဲဆိုတော့ ကလေးတွေစိတ်လေသွားလို့မဖြစ်ဘူးလေ။ တီဗီကြည့်၊ ဂိမ်းတွေချည်းဆော့လို့ မျက်စိထိခိုက်လာတာ၊ အပြင်တွေချည်းထွက်ကစားလို့ စိတ်ပူနေရတာတွေမဖြစ်ရအောင် စည်းနဲ့ကမ်းနဲ့တော့ ရှိသင့်ပါတယ်။ ဘယ်အချိန်က ဘယ်အချိန်အတွင်း လွတ်လွတ်လပ်လပ်ကစားကြ ဆိုပြီး အချိန်တစ်ခုကန့်သတ်ပေးတာကောင်းပါတယ်။ကျောင်းပိတ်တုန်းလေး အားလပ်ရက်မှာ ကလေးတွေကို ပုံစံချ တင်းကျပ်ဖို့တော့ မလုပ်ပါနဲ့။ပေါ့ပေါ့ပါးပါးနေရင်း အကျိုးရှိစေမယ့်ပျော်ရွှင်စရာလှုပ်ရှားမှုတွေဖန်တီးပေးတာက ကလေးတွေအတွက်ပျော်လည်းပျော်၊ ဖွံ့ဖြိုးမှုအတွက်လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။ ဒါဆို နွေရာသီကျောင်းပိတ်ရက်မှာ ကလေးတွေအတွက် ဘာတွေစီစဉ်ပေးရကောင်းမလဲ.... မိသားစုလိုက် ခရီးထွက်မယ် အမှတ်တရအဖြစ်ရော အပန်းဖြေခရီးအနေနဲ့ပါ မိသားစုလိုက် ခရီးတစ်ခုခုထွက်သင့်ပါတယ်။ ဘုရားဖူး သို့မဟုတ် ကမ်းခြေ ခရီးသွားတာမျိုးမှာပျော်ရွှင်စရာအမှတ်တရတွေဖန်တီးပါ။ ခရီးမှာတွေ့ရတဲ့အသစ်အဆန်းတွေကို စူးစမ်းလေ့လာတဲ့ကလေးအတွက် သမိုင်းကြောင်းတွေ၊ ဗဟုသုတဖြစ်စရာလေးတွေပြောပြပေးပါ။ ဂီတတူရိယာတစ်ခုခု တီးခတ်ဖို့ သင်ပေးပါ အားလပ်ရက်မှာ ကလေးကို စန္ဒရား၊ တယော သို့မဟုတ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတို့ရဲ့သင်္ကြန် ဘေးကင်းပျော်ရွှင်ရစေဖို့

ဧပြီလရောက်မှ မဟုတ်ပါဘူး။ သင်္ကြန်ဆိုတဲ့အငွေ့အသက်က မတ်လမကုန်ခင်တည်းက ရှိနေနှင့်ပြီးသားပါ။ သင်္ကြန်နဲ့ပတ်သက်တဲ့ အသုံးအဆောင်တွေ၊ အဝတ်အစားတွေ၊ အရောင်းအဝယ်တွေစပြီး အလုပ်ဖြစ်နေပြီလေ။ အပျော်ဆုံးကတော့ကျောင်းပိတ်ရက်မှာ သင်္ကြန်ရေဆော့ဖို့စောင့်မျှော်နေကြတဲ့ ကလေးတွေပါပဲ။ရေသေနတ်တွေ၊ရေပြွတ်တွေ အမျိုးစုံအောင် ဝယ်ဖို့ပူဆာကြသလို သင်္ကြန်အတွက် ကြိုရင်ခုန်နေကြတာမြူးကြွလွန်းပါတယ်။ လူတိုင်းလိုလိုရဲ့ ငယ်ဘဝအမှတ်တရတွေထဲမှာ သင်္ကြန်ရက်တွေလည်းပါခဲ့တာပေါ့။ အကြို၊အကျ၊အကြတ်၊အတက်လေးရက်ကို ရက်ထပ်နှစ်မို့ သင်္ကြန်ငါးရက်ဖြစ်တဲ့နှစ်ဆို ကလေးတွေသိပ်ပျော်ကြတာပဲ။ သင်္ကြန်ရက်တွေကုန်ဆုံးသွားမှာ နှမျောလို့ ညနေစောင်းတာတောင် ရေထဲကကိုမတက်တော့ဘူး။ အိမ်ရှေ့ထွက်ဆော့ရင်း အချိန်ကုန်လို့အိမ်ထဲပြန်ဝင်ဖို့ကိုတောင် မနည်းခေါ်ရတဲ့အထိ။ ကလေးတွေဆိုတာ လူကြီးတွေလို မဏ္ဍပ်ထိုင်လို့မရ၊ကားနဲ့လည်ဖို့ စိတ်မချရတဲ့အရွယ်ဆိုတော့ အိမ်ရှေ့ သို့မဟုတ် ရပ်ကွက်မဏ္ဍပ်မှာပဲ မိသားစုမောင်နှမတွေနဲ့ပျော်ရ၊ရေကစားရတာများပါတယ်။ တချို့မိဘတွေက ကလေးတွေပျော်အောင် အိမ်ကကားနဲ့ခဏထွက်လည်ပေးတာမျိုးလည်းရှိပါတယ်။ ဒါပေမယ့် သင်္ကြန်မှာကစားဖို့ ရေကစားဖို့ပစ္စည်းတွေဝယ်ပေးထားရုံ၊ ရေပက်စရာပြင်ပေးထားရုံ၊ရေပက်ခံထွက်ဖို့လိုက်ပို့ရုံနဲ့တော့ ကလေးတွေကိုပျော်ရွှင်စေဖို့ တာဝန်ကျေတာမဟုတ်ပါဘူး။ မိဘတွေအနေနဲ့ သင်္ကြန်မှာပျော်မယ့် ကလေးတွေရဲ့ ကျန်းမာရေး၊ဘေးကင်းလုံခြုံရေး အားလုံးအတွက် သတိမလွတ်ဘဲ ထည့်တွေးထားသင့်ပါတယ်။ အန္တရာယ်ဆိုတာ အများကြီးရယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အအေးမိဖျားနာခြင်း

သားလေးကချောင်းတွေဆိုးနေတယ်။ အချိုတွေကျွေးမိလို့ဖြစ်မယ်၊ သကြားလုံးမစားနဲ့တော့နော် လို့မေမေတို့ပြောမိနေကျပါ။ ဒါပေမယ့် ဒီလိုမျိုးချည်းပဲ တထစ်ချမတွေးသင့်ပါဘူး။ ချောင်းဆိုးတယ်ဆိုတာ လက္ခဏာတစ်ခုဖြစ်တာကြောင့် ကလေးမှာ တခြားဘာထူးခြားနေတာရှိလဲကြည့်ရပါဦးမယ်။ ကိုယ်ဘာဖြစ်နေလဲ၊ ဘာတွေခံစားနေရလဲဆိုတာ လိပ်ပတ်လည်အောင်မပြောပြတတ်သေးတဲ့ ကလေးလေးတွေကို မိဘတွေက ဂရုစိုက်စောင့်ကြည့်ပေးမှစောစောကုသနိုင်မှာပါ။ အအေးမိဝေဒနာဆိုတာ ကလေးတွေမှာအဖြစ်များဆုံးရောဂါတွေထဲပါဝင်တာကြောင့် ဒီလက္ခဏာတွေနဲ့ပတ်သက်ပြီး ဗဟုသုတတွေကို မိဘတွေ သိထားသင့်ပါတယ်။ ကလေးတွေမှာ တစ်နှစ်ကို ၆ ကြိမ် ကနေ ၈ ကြိမ်ထက်မနည်း အအေးမိဝေဒနာခံစားရတတ်ပါတယ်။ ဘာတွေကြောင့် အအေးမိစေနိုင်တာလဲ ဗိုင်းရပ်စ်ပိုးက နှာခေါင်းနဲ့လည်ချောင်းအတွင်း ကူးစက်ရရှိပြီးနောက် အအေးမိခြင်းလက္ခဏာေတွဖြစ်လာပါတယ်။ ဗိုင်းရပ်စ်ပိုး အမျိုးအစား၂၀၀ကျော်ကြောင့် အအေးမိခြင်းကိုဖြစ်စေတာပါ။ အများစုကrhinovirusesကြောင့်ဖြစ်တာပါ။ အအေးမိဖျားနာဖြစ်နေတဲ့သူ တစ်ဦးဦးနဲ့ ထိတွေ့မှုရှိခဲ့ရင် ဒါမှမဟုတ် အောက်ပါနည်းလမ်းတွေတဆင့် ကလေးကိုကူးစက်နိုင်ပါတယ်။ လေထဲကတဆင့် -အအေးမိဖျားနာဖြစ်နေတဲ့လူတစ်ယောက်က နှာချေလိုက်မယ်ဆိုရင် ဗိုင်းရပ်စ်တွေကလေထဲမှာပျံ့နှံ့သွားနိုင်ပါတယ်။ အဲဒီလေကို ကလေးကရှူရှိုက်မိလိုက်ရင် ကူးစက်နိုင်ပါတယ်။ တိုက်ရိုက်ထိတွေ့မှု -ရောဂါရှိသူကို ကလေးကထိတွေ့မိတာကို ဆိုလိုပါတယ်။နေမကောင်းဖြစ်နေသူက […]


မိခင်နို့တိုက်ကျွေးခြင်း

သွေးကြောများ ပိုမိုကောင်းမွန်ကျန်းမာခြင်းနှင့် ဆက်စပ်နေသည့် နို့တိုက်ခြင်း

အမျိုးသမီးတွေအနေနဲ့မိခင်နို့ တိုက်ကျွေးခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကို ပိုမိုသိရှိလာအောင် လှုံ့ဆော်ကြရာမှာ ဒီနေ့အခါဟာ အတက်ကြွဆုံး အချိန်ပါပဲ။ သုတေသနတွေအရလည်း အကျိုးကျေးဇူးအသစ်တွေ ထပ်မံတွေ့ရှိထားပါတယ်။   မိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောများကိုကျန်းမာသန်စွမ်းစေပါတယ်။ သုတေသနအသစ်အရမိခင်နို့တိုက်ခြင်းဟာ သွေးလွှတ်ကြောတွေကို ကျန်းမာသန်စွမ်းစေတယ်လို့ သိရပါတယ်။ မိခင်နို့တိုက်သူ အမျိုးသမီးများအနေနဲ့ အသက်ကြီးသွားတဲ့အခါ နှလုံးထိခိုက်မှုနဲ့ လေဖြတ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။ မိခင်နို့တိုက်ကျွေးနေတဲ့ငယ်ရွယ်သူအမျိုးသမီးတွေရဲ့ သွေးလွှတ်ကြောများဟာ သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အခါ နို့ဘူးတိုက်သူအမျိုးသမီးတွေထက် ပိုမိုကျန်းမာကောင်းမွန်တယ်လို့ သိရပါတယ်။ သားဖွားမီးယပ်ဆေးပညာဂျာနယ်တစောင်မှာလည်း မိခင်နို့တိုက်ကျွေးခြင်းနဲ့ သွေးလွှတ်ကြောများရဲ့ ကျန်းမာရေးကြားက ဆက်စပ်မှုကို ဖော်ပြထားပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အကျိုးအပြစ်အားလုံးကို ကျောက်ချက်ဆွဲဖို့တော့ စောပါသေးတယ်လို့ ဆိုထားပါတယ်။ သုတေသီများဟာ အနည်းဆုံး ကလေးတကြိမ်မွေးဖူးသူ အမေရိကန် အမျိုးသမီးဦးရေ ၈၀၀ကျော်ကို လေ့လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးများအနက် နို့တိုက်ခြင်း ပိုများသူများရဲ့ ကရော့တစ်သွေးပြန်ကြောဟာ သက်လတ်ပိုင်းအရွယ်ရောက်ချိန်မှာ ထူထဲမှုသိပ်မဖြစ်လာဘူးလို့ ဆိုပါတယ်။   မိခင်နို့တိုက်ခြင်း၏ အကျိုးကျေးဇူးများ ကိုယ်ခန္ဓါအနှံ့ကိုသွေးများစီးဆင်းရာမှာ ကရော့တစ်သွေးလွှတ်ကြောဟာ သွေးများကို ဦးနှောက်ဆီ ပို့ဆောင်ပေးပါတယ်။ အဲဒီသွေးလွှတ်ကြောရဲ့ နံရံတွေထူထဲလာရင် သွေးလွှတ်ကြောကျဉ်းလာပြီး နှလုံးထိခိုက်ခြင်း၊ လေဖြတ်ခြင်းများ ဖြစ်နိုင်ပါတယ်။ ဒါဟာ မိခင်နို့တိုက်ခြင်းရဲ့ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အထူးစောင့်ရှောက်မှုလိုအပ်တဲ့ကလေးတွေကို ဘယ်လိုမျိုးဂရုစိုက်ပေးမလဲ

ကလေးတိုင်းက မိဘတိုင်းအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတွေပါ။ မိဘနေရာရောက်လာတဲ့အခါ သားသမီးထက်အရေးကြီးတာဘာမှမရှိသလိုကိုခံစားရမှာ အမှန်ပါပဲ။ သားသမီးတွေမှာ ထိခိုက်ခံစားရသမျှကို ကိုယ်တိုင်ထိခိုက်ခံစားရသလို ခံစားရစမြဲပါ။ သားသမီးတွေအတွက် အမြဲအဆင်သင့်ရှိနေတတ်တာကလည်း မိဘပါပဲ။ ပုံမှန်အခြေအနေမှာဆိုရင်တောင် ဒီလိုဆိုမှတော့ တကယ်လို့များ သားသမီးက အထူးဂရုစိုက်ရမယ့် ကလေးမျိုးလေးဖြစ်နေမယ်ဆိုရင် ဘယ်လောက်တောင် ကရုဏာပိုပြီး အရိပ်တကြည့်ကြည့်လုပ်နေရမလဲနော်။ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးဆိုတာ ကလေးတိုင်းကတော့ အထူးဂရုစိုက်စောင့်ရှောက်မှုကို မလိုအပ်ကြပါဘူး။ ဒါပေမယ့် ကလေးကမွေးလာကတည်းကရောဂါတစ်ခုခုကိုခံစားလာရမယ်။ ဒါမှမဟုတ် စိတ်ခံစားမှုပိုင်းမှာဖြစ်စေ၊ သင်ယူမှုအပိုင်းမှာဖြစ်စေ အားနည်းမှုရှိနေမယ်။ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်အားနည်းမှုရှိနေမယ်ဆိုခဲ့ရင်တော့ ကလေးက အထူးဂရုစိုက်စောင့်ရှောက်မှုကိုလိုအပ်နေတဲ့ ကလေးပါ။ ကလေးက ဆီးချိုရောဂါ၊ အတက်ရောဂါ၊မွေးရာပါ နှလုံးရောဂါလိုမျိုး ကုသဖို့မလွယ်တဲ့ရောဂါတစ်ခုခုကိုခံစားနေရတာ၊ အမြင်အာရုံအားနည်းတာ၊ အကြားအာရုံအားနည်းတာ၊ စကားပြောဆိုမှုစွမ်းရည်အားနည်းတာတွေအတွက် မိဘတွအနေနဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုပေးဖို့လိုအပ်မှာပါ။ ကလေးက အခြားကလေးတွေနည်းတူ မဖွံ့ဖြိုးတာ၊ခြေလက်တွေမှာ ထိခိုက်မှုရှိနေခဲ့ရင်လည်း ကလေးရဲ့ လှုပ်ရှားမှုတိုင်းကို အသေအချာဂရုစိုက်ပေးဖို့လိုအပ်ပါမယ်။ အထူးဂရုစိုက်စောင့်ရှောက်မှုလိုအပ်မယ့် ကလေးတွေကို ဘယ်လိုဂရုစိုက်မလဲ ဘဝဆိုတာကနေ့စဉ်နဲ့အမျှစိန်ခေါ်မှုအပြည့်ပါ။ သာမန်အခြေအနေနဲ့လူတွေအတွက်တောင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကြောက်တတ်တဲ့ ကလေးအတွက် ဖေဖေမေမေတို့ ကူညီအားပေးသင့်တယ်

ကလေးဆိုတာကြောက်တတ်တယ် ဆိုပြီး စကြနောက်ကြတာလည်း လူကြီးတွေပါပဲ။ပြောလို့မနိုင်ရင် ကလေးတွေငြိမ်သွားအောင် ဟိုခြောက်ဒီခြောက်နဲ့ခြောက်လှန့်ကြတယ်။ဒေဝေါဆိုတာ ဘာကြီးမှန်းလည်းမသိဘဲ ကလေးတွေကကြောက်ကြတာပဲ။ မအိပ်ရင်တောင် ကြောင်ကြီးကိုက်လိမ့်မယ်ဆိုပဲ။ ဥပမာ ပိုးဟပ်ကြောက်တာ၊ပင့်ကူကြောက်တာဆိုလည်း ချစ်စရာ၊ရယ်စရာအဖြစ်သဘောထားတတ်ကြတယ်၊ ချစ်လို့စတတ်ကြတယ်။ ဒါတွေကို လုပ်သင့်ရဲ့လား။ ငယ်ငယ်လေးတည်းက ကလေးရဲ့စိတ်မှာအကြောက်တရားသွင်းပေးခဲ့တာ မိဘကိုယ်တိုင်ဖြစ်နေရင် ဒီကလေး နောက်ပိုင်းကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ ရပ်တည်နိုင်ဖို့ ပင်ပန်းရပါလိမ့်မယ်။ ရုပ်ရှင်တွေမှာ တွေ့ရတတ်တဲ့ အနောက်တိုင်းဓလေ့ကို ကြည့်ပါဦး(သရဲကားမဟုတ်)။ ကလေးတွေကို ငယ်တည်းက သီးသန့်အခန်းနဲ့နေစေတာနော်။ ကိုယ်တိုင်ဖြေရှင်းတတ်ဖို့၊ ကိုယ်တိုင်ရပ်တည်တတ်ဖို့၊ အရာရာမှီခိုမနေဖို့ အကျင့်လေးသွင်းပေးတာပါ။ကြောက်တတ်တဲ့စိတ်ကိုဖြစ်တည်မလာအောင် ကျင့်ပေးတာပါ။ မဟုတ်ရင် အမေနဲ့အဖေအလယ်မှာအိပ်တာတောင် အခန်းထောင့်ကိုကြည့်ပြီးကြောက်နေဦးမှာ။ ဒီမှာတော့နွေးထွေးတဲ့မိသားစုမေတ္တာပေးတတ်တဲ့ယဉ်ကျေးမှုကြောင့်ဖေဖေမေမေတို့က ရင်နဲ့မကွာစောင့်ရှောက်ကြပါတယ်။ ဒါပေမယ့်ခုနပြောသလိုခြောက်လှန့်ပြီးမှ မိဘကိုအားကိုးလာ၊ပြောစကားနားထောင်လာအောင် လုပ်တဲ့နည်းကတော့ အကျိုးဆက်ရှိနိုင်ပါတယ်နော်။ အဲကစပြီးကြောက်စိတ်အခံရှိတဲ့ကလေးက လူစိမ်းကြောက်တတ်၊ အသံကြားလည်းကြောက်တတ်၊ အရိပ်မြင်လည်းကြောက်၊ မီးပျက်လည်းကြောက်၊ သရဲကြောက်တတ်လာပါတော့တယ်။ ကိုယ့်ကလေးအတွက် ဘာလုပ်ပေးရမလဲ ကြောက်တတ်တဲ့ကလေးကို ဆက်မခြောက်ဘဲဖေးမအားပေးသင့်တယ်၊ အကြောက်တရားကနေလွတ်မြောက်အောင် ကူညီပေးသင့်ပါတယ်။ မဟုတ်ရင် အရွယ်ရောက်လာရင်တောင်မှ မလုပ်ရဲ၊မကိုင်ရဲ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း