ဘေဘီလေးအတွက် Diaper ဘယ်လိုလဲပေးမလဲ
အသစ်စက်စက်မေမေဖေဖေတို့အနေနဲ့ဘေဘီလေးကိုသေးခံ (Diaper) သုံးပေးချင်ပေမယ့်သေးခံဘယ်လိုလဲပေးရမလဲမသိဘူးဆိုပြီးဖြစ်နေလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးေးလကို တူတူဖတ်ကြည့်ပြီးဘေဘီလေးကို အဆင်ပြေပြေနဲ့သေးခံလဲပေးကြည့်ရအောင်လား…………..

ဘေဘီလေးကိုသေးခံလဲပေးမယ်ဆိုရင်
ဘေဘီလေးကိုသေးခံလဲပေးမယ်ဆိုရင် ပထမဆုံးလုပ်ရမယ့် အချက်ကလိုအပ်တဲ့ ပစ္စည်းတွေကိုပြင်ဆင်ဖို့ပါ။ ပြီးမှ တစ်ဆင့်ချင်းစီ လုပ်ပေးရုံပါနော်။
လိုအပ်တာတွေကဘာတွေဖြစ်မလဲ………..
- သန့်စင်ခြောက်သွေ့နေတဲ့သေးခံအသစ်
- သန့်ရှင်းရေးလုပ်ပေးဖို့ ဂွမ်းစ၊ရေ ဒါမှမဟုတ် wet tissue
- လွှင့်ပစ်စရာပုံး ဒါမှမဟုတ် အမှိုက်အိတ်
- သေးခံလောင်တာကို ကာကွယ်ဖို့လူးပေးတဲ့ ခရင်မ် ဒါမှမဟုတ် Baby Oil
- ရေမလိုလက်သန့်စင်ဆေးရည် တို့ကို လိုအပ်မှာဖြစ်ပါတယ်။
တစ်ဆင့်ချင်းစီ သန့်စင်လဲလှယ်ပေးမယ်
ဘေဘီလေးကိုသေးခံလဲပေးတော့မယ်ဆိုရင်
- လက်ကိုအရင်သန့်စင်ပါ။ လက်ကနေ ဘက်တီးရီးယားတွေဘေဘီလေးဆီကို မကူးစက်စေဖို့ပါ။
- အရင်ဆုံး အနှီးသန့်သန့်ဒါမှမဟုတ်သေးခံခင်းကိုခင်းပေးပါ။
- လိုအပ်မယ့်ပစ္စည်းတွေကိုယူပါ။
- သန့်စင်ပေးမယ့်ပစ္စည်းတွေကို အဆင်သင့်ယူထားပါ။
- ဘေဘီလေးရဲ့ခြေထောက်နှစ်ဖက်ကို လက်တစ်ဖက်နဲ့စုကိုင်လို့ အပေါ်ကိုနည်းနည်းလောက်မြှောက်ကိုင်ပေးပါ။
- ဂွမ်းစကိုရေစွတ်ပြီး ကလေးကို အညစ်အကြေးတွေကို အရှေ့ကနေ အနောက်ကို ဆွဲယူတဲ့ ပုံစံနဲ့ သန့်စင်ပေးပါ။
- ရေခြောက်အောင် ဂွမ်းစလေးနဲ့တို့သုတ်ပေးပါ။
- သေးခံအသစ်ကို ကလေးခါးအောက်ကိုနေရာတကျထားပေးပါ။
- Nappy Cream လူးပေးပါ။
- သေးခံကို အရမ်းလည်းမလျော့အရမ်းလည်း မလျော့တဲ့အနေအထားနဲ့ ဝတ်ဆင်ပေးပါ။
- ပြီးရင်လက်ကိုသန့်စင်အောင်ပြန်ဆေးကြောပါ။
- ဘေဘီကို အဝတ်အစားဝတ်ပေးလိုက်ပါ။
ကဲ…စာတွေ့လေးယူလို့ ဘေဘီလေးကို အဆင်ပြေပြေနဲ့သေးခံ (Diaper) လဲပေးလိုက်စို့လား။
Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။