ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများ၏အစာတွင် ဆားဓါတ်လျှော့ချရန်နည်းလမ်းသုံးသွယ်

ဆားသည် အရွယ်ရောက်ပြီးသူများ၏ အစားအစာတိုင်းတွင် အရေးကြီးဆုံးပါဝင်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ထို့ကြောင့်မိဘအတော်များများသည် ကလေးများစားကောင်းရန် (သို့) အစားအစာကိုပိုအရသာရှိစေရန် ရည်ရွယ်၍ ကလေးငယ်များ၏အစားအစာများတွင် ဆားထည့်လေ့ရှိကြသည်။ သို့သော်လည်း သင့်ကလေးဟာ ဆားကို တကယ်လိုအပ်တာ ဟုတ်ရဲ့လား။ ကလေးငယ်တွေရဲ့အစားအစာတွေထဲမှာ ဆားထည့်ဖို့လိုအပ်ပါသလား။ ကလေးငယ်တို့၏အစားအစာထဲတွင် ဆားထည့်ဖို့မလိုအပ်ပါ။ အဘယ့်ကြောင့်ဆိုသော် ကလေးငယ်များသည် အသက်တစ်နှစ်အရွယ်ထိ ဆားဓါတ်လိုအပ်မှု အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ (တစ်နေ့လျှင် ဆား တစ်ဂရမ်အောက် (ဆိုဒီယမ် ဝ.၄ ဂရမ်)သာလိုအပ်ပါသည်)။ အကယ်၍တစ်နေ့လျှင် ဆားတစ်ဂရမ်အထက် ပိုမိုစားသုံးမည်ဆိုပါက ကလေးငယ်၏ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်လုပ်နိုင်မည်မဟုတ်ပါ။ ကလေးအသက်ခြောက်လအတွင်း မိခင်နို့သို့မဟုတ် နို့ဘူးမှ လုံလောက်သောဆားပမာဏရရှိပါသည်။ ဖြည့်စွက်စာနှင့် အခြားအစားအစာများ စတင်ကျွေးမည်ဆိုပါက အစားအစာများပေါ့ရွှတ်နေသည်ဟု ထင်လျှင် တောင်မှ ဆားထည့်မကျွေးသင့်ကြောင်း အကြံပြုထားပါသည်။ လမ်းလျှောက်တတ်စကလေးငယ်များ သည်လည်း ဆားကို အနည်းငယ်သာလိုအပ်ပါသည်။ ကလေးအသက်တစ်နှစ်မှ သုံးနှစ်အတွင်း နေ့စဉ်ဆားလိုအပ်မှုအများဆုံး ပမာဏမှာ တစ်နေ့လျှင် […]


ကလေးငယ်အာဟာရ

ကလေးများအတွက်ဗီတာမင် ဘီ၏အံ့ဖွယ်အကျိုးကျေးဇူး ၄ ရပ်

ဗီတာမင် ဘီ အုပ်စုတွင် ပုံစံများစွာ ရှိပါသည်။ ဗီတာမင်B1၊ဗီတာမင်B2 ၊ဗီတာမင်B6၊ဗီတာမင်B12 ၊ဗီတာမင် B3(နိုင်ရာစင်)၊ဘိုင်အိုတင်၊ပန်တိုသီးနစ်အက်ဆစ်စသောပုံစံများဖြစ်ပါသည်။ ဗီတာမင် ဘီ အုပ်စုသည်ခန္ဓါကိုယ် မှစွမ်းအင်ထုတ်လုပ်ခြင်းနဲ့ လိုအပ်သောအခါထိုစွမ်းအင်ကို ထုတ်လွှတ်ပေးသောဇီဝရုပ်ဖြစ်ပျက်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များတွင်အဓိက အခန်းကဏ္ဍမှာပါဝင်ပါသည်။ သွေးနီဥများ ခန္ဓါကိုယ်တစ်လျှောက် အောက်ဆီဂျင်သယ်ယူပို့ဆောင်ရာတွင်လည်း ဗီတာမင်ဘီ အုပ်စုကို လိုအပ်ပါသည်။ ဤဗီတာမင်ဘီ အုပ်စုသည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုတွင် အလွန်အရေးပါပါသည်။ ၁။ ဗီတာမင် B1 (Thiamine) ဗီတာမင်B1သည် စွမ်းအင်ထုတ်လုပ်ခြင်း အတွက်အဓိကအရေးပါသည်။ ၎င်းသည်သကြားနှင့်အခြား ကာဗိုဟိုက်ဒရိတ်များကိုစွမ်းအင်အဖြစ်သို့ ကူညီပြောင်းလဲပေးသည်။ ၎င်းသည်အာရုံကြောအဖွဲ့အစည်းကို ထိခိုက်ခြင်း၊ပျက်စီးခြင်းများမှလည်း ကာကွယ်ပေးသည်။ အာရုံကြောအဖွဲ့အစည်း မှသတင်းအချက်အလက်များကို ခန္ဓါကိုယ်၏အခြားအင်္ဂါအမျိုးမျိုးသို့ပို့ဆောင်ပေးရာတွင်လည်းအသုံးဝင်သည်။ ကလေးများသည်တစ်နေ့လျှင်ဗီတာမင် B1 ငါးရာမှကိုးရာ မိုက်ခရိုဂရမ်ထိလိုအပ်သည်။ ဗီတာမင် B1 ကို နေကြာစေ့အခွံ့မာသီးများ၊ ပဲပြုတ်၊ပဲစိမ်း၊ဂျုံဖြင့်ပြုလုပ်သော ပေါင်မုန့်များမှရရှိနိုင်သည်။ သို့သော်ဗီတာမင် B1 […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်နည်း ၄ နည်း

လွယ်ကူသည်ဟုထင်ရသော်လည်း မိခင်များအတွက် နို့တိုက်ခြင်းသည် တကယ်တော့ ခက်ခဲပါသည်။ အထူးသဖြင့် သားဦးမိခင်များတွင် ပို၍ခက်ခဲတတ်သည်။ သဘာဝအလျှောက်သူ့ဘာသာ သူတတ်ကျွမ်း သွားနိုင်သော်လည်း အလေ့အကျင့်တော့လိုပါသည်။ အကယ်၍သင်သည်ကလေးနို့တိုက်ရာတွင် အခက်အခဲဖြစ်နေသည်ဆိုပါက ဤနို့တိုက်နည်းလေးသွယ်က သင့်အားပိုမိုလွယ်ကူအောင် ကူညီပေးပါမည်။ ၁။ ဘက်တူလက်နှင့်နို့တိုက်နည်း အခြေခံကျဆုံးနည်းလမ်းဖြစ်သည်။ ညာဖက်နို့ကိုတိုက်မည်ဆိုလျှင် ကလေးကို ညာဖက်လက်နှင့်ချီပါ။ ဘယ်ဖက်နို့နှင့်တိုက်မည်ဆိုလျှင် ကလေးကို ဘယ်ဖက်လက်နှင့် ချီပါ။ ကလေး၏ခေါင်းကို သင်၏လက်မောင်းကွေးဆုံရာတွင် ထားလျက်ပွေ့ချီပါ။ လက်ရန်းပါသောခုံတွင်ထိုင်၍သော်လည်းကောင်း၊ အိပ်ယာပေါ်တွင် ထိုင်၍လက်မောင်းအောက်တွင် ခေါင်းအုံးများခုထား၍သော်လည်းကောင်း လက်မညောင်းစေရန် ပြုလုပ်ပါ။ မိခင်၏ခန္ဓါကိုယ်ကို ကလေးပေါ်တွင် ငိုက်မကျစေရန် မိခင်၏ခြေထောက်ကို ခုံမြင့်တစ်ခုပေါ်တွင်တင်ထားပါ။ ကလေးငယ်၏အောက်လက်မောင်းသည် ကို မိခင်လက်မောင်းအောက်တွင် ရှိနေစေ၍ ကလေးငယ်နှင့်သင်သည် မျက်နှာချင်းဆိုင်အနေအထားဖြစ်နေပါစေ။ ကလေးငယ်၏ခေါင်း ၊ကျောနှင့်ခန္ဓါကိုယ်အောက်ပိုင်းကို သင်၏လက်ဖျံ နှင့် လက်ဖဝါးတို့ဖြင့်ထိန်းထားပါ။ ဤနည်းသည် နေ့စေ့လစေ့မွေးဖွားသော ကလေးများအတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။   ၂။ ဆန့်ကျင်ဘက်လက်နှင့်နို့တိုက်ခြင်း အကယ်၍ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ လူကြားထဲတွင် အပြုအမူဆိုးများပြုလုပ်ခြင်းကို ပြုပြင်သွန်သင်ဖို့ နည်းလမ်း (၁၀) သွယ်

လူလယ်ခေါင်မှာ ကလေးကိုအော်ဟစ်နေတဲ့ မိဘမျိုးကို သင်တွေ့ဖူးပါသလား။ ဒါဟာ မြင်ရသူတိုင်းအတွက် စိတ်မချမ်းမြေ့စရာပါပဲ။ အကယ်၍ သင်ဟာသင့်ရဲ့ကလေးကို လူလယ်ခေါင်မှာ ဆူပူတတ်တဲ့မိဘမျိုးဖြစ်နေပြီဆိုရင်တော့ သင့်ရဲ့ ကလေးလူလယ်ခေါင်မှာ အပြုအမူဆိုးတွေ ပြုလုပ်တဲ့အခါ သွန်သင်ဖို့ နည်းလမ်းအချို့ကို ဖော်ပြလိုက်ပါတယ်။ ၁။ အပြစ်တစ်ခုခု ပြုလုပ်နိုင်သည့်နေရာမှ ခေါ်ထုတ်သွားခြင်း သင့်ရဲ့ကလေးဟာ ဆိုးသွမ်းတဲ့ အပြုအမူတွေကို ပြုလုပ်နေပြီဆိုရင် အဲဒီနေရာကနေ လူရှင်းတဲ့နေရာကို သင့်ကလေးကိုခေါ်သွားဖို့လိုပါတယ်။ ဒါဟာ သင့်ရဲ့ပတ်ဝန်းကျင်ကိုလည်း ဆူဆူညံညံမဖြစ်စေသလို သင့်ရဲ့ကလေးကို ပြောဆိုဆုံးမဖို့လည်း ပိုပြီးလွယ်ကူသွားပါလိမ့် မယ်။ ကလေးတွေ ဒေါသထွက်နေပြီဆိုရင် သူတို့ရဲ့မိဘတွေကို ဆန့်ကျင်လာကြပါတယ်။ သင့်ရဲ့ကလေးကို အဝေးကိုခေါ်ဆောင်သွားခြင်းဟာ သူတို့ပတ်ဝန်းကျင်က ပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့ သူတို့ကိုသူတို့နာကျင်အောင် လုပ်ခြင်းမှ လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဥပမာပြောရရင် သူတို့ကိုဈေးဝယ်စင်တာထဲကနေ အပြင်ကို ခေါ်ဆောင်သွားခြင်းဟာ စင်တာထဲက ပစ္စည်းတွေကို လျှောက်ကန်နေခြင်းမှ လည်း […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများမစားသင့်သော အစားအစာ ၅ မျိုး

ကလေးတွေအတွက် ထုတ်တဲ့အစားအစာတိုင်းဟာ သူတို့အတွက်မကောင်းနိုင်ပါဘူး။ တချို့တွေက အာဟာရမဖြစ်တဲ့အပြင် သကြားဓာတ်တွေလည်း အရမ်းများပါတယ်။ ကလေးတွေကို မကျွေးသင့်တဲ့ အစားအစာ(၅)ခုကို ပြောပြပါ့မယ်။ (၁) ကွေကာအုပ် ကွေကာအုပ်တွေဟာ ကလေးအများစုအတွက်မနက်စာပါ။ Whole-grains ဆိုတဲ့စကားလုံးက မိဘတွေကို ကျန်းမာရေးအတွက်ကောင်းစေတယ်လို့အထင်မှားစေပါတယ်။ တကယ်တမ်းတော့ အဲဒါတွေကအမျှင်ဓာတ်အနည်းငယ်သာပါပြီးအချိုတွေကယ်လိုရီတွေနဲ့ပြည့်နှက်နေပါတယ်။ Cereals ဝယ်တဲ့အခါမည်သည့်သကြားအမျိုးအစားပဲဖြစ်ဖြစ်များများမပါစေရန်သတိထားဝယ်ပါ။ အဆင်ပြေရင် အသားဓာတ်နှင့်အမျှင်ဓာတ်အနည်းဆုံး ၃ဂရမ်ပါတဲ့ Cereals ကိုရွေးပါ။ (၂) ဟော့ဒေါ့ ဟော့ဒေါ့လိုမျိုး စက်ရုံထုတ်အသားတွေဟာ ကင်ဆာဖြစ်စေတဲ့ နိုက်ထရိုက်တွေ ပါဝင်ပါတယ်။ အနီရောင်ရှိသောအသားများနဲ့ စက်ရုံထုတ်အသားတွေဟာနှလုံးရောဂါ၊လေဖြတ်ခြင်းနဲ့ ဆီးချိုတွေကိုဖြစ်စေတတ်ပါတယ်။ အဲဒီဟော့ဒေါ့တွေမှာ ဆိုဒီယမ်နဲ့ပြည့်ဝဆီတွေ ပါဝင်ပါတယ်။ ပြီးတော့အာဟာရလုံးဝမရှိတဲ့ အငန်တွေ၊ ဂျုံများတဲ့ပေါင်မုန့်တွေနဲ့ တွဲဖက်စားရပါသေးတယ်။ (၃) ကြက်ကြော် ကြက်ကြော်တွေဟာ ကလေးတွေအပြင်မှာစားတဲ့အခါ အကြိုက်ဆုံးအစားအစာပါ။ လူကြိုက်များဆုံးFast Foodဆိုင်တွေဟာ အနည်းဆုံးကြက်ကြော်ကိုတွဲဖက်အစားအစာအနေနဲ့တော့ ရောင်းကြပါတယ်။ အဲဒါတွေကို antifoaming agentခေါ်တဲ့ စွဲလမ်းစေသော dimethylpolysiloxaneခေါ် ဒြပ်ပေါင်းတစ်ခု ထည့်ပြီးကြော်ထားပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖခင်တွေနဲ့ပတ်သက်တဲ့ယုံတမ်းပုံပြင်တွေကို မယုံသင့်ဘူးလေ

ဒါ မကြာခင်မိဘတွေဖြစ်လာတော့မယ့် သင်တို့ကိုပြောပြချင်တာပါ၊ ကြားဖူးနေကျဖြစ်တဲ့ ဖခင်တွေနဲ့ပတ်သတ်တဲ့ ယုံတမ်းစကားတွေအကြောင်းပေါ့။ သင်တွေးကောင်းတွေးလေ့ရှိပါလိမ့်မယ်။ အဖေတွေက ကလေးမထိန်းတတ်ဘူး ကလေးထိန်းတဲ့နေရာမှာ ဖခင်တွေဟာ သူတို့အမျိုးသမီးတွေလောက် အရေးမကြီးပါဘူးလို့ ထင်တတ်ကြတယ်။ ဒါမှားပါတယ် ဘာလို့လဲဆို ယောက်ျားရော မိန်းမရော နှစ်ယောက်စလုံးဟာ ကလေးမရဖူးမချင်း ကလေးထိန်းတာနဲ့ပတ်သတ်ပြီး ဘာမှမသိကြပါဘူး။ ဒါပေမယ့် မိခင်တွေက ရင်သွေးလေးကို ၉ လကြာလွယ်ထားခဲ့တာကြောင့် ကလေးနဲ့ အချိန်ပိုကြာကြာရှိနေနိုင်သလိုဖြစ်နေပါတယ်။ ပြီးတော့ မိခင်တွေဟာ မိသားစု၊ သူငယ်ချင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေကနေ အားပေးမှုတွေလည်းရပါသေးတယ်။ ဖခင်တွေဟာ ကလေးပြုစုပျိုးထောင်နိုင်စွမ်းမနည်းပါဘူး။ သူတို့က မိခင်တွေနဲ့ယှဉ်ရင်သာ နည်းနည်းလေးနောက်ကျပြီးမှ ကလေးနဲ့စသိခွင့်ရတာပါ။ ဖခင်တွေလည်း ကလေးငယ်လေးတွေကိုဘယ်လိုစောင့်ရှောက်ရမယ်ဆိုတာ စာအုပ်တွေဖတ်ပြီး လေ့လာပြီး သူတို့အမျိုးသမီးတွေကို ကူညီနိုင်ပါတယ်။ အဖေတွေကမီးဖွားဖို့အတွက်ဘာမှလုပ်တာမဟုတ်ဘူး မှားပါတယ်။ ဒီနေ့တွေမှာ ဖခင်တွေအများအပြားဟာ သူတို့အမျိုးသမီးတွေ မီးဖွားဖို့အတွက် ဆေးရုံကိုလိုက်ပါစောင့်ရှောက်နေကြပါပြီ။ ဖခင်တစ်ယောက်ဟာ မိခင်လောင်းလေးကို စိတ်လျှော့နိုင်အောင် ကူညီပေးရင်း သူ့ဘေးမှာရှိနေနိုင်ပါတယ်။ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်းနှင့် ပက်သက်သော ယုံကြည်မှု (၅) ရပ်

မိခင်နို့တိုက်ကျွေးခြင်းဟာကလေး၏ကျန်းမာရေးကိုပိုမိုကောင်းမွန်စေပြီး အသက်ရှင်နှုန်း ပိုမိုတိုးတက်စေသည်ဆိုတာကိုကျွန်ုပ်တို့ အားလုံးသိရှိကြပြီးဖြစ်ပါသည်။ မိခင်နို့ဟာ အာဟာရများစွာရရှိရာနေရာ ဖြစ်သည့်အပြင်ကလေး၏ ကြီးထွားဖွံ့ဖြိုးမှုအတွက်အရေးပါသော နေရာတွင်လည်း ပါဝင်ဆောင်ရွက်ပေးပါသည်။ မိခင်နို့သည်ကလေး၏ကိုယ်ခံအားတိုးတက်စေပြီး ဉာဏ်ရည်ပိုမိုကောင်းမွန်စေကာ အစာစားချင်စိတ်ပိုမိုဖြစ်ပေါ်စေသည်။ မိခင်နို့တိုက်ကျွေးခြင်းနှင့်ပက်သက်ပြီး လူအများ၏ယုံကြည်မှု(၅)ရပ်ကို ဖော်ပြပေးလိုက်ပါသည်။ ၁။ မိခင်နို့တိုက်ကျွေးခြင်းသည် ရင်သားများကိုအန္တရာယ်ဖြစ်စေသည်။ အမျိုးသမီးအများစုသည်မိခင်နို့တိုက်ကျွေးပါက သူတို့၏ရင်သားများ ဆွဲဆောင်မှု လျော့ကျသွားမည်ဟုထင်ကြပါသည်။ တကယ်တော့ သင့်ကလေးကို သင်၏မိခင်နို့တိုက်ကျွေးခြင်းဟာ ရင်သားပိုးဝင်ခြင်းမှ ကာကွယ်ပေးပါသည်။ အကယ်၍သင့်ကလေးကိုနို့မတိုက်ပါက မိခင်နို့ များသည်နို့ချောင်းပြွန်များထဲတွင် ပိတ်ဆို့သွားပြီး ဘက်တီးရီးယားပိုးမွှားများ ပေါက်ပွားလာကာ သင်၏ရင်သားတစ်ရှူးများ အတွင်း ရောင်ရမ်းမှုကိုဖြစ်ပေါ်စေပါသည်။ ထို့အပြင် ရေရှည် နို့ချိုတိုက်ကျွေးခြင်းအားဖြင့် ရင်သားကင်ဆာနှင့် သားဥအိမ်ရောဂါများကို ကာကွယ်ပေးပါသည်။ ထို့အပြင်မိခင်နို့ချိုတိုက်ကျွေးခြင်းဖြင့် သင်၏ကလေးနှင့် ရင်းနှီးချစ်ခင်မှုပိုမိုရရှိစေပါသည်။ ၂။ မိခင်နို့တိုက်တဲ့ကလေးတွေဟာ ကြီးထွားနှုန်းနှေးကွေးသည်။ မကြာသေးမီက လေ့လာတွေ့ရှိချက်များအရ ပထမသုံးနှစ်အတွင်းမိခင်နို့တိုက်ကျွေးသောကလေးများသည် အသက်ကြီးလာပါက အစာစားချင်စိတ် ပိုမိုဖြစ်ပေါ်စေပါသည်။ မိခင်နို့တိုက်ကျွေးသောကလေးများသည် ကိုယ်ခံအားပိုမိုကောင်းမွန်ပြီး အစာချေစနစ်ပိုမိုကောင်းမွန်ပါသည်။ ကြိုတင်ညှစ်ထုတ်ထားသော […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ကလေးအစာချေစနစ်အတွက် ဆရာဝန်ပြသရန်လိုအပ်သော လက္ခဏာ(၅)ရပ်

အကယ်၍သင့်ကလေးသည်အစားကိုကုန်အောင်မစားနိုင်ဘူးဆိုပါက အစာကြေးများသည်ဟု လျင်မြန်စွာမယူဆစေလိုပါ။ သင့်ကလေး၏ အစာချေစနစ်တွင် ပြဿနာတစ်စုံတစ်ရာ ရှိနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အောက်ပါလက္ခဏာများကို ကြည့်ခြင်းအားဖြင့် သင့်ကလေး အစာချေစနစ်အတွက် ဆရာဝန်ပြသရန်လိုအပ်နေပြီဖြစ်ကြောင်းညွှန်ပြပေးနေပါသည်။ အစာချေခြင်းဆိုင်ရာပြဿနာများ(ကလေးဆရာဝန်ကိုဘယ်တော့ပြမလဲ) ဗိုင်းရပ်စ်ပိုးဝင်ခြင်း၊အစာဓါတ်မတည့်ခြင်းအပါအဝင်ဖြစ်နိုင်ခြေများစွာရှိပါသည်။ အနည်းငယ်ဝမ်းပျက်ခြင်းကိုအိမ်တွင် ကုသနိုင်သော်လည်း အောက်ပါလက္ခဏာရပ်များဖြစ်ပေါ်လာပြီဆိုပါက ကလေးဆရာဝန်နှင့်ပြသဖို့လိုအပ်နေပါပြီ။ ၁။ ဝမ်းပျက်ဝမ်းလျှောခြင်း ဝမ်းကအရည်လိုဘဲဒလဟောသွားမည် ဝမ်းထဲမှာသွေးပါမည် အကယ်၍ကလေးကနှစ်ဆယ့်လေးနာရီအတွင်းမှာငါးကြိမ်ထက်ပိုပြီးဝမ်းသွားမည် မတ်တပ်ပြေးအရွယ်ဖြစ်ပါကသုံးရက်ထက်ပိုပြီးဝမ်းသွားမည် ၂။ ဝမ်းချုပ်ခြင်း ဝမ်းထဲမှာသွေးပါမည် တစ်ပတ်ကိုသုံးကြိမ်အောက်သာဝမ်းသွားမည် ဝမ်းပိတ်ခြင်းကအန်ခြင်း၊ဖျားခြင်း၊ကိုယ်အလေးချိန်ကျခြင်း(သို့မဟုတ်)ဗိုက်ဖောင်းလာခြင်းတစ်ခုခုနှင့်တွဲပြီးဖြစ်ပေါ်မည် ၃။ အန်ခြင်း အန်ဖတ်ထဲမှာသွေးသို့မဟုတ်အစိမ်းရောင်၊အဝါရောင်ရှိသောသည်းခြေရည်ပါခြင်း အန်ခြင်းကဝမ်းပျက်ဝမ်းလျှော၊ဖျားခြင်း၊သို့မဟုတ်အလွန်ဗိုက်အောင့်ခြင်းနှင့်တွဲ၍ဖြစ်ပေါ်လျှင် အကယ်၍တစ်နှစ်အောက်ကလေးတွင်တစ်နေ့လျှင်တစ်ကြိမ်ထက်ပို၍အန်ခြင်း မတ်တပ်ပြေးအရွယ်တွင်သုံးရက်ထက်ကျော်၍အန်ခြင်း ၄။ ဗိုက်အောင့်ခြင်း ဗိုက်အောင့်ခြင်းကရုတ်တရက်အရမ်းအောင့်လာပြီးတောက်လျှောက်အောင့်နေမည် ဗိုက်အောင့်ခြင်းကတစ်ဆယ့်လေးရက်ထက်ကျော်မည် ဗိုက်အောင့်ခြင်းကဗိုက်၏တစ်နေရာတည်းပေါ်တွင်အမြဲတမ်းအောင့်မည် မကြာခဏဗိုက်အောင့်လိုက်ပျောက်လိုက်ဖြစ်မည် ၅။ အစာရည်မျိုမလုံ၍အက်ဆစ်လျှံခြင်း အစာရေမျိုမလုံ၍အက်ဆစ်လျှံခြင်းသည်ပုံမှန်အားဖြင့်ကလေးများသည်ချော့ကလက်၊ပူရှိန်း၊အဆီပါသောအစားအစာများစားသည့်အခါမှာသူ့အလိုအလျောက်ပျောက်သွားတတ်ပါသည်။ သို့သော်လည်းသင်၏ကလေးသည်အောက်ပါအက်ဆစ်အလွန်အမင်းလျှံတတ်မှုရောဂါလက္ခဏာခံစားနေရပါကဆရာဝန်နှင့်ဆက်သွယ်သင့်ပါသည်။ ထိုလက္ခဏာများမှာ ကိုယ်အလေးချိန်နည်းနည်းပဲတက်ခြင်းသို့မဟုတ်ကိုယ်အလေးချိန်လုံးဝမတက်ခြင်း အသက်ရှူရခက်ခဲခြင်း အစိမ်းသို့မဟုတ်အဝါရောင်အရည်များအစာစားပြီးတိုင်းအန်ခြင်း ရင်ခေါင်းအောင့်ခြင်းသို့မဟုတ်ရင်ဘတ်အောင့်ခြင်း အချိန်ကြာမြင့်စွာချောင်းဆိုးခြင်း အစာမျိုချရာတွင်အခက်အခဲဖြစ်ခြင်း ထိုသို့မဖြစ်ခင်မှာ ကလေး၏အစာချေစနစ်ကိုကောင်းမွန်စေရန် ပံ့ပိုးမှုပေးနိုင်မည့်အာဟာရများကို အစတည်းက တိုက်ကျွေးပေးဖို့လိုပါသည်။ ဥပမာ အူလမ်းကြောင်းမှာ Probiotics ဟုခေါ်သည့် အကျိုးပြုဘက်တီးရီးယားများရှိပါသည်။ Probiotics […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ခါစကလေးကို သရေစာမုန့် ကျွေးရင်သိထားရမယ့် အချက် (၅)ချက်

လမ်းလျှောက်တတ်ခါစ ကလေးအရွယ် ၁နှစ်မှ ၃နှစ်သား များဟာ ကြီးထွားဖွံ့ဖြိုးမှု အလွန်မြန်ဆန်တယ်လို့ သိထားကြပါတယ်။ ဒီအချိန်ကလည်း သူတို့လိုအပ်တဲ့ ဗီတာမင် သတ္ထုဓာတ်တွေနဲ့ အစာကောင်းစွာစားဖို့ သေချာအောင်ပြုလုပ်ရမှာဖြစ်ပါတယ်။ ကျန်းမာပြီး စုံလင်တဲ့ အစားအသောက်ပုံစံတည်ဆောက်ဖို့ သင့်တော်တဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကလေးတွေဘာစားသင့်လဲ သိနိုင်ဖို့နဲ့ ဘယ်လိုသရေစာတွေကို မှန်ကန်အောင်ကျွေးဖို့ မိဘတွေအတွက် ခက်ခဲနိုင်ပါတယ်။ ခုလမ်းညွန်ချက်ကတော့ မိဘနဲ့ ကလေးထိန်းတွေအတွက် ကလေးကိုသရေစာကျွေးလျှင် သိသင့်တဲ့ ၅ ချက် ဖြစ်ပါတယ်။ စားသောက်မှုပုံစံ မညီမျှခြင်းကို ထိန်းညှိခြင်း လမ်းလျှောက်တတ်ခါစ ကလေးငယ်တွေကို သရေစာမုန့် ကျွေးမွေးခြင်းက ကလေးဗိုက်ဝဖို့အတွက် အလွယ်ဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဒီအရွယ်ကလေးငယ်တွေဟာ လောကအကြောင်း အလုပ်ရှုပ်လောက်အောင် လေ့လာနေပုံပေါက်တဲ့အတွက် အစာငြိမ်ငြိမ် ထိုင်မစားနိုင်ကြပါဘူး။ အချို့တွေက အစားအသောက်နဲ့ပတ်သက်ပြီး ကြေးများတတ်သလို စားသောက်ဖို့လည်းငြင်းဆန်ကြပါတယ်။ ကျန်းမာတဲ့ သရေစာတွေဟာ မညီမျှတဲ့စားသောက်မှုပုံစံကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲ

သင့်ကလေးကိုအရိုးပျော့ရောဂါ(Rickets)မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။ အရိုးပျော့ရောဂါဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး အာရုံစိုက်စရာ ရောဂါတစ်ခု ဖြစ်လာပါတယ်။ ဒီရောဂါက အာဟာရချို့တဲ့တဲ့ နိုင်ငံတွေမှာသာဖြစ်လာတာမဟုတ်ဘဲ ဖွံဖြိုးတိုးတက်တဲ့နိုင်ငံတွေမှာပါ ဖြစ်လာတာတွေ့ရပါတယ်။ အရိုးပျော့ရောဂါဆိုတာ ကိုယ်မှာရှိတဲ့ အရိုးတွေကို ပျော့လာပြီး အားနည်းလာစေတဲ့ ရောဂါဖြစ်ပါတယ်။ အသက် ၆လ နဲ့ ၃၆ လ ကြားက ကလေးတွေမှာ အများဆုံးဖြစ်လေ့ရှိပါတယ်။ ဒီရောဂါဟာ vitamin D အလွန်အမင်း မလုံလောက်မှုကြောင့် အရိုးအတွက် Calcium နဲ့ Phosphorus စုပ်ယူမှုအားနည်းသွားတဲ့အခါ ဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီ Calcium နဲ့ Phosphorus တွေဟာ အရိုးတွေရဲ့ကြံ့ခိုင်မှုအတွက် အဓိကလိုအပ်တဲ့ ဓါတ်တွေဖြစ်ပါတယ်။ ဒီအရေးကြီးတဲ့ vitamin တွေမပြည့်စုံဘဲနဲ့ သင့်ကလေးရဲ့အရိုးတွေကကြံ့ခိုင်ပြီးဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်တဲ့အပြင် အားနည်းပြီးပျော့ပျောင်းသွားနိုင်ပါတယ်။ ကလေးတွေကိုဘာကအရိုးပျော့ရောဂါဖြစ်စေတာလဲ။ ကလးတွေမှာ အရိုးပျော့ရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက ဗီတာမင် ဒီ(Vitamin D) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း