ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးကို အစေ့အဆန် ကျွေးသင့်ရဲ့လား။

မိဘတိုင်းက ဘေဘီလေးကို solid food စကျွေးတဲ့အချိန်မှာ အတော်လေး ဂရုစိုက်ကြပါတယ်။ ဖွံ့ဖြိုးဆဲ ဘေဘီလေးရဲ့ အစာခြေစနစ်ကို ထိခိုက်မှာ စိုးကြသလို ဘေဘီလေးနဲ့ တည့်ပါ့မလားဆိုတဲ့ ကိစ္စကိုပေါ့။ ဒီလို စိုးရိမ်မှုတွေနဲ့ မကျွေးဖြစ်တဲ့ အစားအစာတွေလည်း ရှိကြပါတယ်။ အများဆုံး စိုးရိမ်တာကတော့ ဓာတ်မတည့်မှု ဖြစ်စေမှာကိုပေါ့။ ဓာတ်မတည့်မှု ဖြစ်မှာစိုးပြီး ဘေဘီလေးကို အများဆုံး မိတ်မဆက်ပေးမိတဲ့ အစာကတော့ အစေ့အဆန်ပေါ့။ တကယ်ကတော့ အစေ့အဆန်တွေက အာဟာရကြွယ်ဝပြီး ဘေဘီလေးတွေကို ကျွေးပေးသင့်တဲ့ အစာအစားပါ။ အစေ့အဆန်တွေက ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်ဆိုပေမယ့် ဘေဘီလေးတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က ဓာတ်မတည့်မှုကို မခံစားရပါဘူး။ ဒါကြောင့် ဘေဘီလေးက ၁၂ လလောက်ရောက်ပြီဆိုရင် အစေ့အဆန်တွေကို ကြေညက်အောင် ကြိတ်ပြီး နည်းနည်း စကျွေးကြည့်ပါ။ တည့်တယ်ဆိုရင် ပုံမှန်လေး ကျွေးပေးဖို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးတဲ့အခါ

သီဟိုဠ်စေ့လို့ ပြောလိုက်ရင် အဆီများမယ်။ ဝိတ်တက်စေလိမ့်မယ်။ ကျန်းမာရေးကိုလည်း အထောက်အကူပြုမှာ မဟုတ်ပါဘူးလို့ ယူဆလိုက်ကြတာ များပါတယ်။ တကယ်ကတော့ သီဟိုဠ်စေ့က အယ်လ်မွန်စေ့၊ မြေပဲ၊ သစ်ကြားသီးတို့ထက် အဆီပါဝင်မှု နည်းပြီး အကျိုးပြု အဆီပါဝင်မှုတော့ များပါတယ်။ သီဟိုဠ်စေ့မှာပါဝင်တဲ့ အဆီရဲ့ ၄၇ ရာခိုင်နှုန်းက ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ နှလုံးကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဒါတင် မကသေးပါဘူး သီဟိုဠ်စေ့မှာ အရိုးနဲ့သွေးကြောတွေကို ကျန်းမာစေတဲ့ copper၊ မဂ္ဂနီဆီယမ်လိုမျိုး အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဒီလို အာဟာရဓာတ် ကြွယ်ဝတဲ့ သီဟိုဠ်စေ့ကို ဘေဘီလေးကို ကျွေးလို့ ရမလားဆိုတော့......... ဒီဆောင်းပါးလးမှာ ပြောပြပေးမယ်နော်။ ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရလား.......... ဘေဘီလေးကို သီဟိုဠ်စေ့ ကျွေးလို့ရပါတယ်။ ဘေဘီလေးက အသက် ၁၂ လပြည့်ပြီဆိုရင် သီဟိုဠ်စေ့ကို သေချာ ညက်အောင် […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဆန်ပြုတ်

ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ဘေဘီလေး ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အာဟာရ လိုအပ်ချက်ပြည့်မီစေဖို့ မိခင်နို့အပြင် ဖြည့်စွက်စာလေးတွေ ကျွေးလာရပါတယ်။ ဒီလို ကျွေးတဲ့အခါ ဘေဘီလေးကို အာဟာရ ပြည့်စေဖို့ မြန်မာနိုင်ငံရဲ့ အဓိက အစားအစာ ဖြစ်တဲ့ ထမင်းကို ပိတ်ပါးစလေးနဲ့ တိုက်ပြီး ကျွေးတာ ရှိသလို ဆန်မှုန့်ကို ကျိုကျွေးတာမျိုးလည်း ရှိပါတယ်။ နောက်တစ်နည်းကတော့ ဆန်ပြုတ် ကျွေးတာပါ။ ဆန်ကို ဆန်စေ့ပျောက်အောင် ပြုတ်ထားတဲ့ ဆန်ပြုတ်က solid food စစားမယ့် ဘေဘီလေးအတွက် အထူးသင့်တော်ပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဆန်ပြုတ်မှာပါတဲ့ အာဟာရ ဆန်ပြုတ် တစ်ခွက်မှာ ပရိုတင်း  အဆီ ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် […]


ကလေးငယ်အာဟာရ

ဗီတာမင် C နဲ့ ဘေဘီလေး ကျန်းမာရေး

ဘေဘီလေးတွေ အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေဖို့အတွက် ဗီတာမင် နဲ့ သတ္တုဓာတ်တွေ လိုအပ်တယ်ဆိုတာကို မေမေဖေဖေတိုင်း သိထားပြီး ဖြစ်မှာပါ။ ငယ်စဉ်ကတည်းက ဗီတာမင်နဲ့သတ္တုဓာတ်တွေ ပြည့်ဝအောင် ဖြည့်ပေးနိုင်မှ ဘေဘီလေးက အကောင်းဆုံး ကြီးထွားနိုင်မှာပါ။ ဒီလို ပြည့်စုံအောင် ဖြည့်ပေးရမယ့် ဗီတာမင်တွေထဲမှာမှ ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် ဗီတာမင် C ပြည့်ဝဖို့ လိုမယ်ဆိုတာကို မေမေတိုင်း သိထားပြီး ဖြစ်မှာပါ။ ဗီတာမင် C က ဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ဘေဘီလေးရဲ့ ကိုယ်ခံအားကို အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဗီတာမင် C က ဘေဘီလေးကို ကိုယ်ခံအားတင် ကောင်းစေတာမဟုတ်ဘဲ အခြား ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ပေးစွမ်းပါသေးတယ်။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗီတာမင် C နဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ ဝမ်းဗိုက်လေး နေမကောင်းတဲ့အခါ မပေါ့ဆပါနဲ့ ဒီလိုနောက်ဆက်တွဲ ပြဿနာတွေဖြစ်နိုင်တာ သတိရပါ

ကလေးတွေ ဝမ်းလျှောတယ်၊ လေနာတယ်ဆိုရင် ဝမ်းဗိုက်ပြဿနာလို့ပဲ ထင်ကြပါတယ်။ အချိန်တန်ရင် ကောင်းသွားမှာပါဆိုပြီး အားတင်းတတ်ကြတယ်။ တကယ်လည်း ဟုတ်ပါတယ်။ တချို့ဗိုက်ပြဿနာတွေက အချိန်တန်ရင် ကောင်းသွားပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အနေနဲ့ ဗိုက်ပြဿနာတွေ ခဏခဏ ခံစားနေရမယ်ဆိုရင် ဗိုက်နဲ့ မဆိုင်တဲ့ တခြားဆိုးကျိုးလေးတွေပါ ဖြစ်လာတတ်ပါတယ်။ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဗိုက်ပြဿနာများ ကလေးအများစုမှာတော့ ဝမ်းချုပ်တာ ဝမ်းလျှောတာ အန်တာ လေနာတာ စတာတွေက အတွေ့ရများတဲ့ ပြဿနာတွေပါပဲ။ ရှားရှားပါးပါး အူရောင်တာတို့ (Inflammatory bowel disease) လက်တို့စ်မချေဖျက်နိုင်တာတို့လည်း ရှိပါတယ်။ ခဏခဏ ဗိုက်ပြဿနာ ဖြစ်တဲ့အခါ ခဏခဏ ဝမ်းလျှောလိုက်၊ ဗိုက်အောင့်လိုက် ဖြစ်တဲ့အခါကျတော့ ကလေးက စိတ်မကြည်တော့ပါဘူး။ လူကြီးတောင် နေမကောင်းရင် ညည်းတတ်သေးတာ ကလေးတွေလည်း ဒီလိုပါပဲ။ ပိုးကြောင့် ဝမ်းလျှောတာမျိုးဆို ဖျားတာပြုတာ ရှိတတ်ပါတယ်။ ဒီတော့ ကလေးက ဝမ်းသွားတာတစ်မျိုး၊ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားလေးတွေကို ဘယ်လို ပြန်ကျေးဇူးဆပ်ကြမလဲ။

မေမေရေ သားသားဗိုက်အောင့်တယ်၊ မီးမီးဗိုက်အောင့်တယ်ဆို မိဘတွေစိုးရိမ်တတ်ကြပါတယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာများ အစားမှားကျွေးမိလို့လဲဆိုပြီး တွေးတတ်ကြပါတယ်။ လူကြီးတွေမှာ ဝမ်းဗိုက်ဆိုတာ ပြဿနာပေါင်းစုံပေးတတ်သလို ကလေးတွေမှာဆိုလည်း ဝမ်းလျှောတာကစလို့ လေနာ၊ ဝမ်းချုပ် အစုံဖြစ်နိုင်ပါတယ်။ ကလေးတွေ ဝမ်းတစ်လုံးမကောင်းရင် မိဘတွေ ခေါင်းခဲရတာမို့လို့ ကလေးတွေမှာ ဖြစ်တတ်တဲ့ ဝမ်းဗိုက်ပြဿနာအချို့ကို ပြောပြပေးချင်ပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ ဝမ်းဗိုက်ပြဿနာများ ဝမ်းလျှောခြင်း ဝမ်းချုပ်တာ နို့သကြား မချေဖျက်နိုင်တာ လေနာတာတွေက ကလးတွေရဲ့ ဝမ်းဗိုက်ကလေးကို နှိပ်စက်နေတဲ့ အစာခြေစနစ် ပြဿနာတွေပေါ့။ ကလေးတို့ ဝမ်းဗိုက်ပြဿနာ အဖြာဖြာရဲ့ စွမ်းအားရှင် ဘက်တီးရီးယားများ ကလေးတို့ရဲ့ အစာခြေစနစ် ကျန်းမာစေဖို့ဆိုရင် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတွေ ရှိပါတယ်။ ဒါကတော့ အစာခြေစနစ်ထဲမှာ နေထိုင်ကြတဲ့ သန်းပေါင်းများစွာသော စွမ်းအားရှင် အကျိုးပြု ဘက်တီးရီးယား လေး တွေပါ။ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ရောဂါကင်းစင်ပြီး ကျန်းမာပျော်ရွှင်စွာ ရှင်သန်ပါစေ။

ဘေဘီလေးတွေက ဖူးပွင့်လာမယ့် ပန်းကလေးတွေဆိုရင် ဖေဖေမေမေတို့က ဥယျာဉ်မှူးတွေပါ။ ဥယျာဉ်မှူးတွေရဲ့ တာဝန်က ပန်းကလေးတွေ လှပစွာဖူးပွင့်နိုင်စေဖို့ဆိုရင် ဖေဖေမေမေတို့တာဝန်က ဘေဘီလေးတွေ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ပေါ့။ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ဆိုရာမှာ ဘေဘီလေးက ရောဂါကင်းဖို့ရော၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ဖို့ရော၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးသန်စွမ်းဖို့ပါ လိုပါမယ်။ ဒီလို အဖက်ဖက်က ပြည့်စုံဖို့ အာဟာရပြည့်ဝရေး၊ ကျန်းမာတဲ့ နေထိုင်မှုပုံစံ၊ ချစ်ခင်အလေးစိုက်မှု နဲ့ လုံလောက်တဲ့ ကာကွယ်ဆေးထိုးနှံမှုဆိုတဲ့ အချက်တွေအားလုံးကို သေချာ ဂရုတစိုက် လုပ်ဆောင်ဖို့လိုမှာပါ။ ကာကွယ်ဆေးထိုးဖို့ အရေးကြီးလို့လား။ ကာကွယ်ဆေးထိုးတာက တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အရေးပါတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပါ။ ကာကွယ်ဆေး ပြည့်ဝစွာ ထိုးနှံမှုက နှစ်စဉ် ကလေးငယ် သန်းပေါင်းများစွာကို ရောဂါတွေဘေးကနေ ကာကွယ်ပေးနေတာပါ။ ကာကွယ်ဆေးက ရောဂါတွေရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးရာမှာ ထိရောက်စွာ အားဖြည့်ပေးပါတယ်။ ကလေးတွေကို […]


ကလေးငယ်အာဟာရ

ဘေဘီလေးနဲ့ ဗီတာမင် C

ဘေဘီလေး တစ်ယောက် ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ အာဟာရဓာတ်တွေ ပြည့်ဝနေဖို့ လိုပါမယ်။ ဒီ အာဟာရဓာတ်ဆိုတဲ့နေရာမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အချိုးကျ ပါဝင်နေတာကို ဆိုလိုတာပါ။ ဗီတာမင်တွေထဲမှာ ကလေးကို ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် မဖြစ်မနေ ဖြည့်ဆည်းပေးဖို့ လိုမယ့် ဗီတာမင်က ကိုယ်ခံအား ဗီတာမင်လို့ သိထားကြတဲ့ ဗီတာမင် C ပါ။ ဖျားနေတယ်ဆိုရင် မြန်မြန်နေကောင်းအောင်ဆိုပြီး ဖြစ်ဖြစ် ဖျားချင်သလိုလို ဖြစ်နေတယ်ဆိုရင် ကိုယ်ခံအားကောင်းအောင်ဆိုပြီး စားသုံးတတ်ကြတဲ့ ဗီတာမင် C က ဘေဘီလေးတွေ ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း လိုအပ်ပါတယ်။ ကျန်းမာရေး အကျိုးကျေးဇူး များပြီး ကလေးကို ကျန်းမာ ဖွံ့ဖြိုးစေဖို့ထောက်ပံ့ပေးတဲ့နေရာမှာ ဗီတာမင် C က အတော်လေး အရေးပါပါတယ်။ ဒီတော့ ဘေဘီလေးကို ဗီတာမင် C လုံလောက်စေဖို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် အကောင်းဆုံးသော ဗီတာမင် C ပေးစွမ်းမယ့် အစားအစာလေးတွေ

ဘေဘီလေးကို ကိုယ်ခံအားကောင်းအောင် ဗီတာမင် C ပြည့်ဝစေချင်တယ်။ ဒါပေမယ့် ဆေးတွေဘာတွေလည်း မတိုက်ချင်ဘူး။ အစားကနေတဆင့်ပဲ လိုအပ်တဲ့ ဗီတာမင် C ကို ပြည့်ဝအောင် ဖြည့်ပေးချင်တယ်ဆိုတဲ့ မေမေဖေဖေတွေ ရှိကြလား။ ဒါဆိုရင်တော့ ဘေဘီလေးကို ဆေးတိုက်စရာ မလိုဘဲ ဗီတာမင် C ပြည့်ဝအောင် ဘာတွေ ပြင်ဆင်ကျွေးမွေးရမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ဗီတာမင် C ဖြည့်ပေးမယ့် စားစရာလေးတွေက ဘာတွေများလဲ........... ဘေဘီလေးကို ဗီတာမင် C ပြည့်ဝပြီး ကိုယ်ခံအား ကောင်းစေဖို့ဆိုရင် စတော်ဘယ်ရီ စတော်ဘယ်ရီက ဘေဘီလေး အများစု ကြိုက်ကြတဲ့ အသီးလေးပေါ့။ ကမ္ဘာမြေပေါ်က ကျန်းမာရေးနဲ့ အညီညွတ်ဆုံး ဘယ်ရီသီးလေးပါ။ စတော်ဘယ်ရီ တစ်ပန်းကန်စာက ဘေဘီလေးတစ်ယောက် တစ်နေ့တာ လိုအပ်မယ့် ဗီတာမင် C ပမာဏရဲ့ တစ်ဝက်လောက်ကို ဖြည့်ပေးနိုင်ပါတယ်။ နောက်တစ်ခုက စတော်ဘယ်ရီက […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ဂျပန်ဦးနှောက်ရောင် ရောဂါနဲ့ ကြောက်စရာကောင်းတဲ့ နောက်ဆက်တွဲဆိုးကျိုး

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ခြင်ကတဆင့် ကူးစက်တဲ့ ရောဂါပါ။ ခြင်ကတဆင့် ကူးစက်တဲ့ တခြားရောဂါတွေလိုပဲ မြန်မာနိုင်ငံမှာ အတွေ့ရများပါတယ်။ မတော်တဆ ကူးစက်ခံရလို့ နောက်ဆက်တွဲရောဂါဝင်ခဲ့ရင် ကုသလို့ မရဘဲ အသက်ဆုံးရှုံးနိုင်တဲ့အထိ ပြင်းထန်တဲ့ ရောဂါပါ။ ကံကောင်းတာကတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေတာပါပဲ။ ဂျပန်ဦးနှောက်ရောင် ရောဂါက အာရှနိုင်ငံတွေမှာ အဖြစ်များပြီး တစ်နှစ်ကို လူနာပေါင်း ၆၈ ၀၀၀လောက် ရှိတယ်လို့ ဆိုပါတယ်။ လက္ခဏာပြတာလည်း ရှားပါတယ်။ သေနှုန်းကတော့ လူ ၁၀၀မှာ အယောက် ၃၀လောက် သေဆုံး နိုင်ပါတယ်။ ဦးနှောက်ရောင်ပြီး ရာသက်ပန် ဦးနှောက်ထိခိုက်သွားနိုင်ခြေကတော့ ၃၀ကနေ ၅၀ရာခိုင်နှုန်းထိ ရှိပါတယ်တဲ့။ ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ဂျပန်ဦးနှောက်ရောင် ရောဂါက ကျူးလက်စ် ခြင်ကိုက်ရာကနေ ကူးစက်ပါတယ်။ ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကတော့ ဖလာဗွီဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း