ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးပြီးပြီးချင်း မိခင်နှင့်ရင်သွေးအသားချင်း ထိကပ်စေခြင်း၏ အကျိုးကျေးဇူးများ

မိဘနဲ့ကလေး ဆက်ဆံမှုနဲ့ ပတ်သက်လာရင် အမေရိကန် တက္ကသိုလ် က Susan M. Ludington က မွေးကင်းစကလေးဘဝဟာ ကလေးငယ်ရဲ့ ဘဝတစ်သက်တာ ဆက်ဆံမှုတွေ အစပြုတဲ့ အချိန်ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်းတော့ မွေးကင်စကလေးကို မိခင်နဲ့ အရေပြား အချင်းချင်း ထိကပ်ထားခြင်းဟာ မိဘတွေနဲ့ လုံခြုံတဲ့ ဆက်နွယ်မှုတစ်ခုကို ပေးစွမ်းနိုင်ပြီး မိဘနဲ့ကလေးကြားမှာ ဖျက်မရနိုင်တဲ့ ရင်းနှီးမှုတစ်ခုကို သန်မာစေပါတယ်။ ဒါ့ပြင် အခြားကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ ကလေးငယ်ကို နေသားတကျရှိစေပါတယ်။ အပူထိန်းညှိခြင်းဟာ ကလေးငယ်တွေအတွက် ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေဟာ မွေးမလာမချင်း သူတို့ကိုယ်ခန္ဓါအပူချိန်ကို ကိုယ်တိုင်ထိန်းညှိစရာ မလိုအပ်ပါဘူး။ မွေးပြီးနောက်မှာတော့ သင့်ကလေးငယ်ကို ပတ်ဝန်းကျင်အသစ်မှာ အသားကျစေဖို့ သင့်လက်မောင်းထဲမှာ ထွေးပွေ့ထားနိုင်ပါတယ်။ သင့်အရေပြားဟာ ကလေးကို သင့်သားအိမ်လိုမျိုး ပူနွေးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါဟာ သင့်ကလေးရဲ့ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒါဏ်ရာများ

ကလေးတွေဟာ အရမ်းဆော့ပါတယ်။ တနေ့လုံးဆော့နေ၊ပြေးနေဆိုလည်း သူတို့လုပ်နိုင်ပါတယ်။ ဒါကြောင့် ထိခိုက်ဒါဏ်ရာလည်း အင်မတန်မှ ရလွယ်ပါတယ်။ ဒီတော့ ကလေးတွေမှာ အဖြစ်များတဲ့ ထိခိုက်ဒါဏ်ရာတွေကို လေ့လာရှာဖွေကြရအောင်။ ဒါမှသာ သင့်အနေနဲ့ သင့်ကလေးဘာဖြစ်တာလဲ သိမှာဖြစ်တဲ့အပြင် ဒီလိုတွေမဖြစ်ရအောင်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျောနဲ့ ပုခုံးပြဿနာတွေ သင့်ကလေး ကျောင်းသွားတဲ့အခါ လွယ်အိတ် ဒါမှမဟုတ် ကျောပိုးအိတ် လွယ်ရပါတယ်။ ဒီခေတ်ကလေးတွေရဲ့ ကျောပိုးအိတ်ထဲမှာ အစုံပါ ပါတယ်။ စာအုပ်တွေ၊ဘောပင်ခဲတံ၊ပေတံ၊ထမင်းဗူး စသဖြင့်ပေါ့။ တကယ်လို့ သင့်ကလေးဟာ အရမ်းလေးတဲ့ ကျောပိုးအိတ် ဒါမှမဟုတ် လွယ်အိတ်ကို လွယ်ရတယ်ဆိုရင် ကြာလာတဲ့အခါ လည်ပင်း၊နောက်ကျောနဲ့ ပုခုံးတွေ နာလာပါလိမ့်မယ်။ ဒါတွေဟာ ကိုယ်နေဟန်ထားမမှန်တဲ့အတွက် ဖြစ်ရတာပါ။ အဲ့ဒါကြောင့် သင့်ကလေးကို ပုခုံးနှစ်ဖက်လုံးမှာ လွယ်ရတဲ့ ကြိုးနှစ်ကြိုးပါ ကျောပိုးအိတ်ကိုပဲ ဝယ်ပေးပါ။ ကျောပိုးအိတ်ရဲ့ အလေးချိန်က ကလေးကိုယ်အလေးချိန်ရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဂေါက်ရောဂါဖြစ်နိုင်လား။

ဂေါက်ရောဂါဆိုတာဘာလဲ။ ဂေါက်ရောဂါဆိုတာ အဆစ်အမြစ်ရောင် ရောဂါတမျိုးပါ။ ယေဘုယျပြောရရင် လူကြီးတွေမှာပဲ ဂေါက်ရောဂါဖြစ်လေ့ရှိပေမယ့် ကလေးတွေမှာလည်း ဂေါက်ရောဂါဖြစ်တတ်တယ်ဆိုတာ သိထားသင့်ပါတယ်။ ဒီလိုသိထားခြင်းအားဖြင့် သင့်ကလေး ဂေါက်ရောဂါမဖြစ်အောင် ကာကွယ်တားဆီးနိုင်သလို အကယ်၍ ဖြစ်ခဲ့ရင်လည်း ထိထိရောက်ရောက်ကုသပေးနိုင်မှာပါ။ ဂေါက်ရောဂါရဲ့ လက္ခဏာတွေက ဘာတွေလဲ။ တကယ်လို့ သင့်ကလေးမှာ ဂေါက်ရောဂါရှိနေပြီဆိုရင် အောက်မှာဖော်ပြထားတဲ့ လက္ခဏာတွေကို တွေ့ရမှာပါ။ ဖြစ်တဲ့ အဆစ်မှာ အရမ်းနာမယ်။ အဆစ်က တဆစ်ထဲ ဖြစ်နိုင်သလို တဆစ်ထက်လည်း ပိုကောင်းပိုနိုင်ပါတယ်(ဥပမာ လက်ကောက်ဝတ်အဆစ်၊ခြေမ ဒါမှမဟုတ် ခြေကျဉ်းဝတ်အဆစ်)။ သင့်ကလေးဟာ ပုံမှန်လုပ်နေကျ လှုပ်ရှားသွားလာမှုတွေကို လုပ်နိုင်တော့မှာ မဟုတ်ပါဖူး။ အဆစ်နာတာ မနက်ပိုင်းမှာ ပိုဆိုးနိုင်သလို ညဖက်မှာ နာလို့ အိပ်ယာကလန့်နိုးတာမျိုးတွေလည်းဖြစ်နိုင်ပါသေးတယ်။ နီရဲရောင်ရမ်းမယ်။ ကလေးက အဆစ်နေရာမှာ ပူခြစ်နေတာပဲလို့ ပြောလိမ့်မယ်။ အဆစ်က နာလွန်းလို့ အထိမခံနိုင်ဖြစ်နေမယ်။ အဆစ်ဘေးပတ်ပတ်လည်က အသားက နီရဲနေမယ် […]


ကလေးငယ်ပထမနှစ်

ကလေးငယ်များတွင်ဗီဇတစ်ခုယိုယွင်းမှုကြောင့်ဖြစ်ပေါ်လာသောရောဂါများ

ဗီဇတစ်ခုပြောင်းလဲခြင်းရောဂါများဟာ သန္ဓြေသားဖွံ့ဖြိုးချိန်မှာ ဗီဇတစ်ခုယိုယွင်းသွားမှုကြောင့် ရရှိလာသော ပုံမှန်မဟုတ်သည့်ဖြစ်စဉ်များဖြစ်ပါတယ်။ ဗီဇတစ်ခုပြောင်းလဲသောကြောင့်ရရှိသောရောဂါများမှာ ပုံမှန်အားဖြင့် မျိုးရိုးလိုက်သောရောဂါများဖြစ်ပြီး မိသားစုဝင်တစ်ယောက်ယောက်ဆီကနေ ရရှိတတ်ပါတယ်။ ဗီဇတစ်ခုယိုယွင်းပြောင်းလဲခြင်းကြောင့် ရနိုင်သော ရောဂါအမျိုးမျိုးရှိပါတယ်။ အဖြစ်များသည့်ရောဂါများ မျိုးရိုးဗီဇတစ်ခုယိုယွင်းပြောင်းလဲသွားခြင်းကြောင့် ရရှိနိုင်တဲ့ ရောဂါတွေအများကြီးရှိနိုင်တဲ့အတွက် အားလုံးကိုသိရှိနိုင်ဖို့ကတော့ ခဲယဉ်းပါလိမ့်မယ်။ ဒါပေမယ့် ကျွနုပ်တို့တွေဖြေရှင်းရမယ့် တွေ့ဖူးနေကြ ကျန်းမာရေးပြဿနာတော်တော်များများက ဗီဇတစ်ခုယိုယွင်းပြောင်းလဲမှုကြောင့် ရရှိလာတာတွေဖြစ်နိုင်ပါတယ်။ ထိုရောဂါတွေဟာ အဖြစ်များတတ်ပြီး လူမျိုး၊ အသားအရောင် ယောက်ျားမိန်းမ မရွေးမှာ ဖြစ်ပွားနိုင်ပါတယ်။   ဗီဇတစ်ခုတွင်အနာအဆာရှိခြင်းကြောင့်ရရှိလာတတ်သော ရောဂါတွေကတော့ သွေးကင်ဆာ သွေးဖြူဥကင်ဆာလို့လည်းသိထားသော သွေးကင်ဆာ၊ မျက်လုံးအကျိတ်ကင်ဆာ မျက်လုံးတစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် မျက်ကြည်လွှာဆဲလ်များ ဆက်လက်မဖွံ့ထွားမှုကြောင့် ရရှိလာသော ကလေးများတွင်တွေ့ရသည့် ကင်ဆာတစ်မျိုး၊ အသက် ၆ လနှင့် ၃ နှစ်ကြားတွင်တွေ့ရပြီး လူမျိုးမရွေး ကျားမ,မရွေး တူညီစွာဖြစ်ပွားနိုင်ပါတယ်။ ကြွက်သားသေခြင်း ြကွက်သားများအားနည်းခြင်း၊ လျော့ရဲခြင်း၊ ကြွက်သွားများတိုသွားခြင်း မာခြင်းများကဲ့သို့သော ကြွက်သားရောဂါများ။ ထိုရောဂါများသည် တဖြေးဖြေးပိုဆိုးလာကာ တခါတရံအသက်အန္တရာယ်ထိခိုက်သည်ထိ […]


ကလေးငယ်အာဟာရ

သင့်ကလေး၏ အစားအသောက်ထဲတွင် ပါဝင်သော ကိုလက်စထရောနှင့်ပတ်သက်၍သင်သိသင့်သည့် အချက်များ

ယခုခေတ်အခါတွင် မိဘများသည် ကလေးများစားလိုသမျှ ကျွေးခြင်းထက် ကလေးများ၏ အာဟာရနှင့်ပက်သက်၍ ပိုမိုဂရုစိုက်လာကြပါသည်။ မိခင်များ စိတ်ပူသောကိစ္စရပ်များထဲမှ တစ်ခုသည် အစားအစာထဲတွင်ပါဝင်သော ကိုလက်စထရောပမာဏပင် ဖြစ်ပါသည်။ ကိုလက်စထရောပမာဏများခြင်းသည် နှလုံးရောဂါများနှင့် ခန္ဓာကိုယ်အလေးချိန်နှင့်ဆိုင်သော ရောဂါများကို ဖြစ်ပွားစေပါသည်။ မိဘများ ကိုလက်စထရောနှင့် ပက်သက်၍ သိချင်လေ့ရှိသည့် မေးခွန်းများကို အောက်တွင်ဖော်ပြထားပါသည်။ ကလေး၏ အစားအစာထဲတွင် ကိုလက်စထရော ပမာဏများလျှင် ဘယ်လိုအန္တရာယ် တွေရှိလာနိုင်သလဲ။ ကိုလက်စထရောသည် ခန္ဓာကိုယ်အတွက် မကောင်းသည့် ပစ္စည်းဟု သိထားသော်ငြားလည်း သင့်ကလေးသည် ခန္ဓာကိုယ်ဟော်မုန်းညီမျှဖို့ ဆဲလ်တစ်ရှူး တည်ဆောက်ဖို့နှင့် အာရုံကြောများကို ကာကွယ်ဖို့အတွက် ကိုလက်စထရောအနည်းငယ်ကိုတော့ လိုအပ်ပါသည်။ သို့သော်လည်း ကိုလက်စထရောပမာဏ အလွန်များပြားနေမည်ဆိုလျှင် ၎င်းတို့သည် သွေးကြောများကိုပျက်ဆီးစေပါသည်။ ပိုလျှံနေသော ကိုလက်စထရောတွေသည် သွေးကြောနံရံများပေါ်တွင် စုပုံလာပြီး အချပ်ပြားတစ်ခု အနေနှင့် အနည်ထိုင်လာပါလိမ့်မည်။ အာဟာရမျှမျှတတ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးသွေးအားနည်းခြင်းအကြောင်း

သွေးအားနည်းခြင်း ဆိုတာ ဘာလဲ။ သွေးအားနည်းခြင်းဟာ သွေးကြောအတွင်းမှာရှိတဲ့ ကျန်းမာတဲ့ သွေးနီဥအရေအတွက် နည်းလွန်းတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ သွေးနီဥတွေဟာ ဟေမိုဂလိုဘင် တွေ ပါဝင်ပါတယ်။ ဟေမိုဂလိုဘင် တွေဟာ တစ်ရှူးတွေကို အောက်စီဂျင် သယ်ဆောင်ပေးပါတယ်။ တစ်ရှူးတွေ ကိုယ်အင်္ဂါတွေဟာ အသက်ရှင်သန်ဖို့နဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်ဖို့အတွက် အောက်စီဂျင်လိုအပ်ပါတယ်။ ဒါကြောင့် သွေးအားနည်းခြင်းဟာ ပင်ပန်းနွမ်းနယ်ခြင်းနဲ့ စိတ်ဖိစီးခြင်းကို ဖြစ်နိုင်ပါတယ်။ သင့်ကလေးမှာလည်း အောက်ပါအချက်တွေကြောင့် ပုံမှန်ကလေးတွေနဲ့ ယှဉ်ရင် သွေးနီဥ နည်းနိုင်ပါတယ်။ ကိုယ်ခန္ဓါက လုံလောက်တဲ့ သွေးနီဥ ပမာဏ မထုတ်လုပ်နိုင်ခြင်း (သို့) နှေးကွေးစွာ ထုတ်လုပ်ခြင်း သွေးနီဥ အမြောက်အမြားဟာ ဖျက်ဆီးခံရခြင်း ကိုယ်ခန္ဓါက သွေးနီဥ အမြောက်အမြား ဆုံးရှုံးခြင်း ဒါဟာ ကလေးငယ်တွေမှာ အာဟာရဓါတ် (သံဓါတ်) ဆုံးရှုံးတဲ့ အခါ၊ မွေးရာပါ ရောဂါတွေ၊ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

ဆယ်ကျော်သက်အရွယ် သွေးအားနည်းရောဂါအကြောင်း သိကောင်းစရာ

ကျောင်းလုပ်ငန်းစဉ်များ၊ လူမှုရေးလုပ်ငန်းစဉ်များ လုပ်နေရခြင်းကြောင့် သင်၏ဆယ်ကျော်သက်ကလေးငယ်သည် အလွန်ပင်ပန်းနွမ်းနယ်နေသည်ဟု မိဘအများစုကထင်ကြပါသည်။ သင့်ကလေးကို ပင်ပန်းနွမ်းနယ်စေသည့် အကြောင်းအရင်းများစွာရှိသည်မှာ မှန်ကန်ပါသည်။ သို့သော်လည်းဆေးပညာအရဆိုလျှင်တော့အဖြစ်အများဆုံးသည် သွေးအားနည်းခြင်း ပြဿနာကြောင့်ပင်ဖြစ်ပါသည်။ သွေးအားနည်းခြင်းဆိုသည်မှာအဘယ်နည်း။ သွေးအားနည်းခြင်းဆိုသည်မှာ သွေးထဲတွင်သွေးနီဥ သို့မဟုတ် ဟေမိုဂလိုဘင်နည်းပါးခြင်းကြောင့်ဖြစ်သည့် ကျန်းမာရေးအခြေအနေတစ်ခုပင်ဖြစ်ပါသည်။ သွေးနီဥတွင်ပါရှိသောဟေမိုဂလိုဘင်သည် အောက်ဆီဂျင်ကိုပေါင်း၍ ခန္ဓါကိုယ်အစိတ်အပိုင်းအမျိုးမျိုးသို့ သယ်ယူပို့ဆောင်ပေးပါသည်။ အကယ်၍သင့်သွေးထဲတွင် ဟေမိုဂလိုဘင်ပမာဏသည်ရှိရမည့် ပမာဏထက်နည်းနေပါက သင့်ခန္ဓါကိုယ်အင်္ဂါများသည် လိုအပ်သောအောက်ဆီဂျင်ပမာဏ မရရှိသည့်အတွက်မှန်ကန်ပြီး အကျိုးရှိသောလုပ်ဆောင်ချက်များကို ပုံမှန်လုပ်နိုင်လိမ့်မည်မဟုတ်ပါ။ သွေးအားနည်းခြင်းပုံစံများစွာရှိပါသည်။ ဆယ်ကျော်သက်များအကြား အဖြစ်အများဆုံးသွေးအားနည်းခြင်း ပုံစံနှစ်မျိုးကတော့ သံဓါတ်ချို့တဲ့၍သွေးအားနည်းခြင်းနှင့် ဖောလစ်အက်စစ် သို့မဟုတ် ဗီတာမင်ဘီ၁၂ ချို့တဲ့၍သွေးအားနည်းခြင်းတို့ဖြစ်ပါသည်။ အခြားသွေးအားနည်းခြင်းအမျိုးအစားများမှာ နာတာရှည်ရောဂါများကြောင့် သွေးအားနည်းခြင်း၊သွေးနီဥ၊သွေးဖြူုဥ၊သွေးမွှား ဆဲလ်သုံးမျိုးစလုံးကျဆင်းခြင်းကြောင့် သွေးအားနည်းခြင်း၊ရိုးတွင်းခြင်ဆီရောဂါကြောင့် သွေးအားနည်းခြင်း၊ သွေးနီဥများပေါက်ကွဲ၍သွေးအားနည်းခြင်း၊သွေးနီဥပုံစံမမှန်ခြင်းကြောင့်သွေးအားနည်းခြင်းတို့ဖြစ်ပါသည်။ ဘာကြောင့်ဆယ်ကျော်သက်တွေသည် သွေးအားနည်းရောဂါဖြစ်ဖို့အန္တရာယ်ရှိနေတာလဲ။ ဆယ်ကျော်သက်များသည် သွေးအားနည်းရောဂါဖြစ်ဖို့အတွက်ပိုပြီးအန္တရာယ်ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ဤဆယ်ကျော်သက်အရွယ်တို့၏ ခန္ဓါကိုယ်များသည် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုလျင်မြန်စွာ ဖြစ်ပေါ်နေခြင်းကြောင့်ဖြစ်ပါသည်။ သွေးပမာဏနှင့်ကြွက်သားပမာဏလည်း သိသာစွာပြောင်းလဲနေပါသည်။ ထို့အပြင်ဆယ်ကျော်သက်များသည် […]


အခြားကလေးကျန်းမာရေးပြဿနာများ

အသက်လေးနှစ်မတိုင်ခင် မေ့ဆေး၊ထုံဆေး အသုံးပြုခြင်းက ကျောင်းပညာရေးအဆင့်ကိုကျဆင်းစေသည်။

Swedish study အသစ်တစ်ခုက ခွဲစိတ်ဖို့အတွက် မေ့ဆေး (သို့) ထုံဆေးကို အသက် ၄ နှစ်အောက် ကလေးငယ်တွေမှာ အသုံးပြုခြင်းဟာ ကလေးငယ်တွေရဲ့ ကျောင်းအဆင့် ကို နည်းစေပြီး ဆယ်ကျော်သက်အရွယ်ရဲ့ နောက်ပိုင်း နှစ်တွေမှာ IQ scores ကို နိမ့်စေတယ်လို့ဆိုပါတယ်။   မေ့ဆေး၊ ထုံဆေး အသုံးပြုခြင်းဟာ မှတ်ဉာဏ်ကို ထိခိုက်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေက Swedin မှာ ၁၉၇၃ ကနေ ၁၉၉၃ အတွင်း မွေးခဲ့တဲ့ ကလေးငယ် ၂ သန်းရဲ့ အချက်အလက်တွေကို စစ်ဆေးကြည့်ခဲ့ကြပါတယ်။ သုတေသီတွေက ခွဲစိတ်မှု တစ်ခု ပြုလုပ်ဖူးပြီး အသက် ၄ နှစ်အရွယ်အထိ မေ့ဆေး၊ ထုံဆေး အသုံးပြုဖူးကာ နောက်ထပ်အသက် ၁၆ နှစ်အရွယ်အထိ ဆေးရုံတက်ခြင်း (သို့) ခွဲစိတ်ခြင်း ထပ်မံမပြုလုပ်ခဲ့တဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေး နှင့် ပိုးသတ်ဆေးပေးခြင်း ။ အမေးများသော မေးခွန်း ၁၀ ချက်

ပိုးသတ်ဆေးတွေဟာ ဘက်တီးရီးယားပိုး (ဗိုင်းရပ်စ်မဟုတ်) ရောဂါပိုးဝင်ခြင်းတွေကို ကာကွယ်ဖို့နဲ့ ကုသဖို့ အသုံးပြုကြတဲ့ ဆေးတွေဖြစ်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးတွေအတွက် အသုံးပြုတဲ့ ပိုးသတ်ဆေးတွေနဲ့ ပတ်သက်ပြီး အမေးအများဆုံး မေးခွန်း ၁၀ ခု ဖြစ်ပါတယ်။ ပိုးသတ်ဆေးဟာ ဆိုးဝါးတဲ့ အအေးမိခြင်းတွေကို ကုသနိုင်ပါသလား။ အအေးမိခြင်းဟာ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာဖြစ်ပြီး ဘက်တီးရီးယား ပိုးကြောင့် မဟုတ်ပါဘူး။ ဒါကြောင့် ပိုးသတ်ဆေးတွေဟာ အသုံးမဝင်ပါဘူး။ ယေဘုယျအားဖြင့် အအေးမိခြင်းရဲ့ လက္ခဏာတွေဟာ ဆေးမသောက်ပဲနဲ့ ရက်အနည်းငယ်ကြာရင် ပျောက်သွားတတ်ပါတယ်။ အအေးမိခြင်းဟာ နောက်ပိုင်းမှာ ဘက်တီးရီးယားပိုးဝင်ခြင်းကို ပြောင်းလဲနိုင်တာကြောင့် ပိုးသတ်ဆေးကို အစောပိုင်းမှာ ဘာလို့အသုံးမပြုတာလဲ။ အခြေအနေအများစုမှာ ဗိုင်းရပ်စ်ပိုးဝင်ခြင်းဟာ ဘက်တီးရီးယားရောဂါပိုးဝင်ခြင်းကို ပြောင်းလဲခြင်း မရှိပါဘူး။ တကယ်လို့ သင်ဟာ သင့်ကလေးရဲ့ ဆိုးရွားတဲ့ အအေးမိခြင်းအတွက် ပိုးသတ်ဆေးကို အသုံးပြုတယ်ဆိုရင် သူတို့ဟာ နောက်ပိုင်းမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်စကလေးများတွင် အစာစားချင်စိတ်လျော့ကျခြင်း

သင့်ကလေးသည်မနက်စာနေ့လည်စာညစာစားချိန်များတွင်အစာစားချင်စိတ်လျော့ကျနေသည်ဟုထင်ရပါသည်။ အစာစားချင်စိတ်မရှိခြင်းသည်ကျန်းမာရေးထိခိုက်နိုင်သောကြောင့်မိဘများအနေနှင့်စိတ်ပူနိုင်ပါသည်။ အလားတူပင်ကလေး၏ အစာစားပုံစားနည်းသည် ကလေးငယ်၏ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုကိုသက်ရောက်မှုရှိသောကြောင့်ဖြစ်ပါသည်။ လမ်းလျှောက်တတ်ကာစကလေးများတွင်အစာစားချင်စိတ်လျော့ကျခြင်း၏အကြောင်းအရင်းများသည်ဘယ်အရာတွေလဲ၊ ဖျားနာခြင်းသည်သင့်ကလေးအစာစားချင်စိတ်လျော့ကျစေသည့်အဖြစ်များသောအကြောင်းအရင်းတစ်ခုဖြစ်သည်။ ထို့ကြောင့်သင်သည်သင့်ကလေးကိုလည်ပင်းနာနေသလားဖျားနေသလားခန္ဓါကိုယ်တွင်အနီကွက်များဖြစ်နေသလားသို့မဟုတ်အခြားရောဂါလက္ခဏာတွေဖြစ်နေသလားဆိုသည်ကိုစစ်ဆေးပါ။ အကယ်၍ထိုလက္ခဏာများရှိနေပါကကလေးငယ်သည်ဖျားနေခြင်းဖြစ်နိုင်ပါသည်။ ထိုအခါသင်၏ဆရာဝန်နှင့်ဆက်သွယ်၍ကုသမှုခံယူပါ။ အောက်ပါအကြောင်းအရင်းများသည်လည်းသင့်ကလေးငယ်အစာစားချင်စိတ်လျော့ကျခြင်းဖြစ်ပေါ်စေနိုင်ပါသည်။ အစာစားချိန်များကြားတွင်မုန့်စားခြင်း အစာစားချိန်များကြားတွင်အချိုရည်သို့မဟုတ်အခြားအရည်များသောက်ခြင်း ကလေးသည်ပုံမှန်ထက်လှုပ်ရှားမှုနည်းခြင်း   ကလေးငယ်၏အစာစားချင်စိတ်ကိုဖြစ်ပေါ်စေမည့်နည်းလမ်းကောင်းများ ကလေးငယ်၏နေထိုင်မှုပုံစံအသက်ကိုယ်ခန္ခါလှုပ်ရှားမှုကြီးထွားမှုအချိန်များပေါ်မူတည်၍အောက်ပါနည်းလမ်းကောင်းများကိုသင်ရွေးချယ်နိုင်ပါသည်။ ထမင်းစားချိန်ကိုပျော်အောင်လုပ်ပေးပါ။ သင့်ကလေးကိုအစာစားရခြင်း၌ပျော်အောင်လုပ်ပေးပါ။ ကလေးငယ်ကိုအစားအစာများချပြပေးပြီးသူတို့ကြိုက်သောအစားအစာရွေးချယ်စားသုံးပါစေ။ သူတို့မစားချင်သောအစာကိုအတင်းမစားခိုင်းပါနှင့်။ သင့်ကလေးကိုသူတို့ဘယ်လောက်စားမလဲဆိုသည်ကိုဆုံးဖြတ်ပါစေ။ ကလေးငယ်များအစာစားချင်စိတ်လျော့ကျခြင်း၏အဖြစ်များဆုံးအကြောင်းအချက်သည်တစ်နေ့တည်းတွင်သွားရည်စာများနှင့်အစားအစာများအများကြီးစားသုံးခြင်းပင်ဖြစ်ပါသည်။ သို့ဖြစ်၍သင့်အနေနှင့်သူတို့ဘယ်လောက်ပမာဏစားမည်ကိုကိုယ်တိုင်ဆုံးဖြတ်ခိုင်းပါ။ သင့်ကလေး၏အစားအသောက်စာရင်းကိုအမျိုးမျိုးပြောင်းပေးပါ။ ကလေးများသည်အရောင်စုံ၍စိတ်ဝင်စားစရာကောင်းသောပစ္စည်းများကိုစိတ်ဝင်စားတတ်ကြသည်။ သို့ဖြစ်၍သင်ဟာအစားအစာများကိုယုန်ပုံသဏ္ဍာန်၊အိမ်ပုံသဏ္ဍာန်၊ခွေးပုံသဏ္ဍာန်၊နေပုံသဏ္ဍာန်၊တိမ်ပုံသဏ္ဍာန်စသည်ဖြင့်ကလေးများကြိုက်သောပုံသဏ္ဍာန်များလှီးပြီးကျွေးပါ။ သင့်ကလေးအတွက်အောက်ပါဖော်ပြထားသောအစားအစာအုပ်စုလေးမျိုးပါဝင်ပါစေ။ ပြည့်ဝသောအစေ့အဆံမှရသောထုတ်ကုန်များ(ဆန်၊နှံစားပင်မှပြုလုပ်သောစီရီယယ်၊ပေါင်မုန့်နှင့်အခြားသောသံဓါတ်၊ဗီတာမင်ဘီ၊ဖောလိတ်အက်ဆစ်ကြွယ်ဝသောအစေ့အဆံများ) ကိုက်စားလို့ရသောအရွယ်ပြုလုပ်ထားသည့်ဟင်းသီးဟင်းရွက်များ၊သစ်သီးများ နို့၊ဒိန်ချဉ်၊ချိစ်စသောနို့ထွက်ပစ္စည်းများ ကြက်သား၊ဝက်သား၊ငါးနှင့်အသားများ အနှောင့်အယှက်များမှရှောင်ရှားပါ။ တီဗွီကြည့်ခြင်း၊အရုပ်များနှင့်ကစားခြင်းသည်သင့်ကလေးအစာစားချင်စိတ်ကိုလျော့ကျစေပါသည်။ သို့ဖြစ်၍အစာစားချိန်အတွင်းအရုပ်များနှင့်ကစားခြင်းတီဗီကြည့်ခြင်းများကိုရှောင်ရှားပါ။ အစာကိုနည်းနည်းစီခွဲကျွေးပါ။ ကလေးငယ်၏အစာအိမ်သည်လူကြီးများ၏အစာအိမ်ထက်သေးငယ်ပါသည်။ ထို့ကြောင့်ကလေးငယ်များကိုသူတို့စားနိုင်တာထက်ပိုကျွေးမည်ဆိုပါကသူတို့၏အစာစားချင်စိတ်သည်လျော့ကျသွားမည်ဖြစ်ပါသည်။ သင်ဟာပန်းကန်ပြားကြီးကြီးပေါ်မှာအစားအစာပမာဏနည်းနည်းကိုထည့်ပြီးကျွေးပါ။ သူတို့ထပ်၍စားချင်လျှင်သင့်ကိုထပ်တောင်းပါလိမ့်မည်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း