ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ခွဲမွေးသောကလေးများသည် ၁၅ ရာခိုင်နှုန်းပို၍ ဝလာနိုင်ခြေ ရှိသည်

ကိုယ်ဝန်ဆောင်မိခင်များသည် မိမိနှင့် ရင်သွေးလေးအတွက် ဆုံးဖြတ်ချက်ချရာတွင် အကောင်းဆုံးသာဖြစ်လိုကြပါသည်။ အဓိကအားဖြင့် ရိုးရိုးမွေးခြင်းနှင့် ခွဲမွေးခြင်းရွေးချယ်ရာတွင် ဖြစ်သည်။ ခွဲမွေးခြင်းဆိုသည်မှာ ကလေးကို ခွဲစိတ်၍ မွေးဖွားခြင်းဖြစ်သည်။ အချို့ မိခင်များတွင်မူ ခွဲမွေးခြင်းမှာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ အာထရာဆောင်းရိုက်ခြင်းနှင့် မမွေးခင် ကြိုတင်စမ်းသပ်ခြင်းများက ခွဲမွေးရန် ပိုမို သင့်တော်သည် ကိစ္စများကို ဆုံးဖြတ်ပေးသည်။ တစ်ခါတစ်ရံတွင် မမျှော်လင့်သော အရေးပေါ်အခြေအနေများကြောင့် ခွဲမွေးလိုက်ရသော ကိစ္စအချို့လည်းရှိတတ်သည်။ ခွဲမွေးသောကလေးများသည် အသက်ကြီးလျှင် အဝလွန်နိုင်ခြေ ပိုများပါသည်။ ၁၆နှစ်ကြာ လူပေါင်း၂၂၀၀၀ ကိုလေ့လာချက်အရ အဝလွန်ခြင်းနှင့် ခွဲမွေးခြင်းမှာသိသာစွာ ဆက်စပ်နေသည်ကိုတွေ့ရသည်။ ခွဲမွေးသောကလေးများသည် ရိုးရိုးမွေးသော ကလေးများ ထက် ၁၅ ရာခိုင်နှုန်း ပို၍ဝတတ်သည်။ ကျွမ်းကျင်သူများအဆိုအရ ခွဲမွေးသောကလေးများသည် မွေးလမ်းကြောင်းတွင်းပိုးမွားများနှင့် ထိတွေ့ခြင်း နည်းသဖြင့် ကလေး၏ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲစေသည်။ ဒီအချက်ဟာ ကလေးအသက်ကြီးလာသောအခါ သူတို့၏ စားသောက်ပုံ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးနားပိုးဝင်ခြင်း- အကြောင်းရင်း၊လက္ခဏာများ၊ ကုသမှု

နား ရောဂါပိုးဝင်ခြင်းဟာ ကလေးငယ်တွေမှာ အဖြစ်အများဆုံးရောဂါ တစ်ခုဖြစ်ပါတယ်။ စစ်တမ်းတစ်ခုက ကလေးငယ်အများစုဟာ သူတို့အသက် သုံးနှစ်မပြည့်မီမှာ အနည်းဆုံး တစ်ကြိမ်တော့ နားရောဂါပိုးဝင်တတ်တယ်လို့ ဆိုပါတယ်။ နားရောဂါပိုးဝင်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ နားရောဂါပိုးဝင်ခြင်းကို ခံစားရတဲ့အခါမှာ သင့်ကလေးငယ်ဟာ စိတ်ပြောင်းလဲမှုတွေကို အခြားသိသာ ထင်ရှားတဲ့ လက္ခဏာတွေနဲ့ တွဲဖက်ပြီး ခံစားရနိုင်ပါတယ်။ ဥပမာ သင့်ကလေးဟာ နားရွက်ဆွဲခြင်း၊ ကိုင်ခြင်း အနည်းငယ် (သို့) အဖျားအလွန်တက်ခြင်း။ နားရောဂါပိုးဝင်ခြင်းဟာ ကလေးငယ် တုတ်ကွေးမိခြင်း၊ နှာခေါင်းနှင့် ဦးခေါင်းခွံကို ဆက်ထားသော လှိုဏ်ခေါင်းပေါက် ပိုးဝင်ခြင်း ရအပြီးမှာ အဖြစ်များပါတယ်။ ဝမ်းလျှောခြင်း၊ အန်ခြင်း - နားရောဂါပိုးဝင်ခြင်း ဟာ ကလေးရဲ့ အစာခြေစနစ်ပေါ် အကျိုးသက်ရောက်မှု ရှိပါတယ်။ အစာစားချင်စိတ်မရှိခြင်း - နားရောဂါပိုးဝင်ခြင်းဟာ အစာမျိုချစဉ်၊ ဝါးစဉ်တွေမှာ နာကျင်မှုကို ဖြစ်ပေါ်စေပါတယ်။ […]


ကလေးအရေပြားပြဿနာများ

ကလေး နှင်းခူ - အကြောင်းရင်း၊ လက္ခဏာ၊ ကုသမှု နှင့် ခရင်မ်များ

နှင်းခူဟာ ခြောက်သွေ့၊ ယားယံတဲ့ အရေပြား အခြေအနေ တစ်ခု ဖြစ်ပြီး ကလေး ၅ ယောက်မှာ ၁ ယောက် ဖြစ်ပွားတတ်ပါတယ်။ သင့်ကလေးအသက် ၂ နှစ်မပြည့်ခင်မှာ ပထမဆုံးအကြိမ် ဖြစ်ပွားနိုင်ပါတယ်။ ဒီလိုခံစားရတဲ့ ကလေးအများစုဟာ ဆယ်ကျော်သက်အရွယ်ရောက်ချိန်မှာ ပျောက်သွားတတ်ပါတယ်။ နှင်းခူဟာ ပျောက်ကင်းအောင် ကုသလို့မရနိုင်ပေမယ့် မှန်ကန်တဲ့ ကုသမှုတွေနဲ့ ထိန်းချုပ်နိုင်ပါတယ်။ ဘယ်အရာတွေက နှင်းခူကို ဖြစ်စေတာလဲ။ ဘယ်အရာတွေက နှင်းခူကို ဖြစ်စေလဲဆိုတာကို သေချာစွာ သိရှိခြင်းမရှိပေမယ့် မျိုးရိုးဗီဇဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဓါတ်မတည့်မှုတွေ ဖြစ်တဲ့ နှင်းခူ နှင့် ပန်းနာရင်ကျပ် တွေဟာ ပြီးခဲ့နှစ်တွေ အတွင်းမှာ မြင့်တက်လာပေမယ့် အခုတော့ စတင်ပြီး တည်ငြိမ်လာတာ တွေ့ရပါတယ်။ နှင်းခူဟာ အရေပြားရောဂါထခြင်းကို တွန်းအားပေးပါတယ်။ သင့်ကလေးမှာ ခြောက်သွေ့ယားယံတဲ့ […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေး လေထိုးလေအောင့် လက္ခဏာနှင့် ကုသမှု

ကလေးတစ်ယောက်အနေနဲ့ လေထိုးလေထနိုင်ဖို့ အခွင့်အလမ်း များပြားပါတယ်။ လေထိုးခြင်းဟာ သက်တောင့်သက်သာ မရှိခြင်းကို ဖြစ်စေပြီး တစ်ခါတရံမှာ နာကျင်မှု ရစေပါတယ်။ ကလေးငယ်မှာ လေထိုးနေတယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။ သင့်ကလေးဟာ ပုံမှန်ထက်ပိုပြီး အကြောင်းပြချက်မရှိပဲ ဂျီကျနေတယ်ဆိုရင် လေထခြင်း ဖြစ်နိုင်ပါတယ်။ လေထခြင်းကြောင့် နာကျင်နေတဲ့ ကလေးငယ်တွေဟာ ခြေထောက်ကို မပြီး ဆွဲဆန့်ခြင်း၊ ခါးကိုင်းထားခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလက္ခဏာတွေဟာ အူပြဿနာတွေ ကြောင့်လည်း ဖြစ်နိုင်တာမို့ သတိထားသင့်ပါတယ်။ ကလေးတွေမှာ လေထိုး၊လေထခြင်းဟာ ဘယ်အရာတွေကြောင့် ဖြစ်နိုင်သလဲ။ အသီးအရွက်အချို့ စားသုံးခြင်း သင့်ကလေးရဲ့ကိုယ်ခန္ဓါဟာ လူကြီးတွေရဲ့ ကိုယ်ခန္ဓါနဲ့ ဆင်တူပါတယ်။ အချို့ အသီးအရွက်တွေ ဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းနဲ့ ပန်းဂေါ်ဖီတွေကို စားသုံးခြင်းဟာ လေထစေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးငယ်ဟာ အသီးအရွက်တွေ စားသုံးတဲ့ အကျင့်ရှိရင် ဒါဟာ ကောင်းမွန်ပေမယ့် ဒီအရွက်တွေဟာ လေထစေတာမို့ အများအပြား […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးငယ်များ၏အညစ်အကြေးများ(အကောင်းဆုံးသောလမ်းညွှန်တစ်ခု)

ကလေးများ၏အညစ်အကြေးများသည်ကလေးငယ်၏ကျန်းမာရေးနှင့်ပက်သက်ပြီးအချက်အလက်များစွာပေးပါသည်။၎င်းသည် သင့်ကလေးငယ်ကြီးထွားရာ၌ ဘယ်အရာသည် ပုံမှန်ဖြစ်၍ ဘယ်အရာသည် ပုံမမှန်ဖြစ်သည်ကို လေ့လာဆုံးဖြတ်ရန်အဓိက လမ်းညွှန်ပင်ဖြစ်ပါသည်။ အညစ်အကြေးစွန့်သောအကြိမ်အရေအတွက် အကယ်၍သင်၏ကလေးသည်တစ်ပတ်လျှင်တစ်ကြိမ်သို့မဟုတ်နှစ်ကြိမ်သာအလေးသွားသည်ဆိုလျှင်မကြောက်သွားပါနှင့်။ အဘယ်ကြောင့်ဆိုသော်တစ်ပတ်လျှင်တစ်ကြိမ်နှစ်ကြိမ်လောက်သာအလေးသွားခြင်းအလေ့အကျင့်သည်ကလေးငယ်များအကြားပုံမှန်နီးပါးလောက်သာဖြစ်သည်။ သင်အဓိကဂရုစိုက်ရမည့်အရာသည်သူတို့၏အလေးသည်ဘယ်လိုအခြေအနေရှိသလဲဆိုတာပင်ဖြစ်ပါသည်။ အကယ်၍၎င်းသည်ပုံမှန်လိုပျော့ပျော့ပျောင်းပျောင်းထွက်လာသည်ဆိုပါကသင်စိတ်ပူစရာမလိုပါ။ သို့သော်လည်းအလေးသည်မာပြီးခြောက်သွေ့နေသည်ဆိုပါကသင့်ကလေးဝမ်းချုပ်နေခြင်းဖြစ်ပါသည်။ မိခင်နို့တိုက်သောကလေးများသည်နို့စို့ပြီးသည့်အခါတိုင်းလိုလိုအလေးသွားလေ့ရှိကြသည်။ သို့သော်အသက်သုံးပတ်မှခြောက်ပတ်ကြာပြီးနောက်တွင်အလေးသွားနှုန်းလျော့ကျသွားလေ့ရှိပါသည်။ မွေးပြီးပြီးချင်းစွန့်သောအလေး(ငယ်ချေးပါခြင်း) ငယ်ချေးသည်သင့်ကလေးမွေးပြီးပြီးချင်းနှစ်ဆယ့်လေးနာရီအတွင်းပထမဆုံးပါသောအလေးဖြစ်သည်။ အရောင်အားဖြင့်အစိမ်းပုပ်ရောင်၊အနက်ရောင်၊ကတ္တရာလိုစေးပျစ်သည်။ ကားဆီဂျီးလိုစေးပျစ်သည်။ ထို့အပြင်အနံ့တော့သိပ်မနံပါ။ ပထမနှစ်ရက်မှလေးရက်ပြီးနောက်တွင်ကလေး၏အလေးသည်အစိမ်းရောင်ဘက်ပိုသန်းလာပြီးစေးပျစ်မှုလည်းလျော့လာသည်။ဤလက္ခဏာသည်သင်၏ကလေးသည်မိခင်နို့ကိုအစာခြေနိုင်ကြောင်းညွှန်ပြနေသည်။ မိခင်နို့ကောင်းမွန်စွာတိုက်ကျွေးထားသောကလေး၏အလေး မိခင်နို့ကောင်းမွန်စွာတိုက်ကျွေးထားသောကလေး၏အလေးသည်အဝါရောင်သို့မဟုတ်အစိမ်းရောင်ဖျော့ဖျော့သာရှိသင့်သည်။ အမာအပျော့ကိုကြည့်လျှင်ခရင်မ်ကဲ့သို့ဖြစ်သည်။ တစ်ခါတစ်လေတွင်ဝမ်းသွားသကဲ့သို့အရည်ကျဲမည်။ အကယ်၍တစ်နေ့နှင့်တစ်နေ့စားသောက်သောအစားအစာချင်းမတူလျှင်ကလေး၏အလေးသည်လည်းအစိမ်းရောင်ဘက်ပိုဆန်လာမည်။ ထို့ကြောင့်စိတ်မပူပါနှင့်။ သို့သော်လည်းဤအခြေအနေသည်အခြားရောဂါလက္ခဏာများနှင့်တွဲပြီးဖြစ်ပေါ်ပါကဆရာဝန်နှုင့်တိုင်ပင်ပြသသင့်ပါသည်။ ကယ်လိုရီနည်းသောမိခင်နို့စို့ရသောကလေး၏အလေး အစိမ်းတောက်တောက်အရောင်ရှိပြီးအမြှုပ်ထသောအလေးသည်ကယ်လိုရီနည်းသောနို့သောက်ရခြင်း၏လက္ခဏာဖြစ်သည်။ဤသည်မှာသင့်ကလေးသည်ကယ်လိုရီအနည်းငယ်သာပါဝင်သောစစို့စို့ခြင်းနို့ကိုအပြည့်အဝစို့ပြီးအဆီပါဝင်မှုများသောကုန်ခါနီးနို့ကိုလုံလုံလောက်လောက်မစို့သောကြောင့်ဖြစ်သည်။ဤအရာကိုသင်ဘယ်လိုပြင်ဆင်နိုင်သလဲဆိုတော့သင့်ကလေးနောက်တစ်ကြိမ်နို့ဆာလျှင်ပထမတိုက်ထားသောနို့မှပြန်စတိုက်ခြင်းဖြင့်ပြင်ဆင်နိုင်သည်။ ကျန်းမာရေးနှင့်ညီညွတ်သောနို့ဘူးတိုက်ထားသောကလေး၏အလေး ကျန်းမာရေးနှင့်ညီညွတ်သောနို့ဘူးတိုက်ထားသောကလေးများ၏အလေးသည်ကော်ကဲ့သို့စေးပျစ်ပြီးပဲထောပတ်နှင့်တူသောအလေးကိုသွားနိုင်သည်။ ဝါညိုရောင်လည်းဖြစ်နိင်သည်။ စိမ်းညိုရောင်လည်းဖြစ်နိုင်သည်။ ရိုးရိုးအညိုရောင်လည်းဖြစ်နိုင်သည်။ သံဓါတ်ပါသောအလေးများ သံဓါတ်အားဖြည့်ဆေးများသည်သင့်ကလေး၏အလေးကိုအစိမ်းခပ်မှောင်မှောင်အရောင်သို့မဟုတ်အနက်ရောင်နီးပါး ပြောင်းလဲနိင်သည်။ သို့သော်လည်း သံဓါတ်အားဖြည့်ဆေး မတိုက်ထားဘဲ ဤကဲ့သို့ အလေးများသွားပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပါသည်။ အစာမာကျွေးသောကလေး၏အလေး ကလေးကိုစီရီယယ်များငှက်ပျောသီးများစသည်ဖြင့်အစာမာများကျွေးသောအခါတွင်ကလေး၏အလေးသည်အညိုရောင်သို့မဟုတ်အညိုရင့်ရောင်နှင့်ပို၍စေးပျစ်လာနိုင်ပါသည်။ သို့သော်ပျော့ပြဲပြီးအနံ့အနည်းငယ်နံနိုင်ပါသည်။ တစ်ဝက်တစ်ပျက်ခြေဖြတ်ထားသောအစာကြောင့်သွားသည့်အလေး သင့်ကလေး၏အလေးထဲတွင်အစာအတုံးများတွေ့ခဲ့သည်ရှိသော်ထို့အတူကလေး၏အလေးသည်သက်တန့်ရောင်ကဲ့သို့အရောင်ပါဝင်နေသည်ကိုတွေ့ခဲ့သည်ရှိသော်စိတ်မပူပါနှင့်။ အဘယ်ကြောင့်ဆိုသော်ထိုအချင်းအရာသည်အချို့သောအစားအစာများသည်အစာအိမ်နှင့်အူလမ်းကြောင်းထဲတွင်အပြီးအပိုင်ခြေဖျက်ချင်းမတိုင်မီလျင်မြန်စွာဝမ်းသွားလိုက်သောကြောင့်ပါလာသောအစားအစာများဖြစ်သည်။ ဝမ်းသွားခြင်း ကလေးများတွင်ဝမ်းသွားလျှင်အရည်ကျဲကျဲသွားနိုင်ပါသည်။ ထို့အပြင်ဝမ်းသွားခြင်းသည်အဝါရောင်၊အစိမ်းရောင်၊အညိုရောင်ဖြစ်နိုင်ပါသည်။ ထိုအရာသည်ပိုးဝင်ခြင်းသို့မဟုတ်ဓါတ်မတည့်ခြင်းလက္ခဏာရပ်ဖြစ်နိုင်ပါသည်။ ကုသမှုမပေးဘူးဆိုလျှင်သင့်ကလေးရေဓါတ်ခန်းခြောက်ခြင်းဖြစ်သွားနိုင်ပါသည်။ အကယ်၍သင့်ကလေးသည်တစ်ရက်သို့မဟုတ်နှစ်ရက်ခန့်ဝမ်းသွားနေမည်ဆိုပါကဆရာဝန်ကိုပြပါ။ သို့မဟုတ်သင့်ကလေး၏အလေးတွင်သွေးသို့မဟုတ်အချွဲများပါနေသည်ဆိုပါကဆရာဝန်နှင့်ပြသပါ။ ဝမ်းချုပ်ခြင်း ကလေးငယ်များဝမ်းချုပ်လျှင်မာကြောပြီးကျောက်စရစ်ခဲနှင့်တူသောအလေးများပါတတ်သည်။ ကလေးများကိုအစာအမာများစတင်ကျွေးသောအခါတွင်သို့မဟုတ်နို့နှင့်ဓါတ်မတည့်သောအခါတွင်ထိုကဲ့သို့အခြေအနေဖြစ်ပွားနိုင်သည်။ ကလေးငယ်၏သေးစိုခံတွင်ကျောက်စရစ်ခဲနှင့်တူသောအလေးများနှစ်ကြိမ်ထက်ပိုပြီးတွေ့သည်သို့မဟုတ်ကလေးငယ်၏အလေးထဲတွင်သွေးတွေ့သောအခါတွင်ဆရာဝန်ပြသင့်ပါသည်။ အချွဲများပါသောအလေး တောက်ပပြီးတလက်လက်ထနေသောအမျှင်များပါဝင်သည့်အစိမ်းရောင်အလေးများသည်အချွဲများပါဝင်နေသည့်လက္ခဏာဖြစ်သည်။ သင့်ကလေးသွားရည်ကျနေချိန်တွင်ထိုအခြေအနေသည်ပုံမှန်ဖြစ်သော်လည်းထိုအခြေအနေသည်အခြားသောရောဂါလက္ခဏာများနှင့်တွဲလာပါကသင့်ကလေးသည်ပိုးဝင်ခြင်းသို့မဟုတ်ဓါတ်မတည့်ခြင်းဖြစ်နေသည်ဟုယူဆရသည်။ သွေးပါသောအလေး အလေးများထဲတွင်အနီရောင်ရဲရဲများပါနေပြီဆိုပါကနို့ထဲတွင်ပါသောပရိုတင်းကိုဓါတ်မတည့်ခြင်း၊စအိုတွင်သွေးထွက်ခြင်း၊လိပ်ခေါင်းအသေးစားများနှင့်အခြားဘက်တီးရီးယားပိုးဝင်မှုများကြောင့်ဖြစ်နိုင်ပါသည်။ အနက်ရောင်သွေးစများပါသောအလေးသည်သင့်ကလေးကိုမိခင်နို့တိုက်သောအခါနှင့်သွေးထွက်နေသောမိခင်နို့သီးခေါင်းမှသွေးများကိုမြိုချမိသောအခါများတွင်ဖြစ်ပွားတတ်ပါသည်။   Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေထိန်းသိမ်းနည်းများ

ကလေးငယ်တွေရဲ့ အရေပြားဟာ နုနယ်တာမို့ အရေပြားယားယံခြင်း၊ ခြောက်သွေ့ခြင်း၊ ပွန်းရှခြင်းနဲ့ အနီကွက်ထခြင်းတွေ မဖြစ်ရအောင် သေချာစွာ ဂရုစိုက်သင့်ပါတယ်။ အောက်ဖေါ်ပြအချက်တွေဟာ သင့်ကလေးရဲ့ အရေပြား ချောမွေ့၊ ပျော့ပျောင်းပြီး နုနယ်စေဖို့ လိုက်နာသင့်တဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ရေချိုးတဲ့ အချိန်ကို ပြန်စဉ်းစားပါ။ ရေချိုးချိန်မှာ အောက်ပါအချက်တွေကို သတိရသင့်ပါတယ်။ ကလေးငယ်ကို ဆပ်ပြာအမြှုပ်ထွက်အောင် တိုက်စရာ မလိုအပ်ပါဘူး။ ရေမြှုပ်ကို အသုံးပြုပြီး သေးခံ နေရာ၊ ပါးစပ်၊ ချိုင်းကြား၊ ပေါင်နဲ့ မေးစေ့နေရာတွေကို တိုက်ပေးခြင်းဟာ လုံလောက်ပါတယ်။ ဆပ်ပြာ၊ အနံ့၊ ဆိုးဆေးတွေ မပါတဲ့ ပျော့တဲ့ သန့်စင်ရည်ကို ရွေးချယ်သင့်ပါတယ်။ ဒီအမျိုးအစားဟာ သင့်ကလေးငယ်ရဲ့ အရေပြားကို ခြောက်သေ့ွခြင်း၊ မျက်စိစပ်ခြင်း တွေကို မဖြစ်စေနိုင်ပါဘူး။ ဆပ်ပြာခဲ၊ ဆပ်ပြာမြှုပ်ထွက်အောင် ရေချိုးခြင်းတွေကို ရှေြာင်ကဉ်သင့်ပါတယ်။ သင့်ကလေးငယ်ရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကို မိမိဘာသာအစာစားနိုင်အောင်သင်ကြားပေးရမည့်အဆင့်များ

တစ်ခါတစ်လေတွင်သင့်အနေနှင့် ငါ့ကလေးကို သူ့ဘာသာသူ အစာစားအောင် ဘယ်လိုသင်ပေးရပါလိမ့် ဟူသောအတွေးမျိုး တွေးတတ်သည်။ တကယ်တော့ဇွန်းနှင့်စားတတ်တာသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ သင့်ကလေးလည်းသင့်လိုပါပဲ။ မိမိဘာသာအစာစားဖို့သင်ကြားပေးခြင်းကမိခင်များအတွက်ခက်ခဲသောအလုပ်တစ်ခုဖြစ်နိုင်ပါသည်။ ဤဆောင်းပါးတွင် သင်နှင့်သင့်ကလေးကို ကူညီပေးမည့်လွယ်ကူသော အကြံဉာဏ်များကိုဖော်ပြပေးထားပါသည်။ သင့်ကလေးကိုမိမိကိုယ်တိုင်စားတတ်အောင်ဘယ်အချိန်မှာသင်ပေးသင့်သလဲ ယေဘူယျအားဖြင့် ကလေးအသက်ခုနှစ်လရှစ်လလောက်ဆိုလျှင် မိမိဘာသာစားတတ်အောင် စတင်သင်ကြားပေးဖို့ သင့်တော်သော အချိန်ရောက်ပါပြီ။ ထိုအချိန်တွင် သင့်ကလေးက သူတို့ဘာသာထိုင်နိုင်ပြီးတော့ ပစ္စည်းများကို ဆုပ်ကိုင်နိုင်ဖို့ စတင် လေ့ကျင့်နေပြီဖြစ်ပါသည်။ ဟန်ချက်ညီစွာ ဆုပ်ကိုင်နိုင်ဖို့အတွက် သင့်ကလေးက သူတို့၏လက်မနှင့် လက်ချောင်းများကို သုံးပါလိမ့်မည်။ သင်သည် သင့်ကလေးအစာမာများစားဖို့ အဆင်သင့်ဖြစ်မဖြစ် သေချာစေရန်အတွက် အခြားလက္ခဏာများကိုလည်း ကြည့်ရပါမည်။ ၎င်းတို့မှာ- ကောင်းကောင်းထိုင်နိုင်ပြီလား သူတို့ပါးစပ်ထဲပစ္စည်းတွေကောက်ထည့်ပြီလား စတင်ဝါးပြီလား နို့တိုက်နေစဉ်အတွင်းနို့သို့မဟုတ်နို့ဘူးကိုဆုပ်ကိုင်နေပြီလား ကလေးတွေကိုသူတို့ဘာသာသူတို့အစာစားဖို့ဘယ်လိုအားပေးမလဲ ပထမပိုင်းတွင်သင့်ကလေးကိုသူတို့ဘာသာစားတတ်အောင်အခွင့်အရေးပေးလိုက်ပါ။ ကလေးကိုခြောက်သွေ့၍ကြီးသောအစားအစာအစိတ်အပိုင်းတစ်ခုကိုပေးလိုက်ပါ။ အရမ်းကြီးသောအစားအစာတော့မပေးပါနှင့်။ အရမ်းကြီးသောအစားအစာတွေကသင့်ကလေးကိုနင်စေသီးစေသောကြောင့်ဖြစ်ပါသည်။ သင်သည်သင့်ကလေး၏ပန်းကန်ပေါ်တွင်အစားအစာလေးငါးခုလောက်ဖြန့်ကျဲထားပေးလိုက်ပါ။ ကလေးစား၍ကုန်သောအခါမှဖြည်းဖြည်းချင်းထပ်ထည့်ပေးပါ။ အဘယ်ကြောင့်ဆိုသော်အစားအစာအများကြီးတစ်ခါတည်းထည့်ပေးလိုက်လျှင်ထည့်ပေးသမျှကိုသင့်ကလေးကတစ်ကြိမ်တည်းနှင့်ပါးစပ်ထဲအကုန်ထည့်မည် သို့မဟုတ် ကြမ်းပေါ်သို့အကုန်လွှတ်ချနိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင်သင်ဟာသင့်ကလေးဇွန်းနှင့်စားပြီဆိုပါကသူတို့ကိုချီးကျူးခြင်းအားပေးအားမြှောက်ပြုလုပ်ခြင်းအားဖြင့်ကလေး၏ယုံကြည်မှုကိုတည်ဆောက်ပေးပါ။ အကယ်၍ကလေးမကိုင်နိုင်သေးလျှင်အတင်းမကိုင်ခိုင်းပါနှင့်။ သင့်ကလေးအဆင်သင့်ဖြစ်လောက်မည့်ရက်အနည်းငယ်လောက်စောင့်ပြီးပြန်လည်ကြိုးစားကြည့်ပါ။ ဘယ်လိုအစားအစာမျိုးနှင့်စတင်ကျွေးကြည့်မလဲ ဇွန်းနှင့်ခပ်စားလို့ရသောအနှစ်ကဲ့သို့ပြုလုပ်ထားသောအစားအစာများနှင့်စတင်ကျွေးကြည့်ပါ။ ချီးစ်၊ငှက်ပျောသီး၊သစ်တော်သီး၊သရက်သီးကဲ့သို့သောပိုပြီးကိုင်လို့ကောင်းသောအသီးအရွယ်အစားများ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးနို့ဖြတ်ခြင်း နှင့် အစာနင်ခြင်း အန ္တရာယ်

ကလေးကိုယ်တိုင်ဦးဆောင်စေပြီး နို့ဖြတ်တဲ့နည်း ဟာ ကလေးငယ်ကိုယ်တိုင် အစာအမာတွေ စားစေတဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဒါကို ပိုမိုကျန်းမာစေတဲ့ နို့ဖြတ်နည်းတစ်မျိုးလို့ ယူဆကြပါတယ်။ မကြာသေးမီက လေ့လာမှုတစ်ခုက ဒါဟာ လူတွေ ထင်နေကြသလို အစာနင်ခြင်းကို မဖြစ်စေပါဘူးလို့ ဆိုပါတယ်။ ကလေးငယ်ကိုယ်တိုင်ဦးဆောင်နို့ဖြတ်စေခြင်း၏ အကျိုးကျေးဇူးများ မိရိုးဖလာနည်းအရ မိဘတွေဟာ စည်းကမ်းတင်းကြပ်သော နို့ဖြတ်တဲ့ အစီအစဉ်တွေကို ဆွဲထားတတ်ကြပါတယ်။ ဆန်၊ကွေကာ က အစပြုပြီး အခြား အစာအစာတွေ ဖြစ်တဲ့ အသီးအရွက်၊ အသားတွေကိုအနှစ်ပြုလုပ်ပြီး ကျွေးလေ့ရှိပါတယ်။ သူတို့ဟာ ကလေးလက်သန်း လောက်ပဲ ရှိတဲ့ အပျော့အမာ အမျိုးမျိုးရှိတဲ့ အစားအစာတွေကိုလည်း အစာနင်ခြင်းကို ကာကွယ်ပေးဖို့ ကျွေးလေ့ရှိပါတယ်။ ကလေးကိုယ်တိုင်ဦးဆောင်နို့ဖြတ်စေတဲ့ နည်းလမ်းမှာတော့ အနှစ်ပြုလုပ်ပြီး ကျွေးတဲ့ အဆင့်တွေကို ကျော်လွန်ပြီး မိဘတွေက ကလေးကို သင့်လျော်တဲ့အရွယ်အစားရှိတဲ့ အစာတွေကို ကျွေးခြင်း ဖြစ်ပါတယ်။ […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်းက သင့်ကလေး၏ဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်ပါတယ်။

တီဗွီ ကို ဘယ်သူမှ ကြည့်မနေရင်တောင်မှ ဒီအတိုင်းဖွင့်ထားခဲ့တာမျိုး အလွန်ကို အဖြစ်များပါတယ်။ ဒါပေမယ့် လေ့လာမှု အသစ်တစ်ခုအရ တကယ်လို့ သင့်အိမ်မှာ ငယ်ရွယ်တဲ့ ကလေးငယ်ရှိမယ်ဆိုရင် တီဗွီမကြည့်ဘဲဖွင့်ထားခြင်း ဟာ ဆိုးဝါးတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကြည့်သူမရှိဘဲ တီဗွီဖွင့်ထားခြင်း ဟာ ကလေးတွေမှာ မှတ်ဉာဏ်ဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတစ်ခုက ကောက်ခံတဲ့ အချက်အလက်တွေအရ တီဗွီမကြည့်ဘဲဖွင့်ထားခြင်းဟာ ငယ်ရွယ်တဲ့ကလေးတွေမှာ သင်ယူခြင်း၊ စာဖတ်ခြင်းတွေအတွက် လေးနက်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ နယူးမက္ကဆီကို တက္ကသိုလ် ကလေးဌာန ပရော်ဖက်ဆာ Victor Strasburger က ကလေးငယ်တွေဟာ အလုပ်မျိုးစုံကို တစ်ပြိုင်နက်တည်း မလုပ်နိုင်ကြဘူးလို့ ဆိုပါတယ်။ ကျွမ်းကျင်သူတွေက အသက် ၈ လကနေ ၈ နှစ်အတွင်း ကလေးငယ်တွေရှိတဲ့ အိမ်ပေါင်း ၁၄၅၁ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သရေစာစားခြင်း၏ ဆိုးကျိုးများ

သရေစာ စားတဲ့ အလေ့အကျင့်ဟာ ကောင်းကျိုးအများကြီးရှိတယ်ဆိုတာ ဘယ်သူမှမငြင်းနိုင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးရဲ့ အစာစားချင်စိတ်ကိုလည်း လျော့နည်းစေပါတယ်။ အစာစားချိန်မှာ ဗိုက်မဆာခြင်း သရေစာတွေဟာ ကလေးတွေကို ဗိုက်ပြည့်စေပါတယ်။ ဒါကြောင့် အစာစားချိန်တွေမှာ ဗိုက်မဆာဘဲ ဖြစ်တတ်ပါတယ်။ ဒီအချက်ရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကတော့ ဒီသရေစာတွေထဲမှာ အစားအစာနဲ့ အာဟာရဓါတ်လုံလောက်စွာ ပါဝင်ခြင်း မရှိတာကြောင့် သိပ်မကြာခင်မှာ ဗိုက်ပြန်ဆာနိုင်ပါတယ်။   အစားအသောက် မူမမှန်ပြဿနာများ သရေစာ စားခြင်းရဲ့ဆိုးကျိုးကတော့ သူဟာ အစားအသောက်နှင့် သက်ဆိုင်သော မူမမှန်ပြဿနာတွေကို ဖြစ်စေနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သရေစာစားခြင်းဟာ အလွန်အမင်း စားခြင်းကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့ သင့်ကလေးမှာ ဒီပြဿနာရှိပြီဆိုရင် သူဟာ သူစားနေကျအစာတွေရဲ့ ပမာဏကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့ပြင် သင့်ကလေးမှာ ဒီပြဿနာ ကို အချိန်တော်တော်ကြာမှ သိရှိရတတ်ပါတယ်။ ဒီရောဂါကို ကုသဖို့ ဆိုရင်တော့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း