ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

လက်ဘက်ရည်နဲ့ လာဗန်ဒါအဆီက ကလေးတွေအတွက်စိတ်ချရလား

သင့်အိမ်မှာရှိတဲ့ ကျန်းမာရေးဆိုင်ရာ ဆေးတွေ၊ပစ္စည်းတွေ အတော်များများမှာ လက်ဖက်အဆီနှစ်(Tea tree) နဲ့ လာဗင်ဒါဆီ(lavender)တို့ကို တွေ့နိုင်ပါတယ်။ ဒါပေမယ့်သင့်မှာ ရင်သွေးလေးရှိမယ်ဆိုရင် ဒီ "သဘာဝ"ပစ္စည်းတွေဟာ သူတို့လေးတွေအတွက် သင့်တော်ပါ့မလားလို့ သင်တွေးကောင်းတွေးပါလိမ့်မယ်။ ဒီလို အတွေးတွေဖြစ်နေပြီဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။ လက်ဖက်အဆီနှစ်(Tea tree)၊ လာဗင်ဒါဆီ(lavender) နဲ့ သင့်ရင်သွေး လက်ဖက်အဆီနှစ်ကို များသောအားဖြင့် (လက်သည်း၊မိန်းမကိုယ်၊ခြေထောက်စတဲ့ နေရာတွေမှာ) fungus မှိုစွဲတာ၊ဝက်ခြံပေါက်တာ၊အရေပြား ဓါတ်မတည့်တာတွေနဲ့ သွားနဲ့ခံတွင်း ပြဿနာတွေမှာ သုံးလေ့ရှိကြသလို လာဗင်ဒါအဆီဟာလည်း ဆံပင်ကျွတ်တာ၊စိုးရိမ်ပူပန်မှုများတာ၊စိတ်ဖိစီးမှုများတာ စတဲ့ အခြေအနေတွေကို ကုသရာမှာ အသုံးဝင်ပါတယ်။ ဒါတင်မကသေးပါဖူး။ လာဗင်ဒါဆီကို တရုတ်ရိုးရာ အပ်စိုက်ကုသတာ၊ခန္ဓါကိုယ်နှိပ်နယ်တာနဲ့ ကျောရိုးဆစ်လွဲတာကို ကုသတဲ့ နေရာတွေမှာလည်း သုံးနိုင်ပါသေးတယ်။ လာဗင်ဒါအဆီနဲ့ ရေချိုးမယ်ဆိုရင် အဆစ်အမြစ်နာတာ နဲ့ ကြွက်သားနာတာတွေကို ပျောက်ကင်းသက်သာစေပါတယ်။ ဒါ့အပြင် အရေပြားကူးစက်ပိုးဝင်တာ၊အနာဖြစ်တာ၊နှင်းခူပေါက်တာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးချီနည်း မှန်ကန်ရဲ့လား သတိပြုမိစေဖို့

သင့်ကလေးကိုပြုစုစောင့်ရှောက်ရာတွင်ကလေးကိုချီခြင်း သို့မဟုတ် မခြင်းတို့သည် သင့်ခန္ဓါကိုယ်ကိုပြင်းထန်စွာ ဒဏ်ရာရစေနိုင်ပါသည်။ သို့ဖြစ်၍ ထိခိုက်ဒဏ်ရာရခြင်းမှရှောင်ကြဉ်နိုင်ရန် သင့်ခန္ဓါကိုယ်အနေအထားနှင့်ပတ်သက်ပြီးဂရုစိုက်ပါ။ သင့်ကလေးကိုချီမရာတွင်ထိခိုက်ဒဏ်ရာရခြင်းကိုကာကွယ်ပေးနိုင်မည့်နည်းလမ်းများ ထိခိုက်ဒဏ်ရာရခြင်းကိုရှောင်ရှားရန်ဒူးထောက်ပါသို့မဟုတ်ဆောင့်ကြောင့်ထိုင်ပါ။ သင်သည်သင့်ကလေးကိုကားခုံတွင်ခါးပတ်ပတ်ပေးသောအခါတွင်သင့်ခန္ဓါကိုယ်သည်အပြင်တွင်ရပ်နေလျက်နှင့်ကားထဲသို့ကိုယ်တစ်ပိုင်းလိမ်ဝင်၍ခါးပတ်ပတ်ပေးလိမ့်မည်။ သင်သည်ကလေးရှေ့တွင် ဒူးထောက်ပြီးသို့မဟုတ်ဆောင့်ကြောင့်ထိုင်ပြီးပြုလုပ်ခြင်းအားဖြင့်လေ့ကျင်ခန်းလုပ်ပြီးသားဖြစ်သကဲ့သို့ကိုးရို့ကားယားအနေအထားကိုလည်းရှောင်ရှားနိုင်လိမ့်မည်ဖြစ်သည်။ သင့်ကလေးကိုလက်တစ်ဖက်တည်းနှင့်အချိန်အကြာကြီးမချီပါနှင့်။ အကယ်၍သင်သည်တစ်ချိန်လျှင်လက်တစ်ဖက်ပြောင်းသုံးခြင်းဖြင့်သင်၏လက်များသည်အလွယ်တကူမညောင်းနိုင်ပါဘူး။ ကိုယ်ကိုလိမ်ပြီးကလေးကိုမမပါနှင့်။ ကိုယ်ကိုလိမ်ပြီးကလေးကိုမခြင်းသည်သင့်ခါးရိုးနှင့်အာရုံကြောမကြီးကိုထိခိုက်စေနိုင်ပါသည်။ ခါးနာစေနိုင်ပါသည်။ သင့်ကလေးကိုအရင်မပါ။ ပြီးမှတစ်ဖက်သို့လှည့်နိုင်ပါသည်။ လေ့ကျင့်ခန်းလုပ်ဖို့သို့မဟုတ် အားကစားခန်းမသို့သွားဖို့အချိန်ယူပါ။ သင်သည် သင့်ကလေးကို ပြုစုစောင့်ရှောက်နေရသောအခါတွင် စိတ်ပိုင်းဆိုင်ရာရော ခန္ဓါကိုယ်ပိုင်းဆိုင်ရာပ အင်အားလိုအပ်ပါသည်။ ထို့ကြောင့်သင်၏ကျန်းမာရေးကိုလစ်လျူမရှု့သင့်ပါ။ သင့်ကျန်းမာရေးမကောင်းလျှင် သင်၏ကလေးကိုလည်း ကောင်းမွန်စွာဂရုမစိုက်နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် သင်ကိုယ်ဝန်ဆောင်စဉ်ကတည်းကပင် သင့်ဝမ်းဗိုက်နှင့် ပင်မကြွက်သားများအားနည်းနေတတ်ကြသည်။ သို့ဖြစ်၍သင်သည်သင့်ကြွက်သားများကိုကူညီရန်သင့်အဆစ်များကိုလှုပ်ရှားရလွယ်ကူစေရန်ကူညီပေးမည့်အားကစားလုပ်ဆောင်ချက်များလုပ်ဆောင်ပါ။ ယောဂ၊ရေကူးခြင်းစသည်တို့ကိုပြုလုပ်ပါ။ အချိန်အကြာကြီးမတ်တပ်မရပ်ပါနှင့်။ အလုပ်အရမ်းမလုပ်ပါနှင့်။ ဖြစ်နိုင်လျှင် အချိန်ခွဲခွဲပြီးလုပ်ပါ။ ကိုယ်လုပ်နိုင်သောအတိုင်းအတာကိုကိုယ့်ဘာသာကိုသိပါစေ။ အကယ်၍ထိခိုက်ဒဏ်ရာရခဲ့လျှင်ဘာလုပ်ရမည်နည်း ရုတ်တရက်သင်ထိခိုက်ဒဏ်ရာရခဲ့လျှင်သင်လုပ်နေသောအရာကိုချက်ချင်းရပ်လိုက်ပါ။ ထိုင်ချလိုက်ပါ။ ခဏနားပါ။ ထို့နောက်ရေခဲအိတ်ကိုသုံး၍ထိခိုက်ဒဏ်ရာနာကျင်ခြင်းကိုသက်သာပါစေ။ ဆရာဝန်သို့မဟုတ်ကျန်းမာရေးစောင့်ရှောက်သူနှင့်ဖြစ်နိုင်သမျှမြန်မြန်ဆက်သွယ်ပါ။ လေ့ကျင့်ခန်းအပျော့စားလေးများနှင့်ခန္ဓါကိုယ်ဆန့်ခြင်းများကိုခဏခဏပြုလုပ်ပါ။ ထိုအရာသည်သင့်ကြွက်သားများကိုပိုမိုအားရှိစေပြီး အဆစ်များ လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေသည်။ သင်သည်တီဗီသို့ မဟုတ် အင်တာနက်တွင်ပါသော […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးနှင့် အချိန်တော်တော်များများ အတူနေပေးမိရဲ့လား

ကလေးရှိခြင်းဟာ မိသားစု ရင်းနှီးမှုကို တိုးမြှင့်စေဖို့ သူတို့နဲ့ အချိန်ကုန်ဆုံးသင့်တယ်လို့ ဆိုလိုပါတယ်။ အခုခတ်မှာ အလုပ်ရှုပ်တဲ့ မိဘအတော်များများဟာ ကလေးငယ်နဲ့ အချိန်ကုန်ဆုံးဖို့ မလုပ်နိုင်ကြပါဘူး။ အခြားမိဘအချို့ကတော့ သူတို့ရဲ့ အချိန်တွေအကုန်လုံးကို ကလေးငယ်ကို စောင့်ရှောက်ဖို့ပဲ ပေးထားတတ်ပါတယ်။ ဒီလို အချိန်ပေးမှု နည်းခြင်း၊ များခြင်းတွေဟာ သင့်အတွက်ရော၊ ကလေးငယ်အတွက်ပါ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ မိသားစုအတွက် ဘယ်လောက်အချိန်ပေးရင် လုံလောက်ပါသလဲ။ ကလေးငယ်ကို ဘယ်လောက်အချိန်ပေးဖို့ လိုအပ်လဲဆိုတာဟာသူတို့ရဲ့ အသက်ပေါ်မူတည်ပါတယ်။ ကလေးငယ်ရဲ့ အသက်ပေါ်မူတည်ပြီး သူတို့နဲ့ အချိန်ဘယ်လောက်ကုန်ဆုံးသင့်လဲဆိုတာ စဉ်းစားသင့်ပါတယ်။ သင့်ကလေးရဲ့ အသက်ဟာ ငယ်လွန်းနေရင် သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကိုယ်ပိုင်းဆိုင်ရာ ရှုထောင့်တွေအရ သင့်ကိုသာ မှီခိုမှာ ဖြစ်ပါတယ်။ အသက်တစ်နှစ်အောက်ကလေးငယ်တွေအတွက် သူတို့ဟာ မိခင်နဲ့ အချိန်တိုင်း အတူရှိသင့်ပါတယ်။ လမ်းလျှောက်တတ်ခါက […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အော်တစ်ဇင်ရောဂါ

Autism ဆိုတာ ဘာလဲ။ Autism ဟာ ကလေးအသက် သုံးနှစ်လောက်မှာ ဖြစ်တဲ့ ဘဝတစ်လျှောက်လုံးအတွက် အာရုံကြောစနစ်ဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါတယ်။ Autism ဟာ လူမှုဆက်ဆံရေး မပြုနိုင်ခြင်း၊ စကားဖြင့် ဖြစ်စေ၊ စကားမပြောပဲဖြစ်စေ ဆက်သွယ်ရန် ခက်ခဲခြင်း၊ အပြုအမူပိုင်းဆိုင်ရာ ကန့်သတ်ခြင်း၊ ထပ်ခါထပ်ခါ ပြုခြင်းတွေ ပါဝင်ပါတယ်။ ဒီအခြေအနေတွေဟာ လူနာရဲ့ အခြေခံဖွံ့ဖြိုးမှုတွေကို နောက်ကျစေပါတယ်။   ကလေးငယ်တွေနဲ့ လမ်းလျှောက်တတ်ခါက ကလေးငယ်တွေမှာ Autism လက္ခဏာများ ကလေးငယ်မှာ ရောဂါရှိတယ်ဆိုတာ စောစီးစွာ သိလေလေ အခြေအနေကို ထိန်းချုပ်နိုင်လေလေ ပဲဖြစ်ပါတယ်။ ဒါပေမယ့် Autism ကို ကလေးအသက် ၂ နှစ်အတွင်းမှာ သိရှိဖို ခက်ခဲပါတယ်။ ဒါကြောင့် မိဘတွေဟာ အောက်ဖေါ်ပြပါ လက္ခဏာတွေ ရှိလားဆိုတာ သိရှိဖို့ ကလေးတွေကို သေချာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် ထောပတ်သီး

ကလေးတစ်ယောက်ကို အသီးအနှံ စကျွေးမည်ဆိုလျှင် ထောပတ်သီးသည် ပထမဆုံးရွေးချယ်သင့်သည့် အစားအစာပင် ဖြစ်ပါသည်။ အဘယ်ကြောင့် ထောပတ်သီး ကျွေးသင့်သလဲဆိုသည်ကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။ ၁။ ဦးနှောက်ဖွံ့ဖြိုးမှု၊ နှလုံးကျန်းမာရေးနှင့် အခြားအကျိုးကျေးဇူးများ ထောပတ်သီးသည် ကယ်လိုရီများစွာ ပါဝင်သော အစားအစာဖြစ်သည်။ ထောပတ်သီး ၁၀၀ဂရမ်တွင် ၁၆၀ကယ်လိုရီပါဝင်သည်။ ကယ်လိုရီ ၇၅မှ ၈၀ရာခိုင်နှုန်းသည် အဆီများမှ လာသည်။ သို့ဖြစ်၍ ထောပတ်သီးသည် အဆီအနှစ်အများဆုံး သစ်သီးမျိုး ဖြစ်သည်။ သို့သော်လည်း ထောပတ်သီးတွင် ပါဝင်သော အဓိကအဆီသည် ဦးနှောက်နှင့် အမြင်အာရုံအဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပုံမှန်လုပ်ဆောင်ခြင်းများ လုပ်ဆောင်နိုင်ရန် မရှိမဖြစ် လိုအပ်သော အခန်းကဏ္ဍတွင် ပါဝင်သည်။ အိုလီရစ်အက်ဆစ်အမျိုးအစား မပြည့်ဝသောအဆီ ဖြစ်သည်။ ကလေးငယ်၏ ဉာဏ်ရည်ဖွံ့ဖြိုးမှု အဓိကကြီးထွားချိန်ဖြစ်သော အသက်နှစ်နှစ်အရွယ်တွင် ထောပတ်သီးသည်ကလေးငယ်၏ အစားအစာတိုင်းအတွက် အရေးကြီးဆုံးလိုအပ်သည့် အခန်းကဏ္ဍမှ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင်၏ကလေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာအလေ့အကျင့်ဖန်တီးပေးနိုင်ရန် အကြံပြုချက်ငါးရပ်

သင်၏ကလေးအစာ စစားသောအချိန်တွင် မိဘများအနေဖြင့်ကျန်းမာသော အစာအာဟာရများကိုဘယ်လိုရွေးချယ်ရမည်၊ ကလေးကိုကျန်းမာရေးနှင့်ညီညွတ်သော အစာစားခြင်းပုံစံ ဘယ်လိုလေ့ကျင့်ပေးရမည်ဆိုသည်နှင့်ပက်သက်၍ တွေဝေတတ်ကြပါသည်။ အကယ်၍သင်ဟာ သင့်ကလေးကိုငယ်စဉ်ကတည်းက ကျန်းမာရေးနှင့် ညီညွတ်သောအစာစားခြင်း အလေ့အကျင့်ကိုပြုစုပျိုးထောင်ပေးနိုင်ပါက ကလေးများအတွက် တသက်တာ အကျိုးကျေးဇူး ရရှိမည်ဖြစ်ပါသည်။ ၁။ ဘယ်အချိန်မှာအစာစားခြင်း ရပ်တန့်ရမည်ဆိုတာကိုသင်ကြားပေးပါ။ လူကြီးတွေအနေနဲ့ဗိုက်ပြည့်သွားရင် အစာစားဖို့ရပ်တန့်သင့်ပြီဆိုတာကို နားလည်သော်ငြားလည်း ကလေးများအနေဖြင့်သူတို့ကြိုက်နှစ်သက်သော အစားအစာ စားနေသောအခါတွင် ရပ်တန့်ခိုင်းဖို့ခက်ခဲပါသည်။ ထိုအခါသင်သည် သင့်ကလေးအား “ဗိုက်ပြည့်သွားပြီလား” “ဒီအစားအစာကို အများကြီးပိုစားလျှင် ဗိုက်အောင့်ဗိုက်နာမှာလား” စသည်ဖြင့် မိမိကိုယ်ကိုမေးခွန်းတွေ မေးတတ် ဖို့သင်ပေးပါ။ဤသို့မေးခွန်းမေးခိုင်းခြင်းက သင်၏ကလေးကိုသူတို့ဗိုက်ပြည့်ပြီလား၊အစာအလွန်အကျွံမစားသင့်ဘူးလားဆိုတာက ဆုံးဖြတ်နိင်ဖို့စွမ်းအင်ပေးစွမ်းမည်ဖြစ်ပါသည်။ ၂။ အစာစားချိန်တွင်ရေသို့မဟုတ်ဟင်းချိုများအမြဲတမ်းထားရှိပါ။ မိဘများကြုံတွေ့ရသည့် အခြားပြဿနာတစ်ခုကတော့ကလေးများ အစာစားနေစဉ်အတွင်း ရေသို့မဟုတ်ဟင်းချိုစွတ်ပြုတ်စသည့်အရည်ပါသော အစားအစာစားခိုင်းရခြင်းပင်ဖြစ်ပါသည်။ အစာစားပြီးချိန်တွင်သစ်သီးဖျော်ရည်သောက်ခြင်းက အာဟာရများနှင့်လိုအပ်သော စွမ်းအင်ပမာဏရရှိပေးနိုင်သော်လည်း အစာစားချိန်တွင်သောက်သုံးနိုင်ရန် ရေ သို့မဟုတ်ဟင်းသီးဟင်းရွက် စွပ်ပြုတ်ထားရှိပေးပါ။ ၃။ မနက်စာစားခြင်း မနက်စာကျွေးခြင်းက လွယ်ကူသောအလုပ်တစ်ခုဟု ထင်ရပါသည်။ သို့သော်သင်၏ကလေးကိုကျန်းမာရေးနှင့်မညီညွတ်သော မနက်စာများစားစေခြင်းဖြင့် အလေ့အကျင့်မပြုလုပ်ပေးသင့်ပါ။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်အဖြစ်များသော စိတ်ပိုင်းဆိုင်ရာပြဿနာများ၏ သတိပေးလက္ခဏာများ

အချိန်ကြာရှည်စွာစိတ်အတက်အကျမြန်ခြင်း မည်သူအဆို စိတ်အပြောင်းအလဲအတက်အကျ ရှိနိုင်ပါသည်။ အရွယ်ရောက်ပြီးအမျိုးသမီးများတောင်မှ ဓမ္မတာလာချိန်များတွင် စိတ်အပြောင်းအလဲ အတက်အကျမြန်တတ်ပါသည်။ သို့သော်လည်း ကလေးများတွင် စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်းသည် နှစ်ပတ်ထက်ပိုကြာ၍ဖြစ်ပွားနေပါက ၎င်းလက္ခဏာများသည် အန္တရာယ်ရှိသော စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုကိုညွှန်ပြနေပါသည်။ အမေရိကန် နိုင်ငံရှိ ကလေးနှင့်အရွယ်ရောက်ပြီးသူများဆိုင်ရာ စိတ်ပညာအဖွဲ့အစည်း(AACP) ၏သတင်းပေးပို့ချက်များအရ ကလေးငယ် သုံးဒဿမလေးသန်း၏ သုံးဆယ့်သုံးရာခိုင်နှုန်းခန့်နှင့် စိတ်ကျရောဂါခံစားနေရသော ဆယ်ကျော်သက်များသည် စိတ်အတက်အကျမြန်ရောဂါ၏ ပထမပိုင်းအဆင့်များကို ခံစားရနိုင်ခြေရှိကြောင်းသိရသည်။   အမူအကျင့်များ ပြင်းထန်စွာပြောင်းလဲခြင်း အလွန်အမင်းဖျတ်လတ်တက်ကြွခြင်း(သို့) မိဘများကိုဆန့်ကျင်လိုစိတ်အလွန်အမင်းပြင်းပြခြင်းတို့သည် ထိုကလေးများတွင် အာရုံစူးစိုက်နိုင်စွမ်းနည်းပါးသော အတက်ကြွလွန်ရောဂါ (ADHD) (သို့) ဆန့်ကျင်လိုစိတ် လွန်ကဲသော ရောဂါ(OOD) ခံစားနေရကြောင်း ညွှန်ပြသောလက္ခဏာများဖြစ်နိုင်သည်။ အခြားလူများ (သို့)တိရစ္ဆာန်များအား ထိခိုက်စေလိုမှုအလွန်အမင်းစိတ်အားထက်သန်မှုသည် မိဘများအနေနှင့်မိမိကလေးကို စိတ်ရောဂါဆရာဝန်နှင့်သွားရောက်ပြသရန် အချက်ပေးသင်္ကေတပင်ဖြစ်သည်။   ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသည် အလွန်လွယ်ကူစွာသတိထားမိနိုင်သော လက္ခဏာများဖြစ်သည်။ ရုတ်တရက်ကိုယ်အလေးချိန်ကျသွားခြင်း(သို့) ကိုယ်အလေးချိန်တိုးလာခြင်းသည် အရွယ်ရောက်ခြင်း ကြောင့်မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာပုံမမှန်မှုကြောင့်ဖြစ်နိုင်သည်။ ကိုယ်အလေးချိန်ကျဆင်းခြင်းသည် ကလေးငယ်မှ အလွန်အမင်းစိတ်ဓါတ်ကျခြင်း(သို့) စိုးရိမ်ပူပန်ခြင်းကြောင့် အစာမစားနိုင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ခါစကလေးကို မနက်စာမုန့် ကျွေးရင်သိထားရမယ့် အချက် (၆)ချက်

မနက်စာ က တစ်နေ့တာအတွင်း အရေးကြီးဆုံးဖြစ်တယ်ဆိုတာကို အားလုံးသိပြီးဖြစ်ပါတယ်။ နံနက်စာစားခြင်းက သင့်ကလေးကို နေ့သစ်တစ်ရက်ကို တက်ကြွစွာဖြတ်သန်းနိုင်ရန် ကူညီပေးပါတယ်။ ဒါ့ပြင်အဝလွန်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းမွန်စေပြီး အတန်းတွင်း အာရုံစူးစိုက်မှုမရှိခြင်းမှကင်းဝေးစေပါတယ်။ ဒါပေမယ့် အစားအစာထက် ကစားစရာကို နှစ်သက်မြတ်နိုးတတ်ကြတဲ့ လမ်းလျှောက်ခါစအရွယ်ကလေးတွေကို မနက်စာ ရဲ့ အရေးပါမှုကိုဘယ်လိုရှင်းပြကြမလဲ။ လမ်းလျှောက်တတ်ခါစကလေးကို မနက်စာမုန့် ကျွေးရင်သိထားရမယ့် အချက် (၆)ချက် လမ်းလျှောက်တတ်ခါစကလေးကို မနက်စာမုန့် ကျွေးရင်သိထားရမယ့် အချက် တွေက ၁။ နေ့စဉ်မနက်စာကို မတူညီတဲ့ အစားအစာကျွေးပါ ဘယ်လောက်ကောင်းပြီး အရသာရှိတဲ့ အစားအစာပဲဖြစ်ဖြစ် လူတစ်ယောက်က တစ်မျိုးတည်းကိုတော့ နေ့တိုင်းမစားချင်ကြပါဘူး။ သင့်ကလေးလည်း ဒီလိုပဲဖြစ်ပါတယ်။ ကလေးတွေက အရသာရှိပြီး တစ်နေ့နဲ့ တစ်နေ့ အနည်းနဲ့ အများ မတူညီကွဲပြားတဲ့ မနက်စာ ကို စားချင်ပါလိမ့်မယ်။ ဥပမာ-ဒီနေ့ အသီးအနှံ ကျွေးမယ်ဆိုရင် နောက်နေ့ကျ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာနဲ့ ပတ်သက်ပြီး မိဘတွေ ကိုယ့်သားသမီးကို အမှတ်မထင်သင်ပေးမိတဲ့အချက်လေးတွေ

ဘယ်မိဘကမှ ကိုယ့်သားသမီးကို မုဒိမ်းကျင့်တတ်အောင် သင်ပေးမှာတော့ မဟုတ်ပါဖူး။ ဒါပေမယ့် အံ့ဩစရာကောင်းတာက ကျွန်တော်တို့ဟာ ကျွန်တော်တို့ကိုယ်တိုင်မသိလိုက်ဘဲနဲ့ ကလေးတွေကို သူတပါးသားသမီးစော်ကားတတ်အောင်၊လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်အောင် သင်ပေးနေသလိုဖြစ်နေတတ်ပါတယ်။ မယုံဖူးဆိုရင် အောက်က အချက်လေးတွေကို ဖတ်ကြည့်လိုက်ပါ။   ယောက်ျားလေးတွေကို အရမ်းအလိုလိုက်တာ ဟုတ်ပါတယ်။ ယောက်ျားလေးတွေဟာ အဆော့မက်ပါတယ်၊သောင်းကျန်းပါတယ်။ ဒါပေမယ့် အဆော့မက်သောင်းကျန်းတာနဲ့ အကျင့်ပျက်ဆိုးသွမ်းတာကို မိဘအတော်များများက မခွဲခြားနိုင်တာ ခက်ပါတယ်။ ယောက်ျားလေးပဲ သောင်းကျန်းမှာပေါ့ ဒီလောက်တော့ရှိမှာပေါ့ဆိုပြီး အလိုလိုက်ဖန်များလာတဲ့အခါ ကလေးတွေရဲ့ စိတ်ထဲမှာ တခြားသူတွေ၊သူငယ်ချင်းတွေကို မခံသာအောင်စရတာ၊အနိုင်ကျင့်ရိုက်နှက်ရတာဟာ ဘာမှမဟုတ်ဖူး၊သူလုပ်ချင်သလို လုပ်ခွင့်ရှိတယ်လို့ ထင်သွားပါတော့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လူဆိုးလေးတွေဖြစ်လာပြီး စည်းမျဉ်းစည်းကမ်းတွေကို ဂရုမစိုက်တတ်တော့ဘဲ ရမ်းကားသောင်းကျန်းတာဟာ သူတို့ရဲ့ အမူအကျင့် ဖြစ်မှန်းမသိ ဖြစ်လာပါတယ်။   ဖက်တာနမ်းတာကို အတင်းခိုင်းတာ မိဘအတော်များများဟာ ကိုယ့်ကလေးကြိုက်လားမသိ၊မကြိုက်လားမသိဘဲ တခြားသူတွေ ဥပမာ အမျိုးတွေ၊သူငယ်ချင်းတွေကို အတင်းဖက်ခိုင်း၊နမ်းခိုင်းလေ့ ရှိကြပါတယ်။ ဒီလိုမျိုးတွေလုပ်တဲ့အခါ ကြာလာတော့ ကလေးတွေရဲ့ စိတ်ထဲမှာ ဖက်တယ်၊နမ်းတယ်ဆိုတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး၏ဦးနှောက်ဖွံ့ဖြိုးမှုကိုကူညီပေးနိုင်သည့်အချက်အလက်(၇)ချက်

ကလေးမွေးဖွားပြီးမကြာမီတွင် မွေးကာစကလေးများသည် သင်၏လက်မောင်းများကို လိုအပ်ပါသည်။ ဆိုလိုသည်မှာ ပွေ့ဖက်မှုဂရုစိုက်မှု အကြင်နာပေးမှုနူးညံ့သော စကားလုံးများနှင့်သားချော့တေးများကိုလိုအပ်ပါသည်။ သင်၏ချစ်ခင်မှုကိုနေ့စဉ်ဖော်ပြခြင်းသည် မိခင်နှင့်ကလေးကြား ဆက်သွယ်မှုကို ပိုမိုအားကောင်းစေရုံသာမက သင့်ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် ကူညီပေးပါသည်။ ထို့အပြင်ကလေး၏ ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာနှင့် ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း ကူညီပေးပါသည်။ မိခင်နှင့်ကလေးကြား ယုံကြည်စိတ်ချရသော ဆက်နွယ်မှုဖန်တီးပေးခြင်းသည် ကလေး၏ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်ပါသည်။ မိဘများသည်ကလေးများနှင့် ဆက်နွယ်မှုချက်ချင်းရနိုင်သော်လည်း အချို့မိဘများသည် ကလေးများနှင့် ဆက်နွယ်မှုရဖို့ အချိန်ယူရပါသည်။ ကျွမ်းကျင်သူများ၏ ပြောကြားချက်အရ မိဘများသည်ကလေးကို အထူးအာရုံစိုက်သင့်သည်။ ကလေးများ၏မျက်လုံးကို ချစ်ခင်ရင်းနှီးစွာငေးကြည့်သင့်သည်။ ထို့အတူကလေးများ၏ လိုအပ်ချက်ကို ဂရုတစိုက်ဖြည့်ဆည်းပေးသင့်ပါသည်။ အောက်တွင်အချက်(၇)ချက်ဖော်ပြထားပါသည်။ ၁။ ကလေးမမွေးခင်ကျန်းမာရေး ကောင်းမွန်သောအာဟာရရရှိရန်လေ့ကျင့်ခန်းမှန်မှန်လုပ်ရန်မိမိကိုယ်ကိုဂရုစိုက်ရန်လိုအပ်ပါသည်။ သင့်ကလေး၏ဦးနှောက်သည်ရက်သတ္တပတ်ခြောက်ပတ်မှကိုယ်ဝန်ငါးလအတွင်းတွင်ဆဲလါပေါင်းတစ်ရာဘီလီယံဖွံဖြိုးပါသည်။ ၂။ ကလေးကိုချီပါထိတွေ့ပါ။ ပွေ့ဖက်ပါ။ ထိုအရာသည်သင့်ကလေးအားသူ့ကိုချစ်ကြောင်းပြသသည့်အရာပင်ဖြစ်သည်။ ထို့အပြင်ကလေးကိုစိတ်ဖိစီးမှုကင်းဝေးပြီးတည်ငြိမ်အေးချမ်းစေသည်။ တည်ငြိမ်သောကလေးသည်ပတ်ဝန်းကျင်ရှိကြည့်စရာများအသံများအနံ့များကိုစိတ်ဝင်စားနိုင်သည်။ ၃။ ဟန်ချက်ညီပါစေ။ သင့်ကလေးမည်သည်ကိုခံစားနေသည်ဆိုခြင်းနှင့်ပက်သက်ပြီးမိဘများအနေဖြင့်သိနားလည်သည်ဆိုသည်ကိုကလေးအားသိစေခြင်းအားဖြင့်ကလေး၏ခံစားမှုပိုင်းဆိုင်ရာဉာဏ်ရည်ကိုတည်ဆောက်ပါ။ဥပမာပြောရလျှင်အကယ်၍ကလေးသည်သင့်ကိုပြုံးပြီးကြည့်သည်ဆိုလျှင်ပြန်ပြုံးပြပါ။ ခေါင်းညိတ်ပြပါ။ ကလေးကိုစကားပြောပါ။ ထိုအရာသည်သင့်ကလေးကိုအခြားသူများနှင့်ဘယ်လိုဆက်သွယ်ရမလဲဆိုတာကိုသင်ကြားပေးပါသည်။ သင့်ကလေးကသင့်ကိုလိုအပ်သောအခါတွင်သင့်ကလေးအနားတွင်ရှိပေးနေပြီးကလေးကိုချစ်ပေးခြင်းအားဖြင့်သင့်ကလေးကိုလုံခြုံစိတ်ချရသကဲ့သို့ခံစားရစေပါသည်။ ၄။ အခြားသူများနှင့်ဆက်သွယ်ပေးခြင်း သင့်ကလေးကိုအရေးကြီးသောလူအနည်းငယ်နှင့်ခိုင်မာသောလူမှုရေးဆိုင်ရာသံယောစဉ်များတည်ဆောက်နိုင်ရန်ကူညီပေးပါ။ ၅။ သင့်ကလေးကိုစကားပြောပါ။ သူပြောတာကိုလည်းနားထောင်ပေးပါ။ သိပ္ပံပညာရှင်များ၏ပြောကြားချက်အရ ဘာသာစကား ဆက်နွယ်မှုများကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း