ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးကိုနို့ချိုတိုက်ကျွေးစဉ်မှာ ရှောင်သင့်တဲ့အစားအစာများ

နို့ချိုတိုက်ကျွေးနေချိန်မှာ မတူညီတဲ့စားစရာမျိုးစုံပါဝင်တဲ့ ညီညွတ်မျှတတဲ့စားသောက်မှုပုံစံနဲ့ စားသောက်သင့်ပါတယ်။ ဒါမှသာ သင့်ကလေး အပြည့်အ၀ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ကျန်းမာစွာကြီးပြင်းလာဖို့အတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓါတ်တွေနဲ့ အာဟာရဓါတ်တွေကို လုံလောက်စွာရရှိနိုင်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နို့ချိုတိုက်ကျွေးချိန်မှာ စားစရာတွေအားလုံးက သင့်အတွက်သင့်လျော်နေတာတော့မဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့ဆောင်းပါးမှာတော့ သင်ရှောင်သင့်တဲ့အချက်အလက်တွေကို ရေးသားတင်ပြထားပါတယ်။   ကဖိန်း ကဖိန်းကိုသောက်လိုက်တာနဲ့ သင့်သွေးကြောထဲစီးဆင်းသွားပြီး နို့ရည်ထဲရောက်သွားပါလိမ့်မယ်။ ကဖိန်းဟာ သင့်ကလေးကို စနိုးစနှောင့်ဖြစ်စေပြီး နိုးကြားလွယ်တာမျိုးဖြစ်စေပါတယ်။ တကယ်လို့သင့်ကလေးဟာ အင်အားအပြည့်နဲ့ နိုးကြားတက်ကြွနေပြီဆိုရင် သင့်ကလေးကို ပြုစုဖို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ သင့်အတွက်ခက်ခဲတဲ့အချိန်တွေဖြစ်လာဖို့သေချာသလောက်ပါပဲ။ ဒါပေမယ့် သင့်တော်ရုံလောက် (မနည်းမများ)သောက်ခြင်းဟာ သင့်ရဲ့နို့ရည်ကိုရော ကလေးကိုပါ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။ သင့်အတွက်သင့်လျော်တဲ့ပမာဏကတော့ တစ်ရက်မှာ ကော်ဖီ ၁ခွက်ကနေ ၂ခွက်ထိ သောက်သုံးတာပါပဲ။ ပူဒီနာ ပူဒီနာပမာဏများများစားသုံးလိုက်တဲ့အခါမှာ သင့်ရဲ့နို့ထွက်နှုန်းကို အနှောင့်အယှက်ဖြစ်စေပါတော့တယ်။ ကလေးတွေကိုနို့ဖြတ်တဲ့အခါမှာ နို့ထွက်တာရပ်သွားအောင် အမျိုးသမီးတွေက ပူဒီနာများများစားကြပါတယ်။ ဒါပေမယ့် ပူဒီနာကို သင်ကြိုက်နှစ်သက်တယ်ဆိုရင်တော့ စားစရာအဖြစ်သို့မဟုတ် လက်ဖက်ရည်အဖြစ်သုံးဆောင်လို့တော့ရပါသေးတယ်။ […]


ကလေးငယ်အာဟာရ

သင့်ကလေးကို အစပ်တွေပေးစားလို့ရနိုင်မလား

ကလေးများသည်အသက်ကြီးလာသည်နှင့်အမျှ နို့၊ စီရီယယ်လ်၊အစပ်ပါသောအစားအစာများကိုပါကျွေးလို့ရပါသည်။ မိဘများသည်ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်ပါသောအစားအစာများအပါအဝင် အစားအစာပုံစံအမျိုးမျိုးကိုစတင်ကျွေးသင့်ပါသည်။ ယနေ့ခေတ်တွင် ကလေးများစားသောအစားအစာများသည် ထူးခြားသောပုံပန်းသွင်ပြင်မရှိသကဲ့သို့ စိတ်ဝင်စားစရာလည်းမကောင်းပါဘူး။ ကျွမ်းကျင်သူများသည် ကလေးများကို အနံ့အရသာအမျိုးမျိုးနှင့် အစားအစာအမျိုးမျိုးကိုစတင်ကျွေးမွေးဖို့ကြိုးစားကြပါသည်။သို့သော်လည်း မိဘများစွာသည် အစပ်ပါသော အစားအစာများသည် ကလေးများအားဗိုက်အောင့်ဗိုက်နာစေလိမ့်မည် အစာခြေခြင်းဆိုင်ရာ ပြဿနာများဖြစ်လိမ့်မည်ဟု ယုံကြည်နေကြပါသည်။ အမှန်တကယ်တော့ကလေး၏ အစားအစာထဲကို ဟင်းခတ်အမွှေးအကြိုင်နှင့် အစပ်အများအပြား ထည့်သင့်သည်ဟုမဆိုလိုပါဘူး။ ကလေးများ၏အစာခြေစနစ်သည်ထိခိုက်လွယ်သည်။ အစပ်ပါသောအစားအစာများများစွာစားခြင်း (ငြုပ်သီးပါသောအစားအစာများများစွာစားခြင်း)သည် ကလေး၏အစာအိမ်အတွက်ပြဿနာများဖြစ်စေနိုင်ပါသည်။ သင့်ကလေးအတွက် စားနေကျမဟုတ်သော သို့မဟုတ်အစပ်ပါသော အစားအစာများစကျွေးခြင်းသည် အန္တရာယ်များနိုင်ပါသည်။ ထို့ကြောင့် ကလေးငယ်ကို ရိုးရှင်းပြီး အစပ်အနည်းငယ်သာပါသော အစားအစာများ စတင်ကျွေးသင့်ပါသည်။ ဘယ်လိုဟင်းခတ်အမွှေးအကြိုင်တွေကို ကလေးကိုကျွေးလို့ရပါသနည်း။ သစ်ကြပိုးခေါက်-သစ်ကြပိုးခေါက်ကိုရာစုနှစ်ပေါင်းများစွာ ကျန်းမာရေးနှင့်ဆိုင်သောရည်ရွယ်ချက်များအတွက်အသုံးပြုခဲ့ကြပါသည်။ မန်းဂနိစ်၊သံဓါတ်၊အမျှင်နှင့်ကယ်လ်စီယမ်တို့၏အရင်းအမြစ်ဖြစ်သောသစ်ကြပိုးခေါက်သည်ကလေးများ၏အစာခြေစနစ်ကိုကူညီပေးပြီး အီးကိုလိုင်(coli)ကဲ့သို့သောဘက်တီးရီးယားများကိုသေစေနိုင်ပါသည်။ သစ်ကြပိုးခေါက်၏အနံ့သည် ဦးနှောက်၏လုပ်ဆောင်ချက်ကိုကောင်းမွန်စေပါသည်။ သင့်ကလေး၏စွပ်ပြုတ်သို့မဟုတ်စားစရာထဲသို့သစ်ကြပိုးခေါက်အနည်းငယ်ထည့်ကျွေးနိုင်ပါသည်။ ကြက်သွန်ဖြူ- ကြက်သွန်ဖြူသည်အစွမ်းထက်သောဓါတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ရုံသာမက ကလေး၏အစားအစာစားချင်စဖွယ်ဖြစ်စေရန်ကလေး၏နေ့စဉ်အစားအစာထဲတွင် ကြက်သွန်ဖြူကိုထည့်နိုင်ပါသည်။ ကြက်သွန်ဖြူ၏အရသာသည်အခြားအစပ်များကဲ့သို့အနံ့မပြင်းပါ။ ထို့ကြောင့်သင်သည်သင့်ကလေးအတွက် စွပ်ပြုတ်၊ခေါက်ဆွဲ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေး ရေကျောက်ပေါက်ခြင်း

ရေကျောက်ဆိုတာ ရေယုန်ဗိုင်းရပ်စ်တမျိုးဖြစ်တဲ့ varicella-zoster virus ကြောင့် ဖြစ်ရတာပါ။ ကလေးအများစုက ရေကျောက်ပေါက်ဖူးကြပါတယ်(အများအားဖြင့် အသက်ဆယ်နှစ် မတိုင်ခင်လောက်မှာပေါ့)။ ဗိုင်းရပ်စ်ပိုးဝင်တဲ့အခါမှာ ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်ကနေ ပဋိပစ္စည်း(antibody)လို့ခေါ်တဲ့ ပရိုတင်းတွေကို ထုတ်ပေးလိုက်ပါတယ်။ ဒီပဋိပစ္စည်းလေးတွေဟာ ဗိုင်းရပ်စ်ပိုးကို တိုက်ထုတ်တဲ့အပြင် နောက်တခါ ရေကျောက်ထပ်မပေါက်တော့အောင်လည်း ကူညီကာကွယ်ပေးပါတယ်။ ဒါကြောင့်မို့ လူတယောက်မှာ ရေကျောက်နှစ်ခါ ပေါက်တယ်ဆိုတာ မရှိသလောက်ကို ရှားပါတယ်။   ရေကျောက်ရဲ့ လက္ခဏာတွေက ဘာတွေလဲ။ ဦးဆုံးဖြစ်ပေါ်လာတဲ့ လက္ခဏာတွေက ဖျားတာ၊၊ခေါင်းကိုက်တာ၊လည်ချောင်းနာတာ ဒါမှမဟုတ် ဗိုက်နာ၊ဗိုက်အောင့်တာ စတာတွေပဲ ဖြစ်ပါတယ်။ ရေကျောက်ပေါက်ပြီဆိုရင် ပထမဆုံးအနေနဲ့ မျက်နှာနဲ့ ကျောမှာ ယားယံတဲ့ အနီစက်လေးတွေ ထွက်လာပါမယ်။ ဒီအစက်လေးတွေဟာ တကိုယ်လုံးကို ပျံ့သွားနိုင်ပါတယ်။ တချို့ကလေးတွေမှာဆိုရင် နေလို့ထိုင်လို့မကောင်း၊မအီမသာဖြစ်တာ၊အစားအသောက်ပျက်တာတွေကိုပါ တွေ့ရတတ်ပါတယ်။ အဓိက လက္ခဏာကတော့ အဆင့်သုံးဆင့်နဲ့ ဖြစ်ပေါ်လာတဲ့ အနီစက်တွေပါပဲ။ ပထမဆုံး ဝက်ခြံလို၊ခြင်ကိုက်ဖုလို အနီစက်လေးအနေနဲ့ စထွက်လာပြီး […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးများဗီတာမင်ဒီချို့တဲ့လျှင် သွေးလွှတ်ကြောနံရံများမာခြင်းကိုဖြစ်စေသည်

ဗီတာမင်ဒီသို့မဟုတ်နေရောင်ခြည်မှရရှိသော ဗီတာမင်သည် ကလေးများ ပုံမှန်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဗီတာမင်ဒီချို့တဲ့မှုများသည် ကလေးများတွင် တစ်စထက်တစ်စ အဖြစ်များလာကြသည်။ ထိုအခါ ကလေးများ၏ အရိုးများပုံမှန်းကြီးထွားဖွံ့ဖြိုးရန်အတွက် ပြဿနာတစ်ရပ် ဖြစ်လာနိုင်သည်။ သို့ဖြစ်၍ မိဘများနှင့် ကလေးဆရာဝန်များသည် ဗီတာမင်ဒီချို့တဲ့ရသည့်အကြောင်းအရင်းများကို ဂရုစိုက်သင့်သည်။ သို့မှသာ ထိုပြဿနာကိုနည်းလမ်းတကျဖြေရှင်းနိုင်မည်ဖြစ်သည်။ အောက်တွင် ဗီတာမင်ချို့တဲ့စေနိုင်သော အဖြစ်များသည့်အကြောင်းအရင်းများကိုဖော်ပြပေးထားပါသည်။ ၁။ နေရောင်ခြည်ထိတွေ့မှုနည်းပါးခြင်း သင့်ကလေးသည်နေသာသောရာသီဥတုတွင်နေထိုင်နေသည်ဆိုလျှင်တောင်မှ ဗီတာမင်ဒီမချို့တဲ့ဘူးဟု လုံးဝမပြောနိုင်ပါဘူး။ မကြာသေးမီလေ့လာတွေ့ရှိချက်များအရ အပူပိုင်းဒေသတွင် နေထိုင်သူများပင်လျှင် ဗီတာမင်ဒီချို့တဲ့မှုများ တစ်စထက်တစ်စဖြစ်ပွားနှုန်းပိုမိုများပြားလာသည်ကိုတွေ့ရသည်။ လူတစ်ယောက်၏ဗီတာမင်ဒီ ထုတ်လုပ်နိုင်မှုစွမ်းအားသည် နေ့တစ်နေ့၏အချိန်၊ ရာသီဥတု၊အိုဇုန်းပမာဏ၊လတ္တီကျူနှင့် ကောင်းကင်တွင် တိမ်ထူထပ်ခြင်းရှိမရှိ စသည်တို့အပေါ်တွင် မူတည်ပါသည်။ အာရှတိုက်သားများသည် အသားဖြူလိုသည့်အတွက် ဖြစ်နိုင်သမျှ နေမထိအောင်ရှောင်ရှားကြသည်။ အရည်ပြားကင်ဆာဖြစ်မည်ကိုစိုးရိမ်သောကြောင့်သော်လည်းကောင်း၊ သင့်ကလေးကို နေရောင်ခြည်ကာကွယ်သော ခရင်မ်များလိမ်းပေးထားသောကြောင့်သော်လည်းကောင်း၊ ဗီတာမင်ဒီရရှိမှုသိသိသာသာ နည်းပါးလာကြသည်။ သင့်ကလေးကိုအရမ်းချစ်ချစ်တောက်ပူနေသောနေမှကာကွယ်ခြင်းသည် မှန်ကန်သော်လည်း […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးလိပ်ခေါင်းရောဂါ - ရောဂါလက္ခဏာနှင့် ကုသမှုများ

အူသိမ်အဆုံးပိုင်းနဲ့ စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေ ရောင်ရမ်းဖောင်းကားနေတာကို လိပ်ခေါင်းလို့ ခေါ်ပါတယ်။ သွေးကြောနံရံတွေဟာ တစ်ချိန်လုံး ဆွဲဆန့်ခံထားရသလို ဖြစ်နေတာမို့ ယားယံတာနဲ့ နာကျင်တာတွေကို ခံစားရစေပါတယ်။ လူတော်တော်များများက အရွယ်ရောက်ပြီးသူတွေမှာပဲ လိပ်ခေါင်းဖြစ်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါဟာမှားပါတယ်။ တကယ်တမ်းကျတော့ ကလေးတွေမှာလည်း လိပ်ခေါင်းဖြစ်နိုင်ပါတယ်။ သင့်ကလေးမှာ လိပ်ခေါင်းဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ။ အောက်ကအချက်တွေ ဖြစ်နေပြီဆိုရင် လိပ်ခေါင်းမှန်း သိနိုင်ပါတယ်။ ကလေးရဲ့ စအိုနားတဝိုက်မှာ ယားယံနေတာ ဒါမှမဟုတ် နာနေတာ။ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့ တစ်ရှူးစ ဒါမှမဟုတ် အိမ်သာကြွေခွက်မှာ သွေးတွေရှိနေတာကို သတိထားမိတာ။ စအိုဝနားမှာ ဒါမှမဟုတ် စအိုဝကနေ အပြင်ကို ပြူထွက်လာတဲ့ ပန်းရောင်အသားစစိုစိုလေးကို သတိထားမိတာ(ဒီအသားဖုလေးက အပြာရောင် ဒါမှမဟုတ် ခရမ်းရောင်လည်းဖြစ်နေနိုင်တယ်)။ ဘယ်အချိန်မှာ ဆေးဝါးကုသမှု ခံယူရမလဲ။ စအိုက သွေးထွက်တာဟာ ဆိုးရွားပြီး အရေးကြီးတဲ့ ရောဂါတွေဖြစ်တဲ့ အူမကြီးအနာတွေ၊အူမကြီးရောင်တာ၊Crohn's […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို လိင်တံထိပ်ဖုံးအရေပြားဖြတ်ခြင်း

သင့်မှာ သားသားလေးမွေးထားပါသလား။ သားသားလေးကို လိင်တံအရေပြား ဖြတ်သင့်မဖြတ်သင့် စဉ်းစားနေပါသလား။ ဒါဟာ မိသားစုကဆုံးဖြတ်ရမယ့် ကိစ္စပါ၊ဆရာဝန်က ဆုံးဖြတ်ပေးရမယ့် ကိစ္စမဟုတ်ပါဖူး။ ဒါကြောင့် လိင်တံအရေပြားဖြတ်ပေးဖို့ ဆုံးဖြတ်ချက်မချခင် အသေအချာ စဉ်းစားဖို့လိုပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အချက်အလက်လေးတွေက သင်ဆုံးဖြတ်ချက်ချရာမှာ အထောက်အကူဖြစ်စေပါလိမ့်မယ်။ သားသားလေးကို လိင်တံအရေပြား ဖြတ်ပေးသင့်သလား။ သားသားလေးကို လိင်တံအရေပြားဖြတ်ပေးဖို့ မဆုံးဖြတ်ခင် မိသားစုအစည်းအဝေးထိုင်ပြီး အောက်ဖော်ပြပါ အချက်လေးတွေကို ထည့်သွင်းစဉ်းစားပေးပါ။ လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်အနေနဲ့ ဘယ်လိုမြင်သလဲ။ လိင်တံအရေပြားဖြတ်တာနဲ့ ပတ်သက်ပြီး သင့်ဘာသာရေးက ဘယ်လိုမြင်လဲ။ သင်ကော ဘယ်လိုထင်လဲ။ လိင်တံအရေပြားဖြတ်တာဟာ သင်နဲ့ သင့်မိသားစုအတွက် အရေးကြီးတယ်လို့ ထင်ပါသလား။ ကလေးအဖေကရော လိင်တံအရေပြား ဖြတ်ထားလား။ လိင်တံပုံစံကော တူလား။ မတူဖူးဆိုရင် ဒါဟာ အရေးကြီးတယ်လို့ ထင်ပါသလား။ လိင်တံအရေပြားဖြတ်ခြင်းရဲ့ ကောင်းတဲ့အချက်တွေ ဒီလုပ်ဆောင်မှုကို ယောက်ျားလေးတိုင်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး လေထခြင်းကို အပ်စိုက်ကုထုံးဖြင့် ကုသခြင်း

HealthDay News မှာလတ်တလောပါလာတဲ့ ဆောင်းပါးအရ နေ့ရောညပါ ကလေး လေထတာကို စိတ်ညစ်နေတဲ့ မိဘတွေအတွက် အားတက်စရာ သတင်းတခုကို သိလိုက်ရပါတယ်။ ဒီဆောင်းပါးအလိုအရ ကလေးလေထတဲ့ ပြဿနာကို အပ်စိုက်တာက ကူညီပေးနိုင်တယ်လို့ ဆိုပါတယ်။ လေထတယ်ဆိုတာဘာလဲ။ လုံးဝ ကျန်းမာနေတဲ့ ကလေးက တနေ့ကိုအချိန်သုံးနာရီကျော်နဲ့ သုံးရက်ဆက်တိုက်ထက်ပို ငိုရင် ဒါကိုလေထတယ်လို့ ခေါ်ပါတယ်။ ဘာလို့ဒီလိုငိုရတယ်ဆိုတာ တိကျတဲ့ အကြောင်းရင်း မသိရှိရပါဖူး။ မွေးကင်းစ ကလေးတွေရဲ့ ၂၀%ဟာ လေထလေ့ရှိတယ်လို့ ဆိုပါတယ်။ မိဘတွေမှာ အင်မတန် စိတ်ဆင်းရဲရပါတယ်။ ဒါကို ကုသဖို့ နည်းလမ်းလည်း မရှိသေးပါဖူး။ ကလေးလေထရင် ပုံမှန်လုပ်လေ့ရှိကြတာကတော့ ကလေးကို ချော့သိပ်တာ၊သားချော့တေးဆိုပြတာ ဒါမှမဟုတ် ရေနွေးလေးနဲ့ ရေချိုးပေးတာတောင် ပါ ပါသေးတယ်။ ကံကောင်းတာက အပ်စိုက်ကုသနည်း တခုလုံးရှိနေတာပါပဲ။ ကလေးလေး လေထပြီး ငိုနေတာတိတ်သွားစေဖို့ […]


ကလေးအာရုံကြောဆိုင်ရာရောဂါများ

ကလေးတွေမှာ ကိုမာဖြစ်ခြင်း(သတိလစ်နေခြင်း)

ကလေးတွေမှာ ကိုမာဖြစ်ခြင်း (သတိလစ်နေခြင်း) ဆိုသည်မှာဘာလဲ။ ကလေးတစ်ယောက် ကိုမာဖြစ်နေပြီဆိုလျှင် သူတို့သည်သတိလစ်ခြင်းနှင့် တုန့်ပြန်မှုမရှိခြင်း စသည်တို့်ဖြစ်နေတတ်သည်။ အိပ်နေသည်ဟုထင်ရသော်လည်း နာကျင်အောင် လုပ်ပြီး နှိုး၍တောင်မရပါ။   ကလေးဘ၀ ကိုမာ ကို ဘာတွေကဖြစ်စေသလဲ။ သွေးယိုစိမ့်ခြင်း၊ ဦးခေါင်းခွံအတွင်းဖိအားများခြင်း၊ အောက်ဆီဂျင်အလုံအလောက်မရခြင်း၊ အောက်ဆီဂျင်လျော့နည်းခြင်း သို့မဟုတ် အဆိပ်အတောက်များစုဝေးခြင်း အစရှိသော အကြောင်းအရာတို့ကြောင့် ဖြစ်ပေါ်လာသော ဦးနှောက်ဒဏ်ရာရပျက်စီးခြင်း မှတဆင့် ကိုမာ ဖြစ်ပေါ်လာတတ်ပါသည်။ ထိုဒဏ်ရာရပျက်စီးခြင်းသည် ယာယီ (သို့) အမြဲတမ်း ဖြစ်နိုင်ပါသည်။ ကိုမာ ဖြစ်စေသည့် အဖြစ်များသောအကြောင်းရင်းများမှာ ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်း ဦးခေါင်းထိခိုက်ဒဏ်ရာရခြင်းက ဦးနှောက်ရောင်ခြင်းနှင့် သွေးယိုစိမ့်ခြင်း၊ နိုးကြားမှုနှင့် သတိရှိမှုကိုထိန်းချူပ်ပေးသော ဦးနှောက်၏အစိတ်အပိုင်းများကို ထိခိုက်ခြင်းတို့ကို ဖြစ်စေပါသည်။   ရောင်ရမ်းခြင်း ရောင်ခြင်းသည်ကိုယ်ခန္ဒါထိခိုက်ဒဏ်ရာများကြောင့်သာမဟုတ်၊ အသက်ရှူမဝခြင်း၊ဓါတ်ဆားဓါတ်များမညီမျှခြင်း၊ သို့မဟုတ် ဟော်မုန်းများကြောင့်လည်းဖြစ်နိုင်သည်။   သွေးယိုစိမ့်ခြင်း ဦးနှောက်အတွင်းသွေးယိုစိမ့်ခြင်းသည် သွေးဖိအားများခြင်း၊ဦးနှောက်သွေးကြောဖောင်းရောဂါနှင့် ဦးနှောက်တွင်းအလုံးအကျိတ်တို့၏နောက်ဆက်တွဲဖြစ်စဉ် ဖြစ်သည်။   လေဖြတ်ခြင်း ဦးနှောက်ရောင်ခြင်းနှင့် အတူ ဦးနှောက်တွင်းသွေးမလျှောက်ခြင်း၊ သွေးဆုံးရှုံးခြင်း တို့သည်လည်း ကိုမာကိုဖြစ်စေသည်။   သွေးတွင်းသကြားဓါတ် ဆီးချိုရောဂါဖြစ်နေသော ကလေးများ၏သွေးတွင်းသကြားဓါတ်များ အလွန်များနေသည်ဖြစ်စေ၊အလွန်နည်းပါးသည်ဖြစ်စေကိုမာအဖြစ်သို့ရောက်ရှိစေတတ်ပါသည်။ အောက်စီဂျင်လုံလောက်မှုမရှိခြင်း၊ […]


ကလေးအရေပြားပြဿနာများ

ကလေးတွေမှာ အတွေ့ရများတဲ့ အရေပြားပြဿနာများ

ကလေးတွေရဲ့ အရေပြားမှာ အနီစက်လေးတွေ၊အဖုလေးတွေဖြစ်နေတာ မြင်ဖူးကြမှာပါ။ ဒါဟာ ကလေးတွေမှာ ဖြစ်တတ်တဲ့ အရေပြား ပြဿနာတွေရဲ့ လက္ခဏာတွေပါ။ အများစုကို ထိထိရောက်ရောက်ကုသလို့ ရပါတယ်။ ဒီဆောင်းပါးကို ဖတ်ခြင်းအားဖြင့် ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားရောဂါတချို့အကြောင်းကို သင်သိရမှာပါ။ ဒါပေမယ့် သင့်ကလေးမှာ အရေပြားရောဂါတွေ ဖြစ်လာပြီဆိုရင်တော့ ရောဂါကို အတိအကျသိဖို့နဲ့ ကုသဖို့ပေးနိုင်ဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်ရပါမယ်။ ရေကျောက် ရေကျောက်ရောဂါဆိုတာ အလွယ်တကူ ကူးစက်ပျံ့ပွားနိုင်တဲ့ ကူးစက်ရောဂါ တမျိုးဖြစ်ပါတယ်။ ကလေးအများစုဟာ တချိန်ချိန်မှာတော့ ရေကျောက်ပေါက်ဖူးကြမှာပဲ ဖြစ်ပါတယ်။ ရေကျောက်ဟာ မျက်နှာ၊နားနဲ့ ရင်ဘတ်တွေပေါ်မှာ အနီရောင်အစက်လေးတွေ အနေနဲ့ စတင်ပေါ်လာပြီး ဒီအနီစက်လေးတွေဟာ အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းသွားပါလိမ့်မယ်။ အရည်ကြည်ဖုလေးတွေ ပေါက်သွားရင်တော့ အဖတ်လေးတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေတဲ့ ကလေးတွေအနေနဲ့ ရေကျောက်ပေါက်ရင် စိုးရိမ်စရာ မလိုပါဖူး။ သင့်ကလေး ရေကျောက်တခါ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကွန်ပျူတာက သင့်ကလေးမျက်လုံးတွေကိုထိခိုက်စေနိုင်သလား

ဒီခေတ်မှာကလေးအများစုအနေနဲ့ကွန်ပြူတာကိုနေ့စဉ်အချိန်တော်တော်ကြာသုံးနေကြတာဟာဘာမှမထူးဆန်းတော့သလိုတောင် ဖြစ်နေပါပြီ။ ကွန်ပြူတာမျက်နှာပြင်ကိုအချိန်ကြာမြင့်စွာစိုက်ကြည့်မယ်ဆိုရင်မျက်လုံးညောင်းတာ၊ပင်ပန်းနွမ်းနယ်တာနဲ့မျက်လုံးခြောက်တာတို့ ဖြစ်စေနိုင်ပါတယ်။ ကွန်ပြူတာကကလေးတွေရဲ့မျက်လုံးကိုဘယ်လိုထိခိုက်စေသလဲ။ ဒါကိုဘယ်လိုကာကွယ်မလဲစတာတွေကိုဒီဆောင်းပါးလေးမှာဆွေးနွေးထားပါတယ်။   ကွန်ပြူတာက ကလေးတွေရဲ့မျက်လုံးကိုဘယ်ပုံဘယ်နည်းထိခိုက်စေသလဲ။ သင့်ကလေးဟာကွန်ပြူတာကိုနာရီပေါင်းများစွာသုံးကောင်းသုံးပါလိမ့်မယ်။ ဒီလိုသုံးခြင်းဟာကလေးတွေရဲ့မျက်လုံးကိုညောင်းစေပြီးအမြင်အာရုံကိုထိခိုက်စေပါတယ်။ ကလေးတွေရဲ့မျက်လုံးအရမ်းအလုပ်လုပ်ရမယ်။ သင့်ကလေးတွေကွန်ပြူတာမျက်နှာပြင်ကိုကြည့်တဲ့အခါသူတို့ကြည့်တာဒီမျက်နှာပြင်သာမကအဲ့ပေါ်မှာ မြင်နေရတဲ့အရုပ်၊ဗီဒီယိုစတာတွေအကုန်လုံးကိုအာရုံစိုက်နေရပါတယ်။ မျက်နှာပြင်ပေါ်ကပုံရိပ်ပြောင်းသွားရင်သူတို့ရဲ့မျက်လုံးကလည်းလိုက်ပြောင်းပြီးအာရုံစိုက်ကြည့်ရတဲ့အတွက်မျက်လုံးကြွက်သားတွေကိုအလုပ်အများကြီးလုပ်ခိုင်းနေသလို ဖြစ်နေပါတယ်။ စာအုပ်နဲ့မတူတာကကွန်ပြူတာမျက်နှာပြင်ဟာအရောင်တောက်တောက်ပပအလင်းစူးစူးတွေပါထွက်တဲ့အတွက်ပိုဆိုးစေပါတယ်။   ကလေးတွေက ပြဿနာကို ပြဿနာမှန်းမသိကြဖူး။ ကလေးတွေဟာသူတို့မျက်လုံးမှာ ပြဿနာဖြစ်နေတာကိုလျစ်လျူရှုထားတတ်ကြပါတယ်။ ကြည့်ရတာပိုပြီးသက်တောင့်သက်သာရှိဖို့အတွက်ကွန်ပြူတာကိုနေရာရွှေ့ထားဖို့၊မျက်နှာပြင်အနေအထားကိုပြောင်းဖို့ဒါမှမဟုတ်စားပွဲ၊ကုလားထိုင်တွေရဲ့အနေအထားကို ပြင်ဆင်ဖို့သူတို့လေးတွေမတွေးတတ်ကြပါဖူး။ ကွန်ပြုတာကြောင့်ဖြစ်လာတဲ့အမြင်အာရုံဆိုင်ရာအပြောင်းအလဲတွေ၊ပြဿနာတွေကိုလည်းသူတို့ကအေးအေးချမ်းချမ်းပဲလက်ခံကြပါတယ်။ ဘာလို့လဲဆိုတော့ဒီအပြောင်းအလဲ ပြဿနာတွေဟာပုံမှန်ပဲဖြစ်ပြီးတခြားသူတွေလည်းဒီအတိုင်းပဲ မြင်ရမှာပဲဆိုပြီးထင်မြင်ယူဆကြတဲ့အတွက် ဖြစ်ပါတယ်။   ကလေးတွေမှာကိုယ်ပိုင်အသိစိတ်နဲ့ချုပ်ထိန်းနိုင်စွမ်းမရှိဘူး။ သင့်ကလေးတွေဟာဘယ်အချိန်မှာမျက်စိကိုအနားပေးရမလဲသိချင်မှသိမှာပါ။ မျက်လုံးဟာကွန်ပြူတာမျက်နှာပြင်ကိုအနီးကပ်တချိန်လုံးတောက်လျှောက်ကြည့်နေရတဲ့အတွက် accommodation spasm လို့ခေါ်တဲ့မျက်လုံးကြွက်သားတွေတချိန်လုံးတင်းထား၊ညှစ်ထားရတဲ့အနေအထားကိုဦးတည်စေပါတယ်။ တကယ်တမ်းဆိုရင်မျက်စိကိုမကြာခဏဆိုသလိုခပ်ဝေးဝေးနေရာမှာရှိတဲ့အရာဝတ္ထုတွေဆီကြည့်ပေးရမှာပါ။ ကွန်ပြူတာသုံးတဲ့အခါသင့်ကလေးတွေဟာတချိန်လုံးအားစိုက်၊အာရုံစိုက်ပြီးကြည့်နေရတာဖြစ်တဲ့အတွက်မျက်တောင်ခတ်တဲ့အကြိမ်ရေနည်းစေပါတယ်။ မျက်တောင်အခတ်နည်းရင်မျက်ရည်တွေမျက်လုံးထဲမှာနေရာအနှံ့မရောက်တော့တာကြောင့်မျက်လုံးကတဖြည်းဖြည်းစပ်လာပါတယ်။ ပုံမှန်အားဖြင့်ကွန်ပြူတာမျက်နှာပြင်ဟာစာအုပ်ဖတ်ရင်ကြည့်ရတဲ့နေရာထက်အပေါ်ရောက်ပါတယ်။ ဒါကြောင့်မျက်လုံးဟာအစိုဓါတ်ဆက်လက်ရှိနေစေဖို့အတွက်မျက်ရည်ကိုပုံမှန်ထက်ပိုပြီးလိုအပ်ပါတယ်။ ဒီလိုနဲ့ပဲမျက်စိစပ်ပြီးခြောက်လာပါတယ်။   လူကြီးတွေရဲ့ကွန်ပြူတာကိုသုံးနေရတာ ကွန်ပြူတာသုံးစွဲသူအများစုဟာအရွယ်ရောက်ပြီးသားလူကြီးတွေပါ။ ဒါကြောင့်ကွန်ပြူတာကိုစီမံထားတဲ့ပုံစံအနေအထားဟာလည်းလူကြီးတွေအတွက်စီမံထားတာပါ။ ကလေးတွေအတွက်မဟုတ်ပါဖူး။ ကလေးတွေကွန်ပြူတာကိုသုံးတဲ့အခါမှာကွန်ပြူတာမျက်နှာပြင်ကို မြင်ရဖို့အတွက်ခေါင်းကိုပိုမော့ရပါမယ်။ ဒါ့အပြင် mouse ကိုင်ရတာ၊ကီးဘုတ်ကိုင်ရတာစတဲ့အနေအထားတွေကလည်းကလေးတွေအတွက်အဆင်မပြေလှပါဖူး။ ထိုင်တဲ့အခါကျောမှီတည့်တည့်ပေါ်ကျောမရောက်တာ၊ခြေထောက်ကိုကြမ်းပြင်ပေါ်ချထားဖို့မမှီမကမ်းဖြစ်တာစသဖြင့်ကြုံတွေ့ရနိုင်ပါတယ်။ ဒါ့ကြောင့်ကလေးတွေအနေနဲ့လူကြီးတွေအလုပ်လုပ်တဲ့ကွန်ပြူတာကိုဝင်သုံးတဲ့အခါသူတို့အတွက်သက်တောင့်သက်သာမရှိလှတာကိုတွေ့ရပါလိမ့်မယ်။   ကလေးတွေရဲ့အခန်းထဲကအလင်းကကွန်ပြူတာသုံးဖို့သင့်တော်တဲ့အလင်းပမာဏမဟုတ်တာမျိုး သင်ကွန်ပြူတာသုံးတဲ့အခါမီးကိုပုံမှန်ထက်တဝက်လောက်ပဲလင်းအောင်ထွန်းထားရပါမယ်။ တကယ်လို့အလင်းများလာမယ်ဆိုရင်သင့်မျက်လုံးအနေနဲ့ဒီပြောင်းလဲသွားတဲ့အခြေအနေနဲ့လိုက်လျောညီထွေဖြစ်အောင်လိုက်ညှိရမှာပါ။ သင့်ကလေးရဲ့မျက်လုံးကိုကာကွယ်ပါ။ သင့်ကလေးရဲ့မျက်လုံးကိုကာကွယ်ဖို့အရမ်းအရေးကြီးပါတယ်။ ကလေးရဲ့မျက်စိကိုမှန်မှန်စစ်ဆေးပါ။ သင့်အနေနဲ့သင့်ကလေးရဲ့အမြင်အာရုံကိုစစ်ဆေးဖို့ဆေးရုံဒါမှမဟုတ်မျက်စိရောဂါ ပြင်ပလူနာဌာနမှာ ပြသသင့်ပါတယ်။ တစုံတခု ပြဿနာရှိရင်သိနိုင်ဖို့နဲ့စောစောစီးစီးကုသနိုင်ဖို့အတွက်သင့်ကလေးရဲ့မျက်စိကိုပုံမှန်စစ်ဆေးပါ။ တချို့အခြေအနေတွေမှာစမ်းသပ်စစ်ဆေးမှုအမျိုးမျိုးနဲ့စစ်ဆေးပါတယ်။   ကလေးကိုကွန်ပြူတာအကြာကြီးမသုံးခိုင်းပါနဲ့။ ကွန်ပြူတာတစ်နာရီသုံးပြီးတိုင်းခဏနားဖို့သင့်ကလေးတွေကိုသတိပေးပါ။ နာရီတွေအကြာကြီးမသုံးပါစေနဲ့။ ကွန်ပြူတာမျက်နှာပြင်ရှေ့မှာထိုင်နေတဲ့အချိန်ကိုကန့်သတ်ပါ။ ဒီလိုတွေလုပ်ပေးခြင်းအားဖြင့်မျက်စိထဲကကြွက်သားတွေ (ciliary muscle)ကိုထိခိုက်မှုနည်းစေပြီး accommodative […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း