ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးငယ်များကိုအသက်ဘယ်လောက်အထိမိခင်နို့တိုက်သင့်သလဲ။

သင့်ကလေးကိုအသက်ဘယ်အရွယ်အထိနို့တိုက်မလဲဆိုသည်မှာမိခင်၏ဆုံးဖြတ်ချက်ပေါ်တွင်မူတည်ပါသည်။ အရင်ခေတ်ကတော့ ကလေးများကိုအသက်တစ်နှစ်ကျော်သည်အထိနို့တိုက်ကြပါသည်။ နှစ်ဆယ်ရာစုမရောက်ခင်အထိကတော့ မိခင်နို့တိုက်သောကလေးများအတွက် နို့ဖြတ်ဖို့အချိန်သည် အတော်စောလှပါသည်။ မကြာသေးမီက ကမာ့္ဘကျန်းမာရေးအဖွဲ့အစည်းနှင့်ယူနီဆက်ဖ်တို့ကတော့ ကလေးတစ်ယောက်ကိုအသက်ခြောက်လအထိမိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးပြီး အသက်နှစ်နှစ်နှင့်အထက်ကိုတော့မိခင်နို့အပြင် အစာအမာကျွေးလို့ရကြောင်း ပြောကြားထားပါသည်။ တကယ်တော့ ထိုအကြံဉာဏ်သည် လူတိုင်းအတွက် လက်တွေ့မဆန်ပါဘူး။ သုတေသနပြုချက်များစွာက အနည်းဆုံး ကလေး ပထမတစ်ဆယ့်သုံးပတ်အထိ အခြားအစာအမာမကျွေးဘဲ မိခင်နို့တစ်မျိုးတည်းသာ တိုက်ကျွေးခြင်းသည် သင့်ကလေးကို အစာအိမ်နှင့်အူရောင်ခြင်း ၊ အဆုတ်ပိုးဝင်ခြင်းများမှကာကွယ်ပေး နိုင်သည်ဟု ဖော်ပြထားပါသည်။ အကယ်၍သင်သည် မိခင်နို့တိုက်ရသည်ကို နှစ်သက်သည်ဆိုလျှင် သင့်ကလေးကို မည်သည့်အရွယ်ထိမဆို မိခင်နို့ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ သင့်ကလေးအသက်တစ်နှစ်သို့မဟုတ် နှစ်နှစ်အရွယ်ရောက်သည်အထိ မိခင်နို့တိုက်ကျွေးခြင်းသည်လည်းပဲ အဆင်ပြေပါသည်။ ကလေးရောအမေပါအဆင်သင့်မဖြစ်ခင်မှာ မိခင်နို့တိုက်ကျွေးခြင်း မရပ်လိုက်ဖို့တော့လိုအပ် ပါသည်။ သင့်မိသားစုနှင့် သင်၏အိမ်ထောင်ဖက်မှ ကူညီထောက်ပံ့မှုများသည် သင်မိခင်နို့တိုက်ချင်သည့် အချိန်အထိ ဆက်လက်တိုက်နိုင်ဖို့အတွက် ပိုမိုလွယ်ကူစေပါသည်။ တစ်ခါတစ်ရံတွင် မိသားစုအတွက်သူငယ်ချင်းများအတွက် အလုပ်အတွက် ဖိအားများ ရှိနေသော မိခင်များသည် မိမိကိုယ်တိုင်အဆင်သင့်မဖြစ်သေးမီ […]


ဆယ်ကျော်သက်နှင့်လူငယ်ကျန်းမာရေးပြဿနာများ

လူပျိုဖော်/အပျိုဖော် အဝင်စောတာကို ဘယ်လိုသိမလဲ၊ ဘယ်လို ကုသမလဲ

လူပျိုဖော်/အပျိုဖော်အဝင်စောတယ်ဆိုတာမိန်းကလေးတယောက်အတွက်အသက်ရှစ်နှစ်မတိုင်ခင်ဒါမှမဟုတ်ယောက်ျားလေးတယောက်အတွက်အသက်ကိုးနှစ်မတိုင်ခင်ကြီးကောင်ဝင်တဲ့လက္ခဏာပြောင်းလဲမှုတွေသူတို့ခန္ဓါမှာ ဖြစ်ပေါ်လာတာကိုဆိုလိုပါတယ်။ လူပျိုဖော်/အပျိုဖော်စောဝင်တာကိုဘယ်လိုသိနိုင်မလဲ။ အထက်မှာဖော်ပြခဲ့တဲ့အသက်တွေမတိုင်ခင်ကြီးကောင်ဝင်တဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပေါ်လာလေ့ရှိပါတယ်။ မိန်းကလေးတွေမှာဆိုရင်ဒီပြောင်းလဲမှုလက္ခဏာတွေကရင်သားကြီးထွားလာခြင်းနဲ့ပထမဆုံးရာသီပန်းစပွင့်တာပဲ ဖြစ်ပါတယ်။ ယောက်ျားလေးတွေမှာဆိုရင်လိင်တံနဲ့ကပ္ပါယ်အိတ်ကြီးလာတာ၊မျက်နှာမှာအမွှေးအမျှင်(မုတ်ဆိတ်မွှေး၊နှုတ်ခမ်းမွှေးစသည်)တွေပေါက်လာတာနဲ့အသံပြောင်းလာတာစသဖြင့် ဖြစ်ကြပါတယ်။ ယောက်ျားလေးရောမိန်းကလေးပါတွေ့ကြုံခံစားရမယ့်လက္ခဏာတွေကတော့ ခန္ဓါကိုယ်မှာအမွှေးအမျှင်တွေပေါက်လာတာ(ဆီးခုံဒါမှမဟုတ်ချိုင်းမှာ) လူကောင်အကြီး မြန်လာတာ။ ဝက်ခြံတွေထွက်လာတာ။ ခန္ဓါကိုယ်အနံ့ရှိလာတာစသဖြင့်ပေါ့။   ဘာလို့ဒီလိုစောစီးစွာကြီးကောင်ဝင်ရတာလဲ။ ဦးနှောက်ရဲ့ဖွဲ့စည်းတည်ဆောက်ပုံမှာ ပြဿနာရှိတာ (ဥပမာအကျိတ်ဖြစ်နေတာ)၊ခေါင်းထိခိုက်မိလို့ဦးနှောက်မှာဒါဏ်ရာရတာ၊ကူးစက်ပိုးဝင်တာ(ဥပမာဦးနှောက်အမြှေးပါးရောင်တာ) ၊သိုင်းရွိုက်ဂလင်းဒါမှမဟုတ်သားဥအိမ်မှာ ပြဿနာတွေရှိနေတဲ့အတွက်လူပျိုဖော်/အပျိုဖော်ဝင်တာကိုစောအောင်နှိုးဆွတာစတဲ့အကြောင်းအရာတွေကြောင့်စောစီးစွာကြီးကောင်ဝင်ရပါတယ်။ မိန်းကလေးအများစုမှာသိသာထင်ရှားသတိထားမိလောက်တဲ့အကြောင်းပြချက်ထူးထူးခြားခြားမရှိတတ်ပါဖူး။ ယောက်ျားလေးတွေမှာဒီလိုစောစီးစွာကြီးကောင်ဝင်တာက ဖြစ်လေ့သိပ်မရှိပါဖူး။ တခြားကျန်းမာရေးအခြေအနေတွေနဲ့ပိုဆက်စပ်ဖို့များပါတယ်။ စောစီးစွာကြီးကောင်ဝင်တဲ့ယောက်ျားလေးတွေရဲ့ငါးရာခိုင်နှုန်းဟာမျိုးရိုးဗီဇကြောင့် ဖြစ်ရတာပါ။   ဒီလိုအခြေအနေကိုဘယ်လိုသိရှိဖော်ထုတ်နိုင်မလဲ။ သင့်ကလေးမှာရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကိုတွေ့ရှိနေရပြီးနောက်မှာဆရာဝန်အနေနဲ့ဟော်မုန်းပြောင်းလဲမှုတွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်သွေးစစ်၊ဆီးစစ်တာတွေကို ပြုလုပ်ခိုင်းပါလိမ့်မယ်။ ဒါ့အပြင်အရိုးတွေ မြန်မြန်ဆန်ဆန်ကြီးထွားနေတာရှိမရှိသိနိုင်ဖို့အတွက်လက်ဒါမှမဟုတ်လက်ကောက်ဝတ်ကိုဓါတ်မှန်ရိုက်ပါလိမ့်မယ်။ ကင်ဆာကျိတ်လိုမျိုးတခြားအကြောင်းရင်းတွေကိုရှာဖွေဖော်ထုတ်နိုင်ဖို့အတွက်အခြားအခြားသောစစ်ဆေးမှုတွေ (ဥပမာ CT scan ရိုက်တာ)ကိုလည်း ပြုလုပ်ဖို့လိုကောင်းလိုပါလိမ့်မယ်။   စောစီးစွာကြီးကောင်ဝင်တာကိုဘယ်လိုကုသရမလဲ။ တကယ်လို့သင့်ကလေးဟာစောစီးစွာကြီးကောင်ဝင်တဲ့ ပြဿနာနဲ့ရင်ဆိုင်နေရတာသေချာပြီဆိုရင်ဟော်မုန်းဗေဒကျွမ်းကျင်ကလေးဆရာဝန်ဆီကိုလွှဲပါလိမ့်မယ်။ ဟော်မုန်းဗေဒကျွမ်းကျင်ကလေးဆရာဝန်ဟာကလေးတွေရဲ့ကြီးထွားမှုနဲ့ဟော်မုန်းဆိုင်ရာအပြောင်းအလဲ ပြဿနာတွေကိုအထူးပြုလေ့လာထားတဲ့ကျွမ်းကျင်သူတွေ ဖြစ်တာမို့သူတို့အနေနဲ့ဆက်လက်စမ်းသပ်စစ်ဆေးတာတွေပြုလုပ်ပြီးလိုအပ်သလိုကုသမှုပေးပါလိမ့်မယ်။ လိင်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုတွေကိုရပ်ပစ်ဖို့(ဖြစ်နိုင်ရင် ပြန်နည်းသွားအောင် ပြုလုပ်ဖို့)၊ခန္ဓါကိုယ်နဲ့အရိုးတွေလျင်မြန်စွာကြီးထွားတာကိုရပ်ပစ်ဖို့ဟာဒီကုသမှုရဲ့အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ဒီအခြေအနေတွေဟာအသက်ကြီးလို့အရွယ်ရောက်လာတဲ့အခါလူကောင်ပုသေးတာမျိုး ဖြစ်သွားစေနိုင်တဲ့အတွက်ဖြစ်ပါတယ်။ အဓိကကုသပေးမယ့်နည်းလမ်းနှစ်သွယ်ကတော့ နောက်ကွယ်ကအဓိကလက်သည်အကြောင်းရင်းကိုရှာဖွေကုသတာ (ကင်ဆာလိုမျိုး)။ ကြီးထွားဖွံ့ဖြိုးမှုကိုရပ်ပစ်ဖို့ကျား/မဟော်မုန်းတွေရဲ့ပမာဏကိုဆေးတွေပေးပြီးထိန်းပေးတာ။ အခုလက်ရှိတွင်တွင်ကျယ်ကျယ်သုံးနေကြတဲ့ဟော်မုန်းဆိုင်ရာကုသမှုကတော့ LHRH analogs လို့ခေါ်တဲ့ဆေးတွေပေးပြီးကုသတာပါပဲ။LHRH analogs တွေဆိုတာလူပျိုဖော်/အပျိုဖော်အဝင်စောခြင်းမှာအဓိကတာဝန်ရှိတဲ့ကျား/မဟော်မုန်းတွေထွက်ရှိမှုကိုတားဆီးပိတ်ပင်ပေးနိုင်တဲ့ (ဓါတ်ခွဲခန်းမှာဖန်တီးပြုလုပ်ထားသော) ဟော်မုန်းတွေပဲ ဖြစ်ပါတယ်။ ဒီဟော်မုန်းဆေးအသုံးပြုပြီးတစ်နှစ်အတွင်းမှာပဲအင်မတန်သိသာထင်ရှားတဲ့အကျိုးရလာဒ်တွေကိုရရှိလေ့ရှိပါတယ်။ ဒါ့အပြင် LHRH analogs […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်သော ဆုံဆို့နာအကြောင်း သိကောင်းစရာ

ဆုံဆို့နာဆိုတာ ဟိုးလွန်ခဲ့တဲ့ ၁၉၃၀ ပြည့်နှစ်တွေလောက်က ကလေးတွေမှာအဖြစ်များခဲ့တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ ဒီ ရောဂါဟာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါ တစ်ခုဖြစ်ပြီး လည်ချောင်း၊ နှာခေါင်း၊အာသီး(အသက်ရှူလမ်းကြောင်းဆိုင်ရာဆုံဆို့နာလို့ခေါ်တယ်) နဲ့ အရေပြားစတဲ့နေရာတွေထဲက နှစ်နေရာမှာ ဖြစ်ပွားလေ့ရှိပါတယ်။ ဆုံဆို့နာဘယ်လိုကူးလဲ။ ဆုံဆို့နာကို ဖြစ်စေတဲ့ဘက်တီးရီးယားပိုးဟာ ခန္ဒ္ဓာကိုယ်ထဲကို နှာခေါင်း ဒါမှမဟုတ် ပါးစပ်ကတဆင့်ဝင်ရောက်လာနိုင်တဲ့အပြင် အရေပြားပေါက်ပြဲဒဏ်ရာတွေကနေလည်းဝင်ရောက်နိုင်ပါတယ်။ လူတစ်ဦးနဲ့တစ်ဦး အနီးကပ် ထိတွေ့ရင် အသက်ရှူထုတ်လိုက်တဲ့ထဲမှာ ပါလာတဲ့ အမှုန်လေးတွေကတဆင့် ရောဂါကူးစက်ပါတယ်။ ဆိုလိုတာက ပိုးကူးစက်ခံထားရတဲ့သူ ချောင်းဆိုးတာ၊နှာချေတာ ဒါမှမဟုတ် ရယ်လိုက်တာကနေ ထွက်လာတဲ့ဘက်တီးရီးယားတွေပါတဲ့ လေကိုရှူရှိုက်မိရင်ပိုးကူးစက်တယ်လို့ပြောချင်တာဖြစ်တယ်။ ရောဂါပိုးနဲ့ထိတွေ့ပြီးနောက်ရောဂါလက္ခဏာတွေပြဖို့၂ရက်ကနေ၄ရက်အထိကြာတတ်ပါတယ်။ ဆုံဆို့နာရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အောက်မှာဖော်ပြထားတဲ့လက္ခဏာတွေဟာဆုံဆို့နာရဲ့အတွေ့ရအများဆုံး လက္ခဏာတွေ ဆိုပေမယ့် ကလေးတစ်ယောက်နဲ့တစ်ယောက်ပြတဲ့လက္ခဏာတွေကတော့တူချင်မှတူမှာပါ။ အသက်ရှူလမ်းကြောင်းဆိုင်ရာဆုံဆို့နာ ကလေးတစ်ယောက်ဆုံဆို့နာရောဂါပိုးကူးစက်ခံရပြီဆိုရင်ရောဂါပိုးတွေဟာ လည်ချောင်းထဲမှာ ပျံ့နှံ့ပေါက်ပွားကြီးထွားပါတယ်။ လည်ချောင်းထဲနဲ့အာသီးတို့မှာအဖတ်ကလေးတွေအလွှာလေးတွေ ဖြစ်လာပြီးလည်ချောင်းနာခြင်းကို ဖြစ်စေပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာဆုံဆို့နာမှာတွေ့ရတတ်တဲ့တခြားလက္ခဏာတွေက အသက်ရှူရခက်ခြင်း။ ငွေ့ငွေ့ဖျားခြင်း။ အသံရှတတဖြစ်ခြင်း။ အသက်ရှူသွင်းလိုက်တဲ့အခါပုံမှန်မဟုတ်တဲ့အသံထွက်ခြင်း လည်ပင်းကအကြိတ်တွေကြီးခြင်း။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေ အရိုးကျိုးရင် ခွဲစိတ်ကုသဖို့ လိုသလား

သင့်ကလေးအရိုးကျိုးလာပြီဆိုရင်သင့်အနေနဲ့ဒါဟာခွဲစိတ်ဖို့လိုမလိုစဉ်းစားမိမှာအမှန်ပါပဲ။ တကယ်တမ်းလိုအပ်လာရင်တော့ဆရာဝန်တွေကခွဲစိတ်မှုတွေလုပ်မှာပါ။ ဒါပေမယ့်သင့်အနေနဲ့ဘာလို့ခွဲစိတ်ရတယ်ဆိုတဲ့အခြေခံအချက်လေးတွေတချို့ကိုတော့သိသင့်ပါတယ်။ ဒါမှသာဆရာဝန်နဲ့အသေအချာဆွေးနွေးမေးမြန်းနိုင်မှာပါ။   သင့်ကလေးအရိုးကျိုးပြီဆိုကြပါစို့ အရိုးကျိုးသွားပြီဆိုရင်ကုသမှုမပေးဘဲနဲ့သူ့အလိုလိုအကောင်းအတိုင်း ပြန်မဖြစ်နိုင်ပါဖူး။ ဒါကြောင့်အရိုးကျိုးပြီဆိုတာ ပြတဲ့လက္ခဏာလေးတွေကိုသင့်အနေနဲ့သိထားရပါမယ်။ ဒါမှသာကလေးကိုအမြန်ဆုံးကုသပေးနိုင်မှာပါ။ အောက်မှာဖော်ပြထားတဲ့အချက်လေးတွေကိုမှတ်သားထားပါ။ ဖြစ်တဲ့နေရာမှာအရိုးကျိုးသွားတဲ့အသံကိုကြားရပါမယ်။ သွေးခြေဥလာမယ်။ ကျိုးတဲ့နေရာကိုဖိကြည့်ရင်တင်းနေမယ်။ နာနေမယ်။ ကလေးကအရမ်းကိုနာမယ်။ ကျိုးတဲ့နေရာကိုလှုပ်မိရင်ပိုနာမယ်။ ဖြစ်တဲ့နေရာကမာတောင့်နေမယ်။ ဒါဆိုရင်သင့်ကလေးကိုဆေးရုံအမြန်ဆုံးသာခေါ်သွားပါ။ ဆရာဝန်ကလိုအပ်သလိုဆက်လက်ကုသပေးပါလိမ့်မယ်။   ဘယ်အခြေအနေမှာခွဲစိတ်ဖို့လိုသလဲ။ ကလေးအများစုဟာကျိုးပြီပဲ့ပြီဆိုရင်ကျောက်ပတ်တီးစည်းတာလောက်နဲ့အဆင်ပြေသွားလေ့ရှိတာများပါတယ်။ ဒါပေမယ့်တချို့ကလေးတွေမှာတော့ကျိုးသွားတဲ့အရိုးပုံမှန်အတိုင်း ပြန်ဆက်ဖို့အတွက်ခွဲစိတ်မှုလုပ်ဖို့လိုတတ်ပါတယ်။ ကျိုးသွားတဲ့အရိုးတွေနေသားတကျဖြစ်အောင်မူလီလေးတွေနဲ့ထိန်းပေးဖို့လိုတဲ့အရိုးကျိုးပုံကျိုးနည်းတွေလည်းရှိပါသေးတယ်။ ဒါကြောင့်သင့်ကလေးဟာအရိုးကျိုးတာကို ပြန်ဆက်ဖို့တချို့အခြေအနေတွေမှာခွဲစိတ်မှုလုပ်ရပါမယ်။ အရိုးကအစိတ်စိတ်အမြွှာမြွှာကျိုးတာ။ ဒီလိုအနေအထားမျိုးမှာကျိုးသွားတဲ့အရိုးပိုင်းတွေသူ့နေရာမှာပဲသူရှိနေဖို့အတွက်ခွဲစိတ်မှု ပြုလုပ်ဖို့ဆရာဝန်တွေကအကြံပြုပါလိမ့်မယ်။ မူလီတွေ၊စတီးချောင်းတွေ၊ပင်တွေကိုအသုံးပြုပြီးကျိုးနေတဲ့အရိုးတွေကိုနေရာတကျရှိစေပါတယ်။ တနှစ်လောက်ကြာပြီးတဲ့အခါဒီမူလီတွေ၊စတီးချောင်းတွေနဲ့ပင်တွေကို ပြန်ထုတ်ဖို့ခွဲစိတ်မှုတခုထပ်လုပ်ရပါမယ်။ အဆစ်နေရာမှာကျိုးရင်။ ဒီလိုအခြေအနေမျိုးမှာကျိုးတာကအဆစ်ကိုပါ ဖြတ်ပြီးကျိုးသွားတာမို့ခွဲစိတ်မှုလုပ်ပြီးအဆစ်ကိုကာကွယ်ရပါမယ်။ ကျိုးနေတဲ့အရိုးကအပြင်ကိုငေါထွက်လာရင်။ ဒီလိုဒါဏ်ရာမျိုးကို open fracture (အပြင်ကိုထိုးဖောက်ပြီးအရိုးကျိုးခြင်း)လို့ခေါ်ပြီးအဲ့ဒီနေရာမှာရှိတဲ့ကြွက်သားတွေနဲ့အရွတ်ကြောတွေကိုပါထိခိုက်စေပါတယ်။ ဒီလိုအခြေအနေမျိုးမှာအရိုးကို ပြန်ဆက်ဖို့နဲ့ဒါဏ်ရာကို ပြန်ပိတ်ဖို့အတွက်ခွဲစိတ်မှုပြုလုပ်ဖို့လိုကိုလိုအပ်ပါတယ်။ တံတောင်ဆစ်နားကျိုးရင်။ ဒီလိုနေရာမှာကျိုးရင် displaced fracture (အဆစ်ပါလွဲသွားသောအရိုးကျိုးခြင်း)လို့ခေါ်ပြီးဒါကိုလည်းခွဲစိတ်ကုသရပါမယ်။ ကျိုးနေတဲ့အရိုးကိုနေရာတကျ ပြန်တည့်ဖို့လိုရင်။ ဘယ်လို ပြန်တည့်ရမလဲသိနိုင်ဖို့အတွက်ဓါတ်မှန်ရိုက်ဖို့သင့်ဆရာဝန်ကပြောပါလိမ့်မယ်။ ဒါဏ်ရာရပြီးတစ်ရက်နှစ်ရက်လောက်အကြာအရောင်ကျသွားပြီဆိုရင်ခွဲစိတ်မှုကို ပြုလုပ်ပါလိမ့်မယ်။ သင့်ဆုံးဖြတ်ချက်ကအဓိကပါ။ သင့်ဆရာဝန်ကခွဲဖို့မခွဲဖို့ဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်သူ့အနေနဲ့လူနာအတွက်အကောင်းဆုံးလို့ထင်တာကိုလုပ်တာဖြစ်ပါတယ်။ သင့်အနေနဲ့လည်းခွဲစိတ်ဖို့ကို ငြင်းဆန်ပိုင်ခွင့်ရှိပါတယ်။ မခွဲရင်လည်းအရိုးဟာ ပြန်ဆက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်ကောင်းကောင်းမွန်မွန်ပုံမှန်အတိုင်းတော့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများတွင်ဖြစ်တတ်သော Dry Drowning နှင့် Secondary Drowning ရေနစ်ခြင်း နှစ်မျိုး

မိဘအများစုကဲ့သို့ပင် သင်၏ကလေးများရေကူးခြင်းရေဆော့ခြင်းမလုပ်တော့သည်နှင့် ရေမနစ်နိုင်တော့ဟုသင်ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် “dry သို့မဟုတ် secondary drowning” (ရေနစ်ခြင်း) သည် ရေချိုးပြီးနောက်ပိုင်းနာရီများစွာကြာချိန် တခြားအလုပ်များလုပ်နေချိန်ရောက်မှ ဖြစ်ပွားနိုင်ပါသည်။ ထိုကဲ့သို့အန္တရာယ်မှကင်းစေရန် သင့်ကလေးအတွက်လုပ်ပေးနိုင်သောအဆင့်များရှိပါသည်။   Dry drowning and second drowning ဆိုတာဘာလဲ ဒီရေနစ်ခြင်းမျိုးသည် အဆုတ်ထဲသို့ရေများကိုရှူသွင်းမိသည့်အခါ ဖြစ်ပေါ်နိုင်ပါသည်။ တစ်ခါတစ်ရံတွင် ရေကူးစဉ်ရုန်းကန်ခြင်းများကြောင့်လဲ ဖြစ်နိုင်သည်။ သို့သော် ပါးစပ်ထဲသို့ရေဝင်ရုံလောက်နှင့်ပင် ဖြစ်ပေါ်လာတတ်သောနောက်ဆက်တွဲအခြေအနေတစ်ခုလဲ ဖြစ်နိုင်၏။ အရွယ်ရောက်ပြီးသူများတွင်ပါဖြစ်နိုင်သော်လည်းကလေးများကအရွယ်ပိုငယ်သောကြောင့် အဖြစ်ပိုများပါသည်။ Dry drowning တွင် ရေများကအဆုတ်ထဲထိအောင်မထိုးဖောက်ပါ။ ထိုအစားရေများသည်အသက်ရှူရာမှဝင်လာပြီး ရေကန်၊ ပင်လယ်၊ ရေအိုင်အတွင်းမှ ထွက်လာပြီးနောက်ပိုင်းကလေးငယ်၏အသံကြိုးကိုညှစ်စေပြီးပိတ်သွားစေနိုင်သည်။ ထို့ကြောင့် အသက်ရှူလမ်းကြောင်းကိုပိတ်သွားစေပြီးအသက်ရှူမရဖြစ်သွားစေသည်။ Secondary drowning က နည်းနည်းကွဲသည်။ ကလေး၏လေပြွန်သည်ပွင့်သွားပြီးအဆုတ်ထဲထိရေများကိုရောက်သွားစေသည်။ ထိုအခြေအနေမှ Pulmonary Edema ဟုခေါ်သော အဆုတ်ရေဝင်ခြင်းဖြစ်ပွားလာပြီးနောက်ဆုံးအနေဖြင့် အသက်ရှူမရဖြစ်သွားစေနိုင်၏။ Dry drowning ၏ လက္ခဏာများသည် ရေထဲတွင်တစ်ခုခုဖြစ်ပြီးနောက်ပိုင်းတွင်ပေါ်လာတတ်သည်။ […]


ကလေးငယ်အာဟာရ

မွေးကင်းစ ကလေးငယ်တိုင်းအတွက် လိုအပ်တဲ့ မရှိမဖြစ် အရာ ငါးမျိုး

အချို့မိဘတွေအတွက်ကတော့ သူတို့ကလေးအတွက် လိုအပ်တာလေးတွေဝယ်ခြင်းဟာ မိဘဘဝရဲ့ ပျော်ရွှင်ကျေနပ်ဖွယ် အချိန်လေးတွေ ဖြစ်ပါတယ်။ တချို့ကျတော့ ဘယ်အရာကို ရွေးချယ်ရမလဲဆိုတာ မသိတဲ့အတွက် စိတ်ရှုပ်တတ်ကြပါတယ်။ ဘယ်အရာဟာ ကလေးငယ်အတွက် သင့်လျော်ပါသလဲ။ ဘာကိုလိုအပ်ပါသလဲ။ ဒီဆောင်းပါးမှာတော့ ကလေးငယ် အစွမ်းကုန် ကြီးထွား ဖွံ့ဖြိုးဖို့ လိုအပ်တဲ့ မရှိမဖြစ် ကိရိယာ ငါးခုကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ (၁) ကလေး အဝတ်အစား ပထမ သုံးလအတွက် အဝတ်အစား - ဝတ်စုံ တစ်စုံ ၊ အင်္ကျီ ( လည်ပင်းပေါက် သေးတဲ့ အင်္ကျီတွေကို ရှောင်ကြဉ် သင့်ပါတယ်။) + ဆွဲဆန့်နိုင်တဲ့ ဘောင်းဘီ ၊ ဦးထုပ် (အေးတဲ့အချိန်မှာ ကလေးနားရွက်ကို ကာကွယ်ပေးနိုင်ဖို့နဲ့ ပူတဲ့အချိန်မှာ မျက်လုံးတွေကို နေရောင်ကနေ ကာကွယ်ပေးဖို့ ဦးထုပ်နှစ်မျိုးကို […]


ကလေးငယ်အာဟာရ

ကလေးများအတွက်မရှိမဖြစ်လိုအပ်သောသတ္တုဓါတ်များ

သင့်ကလေးကိုယ်ရောစိတ်ပါကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုလျှင် မရှိမဖြစ်လိုအပ်သော ဗီတာမင်များနှင့် သတ္တုဓါတ်များကြွယ်ဝသည့် ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများသည်လည်းအလွန်အရေးပါပါသည်။ ကလေးများအတွက်အရေးအကြီးဆုံးသောဗီတာမင်များနှင့်သတ္တုဓါတ်များ ဗီတာမင်အေ ဗီတာမင်အေသည် ကိုယ်ခံအားစနစ်ကို ပိုမိုကောင်းမွန်စေပြီးတစ်သျှူးများနှင့်အရိုးဖွံ့ဖြိုးမှုကိုလည်းအားပေးကာကျန်းမာသောအရေပြားနှင့်မျက်လုံးကျန်းမာရေးအတွက်လည်းကောင်းမွန်စေသောကြောင့် ကလေးများပုံမှန်ကြီးထွားဖို့အတွက်မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်အေကို နွားနို့၊ချီးစ်ကဲ့သို့သောနို့ထွက်ပစ္စည်းများ၊ကြက်ဥဘဲဥ ကဲ့သို့ဥအမျိုးမျိုး၊အဝါရောင်သို့မဟုတ်ရွှေဝါရောင်ရှိသောဟင်းသီးဟင်းရွက်များဥပမာမုန်လာဥဝါစသည်တို့တွင်တွေ့နိုင်သည်။ ဗီတာမင်ဘီအုပ်စု ဗီတာမင်ဘီအုပ်စု(အထူးသဖြင့် ဗီတာမင်B2,B3,B6,B12)စသည်တို့သည်ကလေး၏ဇီဝရုပ်ဖြစ်ပျက်ခြင်း၊စွမ်းအင်ထုတ်လုပ်ခြင်းအာရုံကြောစနစ်များတွင်အထူးထောက်ပံ့ပေးသည်။ ဗီတာမင်ဘီကြွယ်ဝသောအစားအစာများမှာ အသား၊ကြက်သား၊ဥများ၊နို့၊ပဲများ၊ပဲနို့်၊ငါးစသည်တို့ဖြစ်ကြသည်။ ဗီတာမင်စီ ဗီတာမင်စီသည်ကလေးများ၏အရေပြားတစ်သျူးနှင့်ကြွက်သားများအတွက်အလွန်ကောင်းမွန်သည်။ ခရမ်းချဉ်သီး၊အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များ၊ချဉ်သောအရသာရှိသည့်သစ်သီးများသည်ဗီတာမင်စီကြွယ်ဝသည်။ ဗီတာမင်ဒီ ဗီတာမင်ဒီသည်ခန္ဓါကိုယ်၏ကယ်လစီယမ်စုပ်ယူမှုကိုအားပေးသောကြောင့်အရိုးများသန်မာစေသည့်ဂုဏ်သတ္တိရှိပါသည်။နေရောင်ခြည်သည်ဗီတာမင်ဒီ၏အကောင်းဆုံးအရင်းအမြစ်ဖြစ်သည်။ ထို့အပြင်ဗီတာမင်ဒီပါဝင်သောအစားအစာများမှာငါး၊ကြက်ဥအနှစ်၊စီရီယယ်လ်၊လိမ္မော်သီးစသည်တို့ဖြစ်သည်။ ကယ်လ်စီယမ် ဗီတာမင်ဒီကဲ့သိုပင်ကယ်လစီယမ်သည်ခန္ဓါကိုယ်၏အရိုးကြံ့ခိုင်မှုအတွက်ကူညီပေးသည်။ ကယ်လ်စီယမ်ကြွယ်ဝသောအစားအစာများမှာ ဒိန်ချဉ်၊နို့၊ချိစ်၊တို့ဖူးများဖြစ်ကြသည်။ သံဓါတ် ကြွက်သားများနှင့်သွေးနီဆဲလ်များသည်သံဓါတ်မရှိပါကကောင်းမွန်စွာအလုပ်မလုပ်နိုင်ပါ။ မိန်းကလေးများအတွက်ဆိုလျှင် ရာသီလာချိန်တွင်သံဓါတ်များဆုံးရှုံးသည့်အတွက် အလွန်အရေးကြီးသည်။ အနီရောင်အသားများကြက်ဆင်သားဒေါက်ခွရွက်နှင့်ပဲများသည်သင့်ကလေးအားသံဓါတ်ပေးစွမ်းသည်။ သင့်ကလေးများအားမရှိမဖြစ်လိုအပ်သော သတ္တုဓါတ်များဖြည့်ဆည်းပေးဖို့နည်းလမ်းအမျိုးမျိုး။ ကျန်းမာရေးနှင့်ညီသောအစားအစာသည်သင့်ကလေးလိုအပ်သောဗီတာမင်နှင့်သတ္တုဓါတ်များဖြည့်ဆည်းပေးသောအကောင်းဆုံးနည်းလမ်းဖြစ်သော်လည်းအချို့သောအခြေအနေများတွင် အားဖြည့်ဆေးများသောက်သင့်ပါသည်။ မလိုလားအပ်သောဘေးထွက်ဆိုးကျိုးများကိုရှောင်ရှားရန်အောက်ပါအကြောင်းအချက်များကိုလိုက်နာသင့်ပါသည်။ သင့်ကလေးကိုဗီတာမင်အားဖြည့်ဆေးမတိုက်ကျွေးမီကလေးအထူးကုဆရာဝန်နှင့်တိုင်ပင်ပါ။ သင့်ကလေးသည်ဆေးတစ်မျိုးမျိုးသောက်နေရပါကမလိုလားအပ်သောဆေးအချင်းချင်းဓါတ်ပြုမှုမရရှိစေရန်ဖြစ်သည်။ အသက်လေးနှစ်အောက်ကလေးများသည်ဆရာဝန်ညွှန်ကြားချက်မရှိဘဲဗီတာမင်အားဖြည့်ဆေးများမတိုက်ကျွေးသင့်ပါ။ သင့်ကလေးအားအားဆေးများကိုသကြားလုံးများဟုထင်မှတ်မမှားစေပါနှင့်။ ကလေးများလက်လှမ်းမမီနိုင်သည့်နေရာတွင်ထားပါ။ ကလေးများအားအားဆေးများသည်သကြားလုံးများမဟုတ်ဘူးဟုပွင့်ပွင့်လင်းလင်းပြောပြပါ။ အကယ်၍သင့်ကလေးသည် အားဆေးပြားများအားဆေးရည်များမသောက်ချင်ဘူးဆိုပါကဝါးစားလို့ရသော ဆေးများကိုရွေးချယ်နိုင်ပါသည်။ သင့်ကလေးများကိုဗီတာမင်ပမာဏများစွာပါဝင်သောအားဆေးများမတိုက်သင့်ပါ။ ဆေးပမာဏလိုသည်ထက်ပိုသွားမည်စိုးသောကြောင့်ဖြစ်သည်။ ဒါတွေတင်မကသေးပါဘူး။ ကလေးရဲ့ ဦးနှောက်နဲ့အမြင်အာရုံဖွံ့ဖြိုးလာစေဖို့အတွက် အရေးပါတဲ့ DHA နဲ့ အစာခြေလမ်းကြောင်းစနစ်ကိုကျန်းမာစေနိုင်တဲ့ lcFos ကိုလည်းချန်ထားလို့မဖြစ်ပါဘူး။ ကလေးကိုကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ နို့နဲ့နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေကို ထည့်သွင်းပြင်ဆင်ပေးလိုက်ပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်၏ ကြီးထွားနှုန်းကို သက်ရောက်စေနိုင်သော အချက်များ

သင့်ကလေးကို ပန်းခြံတွေကိုခေါ်ပြီးကစားခိုင်းတဲ့အချိန်မျိုးတွေမှာ အခြားကလေးငယ်တွေနဲ့ သင့်ကလေးရဲ့ အရွယ်အစားချင်းနှိုင်းယှဉ်မိတာမျိုး ဒါမှမဟုတ် အခြားသောသူ့အတန်းဖော်သူငယ်ချင်းတွေ သို့မဟုတ် အားကစားအသင်းကသူငယ်ချင်းတွေနဲ့ သင့်ကလေးရဲ့အရွယ်အစားကို နှိုင်းယှဉ်လိုက်ရင်ဘာကြောင့် သင့်ကလေးကပိုသေးနေတာလဲဆိုပြီးတွေးမိတာမျိုး ဖြစ်ဖူးပါသလား။ ကလေးရဲ့ကြီးထွားနှုန်းကို ဘာတွေက အကျိုးသက်ရောက်စေတာလဲ။ ကလေးငယ်ရဲ့ဖွံ့ဖြိုးမှုကို သက်ရောက်နိုင်တဲ့အချက်တွေကိုလေ့လာနိုင်ဖို့အတွက် ကျွမ်းကျင်သူတွေက အုပ်စုလေးခုခွဲလိုက်ပါတယ်။ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ : အိမ်ရာ၊ ဝင်ငွေ၊ အလုပ်အကိုင်၊ ပညာအရည်အချင်း နဲ့ အာဟာရ။ ဇီဝဗေဒဆိုင်ရာအချက်များ : မျိုးရိုး၊ လူမျိုး၊ လိင်၊ အထွေထွေကျန်းမာရေး၊ စိတ်ကျန်းမာရေးနဲ့ သင့်ကလေးမှာရှိတတ်တဲ့ အခြားသော ကျန်းမာရေးဆိုင်ရာအလေ့အထများ၊ ဟော်မုန်း လူမှုဆက်ဆံရေး : သင့်ကလေးနဲ့ အခြားကလေးတွေကြားဆက်ဆံရေး၊ မိဘအုပ်ထိန်းမှုပုံစံ၊ လူမှုကွန်ယက်များ အစောပိုင်းပတ်ဝန်းကျင်နဲ့ အတွေးအကြုံများ : ဒါကတော့ သင့်ကလေးဟာ သူမွေးပြီးအစောပိုင်းလတွေမှာ ဘယ်လိုလှုံ့ဆော်မှုတွေနဲ့ ဘယ်လောက်များမျာထိတွေ့ခဲ့သလဲဆိုတာကို ကိုယ်စားပြုပါတယ်။ ဒီမှာတော့ အများအားဖြင့် […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးများတွင်အစာအဆိပ်သင့်ခြင်း

သင့်ကလေးသည် သင်မရှိသောအချိန် သင်မမြင်ကွယ်ရာအချိန်သူလက်ထဲတွင်ရှိသောမည်သည့်အစာကိုမဆိုစားနိုင်သည်။ အကယ်၍သင်ကိုယ်တိုင်ဟင်းချက်သူဖြစ်နေလျှင်တောင်မှ သင့်ကလေးတွင် အစာအဆိပ်သင့်မှုဖြစ်ပွားနိုင်သေးသည်။ သင့်ကလေး အစာအဆိပ်သင့်လျှင် အလွန်အမင်းကြောက်လန့်သွားခြင်းသည် မှန်ကန်သောပြုလုပ်ရမည့်အရာတစ်ခုမဟုတ်ပါ။ အလွန်အမင်းကြောက်လန့်နေမည့်အစား အစာအဆိပ်သင့်ခြင်းနှင့် ပက်သက်ပြီးလုံလောက်သော ဗဟုသုတထားရှိပြီး အရေးပေါ်အခြေအနေများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်လေ့လာထားပါ။ အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အဘယ်နည်း။ ဘယ်အချိန်တွင်ဖြစ်ပွားတတ်သလဲ။ အစာအဆိပ်သင့်ခြင်းသည် မကောင်းတော့သော အစာများတွင် ပိုးမွှားများပေါက်ပွားရာမှ ဖြစ်ပွားသည်။ အချို့ကိစ္စရပ်များတွင် မကျက်တကျက်အစာများ၊ မီးပုံမှန်မရသော ရေခဲသေတ္တာထဲတွင် ထည့်ထားသော အစာများ၊ သေချာစွာ မသန့်စင်ထားသော အစာများထဲတွင် ပိုးမွှားများပေါက်ပွားခြင်းဖြစ်သည်။ အစာအဆိပ်သင့်ခြင်းဖြစ်စေသောပိုးမွှားများသည်ဘယ်အရာတွေလဲ။ အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်သော ပိုးမွှားများတွင် ကမ်ပိုင်လိုဘက်ဒါ၊ စတက်ဖိုင်လိုကော့တက်စ်၊ ဆာမိုနဲလားနှင့် အက်စ်ချီးရီးချီးယားကိုလိုင်းတို့ ပါဝင်သည်။ ဗိုင်းရပ်စ်များ၊ ကပ်ပါးပိုးများ၊ အဆိပ်များသည်လည်းပဲ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်သည်။ အစာအဆိပ်သင့်ခြင်းဆိုသည်မှာ အစာအိမ်နှင့် အူရောင်ရမ်းပြီး အထက်လန်အောက်လျှောဖြစ်ခြင်း ဖြစ်သည်။ ဘယ်သူတွေ အစာအဆိပ်သင့်ခြင်း ဖြစ်ပွားနိုင်သလဲ။ ကလေးများ၊ အသက်အနည်းငယ်ပိုကြီးသော ကလေးများနှင့် အရွယ်ရောက်ပြီးသူများ အပါအဝင်မည်သူမဆိုဖြစ်နိုင်သည်။ အစာအဆိပ်သင့်ခြင်း၏ လက္ခဏာရပ်များ များသောအားဖြင့် အစာအဆိပ်သင့်ခြင်း […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင်များ စားသင့်သည့်အစားအစာနှင့် မစားသင့်သည့် အစားအစာများ

မွေးကာစကလေးတွေအတွက် မိခင်နို့ရည်ဟာ အာဟာရဓါတ်အပြည့်ဆုံးရင်းမြစ်ဖြစ်တယ်လို့ မြင်တတ်ကြပါတယ်။ မိခင်နို့ရည်အားလုံးမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးချင်းမတူကြဘူးဆိုတာရော သင်သိပါသလား။ မိခင်အများစုက နို့ရည်ရဲ့အရည်အသွေးဟာ သူတို့ရဲ့စားသောက်ပုံပေါ်မူတည်နေတယ်ဆိုတာ သိကြရတဲ့အခါမှာ အံ့သြလေ့ရှိပါတယ်။ သူတို့ဟာကလေးတွေကို နို့ချိုတိုက်ကျွေးနေရတာမို့ ကလေးငယ်ဟာ တကယ်တမ်းဖွံ့ဖြိုးလာနိုင်ဖို့အတွက် ဘယ်အစားအစာကိုစားရမလဲ ဘယ်အစားအစာကို ရှောင်သင့်တယ်ဆိုတာကို သိထားသင့်ပါတယ်။ နို့ထွက်နှုန်းနဲ့ နို့ရဲ့အရည်အသွေးကို တိုးမြင့်လာစေနိုင်တဲ့ ထိပ်တန်းအစားအစာ ၅မျိုး ၁။ ဆယ်လ်မွန်- ပြောဖို့မလိုလောက်အောင်ပါပဲ။ ယနေ့ခေတ်မှာ ဆယ်လ်မွန်ဟာ လူကြိုက်အများဆုံးထူးရှယ်အစားအစာတွေထဲမှာပါဝင် နေပါတယ်။ သူ့မှာ ပရိုတိန်းတွေ၊ အိုမီဂါ (၃) နဲ့ မရှိမဖြစ်လိုအပ်သော အဆီဓါတ် တွေပါဝင်တာအပြင်ကို သူ့ရဲ့အရသာရှိမှုကြောင့်လည်း ဒီလိုထူးရှယ်အစားအစာဖြစ်နေရတာပါ။ ၂။ အုတ်ဂျုံ- သွေးတွင်းသကြားဓါတ် နဲ့ ကိုလက်စထရောကို သိသာစွာလျော့နည်းစေတဲ့အမျှင်တွေ၊ ကာဗိုဟိုက်ဒရိတ်တွေနဲ့ ပရိုတိန်းတွေရဲ့ တကယ့်ရင်းမြစ်ကောင်းတစ်ခုပါ။ မိခင်အများစုဟာ ကိုယ်ဝန်ဆောင်ပြီးနောက်ဖြစ်သောဆီးချိုကို ကာကွယ်နိုင်ဖို့ အုတ်ဂျုံကိုပုံမှန်စားသုံးဖို့ တိုက်တွန်းခံကြရပါတယ်။ ၃။ ကြက်သွန်ဖြူ-ကြက်သွန်ဖြူစားလေ့ရှိတဲ့မိခင်တွေရဲ့ကလေးတွေဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း