ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးထားသင့်လား။

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတဲ့အခါ ဦးနှောက်မှာ ပိုးပြန့်ပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါလို့ ခေါ်တာပါ။ ဒီရောဂါပိုးက ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါက ကြီးမားတဲ့ နောက်ဆက်တွဲ အနေနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်သလို ဦးနှောက် ထိခိုက်ပျက်စီးတာ၊ မှတ်ဉာဏ် နဲ့ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးတွေကို ဘယ်လိုထုတ်လုပ်သလဲ။ ကာကွယ်ဆေးတွေက စိတ်ချရပါသလား။

ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့အတိုင်း ရောဂါတစ်ခုခု မဖြစ်ခင်မှာ ကြိုတင်ကာကွယ်ထားနိုင်တာက နည်းလမ်းကောင်း တစ်ရပ်ပါပဲ။ ဒါကြောင့်လည်း ကာကွယ်ဆေးဆိုတာ လူသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်လာတာပါ။ နှစ်စဉ် ကာကွယ်ဆေးကြောင့် လူသန်းပေါင်းများစွာကို ရောဂါပိုးတွေရဲ့ အန္တရာယ်ကနေ အကာအကွယ်ပေးနိုင်ခဲ့ပါတယ်။ တချို့ရောဂါတွေဆို ကမ္ဘာပေါ်ကနေ အပြီးသတ် ပျောက်ကွယ်သွားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ကာကွယ်ဆေးတွေ ဘယ်လိုအလုပ်လုပ်သလဲ။ ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် အားပျော့ပြီးသားတွေကို သုံးတဲ့အတွက် သင့်ကို ရောဂါမဖြစ်စေပါဘူး။ တချို့ ကာကွယ်ဆေးတွေဆို ပိုးရဲ့ တစ်စိတ်တစ်ပိုင်းပဲ ပါပါတယ်။ ကာကွယ်ဆေးက သင့်ခန္ဓာကိုယ်က ခုခံအားကို လှုံ့ဆော်ပေးတဲ့အတွက် ပဋိပစ္စည်း (Antibodies) ဆိုတာ ထွက်လာပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကို ရောဂါပိုးဝင်လာလို့ တုံ့ပြန်ပုံနဲ့ အတူတူပါပဲ။ ကွာတာက ကာကွယ်ဆေးထိုးပြီးသွားရင် […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးကြားက အမှန် အမှားများ

ကာကွယ်ဆေးဆိုတာ ကလေးတွေ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ လိုအပ်ချက်တွေထဲက တစ်ခုပါပဲ။ ငယ်ရွယ်နုနယ်သေးတဲ့ ကလေးတွေဟာ ရောဂါပိုးတွေ ဝင်လွယ်တယ်ဆိုပေမယ့် ခုလို တိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ ရောဂါတော်တော်များများကို ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ ရနေပါပြီ။ ဒါပေမယ့် ဒီလို အလွယ်တကူထိုးလို့ ရတဲ့ ကာကွယ်ဆေးတွေကို ကလေးတိုင်း ထိုးခွင့် မရတာဟာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီယုံတမ်းစကားတွေကြောင့် မိဘတွေက ကာကွယ်ဆေးထိုးပေးရမှာ ကြောက်တာကြောင့် ကလေးတွေဟာ ကာကွယ်ဆေး အပြည့်အဝမရဘဲ ပြင်းထန်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါလျက်နဲ့ အသက်အန္တရာယ်ထိခိုက်ကုန်ကြပါတယ်။ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ ခေတ်အဆက်ဆက်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်တဲ့ ယုံတမ်းစကားတွေကတော့ ရှိမြဲပါပဲ။ ဒီယုံတမ်းစကားတွေကို တတ်သိပညာရှင်တွေက ဘယ်လိုပဲ ဖြေရှင်းပေးနေပေမယ့် ခုထက်ထိ ကာကွယ်ဆေးထိုးရမှာ ကြောက်လို့ ကာကွယ်ဆေး မထိုးပေးတဲ့ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးက ကာကွယ်ဆေးထိုးပြီး ဖျားတာ စိုးရိမ်စရာလား။

အချို့ မိဘတွေက ဘေဘီလေးကို နာကျင်မှာစိုးတဲ့ စိတ်၊ ကာကွယ်ဆေးထိုးမှ ကလေးဖျားသွားဦးမယ်ဆိုတဲ့စိတ်နဲ့ ကာကွယ်ဆေး မထိုးပေးတာမျိုးတွေ ရှိတတ်ပါတယ်။ တကယ်ကတော့ ငယ်ရွယ်နုနယ်လှတဲ့ ဘေဘီ​လေးတွေကို ကြောက်စရာ ရောဂါတွေရန်ကနေ ကာကွယ်ဖို့ဆိုရင် ကာကွယ်ဆေးထိုးပေးတာက ထိရောက်တဲ့ နည်းလမ်းပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးကို ကာကွယ်ဆေးထိုးတဲ့အခါ ဖျားတာ ဘာကြောင့်လဲ။ စိုးရိမ်ရမယ့် အကြောင်းအရင်း ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ဆွေးနွေးပြောပြပေးသွားပါမယ်။ ကာကွယ်ဆေးထိုးတဲ့အခါ မိဘတွေ တွေးကြောက်တဲ့အရာ ကာကွယ်ဆေးထိုးတာက မိဘတိုင်းအတွက် ခက်ခဲတဲ့ အချိန်တစ်ခုပါ။ ကလေးက ကာကွယ်ဆေးထိုးပြီး ငိုတဲ့အခါ ကူကယ်ရာမဲ့သလိုကို ခံစားရပါတယ်။ တကယ်ကတော့ ကာကွယ်ဆေးက ဘေဘီလေးကို ထိခိုက်စေတဲ့အရာ မဟုတ်ပါဘူး။ ဘေဘီလေးကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ ရောဂါဆိုးတွေ အန္တရာယ်ကနေ ထိထိရောက်ရောက် ကာကွယ်ပေးတဲ့အရာပါ။ ကာကွယ်ဆေးထိုးတဲ့အခါ ကလေးက ဖျားမှာလားဆိုတာက မိဘတိုင်း တွေးကြောက်ကြတဲ့အရာပါ။ ကာကွယ်ဆေးထိုးပြီးချိန်မှာ ဖျားတာက ပုံမှန်ပဲလား။ အချို့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ရလား................

အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်ဆိုတဲ့ စာဆိုလေးအတိုင်း အရွက်တွေထဲမှာ လက်ဖက်က တော်တော်လေး အရသာရှိတယ်နော်။ နေ့ခင်းနေ့လယ် အဆာပြေ အနေနဲ့ သုပ်စားစား၊ ထမင်းပူပူလေးနဲ့ပဲ တွဲစားစား စားလို့ကောင်းပြီး ခံတွင်းမြိန်စေတဲ့ လက်ဖက်က  ဘေဘီလေးတွေကိုရော ကျွေးလို့ ရမလား။ ဘေဘီလေးတွေက လက်ဖက်စားတဲ့အခါ နည်းနည်းဆိုပြီး လာတောင်းလို့ ခွံ့ချင်တယ်ဆိုရင် မခွံ့ခင် ဒီဆောင်းပါးလေးကို အရင်ဖတ်ကြည့်လိုက်နော်။ ဘေဘီလေးကို လက်ဖက်သုပ်ကျွေးလို့ ရမလား............ ဘေဘီလေးက တစ်နှစ်ကျော်ပြီ အစားလေးလည်း တော်တော်များများ စားတတ်ပြီ။ တီတီတွေ၊ ဖွားဖွားတွေ လက်ဖက်စားတဲ့အခါ အနားရောက်လာပြီး နည်းနည်းဆိုပြီး ပါးစပ်လေးဟတဲ့အခါ ခွံ့မိချင်မှာပါ။ ချစ်တာကိုး။ ဒါပေမယ့် ဘေဘီလေးကို လက်ဖက် မခွံ့ဖို့ ပြောပါရစေ။ လက်ဖက်က စားကောင်းတာ မှန်ပေမယ့် နုနယ်သေးတဲ့ ဘေဘီလေးတွေအတွက်တော့ မသင့်တော်ပါဘူး။ ဘေဘီလေးကို လက်ဖက်ကျွေးချင်တယ်ဆိုရင် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ကျုပ်သားက ဂေးနေတယ်

ကျုပ်သားက ဂေးနေတယ် ပွင့်လင်းလာတဲ့ ဒီဘက် ခေတ်ကြီးမှာ အတွေ့ရ အများဆုံး ပြဿနာပါ။ သားကို ချစ်တဲ့စိတ်က တစ်ဖက်၊ သားက LGBT ဖြစ်နေတာကို လက်မခံနိုင်တာက တစ်ဖက် နဲ့ ကိုယ့်စိတ်နဲ့ကိုယ် လွန်ဆွဲနေရတဲ့ မိဘတွေအတွက် ကိုယ့်သား/သမီးကသာ လိင်တူချစ်သူ ဖြစ်နေခဲ့ရင် ဘယ်လို ဖြေရှင်းရမယ် ဆိုတဲ့ အကြောင်း လိုရင်းတိုရှင်း အချက်လေးတွေနဲ့‌ ဖော်ပြပေးလိုက် ပါတယ်။ ကျုပ်သားက ဂေးနေတယ် ...... ဘယ်လို လုပ်ရမလဲ။ ပထမဆုံး အနေနဲ့တော့ လိင်တူချစ်တယ် ဆိုတာ သဘာဝပဲလို့ လက်ခံပေးလိုက်ပါ။ ရုပ်ရှင်တွေထဲကလို မိန်းကလေးတွေနဲ့ (လိင်ကွဲတွေနဲ့) တွေ့ပေးတာများရင် ပြန်ဖြောင့်သွားမလားလို့ မတွေးပါနဲ့။ ကွေးပြီးသားလူတွေက ပြန်ဖြောင့်ရိုးထုံးစံ မရှိပါဘူး။ ဒါကြောင့် သူကသာ တကယ် လိင်တူချစ်သူ ဖြစ်ပါတယ်ဆိုတာ သေချာခဲ့ရင် အတတ်နိုင်ဆုံး အမြင် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့ရဲ့ အစားအစာတွေထဲမှာ Prebiotics ပါစေဖို့

သူများကလေးတွေက ပျော်ရွှင်နေတာပဲ။ ထွားလည်း ထွားတယ်။ သွက်လည်းသွက်တယ် ဆိုတတွေ မြင်တိုင်း ကြားတိုင်း ကိုယ့်ကလေးကိုလည်း အဲ့လိုပဲ ထွားလည်းထွား သွက်လည်း သွက်တော်လည်း တော်စေတယ်ဆိုတဲ့ ဆန္ဒ မိခင်တိုင်း ဖြစ်မိမှာပါ။ မိခင်မဟုတ်တဲ့ တီတီတွေ။ ဘွားဘွားတွေမှာတောင် ဒီဆန္ဒက ရှိနေနိုင်တာပါ။ ချစ်ရတဲ့ သားသားမီးမီးတွေကို အကောင်းဆုံးပဲ ဖြစ်စေချင်တာက မိဘတွေရဲ့ သဘာဝပဲလေ။ ဒီတော့ ဆန္ဒအတိုင်း သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ပါ။ သားသားမီးမီးတို့ အကောင်းဆုံး ကြီးထွားဖို့ ဘာတွေ လိုအပ်မလဲ................. အသက်ထက်တောင် တန်ဖိုးထားရတဲ့ သားသားမီးမီးတွေ အကောင်းဆုံး ကြီးထွားစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေကို အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးဖို့လိုပါမယ်။ ဒီလို ပြည့်ဝဖို့လိုမယ့် အာဟာရတွေကတော့ ပရိုတင်း ကယ်လ်ဆီယမ်  အကျိုးပြုဘက်တီးရီးယား […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးထိန်းကျောင်းမှုရဲ့ အခြေခံစည်းမျဉ်းများ

မိဘတိုင်းက ကလေးတိုင်းကို အကောင်းဆုံးဖြစ်စေချင်ကြပါတယ်။ ဘာပဲလုပ်လုပ် ပထမဆိုတာကိုပဲ ရစေချင်ပါတယ်။ ဒါကို စေတနာလောဘလို့ပဲ ခေါ်ကြမလား။ ဒါကြောင့်ပဲ သားသမီးကို မလိုအပ်တဲ့ ဖိအားတွေ ပေးလာတတ်ကြပါတယ်။ ဒါရဲ့ အစွန်းတစ်ဖက်မှာလည်း ကလေးဘာပဲလုပ်လုပ် လွှတ်ပေးထားလိုက်ဆိုတာတွေ ရှိပါတယ်။ ဒီကလေး နောက်ပိုင်းကြရင် ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာမလဲဆိုတာ မိဘတွေရဲ့ ပြုစုပျိုးထောင်မှုအပေါ် အများကြီး မူတည်နေပါတယ်။ ဒါကြောင့်ပဲ ဒီနေ့ခေတ်မှာ parenting tipsဆိုတာတွေ ခေတ်စားလာပြီး မိဘတွေ စိတ်ဝင်စားလာကြတာပေါ့။ မိဘတွေမှာ ပြီးပြည့်စုံတဲ့ မိဘဆိုတာ မရှိပါဘူး။ ဒါကြောင့် ကလေးမှာလည်း ပြီးပြည့်စုံတဲ့ ကလေးဆိုတာလည်း မရှိနိုင်ပါဘူး။ ဒါကို နားလည်ထားရပါမယ်။ ကိုယ့်ကလေးရဲ့ အားသာချက်၊ အားနည်းချက်ကို သိရပါမယ်။ သူ့ကို အတင်းဖိအားမပေးဖို့ လိုပါတယ်။ နောက်ပိုင်း ကလေးတွေကို ပြုစုပျိုးထောင်တဲ့ ပုံစံက ဉာဏ်ရည်ဉာဏ်သွေး […]


ကလေးအစာခြေစနစ်ပြဿနာများ

ယနေ့ခေတ်မှာ prebiotics တွေ ဘာလို့ သတင်းကြီးလာတာလဲ။

ကလေးက ထွားလိုက်တာ၊ ဉာဏ်လည်းကောင်းတယ်နော်ဆိုတဲ့ စကားသံတွေက မေမေတိုင်းကြားချင်မယ့် စကားတွေပါ။ ကိုယ်ပြုစုစောင့်ရှောက်ထားတဲ့ သားသားမီးမီး အကောင်းဆုံး ကြီးပြင်းလာတာက မေမေတို့အတွက်တော့ ပင်ပန်းသမျှကို ပြေစေတဲ့အရာပေါ့။ အရင်တုန်းကတော့ ကလေးထွားအောင် ထမင်းများများကျွေးလေ။ ပဲတွေ၊ ငါးတွေ ကျွေးပေါ့ဆိုတာလောက်ပဲနော်။ ဒါ့အပြင် ပိုလာနိုင်တာက ကလေးကို နွားနို့တိုက်ပါဦးဆိုတာပေါ့။ ကလေး အရမ်းညှက်ရင် အားဆေးတိုက်လေဆိုတာမျိုးတွေပါ။ ဒီဘက်ခေတ်မှာတော့ ကလေးထွားဖို့ အားဆေးတိုက်တာ၊ ထမင်းကျွေးတာထက် ထိရောက်တဲ့ နည်းလမ်းတစ်ခု ရှိနေပါတယ်။ ဒါက ဘာပါလိမ့် သားသားမီးမီးကို ကျန်းမာဖွံ့ထွားစေမယ့် အရာလေးတစ်ခုပေါ့။ မေမေတို့ သိချင်နေပြီလား…။ သားသားမီးမီး ကျန်းမာစေဖို့ အားဖြည့်ပေးမယ့် တပ်မှူးလေး သားသားမီးမီးတို့ကို ကျန်းမာဖွံ့ထွားစေဖို့ ထောက်ပံ့ပေးမယ့် တပ်မှူးလေးက prebiotics လို့ခေါ်တဲ့ အကျိုးပြု ဘက်တီးရီးယား အာဟာရပါ။ သားသားမီးမီးတို့ရဲ့ အစာခြေစနစ်ထဲမှာ အကျိုးပြု ဘက်တီးရီးယားတွေ များစွာ ရှိပါတယ်။ […]


ကလေးအစာခြေစနစ်ပြဿနာများ

သားသားမီးမီးတို့ကို စိတ်ညစ်အောင်လုပ်နေကျ ဗိုက်ဗိုက်ပြဿနာတွေအကြောင်း

ကလေးက တစ်ချိန်လုံး ငိုနေတယ်။ ဂျီပဲကျနေတယ်။ စိတ်ညစ်လိုက်တာဆိုတဲ့ မေမေတွေ ရှိလား။ သားသားမီးမီးတို့က သူတို့ခံစားနေရတဲ့ ပြဿနာကို လူကြီးတွေလို လုံးစေ့ပတ်စေ့ မပြောပြနိုင်ကြပါဘူး။ ဒါကြောင့် မအီမသာ ခံစားနေရတဲ့အခါ သူတို့ဖော်ပြမှာက ငိုတာ၊ ဂျီကျတာလိုမျိုး အမူအရာလေးတွေနဲ့ပါ။ သားသားမီးမီးတို့အရွယ်မှာ အများဆုံး မအီမသာဖြစ်စေတဲ့ ပြဿနာက ဝမ်းဗိုက်လေးရဲ့ ပြဿနာပါ။ ဝမ်းချုပ်တာက၊ လေပွတာတွေက လူကြီးတွေမှ ဖြစ်တတ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ သားသားမီးမီးတွေလည်း ခံစားရနိုင်ပါတယ်။ ဒါဆို သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ ဘယ်လိုပြဿနာတွေ ခံစားရနိုင်လို့လဲလို့ သိချင်နေပြီလား မေမေ...? သားသားမီးမီးတို့ ဗိုက်ဗိုက်လေးမှာ ခံစားရနိုင်တဲ့ ပြဿနာတွေက ဘာတွေများလဲ သားသားမီးမီးတို့ဟာလည်း လူကြီးတွေလို အစာခြေစနစ်ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ သားသားမီးမီးတို့ရဲ့ ဗိုက်ဗိုက်ကလေးမှာ အခုလို ပြဿနာတွေ ခံစားရနိုင်ပါတယ်။ အစာမကြေဖြစ်ခြင်း ကလေးတွေက သူတို့မှာ မအီမသာဖြစ်နေတာမျိုးကိုကောင်းကောင်းမဖော်ပြတတ်ပါဘူး။ စားလိုက်တဲ့အစားအစာက အစာကြေခဲတာ၊ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း