ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးကို ကာကွယ်ဆေးထိုးပေးဖို့ရာ မေမေတို့ ကျော်လွှားရတဲ့ အခက်အခဲများစွာ

ဘေဘီလေးက မေမေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာပါ။ ဒီအဖိုးမဖြတ်နိုင်တဲ့ ရတနာကို အရိပ်တကြည့်​ကြည့် စောင့်ကြည့်ရင်း  လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးရင်းကို ပျော်နေတတ်တာလည်း မေမေတစ်ယောက်ရဲ့ ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိပါ။ ဘေဘီလေးကို အကောင်းဆုံးသော အရာတွေပဲ ပေးချင်နေတဲ့ မေမေတစ်ယောက်အနေနဲ့ ဘေဘီလေးကို ကျန်းမာစေဖို့ အခက်အခဲတွေကို ကျော်လွှားပြီး လုပ်ဆောင်ပေးရတဲ့ ကိစ္စလေးတစ်ခု ရှိပါတယ်။ ဒါကတော့ ဘေဘီလေးကို ကာကွယ်ဆေးထိုးတာပါ။ ကလေးတစ်ယောက် အကောင်းဆုံး ကြီးပြင်းလာစေဖို့ ထောက်ကူပေးမယ့်အရာ (သို့မဟုတ်) ကာကွယ်ဆေး ရင်သွေးလေးတွေက နုနယ်လွန်းပြီး ရောဂါဘယတွေဒဏ်ကို ခံနိုင်ရည် နည်းပါးလွန်းပါတယ်။ မွေးစမှာ ကိုယ်ခံအားက အပြည့်အဝ မဖွံ့ဖြိုးသေးတာ​ကြောင့်ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ရစေဖို့ မေမေတွေက အာဟာရ ပြည့်ဝအောင်စားပြီး ဘေဘီလေးကို မိခင်နို့ရည် ပြည့်ပြည့်ဝဝ တိုက်ရပါတယ်။ ဒီလို အာဟာရ ဖြည့်ဆည်းမှုနဲ့အတူ ဘေဘီလေးကို ရောဂါပိုးတွေ အန္တရာယ်ကနေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ပျော်ရွှင်တဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်နိုင်မယ့် နည်းလမ်း (၅) သွယ်

ချစ်ရတဲ့ သားသားမီးမီးတွေ ပျော်ရွှင်ကျန်းမာနေတာကိုပဲ လိုချင်တဲ့ ဆန္ဒက မိဘတိုင်းမှာ ရှိနေမယ့် ဆန္ဒတစ်ခုပါ။ မေမေတွေရဲ့နေ့စဉ် ဆုတောင်းမှုတွေထဲက တစ်ခုက သားသားမီးမီးတို့ ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာဖို့ဟုတ်။ ဒီဆန္ဒကို တောင်းဆုပြုရုံတင် မဟုတ်ဘဲ ကိုယ်တိုင် အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ယုံမလား မေမေတို့။ တကယ်ကတော့ သားသားမီးမီးတို့ ပျော်ရွှင်ကျန်းမာမှုကို ဖန်တီးပေးနိုင်မယ့် လက်တစ်စုံက မေမေတို့ကိုယ်တိုင်ပါပဲ။ ပျော်ရွှင်ကျန်းမာတဲ့ သားသားမီးမီးဖြစ်အောင် ပျိုးထောင်မယ်။ အခက်ခဲဆုံးအလုပ်တစ်ခုကို ပြောပါဆိုရင် သားသားမီးမီးတို့ကို ပျိုးထောင်တာပါ။ ဒီလိုခက်ခဲစွာ ပျိုးထောင်မှုကို အကောင်းဆုံး လုပ်ဆောင်ပြီး ပျော်ရွှင်ကျန်းမာတဲ့ သားသားမီးမီးတို့ကို ပျိုးထောင်ချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေက တကယ့်ကို အသုံးတည့်စေမှာပါ။ ဒီတော့ ပျော်ရွှင်ကျန်းမာတဲ့ သားသားမီးမီးလေးတွေဖြစ်အောင် ဘယ်လို ပျိုးထောင်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖတ်ကြည့်လိုက်နော် မေမေတို့...........  (၁) ကလေးနဲ့ ပျော်ရွှင်စရာ အချိန်လေးတွေ ဖန်တီးပါ။ အချစ်ခံရတဲ့ ကလေးတွေ၊ မိဘတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်တဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သားသားမီးမီးတို့အတွက် သံဓာတ်ပြည့်ဝစေမယ့် အလွယ်ကူဆုံး အစားအစာလေးများ

သားသားမီးမီးတွေကို တက်တက်ကြွကြွ လန်းလန်းဆန်းဆန်းနဲ့ နေရောင်ဆမ်းတဲ့ ပန်းလေးတွေလို လန်းဆန်းစေချင်တယ် မဟုတ်လား မေမေဖေဖေတို့ရေ...... သားသားမီးမီးတို့ လန်းဆန်းတက်ကြွမှုက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ကလေးက သွက်လက် တက်​ကြွနေမှ သင်ယူမှုကောင်းသလို မှတ်သားနိုင်စွမ်းလည်း ကောင်းမှာပါ။ ပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ကို ပိုင်ဆိုင်ခွင့်ရတာက မေမေဖေဖေတို့အတွက် အဖိုးမဖြတ်နိုင်တဲ့ ပျော်ရွှင်မှုပါ။ ဒီလို တက်ကြွပြီး ဉာဏ်ရည်ထက်မြက်တဲ့ သားသားမီးမီးတို့ဖြစ်စေဖို့ဆိုရင် ဖေဖေမေမေတို့အနေနဲ့ ပြည့်ဝအောင် ဖြည့်ဆည်းပေးရမယ့်အာဟာရဓာတ်လေး တစ်ခုရှိပါတယ်။ ဒါကတော့ သံဓာတ်ပါ။ သားသားမီးမီး နဲ့ သံဓာတ် သားသားမီးမီးတွေက အရွယ်ရောက်လာလေ အစားအသောက် ကျွေးရခက်လာလေလေပါ။ အသက် ၂ နှစ်ကျော်လာပြီဆိုရင် အစားအသောက်တွေကို ကိုယ်တိုင် ရွေးချယ်လာကြပြီလေ။ ဒီလိုအချိန်မှာ အာဟာရပြည့်ဝဖို့ကလည်း အရေးကြီး၊ သူတို့ကလည်း ဟိုဟာဆို မစားချင် ဒီဟာဆို စားချင်ဘူးဆိုတော့ မေမေတို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးများအတွက် ဒိုင်းသဖွယ် ကာကွယ်ပေးမယ့် နို့တစ်ခွက်

ခုချိန်မှာ မေမေတစ်ယောက်အနေနဲ့ အဖြစ်ချင်ဆုံး ဆန္ဒကို ပြောပါဆိုရင် မေမေ့ကလေးတွေကို အမြဲ ကျန်းမာစေချင်တာတစ်ခုက အမြဲ နံပါတ်တစ်ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဆော့ကစားနေတဲ့ ကလေးတွေကို မြင်နေရတာ မေမေအတွက်တော့ စိတ်ချမ်းသာစရာပါ။ ကလေးတွေကို ရောဂါဘယကင်းဝေးပြီး ကျန်းမာအောင် ပြုစုပေးဖို့ မေမေတို့ ဘယ်လောက်တောင် ပင်ပန်းလဲဆိုတာ မေမေတို့ပဲ သိပါတယ်။ ခုလိုအချိန်မျိုးဆို ကလေးတွေ နှာစေးနေမလား၊ ချောင်းဆိုးနေမလားဆိုပြီး အရိပ်တကြည့်ကြည့်နဲ့ကို ဂရုစိုက်နေကြရမှာပါ။ ဒီတော့ မေမေတွေ ဘာလုပ်ကြမလဲ။ မေမေတို့ သိထားပြီးသား နည်းလမ်းတွေ ဖြစ်တဲ့ အစာအာဟာရပြည့်ဝအောင် ကျွေးတာ၊ အိပ်ရေးဝအောင် သိပ်တာပါပဲ။ ဒါတွေအပြင် ခုလို ကာလဆိုရင်တော့ လက်ဆေးတာတို့၊ မဖြစ်မနေအပြင်ထွက်ရရင် နှာခေါင်းစည်းတပ်ရတာတို့ပါ ပါလာပါပြီ။ ဒီလောက်သိရုံနဲ့ လုံလောက်ပြီလားဆိုရင် မလုံလောက်သေးပါဘူး။ အထူးသဖြင့် အာဟာရပြည့်အောင် ကျွေးတဲ့နေရာမှာပေါ့။ မေမေတို့ အနေနဲ့ ကလေးတွေကို ဘာကျွေးရမလဲဆိုတာနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးက သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ များ ဖြစ်နေသလား

မေမေတို့ ချစ်ရတဲ့ ကလေးတွေကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ရှောက်ရင်း ဒီလိုမေးခွန်းတွေ အများကြီး ခေါင်းထဲ ရောက်ဖူးကြမှာပါ။ ကလေးကြည့်ရတာ အားမရှိသလိုပဲ၊ အာဟာရနည်းနေလို့လား၊ အတွင်း ကလီစာ တစ်ခုခုများ အားနည်းနေလား၊ ဗီတာမင်တွေ ချို့တဲ့နေလား၊ သိပ်မထွားသလိုပဲ ဘာများချို့တဲ့နေလဲ‌ စသည်ဖြင့် တွေးပူကြရတယ်ဟုတ်။ ကလေးက နည်းနည်းကစားတာနဲ့ မောပန်းလွယ်နေတယ်၊ အားမရှိသလိုလေး ဖြစ်နေတယ်၊ ဖြူဖတ်ဖြူရော်လေး ဆိုရင် အကြောင်းရင်းတစ်ခုခု ရှိနေတာတော့ အမှန်ပါပဲ။ ဒီနေရာမှာ မေမေတို့ ထည့်စဉ်းစားသင့်တဲ့အချက်က သံဓာတ် ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ သွေးအားနည်းရောဂါ ပါပဲ။ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ကလေးမှာ တခြားဓာတ်တွေပြည့်ဝနေလည်း မရှိမဖြစ် အာဟာရဓာတ် တစ်မျိုးဖြစ်တဲ့ သံဓာတ်ချို့တဲ့နေတဲ့အခါ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။ သံဓာတ် ချို့တဲ့တာက စစချင်းမှာ မသိသာပေမယ့် သွေးအားနည်းရောဂါဖြစ်လာတဲ့အခါမှ လက္ခဏာတွေ ထင်ရှားလာတတ်ပါတယ်။ မေမေတို့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

စူပါသားသားမီးမီးတို့အတွက် စူပါသံဓာတ်

ကလေးလူကြီး အားလုံးရဲ့အချစ်တော် စူပါမန်းကြီးက လူသားတွေနေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဘာကြောင့်များ ခွန်အားကြီးမားနေရတာလဲ၊ ဘာကြောင့်များ သန်စွမ်းနေရတာလဲ၊ ဘာကြောင့်များ ထက်မြက်နေရတာလဲ? ဒီလိုတွေးခဲ့ဖူးကြလား။ တကယ်တော့ စူပါမန်းက ခရစ်ပတွန်ဆိုတဲ့ ဂြိုဟ်ကြီးပေါ်ကနေလာတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့ မိဘအရင်းတွေက ဒီကမ္ဘာမြေဆီ သူ့ကို ပို့လိုက်ရတဲ့အကြောင်းအရင်းရှိပါတယ်။ ဒါကတော့ အဝါရောင်နေနဲ့ နီးကပ်တဲ့ လူ့အသိုက်အဝန်းဖြစ်နေတာကြောင့်ပါပဲ။ သူ့အတွက် ကမ္ဘာဂြိုဟ်က ထူးခြားပါတယ်။ ပျိုမြစ်တဲ့အဝါရောင်နေကနေ ရရှိတဲ့ နေရောင်ခြည်ဟာ စူပါမန်းကို အားအင်တွေတိုးစေ၊ ဉာဏ်ရည်ထက်မြက်စေ၊ ကျန်းမာစေပြီး ထိခိုက်မှုတွေ မရှိအောင် ခွန်အားတွေ တိုးပွားစေပါတယ်။ မိဘတိုင်းဟာ သူတို့ရဲ့ သားသားမီးမီးတွေကို စူပါမန်းကြီးလို ခွန်အားကောင်းကောင်း၊ ဉာဏ်ရည်ထက်ထက်၊ ကျန်းကျန်းမာမာဖြစ်နေစေချင်ကြပါတယ်။ သဘာဝပါပဲ။ ဒါပေမယ့် သားသားမီးမီးတွေကို ခုလို ကျန်းမာသန်စွမ်းပြီး ခွန်အားကောင်းအောင် ပံ့ပိုးပေးလို့ရနိုင်ပါ့မလား။ အဖြေကတော့ ရနိုင်ပါတယ်တဲ့။ စူပါသားသားမီးမီးတွေဖြစ်စေဖို့အတွက် ဖေဖေ မေမေတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတစ်ယောက်ဖွံ့ဖြိုးမှုအတွက် မျိုးရိုးဗီဇ နဲ့ ပျိုးထောင်မှု ဘယ်သူပိုအရေးပါလဲဆိုတဲ့ အငြင်းအခုံကြားက တတိယဇာတ်ကောင်

ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးထွားစေချင်တာ၊ ကျန်းမာပျော်ရွှင်စေချင်တာ၊ ဉာဏ်ကောင်းစေချင်တာတွေဟာ မေမေ့မေတ္တာရဲ့ အတောမသတ်နိုင်တဲ့ လိုအင်တွေပါ။ ဒါက မိခင်တွေရဲ့ အဖြူရောင် အတ္တဆိုလည်း မမှားပါဘူး။ မိခင်တိုင်းဟာ တစ်ချိန်လုံး ဆော့နေတဲ့ ကလေးကို ကြည့်ရတာကို စိတ်ညစ်လိုက်တာလို့ ညည်းတွားနေရင်တောင် ငါ့ကလေး ကျန်းမာလှရဲ့ဆိုပြီး ရင်ထဲက ကြိတ်ပျော်နေတတ်ကြသူတွေပါ။ မေမေတွေ တကယ်စိတ်ညစ်တာက ကိုယ့်ကလေး သူများကလေးလို မထွားမှာ၊ ဉာဏ်မကောင်းမှာ၊ မကျန်းမာမှာကိုပေါ့။ ဒီတော့ ကလေးကို အကောင်းဆုံးဆိုတာတွေပဲ ဖြစ်စေချင်တဲ့ မေမေတိုင်း သိချင်နေမယ့် မေးခွန်းလေး တစ်ခု ရှိနေနိုင်ပါတယ်။ ဒါကတော့ ကလေးတစ်ယောက် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးဖို့က မျိုးရိုးဗီဇနဲ့ ဆိုင်လား။ ပျိုးထောင်ပေးမှုနဲ့ ဆိုင်လားဆိုတာကိုပေါ့။ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုအတွက် အရေးပါတာက မျိုးရိုးဗီဇလား.......... ပျိုးထောင်မှုလား............. မျက်လုံးလေးတွေက အမေနဲ့တူတယ်နော်။ မျက်နှာကျလေးက အဖေနဲ့တူတာ။ စကားပြောတော့ကျ သူ့အဖိုးလိုမျိုးနော်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးက တိတ်တိတ်လေး သွေးအားနည်းနေနိုင် တာကို မေမေတို့ သတိထားမိရဲ့လား

မိဘတွေဆိုတာကတော့ သားသမီးကို အရိပ်တကြည့်ကြည့် ဂရုစိုက်နေတာ ဓမ္မတာပါပဲ။ ဒီလိုဂရုစိုက်နေရင်းနဲ့တောင်မှ ဖေဖေ၊ မေမေတို့ သတိမထားမိလိုက်တဲ့အချိန်ဆို ကလေးတွေ ဖျားတာ၊ နာတာ ဖြစ်သွားသေးတယ်မလား။ ခုလည်း ဒီလိုပါပဲ။ မေမေတို့ ဂရုစိုက်နေတဲ့ ကြားကနေ ကလေးတွေမှာ သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းနေနိုင် တဲ့ ပြဿနာ ဖြစ်လာနိုင်ပါတယ်။ ဒါကို မေမေတို့ ဘယ်လိုသိနိုင်မလဲ။ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နည်းလမ်းလေးတွေ ပြောပြပေးမှာ ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့တယ်ဆိုတာ သံဓာတ်က ကလေးရဲ့ ကျန်းမာရေးကောင်းဖို့အတွက်ရော ကြီးထွားဖွံ့ဖြိုးဖို့ရော လိုအပ်တဲ့ ဓာတ် တစ်ခုပါ။ ရှူသမျှ အောက်စီဂျင်ကို တစ်ကိုယ်လုံးကို သယ်သွားပေးနေတဲ့ သွေးနီဥမှာလည်း သူပါသလို ကြွက်သားတွေမှာ ရှိတဲ့ မိုင်ရိုဂလိုဘင်ဆိုတာလည်း သူပါပဲ။ ဒါကြောင့် သံဓာတ်ချို့တဲ့ရင် ဒီလုပ်ငန်းစဉ်တွေ ထိခိုက်တာကြောင့် ဖွံ့ဖြိုးရမယ့် ကလး၊ ကျန်းမာနေရမယ့် […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေ သံဓာတ် ပြည့်ဝနေစေဖို့ နေ့စဉ်အာဟာရထဲမှာ ဘာတွေကျွေးမွေးကြမလဲ

သံဓာတ် ချို့တဲ့မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါဆိုတာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သန်းနဲ့ချီတဲ့ ကလေးတွေမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့မှုအကြောင်း မပြောခင် သံဓာတ်က ကျွန်တော်တို့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအပေါ် ဘယ်လိုကောင်းကျိုးပေးစွမ်းနိုင်လဲဆိုတာကို အရင်ဆုံး ပြောပြပေးချင်ပါတယ်။ သံဓာတ် နဲ့ ကျန်းမာရေး သံဓာတ်ဆိုတာ လူတစ်ယောက်ရဲ ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က သံဓာတ်ကို အဆုတ်ကနေ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ အောက်စီဂျင်အရောက် ပို့ဆောင်ပေးဖို့အတွက် သွေးနီဆဲလ်များထဲက ဟီမိုဂလိုဘင် (Hemoglobin) ဆိုတဲ့ ပရိုတင်းအဖြစ် ချက်လုပ်ပေးတယ်။ ကြွက်သားများဆီသို့ အောက်စီဂျင် ပို့ဆောင်ပေးတဲ့ မိုင်ယိုဂလိုဘင် (Myoglobin) အဖြစ်လည်း ချက်လုပ်ပေးပါတယ်။ အထူးသဖြင့် ကြီးထွားဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တဲ့ ကလေးတစ်ယောက်အတွက် ကြီးထွားမှုကို အထောက်အပံ့ပေးတဲ့ သံဓာတ်ကို ပိုပြီးလိုအပ်ပါတယ်။ ဘာကြောင့် ကလေးတွေမှာ သံဓာတ်ကို ပိုမိုလိုအပ်တာလဲ။ ကလေးတွေ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

မြန်မာနိုင်ငံမှာနေရင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးထားသင့်လား။

ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရောဂါပိုးကူးစက်ခံရတဲ့အခါ ဦးနှောက်မှာ ပိုးပြန့်ပြီး ဦးနှောက်ကို ထိခိုက်စေတာကြောင့် ဂျပန်ဦးနှောက်ရောင် ရောဂါလို့ ခေါ်တာပါ။ ဒီရောဂါပိုးက ကလေးတွေမှာ အဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ အဖြစ်များပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့ မြန်မာနိုင်ငံမှာလည်း အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ ဒီရောဂါက ကြီးမားတဲ့ နောက်ဆက်တွဲ အနေနဲ့ သေဆုံးတာမျိုး ဖြစ်နိုင်သလို ဦးနှောက် ထိခိုက်ပျက်စီးတာ၊ မှတ်ဉာဏ် နဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း