ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး အိပ်မက်ဆိုးများမမက်အောင် လုပ်ပေးနိုင်သောနည်းများ

ကလေးများသည် အလွယ်တကူ လွှမ်းမိုးခံရနိုင်သည့်အတွက် စိတ်ကူးပုံရိပ်များနှင့် အိပ်မက်ဆိုးများကိုကြုံတွေ့နိုင်ချေများသည်။ ဘာကြောင့် ကလေးများတွင် အိပ်မက်ဆိုးမက်ပါသလဲ။ ကလေးများသည် အိမ်မက်ဆိုးများမက်လေ့ရှိသည်။ အထူးသဖြင့် ၅နှစ်မှ ၈နှစ်ကြားတွင် ကားတိုက်ခြင်း၊ နှိပ်စက်ခံရခြင်း၊ တစ်စုံတစ်ယောက်သေဆုံးခြင်း ကဲ့သို့သော ဖြစ်ရပ်ဆိုးများက သူတို့ကို ခြောက်လှန့်စိုးမိုးနိုင်သည်။ သင့်ကလေးသည် အခြားသူများမှပြောသော ကြောက်လန့်စရာဇာတ်လမ်းပုံပြင်များ၏ လွှမ်းမိုးမှုကို လည်း ခံရနိုင်သည်။ နေ့ဘက်တွင် ကြုံတွေ့ရသောဖြစ်ရပ် သို့မဟုတ် ဇာတ်လမ်းများသည် ညဘက်တွင်အိမ်မက်ဆိုးအဖြစ် ပြန်မြင်တွေ့ရနိုင်သည်။ ထို့အပြင် အခြားသော အပြောင်းအလဲများ၊ မိဘများ ကွာရှင်းပြတ်စဲခြင်း၊ မိသားစုဝင်တစ်ဦးသေဆုံးခြင်းနှင့် ဆင်းရဲချို့တဲ့ခြင်းတို့သည် ကလေးအတွက် အိမ်မက်ဆိုးများ ဖြစ်လာနိုင်သည်။ အိပ်မက်ဆိုးများကို ရင်ဆိုင်နိုင်ရန် အချက်များ နားထောင်ပေးပါ။ နားလည်ပေးပါ။ သင့်ကလေး၏ ကြောက်လန့်မှုသည် သင့်အတွက် ရယ်စရာကောင်းနေနိုင်သော်လည်း ထိုအရာကို နားလည်ပေးပါ။ မဝေဖန်ဘဲ အခြေအနေကို ကောင်းစွာ ဂရုစိုက်ကိုင်တွယ်ဖြေရှင်းပေးပါ။ သူတို့ကို ပြောင်လှောင်ခြင်းမျိုးမပြုလုပ်ပါနှင့်။ လုံခြုံမှုရှိတယ်ဆိုတာ သူသေချာနားလည်ပါစေ။ သင့်ကလေးကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးအတွက် အိပ်သည့်အခါ အကောင်းဆုံး ပုံစံအနေအထားများ

သင့်အနေဖြင့် သင့်ကလေး အိပ်နေသည့်အခါတွင် အားလုံး ကောင်းမွန် အဆင်ပြေနေကြောင်း သေချာစေရန် စစ်ဆေးတတ်ခြင်းသည် ပုံမှန်ပင်ဖြစ်သည်။ ကလေးများအိပ်နေစဉ်တွင် ရုတ်တရက် သေဆုံးခြင်းနိုင်ခြင်းကို ကာကွယ်ရန် သင့်ကလေး အိပ်သည့်အခါ ရိုးရှင်းပြီး စိတ်ချရသော အိပ်သည့်အဆင့်များကို လိုက်နာနိုင်ပါသည်။ အောက်ပါတို့သည် ကလေးများတွင် ရုတ်တရက် သေဆုံးခြင်း ဖြစ်စေနိုင်သော ဖြစ်နိုင်ခြေများ ဖြစ်ပါသည်။ ကလေးသည် မှောက်အိပ်နေခြင်း၊ ဘေးစောင်းအိပ်နေခြင်း ဆိုဖာ၊ ခေါင်းအုံး စသည့် ပျော့သော အရာများပေါ်တွင် အိပ်ခြင်း ကလေး၏ မျက်နှာ၊ ခေါင်းတို့သည် အိပ်ရာခင်းနှင့် အုပ်မိနေခြင်းကြောင့် ကလေး အပူလွန်ခြင်း၊ အသက်ရှူကျပ်ခြင်းများ ဖြစ်နိုင်သည်။ ၎င်းသည် အိပ်နေစဉ် ရုတ်တရက် သေဆုံးခြင်း၏ အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ ရုတ်တရက် သေဆုံးခြင်းကို ကာကွယ်ရန် အိပ်နေစဉ် ဖြစ်သင့်သော အနေအထားပုံစံနှင့် အိပ်စက်ခြင်း […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင် အနိုင်ကျင့်ခြင်းသည် ပြဿနာတစ်ခု ဖြစ်လာသည်။ သင့်ကလေးကို ထိုပြဿနာမှ မည်သို့ ကူညီနိုင်ပါမည်လဲ

အမည်ဖျက်၍ ခေါ်ခြင်း၊ ရက်စက်စွာ ခြောက်လှန့်ခြင်း၊ နည်းပညာ အသုံးပြုပြီး အနိုင်ကျင့်ခြင်းနှင့် ကိုယ်ကာယဖြင့် အနိုင်ကျင့်ခြင်းသည် နိုင်ငံတကာတွင် ကလေးများ အကြား ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။ ထိုသို့ အနိုင်ကျင့်ခံရသော ကလေးများသည် ကိုယ့်ကိုယ်ကို သတ်သေနိုင်ခြေ ၂ ဆမှ ၉ ဆအထိ များကြောင်း ယေးလ် တက္ကသိုလ်က ပြုလုပ်ထားသော သုတေသနများက ဖော်ပြထားသည်။ ထိုအချက်သည် မိဘများအတွက် တပ်လှန့်ပေးလိုက်သော အချက်ပေးမှု ဖြစ်သည်။ အပေါင်းအသင်းမရှိဘဲ တစ်ဦးတည်း သင်းကွဲ ဖြစ်နေခြင်းသည် အများဆုံး ဖြစ်နေသည့်အရာ ဖြစ်သည်ဟု ပြင်သစ်ပညာရှင်တစ်ဦးက ဆိုသည်။ ကလေးများသည် တစ်ဦးနှင့်တစ်ဦး အပြုအမူတူသူများသာ အချင်းချင်း အဆင်ပြေကြသည်။ အနိုင်ကျင့်တတ်သော ကလေးများသည် တခြားကလေးများနှင့် အတူကစားရန် အဆင်မပြေဘဲ သူတို့က အလွန်ပိုကောင်းနေခြင်းနှင့် တန်းတူ မဟုတ်ခြင်းတို့ကို တွေ့ရသည်။ […]


မိခင်နို့တိုက်ကျွေးခြင်း

ဖခင်နှင့် ကလေးနို့တိုက်ခြင်း

အမျှော်အမြင်ရှိသော အဖေများသည် မိခင်နို့တိုက်ခြင်းက ကလေးအတွက် အကောင်းဆုံးဖြစ်ကြောင်း သဘောတူကြသည်။ မိခင်နို့ရည်တွင် ကလေးအတွက် အကောင်းဆုံးသော အာဟာရများပါဝင်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရစေသည်။ ထို့အပြင် နို့တိုက်ခြင်းသည် အကုန်အကျသက်သာပြီး၊ ဆေးကြောရန်၊ ပြင်ဆင်ရန်လည်း မလိုအပ်ပေ။ အမေနှင့်ကလေးကြား ဆက်သွယ်မှုလည်း ပိုမိုကောင်းမွန်စေသည့် အကောင်းဆုံးနည်းလမ်းလည်းဖြစ်သည်။ သို့သော် ဖခင်များသည် ကလေးမွေးပြီးနောက်တွင် နို့တိုက်ခြင်းအပေါ်တွင် မတူညီသော ခံစားချက်များရှိကြသည်။ ထိုအရာသည် နို့တိုက်ခြင်းနှင့် အကျိုးကျေးဇူးများကို အားမပေးခြင်းမဟုတ်ဘဲ သူတို့ကိုယ်ကို အရေးမပါသကဲ့သို့ခံစားမိစေသည့် ခံစားချက်ကြောင့်သာဖြစ်သည်။ အဖေများအတွက် ကလေးကိုနို့တိုက်ချိန်တွင် အောက်ပါခံစားချက်များ ဖြစ်ပေါ်နိုင်သည်။ ကလေးနှင့် အမေကြားတွင် ဖြစ်ပေါ်သော သံယောဇဉ်နှောင်ဖွဲ့မှုမျိုး ကိုယ်နှင့် ကလေးကြားတွင်မရှိမည်ကို စိုးရိမ်ခြင်း။ ကလေးအတွက် အမေ လုပ်ပေးသလောက် ကိုယ်မလုပ်ပေးနိုင်ဟု ယူဆသည့်အတွက် အားမရသည့် ခံစားချက်မျိုးဖြစ်ခြင်း။ ကလေးသည် သင်နှင့် သင့်အဖော်ကြား […]


လမစေ့၊ ပေါင်မပြည့်သောကလေးငယ်များ

ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည်

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်စိတ်ကျရောဂါ ဖြစ်ရင် ကလေးမှာ လမစေ့ဘဲ မွေးခြင်း၊ ပေါင်မပြည့်ဘဲ မွေးခြင်းများ ဖြစ်နိုင်ခြေ များစေပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် စိတ်ဖိစီးမှု များခြင်းက လမစေ့ဘဲ ကလေး စောမွေးခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ဖြစ်ပါတယ်။ မိခင် စိတ်ဓာတ်ကျခြင်း လိုမျိုးပဲ ဖခင်မှာ စိတ်ဓာတ်ကျခြင်း ဖြစ်ပါက ကလေး စောမွေးခြင်းကို ဖြစ်စေနိုင်တယ်လို့ ယူဆချက်များ ရှိလာပါပြီ။ ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည် လို့ ယူဆရတဲ့ အကြောင်းအရင်းလေးကို ဆက်ကြည့်လိုက်ရအောင်နော်။ ဖခင်စိတ်ကျရောဂါ ဖြစ်ခြင်းသည် ကလေးလမစေ့ဘဲ မွေးခြင်းနှင့် ဆက်စပ်နိုင်သည် ကလေးလေးတွေကို လမစေ့ဘဲ မွေးဖွားရတာက မိခင်စိတ်ဓာတ်ကျတာကြောင့်တင် မဟုတ်ဘဲ ဖခင်မှာ စိတ်ကျရောဂါ ဖြစ်ခြင်းနဲ့လည်း ဆက်စက်နေပါတယ်။ ဖခင် စိတ်ဓာတ်ကျခြင်း ဖြစ်တဲ့အခါ တွေ့ရတဲ့လက္ခဏာတွေက […]


မိခင်နို့တိုက်ကျွေးခြင်း

လျှပ်စစ်နို့ညှစ်ကိရိယာနှင့် ရိုးရိုးကိရိယာကြား ကွာခြားချက်

သားဦးမိခင်ဖြစ်သူများအတွက် နို့ညှစ်ရန် လျှပ်စစ်ကိရိယာနှင့် လက်ဖြင့်ညှစ်ရသော ကိရိယာကြား မည်သည့်အရာကို သုံးရမည်ကို သိမည်မဟုတ်ပေ။ ပထမတစ်မျိုးသည် ပုံမှန်သုံးသူများအတွက် အဆင်ပြေပြီး ဒုတိယတစ်မျိုးသည် တစ်ခါတစ်ရံမှ သုံးသူများအတွက် အကူအညီပေးသည်။ နှစ်မျိုးလုံးသည် နို့ကို ညှစ်ယူနိုင်ရန် ကောင်းစွာ အထောက်အကူပြုပါလိမ့်မည်။ မည်သည့် အမျိုးအစားသည် သင်နှင့် သင့်တော်သည်ကို အောက်တွင် ဖတ်ရှူနိုင်ပါသည်။ လျှပ်စစ်နို့ညှစ်ကိရိယာကို ဘာအတွက် သုံးသင့်ပါသလဲ။ သင့်ကလေးကို ပုံမှန်နို့တိုက်လျှင် လျှပ်စစ်ကို သုံးသော နို့ညှစ်ကိရိယာသည် သင့်အတွက် သင့်တော်ပါသည်။ မွေးဖွားခွင့်ကုန်သွားလျှင် အမေအများစုသည် အလုပ်ခွင် ပြန်ဝင်ကြရသည်။ ထိုအခါတွင်အလုပ်နှင့် ကလေးကိုအချိန်ပေးရန် ညှိယူကြရသည်။ ထို့ကြောင့် သင်အားသည့် အချိန်တိုင်း မိခင်နို့ကို ကြိုတင်ညှစ်ယူထားပြီး သင်ကလေးကို မိခင်နို့ ဆက်လက်တိုက်ကျွေးနိုင်ပါသည်။ ထိုအခါမျိုးတွင် လျှပ်စစ်နို့ညှစ်ကိရိယာသည် အသုံးဝင်ပါသည်။ ၎င်းသည်သင့်ကိုမနာကျင်စေပဲ၊ အသံမမြည်စေပဲ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆုံးမချိန်တွင် အဖြစ်တတ်ဆုံးအမှားများ

လေးစားမှု မပေးခြင်း ကျွန်ုပ်တို့ မိဘများသည် ကိုယ့်ကို လေးစားရန် ကလေးများကိုသင်ကြားကြသော်လည်း လေးစားမှုသည်အပြန်အလှန် ဖြစ်သင့်ကြောင်းကိုမေ့နေတတ်ကြသည်။ အဖြစ်အများဆုံးအမှားမှာ ကလေးများကို ဆုံးမရာတွင် အောက်ငေါက်ခြင်း၊ ကြမ်းကြမ်းတမ်းတမ်းပြောခြင်း၊ စိတ်ဆိုးမာန်ဆိုးပြောခြင်း သို့မဟုတ် ကလေးကို နှိမ့်ချစော်ကားပြောဆိုခြင်းတို့ဖြစ်သည်။ အပြန်အလှန်လေးစားမှုသည်ကလေးများကို ဆုံးမရာတွင် သတိရရမည့် အရေးကြီးသော အချက်ဖြစ်သည်။ သင့်ကလေးနှင့် စကားပြောရာတွင် ကလေး၏ မျက်လုံးနှင့် တပြေးတည်းတွင် ထိုင်ပြောပြီး ပြဿနာကို လေးစားဖွယ်ရာ အပြုအမူပြပြီး ညင်သာစွာဆွေးနွေးပါ။ သင်ဘယ်လောက်စိတ်ဆိုးနေပါစေ တည်ငြိမ်အောင်ကြိုးစားပြီး သင့်ကလေးကို မအော်ငေါက်ပဲ၊ မနှိမ့်ချပဲ ပြောဆိုဆွေးနွေးပါ။ စိတ်ဆိုးနေစဉ် ဆုံးမခြင်း မိဘများသည် ကလေးများကို ဆုံးမသည့်အချိန်သည် သူတို့ပင်ပန်းနေချိန်၊ စိတ်ရှုပ်ထွေးနေချိန်ဖြစ်လေ့ရှိသည်။ သူတို့သည်ထိုအချိန်မျိုးတွင် စိတ်ပင်ပန်းနေတတ်ပြီး ငြိမ်သက်စွာနေလိုသော်လည်း သင့်ကလေးက တစ်အိမ်လုံးပတ်ပြီး ဆော့နေတတ်သည်။ ထိုအချိန်တွင် သူတို့ကို အော်ဟစ်ပြီး ငြိမ်ငြိမ်ထိုင်ပြီး အရုပ်နှင့် ကစားရန်ပြောမိနိုင်သည်။ ထိုအရာမှ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

အင်တာနက်ဂိမ်းများသည် ကလေး၏ သင်ယူနိုင်စွမ်းကို တိုးတက်စေနိုင်သည်

မိဘများသည် ယခုခေတ်တွင် ကလေးများဘဝတွင် တစ်တစ်ပိုင်းနေရာယူလာသော ဗီဒီယိုဂိမ်းများမှ ရနိုင်သော အကျိုးကျေးဇူးအစား ဖြစ်နိုင်သော အန္တရာယ်ကိုသာ တွေးကြသည်။ ထိုဂိမ်းများသည် ကလေးများအတွက် စွမ်းရည်တချို့ကို တိုးတက်စေရန် အသုံးဝင်ကြပါသည်။ ၎င်းတို့သည် မိဘများမှ အားလပ်ချိန်တွင် သင့်တော်သော ကစားနည်းများကိုရွေးချယ်နိုင်ရန် ကူညီသကဲ့သို့ ဆရာများကိုလည်း စာသင်ခန်းတွင် စာသင်သည့်အခါ အထောက်အကူဖြစ်စေသော နည်းလမ်းများကို ရှာဖွေတွေ့ရှိစေသည်။ ဂိမ်းကို ဖန်တီးသော ပညာရှင်များသည် ပညာရေးတွင် ပိုပြီး အထောက်အကူပြုနိုင်သော ဂိမ်းကစားနည်းများကို ဖန်တီးနိုင်ရန် တိုက်တွန်းပေးသင့်ပါသည်။ ဗီဒီယို ဂိမ်းများသည် ပြဿနာကိုဖြေရှင်းနိုင်သောစွမ်းရည်နှင့် တီထွင်ဆန်းသစ်နိုင်မှုကို တိုးတက်စေသည်။ ထိုဂိမ်းများသည် ကလေး၏ ဦးနှောက် ဖွံ့ဖြိုးမှုကို အားပေးသည်။ ကစားသမားများ၏ တီထွင်နိုင်စွမ်းနှင့် ကိုယ့်ကိုယ့်ကို ဖော်ပြမှုကို ကောင်းစေသည့်အပြင် ကစားနည်း၏ စည်းမျဉ်းစည်းကမ်းများ၊ဖွဲ့စည်းပုံများကို သိရှိလိုက်နာရခြင်းဖြင့် ကိုယ်ရည်ကိုယ်သွေးနှင့် စိတ်ဝင်စားမှုကိုလည်း […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖခင်များ၏အရေးပါသော အခန်းကဏ္ဍ

ကလေးကို ကြိုဆိုရာတွင် အဖေသည် အမေထက်ပို၍ တွေးစရာများရှိနေတတ်ပါသည်။ တစ်ခါတရံ အဖေများသည် မိဘနှင့် သားသမီးကြားက ရင်းနှီးသော ဆက်ဆံရေးတွင် သူတို့သည် အရေးမပါသကဲ့သို့ ခံစားကြရတတ်သည်။ အဖေများသည် ကလေးကို နို့ချိုမတိုက်ကျွေးနိုင်သော်လည်း သူ၏ အရေးပါသောအခန်းကဏ္ဍများစွာရှိပါသည်။ အဖေနှင့် ကလေးကြားမှ ဆက်နွယ်မှုသည် အသိစိတ်ဖွံ့ဖြိုးမှုနှင့် ဆက်စပ်နေသည်။ ဖခင်ပါဝင်မှုကြောင့် ပထမဆုံးအကျိုးကျေးဇူးမှာ ကလေး၏ အသိစိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွင်တိုးတက်မှု ဖြစ်စေသည်။ သုတေသနများက အကြံပြုသည်မှာ ကလေးများသည် သူတို့အဖေနှင့် ဆက်ဆံရေးရင်းနှီးလာသည့်အခါ အသိစိတ်ပိုင်းဆိုင်ရာတိုးတက်မှုသည် အမြင့်ဆုံးဖြစ်သည်။ ထိုအချိန်တွင် အဖေသည် ကလေးနှင့် အတူကစားရန်၊ ကလေးကို ဂရုစိုက်ရန် အချိန်ပေးသင့်သည်။  အဖေနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော ကလေးများသည် သိစိတ်မှ နားလည်သင်ယူခြင်းများတွင် ပိုမိုတိုးတက်သည်ကို တွေ့ရသည်။ ဥပမာအားဖြင့် ပြသနာများကို ဖြေရှင်းနိုင်သောစွမ်းရည်တွင် သာလွန်ကောင်းမွန်ကြောင်း သက်သေပြချက်များရှိသည်။ […]


ကလေးအစာခြေစနစ်ပြဿနာများ

Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) ကဘာလဲ။ Atresia ani ဆိုသည်မှာ ကလေးတွင် စအိုအပေါက်ကျဉ်းခြင်း (သို့) စအိုပေါက်မပါခြင်းကို ဆိုလိုပါတယ်။ အကယ်၍သင့်ရဲ့ ကလေးမှာ စအိုပေါက်မပါခြင်း(သို့) ကျဉ်းခြင်းဖြစ်နေပြီဆိုရင်တော့ သူတို့ရဲ့အူ ဒါမှမဟုတ် အူရဲ့တစ်စိတ်တစ်ပိုင်းဟာ ကောင်းကောင်းဖြစ်မလာပဲ ပိတ်ဆို့နေခြင်း (သို့) ကျဉ်းမြောင်းနေခြင်းဖြစ်နေပါပြီ။ အချို့ကလေးတွေမှာတော့စအိုပေါက်လုံးဝမပါတာမျိုးလည်း ရှိတတ်ပါတယ်။ အူသိမ်ဟာ အစာအိမ်နဲ့အူလမ်းကြောင်းမှာ ကျဉ်းနိုင်ခြေအနည်းဆုံးနေရာပဲ ဖြစ်ပါတယ်။ အခြေအနေအရမ်းဆိုးနေပြီဆိုရင်တော့ ချက်ချင်း ကုသမှုခံယူရပါမယ်။ ကလေးအများစုဟာ ဒီလိုချို့ယွင်းချက်ကိုပြုပြင်ဖို့အတွက် ခွဲစိတ်ကြရပါတယ်။ စိတ်မကောင်းစရာကတော့ ဒီလိုကလေးတွေမှာ စအိုကျဉ်းခြင်း (သို့) အပေါက်မပါခြင်း ဟာဘာကြောင့်လဲဆိုတာ မသိရပါဘူး။ Atresia Ani In Babies (ကလေးငယ်များတွင် စအိုပေါက်ကျဉ်းခြင်း (သို့) အပေါက်မပါခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးများတွင်စအိုကျဉ်းခြင်း (သို့) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း