ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

28 လအရွယ်ကလေးငယ်

၂၈ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ သင့်ကလေးငယ်ဟာ social butterfly ဆိုရင် သူဟာ အခြားကလေးတွေပေါ်မှာ စိတ်ဝင်စားမှု ပြပါလိမ့်မယ်။ ဒီလို အစပထမ ခင်မင်မှုတွေဟာ ကလေးငယ်တွေအတွက် အလွန်အရေးကြီးပါတယ်။ သူတို့ဟာ ကျောင်းမတက်ခင် ကလေးငယ်တွေကို လူမှု ဆက်ဆံရေး ကျွမ်းကျင်မှုတွေကို သင်ကြားပေးနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ မူကြိုသွားရင် သူနှစ်သက်တဲ့ သူငယ်ချင်းတွေကို တွေ့ရှိပြီး ဖြစ်နိုင်ပါတယ်။ ကျောင်းမတက်ခင် ကလေးငယ်တွေဟာ လွယ်ကူလျင်မြန်စွာ သင်ယူနိုင်ပါတယ်။ သင့်ကလေးငယ်ဟာ ပါရမီပါလားဆိုတာ ဒီလိုအသက်အရွယ်မှာ သိနိုင်ပါသလား။ သင်ယူမှုဆိုင်ရာ ကျွမ်းကျင်သူတွေက ကလေးငယ်တစ်ယောက်ဟာ သူ့အသက်အရွယ်အခြားကလေးတွေနဲ့ ယှဉ်ရင် သင်ယူမှု မြန်ဆန်ခြင်း ရှိမရှိဆိုတာ ဒီအရွယ်မှာတည်းက သိနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကလေးအတော်များများအတွက်ကတော့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

29 လအရွယ်ကလေးငယ်

၂၉ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ ကျောင်းမတက်မီအရွယ်ကလေးနှစ်ယောက် ကစားစဉ် အရုပ်လုခြင်းဟာ အဖြစ်များပါတယ်။ ဒါဟာ ကလေးငယ်တွေရဲ့ ပိုင်ဆိုင်မှုတွေအပေါ် ကာကွယ်လွန်စိတ်ကြောင့် ဖြစ်ပြီး မျှဝေခြင်းဟာ သဘာဝအတိုင်း ဖြစ်လာတဲ့ အရာတစ်ခု မဟုတ်ပါဘူး။ ဒီအချိန်မှာ အသိသာဆုံးကတော့ ထ ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်း ပဲဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ တစ်ခုတည်းကို အကြိမ်ကြိမ်စားချင်တာမျိုး၊ တစ်ရက်ပြီးတစ်ရက် အဝတ်အစား တစ်မျိုးကိုပဲ ဝတ်ချင်တာမျိုး၊ အလုပ်တွေကို တစ်ပုံစံတည်း တစ်ခုပြီး တစ်ခု လုပ်ချင်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူဟာ ကမ္ဘာကြီးကို အဓိပ္ပါယ် ကြိုးစားဖေါ်နေတာဖြစ်ပြီး ကိစ္စတစ်ခုကို ထပ်ခါ ထပ်ခါ ပြုလုပ်ခြင်းဟာ ဘဝကို တဖြည်းဖြည်း ကျင့်သားရအောင် ကြိုးစားနေခြင်း ဖြစ်ပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

30 လအရွယ်ကလေးငယ်

လ ၃၀ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ ဒီအချိန်မှာ သင့်ကလေးငယ်ရဲ့ အပြုအမူကို ဘယ်တော့မှ ခန့်မှန်းနိုင်မှာ မဟုတ်ပါဘူး။ ဥပမာ တညလုံး နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေတဲ့ ကလေးငယ်ဟာ မနက် ၃ နာရီမှာ အိပ်ရာထဲ ရှူရှူးပေါက်ချနိုင်ပါတယ်။ ဒါမှမဟုတ် အမြဲ သင့်စကား နားထောင်တတ်တဲ့ ကလေးငယ်ဟာ ခေါင်းမာပြီး ပြောစကားနားမထောင်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ သေးအိုးနဲ့ သွားဖို့ လေ့ကျင့်ပေးထားတဲ့ ကလေးငယ်ဟာလည်း သေးထွက်ကျတာမျိုး ဖြစ်နိုင်ပါတယ်။ ကျောင်းမတက်ခင် ကလေးငယ်တွေဟာ အသေးစိတ်တွေကို မြင်တတ်ပါတယ်။ သူဟာ အတွေ့အကြုံအသစိတွေ၊ အသစ်အဆန်းတွေကို သင်ယူနေတာကြောင့် အသံ၊ အရောင်၊ နှိုင်းယှဉ်တဲ့ အရွယ်အစားတွေ၊ လှုပ်ရှားမှုတွေကို သဟဇာတ ဖြစ်လာမှာ ဖြစ်ပါတယ်။ ကြောင်သံလုပ်ပြတာမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

31 လအရွယ်ကလေးငယ်

၃၁ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ သင့်ကလေးဟာ ဒီနှစ်မှာ စကားလုံးရွေးချယ်မှုတွေ ပြုလုပ်နေတာကြောင့် No လို့ ပြောရတာဟာ သူ့အကြိုက်ဆုံး ဖြစ်နိုင်ပါတယ်။ ကလေးငယ်ဟာ သူ့ရဲ့ ကိုယ်ပိုင် အသိအမြင်ကို ဖေါ်ထုတ်နေတာကြောင့် ဒီအရွယ်မှာ No ဆိုပြီး အများကြီး ပြောနိုင်ပါတယ်။ တခါတရံမှာ သူတို့ No လို့ ပြောခြင်းဟာ Yes လို့ရည်ရွယ်ပါတယ်။ တခါတရံမှာ ကလေးငယ်ဟာ စိတ်ဆိုးခြင်း၊ ပျာယာခတ်ခြင်း၊ သူဆိုလိုရင်းကို အခြားသူတွေ သိစေဖို့ No ဆိုတာကို တွင်တွင် သုံးတတ်ပါတယ်။ သင့်ကလေးငယ်ဟာ သူတကယ်လို့ စကားကျယ်ကျယ်ပြောရင်၊ အော်ပြောရင် မိဘတွေက သူ့ကိုသတိထားမိနိုင်တယ်လို့ သိလာတာကြောင့် ဒီလိုပုံစံမျိုးလုပ်နိုင်ပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

32 လအရွယ်ကလေးငယ်

၃၂ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ ကလေးအသက်သုံးနှစ်အရွယ်မှာ ဟန်ဆောင် ဆော့ကစားခြင်းဟာ ဆက်ဖြစ်နေမှာ ဖြစ်ပါတယ်။ အရုပ်တွေဟာ သူ့အတွက် ဖက်ထားစရာ အရာဝတ္ထု မဟုတ်တော့ပဲ အရုပ်မှာ အမည်၊ မိသားစု ရှိပြီး အရုပ်ကို အစာကျွေးခြင်း၊ ရေချိုးပေးခြင်း၊ လက်ဖက်ရည် ဝိုင်းဖိတ်ခြင်းတွေ ပြုလုပ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ နောက်ကျောက တဘက်ဟာ သူ့ကို စူပါဟီးရိုး ဖြစ်စေနိုင်ပြီး ဇာတ်လမ်းပုံစံနဲ့ ကစားနိုင်ပါတယ်။ သူကစားနေစဉ်မှာ ကလေးငယ် ပါးစပ်က ရေရွတ်နေတဲ့ အသံတွေကို ကြားနိုင်ပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ သင့်ကလေးငယ်ရဲ့ ဘာသာစကားတိုးတက်မှုကို တိုးမြှင့်ပေးနိုင်မယ့် နည်းလမ်းကတော့ rhymes ပဲ ဖြစ်ပါတယ်။ ဝါးကျဖွဲ့ခြင်း၊ စကားလုံးတွေနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

33 လအရွယ်ကလေးငယ်

၃၃ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ လမ်းလျှောက်တတ်ကာစ ကလေးတွေဟာ အမှောင်တွေထဲမှာ သရဲ၊ နဂါး အစရှိတဲ့ စိတ်ကူးယဉ်အကောင်တွေကို ထင်မြင်တတ်တာကြောင့် အမှောင်ကို ကြောက်တတ်ကြပါတယ်။ သူတို့လေးတွေက သူတို့ခြေလှမ်းတွေကို ရေတွက်တာကနေစပြီး ဂဏန်းရေတွက်ခြင်း စတင်ပါတယ်။ ပထမဆုံးအဆင့်အနေနဲ့ တစ်ခုနဲ့အများကိုစတင်ခွဲခြားနိုင်ပါတယ်။ အသက်၂နှစ်လောက်မှာတော့ ၂-၃ခုလောက်ကိုခွဲခြားနိုင်လာပြီး ၁၀ခု အထိရေတွက်နိုင်လာတာလည်းဖြစ်နိုင်ပါတယ်။ သေသေချာချာနားလည်တာမျိုးမဟုတ်ပေမယ့် ဒီအရေအတွက်တွေကို ပြောနိုင်နေပါပြီ။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ သင့်ကလေးကို စိတ်ငြိမ်စေဖို့အတွက်ကတော့ • ပေါ့သေးသေးမထင်ဘဲ ဒီဟာကိုအလေးထားသင့်ပါတယ်။ သူတို့စိတ်ကူးယဉ်မှုတွေကို မလှောင်သင့်ပါဘူး။ • ယုတ္တိရှိမရှိထက် ကလေးတယောက်ဘက်က စဉ်းစားကြည့်ပါ။ ကလေးရဲ့အခန်းထဲက အရိပ်တခုခုက ပင့်ကူအိမ်လိုပုံစံ ပေါ်နေတာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးတော့ ဘီဒိုထဲမှာ အကောင်အကြီးကြီးတွေ နေနိုင်တယ်ဆိုတာ မဖြစ်နိုင်ကြောင်း စိတ်ရှည်ရှည်ထားပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

34 လအရွယ်ကလေးငယ်

၃၄ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ စကားတွေပိုတတ်လာတာနဲ့အတူ လမ်းလျှောက်တတ်ကာစ့ကလေးဟာ စိတ်တိုဖို့ကောင်းတဲ့ စရိုက်လက္ခဏာ (ဆရာကြီးလုပ်တာ) တွေရှိလာတတ်ပါတယ်။ “အင်္ကျီဝတ်ပေး” “အမေ ဒီကိုလာ” “ အဖေ ဒီမှာထိုင်” စသဖြင့်ပေါ့။ ကလေးငယ်လေးတွေက ကိုယ်ကိုယ်ကို အရေးကြီးဆုံးလို့မြင်နေတတ်ပြီး ဘေးကလူတွေက သူအတွက်ဖြေရှင်းပေးမယ်ဆိုပြီး ယူဆထားတတ်လို့ပါ။ သူတို့လေးတွေဟာ ဂျစ်ကန်ကန်လေးတွေ၊ ဟာသလေးတွေ ပြောတတ်ရုံသာမက သူများတွေဟာသကိုလည်း သိသိသာသာ တုန့်ပြန်တတ်လာပါတယ်။ သူတို့တွေက ရွဲ့စောင်းပြောတဲ့ ဟာသတွေထက်စာရင် ကလိထိုးရယ်ရတဲ့ ဟာသတွေ၊ ရယ်စရာကောငိးတဲ့အသံတွေ၊ ရုပ်ပြောင်တွေကို ပိုသဘောကျကြပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ သင့်အနေနဲ့ သူတို့ရဲ့ သိမြင်နားလည်မှုဆိုင်ရာ ဖွံ့ဖြိုးပြောင်းလဲမှုတွေကို ငြင်းမရပေမယ့် ကောင်းမွန်အောင် လမ်းပြပေးလို့ရပါတယ်။ ဥပမာအနေနဲ့ တစ်ခုခုတောင်းတဲ့အခါမှာ” ကျေးဇူးပြုပြီး” […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးအတွက် ဘေးအကင်းဆုံး အိပ်စက်မှုပုံစံ

ကလေးငယ်များအတွက် ပျမ်းမျှ အိပ်ချိန်သည် တစ်နေ့လျှင် နာရီ ၂၀ ခန့်ဖြစ်ပြီး လူကြီးများထက် နှစ်ဆခွဲပိုများသည်။ အိပ်စက်ခြင်းသည် ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အရေးကြီးသော လုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် သင့်ကလေးကို အိပ်ချိန်အလုံအလောက်ပေးရန် အရေးကြီးသည်။ သို့သော် အိပ်သည့်အခါဖြစ်သောပုံစံ အနေအထားသည်လည်း အရေးကြီးသည်။ အောက်ပါတို့သည် သင့်ကလေး အိပ်နေစဉ်တွင် ဘေးကင်းစေရန် အခြေခံ ညွှန်ကြားချက်များဖြစ်ပါသည်။   သင့်ကလေးအတွက် ဘေးကင်းသော အိပ်သည့်ပုံစံသည် မည်ကဲ့သို့နည်း။ အမေရိကန် ကလေးငယ်များဆိုင်ရာ ပညာရေးအဖွဲ့အရ ကလေးများအတွက် ဘေးကင်းသော အိပ်သည့်ပုံစံသည် အထူးသဖြင့် ပထမ၆လတွင် ပက်လက် အိပ်သည့်ပုံစံ ဖြစ်သည်။ ကလေး၏ ဦးနှောက်သည်ထိုအချိန်တွင် ဖွံ့ဖြိုးဆဲဖြစ်သောကြောင့် တစ်စုံတစ်ရာ အန္တရာယ် ဖြစ်လာသောအခါ သူတို့ကို နှိုးနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ကလေးအသက်ရှုခက်ခဲနေသည့် အခါမျိုးတွင် အဖြစ်များသည်။ ကြာရှည်စွာအောက်ဆီဂျင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးအတွက် မီးဘေးလုံခြုံရေး အကြံပြုချက်များ

မီးသည်အလွန် အန္တရာယ်ကြီးသော အရာဖြစ်သည်။ အချိန်မရွေး၊ နေရာမရွေးဖြစ်နိုင်ပြီး ပတ်ဝန်းကျင်ရှိအရာအားလုံးကို ဖျက်ဆီးနိုင်သည်။ မီးလောင်ခြင်းကြောင့် ငွေရေးကြေးရေး၊ ကျန်းမာရေးများဆုံးရှံးနိုင်ပြီး၊ အလွန်ဆိုးရွားလျှင် အသက်သေဆုံးမှုများပင်ဖြစ်နိုင်သည်။ ထို့ကြောင့် မိဘများသည် သူတို့၏ ကလေးများကိုလုံခြုံရေး လမ်းညွှန်မှုများ ပေးရာတွင် ၎င်းကိုထည့်သွင်းရန်လိုပါသည်။ အောက်ပါတို့သည် သင့်ကလေး ကို မီးလောင်သည့်အခါ သူတို့ကိုယ်ကိုမည်သို့ကာကွယ်ရမည်ကို လမ်းညွှန်ထားချက်များဖြစ်ပါသည်။   မီးလောင်ခြင်းကိုကာကွယ်ရန် အချက်များ ၁။ မီးလောင်စေသော အရာများကို ဂရုစိုက်၍အသုံးပြုရန် ညွှန်ကြားပါ။ သင့်ကလေးကို မီးခြစ်ဆံ၊ မီးကြိုးခွေ၊ ဓါတ်ငွေ့သုံးပစ္စည်းများ စသည့် မီးလောင်နိုင်သည့်အရာများကို မကိုင်တွယ်ရန် တားမည့်အစား ၎င်းတို့သည် အဘယ်ကြောင့် အန္တရာယ်ရှိသည်ကို နားလည်စေရန်ရှင်းပြပါ။ ကလေးကြီးများကို ထိုအရာများကို မှန်ကန်စွာအသုံးပြုနည်းကို သင်ကြားပေးထားသင့်သည်။ ၂။ မီးခိုး သတိပေးစက်နှင့် မီးသတ်ဆေးဗူး ထားရှိပါ။ အိမ်၏ အလွှာတိုင်းတွင် မီးခိုးအာရုံခံစက်ကို ထားရှိပြီးကောင်းစွာ အလုပ်လုပ်ကြောင်း သေချာစွာ စစ်ဆေးထားသင့်သည်။ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဝသောမိခင်မှ မွေးသော ပထမဆုံးသမီးဦးကလေးများသည် အသက်ကြီးလာသောအခါဝရန် အခွင့်အလမ်းများပါသည်

ကိုယ်ဝန်ဆောင်ချိန်တွင် အဝလွန်ခြင်းသည် မိခင်နှင့် ကလေးကို အန္တရာယ်ရှိသော ရောဂါများ ဖြစ်စေနိုင်ပါသည်။ သမီးမိန်းကလေးများကိုသာ လေ့လာထားသော လေ့လာမှုတစ်ခုတွင် မိခင်၏ ကိုယ်အလေးချိန်သည် သမီး မိန်းကလေးပေါ်တွင် သက်ရောက်မှုသည် ထိန်းချုပ်၍ မရသည့်အရာ ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထိုသက်ရောက်မှုသည် ကလေးတွင် တစ်သက်လုံး အဝလွန်ရန် ဖြစ်နိုင်ခြေ များစေသည်။   မိခင်အဝလွန်ခြင်းသည် ပထမဆုံးသမီးတွင် အဝလွန်ရန် ဖြစ်နိုင်ခြေများစေသည်။ ဆွီဒင်တက္ကသိုလ်နှင့် နယူးဇီလန်ရှိ တက္ကသိုလ် တစ်ခုတို့မှ ပူးပေါင်း လေ့လာမှုတစ်ခုတွင် မိခင်၏ ကိုယ်အလေးချိန်သည် ပထမသမီး၏ ကိုယ်အလေးချိန်နှင့် ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့သည်။ သုတေသနရလဒ်တွင် ကိုယ်အလေးချိန်များသော မိခင်၏ ပထမဆုံး သမီးသည် အရွယ်ရောက်လာချိန်တွင် အဝလွန်နိုင်ခြေသည် သုံးဆမြင့်ကြောင်းနှင့် အဝလွန်သော မိခင်၏ သမီးများတွင် ငါးဆမြင့်ကြောင်း ဖော်ပြထားသည်။ ထိုရလဒ်သည် ဒုတိယမွေးသော သမီးတွင် ကွာခြားမည်ဟု ယူဆရသည်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း