ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

ကလေးကို ကျောင်းမှာ ဘေးကင်းစိတ်ချရအောင် ဘယ်လိုလုပ်မလဲ

ကျောင်းသည် ကလေးငယ်များအတွက် အလုံခြုံဆုံးနေရာဖြစ်သော်လည်း မိဘအများစုအတွက်တော့ မိမိရင်သွေး ဘေးကင်းစိတ်ချရေးသည် စိုးရိမ်ပူပန်မှုကြီးတစ်ခု ဖြစ်နေဆဲဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုများ လျော့နည်းစေရန် အောက်ပါနည်းများကို ကျင့်သုံးကြည့်ပါ။ ၁။ ကလေးက သူ့နာမည်အပြည့်အစုံ၊ လိပ်စာ နှင့် မိဘ တယ်လီဖုန်းနံပါတ်များကို သိတာသေချာပါစေ။ ကလေးသိတတ်နားလည်သောအရွယ် ရောက်တာနဲ့ အရေးပေါ်အခြေအနေမျိုးမှာ မဖြစ်မနေလိုအပ်သော အရေးကြီးသည့် သတင်းအချက်အလက်အားလုံး (ဥပမာ- ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ ရဲစခန်းဖုန်းနံပါတ်)ကို သတိရစေဖို့ လေ့ကျင့်ပေးပါ။ ၂။ အကယ်၍ ကလေးသည် ဆေးဝါးလိုအပ်သော နာတာရှည်ရောဂါ (ဥပမာ-ပန်းနာရင်ကျပ်၊ ဆီးချိုသွေးချိုရောဂါ) သို့မဟုတ် ပြင်းထန်ဓါတ်မတည့်မှုပြဿနာရှိလျှင် တာဝန်ရှိသူများကို အသိပေးဖို့လိုအပ်သည်။ မိဘတို့သည် ကလေးကျန်းမာရေးအတွက် တာဝန်ရှိသော ကျောင်းသူနာပြု၊ ကျောင်းအတွင်းရေးမှူးနဲ့ တွေ့ဖို့လိုအပ်သည်။ မိဘသည် ကလေး ဆရာ/ဆရာမ ၊ ကျောင်းအုပ်နဲ့ တွေ့ဆုံဆွေးနွေးပြီး ကလေးရောဂါ အကြောင်းကိုပြောပြကာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုစောင့်ကြည့်မလဲ

သင့်ကလေးကြီးထွားဖွံ့ဖြိုးမှုကို ဘယ်လိုတိုင်းတာရမလဲ ဆိုတာကို သင်သိပါသလား။ များသောအားဖြင့် ကျွန်ုပ်တို့သည် ဖွံ့ဖြိုးမှုကို အရပ်အမောင်းနှင့် ကိုယ်အလေးချိန်ဖြင့် တိုင်းတာကြသည်။ သို့သော် မွေးကင်းစမှ အသက် ငါးနှစ်အရွယ်ထိ သင့်ကလေးသည် ကစားခြင်း၊ သင်ယူခြင်း၊ စကားပြောခြင်း၊ လှုပ်ရှားခြင်းဆိုင်ရာ ဖွံဖြိုးမှုမှတ်တိုင်များရှိပေသည်။ အကယ်၍သင့်ကလေးသည် သူ့အရွယ်မှာရောက်သင့်သည့် ဖွံ့ဖြိုးမှုမှတ်တိုင်ကို မရောက်ဖူးဆိုရင် ဒါဟာ ဖွံ့ဖြိုးမှုဆိုင်ရာပြဿနာတစ်စုံတစ်ရာ(ဥပမာ- အော်တစ်ဇင်) ရှိကြောင်း ညွှန်ပြနေပါသည်။ အကယ်၍ သင်သည် ကလေးဖွံ့ဖြိုးမှုနှေးကွေးခြင်းကို စောစောစီးစီး သတိထားမိနိုင်ရင် ကလေးအတွက် များစွာအကူအညီဖြစ်စေပါသည်။ အကယ်၍ သင်သည် သင့်ကလေး ကစားခြင်း၊သင်ကြားခြင်း၊ စကားပြောခြင်း၊ လှုပ်ရှားခြင်းမှာ တစ်စုံတစ်ရာ မူမမှန်မှုကို သတိထားမိခဲ့ရင် ကလေးဆရာဝန်နဲ့ တိုင်ပင်ပါ။ စောစောစီးစီး သိကာ ကုထုံးတွေကို စတင်နိုင်ခြင်းက တကယ့်ကို ခြားနားမှုကြီးကို ဖြစ်စေနိုင်လို့ အရေးကြီးပါတယ်။ သင့်ကလေးရဲ့ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

သင့်ကလေးက သူ့ရဲ့လိင်အမျိုးအစားနဲ့ပတ်သက်ပြီးမရေမရာဖြစ်နေပုံပေါ်ရင် ဘယ်လိုအားပေးမလဲ

သင့်ကလေးကိုမွေးဖွားလိုက်ပြီဆိုတာနဲ့ သားယောက်ျားလေးဆိုတာကို သိလိုက်မှာပါ။ သားလေးတစ်ယောက်လိုပဲ သူ့ကိုအမြဲမွေးမြူလာခဲ့ တယ်။ နောက်တော့ တစ်နေ့မှာ သင့်ကလေးက သူ့ရဲ့ လိင်အမျိုးအစားကိုစတင်မေးခွန်းထုတ်လာပါလိမ့်မယ်။ ဒီကိစ္စက သူ့အတွက်တင်မကဘဲ သင့်အနေနဲ့ပါ တုန်လှုပ်စရာမရေမရာရှုပ်ထွေးစေနိုင်ပါတယ်။ သင် ဘယ်လိုပဲခံစားရပါစေ သင့်ကလေးက အရာအားလုံးထက် သူ့ဘက်မှာသင်ရှိနေပေးဖို့ လိုအပ်နေမယ်ဆိုတာကို သတိရပေးပါ။ သူ့ကိုဘယ်လိုအားပေးရမယ်ဆိုတာ သင်မသိသေးဘူးဆိုရင်တော့ အောက်ပါအကြံပြုချက်တချို့ ကို လုပ်ကြည့်ပါ။   ၁။ ဘာကိုမှ အတည်မမှတ်ယူပါနဲ့ဦး။ သူ့အသက်နှစ်နှစ်ဝန်းကျင်အတွင်းမှာ သင့်ကလေးက ခြားနားတဲ့ ကျား/မ ကွဲပြားမှုပုံစံတွေမှာ နေကြည့်ဖို့ကြိုးစားခဲ့ တာမျိုးလုပ်နိုင်ပါတယ်။ အဲဒါက ကြီးပြင်းလာတဲ့ ဖြစ်စဉ်တစ်စိတ်တစ်ပိုင်းပါ။ ပုံမှန်ပါပဲ။ သူက ပန်းရောင်တွေ ကို နှစ်သက်လာနိုင်သလို သူငယ်ချင်းတွေနဲ့ကစားတဲ့အခါ အမေနေရာက သရုပ်ဆောင်ဖို့ပိုသဘောကျနေနိုင်ပါတယ်။ ဒါနဲ့ပဲ သူက ကြီးပြင်းလာရင် လိင်တူချစ်သူဖြစ်သွားလိမ့်မယ် လို့ မဆိုလိုပါဘူး။ သူက မိခင်ဖြစ်သူလိုပဲ တစ်စုံတစ်ယောက်ကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

အပျိုဖော်၊လူပျိုဖော်ဝင်ချိန် ခန္ဓါကိုယ်က ဘယ်လိုပြောင်းလဲလာမလဲ

အပျိုဖော်/လူပျိုဖော်ဝင်လာပြီဆိုရင် ယောက်ျားလေး တွေရော မိန်းကလေးတွေမှာပါ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ကိုယ့်ခန္ဓါကိုယ်မှာဖွံ့ဖြိုးလာတာတွေက ပုံမှန်ဟုတ်ရဲ့လားဆိုတာကို အများစုက သိပ်မသိကြပါဘူး။ အောက်ပါဆောင်းပါးက မိန်းကလေးနဲ့ယောက်ျားလေးခန္ဓါကိုယ်မှာ ပျိုဖော်ဝင်ချိန်ဖြစ်လာမယ့် အပြောင်းအလဲတွေကို ဆွေးနွေးဖော်ပြမှာဖြစ်ပါတယ်။   ပျိုဖော်ဝင်ခြင်းအစ အသက် ၈ နှစ်နဲ့ ၁၃နှစ်ကြားအရွယ်မှာ ပျိုဖော်ဝင်ခြင်းစတင်ပါတယ်။ ပျိုဖော်ဝင်ပြောင်းလဲ လာတဲ့ကာလက နှစ်အနည်းငယ်ကြာနိုင်တဲ့အပြင် ကိုယ်အလေးချိန်များတဲ့ မိန်းကလေးတွေမှာ ပျိုဖော်ဝင်စောနိုင်ပြီး အရမ်းပိန်တဲ့ ဒါမှမဟုတ် အားကစားလုပ်တဲ့မိန်းကလေးတွေမှာ နောက်ကျတတ် ပါတယ်။ သင်က အသက် ၁၂နှစ်ပြည့်ပြီးသူဖြစ်ပြီး ရင်သားဖွံ့ဖြိုးမှုလက္ခဏာရှိမလာရင်၊ ဒါမှမဟုတ် သင့်အသက် ၁၅နှစ်ပြည့်ပြီး ရာသီသွေးမပေါ်ဖူးသေးရင် ဆေးရုံသွားပြီး ရောဂါရှာဖွေ၊ဆေးစစ်ကာ အကြံဉာဏ် ရယူဖို့လိုပါတယ်။   မိန်းကလေးတွေမှာဖြစ်လာတဲ့အပြောင်းအလဲများ ခန္ဓါကိုယ်ဖွံ့ထွားလာပြီး တင်ပါးဆုံရိုးတွေ ပြန့်ကားလာပါလိမ့်မယ်။ မိန်းကလေးတွေက ကိုယ်အလေးချိန်တက်လာမှာဖြစ် ပြီး အထူးသဖြင့် တင်ပါးတဝိုက်မှာ ဖွံ့ဖြိုးလာပါမယ်။ ဒီအချက်မှာ ကိုယ်အလေးချိန်တိုးလာတာ မကောင်းဘူး လို့ မယူဆသင့်ပါဘူး။ တကယ်တော့ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ကလေးတွေနဲ့ လူငယ်တွေအပေါ် ဂီတက ဘယ်လို သက်ရောက်မှု ရှိသလဲ

ဂီတမရှိတဲ့ကမ္ဘာကြီးကို မြင်ယောင်ကြည့်ပါ။ အတော်ကိုပျင်းဖို့ကောင်းပြီး ဆိုးရွားလှမယ့်ကမ္ဘာကြီး ဖြစ်ပါလိမ့်မယ်။ ရုံးထဲမှာအလုပ်လုပ်နေကြသူတွေ ဒါမှမဟုတ် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြသူတွေတောင် နောက်ခံသီချင်းလေးတော့ ခပ်တိုးတိုးလေးဖွင့်ပြီး အလုပ်လုပ်တတ်ကြတာပါ။ ကျွန်တော်တို့ခေါင်းထဲမှာသီချင်းသံစဉ်စာသားလေးတွေက အချိန်တော်တော်များများဆိုသလို တရစ်ဝဲဝဲ ဖြစ်နေတတ်ကြပါတယ်။ ဟုတ်ပါတယ်။ ဂီတဟာမရှိမဖြစ်လိုအပ်ပြီး သူ့ရဲ့အကျိုးသက်ရောက်မှုလေးတွေလည်း ရှိပါတယ်။ ကဲ... ဒီဆောင်းပါးမှာဆိုရင် ကလေးတွေနဲ့လူငယ်တွေအပေါ်သက်ရောက်တဲ့ ဂီတရဲ့လွှမ်းမိုးမှုတွေကို ကြည့်ကြစို့ရဲ့။ ဂီတရဲ့အကျိုးကျေးဇူးများ ကိုယ်ဝန်ဆောင်မိခင်တယောက်အနေနဲ့ ဗိုက်ပေါ်မှာနားကြပ်တင်ပြီး ကလေးလေးနားထောင်ဖို့သီချင်းဖွင့်ပေးထားတာမျိုးကို မြင်ရတာဟာ အဆန်းမဟုတ်တော့ပါဘူး။ ဦးနှောက်စွမ်းရည် မြင့်မားတာ၊ နားထောင်စွမ်းရည်တိုးတက်တာ၊ ဘာသာစကားနဲ့မှတ်ဉာဏ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေ ခံစားရတာအစရှိတဲ့ ကောင်းကျိုးတွေကို သီချင်းနားထောင်ခြင်းကနေ ရရှိနိုင်ပါတယ်။ ဦးနှောက်စွမ်းရည်ကိုလည်း တိုးတက်လာစေပါတယ်။ ဒါတွေအားလုံး ပေါင်းလိုက်ရင် ကလေးလေးအသက်ကြီးလာတဲ့အခါ ပညာရေးအတွက် အများကြီးအထောက်အကူဖြစ်စေမှာအမှန်ပါပဲ။ ဒါ့အပြင် ဘော်စတွန်ကလေးဆေးရုံကြီးကပညာရှင်တွေ ပြုလုပ်တဲ့ လေ့လာချက်တခုအရ တူရိယာပစ္စည်းတွေ တီးခတ်ခြင်းဟာ အချိန်ကိုစီမံခန့်ခွဲနိုင်စွမ်း၊ စိတ်အာရုံစူးစိုက်နိုင်စွမ်း၊ အတွေးတွေကိုစုစည်းနိုင်စွမ်းနဲ့အမူအကျင့်တွေ ကောင်းမွန်အောင် ထိန်းချုပ်နိုင်စွမ်းစတာတွေကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

အကြမ်းပတမ်း ရုပ်ရှင်တွေကြည့်ခြင်းက ကလေးတွေကို ထိခိုက်စေသလား

ဒါဟာ လူတွေကြားထဲမှာ ပြောစရာ ဖြစ်နေခဲ့တာ ကြာပါပြီ။ သိပ်ပြီး မတွေးတတ်၊မခေါ်တတ်တဲ့ ခပ်ရိုးရိုးလူတယောက်အနေနဲ့ ဆိုရင်တောင် ဒီလိုမျိုး ရုပ်ရှင်တွေ၊ဇာတ်လမ်းတွေထဲမှာ ကြမ်းပြရမ်းပြနေတာတွေဟာ ရေရှည်မှာ ဆိုးကျိုးတွေကို ဖြစ်လာစေမယ်ဆိုတာ နားလည်ပါတယ်။ အလွယ်ဆုံး ပြောရရင် အကြမ်းပတမ်းလုပ်ရပ်တွေကနေ အကြမ်းပတမ်းအကျိုးဆက်တွေပဲ ဖြစ်လာပါလိမ့်မယ်။   စိတ်ပညာရှုထောင့်အရ အကျိုးသက်ရောက်မှု ကလေးငယ်တွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာရင်းနဲ့ အရွယ်ရောက်လာတာ ဖြစ်ပါတယ်။ ကလေးတွေဟာ အဖြူထည်လေးတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရေးခြယ်လိုက်သမျှ အရောင်တွေဟာ သူတို့လေးတွေရဲ့ နုနယ်လှတဲ့ စိတ်ထဲမှာ စွဲသွားမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် အပေါ်မှာ ပြောခဲ့သလိုမျိုး ကြမ်းတမ်းရက်စက်တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကလေးတွေကို ကြိမ်ဖန်များစွာ ထိတွေ့စေတဲ့အခါ ဆိုးရွားတဲ့၊မလိုလားအပ်တဲ့ အကျိုးဆက်တွေကို မလွှဲမရှောင်သာ ကြုံတွေ့လာရတော့မှာပဲ ဖြစ်ပါတယ်။ တွေ့ရလေ့ရှိတဲ့ စိုးရိမ်စရာ လက္ခဏာတွေကတော့ ရန်လိုလာတာ၊လက်တွေ့ပြင်ပက အကြမ်းဖက်ရက်စက်မှုတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးတွေ ဒေါသမကြီးအောင် ဘယ်လို သွန်သင်မလဲ

ကလေးတွေဟာ ကမ္ဘာကြီးဆီကို အဖြူထည်လေးတွေအဖြစ် ရောက်လာတာ ဖြစ်ပြီး အင်မတန်မှကို အပြစ်ကင်းပါတယ်။ ဒီလို အပြစ်ကင်းတာကြောင့်ပဲ သူတို့လေးတွေအနေနဲ့ လူသားတွေအားလုံးရင်ဆိုင်နေရတဲ့ အတွင်းအပြင် ပဋိပက္ခ ဖြစ်ပွားမှုတွေရဲ့ ဒဏ်ကိုခံရလေ့ရှိပါတယ်။ အထူးသဖြင့် စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေပေါ့။ လူသားတွေ ထိန်းချုပ်ဖို့ အင်မတန်ခက်ခဲတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတခုကတော့ စိတ်ဆိုးဒေါသထွက်တာပေါ့။ ကလေးတွေမပြောပါနဲ့၊ အရွယ်ရောက်ပြီးသား လူအတော်များများအနေနဲ့ တောင်မှ ဒေါသစိတ်တွေကို မြိုသိပ်ထိန်းချုပ်နိုင်စွမ်း မရှိကြပါဘူး။   သင့်ကလေးတွေအတွက် သင်က စံပြဖြစ်ပါစေ။ ကလေးတွေဟာ ရွှံ့ပျော့လေးတွေလိုပါပဲ ၊လိုသလို ပုံသွင်းလို့ ရပါတယ်။ ဒေါသကြီး၊ကြမ်းတမ်းတတ်တဲ့ မိဘကနေ မွေးဖွားကြီးပြင်းလာတဲ့ ကလေးဟာ ဒေါသကြီးရမ်းကားတတ်မယ်ဆိုတာ တွေးကြည့်ဖို့တောင် မလိုပါဘူး။ သင်ဟာ မိဘနေရာရောက်လာပြီဆိုရင် ကလေးတွေအတွက် စံပြဖြစ်အောင် နေထိုင်တတ်ရပါမယ်။ ဒေါသကို ထိန်းချုပ်တာလည်း တခု အပါအဝင်ပေါ့။ မိဘတွေအနေနဲ့ စိတ်ဆိုးဒေါသထွက်ရမယ့် အခြေအနေတွေနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

Fever In Children (ကလေးဖျားနာခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Fever In Children (ကလေးဖျားနာခြင်း) ကဘာလဲ။ ကလေးတွေမှာ ရောဂါတစ်ခုခုကြောင့် ကိုယ်ပူချိန်မြင့်တက်လာခြင်းကို ခေါ်ပါသည်။ ကလေးတွေရဲ့ ခန္ဓါကိုယ်အတွင်း တစ်ခုခုမှားနေပြီ ဆိုတာကို ဖော်ပြခြင်းလဲ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကလေးတွေမှာ ဖျားခြင်းဟာ ရောဂါအခြေအနေတစ်ခု အထူးသဖြင့် ရောဂါပိုးတစ်စုံတစ်ရာ ကူးစက်ခြင်းကိုပြတယ်လို့ ယူဆကြပါတယ်။ မွေးကင်းစကလေးငယ်တွေမှာ ကိုယ်ပူချိန်တက်ခြင်းမှာ ရောဂါပိုးရှိကြောင်းပြခြင်း ဖြစ်ပါတယ်။ Fever In Children (ကလေးဖျားနာခြင်း) က ဘယ်လောက်အဖြစ်များသလဲ ကလေးတွေမှာ ဖျားတာဟာ အဖြစ်များပါတယ်။ ကလေးအကုန်လုံးနီးပါး တစ်ချိန်ချိန်မှာတော့ ဖျားနိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများFever In Children (ကလေးဖျားနာခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ကလေးတွေမှာ ဖျားလျှင် အဖြစ်များဆုံးသော လက္ခဏာတွေမှာ • ကဏှာမငြိမ်ခြင်း၊ နုံးခြင်း၊ တိတ်ဆိတ် ငြိမ်သက်ခြင်း • ကိုယ်နွေးနေခြင်း သို့ […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

မိဘတွေက မိန်းကလေးတစ်ဦးကို အပျိုရည်နှင့် ပတ်သက်ပြီး ကြမ်းတမ်းစွာ ပြောဆိုမိသောအခါ

တချို့တွေက အပျိုရည်နဲ့ပတ်သက်ပြီး ပြောဆိုခြင်းကို သာမန် ဆူပူပြောဆိုခြင်းတစ်မျိုးလိုပဲ သတ်မှတ်ပါတယ်။ ဒါပေမယ့် အမှန်တော့ ဒါထက်ပိုပါတယ်။ မိန်းကလေးတစ်ဦး ဒါမှမဟုတ် အမျိုးသမီးတစ်ဦးကို သူမရဲ့လျှပ်ပေါ်လော်လီစွာ ပြောဆိုပြုမူနေထိုင်ခြင်းအပေါ် အပြစ်ရှိသလိုခံစားလာရအောင် သူမအပျိုရည်နဲ့ပတ်သက်ပြီး စော်ကားပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။ အမျိုးသမီးတွေဟာ အမြဲဗိုင်းကောင်းကျောက်ဖိနေရမယ်ဆိုတာ လူမှုအဖွဲ့အစည်းထဲမှာ ပုံသေသတ်မှတ်ထားတဲ့အရာတစ်ခုလိုဖြစ်နေပါတယ်။ ဒါကြောင့် အမျိုးသမီးတစ်ဦး လွတ်လပ်ပွင့်လင်းစွာ နေထိုင်ပြလိုက်ခြင်းဟာ အပျိုရည်မထိန်းသိမ်းသူ၊ အပျိုမစစ်သူလို့ အခေါ်ခံရမလို ဖြစ်လာပါတယ်။ ဘာကြောင့် ဒီလိုနေလာကြသလဲ အံ့သြစရာကောင်းလောက်အောင်ပဲ မိန်းမငယ်လေးတွေကို ထိုကဲ့သို့ပြုမူနေထိုင်လာစေတာဟာ လူကြီးတွေဖြစ်နေတာပါ။ စိတ်ပညာရှင်တချို့ဟာ ထိုကိစ္စအပေါ် စမ်းသပ်မှုများပြုလုပ်ကြည့်ခဲ့ပါတယ်။ အသက် ခြောက်နှစ်ကနေ ကိုးနှစ်အရွယ် မိန်းမငယ်လေး အယောက် ၆၀ ကိုစုပြီး သူတို့ကို အဝတ်အစားနှစ်မျိုးထဲက ရွေးချယ်ခိုင်းပါတယ်။ တစ်မျိုးကတော့ မြှူဆွယ်ဆွဲဆောင်မှု အားကောင်းသော အဝတ်အစားပုံစံဖြစ်ပြီး နောက်တစ်မျိုးကတော့ လုံခြုံသော အဝတ်အစားပုံစံဖြစ်ပါတယ်။ အများစုသော မိန်းမငယ်လေးတွေက မြှူဆွယ်မှုအားကောင်းသော အဝတ်အစားပုံစံကို […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ကလေး ဝမ်းပျက်ဝမ်းလျှော ဖြစ်သောအခါ

ကလေးတိုင်းလိုလို ဝမ်းလျှောနိုင်ပါတယ်။ ယင်းရောဂါဟာ အဖြစ်များပြီး အိမ်မှာပဲကုပြီး ပျောက်သွားတာ များပါတယ်။ နည်းမှန်လမ်းမှန် မကုသပါက ဝမ်းလျှောတယ်ဆိုတာ ကလေးရဲ့ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက် နိုင်ပါတယ်။ ကလေး ဝမ်းလျှောစေတဲ့ အရာများ ဝမ်းလျှောခြင်းဆိုတာ ဝမ်းအရည်များသွားခြင်းကို ခေါ်ပါတယ်။ ညစ်ပတ်သော အစားအစာများ စားခြင်း ၊ ညစ်ပတ်သော သောက်ရေများ သောက်သုံးခြင်းနှင့် ဝမ်းရောဂါဖြစ်နေတဲ့ လူတွေရဲ့ အညစ်အကြေးနဲ့ ထိတွေ့တဲ့အခါမှာ ဝမ်းရောဂါဖြစ်ပွားနိုင်ပါတယ်။ ကလေးတွေမှာ ဝမ်းရောဂါအများဆုံးဖြစ်စေတဲ့ အရာတွေကတော့ ဗိုင်းရပ်များ ၊ ဘက်တီးရီးယားများ၊ ကပ်ပါးကောင်များ ၊ အစားဓါတ်မတည့်ခြင်းများနဲ့ အစာအဆိပ်သင့်ခြင်းများစသည်တို့ ဖြစ်ပါတယ်။ ကလေးတွေ ဝမ်းလျှောခြင်းရဲ့ အကျိုးဆက်များ နာတာရှည်ဝမ်းရောဂါဟာ မကြာခဏ အပြင်းအထန်ဝမ်းလျှောခြင်းနဲ့ စတင်ပါတယ်။ အကျိုးဆက်ကတော့ အလွန်အာဟာရ ချို့တဲ့သွားခြင်းပါပဲ။ ယင်းရောဂါရဲ့ အန္တရာယ်ဖြစ်စေတဲ့ အရာကတော့ရေဓါတ်ခန်းခြောက် ခြင်းပါပဲ။ ဒါကြောင့် သင့်ကလေး ဝမ်းရောဂါဖြစ်ပါက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း