ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို သင်ကြားပေးရမည့် လူ့တန်ဖိုးများ

မိဘအများစုသည် သူတို့ကလေးများကို မှန်ကန်သော တန်ဖိုးထားမှုများ ရှိစေရန် လိုအပ်ကြောင်း သတိပြုမိကြသည်။ မိဘအများစုသည် လမ်းလျောက်တတ်စကလေး၊ မူကြိုတက်စကလေးများ များကို တန်ဖိုးထားမှုများ သင်ကြားပေးရန် စောလွန်းသေးသည်ဟု ထင်ကြသည်။ သို့သော် ၎င်းသည် အယူအဆမှားသာဖြစ်သည်။ အောက်ပါတို့သည် ကလေးများ အသက် ၅နှစ်မှစ၍ စတင်ထားရှိသင့်သော တန်ဖိုးထားမှုများဖြစ်ပြီး သူတို့ကောင်းစွာ မှတ်ယူစေရန်နည်းလမ်းအချို့ဖြစ်သည်။   ရိုးသားဖြောင့်မတ်ခြင်း သင့်ကလေးသည် စာနယ်ဇင်း မီဒီယာများနှင့် ကြီးပြင်းလာသူဖြစ်လျှင် သူတို့သည် သင်မျှော်လင့်ထားသည်ထက် ပို၍မြန်မြန် အရာတော်တော်များများကို တတ်သိနားလည်ပါလိမ့်မည်။ မီဒီယာများမှ သင့်ကလေးကို သင်ကြားပေးလေ့ရှိသောအရာမှာ လိမ်ညာပြောခြင်းဖြစ်သည်။ သင့်ကလေးကို ငယ်စဉ်ကပင် အမှန်ပြောတတ်စေရန် သင်ကြားပေးရမည်။ ရိုးသားဖြောင့်မတ်မှုကိုတန်ဖိုးထားတတ်အောင် သင်ကြားပေးပြီး သူတို့ကိုလည်းရှေ့ဆောင် လမ်းပြ လုပ်ပြသင့်သည်။ သင့်ကလေးကို ရိုးသားစွာ ဆက်ဆံပါ။ သူတို့ ကို အမှန်ပြောခြင်းကိုချီးကျူးပါ။ ထိုသို့မလုပ်လျှင် အပြစ်တစ်ခုခုပေးပါ။   ယဉ်ကျေးမှုနှင့် အပြန်အလှန်လေးစားမှုရှိခြင်း သင့်ကလေးသည် သင်အခြားသူများကိုဆက်ဆံပုံပေါ်တွင် မူတည်ပြီး […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်ကလေးတွင် သူငယ်ချင်းမရှိလျှင် မည်သို့လုပ်မည်နည်း

ကျွန်ုပ်တို့အားလုံးသည် ကျွန်ုပ်တို့၏ကလေးများကို အကောင်းဆုံးများကိုသာ ရစေလိုကြသည်။ ဖြစ်နိုင်လျှင် အကောင်းဆုံးအစားအစာ၊ အကောင်းဆုံးပညာရေး၊ အကောင်းဆုံး အဝတ်အထည်များကိုသာ ပေးလိုကြသည်။ သို့သော် ကလေးများအတွက်မိဘများ ဘယ်သောအခါမှ မဝယ်ပေးနိုင်သည့် အရာများလည်း ရှိပါသည်။ ထိုအရာများထဲမှတစ်ခုသည် သူငယ်ချင်းမိတ်ဆွေဖြစ်သည်။ သင့်ကလေးကိုသူငယ်ချင်းများရစေရန် ဝယ်မပေးနိုင်သော်လည်း သင့်ကလေးကို ကောင်းမွန်သော လူမှုဆက်ဆံရေးပတ်ဝန်းကျင်ရစေရန် ပြုလုပ်ပေးနိုင်ပါသည်။   သင့်ကလေးကို အခြေခံ လူမှုစည်းကမ်းများကို သင်ကြားပေးပါ။ သင်နှင့် သင့်ကလေးသည် ကျောင်းတွင်တစ်နေ့တာအကြောင်းကို ပြောဆိုဆွေးနွေးရန် အချိန်ပေးနိုင်လျှင် ကောင်းပါသည်။ ထိုအချိန်တွင် သင့်ကလေးနှင့် ဆက်ဆံရေးပိုကောင်းလာပြီး သင့်ကလေးအတွက် အကြံဉာဏ်ကောင်းများပေးနိုင်သော အချိန်လည်း ဖြစ်သည်။ သင့်ကလေးကို အောက်ပါတို့ကို သင်ကြားပေးပါ။ သူငယ်ချင်းခင်မင်မှု၏ အရေးကြီးပုံ။ သူတို့၏ ရွယ်တူသူငယ်ချင်းများကို မည်သို့ကောင်းအောင် ဆက်ဆံရမည်။ မည်သို့ မရိုင်းစေရန် ပြောဆိုပြုမူရမည်။ သူငယ်ချင်းများမှ အန္တရာယ်ရှိသော အရာအတွက်အဖော်ခေါ်လျှင် မည်သို့ငြင်းရမည်ဆိုတဲ့ နည်းလမ်းများကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

မောင်နှမများကြား အသက်ဘယ်လောက်ခြားခြင်းက အကောင်းဆုံးလဲ

ညဘက်မအိပ်ရခြင်းများသက်သာလာပြီး၊ ဘဝသည်လည်း ယခင်အချိန်ကဲ့သို့ ပုံမှန်အချိန်ကို ပြန်ရောက်လာသောအခါ သင့်စိတ်သည် ထိုအရာများကို နောက်တစ်ကြိမ် ကြုံတွေ့ချင်လာသည်။ ဤအချိန်သည် ကလေးနောက်တစ်ယောက်ယူရန် စဉ်းစားသည့်အချိန်ဖြစ်သည်။ သင့်ကလေးများကြားတွင် ကွာခြားရမည့်အသက်ကို သိပ်မစဉ်းစားပါနှင့်၊ အကြီးနှင့် အငယ်ကလေးများကြား အသက်ကွာခြားရမည့် အပိုင်းအခြားများတွင် အကျိုးနှင့်အပြစ်များ ရှိသည်။ အသက်တစ်နှစ်နှင့် အောက်ကွာခြားလျှင် ဘာဖြစ်နိုင်ပါသလဲ။ သင့်ကလေးများ အတူတကွကြီးပြင်းလာသည်ကို မြင်ယောက်ကြည့်ပြီး သင့်အတွက် ကောင်းစွာစီမံခန့်ခွဲနိုင်သည်ဟုထင်လျှင် သင့်ကလေးများကြား အသက်သိပ်မကွာခြင်းသည် သင့်အတွက် သင့်တော်ပါသည်။ လအနည်းငယ်နှင့် နှစ်အနည်းငယ် အလုပ်ရှုပ်နိုင်ပါသည်။ သို့သော် အချိန်တို တစ်ခုကိုသာ အာရုံစိုက်ထားလျှင် အလုပ်ရှုပ်ရမည့် ဆူညံပင်ပန်းသော နှစ်များကို ပျော်ရွှင်ရပါလိမ့်မည်။ ကလေးအကြီးလမ်းလျှောက်တတ်လျှင် သူသည် လူကြီးဖြစ်ချင်သောကြောင့် အစားကိုသူကိုယ်တိုင်စားချင်သည်။ အဝတ်ကို ကိုယ်တိုင်ဝတ်ချင်သည်၊ အခြားသူကို အားမကိုးပဲ ကိုယ့်ဘာသာလုပ်ချင်လာခြင်းဖြင့် ပုံစံပြောင်းလာပါလိမ့်မည်။ ကလေးအငယ်သည် သူ့အတွက် စိတ်ဝင်စားစရာကောင်းပြီး ကစားနည်းများကို အတူကစားပြီး ပျော်ရွှင်နေနိုင်သည်။ သူတို့အချင်းချင်း […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

သင့်ကလေးကို ဘာကြောင့်ရေကူးသင်ပေးသင့်ပါသလဲ

ရေကူးခြင်းသည် ကလေးများ အနှစ်သက်ဆုံးသော ကစားနည်းဖြစ်သည်။ ကလေးများသည် ရေကူးကန်ထဲတွင် တစ်နေကုန်ဆော့ရခြင်းကို နှစ်သက်ကြသည်။ သို့သော် ရေကူးခြင်းသည် အပျော်သက်သက်သာမဟုတ်ပဲ သေချာစွာလေ့ကျင့်သင်ကြားပေးလျှင် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာရနိုင်သည့်အပြင် အသက်ကိုလည်း ကယ်နိုင်သည်။ ၁။ ဘေးကင်းလုံခြံမှု မတော်တဆ ရေနစ်ခြင်းသည် တစ်နှစ်မှ လေးနှစ်အတွင်းတွင် ကလေးများသေဆုံးသော အကြောင်းရင်းထဲမှ တစ်ခုဖြစ်သောကြောင့် သင့်ကလေးကို ထိုအန္တရာယ်မှ ကာကွယ်ရန် ရေကူးသင်ပေးသင့်သည်။ ထို့ကြောင့် သင့်ကလေးကို တတ်နိုင်သမျှမြန်မြန် ရေကူးသင်တန်းသို့ သွားရောက်အပ်နှံသင့်သည်။   ၂။ ဖျော်ဖြေရေး ကလေးအများစုသည် ရေကူးကန်သို့ ရေသွားကူးရန် မိဘများကို တောင်းဆိုကြသည်။ ပူအိုက်သည့်ရာသီတွင် ရေကူးရခြင်းသည် ဘာနဲ့မှမလဲနိုင်ပေ။ ထို့ကြောင့် သင့်ကလေးကို ဘေးကင်းစွာ ရေကူးနိုင်ရန် ပြင်ဆင်ပေးထားသင့်သည်။ သင့်ကလေးကို ရေရှိသည့်နားသို့ မသွားခိုင်းမည့်အစား ရေကူးတတ်စေရန် သင်ပေးသင့်သည်။ သင့်ကလေး ကျွမ်းကျင်စွာရေကူးတတ်လျှင် သူ၏ သူငယ်ချင်းများနှင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးဘာကြောင့် အဆက်မပြတ် ငိုကြွေးပါသလဲ

သင့်ကလေးဘာကြောင့်ငိုပါသလဲ။ ကလေးများတွင်သူတို့အကြောင်းနှင့် သူတို့ရှိသည်။ သို့သော် မိဘများသည်ကလေး၏ စိတ်ကို မသိနိုင်သလို ကလေးများကလည်း သိအောင်မပြောနိုင်ကြပေ။ ကလေးများအတွက် အချိန်တိုင်းငိုနေခြင်းသည် ပုံမှန်သာဖြစ်သည်။ ၎င်းသည် သူတို့အတွက်တစ်ခုတည်းသော ဆက်သွယ်ရေးနည်းလမ်းသာဖြစ်သည်။ ကလေးများသည် ဗိုက်ဆာလျှင်၊ စိတ်တိုလျှင်၊ သေးခံလဲပေးစေလိုလျှင်၊ ငိုတတ်ကြသည်။ သို့သော် ငိုခြင်းသည် သူတို့နေမကောင်းနေသောကြောင့်လည်း ဖြစ်နိုင်ပါသည်။ အချိန်တိုင်း ငိုနေခြင်းသည် ကလေးများအတွက် ပုံမှန်ဖြစ်ပါသလား။ သုတေသီများသည် ကလေးတစ်ယောက်ကြီးပြင်းလာသည့်အခါ ငိုသည့် ပုံစံရှိကြောင်း တွေ့ရှိကြသည်။ အသက် ၂ ပတ်မှ ၃ ပတ်တွင် ပို၍ငိုနိုင်ပြီး၊ ၆-၈ ပတ်တွင် အငိုဆုံးဖြစ်သည်။ ထို့နောက် တဖြည်းဖြည်း အငိုနည်းသွားပြီး ၄ လခန့်တွင် အနည်းဆုံးဖြစ်သွားသည်။ ကလေးများသည်နေ့လည်ဘက် နှင့် မနက်စောစောတွင် တစ်နေ့တာလုံး ဖိစီးမှုကို သက်သာစေရန် ပိုငိုကြသည်။ သင့်ကလေး ငိုသည့်ပုံစံသည် ဤကဲ့သို့မဟုတ်လျှင် သင့်ကလေးသည် လေထိုးသောကြောင့် ဗိုက်နာနေခြင်းဖြစ်နိုင်သည်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

23 လ အရွယ်ကလေးငယ်

23 လအရွယ်ကလေးငယ် လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ သင့်ကလေးငယ်ဟာ တစ်နေ့မှာ စကားလုံးအသစ် ဆယ်လုံးလောက်ကို သင်ယူနေပြီ ဖြစ်ပါတယ်။ သင့်ကလေး အသက်နှစ်နှစ်ဝန်းကျင်ရောက်တဲ့အခါမှာ မျှော်လင့်ထားနိုင်တဲ့ ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှုတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ • စကားလုံး နှစ်လုံးကနေ လေးလုံးအထိ ပါတဲ့ စာကြောင်းများ • ရိုးစင်းတဲ့ သီချင်းတွေ ဆိုခြင်း • ရိုးစင်းတဲ့ ညွှန်ကြားချက်တွေ လိုက်နာခြင်း • နာမ်စားတွေကို မှန်ကန်စွာ မဟုတ်ရင်တောင် အသုံးပြုနိုင်ခြင်း • စကားပြောဆိုခြင်းတွေမှာ ကြားတဲ့ စကားတွေကို ပြန်ပြောနိုင်ခြင်း • လူတွေ၊ အရာဝတ္ထုတွေ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို မှတ်မိခြင်း။ တကယ်လို့ သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုဟာ သူ့ရဲ့ ပထမနှစ်နဲ့ ယှဉ်ရင် ကျဆင်းလာနိုင်ပါတယ်။ ပုံမှန်ကလေးတစ်ယောက်ဟာ သူ့အသက်တစ်နှစ်မှာ ကိုယ်အလေးချိန် သုံးဆတိုးလာပေမယ့် အသက်နှစ်နှစ်အရွယ်မှာတော့ ၁.၄ ကီလိုကနေ ၂.၂ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

24 လ (2 နှစ်) အရွယ်ကလေးငယ်

၂၄ လ (၂နှစ်) အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ အခုဆို နှစ်နှစ်ရှိပြီ ဖြစ်ပါတယ်။ အခုအချိန်အထိ သင့်ကလေး ဖြတ်သန်းခဲ့ပြီးတဲ့ milestone တွေ မြောက်မြားစွာ ရှိနေပြီဖြစ်ပါတယ်။ သင့်ကလေးငယ်ဟာ ကိုယ်တိုင် အဝတ်အစား ဝတ်ခြင်း၊ ချွတ်ခြင်းတွေကို ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။ သူဘယ်လို အဝတ်အစားတွေကို ဝတ်ချင်တယ်ဆိုတာကိုလည်း သိနေပြီ ဖြစ်ပါတယ်။ ဒါဟာ သူ့ရဲ့ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ ကျွမ်းကျင်မှုနဲ့ ပြင်းပြတဲ့ အမှီအခို ကင်းမဲ့မှုတွေကို ဖေါ်ပြနေတာ ဖြစ်ပါတယ်။ သင့်ကလေးရဲ့ လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုတွေဟာလည်း တိုးတက်လာနေပါတယ်။ သူဟာ နှစ်ပေလောက်ကို ယုံကြည်မှုရှိနေပြီ ဖြစ်ပါတယ်။ သူဟာ ကုန်ပြီးတော့ ကြမ်းပြင်က အရာဝတ္ထုတွေကို ကောက်နိုင်ပြီ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

25 လ အရွယ်ကလေးငယ်

၂၅ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ စိတ်ကူးဉာဏ်ကွန့်မြုးခြင်းဟာ ကြောက်တတ်တဲ့ ပုံစံမျိုးက လွဲရင် ကျောင်းမတက်ခင် ကလေးငယ်တွေရဲ့ ကျေနပ်ဖွယ်အကောင်းဆုံး အစိတ်အပိုင်း ဖြစ်ပါတယ်။ အသက် ၂ နှစ်ကလေးငယ်ဟာ သူတို့ရှေ့မှာ တွေ့တဲ့ အရာတွေကို ကျော်လွန်ပြီး စိတ်ကူးယဉ်တတ်ကြပါတယ်။ ဒီအရွယ်အချို့ကလေးငယ်တွေဟာ လူစိမ်းတွေကို မကြိုက်ကြပဲ အရင်တုံးက ပြုလုပ်ခဲ့ဖူးတဲ့ အပြုအမူတစ်ခု (ဥပမာ ကာကွယ်ဆေးထိုးခြင်း) ကို သတိရတတ်ကြပါတယ်။ ကျောင်းမတတ်ခင် ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ လောကကြီးကို နားလည်စေဖို့ ဘာတွေလဲ၊ ဘာလို့လဲ၊ ဘယ်လိုလဲ အစရှိတဲ့ မေးခွန်းတွေကို နားလည်စေမယ့် အာရုံကြောပိုင်းဆိုင်ရာ ဆက်သွယ်မှု အမြောက်အမြားပြုလုပ်နေတဲ့ ပျားအုံသဏ္ဍန် နဲ့ ဆင်တူပါတယ်။ သူဟာ မေးခွန်းတွေ အများကြီးကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

26 လအရွယ်ကလေးငယ်

၂၆ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ။ ကျောင်းမနေခင် ကလေးငယ်ဟာ သူတို့ခံစားရမှုတွေနဲ့ ပတ်သက်ပြီး ပြောပြဖို့ အခက်အခဲ ဖြစ်တဲ့အခါ၊ စိတ်တိုတဲ့အခါ၊ ကြောက်တဲ့အခါ ကိုက်တတ်တာကြောင့် သင်ခေါင်းခဲ နေပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကလေးငယ်ဟာ စားသောက်ခြင်း၊ လှမ်းယူခြင်း အစရှိတဲ့ အပြုအမူတွေအတွက် လက်တစ်ဖက်ကို အဓိက အသုံးပြုတာကို သင်သတိထားမိနိုင်ပါတယ်။ ဒီနှစ်မှာတော့ သူသန်တဲ့ လက်ကိုသာ အသုံးများတာမို့ သူဟာ ဘယ်သန်လား၊ ညာသန်လားဆိုတာ သိနိုင်ပါတယ်။   လမ်းလျှောက်တတ်ကာစ ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ ကလေးငယ် ကိုက်ခြင်းဟာ နားလည်လို့ရပေမယ့် ဒါကို လက်ခံရမယ်လို့ မဆိုလိုပါဘူး။ ဒီအပြုအမူဟာ လက်ခံနိုင်ဖွယ်မရှိဘူးဆိုတာ သင့်ကလေးကို သိစေသင့်ပါတယ်။ ကလေးငယ်ကို တည်ငြိမ်စွာ ပြောပြပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

27 လအရွယ်ကလေးငယ်

၂၇ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ လမ်းလျှောက်တတ်ကာစ ကလေးဟာ အခုအချိန်မှာ ဘာတွေ လုပ်နေပြီလဲ သင့်ရဲ့ ကျောင်းမနေခင် ကလေးငယ်ဟာ လူမှုဆက်ဆံရေးဆိုင်ရာ ဖွံ့ဖြိုးမှုတွေ ပြုလုပ်နေပြီဖြစ်ပါတယ်။ သူဟာ အမြဲတမ်း တစ်ယောက်တည်းကစားနေရာကနေ အခြားကလေးတွေကို စိတ်ဝင်စားနေပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ အတူတူ မကစားရင်တောင်မှ တစ်ယောက်နဲ့ တစ်ယောက် သတိပြုမိနေပြီ ဖြစ်ပါတယ်။ အခြားကလေးတွေနဲ့ ကစားခြင်းဟာ၊ ဘေးခြင်းယှဉ် ကစားခြင်း ဖြစ်ရင်တောင် ဒီနှစ်မှာ ပိုမိုအရေးကြီးလာပြီ ဖြစ်ပါတယ်။ ကလေးတွေဟာ အတူတူကစားရတဲ့ ကစားနည်းတွေကို ကစားမှာ ဖြစ်ပါတယ်။ စောစောပိုင်းနှစ်တွေမှာ ကလေးငယ်တွေရဲ့ ဦးနှောက်ဟာ အာရုံကြော ဆက်သွယ်မှုတွေကို ပြုလုပ်နေတာကြောင့် ဘာသာစကားသင်ယူမှု မြန်ဆန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာသာစကား နှစ်မျိုး အသုံးပြုတဲ့အိမ်မှာ ကြီးပြင်းလာတဲ့ ကလေးငယ်တွေဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း