ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့တိုက်ခြင်း က မိခင်ကို ကိုယ်အလေးချိန်ကျစေသလား

ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးဖို့ ဆုံးဖြတ်ရာမှာ အမျိုးသမီးအတော်များများဟာ ကလေးငယ်တွေအတွက် နို့ချိုတိုက်ကျွေးခြင်းတွေရဲ့ အကျိုးကျေးဇူးတွေကို အဓိက ထားကြပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ အိုင်ကျူမြင့်ခြင်း၊ ပန်းနာရင်ကျပ်ရောဂါ (သို့) ဓာတ်မတည့်ခြင်းနှုန်းတွေ လျော့နည်းခြင်းတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ ဒါ့ပြင် မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးမွေးအပြီးမှာ မိခင်တွေကို ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။ ကြာရှည်စွာ ကလေးနို့တိုက်ခြင်း ဟာ ကလေးငယ်တွေသာမက မိခင်တွေမှာလည်း အကျိုးကျေးဇူး ရှိစေနိုင်ပါတယ်။ ကလေးနို့တိုက်ခြင်း ဟာ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ သင့်ကလေးကို နို့တိုက်ခြင်းဟာ အချိန်တွေ၊ အားအင်တွေ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် သူဟာ ကယ်လိုရီအမြောက်အမြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ မိခင်နို့ ၃၀ မီလီလီတာကို ထုတ်ဖို့ ကယ်လိုရီ ၂၀ လောက် လိုအပ်ပါတယ်။ ၆၈ ကီလိုဂရမ် ရှိတဲ့ ပုံမှန်ကိုယ်အလေးချိန်ဝင် အမျိုးသမီးတစ်ယောက်အတွက် မိခင်နို့တိုက်ကျွေးခြင်းဟာ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

မိသားစုနှင့် အတူနေချိန်ကို တိုးမြှင့်နိုင်ဖို့ နည်းလမ်း ၉ ချက်

မိသားစုတွေနဲ့ ပျော်ရွှင်ဖွယ်အချိန်တွေဖြတ်သန်းခြင်းဟာ ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပေမယ့် ဒီခေတ်ရဲ့ နေထိုင်ပုံတွေကြောင့် အလုပ်ရှုပ်ပြီး ဒါကို မေ့နေတတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ သင်ချစ်တဲ့ မိသားစုတွေနဲ့ အတူနေချိန်တွေကို ဘယ်လိုမြှင့်တင်မလဲဆိုတာ ဖေါ်ပြသွားမှာဖြစ်ပါတယ်။ ၁။ ညစာ တူတူစားပါ။ ညစာ တူတူစားခြင်းဟာ အစားတူတူစားခြင်းဆိုတဲ့ အဓိပ္ပာယ် ထက်ပိုလေးနက်ပါတယ်။ ဒါဟာ သင့်မိသားစုနဲ့ ရင်းနှီးတွယ်တာမှု ဖြစ်ပေါ်ဖို့၊ သူတို့ရဲ့ နေ့စဉ်အကြောင်းအရာတွေကို ဝေမျှဖို့ အရေးကြီးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေကို နားထောင်ပြီး သင့်မိသားစုဝင်တွေမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို သိရမှာမို့ ကူညီမှုတွေ၊ အကြံဉာဏ်တွေ ပေးနိုင်ပါတယ်။   ၂။ အရာရာကို အတူတကွ ဖြေရှင်းခြင်း အရာရာကို အတူတကွ ဖြေရှင်းခြင်းဟာ သင့်ကို သင့်ကလေးတွေနဲ့ စကားပြောဖို့ အခွင့်အလမ်းပေးပြီး သူတို့ရဲ့ ခံစားချက်တွေ၊ သူတို့ဘယ်အရာတွေကို ဖြတ်သန်းနေရသလဲဆိုတာ […]


မိခင်နို့တိုက်ကျွေးခြင်း

နို့တိုက်မိခင် အရက်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ

ကလေးမွေးပြီးချိန်မှာ သင်ဟာ လူမှုရေးအရတွေ့ဆုံပွဲတွေ၊ မိသားစု ဆုံတွေ့ပွဲတွေ၊ ကလေးအတွက် ဂုဏ်ပြုပွဲတွေ ကို တက်ရနိုင်ပါတယ်။ ဒီတွေ့ဆုံပွဲတွေမှာတော့ အရက်၊ အကင်တွေ ပါဝင်နိုင်ပါတယ်။ ယေဘုယျအားဖြင့် နို့တိုက်မိခင်တွေဟာ ဝိုင်၊ ဘီယာနဲ့ အရက်တွေကို မသောက်သင့်ပါဘူး။ ဒါပေမယ့် မငြင်းဆန်နိုင်ဘူးဆိုရင် (သို့) ပျော်ချင်တယ်ဆိုရင် ကြိုတင် စီစဉ်သွားသင့်ပါတယ်။ အရက်ဟာ ကလေးငယ်ကို ဘယ်လို သက်ရောက်မှု ရှိသလဲ။ အရက်ဟာ လူတွေပေါ်ကို ကောင်းကျိုးရော ဆိုးကျိုးပါ ရှိပါတယ်။ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေမှာတော့ အရက်ရဲ့ သက်ရောက်မှုဟာ ပိုများနိုင်ပါတယ်။ ဝိုင်တစ်ခွက်လောက်သောက်ခြင်းဟာ သင့်အတွက် ဘာမှမဖြစ်ပေမယ့် သင့်ကလေးငယ်အတွက်တော့ အသည်းက ကောင်းကောင်း မဖွံ့ဖြိုးသေးတာမို့ ထိခိုက်မှု ရှိနိုင်ပါတယ်။ သင့်ကလေးငယ်ရဲ့အသည်းဟာ အရက်ကို သင့်အသည်းကို ချေဖျက်ခြင်း မပြုနိုင်ပါဘူး။ ကိန်းဂဏန်းတွေအရ အသက် ၃ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မီးဖွားပြီးနောက် ရင်သွေးလေးကို အိမ်စခေါ်လာချိန်မှာ ဘာတွေပြင်ဆင်သင့်သလဲ

သင့်ရဲ့ ချစ်လှစွာသော ကလေးငယ်ကို အိမ်ခေါ်လာခြင်းဟာ သင့်စိတ်ထဲမှာ အခါ တစ်ရာလောက် မြင်ယောင်ကြည့်ထားတဲ့ အရေးကြီးတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ အရာရာကို ပြီးပြည့်စုံချင်မှာ ဖြစ်ပါတယ်။ ဆေးရုံကို နှုတ်ဆက်ခြင်း မိခင်အတော်များများဟာ ဆေးရုံကို မသွားမီကတည်းက အိမ်ပြန်လာဖို့အတွက် အဝတ်အစားတွေကို ကြိုတင်စီစဉ်လေ့ ရှိပါတယ်။ ကလေးငယ်တွေဟာ ပထမဆုံးအကြိမ် အိမ်ပြန်လာရာမှာ လိုတာထက်ပိုပြီး ဝတ်ဆင်ထားခြင်း ဖြစ်နိုင်ပါတယ်။ သင့်ကိုယ်သင် အဝတ်ဆင်သလို သင့်ကလေးငယ်ကို ဝတ်စားစေသင့်ပါတယ်။ တကယ်လို့ ပူနေရင် သင့်ကလေးငယ်ကို တီရှပ်နဲ့ ပါးလွှာတဲ့ ချည်ဘောင်းဘီ (သို့) ခြေထောက်ကို ကာထားပေးဖို့ စောင်တွေကို အသုံးပြုသင့်ပါတယ်။ ရာသီဥတုအေးတယ်ဆိုရင်တော့ သင့်ကလေးငယ် မွန်းကျပ်ခြင်းကနေ ကာကွယ်ဖို့ ကလေးငယ်ရဲ့ မျက်နှာပေါ်ကို စောင်ခြုံထားခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ တကယ်လို့ သင်ဟာ သင့်ကလေးငယ်ရဲ့ ဆရာဝန်နဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေး အသက်အရွယ်အလိုက် လုပ်နိုင်သော အိမ်မှုကိစ္စများ

ညစ်ပတ်နေတဲ့ ပန်းကန်တွေ၊ ရှုပ်ပွနေတဲ့ အိပ်ခန်းတွေ၊ ဧည့်ခန်းထဲမှာ အရုပ်တွေ နဲ့ အိမ်မှုကိစ္စတွေဟာ အလွန်များပြားခေါင်းစားလှပါတယ်။ အချို့နေ့တွေမှာတော့ အိမ်အလုပ်တွေကို ရှောင်ခြင်းဟာ ကောင်းတဲ့နည်းလမ်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း မနက်ဖြန်ဆိုတာ အမြဲရှိနေတာပါပဲ။ မနက်ဖြန်မှ လုပ်လည်း ဖြစ်ပါတယ်လို့ လူတိုင်းတွေးဖူးမိကြမှာပါ။ သင့်ကိုယ်သင် ပြန်မေးပါ။ ဘယ်အိမ်အလုပ်တွေက သင့်ကလေးတွေ သင်ယူနိုင်ပြီး လုပ်နိုင်ပါသလဲ။ အသက် ၂-၃ နှစ်။ ရိုးရှင်းတဲ့ အလုပ်လေးတွေ ပေးလုပ်ပြီး ချီးကျူးပါ။ အိမ်အလုပ်တွေဟာ ကလေးတွေကို အရေးကြီးတဲ့ ဘဝအတွက် ကျွမ်းကျင်မှုတွေနဲ့ တစ်အိမ်လုံးက အိမ်အလုပ်တွေကို အတူတကွ လုပ်ဆောင်ကြတယ်ဆိုတာကို သင်ပေးမှာဖြစ်ပါတယ်။ သူတို့ ဘယ်အရွယ်မှာ စတင်နိုင်ပါသလဲ။ လမ်းလျှောက်တတ်ခါစ ကလေးတွေဆို ကူညီနိုင်ပါပြီ။ သူတို့ကို ပေးကူညီလိုက်ပါ။ သူတို့ဟာ အဝတ်တွေကို အဝတ်ခြင်းထဲ ထည့်တတ်ပါတယ်။ မှောက်ကျနေတာတွေကို သုတ်တတ်ပြီး […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

35 လအရွယ်ကလေးငယ်

၃၅ လ အရွယ်ကလေးကို ပြုစုစောင့်ရှောက်ဖို့ ဘာတွေ သိသင့်လဲ တကယ်လို့ သင်ရဲ့ကျောင်းမနေသေးခင်ကလေးက သူ့သူငယ်ချင်းတွေရဲ့မိဘတွေကို ပိုသဘောကျနေတာကိုတွေ့ခဲ့ရင် ဒါကိုတမျိုးမထင်ပါနဲ့။ သူတို့လေးတွေက ညအိပ်ယာဝင်ပုံပြင်ကို အဖေကပဲပြောနိုင်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ အမေကနေ့တိုင်းကျောင်းလိုက်ပို့နေရာက အဖေကလိုက်ပို့ရင် သူတို့အနေနဲ့ စိတ်ကသိကအောင့်ဖြစ်နိုင်ပါတယ်။ ပိုပြီးသိသာတာကတော့ အိမ်ကနေအကြာကြီးခွဲနေတဲ့ မိဘတွေကို ပြန်တွေ့တဲ့အခါ အနေစိမ်းတာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုအခါမျိုးမှာ သင့်ကိုအရမ်းသတိရတယ်၊ ခွဲနေရတာကိုမကြိုက်ဘူး၊ ထပ်ပြီးခွဲသွားဦးမှာလား စသဖြင့်ပြောတတ်ကြပါတယ်။ ကျောင်းမနေသေးခင်ကလေးတွေအတွက် စိတ်ကူးယဉ်မှုနဲ့ လက်တွေ့ဘဝက ခွဲခြားဖို့ဟာ ခက်ခဲတဲ့အတွက် သူတို့လေးတွေက လိမ်ပြောကောင်း ပြောနိုင်ပါတယ်။ သင့်ကို လိမ်ညာချင်တဲ့ စိတ်ရင်းစိတ်ခံမရှိကြပါဘူး။   ကလေးငယ်ဟာ ဘာတွေကို လုပ်ဖို့ ပြင်ဆင်နေပြီလဲ။ တကယ်လို့ သင်ကသင့်ကလေးနဲ့အတူ tea party တွေလုပ်ဖို့၊ အတုံးဆက်တာတွေ board gameတွေ ကစားဖို့ ပျင်းလာပြီဆိုရင် သူကိုတစ်ယောက်တည်းပေးကစားလိုက်ဖို့ ဝန်မလေးပါနဲ့။ တခါတလေ ဒါက သူ့ကိုယ်သူ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်းက ကလေးပန်းနာရင်ကျပ် ဖြစ်ပွားနိုင်ခြေ လျော့နည်းစေသည်

ပန်းနာရင်ကျပ်ရောဂါဟာ အသက်ရှူလမ်းကြောင်း ရောင်ရမ်းမှုကြောင့် ဖြစ်ပြီး ချောင်းဆိုးခြင်း၊ အသက်ရှူစဉ် အသံမြည်ခြင်းနဲ့ မောပန်းခြင်းတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအခြေအနေဟာ များသောအားဖြင့် ကလေးဘဝမှာ အဖြစ်များတတ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေဟာ လူတစ်ဦးချင်းစီပေါ်မူတည်ပြီး မပြင်းထန်ရာကနေ ပြင်းထန်တဲ့ အခြေအနေတွေ အထိ ရှိတတ်ပါတယ်။ Dutch လေ့လာမှုတစ်ခုအရ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်တွေမှာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်ပွားနှုန်းကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အကောင်းဆုံးကာကွယ်ပေးမှုကိုတော့ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခဲ့တဲ့ ကလေးငယ်တွေမှာ အတွေ့များဆုံး ဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးတဲ့ကာလဟာ ကလေးငယ်ရဲ့ ပန်းနာရင်ကျပ်ရောဂါထချိန်တွေနဲ့ ဆက်စပ်မှု ရှိပါတယ်။ မိခင်နို့ မတိုက်ကျွေးတဲ့ကလေးငယ်တွေဟာ မိခင်နို့တိုက်ကျွေးတဲ့ ကလေးငယ်တွေနဲ့ ယှဉ်ရင် ပန်းနာရင်ကျပ်ရောဂါ လက္ခဏာတွေ ဖြစ်ပွားဖို့ ၅၀ ရာခိုင်နှုန်း ပိုများတယ်လို့ သိရပါတယ်။ နို့နဲ့ အခြားအစာအမာတွေကို […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

၄ နှစ် နှင့် ၅ နှစ် ကလေးများအတွက် အစားအသောက်နှင့် အာဟာရ

ကလေးတွေဟာ ကျန်းမာရေးနဲ့ညီတဲ့ အစားအစာတွေစားရတဲ့အခါမှာ ပိုပြီးနေကောင်းကြပါတယ်။ မူကြိုနဲ့ သူငယ်တန်းအရွယ်တွေမှာ သင့်ရဲ့ကလေးဟာ အခြားသောမိသားစုဝင်တွေစားတဲ့အစာအတိုင်း စားသင့်နေပါပြီ။ သင့်ရဲ့တာဝန်ကတော့ ကလေးအတွက် ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်မှာ အာဟာရ ပြည့်ဝတဲ့အစာတွေကို ဖန်တီးဖို့နဲ့ စားချိန်မှန်အောင် အချိန်တစ်ခု သတ်မှတ်ပေးဖို့ပါပဲ။ သင့်ကလေးတွေဟာ သူတို့ဆာ၊မဆာဆိုတာနဲ့ ရလာတဲ့ခွဲတမ်းကို ဘယ်လောက်များများစားမလဲဆိုတာကို သူတို့ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ မူကြိုကလေးလေးက ဘာတွေစားသင့်တာလဲ။ သင့်ရဲ့ကလေးဟာ သူတို့ကိုယ်တိုင်စားတတ်နေပြီး အစားအစာအမျိုးမျိုးကိုလည်း စမ်းသပ်စားသုံးကြည့်နိုင်ပါပြီ။ သင်က သူတို့အတွက် ရွေးချယ်စရာအမျိုးမျိုးပေးသင့်သလို ပုံစံအသစ်၊အရောင်သစ်နဲ့ အရသာအသစ်တွေကိုလည်း ဖန်တီးေးသင့်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ကလေးတွေပျော်ရွှင်ဖို့အတွက် စားစရာတွေကို ဆွဲဆောင်မှုရှိအောင် ဖန်တီးပေးပါ။ ကလေးတွေဟာ အောက်ပါ အစာအုပ်စုတွေကို စုံအောင် စားဖြစ်ဖို့ အရေးကြီးပါတယ်။ ဒီအစာအုပ်စုတွေကတော့ အနှံ၊ အသီးအရွက်၊ အသီးအနှံ၊ နို့နဲ့ အသားတွေပါ။ မူကြိုကလေးအရွယ်ဟာ ဘယ်လောက်များများ စားသင့်သလဲ။ သူတို့ဘာကိုစားမလဲ၊ ဘယ်လောက်စားမလဲဆိုတာ သင့်ကလေးတွေကို ကိုယ်တိုင်ဆုံးဖြတ်ခိုင်းလိုက်ပါ။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဖျော်ရည်များ

ကလေးတွေကို ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေကျွေးဖို့ အရေးကြီးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိကြပါတယ်။ ဒါပေမယ့် သူတို့ကို ကျန်းမာရေးနဲ့ညီတဲ့ဖျော်ရည်တွေ တိုက်ဖို့ကရော- ကလေးတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သောက်စရာတွေများပါတယ်။ ဥပမာ - အသီးဖျော်ရည်၊ Smoothies တွေကနေစလို့ နွားနို့တွေ၊ ပဲနို့တွေ အထိပေါ့။ ဒီအဖျော်ရည်တွေဟာ အရိုးကြီးထွားမှုအတွက် ကယ်လ်ဆီယမ်တွေ၊ စွမ်းအင်တွေနဲ့ ကလေးတွေရဲ့ခုခံအားစနစ်အတွက် ဗီတာမင်နဲ့ သတ္တုဓါတ်တွေကိုပေးစွမ်းပြီး ကလေးရဲ့ကြီးထွားမှုနှုန်းကို သိသိသာသာဖွံ့ဖြိုးလာအောင် ထောက်ပံ့ပေးပါတယ်။ ရေ ရေကိုတော့ ဘယ်အရာကမှအစားထိုးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေက ခန္ဓါကိုယ်ရဲ့ အပူချိန်တွေ၊ အစိုဓါတ်တွေကို ထိန်းညှိပေးပြီး ဝမ်းချုပ်ခြင်းတွေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းတွေကို ကယ်လိုရီတွေ သကြားတွေမပါဘဲ အလိုလို ကာကွယ်ပေးပါတယ်။ ရေဟာ ကလေးတွေရဲ့သွားတွေအတွက် အထူးအရေးကြီးတဲ့ ဖလိုရိုက် ရင်းမြစ်ကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် မိဘတွေဟာ ကလေးတွေ ရေပိုသောက်အောင် တိုက်တွန်းတာမျိုးလုပ်သင့်ပါတယ်။ နွားနို့ နွားနို့ဟာ ကယ်လ်ဆီယမ်၊ ဗီတာမင် ဒီ၊ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ဖခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း

ကိုယ်ဝန်ဆောင်တဲ့အကြောင်းပြောကြရင် လူတိုင်းကတော့ မိခင်ပေါ်မှာပဲ အာရုံစိုက်မိကြတာပါ။ ကျွန်တော်တို့အားလုံးဟာ မိခင်လောင်းတွေအတွက် ကျန်းမာရေးဆိုင်ရာ သတိပြုရမယ့်အချက်အချို့ကို သိနေကြပါတယ်။ ဥပမာ- ဆေးလိပ်သောက်တာ အရက်သောက်တာမျိုးကို ရပ်လိုက်ဖို့၊ အားဆေးသောက်ဖို့၊ ကာကွယ်ဆေးထိုးဖို့၊ များများအနားယူဖို့ နဲ့ အခြားသောအရာတွေပေါ့။ ဒါပေမယ့် လူအများစုကတော့ ဒီကိုယ်ဝန်ဆောင်ကာလမှာ ဖခင်ရဲ့ကျန်းမာရေးကလည်း ကလေးရဲ့ကျန်းမာရေးအပေါ်မှာ အများကြီးလွှမ်းမိုးမှုရှိတယ်ဆိုတာ သတိထားမိကြမှာမဟုတ်ပါဘူး။ တကယ်တမ်းတော့ အမျိုးသားအများစုကလည်း သူတို့ရဲ့ သုက်ပိုးတွေဟာ မမျိုးဥတွေလိုပဲ အရေးကြီးတယ်ဆိုတာ မသိကြပါဘူး။ လေ့လာမှုတွေကတော့ ဆီးချို သို့မဟုတ် အဝလွန်ရောဂါရရိသူတွေရဲ့ သုက်ပိုးတွေက ကလေးမှာလည်း အဝလွန်ရောဂါဖြစ်နိုင်ချေကို တိုးစေပါတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် သင်က ကျန်းမာသန်စွမ်းတဲ့ ကလေးလေးရဲ့အဖေဖြစ်လိုတယ်ဆိုရင် သင့်ရဲ့ ဘဝနေထိုင်မှုပုံစံကို ခုပဲချိန်ညှိလိုက်ပါ။ ၁။ အရက်သောက်ခြင်းကို ထိန်းချုပ်ပါ။ လေ့လာသူတွေကတော့ အရက်သောက်ခြင်းဟာ အမျိုးသားတွေဆီမှာ ပုံမှန်မဟုတ်တဲ့ သုက်ပိုးတွေကို ထုတ်လွှတ်ပေးနေရခြင်းရဲ့ အကြောင်းရင်းပါလို့ဆိုပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း