ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ယောက်ျားလေး နှင့် မိန်းကလေး ဒေါသကြီးတဲ့နေရာမှာ တူညီလား

မကြာသေးမီက လေ့လာမှုတစ်ခုအရ ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေမှာ သူတို့ရဲ့ လိင်ပေါ်မူတည်ပြီး မတူညီတဲ့ ဒေါသအမျိုးအစား ရှိတတ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယောက်ျားလေးရော မိန်းကလေးရောကတော့ သူတို့ရဲ့ လူမှုရေးဆိုင်ရာဒေါသထွက်တဲ့ အပြုအမူတွေအပေါ် တူညီစွာ အပြစ်မကင်းသလို ခံစားရတတ်ပါတယ်။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်းတွေဟာ ဘာတွေလဲ။ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ ဒေါသကြီးခြင်း နှစ်မျိုးရှိပြီး တိုက်ရိုက်ဒေါသကြီးခြင်းနဲ့ သွယ်ဝိုက်ဒေါသကြီးခြင်းတွေ ပါဝင်ပါတယ်။ တိုက်ရိုက်ဒေါသကြီးတဲ့ ကလေးတွေဟာ ကိုယ်ခန္ဓာပိုင်းဆိုင်ရာ အပြုအမူပိုင်းဆိုင်ရာ ဒေါသကြီးတတ်ကြပါတယ်။ ဥပမာ ထုရိုက်ခြင်း၊ ပစ်ချခြင်း၊ အတင်းပြောခြင်းတွေ ပဲ ဖြစ်ပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းမှာတော့ ကလေးငယ်တွေဟာ လူတွေနဲ့ တိုက်ရိုက်ရန်ဖြစ်ခြင်း မရှိဘဲ သူတို့ရဲ့ လူမှုဆက်ဆံရေးကို ပျက်စီးစေတာ ဖြစ်ပါတယ်။ ဒီလေ့လာမှုမှာ သုတေသီတွေက တိုက်ရိုက်ဒေါသကြီးတတ်တဲ့ ကလေးတွေဟာ သွယ်ဝိုက် ဒေါသကြီးတတ်တယ်ဆိုတာကိုလည်း တွေ့ရှိခဲ့ကြပါတယ်။ သွယ်ဝိုက်ဒေါသကြီးခြင်းကို ယောက်ျားလေးနဲ့ မိန်းကလေးတွေ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

အာရုံမစူးစိုက်နိုင်သော ADHD ရောဂါကို တိုးတက်စေသော ငါးကြီးဆီအစွမ်း

ADHD ဆိုတာဘာလဲ။ Attention deficit hyperactivity disorder လို့ခေါ်တဲ့ ADHD ရောဂါဟာ အာရုံကြောနှင့် အပြုအမူပိုင်းဆိုင်ရာ မူမမှန်မှု တစ်ခုဖြစ်ပြီး အာရုံမစူးစိုက်နိုင်ခြင်း၊ စိတ်မရှည်ခြင်းနဲ့ တက်ကြွမှုလွန်ကဲနေခြင်း စတာတွေ လိုတာထက်ပိုပြီးဖြစ်နေတာကို ကြည့်ပြီး ဒီရောဂါလို့ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဒီလက္ခဏာတွေဟာ လူနာရဲ့ သင်ယူမှု၊ ဖွံ့ဖြိုးမှု နဲ့ လူမှုဘဝတွေကိုလည်း အကျိုးသက်ရောက်နိုင်စေပါတယ်။ ဒီလက္ခဏာတွေဟာ အချိန်ကြာလာတာနဲ့အမျှ တိုးတက်လာနိုင်ပေမယ့် အခြေအနေအများစုမှာတော့ ADHD ရောဂါရှင်လို့ သတ်မှတ်ခံထားရသူတွေဟာ ဒီပြဿနာကို အရွယ်ရောက်သည်ထိ ခံစားရလေ့ရှိပါတယ်။ ကုသမှုမခံယူထားတဲ့ ADHDဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးကိုတော့ မထိခိုက်နိုင်ပေမယ့် လူနာရဲ့ဘဝမှာတော့ သူတို့ရဲ့ အခြေခံလုပ်ငန်းဆောင်တာတွေ နဲ့ အရေးကြီးတဲ့အလုပ်တွေကို မလုပ်ဆောင်နိုင်တာကြောင့် အမျိုးမျိုးသော အခက်အခဲတွေကိုတွေ့ကြုံစေပါတယ်။ ADHD လူနာတွေဟာ ထိခိုက်ဒဏ်ရာရရှိမှုတွေ၊ စိတ်ကျရောဂါ၊ ပူပင်သောက၊ အထီးကျန်ဆန်လွန်းခြင်းတွေ၊ တစ်ဦးတည်းသီးသန့်ဆန်လွန်းခြင်းတွေ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

လမ်းလျှောက်တတ်ကာစကလေးကို မိခင်နို့တိုက်ခြင်း

လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးငယ်ငယ်လေးတွေကို တိုက်ကျွေးခြင်းနဲ့ ကွာခြားမှုရှိပါတယ်။ တစ်နှစ်ပြည့် မွေးနေ့မှာ ကလေးငယ်ဟာ အစာအမာတွေကနေ လိုအပ်တဲ့ အာဟာရတွေကို ရရှိနိုင်ပြီ ဖြစ်ပါတယ်။ အတော်များများဟာ နွားနို့ကိုတောင် သောက်နေနိုင်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်ကို ဘယ်နှစ်ကြိမ် မိခင်နို့တိုက်ကျွေးသင့်တယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။ လမ်းလျှောက်တတ်ကာစ ကလေးကိုနို့တိုက်ခြင်း -အသစ်အဆန်း မဟုတ်ပါဘူး။ လမ်းလျှောက်တတ်ကာစ ကလေးတွေကို နို့တိုက်ခြင်းဟာ အသစ်အဆန်းမဟုတ်ပါဘူး။ တကယ်တော့ ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုမှာ ပုံမှန်ဖြစ်ပြီး သဘာဝကျတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ WHO က ပထမ ခြောက်လမှာ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးသင့်ပြီး နို့ချိုတိုက်ကျွေးခြင်းကို ကလေးအသက် နှစ်နှစ်အထိ ဆန္ဒရှိရင် တိုက်ကျွေးနိုင်တယ်လို့ ဆိုပါတယ်။ ဆက်လက်မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ အစားချေးများတဲ့ လမ်းလျှောက်တတ်ကာစ ကလေးငယ်တွေကို အစာစားချင်စိတ် ဖြစ်စေပါတယ်။ တကယ်တော့ မိခင်နို့ပြောင်းလဲမှုတွေဟာ ကလေးငယ်ရဲ့ အာဟာရဆိုင်ရာ […]


ကလေးကျန်းမာရေး

ကလေးချောင်းဆိုးခြင်းလမ်းညွှန်

ဘယ်အရာက ချောင်းဆိုးခြင်းကို ဖြစ်စေပါသလဲ။ သင့်ကလေး ဖျားနေရင် (သို့) သူတို့ကိုယ်ခန္ဓာဟာ ဖျားနာမှုကို တိုက်ခိုက်နေရတယ်ဆိုရင် ကလေးတွေမှာ ချောင်းဆိုးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ချောင်းဆိုးခြင်းဟာ အသက်ရှူလမ်းကြောင်း ရောဂါပိုးဝင်ခြင်း (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ ပန်းနာရင်ကျပ်ရောဂါရဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ ချွဲတွေ၊ သလိပ်တွေဟာ အသက်ရှူလမ်းကြောင်းနံရံတွေမှာ ကပ်နေတယ်ဆိုရင် သင့်ကလေးဟာ အသက်ရှူရခက်ခဲနိုင်ပါတယ်။ ဒီအချိန်မှာ ချောင်းဆိုးခြင်းဟာ လမ်းကြောင်းရှင်းပေးပြီး လေကို အသက်ရှူလမ်းကြောင်းတစ်လျှောက် အဆုတ်အတွင်းကို ချောမွေ့စွာ ဝင်ရောက်စေပါတယ်။   ချောင်းဆိုးခြင်း အမျိုးအစားများ ချောင်းခြောက်ဆိုးခြင်း ချောင်းခြောက်ဆိုးခြင်းတွေကို ပန်းနာရင်ကျပ်ရောဂါ၊ အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းရောဂါပိုးဝင်ခြင်း (ဥပမာ အအေးမိခြင်း၊ တုတ်ကွေးမိခြင်း)၊ အသက်ရှူလမ်းကြောင်း အောက်ပိုင်းရောင်ရမ်းခြင်း၊ လေပြွန်ရောင်ခြင်း၊ အဆုတ်အအေးမိခြင်းတွေမှာ တွေ့ရတတ်ပါတယ်။ ချောင်းနက်ဆိုးခြင်း သူငယ်နာ ချောင်းနက်ဆိုးခြင်းကို လေပြွန်အပေါ်ပိုင်းရောင်ခြင်း တွေမှာတွေ့ရတတ်ပါတယ်။ တအုံးအုံး ကျယ်လောင်သော ချောင်းဆိုးသံ နှင့် အသက်ရှုသွင်းစဉ် ဆူညံသော အသံများ(stridor) […]


ကလေးပြုစုစောင့်ရှောက်ခြင်း

အာရုံစူးစိုက်မှုနှင့် မှတ်ဉာဏ်အားနည်းသော ကလေးများအတွက် အစားအစာများ

ကလေးတွေရဲ့ ဘဝအစပြုတဲ့ ပထမဆုံး နှစ်အနည်းငယ်အတွင်းမှာ သူတို့တွေဟာ အရှိန်အဟုန်နဲ့ ကြီးထွားဖွံ့ဖြိုးကြတာပါ။ သူတို့တွေ ၃နှစ်ပြည့်မြောက်တဲ့အချိန်မှာတော့ ဦးနှောက်ဟာ အရွယ်ရောက်ပြီးသား ဦးနှောက်အရွယ်အစားရဲ့ ၉၀%လောက်ဖွံ့ဖြိုးပြီးနေပါပြီ။ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုဟာ အာဟာရပေါ်မူတည်ပြီး ဒါတွေကလည်း သင်ယူခြင်းနဲ့ အပြုအမူတွေအတွက် အခြေခံအုတ်မြစ်ပါပဲ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး မျှတတဲ့ စားသောက်မှုဟာ ကလေးတွေအတွက်တော့ အာရုံစူးစိုက်မှုတွေ၊ မှတ်ဉာဏ်တွေ၊ စိတ်ကျန်းမာရေးအခြေအနေတွေကို အပြည့်အ၀ ဖွံ့ဖြိုးစေဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။   အကောင်းဆုံးသော နံနက်စာ နံနက်စာဟာ ကျောင်းတက်နေတဲ့အရွယ်ကလေးတွေအတွက်ပါ။ ကျွမ်းကျင်သူတွေကတော့ နံနက်စာစားသုံးသူတွေဟာ မစားသူတွေနဲ့ယှဉ်ရင် ကျောင်းစာမှာ ပိုထူးချွန်ပြီး အပြုအမူပိုင်းမှာလည်း အမှားနည်းတာကို တွေ့ရပါတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သကြားဓါတ်မြင့်မားစွာပါဝင်တဲ့ စားစရာတွေဟာ ကလေးတွေအတွက်တော့ နေ့ခင်းမတိုင်ခင်မှာ စွမ်းအင်ကုန်ခမ်းတာတွေဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီအချိန်ဟာ သူတို့တွေ အတန်းထဲမှာစာသင်နေတုန်း ဥပမာ သင်္ချာတွက်နေတုန်း ဒါမှမဟုတ် စာဖတ်နေတုန်းဖြစ်ရင်ဖြစ်မယ်။ စံပြုထားတဲ့နံနက်စာတွေမှာတော့ ပရိုတိန်းတွေနဲ့ ဖြည်းဖြည်းပဲ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများအတွက် မရှိမဖြစ်လိုအပ်သော အဆီများ

ကျွန်တော်တို့ရဲ့ခန္ဓါကိုယ်ဟာ ပုံမှန်လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်နိုင်ဖို့အတွက် အဆီဓါတ်တွေကို လိုအပ်ပါတယ်။ Essential fatty acids (မရှိမဖြစ်လိုအပ်တဲ့ Fatty Acids အဆီဓါတ်)တွေဟာ ကျွန်တော်တို့ကျန်းမာရေးနဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက် အရေးပါလှပါတယ်။ သူတို့ဟာ ကျန်းမာရေးပြဿနာတော်တော်များများကို ကာကွယ်ပေးနိုင်ဖို့အတွက် လွန်စွာအရေးကြီးတဲ့အရာတွေဖြစ်ပါတယ်။ ဒါကြောင့် ဒီအက်ဆစ်တွေဟာ ကျွန်တော်တို့ကလေးတွေအတွက်ရော ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်စေနိုင်ပါသလဲ။   Essential fatty acid (မရှိမဖြစ် အဆီဓါတ်များ) တွေဟာ ဘာကြောင့်အရေးပါရတာလဲ။ Essential Fatty Acids ( EFAs )တွေဟာ ကျွန်တော်တို့အစားအစာတွေထဲမှာ မရှိမဖြစ်ကို ပါဝင်နေဖို့လိုအပ်တဲ့ အဆီတစ်မျိုးဖြစ်ပါတယ်။ ဒီအဆီဓါတ်တွေကို ခန္ဓါကိုယ်က အလိုအလျောက်ထုတ်ပေးလို့မရပါဘူး။ ဒီအက်ဆစ်တွေဟာ အာရုံကြောစနစ်ရဲ့ တစ်သျှူးတွေကို တည်ဆောက်ပေးပြီး အာရုံကြောတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။ သူတို့ဟာ သွေးလည်ပတ်မှုစနစ်ကိုလည်းအားကောင်းစေပြီး ခုခံစွမ်းအားကိုတည်ဆောက်ပေးကာ အာဟာရဓါတ်တွေကို ခန္ဓါကိုယ်ကစုပ်ယူနိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ခန္ဓါကိုယ်က ဟော်မုန်းနဲ့တူတဲ့အရာတစ်ခုဖြစ်ပြီး မတူညီတဲ့လုပ်ဆောင်မှုအမျိုးမျိုးကိုဆောင်ရွက်ပေးနိုင်တဲ့ prostaglandins […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင့်ကလေး ဘာကြောင့် စိတ်တိုတာလဲ

ကလေးတွေမှာ စိတ်တိုခြင်းဟာ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးကနေ စပြီး ကျန်းမာရေးအခြေအနေတွေ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေအထိ အကြောင်းရင်းများစွာ ကြောင့် ဖြစ်နိုင်ပါတယ်။ သင့်ကလေးရဲ့ ဒေါသကြီးခြင်းကို သေချာစွာ ကိုင်တွယ်ဖြေရှင်းဖို့ အတွက် အခြေခံအကြောင်းရင်းကို သိဖို့လိုအပ်ပါတယ်။ ဒီဆောင်းပါးမှာတော့ ကလေးတွေမှာ ဒေါသကြီးခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းတွေနဲ့ သူတို့ကို ကူညီဖို့ သင်ဘာလုပ်သင့်သလဲဆိုတာတွေကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ကလေးတွေမှာ ဒေါသကြီးခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်း စိတ်ပိုင်းဆိုင်ရာ ရောဂါများ စိတ်ရောဂါရှိတဲ့ ကလေးတွေဟာ စိတ်တိုလွယ်ကြပြီး ဆုံးဖြတ်ချက်မြန်ကြပါတယ်။ တစ်ခါတစ်ရံမှာတော့ သူတို့ဟာ စိတ်ကျတတ်ပြီး စိတ်တိုတတ်ပါတယ်။ စိတ်ကစဉ့်ကလျားရောဂါ စိတ်ကစဉ့်ကလျားရောဂါ ရှိတဲ့ ကလေးတွေဟာ လူတွေပေါ် ယုံကြည်မှုကင်းမဲ့ပြီး ပတ်ဝန်းကျင်ကို သံသယများတတ်ပါတယ်။ သူတို့ရဲ့ ဒေါသဟာ ကြောက်စိတ်ကြောင့် ဖြစ်လာတာ ဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပြဿနာ စိတ်တိုခြင်းဟာ ဒီရောဂါရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အပြုအမူဆိုင်ရာ ပြဿနာ ရှိတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဖောလစ်အက်ဆစ်ဟာ ကလေးတွေရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်

ဖောလစ်အက်ဆစ် အားဖြည့်ဆေးတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာတော့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ဒါဟာ မွေးရာပါချွတ်ယွင်းချက်တွေနဲ့ ကလေးမွေးဖွားခြင်းကို ကာကွယ်ပေးနိုင်တဲ့အပြင် အသက်၃နှစ်အရွယ်ထိ စကားပြောဆိုနိုင်ဖို့ခက်ခဲခြင်းပြဿနာကို လျှော့ချပေးနိုင်ပါတယ်။ ဖောလစ်အက်ဆစ်အားဆေးတစ်မျိုးပဲဖြစ်စေ၊ အခြားသော အားဆေးတွေနဲ့ တွဲသောက်သည်ဖြစ်စေ၊ ဒီလိုမိခင်တွေက မွေးဖွားလာတဲ့ကလေးတွေမှာ စကားပြောနောက်ကျမှုပြဿနာက အခြားသောကလေးတွေနဲ့စာရင် အများကြီးလျော့နည်းနေတာကို တွေ့ရမှာပါ။   ဖောလစ်အက်ဆစ်ဆိုတာဘာလဲ။ ဖောလစ်အက်ဆစ်ဆိုတာ လူလုပ်ဗီတာမင် ဘီ ၉ ပဲဖြစ်ပါတယ်။ ဒါကို ဖောလိတ်လို့ခေါ်ပြီး ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သို့မဟုတ် ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်ထားတဲ့သူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ ကလေးငယ်ရဲ့ ဦးနှောက်နဲ့ ကျောရိုးမမှာ ပြင်းထန်တဲ့မွေးရာပါချွတ်ယွင်းချက်တွေ (NTD- အာရုံကြောပြွန်ချွတ်ယွင်းခြင်း) ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အာရုံကြောပြွန်ဟာ သန္ဓေသားလောင်းရဲ့ ကျောရိုးနဲ့ ဦးနှောက်ဖွံ့ဖြိုးတဲ့နေရာ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီလိုမွေးရာပါချွတ်ယွင်းချက်တွေဟာ အမျိုးသမီးတွေက သူတို့ကိုယ်ဝန်ဆောင်နေမှန်းမသိရစဉ်ကတည်းက ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒါဟာ သင်ကိုယ်ဝန်ဆောင်ဖို့ရည်ရွယ်လိုက်တည်းက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

တစ်ကိုယ်တော်မိခင်တစ်ယောက်အတွက် စိန်ခေါ်မှုများ

ဘယ်အလုပ်ကမိဘဖြစ်ခြင်းထက် ပိုပြီးခက်ခဲပြီးစိတ်ဖိစီးမှုများ နိုင်ပါသလဲ။ ဟုတ်ပါတယ်။ တစ်ဦးတည်းမိဘဖြစ်နေခြင်းဆိုတာကပိုခက်ခဲပါတယ်။ ဒါပေမယ့်လည်းဒါဟာသင်ရွေးချယ်စရာတစ်ခုတည်းသောနည်းလမ်း ဖြစ်နေနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ သင့်ကလေးကိုပြုစုစောင့်ရှောက်ချိန်မှာမလွှဲမရှောင်သာကြုံတွေ့ရနိုင်တဲ့အခက်အခဲတွေအတွက် စိတ်ပိုင်းဆိုင်ရာ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။   ကလေးကို ပြုစုစောင့်ရှောက်စဉ်မှာတစ်ဦးတည်းသောမိဘဖြစ်ခြင်းအတွက် ကြုံတွေ့နိုင်တဲ့ စိန်ခေါ်မှု ငါးမျိုး ၁။ ငွေကြေးဆိုင်ရာစိန်ခေါ်မှုများ တစ်ဦးတည်းသောမိဘတွေဟာပုံမှန်အတိုင်းဆိုနှစ်ယောက်ထမ်းရမယ့် ဝန်ကိုတစ်ယောက်တည်းထမ်းရမှာ ဖြစ်ပါတယ်။ သင့်ဝင်ငွေဟာမိသားစုစားဝတ်နေရေးတည်ငြိမ်ဖို့အတွက် တစ်ခုတည်းသောငွေကြေးအရင်းအမြစ် ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကလေးရဲ့ ဖွံ့ဖြိုးမှုကိုတိုးတက်စေဖို့အတွက် အရင်းအမြစ်နည်းပါးတယ်ဆိုတာကိုမငြင်းနိုင်ပါဘူး။ ငွေကြေးပိုင်းဆိုင်ရာအခက်အခဲတွေကိုရှောင်ကျဉ်နိုင်ဖို့အတွက်သင့်ရဲ့ အခက်အခဲတွေအကြောင်းကိုကလေးငယ်ကိုနားလည်အောင် ရှင်းပြထားသင့်ပြီးသူတို့ကိုရိုးရှင်းတဲ့ ဘဝကိုနေထိုင်နိုင်ဖို့ သင်ကြားပေးသင့်ပါတယ်။   ၂။ လူမှုရေးဆိုင်ရာစိန်ခေါ်မှုများ မိဘတစ်ဦးတည်းရှိတဲ့ မိသားစုတွေဟာပယ်ဖျက်ဖို့ ခဲယဉ်းတဲ့ လူမှုရေးပိုင်းဆိုင်ရာရှောင်ခွာမှုတွေကိုခံရတတ်ပါတယ်။ ဒါ့ပြင် တစ်ဦးတည်းသောမိခင်တွေ၊ ဖခင်တွေဟာသူတို့ ဆက်သွယ်မှု ပြုလုပ်ဖို့အတွက် အချိန်မပေးနိုင်ပဲလူမှုဆက်ဆံရေးစက်ဝိုင်းကိုကျယ်ပြန့်အောင် မပြုလုပ်နိုင်ပါဘူး။   ၃။ သင့်အတွင်းစိတ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှု တစ်ဦးတည်းသောမိဘတွေဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေကိုချရပြီးဒီဆုံးဖြတ်ချက်တွေကိုအပြည့်အဝတာဝန်ယူရပါတယ်။ ဒါကြောင့် တစ်ခါတစ်ရံမှာသင့်အတွက်နဲ့ သင့်ကလေးအတွက် လုပ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာမှန်ကန်ရဲ့လားဆိုပြီးကိုယ့်ကိုယ်ကိုယ် သံသယဝင်နိုင်တဲ့ အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ […]


ကလေးငယ်အာဟာရ

သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ

ကလေးတစ်ယောက် ပထမဦးဆုံး ကျွမ်းကျင်သင့်တာကတော့ သူတို့ဘာသာ အစာစားတာပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့ဘဝကို ခုအရွယ်နဲ့ ဦးမဆောင်နိုင်သေးပေမယ့် သူတို့ ပါးစပ်ထဲထည့်မယ့် အရာကိုတော့ သူတို့ ရွေးချယ်နိုင်ရပါမယ်။ ဒါကြောင့် သူတို့ဘာစားမလဲ၊ မစားဘူးလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဂျီကျတာဟာ ပုံမှန်ပါပဲ။ သူတို့က သူတို့ကြိုက်တာ တစ်မျိုးနှစ်မျိုးလောက်ပဲ စားပြီး ချက်ချင်း စိတ်ပြောင်းလဲမြန်ပြီး နောက်တစ်ခုကို လိုချင်လိုတတ်ပါတယ်။ သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ သင့်ကလေးအစားစားဖို့ ငြင်းဆန်နေတတ်တဲ့ အကြောင်းရင်းများ ကတော့ ကလေးတွေဟာ အစာစားဖို့ ဘာကြောင့်ငြင်းဆန်ကြပါသလဲ မိဘတွေက သူတို့ရဲ့ကလေးကို အစာစားတာ မစားတာနဲ့ ပတ်သက်ပြီး အမြဲ စိတ်ပူတတ်ကြပါတယ်။ ကလေးတွေမှာ နည်းနည်းပဲ စားတာ၊ အစားကြေးများတာနဲ့ စားရန် ငြင်းဆန်တာက ဖြစ်နေကျပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ကလေး တိုးတက်မှုနှုန်းနဲ့ activity […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း