ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးအနိုင်ကျင့်ခြင်း လက္ခဏာများ

Child abuse ဟာ အသက် ၁၈ နှစ်အောက် ကလေးတွေကို အနိုင်ကျင့်ခြင်း ဖြစ်ပါတယ်။ Child abuse ဟာ မသိသာတာကြောင့် လျစ်လျူရှုခြင်း၊ ကလေးကို ဂရုမစိုက်မိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒ့ါပြင် အနိုင်ကျင့်ခံရတဲ့ကလေးတွေဟာ သူတို့ကို ဘာဖြစ်နေတယ်ဆိုတာကို အခြားသူတွေကို ပြောနိုင်ခြင်း မရှိပါဘူး။ အချို့ကလေးတွေဟာ အနိုင်ကျင့်ခြင်း အကြောင်းကို နားမလည်ကြပါဘူး။ လူကြီးသတိမထားမိရင် ကလေးတွေဟာ အကူအညီကင်းမဲ့တတ်ကြပါတယ်။ ဒါကြောင့် မိဘတွေက Child abuse အကြောင်းကို သေချာစွာ နားလည်ဖို့လိုအပ်ပြီး သူ့လက္ခဏာတွေနဲ့ ကလေးကို ဘယ်လိုထောက်ပံ့ပေးရမလဲဆိုတာပါ သိရှိဖို့ လိုအပ်ပါတယ်။ Child abuse ရဲ့ အဖြစ်များတဲ့ အမျိုးအစားတွေက ဘာတွေလဲ။ Child abuse ဟာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ထိခိုက်အောင်လုပ်ခြင်း ထက်ပိုပါတယ်။ ကြမ်းတမ်းစွာ ဆက်ဆံခြင်းကြောင့် ဖြစ်တဲ့ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ […]


ကလေးငယ်အာဟာရ

ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေ

တကယ်လို့ သင်ဟာ အလုပ်လုပ်နေရတဲ့ မေမေဆိုရင် သင့်ကလေးရဲ့ စားသောက်မှုပုံစံနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိနေမှာ အမှန်ပါပဲ။ ကလေးထိန်းနဲ့ ထားခဲ့တာပဲဖြစ်ဖြစ်၊နေ့ကလေးထိန်းကျောင်း ပို့တာပဲဖြစ်ဖြစ် သင့်ကလေး စားသောက်မှုပုံစံမှန်စေဖို့နဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုသာ စားသုံးစေဖို့အတွက် စီမံထားသင့်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ အစာချေရည်ဆန်တက်ခြင်းကြောင့် ရင်ပူတဲ့ရောဂါ (gastroesophageal reflux disease (GERD)) ခံစားနေရရင် စားသောက်မှုပုံစံမမှန်ခြင်းဟာ ရောဂါအခြေအနေကို ပိုဆိုးစေတာမို့ ငယ်ရွယ်စဉ်အချိန်ကတည်းက အစားအသောက်နဲ့ ပတ်သက်တဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်ပေးထားဖို့ အင်မတန် အရေးကြီးပါတယ်။ ရင်ပူခြင်း နဲ့ အက်ဆစ်ရည်ဆန်တက်ခြင်း၊အဝလွန်ခြင်းတို့ မဖြစ်ပေါ်စေဖို့အတွက် ကလေးကို ကူညီပေးရပါမယ်။ ကလေးတွေ စားသောက်မှုပုံစံ မှန်စေဖို့အတွက် လိုက်နာသင့်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။   မိသားစုလက်စုံထမင်းစားချိန်လေးကိုဖန်တီးပါ။ အခြားသော ကလေးတွေလိုပဲ သင့်ကလေးဟာလည်း အစားအသောက်ကို အာရုံလာချင်မှ လာပါလိမ့်မယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးခေါင်းသန်းရှိရင် လုပ်သင့်သည့်အချက် ၃ ချက်

ဦးခေါင်းက သန်းတွေ ဟာ ကလေးအများစုမှာတွေ့ရတတ်ပြီး ခေါင်းယားတာမျိုး၊ မျက်ခုံးတွေနဲ့ မျက်တောင်တွေယားတာမျိုးဖြစ်စေတတ်ပါတယ်။ သူတို့ဟာ အန္တရာယ်မများပေမယ့် ဖြေရှင်းဖို့တော့ အတော်ခက်တဲ့ကိစ္စပါ။ တကယ်လို့သင့်ကလေးမှာ သန်းရှိတယ်ဆိုရင် သင်ဘာလုပ်မလဲ။ ဒီအကြံပြုချက် ၅ချက်ကို လိုက်နာကြည့်လိုက်ပါ။   ကလေးခေါင်းမှာ သန်းရှိမရှိ သေချာကြည့်ပါ။ ပထမဆုံး သင့်ကလေးမှာ သန်းတွေရှိနေတယ်ဆိုတာ အတည်ပြုပါ။ သင့်ကလေးရဲ့ လက္ခဏာတွေကို စစ်ဆေးနိုင်ပြီး သူ့ကိုလည်း စစ်ဆေးခံခိုင်းပါ။   လက္ခဏာတွေကတော့ သန်းတွေဟာ သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ ကလေးဟာ ခေါင်းမှာ မနေနိုင်မထိုင်နိုင်ယားတာကို ခံစားမိနေမယ်။ ယားယံခြင်းကတော့ သန်းစကူးပြီ၊ သန်းစရှိပြီဆိုတာနဲ့ စတင်တာမဟုတ်ပါဘူး။ သင့်ကလေး စတင်ယားလာဖို့အချိန်နဲ့ သူတို့ခေါင်းကို စကုတ်ဖို့အချိန်က ရက်သတ္တပတ် အနည်းငယ်လောက် ကြာနိုင်ပါတယ်။   သင့်ကလေးက ခေါင်းမှာ အကောင်တွေ သွားနေသလို ခံစားချက်တွေရှိလာမယ်။ ကလေးရဲ့ လည်ပင်း၊ ခေါင်းနဲ့ ပုခုံးတွေမှာ အဖုတွေတွေ့လာနိုင်ပါတယ်။ အဖုတွေက သေးငယ်နီရဲပြီး […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေးတွေမှာ တွေ့ရတတ်တဲ့ အစာအိမ်အချဉ်ရည် ဆန်တက်ခြင်း ပြဿနာ

ဆန်တက်ခြင်း ပြဿနာ ကလေးအများစုဟာ တခါတရံ အန်လေ့ရှိကြပါတယ်။ တနေ့ထဲမှာ အကြိမ်ရေ အတော်များများတောင် အန်တတ်ကြပါသေးတယ်။ ဒါဟာစိုးရိမ်စရာမရှိပေမယ့် အန်တာကနေ အခြားသော ပြဿနာတွေဆီ ဦးတည်လာတယ် ဒါမှမဟုတ် အခြားရောဂါလက္ခဏာတွေနဲ့ တွဲလာတယ်ဆိုရင်တော့ အစာအိမ်အချဉ်ရည်ဆန်တက်တာကြောင့် ဖြစ်နိုင်ပြီး ဆေးပညာအရ gastroesophageal reflux disease (GERD) လို့ ခေါ်ပါတယ်။   မွေးကင်းစနဲ့ ကလေးတွေမှာ ဖြစ်တတ်တဲ့ GERD ရဲ့ လက္ခဏာတွေက ဘာလဲ။ GERD ဟာ အကြမ်းဖြင်းအားဖြင့် အရွယ်ရောက်ပြီးသူတွေမှာသာ ဖြစ်ပွားတတ်ပေမယ့် မွေးကင်းစနဲ့ ကလေးတွေမှာလည်း ဖြစ်လာနိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အောက်ဖော်ပြပါ လက္ခဏာတွေ အများဆုံးပြလေ့ရှိပါတယ်။ · မကြာခဏ အန်ခြင်း။ · ချောင်းဆိုးတာရှည်ခြင်း။ · အစားကောင်းကောင်း မစားတော့ခြင်း ဒါမှမဟုတ် အစာစားရခက်ခြင်း (သီးတာ၊နင်တာတွေ ဖြစ်လာပါလိမ့်မယ်)။ · အစာစားနေစဉ် ဒါမှမဟုတ် စားပြီးတဲ့အချိန်မှာ ငိုခြင်း။ · […]


အခြားကလေးကျန်းမာရေးပြဿနာများ

Circumcision For Children (ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း)

ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာဘာလဲ လိင်တံ အရေပြားဖြတ်ခြင်း ဆိုတာ ယောက်ျားတန်ဆာရဲ့ ထိပ်ပိုင်းကို ဖုံးအုပ်ထားတဲ့ အရေပြားကို ခွဲစိတ်ပြီး ဖြတ်တောက်ဖယ်ရှားခြင်း ဖြစ်ပါတယ်။ တချို့ဒေသတွေမှာ အရေပြားဖြတ်ခြင်းကို မွေးခါစကလေးတွေမှာ လုပ်ဆောင်တတ်ကြပါတယ်။ ကြီးမှလုပ်လည်း ရပါတယ်။ တချို့မိသားစုတွေမှာ ဘာသာရေးထုံးတမ်းအရ လုပ်ဆောင်ကြပါတယ်။ ဒါ့အပြင် အရေပြားဖြတ်ခြင်းက လိင်အင်္ဂါသန့်ရှင်းရေး အလွယ်တကူ လုပ်နိုင်ခြင်းနဲ့ လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကျဆင်းစေခြင်း စတဲ့ကောင်းကျိုးတွေ ရှိပါတယ်။ ကလေးများ လိင်တံ အရေပြားဖြတ်ခြင်း ဘာကြောင့် လုပ်ဆောင်သလဲ အောက်ပါ အခြေအနေတွေမှာ လုပ်ဆောင်ပါတယ်။ ဆေးပညာရှုထောင့်။ -ပန်းငုံခြင်း (အရေပြား မပွင့်နိုင်ခြင်း) -Balanitis xerotica obliterans (ပန်းငုံခြင်းနဲ့ ဆီးလမ်းကြောင်းကျဉ်းခြင်းကို ဖြစ်စေတဲ့ အရေပြားရောဂါ) -ရောဂါပိုး ကူးစက်မှု မကြာခဏဖြစ်ပွားခြင်း ဘာသာရေးရှုထောင့်။ အာဖရိကမှ လူမျိုးစုများနဲ့ ကမ္ဘာအနှံ့က လူမျိုးအချို့ဟာ ဘာသာရေးထုံးတမ်းအရ အရေပြားဖြတ်ခြင်းကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ်

သင်ဟာ သားသမီးကို ရိုက်နှက်ဆုံးမတတ်သူလား။ ရိုက်ဆုံးမတဲ့နည်းလမ်းက ကလေးကို တကယ်လိမ္မာသွားစေမှာလား။ မိဘတွေဟာ ကလေးတွေကိုရိုက်ဆုံးမတဲ့အခါ ဒေါသထွက်နေချိန်ဖြစ်တာကြောင့် တစ်ခါတရံ စိတ်မထိန်းနိုင်ဘဲ ကိုယ့်စိတ်ဖြေသလို လုပ်နေမိတတ်ပါတယ်။ မိဘအနေနဲ့ ကိုယ့်စိတ်ကို အရင်ထိန်းပြီးဆုံးမသင့်သလောက်သာဆုံးမမယ်ဆိုရင်အကောင်းဆုံးပါ။ ကလေးကို ရိုက်ပြီးဆုံးမမှာလား ဆိုးကျိုးတွေ ရှိနိုင်ပါတယ် မိဘတွေက ကလေးကို ရိုက်ရတော့မယ်လို့ တွေးလိုက်ရင် အလိုလိုကို စိတ်မာထားရမယ်လို့ ခံယူထားကြပါတယ်။ အသည်းမာရမယ်ပေါ့။ ဒါ့ကြောင့်ပဲ ကလေးကို ရိုက်ပြီးမှ သနားပြီး ပြန်ငိုတဲ့ တချို့မိဘတွေ ရှိပါတယ်။နောက်တစ်ချက်က အခုလို ရိုက်ခံရအောင် ကလေးက သူ့ဘာသာ ဖန်တီးခဲ့တာလို့ တွေးထားတာ ဖြစ်ပါတယ်။ အရိုက်ခံရအောင် လုပ်တာ သူတို့အမှားပဲ၊ ငါတို့မှားတာ မဟုတ်ဘူးလို့ တွေးကြတာပါ။ ရိုက်ဆုံးမလိုက်ရင် ကလေးရဲ့ အပြုအမူတွေကို ခဏတာအတွင်း ထိန်းချုပ်နိုင်မှာလား ကလေးတစ်ယောက်ဟာ အရိုက်ခံလိုက်ရတဲ့အချိန်မှာ သူ့ရဲ့လေ့လာနိုင်စွမ်း၊နားလည်မှတ်သားနိုင်စွမ်းနဲ့ ဆိုင်တဲ့ ဦးနှောက်အပိုင်းမှာ နှိုးဆွလိုက်သလိုဖြစ်စေပါတယ်။ ဒါ့ကြောင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

လေးလံတဲ့ကျောပိုးအိတ်တွေက ကလေးတွေအပေါ်ဘယ်လိုသက်ရောက်မှုတွေရှိနေသလဲ

အသုံးများလာတဲ့ကျောပိုးအိတ် ကျောပိုးအိတ်တွေကို အရောင်အသွေးစုံစုံလင်လင်၊အရွယ်အစားအမျိုးမျိုး။ အသားအမျိုးမျိုး၊ဒီဇိုင်းအမျိုးမျိုးနဲ့ ထွက်ရှိနေတာကြောင့် ကလေးတွေဟာသူတို့ရဲ့ အသက်အရွယ်နဲ့ အလိုက်ရွေးချယ်နိုင်သလို သူတို့နှစ်သက်တဲ့ဒီဇိုင်းတွေကိုလည်းရွေးချယ်နိုင်ပါတယ်။ ကျောပိုးအိတ်တော်တော်များများမှာကျောင်းသားတွေအနေနဲ့ စာအုပ်တွေနဲ့လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ယူဆောင်လို့အဆင်ပြေစေဖို့ အကန့်တွေအများအပြားထည့်သွင်းပြုလုပ်ထားပါတယ်။ဘေးလွယ်အိတ်တွေ၊စလွယ်သိုင်းလွယ်လို့ရတဲ့ အိတ်တွေ၊ လက်ကနေပိုက်လို့ရတဲ့ အိတ်တွေ နဲ့ကျောပိုးအိတ်တွေကိုနှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်ရဲ့ သန်မာတဲ့ကြွက်သားတွေဖြစ်တဲ့နောက်ကျောကြွက်သွား နဲ့ ဝမ်းဗိုက်ကြွက်သားတွေက အိတ်ရဲ့အလေးချိန်ကိုထောက်ပံ့ပေးနိုင်တာကြောင့်ကျောပိုးအိတ်လွယ်တာက အခြားအိတ်တွေထက် ပိုအဆင်ပြေပါတယ်။ ကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်နဲ့လွယ်မယ်ဆိုရင်ကျောပိုးအိတ်ရဲ့အလေးချိန်က ခန္ဓါကိုယ်တစ်ခုလုံးအပေါ်မှာ သက်ရောက်မှာဖြစ်ပြီး အခြားအိတ်တွေလွယ်သလိုမျိုး ပခုံး၊ဂုတ်ပိုးတွေအပေါ်မှာ ဝန်ပိတာမျိုးဖြစ်ပေါ်နိုင်ခြေကိုလျော့ကျစေပါတယ်။ တကယ်လို့များကျောပိုးအိတ်ကို နည်းစနစ်မှန်မှန်မလွယ်ရင်ပဲဖြစ်ဖြစ် ဒါမှမဟုတ် အရမ်းလေးလံအောင်ပစ္စည်းတွေထည့်ပြီးလွယ်ရင်ပဲဖြစ်ဖြစ် ကြွက်သားတွေနဲ့အဆစ်တွေအပေါ်မှာ ဝန်ပိတာမျိုးနဲ့ ခါးနာတာမျိုးတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ကလေးတွေကို သူတို့ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းထက်ပိုများတဲ့ကျောပိုးအိတ်တွေကို မလွယ်ခိုင်းသင့်ပါဘူး၊ လို့ အကြံပြုထားပါတယ်။လေးလံတဲ့ကျောပိုးအိတ်ကို ပခုံးပေါ်မှာ ပုံသဏ္ဍန်မှန်မှန်မထားဘူးဆိုရင် အိတ်ရဲ့အလေးချိန်က ကလေးကိုနောက်ကိုဆွဲနေသလိုဖြစ်နေမှာဖြစ်ပါတယ်။ အလေးချိန်များလွန်းတဲ့ကျောပိုးအိတ်ကြောင့် ကလေးတွေမှာ လက်ပျဉ်ကိုင်းတာနဲ့ ခါးကိုင်းတာမျိုးတွေဖြစ်ပေါ်ခံစားရလာနိုင်ပါတယ်။ကျောရိုးပေါ်မှာ ပုံမှန်မဟုတ်တဲ့ ဝန်ပိမှုက ပခုံး၊ဂုတ်ပိုးနဲ့ခါးနာတာတွေကိုဖြစ်ပေါ်စေပါတယ်။ ပခုံးတစ်ဖက်တည်းမှာပဲကျောပိုးအိတ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေအကျိုးပြုနေပါတယ်။ မိဘတွေက ကလေးရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။ ကလေး ၂ နှစ်ခွဲ နဲ့ ၃ နှစ်အရွယ်လောက်မှာဘာတွေလုပ်နိုင်ပြီလဲ။ ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ - ကောင်းကောင်းပြေးနိုင်နေပြီ၊ ကစားစရာတွေပေါ် တက်တတ်၊ဆင်းတတ်ပြီ၊ ဇွန်းကိုင်ပြီး ကိုယ်တိုင်စားနိုင်ပြီ၊ ခွက်ကိုင်ပြီး ကိုယ်တိုင်သောက်နိုင်ပြီ၊ ဦးတည်ချက်မှန်အောင်မချိန်ရွယ်နိုင်သေးပေမယ့်ဘောလုံးလိုမျိုး ခပ်ပျော့ပျော့အရာတွေကို ကန်တတ်ပြီ၊ လှေကားတက်တတ်ပြီ၊ ပစ်ချင်တဲ့နေရာကိုရောက်အောင်ဘောလုံးကိုပစ်တတ်ပြီ၊ ကိုယ်တိုင် အဝတ်လဲနိုင်ဖို့စသင်ယူနိုင်နေပြီ၊ ကလေးတွေဟာ ၃ နှစ်သားအရွယ်ရောက်လာတဲ့အခါ တစ်ယောက်တည်း လှေကားတွေလည်းတက်နိုင်ဆင်းနိုင်ပြီ၊ ကလေးစက်ဘီးလိုမျိုးခြေထောက်နဲ့နင်းပြီးစီးရတာတွေကို စစီးတတ်ပြီ၊ ဟန်ချက်ညီညီလမ်းလျှောက်တတ်ပြီဖြစ်သလိုခြေဖျားထောက်ပြီး လမ်းလျှောက်တတ်ပြီ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ကျန်းမာရေးနဲ့အညီ စားသောက်တတ်ဖို့သင်ပေးမယ့် ဖေဖေမေမေတို့ သတိပြုစရာအချက်များ

သင့်ကလေးကို ကိုယ်ပြင်ဆင်ပေးတဲ့အစားအစာတွေ စားလာဖို့နဲ့ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်ပုံအလေ့အကျင့် တွေမွေးမြူပေးဖို့ကအရမ်းကြီးအားထုတ်ကြိုးပမ်းစရာမလိုလောက်ပါဘူး။ အောက်ပါအချက်တွေကို နည်းနည်းချင်း သတိထားလုပ်ဆောင်သွားရင်ပဲ ကလေးတွေရဲ့နောက်ပိုင်းဘဝမှာ မှန်ကန်တဲ့စားသောက်ပုံနဲ့ ကျန်းမာတဲ့အလေ့အကျင့်တွေမွေးမြူနိုင်စေပါလိမ့်မယ်။   မိသားစုထမင်းဝိုင်းဖြစ်အောင် တတ်နိုင်သလောက်ကြိုးစားပါ - ဆူပူ၊ငြင်းခုံနေတာထက် စကားစမြည်ပြောဆိုရင်းသာယာတဲ့ ထမင်းစားချိန်ဖြစ်အောင်ကြိုးစားပါ။ ထမင်းစားချိန်က ပျော်စရာမကောင်း ခဲ့ရင် ကလေးတွေက မြန်မြန်စားပြီးထမင်းဝိုင်းကထသွားချင်နေမှာဖြစ်ပြီး စိတ်ဖိစီးမှု/မကျေနပ်စိတ်နဲ့အစာစားရတဲ့အကျင့် ပါသွားနိုင်ပါတယ်။ အိမ်မှာထားမယ့်အစားအစာတွေကို မိဘကပဲသင့်တော်သလိုရွေးချယ်စီစဉ်ပါ - ဘယ်အစားအစာတွေကို ဝယ်ထားမလဲ၊ ကလေးတွေအတွက် ဘာတွေပြင်ဆင်ပေးထားမလဲဆိုတာ မိဘကပဲဆုံးဖြတ်ပါ။ ကလေးတွေကတော့ အာဟာရနည်းတဲ့အစားအစာတွေကိုပဲရွေးမှာဖြစ်ပေမယ့် ဘာတွေကို အိမ်မှာအမြဲထားရှိပေးမလဲဆိုတာကို လူကြီးတွေကဆုံးဖြတ်ရမှာပါ။ ကလေးဆိုတာ အငတ်မနေနိုင်တဲ့အတွက် အိမ်ကကြောင်အိမ်နဲ့ရေခဲသေတ္တာထဲမှာရှိတာကို ရှာစားကြမှာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေ အစားအတွက်စိတ်မပျက်ရအောင်လို့ သူတို့ကြိုက်တဲ့အစားအစာတွေကအာဟာရသိပ်မရှိလည်း တခါတလေတော့ ဝယ်ထည့်ထားနိုင်ပါတယ်။ စားစရာဝယ်ယူတဲ့အခါနဲ့ပြင်ဆင်ချက်ပြုတ်တဲ့အခါမှာ ကလေးတွေကို အတူပါဝင်စေပါ - ဒီလိုအတူပါဝင်စေခြင်းအားဖြင့် ကိုယ့်ကလေးဘာကိုကြိုက်တတ်လဲဆိုတာ ပိုသိလာမယ်၊အာဟာရတန်ဖိုးနဲ့ပတ်သက်ပြီး […]


ကလေးငယ်အာဟာရ

ကလေးခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ

ကလေးခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သောအာဟာရများနှင့် ၎င်းတို့၏လုပ်ဆောင်မှုများ ကလေးတိုင်း ကျန်းမာသန်စွမ်းတဲ့ကလေးတစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုတာက အာဟာရသင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုအပ်တယ်ဆိုတာကို မိဘတိုင်းလိုလို သိရှိပြီးဖြစ်ကြမှာပါ။ ကလေးတွေကို အာဟာရမျှတအောင်ကျွေးမွေးနိုင်စေဖို့အတွက် ကလေးတွေမှာ မဖြစ်မနေလိုအပ်တဲ့ အာဟာရဓါတ်အချို့နဲ့ သူတို့ရဲ့ လုပ်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိုတင်း - ကြွက်သားတွေနဲ့ ကလေးရဲ့ကိုယ်ခန္ဓါက အခြားတစ်ရှုးတွေကို တည်ဆောက်ပေးတဲ့အာဟာရဓါတ်ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ် တိုးတက်ကောင်းမွန်အောင်လည်း အထောက်အပံ့ပေးပါတယ်။ ပရိုတင်းဓါတ်ပါဝင်တဲ့အစားအစာများ - ငါး ကြက်သား ကြက်ဆင်သား အဆီမပါတဲ့အသား အခွံမာသီးတွေ ဥအမျိုးမျိုး နို့အမျိုးမျိုး ဒိန်ချဉ် ချိစ် မြေပဲထောပတ် ပဲပိစပ်အစိမ်း ကာဗိုဟိုက်ဒရိတ်ဓါတ် - ကာဗိုဟိုက်ဒရိတ်က ခန္ဓါကိုယ်အတွက်အလွန်အရေးပါလှတဲ့ စွမ်းအင်အရင်းအမြစ်တစ်ရပ်ဖြစ်ပါတယ်။ ကာဗိုဟိုက်ဒရိတ်က ကလေးတွေရဲ့ ခန္ဓါကိုယ်တည်ဆောက်ဖို့နဲ့ တစ်ရှုးတွေပြုပြင်ဖို့အတွက် အဆီတွေနဲ့ ပရိုတင်းတွေကို အသုံးပြုရာမှာ အထောက်အကူပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို အစားအသောက်အမျိုးမျိုးကနေရရှိနိုင်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ရရှိနိုင်တဲ့အစားအသောက်များ - ပေါင်မုန့် cereals ထမင်း ခရက်ခ်ကာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း