ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးဘ၀ ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ

ကလေးဘဝတွင်ဖြစ်သောရောဂါများကို ကြီးထွားဖွံ့ဖြိုးမှုဆိုင်ရာရောဂါများ သို့မဟုတ် သင်ယူမှုဆိုင်ရာ ရောဂါများဟုခေါ်ပြီး များသောအားဖြင့် ကလေးကျောင်းနေစအရွယ်တွင် ဖြစ်ပွားတတ်ပါသည်။ ဒီရောဂါ၏လက္ခဏာများကို လူကြီးများတွင်ပါ ဖြစ်တတ်သော်လည်း ကလေးအရွယ်တွင် ပထမဦးဆုံး စဖြစ်ပေါ်လာခြင်းဖြစ်သည်။   အာရုံကြောဖွံဖြိုးမှုဆိုင်ရာ ရောဂါများ အာရုံကြောဖွံဖြိုးမှုဆိုင်ရာရောဂါများကို ဗီဇဆိုင်ရာ သို့မဟုတ် နောက်မှဖြစ်လာသော ဦးနှောက်လုပ်ငန်းဆိုင်ရာ မသန်စွမ်းခြင်းဟု ဖော်ပြကြပြီး ကလေး၏အမူအကျင့်များ ကောင်းကောင်းမဖြစ်မြောက်ခြင်း၏ တရားခံဖြစ်သည်။ ၎င်းသည် မှတ်ဉာဏ်နှင့် သင်ယူနိုင်မှုစွမ်းအားကိုပါ ထိခိုက်စေပြီး စိတ်မဖွံဖြိုးခြင်း၊ စာသင်စာဖတ်မရခြင်း၊ သွက်ချာပါဒဖြစ်ခြင်း၊ အော်တစင်ရောဂါတို့ဖြစ်စေပါသည်။ ဗဟိုအာရုံကြောစနစ်ဖွံဖြိုးကြီးထွားရာတွင် ရှုပ်ထွေးသွားခြင်းဟုလည်း ဆိုနိုင်သည်။ ဤရောဂါအမျိုးအစားကို အဓိအားဖြင့် ၄ ခုခွဲထား၏။ သိမြင်ခြင်းဆိုင်ရာပျက်စီးခြင်း၊ အပြုအမူဆိုင်ရာပြဿနာများ၊ ရွေ့လျားလှုပ်ရှားနိုင်စွမ်း ပျက်စီးခြင်းနှင့် တက်ခြင်း တို့ဖြစ်သည်။ အာရုံကြောဖွံဖြိုးမှုဆိုင်ရာ အပြုအမူဆိုင်ရာရောဂါများတွင် ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုရော အင်္ဂါလုပ်ငန်းစဉ်ဆိုင်ရာ ချို့ယွင်းမှုများပါ ပါ၏။ အာရုံကြောဆဲလ်များရွေ့လျားခြင်းကို ဓာတ်ရောင်ခြည်များထိတွေ့မိခြင်း၊ အရက် သို့မဟုတ် မီသိုင်းမာကျူရီတို့ကြောင့် ပျက်စီးစေနိုင်ပါသည်။ အာရုံမစိုက်နိုင်ပဲ တက်ကြွလွန်သည့်ရောဂါ […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

fifth disease ဆိုတာဘာလဲ

Fifth disease (ဗိုင်းရပ်စ်ရောဂါတစ်မျိုး) သည် ပြင်းထန်မှုမရှိသည့် ကူးစက်ရောဂါဖြစ်ပြီး လေပြွန်အထက်ပိုင်းပိုးဝင်သောရောဂါကို ဖြစ်နိုင်ပါသည်။ အသက် ၅ နှစ်နှင့် ၁၄ နှစ်အတွင်း ကလေးများတွင် အဖြစ်များ၏။ သို့သော် တစ်ခါတစ်ရံ အရွယ်ရောက်ပြီးသူများတွင်လည်း တွေ့နိုင်ပါသည်။ ကိုယ်ဝန်ဆောင်များဖြစ်လျှင်တော့ အန္တရာယ်ကြီးနိုင်ပါသည်။ ဗိုင်းရပ်စ်ရောဂါသည် ပါးနီခြင်း၊ လက်မောင်းနှင့် ခြေထောက်များတွင် နီခြင်းတို့ဖြစ်နိုင်ပါသည်။ ထိုရောဂါကိုဖြစ်စေသော ဗိုင်းရပ်စ်အမည်မှာ human Parvovirus B19 ဖြစ်သည်။ ပါဗိုဗိုင်းရပ်စ်ဟုခေါ်၏။ လက္ခဏာများ Fifth disease ၏ အဖြစ်များသောလက္ခဏာများမှာ - · ရောဂါပိုးနှင့် ထိတွေ့ပြီး ၂ - ၃ပတ်အကြာတွင် မျက်နှာ၌ အနီကွက်များ ထလာပါမည်။ ထိုနီမြန်းမှုသည် ပါးရိုက်ထားသည်နှင့်တူပြီး ပါးစပ်တစ်ဝိုက်တွင်တော့ အရောင်ဖျော့နေတတ်သည်။ ထိုလက္ခဏာများကို များသောအားဖြင့် ကလေးများတွင် တွေ့ရပါသည်။ · အနီရောင်အစက်အပြောက်များ လက်မောင်းတွင်ပေါ်လာပြီး ရင်ဘတ်၊ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကိုယ်ပူ နေတဲ့ကလေးကို ဘယ်လိုပြုစုမလဲ။

ဖျားခြင်းသည် ရောဂါပိုးများကို သတ်ပေးနိုင်သောကြောင့် ကလေး ကိုယ်ပူ လာသည်အခါ ဆရာဝန်ခေါ်သင့်မခေါ်သင့် သင်စဉ်းစားရကြပ်နေနိုင်သည်။ ပူသည့်ပမာဏ ဘယ်လောက်များပါစေ စိတ်ပူရမည်မဟုတ်ပါ။ သို့သော် အပြင်းဖျားလျှင် အန္တရာယ်ရှိ၏။ အထူးသဖြင့် တစ်နှစ်အောက် ကလေးများတွင် စိုးရိမ်ရသည်။ မိဘများက ကလေး၏ သာမိုမီတာကို ကြည့်နေမည့်အစား ကလေးအခြေအနေနဲ့ ပြုမူပုံများကို စောင့်ကြည့်သင့်ပါသည်။ ကလေး ကိုယ်ပူ ကျစေမည့် နည်းလမ်းကောင်းများ ကလေးက တက်တက်ကြွကြွ၊ အစားလည်းဝင်၊ အရည်လဲ ကောင်းကောင်းသောက်ပြီး အထူးသဖြင့် ဆီးသွားလျှင်လည်း ပုံမှန်ဆိုပါက ဆေးမလိုပါ။ ကလေး ကိုယ်ပူ ချိန်ကျစေရန် စောင်များဖြင့် ခြုံနေမည့်အစား ပေါ့ပေါ့ပါးပါး ဝတ်ဆင်ပေးသင့်၏။ ကောင်းကောင်းအနားယူခိုင်းပါ။ ရေပတ်တိုက်ပေးပါ။ မအေးတော့သည်နှင့် အဝတ်ကို လဲပြီးအုပ်ပေးရမည်။ ကလေးမကြိုက်ရင် အတင်းအကျပ် ရေပတ်မတိုက်ပါနဲ့။ ကလေးပတ်ဝန်းကျင်ရှိ လေဝင်လေထွက်ကောင်းရန် ပန်ကာကို အနိမ့်ဆုံးနှုန်းအတိုင်းထားပြီး […]


ကလေးငယ်အာဟာရ

ကလေးများအတွက်သင့်လျော်သောစားသောက်နည်းပုံစံ

ကျန်းမာသောစားသောက်နည်းပုံစံဆိုသည်မှာ အစာအုပ်စု များကိုသင့်တင့်မျှတစွာစားသုံးပြီး အဆီနှင့်သကြားဓါတ်ပါ သောအစားအစာကိုလျှော့စားခြင်းကိုဆိုလိုပါတယ်။ ထိုသို့ စားသုံးခြင်းအားဖြင့်ကလေးများအတွက်လိုအပ်သောစွမ်း အင်ကိုပေးစွမ်းနိုင်ပြီး ကျန်းမာစွာကြီးထွားဖွံဖြိုးစေနိုင်ပါ တယ်။ ကလေးများကိုကျန်းမာရေးနှင့်ညီညွှတ်သောအစား အစာများကိုသင့်တင့်မျှတစွာကျွှေးသင့်ပြီးနောင်အနာဂတ် တွင်သင့်လျော်စွာစားတတ်စေရန်အစာအုပ်စုများအကြောင်း သင်ကြားပေးသင့်ပါတယ်။   ၁။ ကျန်းမာရေးနှင့်ညီညွှတ်သောအစားအစာကိုရွေးချယ်ပါ။ အစားအစာများကိုယေဘုယျအားဖြင့် အသီးအနှံ၊ အရွက်၊ အသား၊ အစေ့အဆံ၊ နို့နှင့် နို့ထွက်ပစ္စည်းများဟူ၍အုပ်စု၅စု ခွဲခြားထားပါတယ်။ သို့သော်လည်းမှတ်ရလွယ်ကူစေရန် Go, Slow & Whoa food ဟူ၍၃အုပ်စုခွဲခြားထားပါတယ်။ က။Go Foods ၎င်းသည်ကျန်းမာရေးနှင့်အညီညွှတ်ဆုံးသောအစာအုပ်စုဖြစ် သည်။ ကယ်လိုရီနည်း၍ အာဟာရဓါတ်များသောအစားအ အစာဖြစ်သောကြောင့်အချိန်မရွေးစားသုံးနိုင်ပါတယ်။ အဆီ မပါဝင်သောအသီးအနှံ၊ ပေါင်မုန့်ကြမ်း၊ ဒိန်ချဉ်၊ ခရမ်းချဉ်သီး ဆော့များပါဝင်သည်။ ခ။Slow foods Slow foods များသည် အမြဲတမ်းမစားသင့်သောအစားအ စာများဖြစ်ပြီး သစ်သီးခြောက်၊ ဘီစကွတ်၊ အမဲသားစဉ်း ကော၊ ကြက်သား စသည်တို့ပါဝင်ပါတယ်။ ဂ။Whoa foods ၎င်းသည်ကျန်းမာရေးနှင့်မညီညွှတ်သောအစာအုပ်စုဖြစ်ပြီး အမြဲတမ်းစားသုံးပါကအဝလွန်နိုင်ပါတယ်။ ထို့ကြောင့်တတ် နိုင်သမျှလျှော့စားသင့်ပါတယ်။ ဟမ်ဘာဂါ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများကိုသွားကျန်းမာရေးအတွက်ဘယ်လိုသင်ပေးမလဲ

ကလေးများသည်အသက်၂နှစ်မှစ၍သွားကျန်းမာရေးကိုသင် ယူသင့်ပါတယ်။ ကောင်းမွန်သောသွားကျန်းမာရေးဆိုသည်မှာ သွားတစ်နေ့၂ကြိမ်တိုက်ခြင်း၊ နေ့စဉ်သွားကြားထဲရှိအစာ များကိုသန့်ရှင်းခြင်း နှင့် ခံတွင်းသန့်ဆေးရည်အသုံးပြုခြင်း ကိုဆိုလိုပါတယ်။ ငယ်စဉ်ကပင်ကောင်းမွန်သောသွားကျန်း မာရေးအလေ့အထရှိပါကနောင်သွားပြဿနာများကင်းဝေး နိုင်ပါတယ်။ ၁။ သွားတိုက်ပြီး သွားကြားထဲရှိအစာများကိုရှင်းပါ။ သင်ကိုယ်တိုင်ကလေးနှင့်သွားအတူတိုက်ခြင်းဖြင့် မှန်ကန်သောသွားတိုက်နည်းကိုသင်ပြပါ။ ထိုသို့လုပ်ခြင်းဖြင့်ကလေးများသည်ကောင်းမွန်သော သွားတိုက်နည်းအလေ့အထကိုရ ရှိနိုင်ပါတယ်။ ၂။ ကလေးများကိုသူတို့ကြိုက်နှစ်သက်ရာသွားပွတ်တံနှင့် သွားတိုက်ဆေးကိုရွေးချယ်ပါစေ။ ရောဂါပိုးမွှားများသွားတိုက်တံတွင်မရှိစေရန် သွားတိုက်တံ ကိုအနည်းဆုံး၃လတစ်ကြိမ် လဲလှယ်သင့်ပါတယ်။ ထိုအခါမျိုးတွင် ကလေးစိတ်ကြိုက်သွားပွတ်တံကိုလဲလှယ်ခိုင်းပါ။ ကလေးကြိုက်နှစ်သက်နိုင်သည့်ရောင်စုံ၊ ကာတွန်းပုံစံသွား ပွတ်တံများကိုလည်းရွေးချယ်နိုင်ပါတယ်။ သွားတိုက်ဆေး ရွေးချယ်ရာတွင်လည်းကလေးကြိုက်နှစ်သက်နိုင်မည့်မွှေး၍ ချိုသောသွားတိုက်ဆေးကိုရွေးချယ်ပါ။ ၃။ သွားတိုက်ရန်အချိန်ယူပါ။ သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးများပျော်ရွှင်နိုင်ပါ တယ်။ ၄။ သွားနှင့်ပတ်သက်သောပုံပြင်နှင့် ဗွီဒီယိုများ သွားနှင့်ပတ်သက်သောပုံပြင်များကိုအိပ်ရာမဝင်ခင်ပြောပြခြင်း ခံတွင်းကျန်းမာရေးနှင့်ပတ်သက်သောရုပ်ရှင်များပြသခြင်းဖြင့် ကလေးများသည်ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိပြီး သွားတိုက်ခြင်းအကျိုးကျေးဇူးကိုသိလာနိုင်ပါတယ်။ ၅။ ဆုပေးပါ။ ကောင်းမွန်သောသွားတိုက်နည်းအလေ့အထရရှိနိုင်ရန်ခံတွင်း သန့်ရှင်းရေးလုပ်ပြီးတိုင်းလှပသောstickerပေးခြင်းဖြင့်ဆုချီးမြှင့် လိုက်ပါ။   Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေး ပါ။


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေး သွက်လက်ကျန်းမာအောင် ဘယ်လိုလုပ်မလဲ

ကိုယ်လက်လှုပ်ရှားမှုများသည် ကလေးများရဲ့ ကြွက်သားများ သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာတတ်စေခြင်းတို့ကြောင့် ကလေးများအတွက် အားကစားဟာ အရေးပါပါတယ်။ ၁။ စံပြဖြစ်ပါစေ။ မိဘများသည် အားကစားကို အဓိကထားဦးစားပေး၍ ပြုလုပ်ခြင်းဖြင့် ကလေးများအတွက်စံပြဖြစ်ပါစေ။ ကလေးများကို မိမိနှင့်အတူအားကစားလုပ်စေခြင်းဖြင့် အားကစားကို စိတ်ဝင်စားလာအောင်ပြုလုပ်ပါ။ ရုံးပိတ်ရက်များတွင် မိသားစုလိုက် တောင်တက်ခြင်း သို့ အစာစားပြီးသောအခါ အတူတကွ လမ်းလျှောက်ခြင်းများက ပျော်ရွှင်စရာကောင်းစေမှာပါ။ ၂။ ခွေးမွေးပါ။ ခွေးမွေးထားပါက ခွေးနှင့်အတူဆော့ကစားခြင်း၊ လမ်းလျှောက်ထွက်ခြင်းများ ပြုလုပ်နိုင်ပြီး ကလေးများကို ပို၍ သွက်လက်စေနိုင်မှာပါ။ ၃။ ကျောင်းသွား ကျောင်းပြန်လမ်းလျှောက်ခြင်း ကျောင်းသွား ကျောင်းပြန်လမ်းလျှောက်သွားခြင်းဖြင့် ကလေးများကို ကျန်းမာရေးနှင့်ညီညွှတ်စေပြီး လမ်းစည်းကမ်းများ သင်ယူလေ့လာနိုင်ခြင်းကြောင့် အကျိုးကျေးဇူးများစွာရှိပါ တယ်။ ထို့ပြင် စက်ဘီး သို့မဟုတ် စကူတာစီးခြင်းဟာလည်း သွားလာရလွယ်ကူပြီးကျန်းမာရေးနှင့်ညီညွှတ်ပါတယ်။ ၄။ အပြင်ထွက်ကစားခိုင်းပါ။ စိမ်းလန်းသောပတ်ဝန်းကျင်နှင့် မိနစ်၂၀ထက်ပို၍ထိတွေ့သော ကလေးများသည် အခြားသောကလေးများထက် ၅ဆပို၍တက်ကြွသည်ဟု အချို့သော သုတေသနပညာရှင်များက တွေ့ရှိထားသည်။ ပတ်ဝန်းကျင်သည် ကလေးများ၏ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

သင်ယူမှုဆိုင်ရာရောဂါဖြစ်နေတဲ့ကလေးကို ဘယ်လိုထောက်ပံ့ပေးမလဲ

သင်ယူလို့မရနိုင်သည့်ကလေးများတွင် တစ်ချို့သောအရာများကို သင်ယူနိုင်ရန် ခက်ခဲကြောင်း တွေ့ရှိရပါသည်။ စကားပြော၊ အရေး၊ အဖတ်၊ သတ်ပုံ သို့မဟုတ် သချာၤတို့တွင်လည်း အခက်အခဲရှိနိုင်၏။ သို့သော် သင်ယူမှုဆိုင်ရာရောဂါများရှိနေသည့် ကလေးအား ဘယ်လိုထောက်ပံ့ပေးမလဲဆိုတာ သိထားခြင်းဖြင့် ထိုမလုပ်နိုင်သည်များကို ဖြေရှင်းနိုင်ပြီး ကျောင်းနှင့် တခြားနယ်ပယ်များတွင် အောင်မြင်အောင် ကူညီပေးနိုင်ပါသည်။   ကလေး၏ အကောင်းဆုံးသင်ယူမှုပုံစံကို သိအောင်လုပ်ပါ လူတိုင်းတွင် သူများနှင့်မတူသော သင်ယူမှုပုံစံများ ရှိတတ်သည်။ ရောဂါရှိရှိ မရှိရှိ မဆိုင်ပါ။ မိဘများအနေဖြင့် ကလေးသည် စာဖတ်ခြင်း၊ မြင်တွေ့ခြင်း၊ နားထောင်ခြင်း သို့မဟုတ် လက်တွေ့လုပ်ခြင်း တစ်ခုခုနှင့် ဘယ်ဟာက ပိုတတ်မြောက်လွယ်သလဲဆိုသည်ကို သိထားသင့်၏။ ကလေးလေ့လာသင်ယူသည့် အကောင်းဆုံးပုံစံကို သိသည်နှင့် ကလေးကို သင်ကြားရာ၌ အထောက်အကူပြုပါနိုင်ပါသည်။ စာဖတ်ခြင်း၊ မြင်တွေ့ရခြင်း၊ စာအုပ်များသုံးခြင်း၊ ဗီဒီယို၊ ဖလက်ရှ်ကဒ်များနှင့် အမြင်သင်ထောက်ကူ စသည့် တစ်ခုခုနှင့် ပိုသင်လွယ်တတ်လွယ်သည်ဆိုပါက […]


ကလေးငယ်အာဟာရ

ကလေးများကြီးထွားဖွံဖြိုးရာတွင် အရေးပါသော ဗီတာမင်များ

ဗီတာမင်များသည် ဆဲလ်ကြီးထွားမှုအရှိန်နှင့် ကွာလတီပေါ် လွှမ်းမိုးနိုင်သည့်အတွက် လူကြီးများအတွက်သာမက ကလေးများအတွက်ပါ မရှိမဖြစ်လိုအပ်ပါသည်။ ဗီတာမင်ကောင်းကောင်းမရပါက ကြီးထွားဖွံဖြိုးမှုဖြစ်စဉ်ကို ထိခိုက်စေပြီး တစ်ခြားသော ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများကို ဖြစ်သွားစေနိုင်ပါသည်။ ဗီတာမင် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး နှင့် ကေ အပါအဝင် အဓိကဗီတာမင် ၆ မျိုးရှိ၏။   ဗီတာမင်အေ ဤဗီတာမင်သည် မျက်လုံးအမြင်အာရုံအတွက် အရေးကြီး၏။ ထို့အပြင် ဗီတာမင်အေကို နေ့စဉ်လုံလောက်စွာရရှိနေပါက သင်၏ကိုယ်ခံအားစနစ်ကို အားမြှင့်ပေးပြီး ဆဲလ်နှင့်အရိုးများ၏ ပုံမှန်ကြီးထွားမှုကို အားပေးပါသည်။ ဗီတာမင်အေကြွယ်ဝသော အစားအစာများမှာ နို့၊ ချိစ်၊ ဥများ၊ အထူးသဖြင့် အနီရောင် ဟင်းသီးဟင်းရွက်များဖြစ်သည့် မုန်လာဥနီနှင့် ခရမ်းချဉ်သီးတို့ဖြစ်သည်။   ဗီတာမင်ဘီ ဗီတာမင်ဘီအုပ်စုတွင် B1, B2, B6, B12, နိုင်ရာစင်၊ ဖောလစ်အက်စစ်၊ ဘိုင်အိုတင်နှင့် ပန်တိုသန်းနစ်အက်စစ်တို့ ပါဝင်သည်။ ဤဗီတာမင်အုပ်စုသည် ဇီဝရုပ်ဖြစ်ပျက်ရာနှင့် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါတွေက ဘာတွေလဲ

လူကြီးတွေလိုမျိုးပဲ ကလေးတွေဟာလည်း သူတို့ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ လူကြီးတွေမှာလိုပဲ ကလေးတွေမှာ စိတ်ရောဂါလက္ခဏာတွေဟာ တိကျမှုမရှိတာကြောင့် ရောဂါရှိကြောင်း သိရှိဖို့ ခက်ခဲပါတယ်။ ကလေးတွေမှာ အဖြစ်များတဲ့ စိတ်ရောဂါအတော်များများဟာ မွေးရာပါဖြစ်ပါတယ်။ မိဘတွေက ကလေးမှာ ဖြစ်နိုင်တဲ့ စိတ်ရောဂါတွေ၊ လက္ခဏာတွေနဲ့ ကာကွယ်ခြင်းတွေကို နားလည်ပြီး ကလေးတွေကို သဘာဝအတိုင်း ကြီးထွားလာအောင် ကာကွယ်ပေးသင့်ပါတယ်။ ကလေးတွေမှာဖြစ်တဲ့ စိတ်ရောဂါလက္ခဏာတွေက ဘာတွေလဲ။ စိတ်ပူခြင်း ဒီရောဂါဟာ လူကြီးတွေမှာ အဖြစ်များပေမယ့် ကလေးတွေမှာ လက္ခဏာတူညီခြင်းမရှိပါဘူး။ တကယ်လို့ သင့်ကလေးက အချို့အရာတွေ၊ အဖြစ်အပျက်တွေကို ကြောက်ရွံ့၊ စိုးရိမ်မှုနဲ့ တုန့်ပြန်တယ်ဆိုရင်၊ ငိုရင်၊ အာခေါင်ခြစ်အော်ရင် ဒါဟာ စိတ်ရောဂါ လက္ခဏာ တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ တခါတရံမှာ ပြင်းထန်တဲ့ အခြေအနေတွေမှာ စိတ်လှုပ်ရှားခြင်းရဲ့ လက္ခဏာတွေ ဖြစ်တဲ့ နှလုံးခုန်မြန်ခြင်း၊ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးများတွင် ဖြစ်သော စိတ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာများ

စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုဟာ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးရော လူကြီးပါ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လက္ခဏာတွေက ကွာခြားမှု ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိနိုင်ဖို့ လက္ခဏာတွေကို ရှာဖွေသင့်ပါတယ်။   စိတ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို သိရှိဖို့ ခက်ခဲပါတယ်။ တခါတရံမှာ ဒါကို ဘာလဲဆိုတာမသိပဲ အခြားရောဂါထင်တာမို့ လိုအပ်တဲ့ကုသမှုတွေကို မရရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကို သိရှိနားလည်ခြင်းဟာ သင့်ကလေးငယ်ကို သူတို့လိုချင်တဲ့ အရာတွေ ရရှိဖို့ ကူညီပေးနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ သင့်ကလေးငယ်ဟာ ဝမ်းနည်းနေပြီး နှစ်ပတ်ထက်ပို ကြာမြင့်ခြင်း (သို့) သူတို့ရဲ့ ခံစားချက်တွေကြောင့် စာလုပ်ခြင်း၊ အိမ်၊ ကျောင်းတွေမှာ ဆက်ဆံရေး အဆင်မပြေခြင်းတွေကို တွေ့နိုင်ပါတယ်။ သူတို့ဟာ ရုတ်တရက်ပျော်ပြီး ခဏနေ စိတ်မကောင်းကြီးစွာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ပြောင်းလဲမှုတွေက အချိန်အကြာကြီး ကြာမြင့်နိုင်ပါတယ်။ ပြင်းထန်သော […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း