ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးရဲ့အရပ်နဲ့ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲ

ကလေးရဲ့အရပ်နဲ့ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲ ကလေးရဲ့အရပ် ပုမလား၊ မြင့်မလား ဆိုတာနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိစေတဲ့ အကြောင်းအချက်တွေ အများကြီးရှိပါတယ်။ ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုနဲ့ မျိုးဗီဇကိစ္စရပ်တွေက ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ သက်ရောက်မှုကြီးမားတဲ့အရာတွေဖြစ်ပေမယ့် တခြားအချက်တွေကလည်း အရေးပါနေပါတယ်။ ကလေးရဲ့ကြီးထွားမှုနှုန်းက ပုံမှန်နဲ့စတင်ပြီးမှ တဖြည်းဖြည်းနှေးလာတယ်ဆိုရင် ကလေးကြီးထွားမှုနှုန်းပြ ဇယားမှာ ကြည့်ပြီးသိနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးနေရာက အရပ်အမောင်းမှာ စတင်နှေးကွေးလာပြီဆိုရင်တော့ စိုးရိမ်စိတ်တွေဖြစ်လာရပါပြီ။ ကြီးထွားမှုနှေးကွေးနေတာက တခြားကျန်းမာရေးပြဿနာများရှိနေလို့လား။ ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုကို သက်ရောက်မှုရှိစေတဲ့ ကျန်းမာရေးပြဿနာတွေအများကြီးရှိပါတယ်။ အစားအလွန်အကျွံစားခြင်းက ကြီးထွားမှုလွန်ကဲအောင်နှိုးဆွပေးနိုင်ပြီး ကလေးကို အရွယ်နဲ့မလိုက်အောင် အရပ်ပိုရှည်သွားစေ တတ်ပါတယ်။ ကျောက်ကပ်ရောဂါ ဒါမှမဟုတ် အာဟာရဓါတ်မစုပ်ယူနိုင်တဲ့ရောဂါ တို့လို ရောဂါအခြေအနေတွေက ကြီးထွားမှုနှုန်းကို သိသိသာသာနှေးကွေးသွားစေနိုင်ပါတယ်။ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှု အတွက်က သိုင်းရွိုက်ဟော်မုန်းနဲ့ ကြီးထွားမှုဟော်မုန်းတို့က မရှိမဖြစ်အရေးပါပါတယ်။ ကလေးရဲ့ကြီးထွားမှုနှုန်းနဲ့ အရပ်အမောင်းတို့အပေါ် သက်ရောက်စေနိုင်တဲ့ အကြောင်းရင်းအချက်တွေထဲက တချို့ကို ဖော်ပြလိုက်ပါတယ်။ ကျား/မ လိင်ကွဲပြားမှု ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုက […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

အအေးမိခြင်းနဲ့တုပ်ကွေးတို့လို ကူးစက်နိုင်တဲ့ရောဂါတွေဟာ ကူးစက်ပြန့်ပွားနိုင်စွမ်းမြင့်မားပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေဖြစ်နေကျ ဖြစ်တဲ့ရာသီမှာ နာမကျန်းဖြစ်ခဲ့ရင်တောင် ရောဂါရဲ့ပြင်းထန်မှုအဆင့်နဲ့ တာရှည်မှုကာလတို့က ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှု၊ ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်ရဲ့တိုက်ထုတ်နိုင်စွမ်းပေါ်မှာ အများကြီးမူတည်နေပါတယ်။ အအေးမိ၊ တုပ်ကွေးဝေဒနာတွေဟာ ကလေးတွေရဲ့ဘဝမှာ ကြုံရနေကျဖြစ်ပေမယ့် နေမကောင်းဖြစ်ရတဲ့ရက်တွေ နည်းသွားအောင် မိဘတွေကကြိုးစားပေးနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒါဆို ကိုယ့်ကလေးကို သူနေ့စဉ်ထိတွေ့နေရတဲ့ရောဂါပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေရန်က ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်ရမလဲ။ ကလေးတွေဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ တခြားပိုးတွေနဲ့ဆက်တိုက် ရင်ဆိုင်ရင်းနဲ့မှ ကိုယ်ခံအားကို တဖြည်းဖြည်းကျင့်ယူကြတာဖြစ်ပါတယ်။ (တစ်နှစ်မှာ အအေးမိရောဂါပိုး၊တုပ်ကွေးပိုး၊ ဒါမှမဟုတ် နားပိုးဝင်ခြင်း ၆ ကြိမ်မှ ၈ ကြိမ် ဖြစ်လေ့ရှိတာပုံမှန်ဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက ယူဆပါတယ်) ဒါပေမယ့် ကလေးရဲ့ကိုယ်ခံအားစနစ်ကို တိုးတက်စေမယ့် အချက်တချို့ကို အသုံးချနိုင်ပါတယ်။ ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ ဆိုတော့ (၁) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများကျွေးပါ- […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို ကျန်းမာရေးနဲ့ညီညွတ်စွာရွေးချယ်စားသုံးသူတွေဖြစ်လာအောင်ပျိုးထောင်နည်း ၆ နည်း

ကလေးတွေဟာ သန္ဓေသားအရွယ် ၁၂ ပတ်သားဝန်းကျင်လောက်မှာကတည်းက အမိုင်နိုအက်ဆစ် အရည်ကို စတင်မြိုချတတ်နေပြီဖြစ်ပြီး သန္ဓေသား ၂၁ ပတ်အရွယ်အရောက်မှာ အရသာခံတဲ့အဖုလေးတွေက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်လေးတွေဟာ အမိုင်နိုအက်ဆစ်နဲ့ထိတွေ့မှုကနေတဆင့် အရသာ တွေနဲ့ပတ်သက်ပြီးလျင်လျင်မြန်မြန်သင်ယူနိုင်ကြပါတယ်၊ လို့လေ့လာမှုတွေမှာတွေ့ရှိရပါတယ်။ ကလေးငယ်လေးတွေဟာ အစားစားတတ်စအရွယ်ရောက်လာတဲ့အခါ သူတို့ဘယ်အစားအစာမျိုးကို ကြိုက်နှစ်သက်လဲဆိုတာကို စတင်ရွေးချယ်စားသုံးတတ်ပြီဆိုပေမယ့် သူတို့အထူးအထွေတစ်ခုခုများစားချင်နေ မလားဆိုတာမျိုးကိုတော့ မပြောပြတတ်သေးသလိုလူကြီးတွေအနေနဲ့ကလည်း မခန့်မှန်းနိုင်သေးပါဘူး။ သူတို့ ဒီနေ့ခံတွင်းတွေ့တဲ့အစားအသောက်ကို နောက်နေ့မှာမကြိုက်တော့ဘဲမှောက်ပစ်တာ၊ထွေးထုတ်တာမျိုးတွေ လုပ်လေ့ရှိပါတယ်။ အစားအသောက်ရွေးတာက အစားစားတတ်စကလေးငယ်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အလေ့အထပဲဖြစ်ပါတယ်။ သူတို့လေးတွေက မနက်စာ ဒါမှမဟုတ် နေ့လယ်စာကိုအများကြီးစားပြီး တစ်နေကုန်ဘာမှမစားဘဲနေတာမျိုးတွေ၊ အစားအစာ ၁ မျိုး၊ ၂ မျိုးကိုပဲတစိုက်မတ်မတ်စားသုံးတာမျိုး အလေ့အထလေးတွေရှိပါတယ်။ ကလေးက ဒီလိုမျိုး အကျင့်လုပ်တဲ့အခါမျိုးမှာ စိတ်တိုတာမျိုးမလုပ်ပါနဲ့။ ကလေးကိုငယ်စဉ်ကတည်းက ကျန်းမာတဲ့အစားအစာတွေ ရွေးချယ်စားသုံးတတ်အောင်သွန်သင်ပေးပါ။ အရွယ်လေးရလာတာနဲ့အမျှ ကလေးငယ်တွေရဲ့ အစားစားချင်စိတ်နဲ့စားသောက်မှုအလေ့အထတွေက ဟန်ချက်ညီလာပြီး သူကြိုက်နှစ်သက်တဲ့အစားအသောက်တွေကို မိဘတွေရဲ့လှုံ့ဆော်ပေးမှုမပါဘဲ ရွေးချယ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိုးတွင်းမှာ ကိုယ့်ရဲ့ကလေးငယ်တွေကို ဘယ်လို ဂရုစိုက်ကြမလဲ

မိုးရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေကနေ ကလေးတွေကို ဘယ်လိုကာကွယ်မလဲ လေတဖြူးဖြူးနဲ့အေးစိမ့်တဲ့မိုးရာသီဟာ ကလေးတွေအတွက်ရောဂါဝေဒနာတွေကိုပါ အတူသယ်ဆောင်လာတတ်တာကြောင့် ကလေးငယ်တွေကို ဂရုတစိုက် ကာကွယ်စောင့်ရှောက်နိုင်ဖို့ အရေးကြီးပါတယ်။ မိုးရာသီရဲ့စိုစွတ်မှုက ကူးစက်နိုင်တဲ့ ရောဂါတွေရဲ့ အဓိကကျတဲ့ အချက်ဖြစ်သလို မုတ်သုံရာသီရဲ့အပူချိန်ဟာလည်း ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်ပိုးတွေပြန့်ပွားဖို့အတွက် အံကိုက်ဖြစ်လို့နေပါတယ်။ ရာသီဥတုပြောင်းလဲတာနဲ့ ကလေးတွေမှာ ရောဂါပိုဖြစ်လွယ်ပါတယ်။ ရာသီအကူးအပြောင်းမှာ များစွာသောနောက်ဆက်တွဲပြဿနာတွေပိုအဖြစ်များစေတာကြောင့် မိုးရာသီရောက်ပြီဆိုတာနဲ့ ကလေးတွေကိုသေချာဂရုစိုက်ဖို့လိုပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဘယ်လိုစောင့်ရှောက်မလဲဆိုတာ သိသင့်တဲ့အချက်တွေကိုဖော်ပြလိုက်ပါတယ်။   ကလေးကို သန့်သန့်ရှင်းရှင်း၊ ခြောက်ခြောက်သွေ့သွေ့ထားပါ မိုးတွင်းမှာဆိုရင်မွေးကင်းစတွေနဲ့ကလေးငယ်တွေရဲ့တကိုယ်ရည်သန့်ရှင်းရေးကိုသေချာဂရုစိုက်ရပါမယ်။ ကလေးတွေကို (ရေချိုးပေးတာဖြစ်ဖြစ်၊ရေပတ်တိုက်တာဖြစ်ဖြစ်)တစ်နေ့နှစ်ကြိမ် သန့်ရှင်းရေးလုပ်ပေးရပါမယ်။ ချိုင်းအောက်၊ လည်ပင်း၊ပေါင်ကြားတဝိုက်ဧရိယာတွေနဲ့ ကလေးကိုယ်ပေါ်မှာရှိတဲ့အတွန့်အခေါက်လေးတွေမှာပိုပြီးဂရုစိုက်သန့်စင်ပေးပါ။ ကလေးကို ထိန်းပေးတဲ့သူ ကိုယ်တိုင်ကလည်း သန့်ရှင်းတဲ့အဝတ်အစားကိုဝတ်ဆင်ရမှာဖြစ်ပြီးရောဂါကင်းစင်ရပါမယ်။   သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပေးပါ ပူနွေးစိုထိုင်းလိုက် အေးစိမ့်တဲ့ရာသီဥတုဖြစ်လိုက်နဲ့ မုတ်သုံရာသီအတွင်းမှာ ရာသီဥတုအခြေအနေက သိသိသာသာအပြောင်းအလဲမြန်တတ်ပါတယ်။ စိုထိုင်းတဲ့အခြေအနေမှာ ကလေးတွေကို သက်တောင့်သက်သာရှိစေမယ့် ချည်သားအဝတ်အထည်တွေဆင်ပေးပါ။ ဒါပေမယ့် ရုတ်တရက်အေးလာတာမျိုးအတွက် အနွေးထည်၊ လက်ရှည်လေးတစ်ထည်တော့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေအတွက် ကျန်းမာပျော်ရွှင်တဲ့စံပြပုဂ္ဂိုလ်အဖြစ် ဘယ်လိုနေသင့်လဲ

ကလေးတွေအပေါ် အလွှမ်းမိုးနိုင်ဆုံးက မိဘတွေပဲ ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ပြည့်စုံတဲ့ စားသောက်မှုစနစ်တစ်ခု ရရှိဖို့အတွက် သင်ကြားပြသပေးဖို့ အကောင်းဆုံးကလည်း မိဘတွေပါပဲ။ အစာအုပ်စုစုံလင်အောင် ကျွေးပါ။ ဒါမှ သင့်ကလေးက အဟာရ ပြည့်ဝနေမှာဖြစ်ပါတယ်။ ကလေးတွေအတွက် ကျန်းမာတဲ့ စားသောက်မှုဓလေ့တစ်ခု ပျိုးထောင်ပေးရတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့ မဟုတ်ပါဘူး။ သူတို့အတွက် ကျန်းမာတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် လိုအပ်ပါတယ်။ (၁) စံပြဖြစ်အောင် နေပါ ကလေးတွေက အတုခိုးတဲ့နေရာမှာ တော်ပါတယ်။ သင်က အသီးတွေများများစားရင် သူတို့လည်း အသီးစားရတာ ကြိုက်လာပါလိမ့်မယ်။ (၂) ကလေးတွေနဲ့ ဈေးဝယ်ထွက်ပါ။ ဈေးဝယ်ထွက်ရင်းနဲ့ အာဟာရတန်ဖိုးတွေအကြောင်း သင်ပေးနိုင်ပါတယ်။ သူတို့ ဘာအသီးစားချင်လဲ ဆိုတာ သူတို့ကို ကိုယ်တိုင်ရွေးချယ်ခိုင်းပါ။ (၃) ပျော်စရာလေးတွေ ဖန်တီးပါ။ ကျန်းမာတဲ့အစားအစာတွေက ပျင်းဖို ကောင်းနေရင်လည်း မဖြစ်ပါဘူး။ ကွတ်ကီးလုပ်တဲ့ ပုံစံခွက်လေးတွေနဲ့ အသီးလေးတွေကို ဖြတ်ပြီး သူတို့ စိတ်ဝင်စားမယ့် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

အသီးအရွက်နဲ့ သစ်သီးတွေကို ကလေးတွေအကြိုက်ဖြစ်အောင် ဘယ်လိုပြင်ဆင်မလဲ

အသီးအရွက်စားခြင်းက ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ ကလေးအများစုက အသီးအရွက်တွေရဲ့ အရသာကို မကြိုက်တာကြောင့် သိပ်မစားဖြစ်နိုင်ပါဘူး။ ဒါကြောင့်မို့ ကလေးတွေ အကြိုက်တွေ့စေမယ့် အသီးအရွက် ပြင်ဆင်နည်း ၁၀ ခုကို ရေးသားလိုက်ရပါတယ်။ (၁) ဖျော်ရည်လုပ်တိုက်ပါ။ လတ်ဆတ်တဲ့ သစ်သီးတွေကို အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ် ဒါမှမဟုတ် နို့နဲ့ ရောဖျော်ပြီး တိုက်နိုင်ပါတယ်။ စတော်ဘယ်ရီဖျော်ရည်၊ ငှက်ပျောသီးဖျော်ရည်တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင်တွေအပြင် omega-3 fatty acid ပါဝင်တဲ့ အသီးတွေဆို ပိုကောင်းပါတယ်။ DHA (Docosahexaenoic acid) ဆိုတဲ့ omega-3 fatty acid က ကလေးတွေရဲ့ ဦးနှောက်နဲ့ အမြင်အာရုံဖွံ့ဖြိုးမှုအတွက် အရေးပါတာကြောင့် ကလေးတွေ စားသုံးမယ့် အစားအသောက်တွေထဲမှာ DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

သွက်လက်တက်ကြွတဲ့ ဆယ်ကျော်သက်ဖြစ်ဖို့ အချက် (၁၀) ချက်

တက်တက်ကြွကြွနဲ့ ဖျတ်ဖျတ်လတ်လတ် နေထိုင်ဖို့ အရေးကြီးကြောင်း လူအများစုက သိထားကြပါတယ်။ ဒီလိုနေထိုင်ဖို့အတွက်လည်း အဖြေရှာတတ်ကြပါတယ်။ ဒါပေမယ့် တက်တက်ကြွကြွနေထိုင်ဖို့ကြိုးစားတာက ထင်တာထက် ခက်နိုင်ပါတယ်။ တိုးတက်နေတဲ့ခေတ်မှာ ဖြတ်သန်းနေရသူတွေအတွက် အလုပ်တာဝန်တွေ များပြားလာပြီး နေ့စဉ်ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါတွေကို ကျော်လွှားပြီး တက်ကြွတဲ့လူငယ်ဖြစ်လာစေဖို့ အချက် (၁၀) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဝါသနာပါရာလုပ်ပါ။ လမ်းလျှောက်တာ၊ စက်ဘီးစီးတာနဲ့ ရေကူးတာ စသည်ဖြင့် ကိုယ်ကြိုက်တဲ့ အားကစားလုပ်ပါ။ ဒါက ကျန်းမာလာဖို့အတွက် စိတ်အားထက်သန်မှုကို ပေးပါတယ်။ ၂။ ဘဝပေးအခြေအနေကို ကြည့်ပါ။ အားကစားနည်းလမ်းရွေးချယ်ရာမှာ ကိုယ့်ဝင်ငွေ၊ လုပ်ဆောင်မှုနဲ့ ပေးနိုင်တဲ့အချိန် စတာတွေနဲ့ ကိုက်ညီမှုရှိတာကို ရွေးချယ်သင့်ပါတယ်။ ၃။ အနီးအနားက အခွင့်အလမ်းကို အရင် ရှာဖွေပါ။ သင့်အိမ်နီးချင်းမှာ ကျန်းမာရေးလေ့ကျင့်မှုစင်တာ၊ အဖွဲ့၊ သင်တန်း စတာတွေရှိလား ရှာဖွေပါ။ သူတို့နဲ့ […]


ကလေးငယ်ပထမနှစ်

47 ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ဘယ်လိုဖွံ့ဖြိုးလာလဲ ကလေးငယ်ရဲ့အသက် ၁၁ လအရွယ်ရဲ့တတိယမြောက်အပတ်မှာကလေးငယ်က အောက်ပါအပြုအမူလေးတွေကို လုပ်ဆောင်ပြုမူတတ်ပါပြီ။ လက်ညှိုးလေးတွေလက်မလေးတွေကိုသုံးပြီးပစ္စည်းသေးသေးမွှားမွှားလေးတွေကိုကောက်တတ်ပါပြီ၊ အန္တရာယ်ရှိတဲ့အရာတွေကို ကလေးတွေလက်လှမ်းမီတဲ့နေရာမှာမထားမိအောင်အမြဲဂရုပြုပါ။ ခဏတဖြုတ်သူ့ဘာသာမတ်တတ်ရပ်တတ်ပြီ၊ မေမေ၊ဖေဖေဆိုတာအပြင် တစ်ခွန်းစ၊နှစ်ခွန်းစ မပီကလာပီကလာပြောတတ်ပြီ၊   သူ့ကို ဘယ်လိုအထောက်အပံ့ပေးနိုင်မလဲ ကလေးကငယ်ရွယ်တဲ့အရွယ်မှာ သင်ကြားရလွယ်ပြီးလိုသလိုပုံသွင်းနိုင်တာကြောင့် မိမိတို့ကိုဘယ်လိုကူညီမလဲ ဆိုတာကို စတင်သင်ကြားပေးဖို့ အချိန်ကောင်းပါ။ ကျေးဇူးပြုပြီးတော့၊ ကျေးဇူးတင်ပါတယ်။ ဆိုတဲ့ စကားလုံးလေး တွေပြောတတ်အောင်အဓိကထားသင်ကြားပေးပါ။ အရုပ်လေးတွေကိုသန့်ရှင်းရေးလုပ်ပေးတာကို ဂိမ်းတစ်ခုကစားသလိုမျိုးလေးဖြစ်အောင်ဖန်တီးပေးပါ။ ၄၇ ပတ်သားဆိုတဲ့အရွယ်ကငယ်ရွယ်လွန်းတာကြောင့် တွေးတောနိုင်စွမ်းမရှိသေးတဲ့အတွက် စဉ်းစားတတ်အောင်သင်ပေးဖို့ကတော့စောသေးပါတယ်။ မိဘကဘေးကနေပြီး ကူညီလုပ်ဆောင်ပေးဖို့တော့လိုအပ်ပါတယ်။ ကလေးကို အဲ့ဒီအရွယ်မှာ အရာဝတ္ထုလေးတွေနဲ့ အရာဝတ္ထုလေးတွေရဲ့အမည်ကိုတွဲမိအောင်လုပ်ဆောင်ပေးပါ။ သင့်ဘက်ကလုပ်ဆောင်ပေးနိုင်လေလေ ကလေးရဲ့စာလုံးပေါင်းစွမ်းရည်ကို တိုးတက်စေပြီး ကလေးကို စကားပြောသွက်စေမှာဖြစ်ပါတယ်။ ပစ္စည်းလေးတွေကိုင်တဲ့အခါ နာမည်လေးတွေတွဲပြောပေးပါ။ လှေကားတက်တဲ့အခါ လှေကားထစ်လေးတွေကိုရေတွက်ပေးပါ။ ကုန်စိမ်းအရောင်းဆိုင်တွေကိုသွား တဲ့အခါမှာလည်း သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေရဲ့အမည်တွေနဲ့အရောင်တွေကိုတွဲပြီးပြောပေးပါ။ ကလေးငယ်လေးတွေကိုရုပ်ပုံပါတဲ့ စာအုပ်တွေဖတ်ပြပြီး အရာဝတ္ထုလေးတွေကိုလက်ညှိုးထိုးပြခြင်းဖြင့် ကလေးနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးရဲ့ထင်မြင်ချက်ကိုနားထောင်ပေးပါ။ ခြေအိတ်အနီရောင်ဝတ်ချင်လား၊အပြာရောင်ဝတ်ချင်လားမေးကြည့်ပါ။ ဘာအရုပ်နဲ့ကစားချင်တာလဲ ဆိုတာကို […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးရခြင်းအကြောင်းရင်း (၁၀) ချက်

မကြာခဏ မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးတွေအတွက် အကျိုးကျေးဇူးတွေကို သယ်ဆောင်ပေးကြောင်းကို ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးအတွက် အကျိုးရှိရုံတင် မကပါဘူး။ တကယ်တော့ ကလေးနို့တိုက်ခြင်းဟာ မိခင်အတွက်ပါ အကျိုးရှိစေပါတယ်။ (၁) ကျန်းမာတဲ့ ကလေး Ruth A. Lawrence ကလေး အာဟာရ ကျွမ်းကျင်ပညာရှင်က မိခင်နို့တိုက်ကျွေးခံရတဲ့ ကလေးတွေဟာ အဆုတ်အအေးပတ်ခြင်း၊ အအေးမိခြင်း၊ ဗိုင်းရပ်စ်ပိုးဝင်ခြင်းတွေကို အဖြစ်နည်းတယ်လို့ ဆိုပါတယ်။ သူက ဝမ်းလျှောခြင်းလို ပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်ရင်တောင် မိခင်နို့တိုက်ကျွေးခြင်း ခံရတဲ့ ကလေးတွေဟာ ပြင်းပြင်းထန်ထန် မခံစားရဘူးလို့ ဆိုပါတယ်။ ဆီးချို အမျိုးအစား ၁၊ celiac disease သို့ Crohn’s disease တွေဟာ မိခင်နို့ိတိုက်ကျွေးတဲ့ ကလေးတွေမှာ အဖြစ်အလွန်နည်းပါတယ်။ (၂) မိခင်တွေအတွက် အရိုးသန်မာခြင်း Lawrence က […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်နို့တိုက်ကျွေးခြင်း နှင့် မှက္ခရုရောဂါ

Candida Albicans လို့ခေါ်တဲ့ မှက္ခရုတွေဟာ မိခင်နို့တိုက်ကျွေးခြင်းကို အနှောင့်အယှက်ပေးတဲ့ မှိုရောဂါပိုး တစ်မျိုး ဖြစ်ပါတယ်။ မှက္ခရုတွေဟာ အမျိုးသမီးရဲ့ နို့သီးခေါင်းနဲ့ ကလေးငယ်တွေရဲ့ ပါးစပ်အတွင်းမှာ ပေါက်ပွားနိုင်ပါတယ်။ ဘယ်အရာတွေက မှက္ခရုတွေကို ဖြစ်စေတာလဲ။ လူတွေရဲ့ ကိုယ်ခန္ဓါဟာ Candida Albicans မှိုကို သယ်ဆောင်နိုင်ပါတယ်။ ဒါဟာ အစာခြေလမ်းကြောင်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ခန္ဓါကိုယ်နဲ့ ရင်းနှီးပြီးသား ဘက်တီးရီးယားပိုး တစ်မျိုး ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ သူဟာ ကြီးထွားပြန့်ပွားဖို့ အခွင့်အလမ်းရပြီး မှက္ခရုဖြစ်နိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းဟာ မှက္ခရုဖြစ်ဖို့အတွက် ပြီးပြည့်စုံတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။ မှက္ခရုတွေဟာ ပူနွေး၊ စိုစွတ်ပြီး ချိုမြတဲ့ ပတ်ဝန်းကျင်ကို ကြိုက်နှစ်သက်တာကြောင့် မိခင်နို့တိုက်ကျွေးစဉ်မှာ ကလေးငယ်ရဲ့ ပါးစပ်အတွင်းမှာ နေတတ်ကြပါတယ်။ ပြီးရင်တော့ မိခင်ရဲ့ နို့သီးခေါင်းအတွင်းကို ပြန့်ပွားသွားနိုင်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း