ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေး လှုပ်လှုပ်ရှားရှား နေတတ်အောင် ဘယ်လိုတွန်းအားပေး ကူညီမလဲ

ဒီခေတ်လို အင်တာနက်၊ဂိမ်း၊တီဗွီ အစရှိသဖြင့် မျိုးစုံအောင် ပေါ်နေ၊အလွယ်တကူ ရရှိနေနိုင်တဲ့ ခေတ်ကြီးထဲမှာ ကလေးတွေကို ကိုယ်တွေ ငယ်ငယ်တုန်းကလို ကစားခုန်စား၊ပြေးလွှားဆော့ကစားစေဖို့ဆိုတာ အတော်တော့ မလွယ်တဲ့ ကိစ္စတခုပါ။ သူတို့လေးတွေအနေနဲ့ အပြင်ထွက်ဆော့ဖို့ထက် တီဗွီကြည့်မယ်၊ဂိမ်းဆော့မယ်၊တက်ဘလက်ပွတ်မယ်၊အင်တာနက်သုံးမယ် အစရှိတဲ့ နည်းပညာရဲ့ ဖြားယောင်းမှုတွေနောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်သွားကြတာပါ။ ဒါတင်မကသေးပါဘူး၊များပြားလွန်းလှတဲ့ ကျောင်းစာတွေကလည်း ကလေးတွေကို ကစားကွင်းထဲရောက်မလာနိုင်အောင် တားဆီးနေပါသေးတယ်။ ဒါကြောင့် မိဘတယောက်အနေနဲ့ ကိုယ့်သားသမီးတွေ လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွဖြစ်အောင် အားပေးတိုက်တွန်းကူညီပေးရပါမယ်။ ကလေးတွေ လှုပ်လှုပ်ရှားရှားနေဖို့ ဘာကြောင့် လိုအပ်တာလဲ။ လှုပ်လှုပ်ရှားရှား၊တက်တက်ကြွကြွနေတဲ့အခါ သင့်ကလေးဟာ အမြဲတမ်းကျန်းမာရွှင်လန်းနေပြီး လုပ်ငန်းဆောင်တာတွေကိုလည်း ပုံမှန်အတိုင်း ပျော်ရွှင်အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပြီး အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါတယ်။ အရိုးနဲ့ ကြွက်သားတွေ သန်မာခြင်း။ သင့်တော်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်စေခြင်း။ အမျိုးအစား နှစ် ဆီးချိုဖြစ်ပွားနိုင်ချေကို လျှော့ချပေးခြင်း။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေခြင်း။ […]


ကလေးအာဟာရချို့တဲ့ခြင်း

ကလေးတွေမှာ ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ

ကလေးတွေမှာ ဗီတာမင် K ချို့တဲ့ရင် ဘာတွေဖြစ်လာနိုင်သလဲ ကလေးအားလုံးဟာ မွေးကင်းစအချိန်မှာ ခန္ဓာကိုယ်တွင်း ဗီတာမင် K ပမာဏ နည်းပါးနေပါတယ်။ ဗီတာမင် K ကို မွေးကင်းစ ရက်အနည်းငယ်အတွင်းမှာ အလျင်အမြန်သုံးစွဲလိုက်ပေမယ့် ဒီပမာဏဟာ သွေးမထွက်အောင် တားဆီးဖို့အတွက် လုံလောက်မှု ရှိပါတယ်။ ဒါပေမယ့် ဗီတာမင် K ချို့တဲ့တာကြောင့် မူမမှန်သွေးယိုစီးခြင်း (vitamin K deficiency bleeding (VKDB))ကို ခံစားနေရတဲ့ မွေးကင်းစကလေးအချို့လည်း ရှိနေပါသေးတယ်။ အဆိုပါ ကလေးတွေမှာ သွေးခဲအောင် ပြုလုပ်ပေးဖို့ လုံလောက်တဲ့ ဗီတာမင် K ပမာဏ မရှိလို့ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ ဗီတာမင် K ချို့တဲ့ နေမယ်ဆိုရင် မူမမှန် သွေးယိုစီးခြင်း ဒါမှမဟုတ် သွေးခြည်ဥခြင်းတို့ကို ခံစားရမှာဖြစ်ပြီး အဆိုပါ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ချိုလိမ်စုပ်ခြင်းသည် သင့်ကလေးအတွက် ကောင်းမွန်ပါသလား

အများစုသော ကလေးများသည် တစ်ခုခုကို စုပ်နေတတ်ကြသည်။ အချို့သည် သူတို့၏လက်မနှင့် လက်ချောင်းများကို စုပ်နေတတ်ကြသည်ကို တွေ့ရသည်။ ထို့ကြောင့် သူတို့၏မိခင်များက ချိုလိမ်များဝယ်ပေးထားရန်စဉ်းစားလာကြသည်။ ချိုလိမ်များသည် ကလေးများအတွက် အမှန်တကယ်သင့်တော်ပါသလား။ ချိုလိမ်များနှင့် ပတ်သက်ပြီး သိသင့်သောအချက်များကို လေ့လာပြီး အရေးကြီးသော အကြံပေးချက်များကို လိုက်နာခြင်းဖြင့် သင့်ကလေးကို ချိုလိမ်များကို ဖြတ်သင့် မဖြတ်သင့်စဉ်းစားကြည့်ပါ။   ချိုလိမ်စုပ်ခြင်း၏ကောင်းကျိုးများ အချို့သောကလေးများသည် အစာ တစ်ကြိမ်နှင့် တစ်ကြိမ်ကြားတွင် ချိုလိမ်များစို့တတ်ကြသည်။ ကောင်းသောအချက်များမှာ ချိုလိမ်စို့နေခြင်းဖြင့် ဂျီကျတတ်သော ကလေးများကို ငြိမ်သွားစေသည်။ ချိုလိမ်သည် ကလေး၏အာရုံကို ခဏတာမျှလွှဲလိုက်သည့် သဘောဖြစ်သည်။ ချိုလိမ်စို့နေရင်း ကလေး အိပ်ပျော်သွားနိုင်သည်။ ကလေးများ လန့်နိုးသောအခါများတွင် ချိုလိမ်လေးငုံထားခြင်းဖြင့် သူ့ကို အကြောက်ပြေစေသည်။ ချိုလိမ်သည် ကလေးများရုတ်တရက်သေဆုံးခြင်းကိုလည်း လျော့နည်းစေပါသည်။ ညဘက်နှင့် အိပ်ချိန်များတွင် ချိုလိမ်ငုံထားခြင်းဖြင့် ကလေးများရုတ်တရက်သေဆုံးခြင်းကိုလည်း လျော့နည်းစေပါသည်။ မိခင်သည် နို့တိုက်မိခင်ဖြစ်ပါက ကလေး […]


အခြားကလေးကျန်းမာရေးပြဿနာများ

လက်မ စုပ်ခြင်း၊ လက်သည်းကိုက်ခြင်း အကျင့်ရှိသော ကလေးတွေမှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးနိုင်ပါတယ်။

ကလေးတွေ လက်မ မစုပ်အောင် ကြိုးစားခဲ့ရပြီး မအောင်မြင်ခဲ့တဲ့ မိဘတွေအတွက်ကတော့ အားတက်စရာပါပဲ။ လက်မစုပ်တတ်တဲ့ အကျင့်က ကောင်းကျိုးတွေရှိပါတယ်။ ကလေးဘဝမှာ လက်မစုပ်ခြင်း၊ လက်သည်းကိုက်ခြင်းတွေဟာ ဓါတ်မတည့်မှုတွေ ကာကွယ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ကလေးများတွင် ထိုအကျင့်ကိုလက်ခံသင့်ဟု ရလဒ်တွေက အကြံမပြုထားသော်လည်း လူကြီးဘဝမှာ ဖြစ်လာနိုင်မယ့် ဓါတ်မတည့်မှုတွေကို ကာကွယ်နိုင်မယ်လို့တော့ ပြောထားပါတယ်။   ခံတွင်းရှိပိုးမွှားတွေက ကိုယ်ခံအားပေါ်မှာသက်ရောက်မှုတွေရှိတယ်လို့ နှစ်သုံးဆယ်စာ သုတေသနတွေက ပြောထားပါတယ်။ နယူဇီလန်ရှိ ကျွမ်းကျင်သူများက လက်မ စုပ်တတ်သော သို့မဟုတ် လက်သည်းကိုက်တတ်သော ကလေးများဟာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေ နည်းပါးတယ်လို့ ပြောကြပါတယ်။ သုတေသနသမား တွေကလည်း ငယ်ရွယ်စဉ်အခါမှာ ပိုးမွှားများနဲ့ ထိတွေ့ခြင်းက နောင်မှာ ဓါတ်မတည့်မှုဖြစ်နိုင်ခြေတွေ လျော့နည်းသွားစေတယ်ဆိုတဲ့ အချက်ကို ထောက်ခံကြပါတယ်။ ကျွမ်းကျင်သူတွေက ၁၉၇၂၊ ၁၉၇၃ နယူးဇီလန်မှာ မွေးသော ကလေး၁၀၀၀ကျော်မှ ယူထားပြီး လေ့လာနေဆဲဖြစ်သော (Dunedin […]


ကလေးငယ်အာဟာရ

ကလေးများသည် EPA, DHA, GLA, နှင့် Vitamin D တို့ကိုကျန်းမာစွာနေနိုင်ရန်လိုအပ်ပါသည်

အဆီဓါတ်သည်ကလေး၏ အာဟာရအတွက် အရေးကြီးသောဓါတ်တစ်ခုဖြစ်သည်။ သို့သော်အဆီသည် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်သည်ဟုတရားသေ ယူဆကြသောကြောင့် အဆီကို အာဟာရတွင်ချန်ထားတတ်ကြသည်။ မိဘများသည် ကလေးများကိုကျွေးသည့်အထဲတွင်အဆီကို များစွာ မထည့်တတ်ကြပေ။ ကလေး၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် fatty acid အဆီဓါတ်ကို လုံလောက်သော ပမာဏရနိုင်ရန်အရေးကြီးသည်။ ထို့ကြောင့်မည်သည့် အဆီဓါတ်သည်သင့်ကလေးအတွက် စားသင့်ပြီးမည်သည့်အတွက် စားသုံးသင့်ကြောင်း သင်သိထားသင့်ပါသည်။   DHA (Docosahexaenoic acid) DHA သည် Omega – 3 fatty acid ဖြစ်ပြီး မပြည့်ဝဆီအုပ်စုထဲတွင်ပါသည်။ ၎င်းသည် ကလေးများအတွက် ဘဝ၏ ပထမဆုံး နှစ်နှစ်တွင် ဦးနှောက်၏ ဖြစ်ပေါ်မှုနှင့် ဖွံ့ဖြိုးမှုအတွက် အရေးအကြီးဆုံး အဆီဓါတ် (fatty acid) ဖြစ်သည်။ DHA သည် ကလေးဦးနှောက်တွင် အဆီပါဝင်မှု၏၉% ကိုနေရာယူပြီး လူကြီးများတွင်၁၂%ခန့် ရှိသည်။ DHA သည် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

နေမကောင်းတဲ့ ကလေးကို ဘယ်လိုကျွေးမွေးမလဲ

မိဘတွေက ဘယ်လိုပဲ ကလေးကိုဂရုတစိုက်စောင့်ရှောက်နေပါစေ တစ်ခါတစ်လေ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာနိုင်ပါဘူး။ ကလေးတွေက ဖျားတတ်ကြပါတယ်။ ဒါပေမယ့် အစိုးရိမ်လွန်စရာမလိုပါဘူး။ ပုံမှန်အဖျားတွေက သိပ်မကြာခင် ပျောက်ကင်းတတ်ကြပါတယ်။ မိဘတွေလုပ်ပေးနိုင်တာက ကလေးကို အပြည့်အဝစောင့်ရှောက်ပြီး နေ့စဉ်စားသောက်မှုကို အနည်းငယ်ချိန်ညှိပေးဖို့ပါ။ ကလေးတွေနေမကောင်းလို့ အစာကျွေးတဲ့အခါ မိဘတိုင်းသိထားသင့်တဲ့ အချက်တစ်ချို့ရှိပါတယ်။ နေမကောင်းတဲ့ကလေးကို နို့တိုက်သင့်သလား ဖြည့်စွက်စာကျွေးသင့်လား။ နို့ချိုတိုက်ကျွေးခြင်းဟာ သင့်ကလေးရဲ့ခန္ဓာကိုယ်တွင်းရှိ ပဋိဇီဝဓါတ်၊ သက်စောင့်ဓါတ်တွေကို ထောက်ပံ့ပေးနိုင်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်ပေးဖို့အတွက် ကူညီပေးပါတယ်။ ဖြည့်စွက်စာကိုလည်း ကျွေးနိုင်ပါတယ်။ ဒါပေမယ့် အများကြီးမကျွေးပါနဲ့။ နေမကောင်းတဲ့ကလေးကို များများကျွေးရင် ပြန်အန်ထုတ်ပါလိမ့်မယ်။ နည်းနည်းနဲ့ ခဏခဏ ကျွေးပေးပါ။   နေမကောင်းတဲ့ကလေးကို အစာမာကျွေးသင့်သလား။ အာဟာရကြွယ်ဝစွာပါဝင်ပြီး အစာကြေလွယ်တဲ့အစားအစာမျိုး၊ ကလေးက သိပ်မငြင်းတဲ့အစာမျိုးဆိုရင် ဆက်ကျွေးနိုင်ပါတယ်။   အစာမာမစားချင်ဘူးဆိုရင် ဘာလုပ်သင့်သလဲ။ အတင်းမကျွေးပါနဲ့။ ဒါက သူတို့ရဲ့ခန္ဓါကိုယ်က အရမ်းပင်ပန်းနေတယ်လို့ ဖော်ပြနေတာဖြစ်ပါတယ်။ ဒီအချိန်မျိုးမှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပြီး ရေဓါတ်ကောင်းကောင်းရနိုင်မယ့် သူတို့ခံတွင်းတွေ့မယ့် အစားအစာမျိုးဆိုရင် အဆင်ပြေပါတယ်။ သကြားဓါတ်ပါဝင်မှုများပြားသော […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

အိမ်ချက်ကလေးအစားအစာအတွက် လုံခြုံစိတ်ချရမှုဆိုတာဘာလဲ

မိဘတိုင်းက ကလေးကိုဖြည့်စွက်စာကျွေးချိန်မှာ ကလေးတွေအာဟာရဖြစ်ဖို့ ဂရုစိုက်ပြီး ကျွေးလေ့ရှိပါတယ်။ ဒါပေမယ့် မိဘတော်တော်များများ တခြားအရေးကြီးတဲ့အရာတစ်ခုကို မေ့တတ်ကြတယ်။ ဒါကတော့ အစားအစာလုံခြုံစိတ်ချရမှုပါ။ ကလေးတွေအတွက် အစားအစာပြင်ဆင်ပေးတဲ့အခါမှာ ကျန်းမာသန့်ရှင်းပြီး အကောင်းဆုံးအစားအစာအဖြစ် စိတ်ချရအောင် ဘာလုပ်သင့်ပါသလဲ။ ပါဝင်ပစ္စည်းများကို သေချာရွေးချယ်ပါ။ ဟင်းတစ်ပွဲရဲ့အရည်အသွေးဟာ ပါဝင်ပစ္စည်းအပေါ် အများကြီးမူတည်ပါတယ်။ ဒါ့ကြောင့် ကလေးကို ကျန်းကျန်းမာမာနဲ့ ဘေးကင်းလုံခြုံဖို့အတွက် တတ်နိုင်သလောက် ပါဝင်ပစ္စည်းတွေကို သေချာရွေးချယ်ဖို့ အလွန်အရေးကြီးပါတယ်။ လွယ်ကူတဲ့နည်းလမ်းအချို့ရှိပါတယ်။ ပတ်ဝန်းကျင်က ရာသီပေါ်အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို ရွေးချယ်ပါ။ သူတို့မှာ အာဟာရဓါတ်မြင့်မားစွာပါဝင်ပြီး ပိုလတ်ဆတ်သလို လွယ်လွယ်ကူကူနဲ့ရနိုင်ပါတယ်။ ကိုယ်တိုင်စိုက်ပျိုးတာက အကောင်းဆုံးပါပဲ။ ခရမ်းချဉ်ပင်၊ နံနံပင်၊ ပဲပင်ပေါက်စတာတွေက အချိန်နည်းနည်းနဲ့ လွယ်လွယ်ကူကူစိုက်ပျိုးနိုင် ခူးဆွတ်နိုင်ပါတယ်။ အသီးအနှံတွေ ကွဲနေတာ၊ အနာအဆာပါတာ ဒါမှမဟုတ် ပျက်စီးနေတာမျိုးတွေ ရှောင်ပါ။ ဝယ်မယ့်ပစ္စည်းတွေရဲ့ သက်တမ်းကုန်ဆုံးရက်၊ ဘယ်ကလာတယ်၊ ဘယ်မှာစိုက်ပျိုးတယ်ဆိုတာ သိအောင်လုပ်ပါ။ […]


ကလေးငယ်အာဟာရ

ကလေးဝမ်းချုပ်စေသော အစားအစာများ

ကလေးဘဝရဲ့ အစောပိုင်းကာလတွေမှာ ဖြည့်စွက်စာကျွေးခြင်းဟာ အလွန်အရေးပါပါတယ်။ ကလေးအတွက် သင့်တော်တဲ့ အစားအစာရွေးရတာ တစ်ကယ်တော့ မလွယ်ပါဘူး။ ကလေးဟာ ဝမ်းချုပ်နေရင်တော့ ဖြစ်နိုင်ချေရှိတာက အောက်ပါအစားအစာများကို လိုတာထက်ပိုစားမိလို့ပါပဲ။ ချိုလွန်းသော အစားအစာများ နေ့တိုင်းမကြာခဏ သကြားလုံး၊ ဘီစကစ်၊ မုန့်အချိုတွေကို ကလေးတွေက နှစ်သက်စွာစားလေ့ရှိပါတယ်။ ဒီမုန့်တွေမှာ သကြားဓါတ်အများအပြားပါဝင်ပြီး အမျှင်ဓါတ်လုံးဝမပါဝင်ပါဘူး။ ဒါ့အပြင် သကြားလုံးတွေစားတာက ဝမ်းချုပ်ခြင်းကို အလွယ်တကူ ဖြစ်ပေါ်စေပြီး ကလေးတွေကို ခံတွင်းပျက်ခြင်းနဲ့ အဝလွန်ခြင်းတွေဖြစ်အောင်လုပ်တဲ့ တရားခံဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးရဲ့ သကြားပါတဲ့အစားအစာတွေကို ကန့်သတ်ရပါမယ်။ နို့နှင့်နို့ထွက်ပစ္စည်းများ ထောပတ်၊ ချိစ်၊ မလိုင်စတာတွေဟာ ကလေးရဲ့အရိုးကြီးထွားမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဒီဓါတ်ကို ပံ့ပိုးပေးတယ်ဆိုပေမယ့် အလွန်အကျွံစားသုံးမိရင် ဝမ်းချုပ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သကြားပါဝင်မှုနှုန်းများပြီး အမျှင်ဓါတ်အနည်းငယ်သာ ပါဝင်လို့ဖြစ်ပါတယ်။ ဒါ့ကြောင့် နည်းနည်းပဲတိုက်တာ ကောင်းပါတယ်။ ငှက်ပျောသီး ငှက်ပျောသီးဟာ ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့အသီးဖြစ်ပါတယ်။ ဗီတာမင်နဲ့အာဟာရဓါတ်တွေ ကြွယ်ဝစွာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

အစားကြေးများတဲ့ကလေးဟာ မျိုးရိုးကြောင့်ဖြစ်နိုင်

ကလေးတွေကို အာဟာရပြည့်ဝတာတွေကျွေးပါရဲ့သားနဲ့ သိပ်မကြာခင်မှာ အမှိုက်ပုံးထဲရောက်သွားတာ ဘာကြောင့်ပါလဲ။ ဒါဟာမိဘတွေအတွက် အကြီးမားဆုံး စိတ်ညစ်စရာပါ။ လမ်းလျှောက်ခါစကလေးကို ပြုစုပျိုးထောင်ရခြင်းမှာ အစားကြေးများတတ်ခြင်းကလည်း ဒွန်တွဲနေပါတယ်။ တစ်ခါတစ်လေမှာ ကလေးဟာ အစားအသောက်ကိုလည်း စိတ်မဝင်စား၊ အသစ်အဆန်းတွေလည်း မစမ်းသပ်ချင်ဖြစ်နေတာက မိဘတွေအပြစ်သာဖြစ်လာပါတော့တယ်။ အစာကျွေးချိန်ကို စိုးရိမ်နေကြတဲ့မိဘတွေအတွက် ကလေးတွေအစားအသောက်ပျက်လာရခြင်းရဲ့ ရှင်းလင်းချက်တစ်ခုရှိပါတယ်။ ဒါကတော့ မျိုးရိုးနဲ့ဆိုင်ပါတယ်။ မျိုးရိုးဗီဇထဲမှာ ရှိသလား။ ဒါက ကလေးတစ်ယောက်ကို ဘယ်လိုကြီးပြင်းအောင် မွေးမြူသလဲဆိုတာနဲ့ ကလေးရဲ့အစားအသောက်အပေါ်မှာထားတဲ့ သဘောထးကိုကြည့်ရပါတယ်။ အစားအသောက်ကို ငြင်းဆန်ခြင်းဟာ မျိုးရိုးဗီဇရဲ့သက်ရောက်မှုတစ်ခုပါ။ မိဘတွေအနေနဲ့ ကလေးအစားကြေးများခြင်းဟာ သူတို့အပေါ်လုံးဝတာဝန်ရှိတယ်လို့ မတွေးစေချင်ပါဘူး။ ပတ်ဝန်းကျင်ကလည်း သက်ရောက်နိုင်ပါတယ်။ မိဘတွေက ပတ်ဝန်းကျင်ကို အသက်ငယ်တုန်းပြောင်းလဲပေးနိုင်ရင် ကလေးက အစားအသောက်စားဖို့နဲ့ အသစ်အဆန်းတွေကို ဂရုစိုက်တတ်သွားမှာါ။ ကလေးတိုင်းလိုလို အချိုအရသာ၊ နို့အရသာကို ပိုပြီးနှစ်သက်သဘောကျပါတယ်။ တခြားအရသာကို ပြောင်းလဲလိုက်ခြင်းဟာ တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့ အပြောင်းအလဲတစ်ခုပါပဲ။ ကလေးအနေနဲ့ အစားအသောက်ကြေးများလို့ မိဘတွေစိတ်ညစ်နေစရာ မလိုပါဘူး။ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ဖျားနာမှုကို ဘာကဖြစ်နေစေတာလဲ

ကလေးကိုယ်ပူလာလျှင် သင်အနည်းနှင့်အများ စိုးရိမ်ပူပန်မိမည်မှာ အသေချာပင်။ တကယ်တော့ အရမ်းဆိုးဝါးနိုင်မည်ဟုလည်း မထင်ရပါ။ ဖျားခြင်းသည် အဖြစ်များပြီး မကြာခဏဆိုသလို ကုသမှုမခံယူပဲ အလိုလိုပျောက်ကင်းတတ်ပါသည်။ အဖျားကိုယ်၌ကလည်း ရောဂါမဟုတ်တာကြောင့် ထိခိုက်ပျက်စီးမှုလဲ မဖြစ်စေပါ။ တစ်ခါတစ်ရံ ကလေးမှ ရောဂါပိုးကို ကာကွယ်နေသည့်လက္ခဏာဖြစ်သောကြောင့် ကိုယ်ပူခြင်းကို အကောင်းမြင်နိုင်ပါသည်။ ကိုယ်ပူတိုင်း ကုသရန်မလိုပါ။ ဘယ်လိုပင်ဖြစ်ပါစေ ကိုယ်ပူခြင်းသည် ကလေးကို စိတ်ညစ်စေနိုင်ပြီး ရေဓါတ်ခမ်းခြောက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါသည်။ စိတ်ကိုငြိမ်ငြိမ်ထားကာ ကိုယ်ပူကျစမည့်နည်းလမ်းများကို လိုက်နာပေးပါ။   ဖျားတယ်ဆိုတာ ဘာလဲ။ ဖျားခြင်းသည် ဟိုက်ပိုသာလမတ်မှ ကိုယ်အပူချိန်ကို ထိန်းညှိရန်ကြိုးစားနေသည့် အခြေအနေဖြစ်သည်။ (ဟိုက်ပိုသာလမတ်သည် ရေဆာခြင်း ဗိုက်ဆာခြင်းကိုလည်း ထိန်းချုပ်ပေးသည်) ၎င်းသည် သင့်လျော်မည့်ကိုယ်အပူချိန်ကို သိသည်။ ထိန်းညှိနိုင်မည့် အချက်ပြများကိုလည်း ခန္ဓါကိုယ်ဆီလွှတ်ပေး၏။ ပုံမှန်မဟုတ်သည့်အခြေအနေများ ဖြစ်လာလျှင် ဟိုက်ပိုသာလမတ်သည် ရောဂါဖြစ်စေသော ဘက်တီးရီးယားများ ဗိုင်းရပ်စ်များ အသက်ရှင်ဖို့ခက်ခဲစေရန် အပူချိန်ပြောင်းလဲဖို့ လိုလာသည်။ တစ်ချိုသိပ္ပံပညာရှင်များက ခန္ဓါကိုယ်အပူချိန် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း