ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကြေးများတဲ့ကလေးကို ဘယ်လိုကျွေးမလဲ

အထူးသဖြင့် အစာရွေးတဲ့ ကလေးတွေမှာ အစာကျွေးချိန်တွေဟာ မိဘတွေအတွက် အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။ ကလေးက အသက်ကြီးလာတဲ့အခါ သူတို့ လုပ်ချင်တာနဲ့ စားချင်တဲ့အစာတွေနဲ့ ပတ်သက်ပြီး အမှီအခို ကင်းလာကြပါတယ်။ အစမှာတော့ ဒါဟာ အလွန် စိတ်ရှုပ်စရာကောင်းပါတယ်။ အစာရွေးခြင်းဟာ ကလေးရဲ့ အစပထမနှစ်တွေမှာ အဖြစ်များပါတယ်။ ဒါဆို ဒီလို အစာရွေးတဲ့ ကလေးကို အစာကျွေးစဉ်မှာ ဘာတွေ သိထားသင့်သလဲ ကြည့်လိုက်ကြရအောင်။   ဖြစ်နိုင်ရင် ကလေးကို အခြားမိသားစုဝင်တွေနဲ့ အတူ စားခွင့်ပေးပါ။ မိဘအများစုဟာ ကလေးကို မိသားစု ထမင်းဝိုင်းမှာ စားခွင့်ပေးမယ်ဆိုရင် စိတ်တိုခြင်း၊ အာခံခြင်းမရှိပဲ ကလေးတွေ ကောင်းကောင်းစားတာကို တွေ့ရမှာပါ။ ဒါဟာ အစာစားရုံတင်သာမက မိသားစုအချင်းချင်း ရင်းနှီးမှုရတဲ့ အချိန်လည်းဖြစ်ပါတယ်။ သူတို့တစ်နေ့တာအကြောင်းကို မေးမြန်းခြင်းအားဖြင့် အစားအသောက်နဲ့ ပတ်သက်ပြီး ဂျီကျခြင်းကို မေ့အောင်ပြုလုပ်နိုင်ပါတယ်။ သူတို့ကို စားပွဲမှာအတင်းထိုင်ခိုင်းမယ့်အစား […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

သင့်ကလေးအတွက် အမျှင်ဓါတ်ပိုရအောင် ဘယ်လိုလုပ်မလဲ

အမျှင်ဓါတ်ဟာ ကလေးတွေကိုပုံမှန်ဝမ်းသွားစေပါတယ်။ ဒါပေမယ့် အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဟာ ကလေးအတော်များများလိုအပ်သလောက် မရနိုင်တာမို့ အကောင်းဆုံး အစားအသောက်တွေတော့ မဟုတ်ပါဘူး။ မိဘတွေက ကလေးတွေရဲ့ အစားအသောက်မှာ အမျှင်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို ထည့်ပေးနိုင်ပါတယ်။ ဒီဆောင်းပါးမှာ အသေးစိတ်ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။       အကြံပြုချက်များ သင့်ကလေးလိုအပ်တဲ့ အမျှင်ဓါတ်ပမာဏဟာ ကလေးရဲ့ အသက်ပေါ်မူတည်ပါတယ်။ အသက် ၁ နှစ်ကနေ ၃ နှစ်ကြားကလေးတွေဟာ တစ်နေ့ကို ၁၉ ဂရမ် လိုအပ်ပါတယ်။ ၄ နှစ်ကနေ ၈ နှစ်ကြား ကလေးတွေကတော့ ၂၅ ဂရမ်လိုအပ်ပါတယ်။ အသက် ၉ နှစ်ကနေ ၁၃ နှစ်ကြား မိန်းကလေးတွေက ၂၆ ဂရမ်လိုအပ်ပြီး ယောက်ျားလေးတွေက ၃၁ ဂရမ် လိုအပ်ပါတယ်။ ကလေးတွေဟာ သူတို့မှာ ပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ရော၊ မပျော်ဝင်နိုင်တဲ့ အမျှင်ဓါတ်ပါ ရရှိဖို့အတွက် […]


ကလေးငယ်

သင့်ကလေးရဲ့ နေ့စဉ်စားသောက်မှုမှာ ပါဝင်သင့်တဲ့ မဂ္ဂနီဆီယမ်

ကယ်လ်ဆီယမ် ဒါမှမဟုတ် အခြားသော သတ္တုဓါတ်တွေလို အလေးပေးအရေးတယူပြုခြင်းမခံရပေမယ့် မဂ္ဂနီဆီယမ်ဟာ သင့်ကလေးရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးရေးအတွက် အင်မတန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။   မဂ္ဂနီဆီယမ်က ဘာလုပ်ပေးသလဲ။ ခန္ဓါကိုယ်မှာရှိတဲ့ အရိုးတွေသန်မာအောင်နဲ့ အပူအအေးမျှတဖို့အတွက် မဂ္ဂနီဆီယမ်က အရေးပါပါတယ်။ ဒါ့အပြင် ခုခံအားစနစ်ကောင်းစွာ အလုပ်လုပ်ဖို့၊ ကြွက်သားတွေ၊အာရုံကြောတွေ ပုံမှန်အတိုင်းလုပ်ဆောင်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓါတ်ကို လိုအပ်ပါတယ်။ မဂ္ဂနီဆီယမ်မရှိဖူးဆိုရင် ကျွန်တော်တို့ရဲ့ ခန္ဓါကိုယ်ကနေ စွမ်းအင်ထုတ်ပေးနိုင်တော့မှာ မဟုတ်တဲ့အပြင် ကြွက်သားတွေကလည်း တချိန်လုံးတင်းပြီး ညှစ်နေကြမှာဖြစ်ပါတယ်။ ကိုလက်စထရောထုတ်လုပ်မှုနဲ့ သွေးထဲပို့ဆောင်မှုတွေကိုလည်း ကောင်းကောင်းထိန်းညှိနိုင်တော့မှာ မဟုတ်ပါဘူး။   မဂ္ဂနီဆီယမ်ဓါတ်ချို့တဲ့နည်းပါးရင် ဘာတွေ ဖြစ်လာနိုင်သလဲ။ မဂ္ဂနီဆီယမ်ဓါတ်နည်းပါးခြင်းဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်တာမို့ သင့်ကလေးရဲ့ သွေးတွင်းမဂ္ဂနီဆီယမ်ပမာဏကို ဂရုတစိုက်စောင့်ကြည့်နေဖို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ အိပ်မပျော်ခြင်း။ ဝမ်းချုပ်ခြင်း။ ADHD or ADD growth pains လို့ခေါ်တဲ့ ခန္ဓါကိုယ်ကြီးထွားစဉ် […]


ကလေးငယ်

သင့်ကလေးကို ဘယ်အစာတွေ စကျွေးမလဲ

ကလေးလေးတွေကို အစာ စတင်ပြီးကျွေးရတဲ့ အချိန်ဟာ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အချိန်ဖြစ်သလို မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်လည်းပဲ ဖြစ်ပါတယ် (အထူးသဖြင့် သားဦး၊သမီးဦး မွေးထားသူတွေမှာပေါ့)။ ကလေးငယ်အများစုကို အသက် ၆လဝန်းနောက်ပိုင်းမှာ ဖြည့်စွက်အစာစတင်ပြီး ကျွေးလေ့ရှိပါတယ် (ကလေးတယောက်နဲ့ တယောက်တော့ မတူဖူးပေါ့)။ ဒါကြောင့် သင့်ကလေးကို အစာစတင်ပြီး ကျွေးသင့်မကျွေးသင့် သေချာစွာ သိရှိနိုင်စေဖို့အတွက် ကလေးအထူးကုဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ရမှာ ဖြစ်ပါတယ်။ ဒီစိတ်လှုပ်ရှားစရာ အချိန်လေးမှာ သင့်အနေနဲ့ ပိုပြီးမိမိကိုယ်ကို ယုံကြည်မှုရှိစေဖို့အတွက် အချို့သော အရပ်စကားတွေကို ချေဖျက်ကြည့်ကြရအောင်။ အရပ်စကား တကယ်လို့ ကလေးဟာ အဖေ၊အမေရဲ့ ထမင်းပန်းကန်တွေကို ဆွဲရင် ဒါမှမဟုတ် အစားအစာတွေကို လိုက်ကိုင်ရင် သူလေးအနေနဲ့ အစာ စပြီး စားဖို့ အဆင်သင့်ဖြစ်နေပြီ။ အမှန် အစားအသောက်အပေါ် စိတ်ဝင်စားခြင်းဟာ အစာ စကျွေးသင့်ပြီဆိုတဲ့ အချက်နဲ့ ဆိုင်ချင်မှဆိုင်ပါလိမ့်မယ်။ ပိုကောင်းတဲ့ နည်းလမ်းက […]


ကလေးငယ်ပထမနှစ်

ကလေးငယ်နဲ့ မွေးကင်းစတွေမှာ ရင်ပူရင်ဆာ ဖြစ်ခြင်း

ရင်ပူတယ်ဆိုတာ လူကြီးတွေမှာ အဖြစ်များတဲ့ ကိစ္စတစ်ရပ်ပါ။ အားပါးတရစားပြီးနောက် ဒါမှမဟုတ် ပူစပ်တဲ့ အစားအသောက်တွေစားပြီးနောက်မှာ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် မွေးကင်းစတွေနဲ့ ကလေးငယ်တွေမှာလည်း ရင်ဘတ်မှာ ပူလောင်တဲ့ ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ မွေးကင်းစနဲ့ ကလေးငယ်တွေမှာ ဘာကြောင့် ရင်ပူရင်ဆာ ဖြစ်ရသလဲ။ မွေးကင်းစနဲ့ ကလေးငယ်တွေမှာ ရင်ပူရင်ဆာဖြစ်တယ်ဆိုတာ ပုံမှန်အားဖြင့် Gastro Esophageal Reflux ( GERD or Acid Reflux ) ရဲ့ လက္ခဏာရပ်ပါ။ အစာအိမ်မှ အက်စစ်က အစာရေမျိုပြွန် ( ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားတဲ့ပြွန် ) ထဲကို ပြန်တက်လာတဲ့ အခြေအနေမျိုးပါ။ အစာရေမျိုပြွန်ရဲ့ အောက်ခြေမှာ Lower Esophageal Sphincter (LES) လို့ခေါ်တဲ့ ကြွက်သားရှိပါတယ်။ အစာအိမ်နဲ့ အစာရေမျိုပြွန်နဲ့ ဆက်ထားတဲ့နေရာပါ။ ဒါပေမယ့် […]


ကလေးအစာခြေစနစ်ပြဿနာများ

ကလေး အစာအိမ်အချဉ်ပေါက်ခြင်းနှင့် စားချဉ့်ပြန်ရောဂါ

ကလေးတွေက တစ်ခါတလေ အန်ကြပါတယ်။ တစ်နေ့ထဲလည်း အကြိမ်များစွာဖြစ်တတ်ပါတယ်။ ဒါက acid refluxကြောင့်ဖြစ်နိုင်ပြီး သူ့ကို အစာအိမ်အချဉ်ပေါက်ရောဂါ(GERD)လို့သိကြပါတယ်။ လက္ခဏာတွေကတော့ မကြာခဏအော့အန်မယ်။ ချောင်းခဏခဏဆိုးမယ်။ အစာစားရခက်မယ်။ အစာစားနေစဉ် ငိုနေမယ်။ အစာမကြေရင် ကိုယ်ပူမယ်။ လေမလည်ပဲ ဗိုက်အောင့်နေတတ်မယ်။ ဘာတွေက GERDကို ဖြစ်စေပါသလဲ။ အစာနဲ့ အစာအိမ်ထဲရှိ အက်ဆစ်ဟာ အစာပြွန်ကနေ ပါးစပ်ထိရောက်သွားတဲ့အခါ acid refluxဖြစ်တတ်ပါတယ်။ တစ်ခါတလေ အပြင်ဘက်ရောက်သွားပါတယ်။ ကလေးတော်တော်များများကတော့ ကျန်းမာပါတယ်။ အစာခြေလမ်းကြောင်းက ကောင်းကောင်းမဖွံ့ဖြိုးသေးတာပါ။ အသက်ကြီးလာတာနဲ့အမျှ GERDဟာလည်း အရွယ်ရောက်ပြီးလူတွေမှာဖြစ်တာမျိုးနဲ့ မတူညီပါဘူး။ အစာအိမ်နဲ့ အစာပြွန်ကြားက အဆို့ရှင်တွေမှာ အောက်ဘက်ကဖိအားများလာရင် GERDဖြစ်တတ်ပါတယ်။ ဆရာဝန်တွေက အစာအိမ်အချဉ်ပေါက်မှန်း ဘယ်လိုသိမလဲ။ ကလေးရဲ့ဆေးကုသမှုမှတ်တမ်းနဲ့ မိဘပြောပြချက်အရ အဖြေထုတ်နိုင်ပါတယ်။ bariumစုပ်ယူမှု သို့မဟုတ် upper GI seriesစစ်ဆေးမှုတွေ၊  pHစမ်းသပ်မှုတွေမျိုးလုပ်သင့်ပါတယ်။ ဘယ်လိုကုသမလဲ။ ကလေးတွေအတွက် အိပ်တဲ့အိပ်ရာအပေါ်ပိုင်းကို မြှင့်ထားပါ။ အစာစားပြီး မိနစ်၃၀လောက် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများအတွက် ကျန်းမာသော အိပ်စက်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေ တိုးတက်လာစေဖို့ အကြီးမားဆုံး အထောက်အပံ့ပါပဲ။ အားလုံးကို ခြုံပြီးကြည့်မယ်ဆိုရင် ကလေးတစ်ယောက်ဟာ သူ့ရဲ့ကလေးဘ၀၄၀%လောက်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေပါတယ်။ မိဘတွေအနေနဲ့ သင့်ကလေးဟာ လုံလောက်ပြီး အရည်အသွေးမြင့်တဲ့ အိပ်ချိန်တွေရရှိတယ်ဆိုတာ သေချာနိုင်ဖို့ သင်ဘာတွေလုပ်သင့်တယ်လို့ ထင်ပါသလဲ။   အိပ်စက်ခြင်းရဲ့ အရေးပါပုံများ ကလေးတွေအတွက် အိပ်စက်ခြင်းဟာ အရေးပါတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ကျန်းမာရေးကို ကောင်းမွန်ပြည့်စုံစေဖို့တွက် အိပ်စက်ခြင်းက ဘယ်အခန်းကဏ္ဍမှာ လှုပ်ရှားနေတာလဲ။ အိပ်စက်ခြင်းဟာ ကြီးထွားဖွံ့ဖြိုးမှုကို အားပေးပါတယ်။ အမျိုးသားကလေးဆေးရုံကြီး (Children’s National Medical Center) က အိပ်ဆေးဒါရိုက်တာ၊MDဖြစ်တဲ့ Judith Owens ကတော့ နှစ်နှစ်ခြိုက်ခြိုက် အချိန်ကြာကြာအိပ်စက်ခြင်းဟာ ကလေးတွေရဲ့ ခန္ဓါကိုယ်ကနေ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးကောင်းမွန်စေတဲ့ ကြီးထွားတဲ့ဟော်မုန်းတွေကို ထုတ်ပေးနိုင်ပါတယ်လို့ဆိုပါတယ်။ လေ့လာသူတွေကလည်း IQမြင့်မားတဲ့ကလေးတွေဟာ ဘယ်အသက်အရွယ်မှာပဲဖြစ်ဖြစ ပိုပြီးကြာကြာအိပ်လေ့ရှိပါတယ်တဲ့။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ ဖြိုးစေဖို့ အထောက်အပံ့ ဖြစ်စေမယ့် နည်းလမ်း ၄ သွယ်

အဝလွန်နေတဲ့ကလေးတွေကလွဲပြီး အလေးချိန်အနည်းငယ်ပိုတိုးလာလို့ ကျန်းမာနေတဲ့ကလေးတွေ အများကြီးပါ။ ဒါပေမဲ့ ဒါဟာ ကလေးတွေ ဝလာစေမယ့် အလေးချိန်တိုးလာစေမယ့် စားစရာတွေကို နေ့စဉ်စားနေကျ အစာတွေထဲမှာ ထည့်ပြီး စားသောက်စေဖို့တော့မဟုတ်ပါဘူး။ သူတို့ရဲ့ စားသောက်မှုအလေ့အထတွေကို ဖြည်းဖြည်းချင်းပြောင်းလဲပြီး စားစရာတွေထဲကယ်လိုရီ နည်းနည်းပေါင်းထည့်တာက ပိုပြီးအသုံးဝင်ပါလိမ့်မယ်။ ဒီမှာတော့ ကလေးတွေပိန်နေလို့ (အလေးချိန်မပြည့်လို့) စိတ်ဆင်းရဲ စိတ်ပူပန်နေရတဲ့ မိဘတွေအတွက် ကူညီပေးနိုင်မယ့် အချက်တချို့ကို ဖော်ပြလိုက်ပါတယ်။   ၁။ အကြောင်းရင်းကို သိအောင်လုပ်ပါ။ အချို့ကလေးတွေအတွက် အလေးချိန်တိုးလာနိုင်ဖို့ ခက်ခဲနေတယ်ဆိုတာ ပုံမှန်မဟုတ်ပါဘူး။ အလေးချိန်တိုးဖို့ ခဲယဉ်းနေခြင်းကို ဖြစ်စေတတ်တဲ့အကြောင်းရင်းအချို့ကတော့.. ဟော်မုန်း သို့မဟုတ် ဇီဝဖြစ်စဉ်ကြောင့် ဆေးဝါးတွေအသုံးပြုခြင်း အလွန်အမင်းတက်ကြွလှုပ်ရှားခြင်းဟာ ပုံမှန်ထက် ကယ်လိုရီတွေကို ပိုပြီး လောင်ကျွမ်းစေနိုင်ပါတယ်။ အစာဓာတ်မတည့်မှုများ သူငယ်ချင်းများထံမှ စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ မိဘတွေဟာ ကလေးအထူးကုတွေဆီကလည်း အကြံဉာဏ်ယူသင့်တယ်လို့ အကြံပြုထားပါတယ်။ ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေတွေကို သူတို့ရဲ့ ပညာ၊ […]


ကလေးအစာခြေစနစ်ပြဿနာများ

စားချဉ့်ပြန်ရောဂါ ရှိတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ

GERD စားချဉ့်ပြန်ရောဂါ ရှိတဲ့ ကလေးငယ်ကို ဘယ်လိုပြုစုမလဲ။ ကလေးငယ်တွေဟာ မကြာခဏ အန်တတ်ပြီး ဒါဟာ သူတို့အသက်အရွယ်အတွက် ပုံမှန် အရာတစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် အန်ခြင်းဟာ အခြားလက္ခဏာတွေနဲ့ အတူဖြစ်ပေါ်တယ်ဆိုရင်တော့ ဒါဟာ acid reflux ကြောင့် ဖြစ်တဲ့ Gastroesophageal reflux disease (GERD) ရောဂါ ဖြစ်နိုင်ပါတယ်။   GERD ရဲ့ လက္ခဏာများ GERD ဟာ လူကြီးတွေမှာသာ ဖြစ်တတ်တဲ့ ရောဂါတစ်ခုမဟုတ်ပဲ ကလေးငယ်တွေမှာ အထူးသဖြင့် ငယ်ရွယ်တဲ့ ကလေးငယ်တွေမှာ ဖြစ်ပွားနိုင်ပါတယ်။ အဖြစ်များတဲ့ လက္ခဏာတွေကတော့ မကြာခဏ အန်ခြင်း ချောင်းဆိုးခြင်း အစာနင်ခြင်း၊ စားသောက်ရ ခက်ခဲခြင်း အစာစားနေစဉ် (သို့) စားပြီးချိန်တွင် ငိုခြင်း ဗိုက်ပတ်ပတ်လည်တွင် နာကျင်မှု၊ လေထမှု ရှိခြင်း အိပ်ရေးပျက်ခြင်း ကြို့ထိုးခြင်း ပက်လက်အိပ်စဉ် ဗိုက်နာခြင်း အန်စဉ် သွေးပါခြင်းဟာ GERD ရဲ့ အဖြစ်များတဲ့ လက္ခဏာ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ကိုယ်အပူချိန်ကျခြင်းကို ဘယ်လိုကုသပေးမလဲ

သင့်အနေနဲ့ ကိုယ်အပူချိန်တက်ပြီး ဖျားတာကိုသာ တရင်းတနှီးကြားဖူးမှာဖြစ်ပြီး ကိုယ်အပူချိန်ကျဆင်းခြင်းကိုတော့ သိပ်ကြားဖူးမယ် မထင်ပါဘူး။ ဒါပေမယ့် ဒါဟာ ကလေးတွေမှာ အရေးကြီးတဲ့ ပြဿနာတခုပဲ ဖြစ်ပါတယ်။ဦးနှောက်နဲ့ အာရုံကြောပြဿနာတွေရှိတဲ့ ကလေးတွေမှာ ကိုယ်အပူချိန်ကျတာမျိုး အဖြစ်များပါတယ်။   ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ဘယ်လောက်လဲ။ ဘယ်လိုတိုင်းတာမလဲ။ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန်က ၃၇ဒီဂရီ စင်တီဂရိတ်လောက်ရှိပြီး ကလေးရဲ့ တနေ့တာလှုပ်ရှားသွားလာမှုတွေအပေါ် မူတည်ကာ အဆိုပါ အပူချိန်ထက် အနည်းငယ်များတာ၊နည်းတာမျိုးက ပြဿနာမဟုတ်ပါဘူး။ ချိုင်းကြားမှာ တိုင်းတာတဲ့အပူချိန်ဟာ ပါးစပ်ထဲမှာ တိုင်းတာတဲ့အပူချိန်ထက် အနည်းငယ် လျော့နည်းမှာဖြစ်ပြီး အတိကျဆုံးသော ရလဒ်ကို ရရှိနိုင်ဖို့အတွက် ပြဒါးတိုင်ကို စအိုတွင်းထည့်ပြီး တိုင်းတာရမှာ ဖြစ်ပါတယ်။   ခန္ဓာကိုယ်အပူချိန်ကျဆင်းခြင်းဟာ အန္တရာယ်ရှိသလား။ ခန္ဓာကိုယ်အပူချိန် ပုံမှန်ထက် အနည်းငယ်ကျဆင်းခြင်းဟာ ကိုယ်အင်္ဂါတွေကို ထိခိုက်မှု မဖြစ်စေတဲ့အတွက် အန္တရာယ်မရှိပါဘူး။ ဘာကြောင့် ကိုယ်ခန္ဓာအပူချိန်ကျဆင်းရသလဲဆိုတာကသာ ပိုပြီးအရေးကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ တချို့ကလေးတွေဟာ မွေးကတည်းက ပုံမှန်ခန္ဓာကိုယ်အပူချိန်ဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း