ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဘေဘီလေးက ကြက်သွန်နီ စားလို့ရရဲ့လား။ ဘယ်အရွယ်မှာ စစားလို့ ရတာလဲ။ ဒီမေးခွန်းက မေမေတိုင်း မကြာခဏ မေးလေ့ရှိတဲ့ မေးခွန်းတစ်ရပ်ပေါ့။ အကြောင်းကတေ့ ဟင်းလျာ အများစုမှာ ကြက်သွန်နီ (Onions)က မပါမဖြစ်လေ။ ဒီတော့ ဟင်းတွေစားတိုင်း ဘေဘီလေးက မေမေ နည်းနည်းဆိုရင် မခွံခင် စဉ်းစားမိတာက ဒီအတွေးဟုတ်။ ဒီအတွေးလေးအတွက် အဖြေကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော် မေမေတို့ရေ......... ဘေဘီလေးက ကြက်သွန်နီ (onions) ဘယ်အချိန်မှာ စစားလို့ရမလဲ ကြက်သွန်နီကို ဘေဘီလေး အသက် ၆ ပြည့်ပြီ၊ solid food စစားပြီဆိုတာနဲ့ စမိတ်ဆက်ပေးလို့ ရပါပြီ။ ကြက်သွန်နီက ဘေဘီလေးကို အခြား အစားအစာတွေလို ဓာတ်မတည့်မှု ဖြစ်စေနိုင်ခြေက အတော်လေးကို နည်းတာပါ။ ဒါပေမယ့် အစာမကြေတာ၊ လေပွတာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။ ဘေဘီလေးကို ကြက်သွန်နီ […]


ကလေးငယ်အာဟာရ

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား ဆိုတဲ့ မေးခွန်းက အမေးများလှပါတယ်။ ကြက်သွန်ဖြူ က ကျန်းမာရေးအတွက် အတော်လေး အကျိုးများတယ်ဆိုတာတော့ သိထားပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား ဆိုရင်တော့ မေမေတွေ နည်းနည်း တွေဝေသွားမယ် ထင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ကြက်သွန်ဖြူ ကျွေးရမလား၊ မကျွေးရဘူးလားဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ အအေးမိလည်းစား၊ သွေးတွင်းကိုလက်စထရောကျအောင်ဆိုပြီးလည်း စားတတ်ကြသလို နေ့စဉ် ချက်နေကျ ဟင်းလျာတွေထဲမှာ အနံ့အရသာ ကောင်းစေဖို့ ထည့်လေ့ရှိတဲ့ ကြက်သွန်ဖြူ က ဘက်တီးရီးယားတွေနဲ့ မှိုပိုးကို တိုက်ဖျက်ပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေး အကျိုးများတာပါ။ ဘေဘီလေးကို ဘယ်အချိန်မှာ ကြက်သွန်ဖြူကျွေးမလဲ ဘေဘီလေးအနေနဲ့ solid food စစားတတ်ပြီဆိုတဲ့အချိန် အသက် ၆ လကနေ ၈ လအတွင်းမှာစကျွေးလို့ ရပါပြီ။ သတိထားရမှာတစ်ခုက […]


ကလေးငယ်ပထမနှစ်

မေမေတို့ချစ်မဝတဲ့ ဘေဘီလေး

ဘေဘီလေး ဆိုတဲ့ စကားလုံးကို ချစ်ခင်ရတဲ့အခါ သုံးကြပေမယ့် ဘေဘီလေးဆိုတဲ့ စကားလုံးထဲမှာ အကျုံးဝင်တာက မွေးစကနေ အသက် ၁ နှစ်သားလေးတွေပါ။ အသက် တစ်နှစ်ကျော်လာပြီဆိုရင် ဘေဘီလေးဆိုတာထက် လမ်းလျှောက်တတ်စဆိုတဲ့စကားနဲ့ ပိုကိုက်ညီပါမယ်။ ဒီတစ်ခေါက်တော့ မေမေတို့ချစ်မဝတဲ့ ဘေဘီလေး တွေ ဘယ်လိုကြီးပြင်းအရွယ်ရောက်လာသလဲဆိုတဲ့ အကြောင်းကို ပြောပြပေးသွားပါမယ်။ အလျင်မြန်ဆုံး ကြီးထွားတဲ့အရွယ် ဘေဘီလေးလို့ ခေါ်ကြတဲ့ မွေးစကနေ အသက် တစ်နှစ်အတွင်းမှာ ဘေဘီလေးတွေက အလျင်မြန်ဆုံး ဖွံ့ဖြိုးတာပါ။ မေမေတို့ချစ်မဝတဲ့ ဘေဘီလေး ​တွေဟာ ပက်လက်အနေအထားလေးကနေ သူတို့ရဲ့ ခြေလက်လေးတွေကို လှုပ်ရှားလာနိုင်ကြသလို လိုချင်တဲ့ ပစ္စည်းလေးတွေဆီရောက်အောင် လှမ်းတတ်လာကြပါတယ်။ အသံလေးတွေကို လုပ်တတ်လာသလို အသံတွေကိုလည်း တုံ့ပြန်လာတတ်ကြပါတယ်။ ဘေဘီလေးတွေဟာ အသက် တစ်နှစ်သားအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ လျင်လျင်မြန်မြန် ဖွံ့ဖြိုးလာပါတယ်။  ဘေဘီလေးတွေက သူတို့ရဲ့ ပထမနှစ်မှာ တွေးခေါ်မှု […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေမှာ သံဓာတ် လွန်ကဲနေပြီလား

ဘေဘီလေးတစ်ယောက်အတွက် သံဓာတ်က လိုအပ်တယ်ဆိုပေမယ့် လိုတာထက်ပိုတဲ့အခါ ဘေဘီလေးကို ထိခိုက်မှုတွေဖြစ်လာစေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးတစ်ယောက်အနေနဲ့ အသက်အရွယ်အလိုက် လိုအပ်မယ့် သံဓာတ် ပမာဏအတိုင်း ဖြည့်ပေးတာက အကောင်းဆုံး နည်းလမ်းပါ။ သံဓာတ်ဆိုတာက ဘေဘီလေးတွေမှာ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဘေဘီလေးတွေအနေနဲ့ သံဓာတ်ကို မေမေ့နို့ချိုကနေ ရရှိနိုင်သလို သံဓာတ်ဖြည့်စွက်ထားတဲ့ ဘေဘီလေးတွေအတွက် ထုတ်လုပ်ထားတဲ့ ဖြည့်စွက်အာဟာရတွေကနေလည်း ရရှိနိုင်ပါတယ်။ သံဓာတ်က ဘေဘီလေးရဲ့ သွေးနီဥဆဲလ် ပမာဏကို တိုးစေနိုင်သလို လျင်မြန်စွာ ကြီးထွားလာစေဖို့လည်း အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ သံဓာတ်နည်းလွန်းတာက ဘေဘီလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေနိုင်သလို သွေးအားနည်းရောဂါ ဖြစ်စေပြီး ဘေဘီလေးရဲ့ အစားစားချင်စိတ်နဲ့ အာရုံစူးစိုက်မှုတွေအပေါ်မှာပါ ထိခိုက်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘေဘီလေးကြီးထွားဖို့အတွက် သံဓာတ်ပြည့်ဝဖို့ လိုသလို သံဓာတ် လိုတာထက် […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

သားသားမီးမီးတွေ ဉာဏ်ရည်ပိုထက်မြက်လာစေမယ့် အစားအစာနှင့် လေ့ကျင့်ခန်းများ

မိဘတိုင်းက သူတို့ရဲ့ကလေးတွေကို ဉာဏ်ရည်ထက်မြက်ပြီး တော်တဲ့ကလေးတွေဖြစ်စေချင်ကြပါတယ်။ ဒါဆိုရင်တော့ ကလေးတွေကို မှန်ကန်တဲ့ အစားအသောက်တွေ၊ အာဟာရတွေဖြည့်တင်းပေးဖို့အပြင် Brain Gym Exercise လို့ခေါ်တဲ့ ဦးနှောက် ဖွံ့ဖြိုးစေမယ့် လေ့ကျင့်ခန်းတွေ သင်ကြားပေးဖို့လည်း လိုအပ်မှာပါ။ ဘာတွေလိုအပ်လည်း သေချာဆက်ရှင်းပြပေးပါမယ်နော်။ သားသားမီးမီးတွေ ရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေမယ့် အစားအစာများ ကလေးတွေရဲ့ ဦးနှောက်ကောင်းမွန်စွာ ဖွံ့ဖြိုးစေဖို့ဆိုရင် မှန်ကန်တဲ့အစားအသောက်တွေကို မှီဝဲစေဖို့ က ပထမလိုအပ်ချက်ပါ။ အစားအစာတိုင်းမှာ အာဟာရဓာတ်တွေပါဝင်နေတာမှန်ပေမယ့် အကျိုးပြုပေးတဲ့ သဘောသဘာဝခြင်းတော့ တူညီမှာမဟုတ်ပါဘူး။ ဒါကြောင့် ကလေးတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးအောင် ကူညီပေးနိုင်တဲ့ အစားအစာတွေကို မိဘတိုင်းက သိထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ သားသားမီးမီးတွေ ရဲ့ ဦးနှောက်ကို အကောင်းဆုံး ဖွံ့ဖြိုးစေနိုင်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းပါပဲ။ ပင်လယ်ငါး - DHA နဲ့ EPA […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ဘေဘီလေးတွေကို ရောဂါဆိုးတွေ အန္တရာယ်ကနေ ကာကွယ်ပေးမယ့်အရာ

မိဘတွေက သားသမီးတွေရဲ့ ပဲ့ကိုင်ရှင်ပါ။ ဘေဘီလေးတွေကို မွေးဖွားလာချိန်ကနေစလို့ ကိုယ်တိုင် ဆုံးဖြတ်ချက် မချနိုင်ခင်အထိ ဘေဘီလေးတို့ရဲ့ ရှင်သန်နေထိုင်ရေး အားလုံးကို မေမေဖေဖေတို့ကပဲ ဆုံးဖြတ်ချက်ချရတာပါ။ ကလေးကို ဘယ်လို အစားအသောက် ပြင်ဆင်ပေးမယ်။ ဘယ်ကိုတော့ ခေါ်သွားမယ်။ ဘယ်ကျောင်းမှာ ထားမယ်ဆိုတာတွေကအစပေါ့။ ဒီလို ဆုံးဖြတ်ချက်ချရတဲ့အထဲမှာ ကြီးကြီးမားမား ဆုံးဖြတ်ချက်ချမှတ်ရတဲ့ ကိစ္စတစ်ခု ရှိပါတယ်။  ဒါကတော့ ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးရမလား။ မထိုးပေးရဘူးလားဆိုတာပါ။ ကာကွယ်ဆေးနဲ့ပတ်သတ်လို့ ကောလဟလတွေ၊ သတင်းအချက်အလက်အမှားတွေကြားဖူးထားတတ်ကြသလို ကလေးနာမှာကြောက်တာ၊ ကာကွယ်ဆေးထိုးလို့ဖျားမှာကြောက်တာတွေလည်း ရှိကြတာကိုး။ အဖြေထုတ်ရခက်နေတယ်ဆိုရင်တော့ ကာကွယ်ဆေးကို ဘေဘီလေးကို ထိုးပေးလိုက်ပါလို့ အကောင်းဆုံး အကြံပြုပါရစေ။ ဘာကြောင့် ဒီလိုပြောရလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ပြောပြပေးမယ်နော်  ကာကွယ်ဆေးက ဘေဘီလေးတို့ အတွက် ဒိုင်းတစ်ခုပါ။ ကာကွယ်ဆေးဆိုတာက ဘေဘီလေးတွေကို အန္တရာယ်များတဲ့ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ အန္တရာယ်ကနေ ကာကွယ်ပေးတာပါ။ ကာကွယ်ဆေးက ကမ္ဘာပေါ်က […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

မေမေတစ်ယောက်အတွက် ဂုဏ်ယူစရာအကောင်းဆုံးက ဘာလဲ...................

လူတစ်ယောက်စီမှာ ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စ အမျိုးမျိုးရှိစမြဲပါ။ ဒီလိုပါပဲ မေမေတွေမှာလည်း ဂုဏ်ယူစရာအကောင်းဆုံး ကိစ္စရပ်တစ်ခု ရှိပါတယ်။ ဒါကတော့ မေမေကိုယ်တိုင် ပျိုးထောင်ထားတဲ့ ဘေဘီလေးက အကောင်းဆုံး ကြီးပြင်းလာတာပါ။ ကိုယ်တိုင် စိုက်ပျိုးထားတဲ့ ပန်းပင်လေးတွေ အကောင်းဆုံး ဖူးပွင့်လာရင် ပီတိဖြစ်မဆုံးဟုတ်။ ဒီလိုပါပဲ ကိုးလလွယ်လို့ ဆယ်လဖွားထားရတဲ့ ဘေဘီလေးက အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးလာတယ်ဆိုရင် မေမေတို့အတွက် ဒါ့ထက် ဂုဏ်ယူစရာကောင်းတဲ့ ကိစ္စက ရှိပါ့ဦးမလား.... ဒီလို မျိုး ဘေဘီလေးက အကောင်းဆုံး ကြီးပြင်းလာလို့ လူတိုင်းက ကလေးက ထွားလိုက်တာ။ ဉာဏ်လည်းကောင်းတယ်နော်လို့ ပြောလိုက်တိုင်း အရမ်းကို ဂုဏ်ယူဝမ်းသာနေတဲ့ မေမေရဲ့ ပီတိက မျက်နှာမှာ အတိုင်းသားပေါ်နေစမြဲပါ။ ဒီလို ချီးမွမ်းမှုတွေက ဒီအတိုင်း ပြီးသွားသလားဆိုတော့ မဟုတ်သေးပါဘူး။ ချီးမွမ်းမှုတွေရဲ့ နောက်မှာ မေးခွန်းတွေ ပါလာစမြဲပါ။ ဒါတွေကတော့ […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ငုံးဥ ကျွေးလို့ရလား..............

ဘေဘီလေးက အသက် ၆ လရောက်လာပြီဆိုရင် အစားစကျွေးလို့ရပြီ။ ဒီအချိန်မှာ မေမေ့ခေါင်းထဲ ဝင်လာတာက စားစရာတစ်ခုခုကို ကိုင်လိုက်တိုင်း၊ တွေးမိလိုက်တိုင်း ဘေဘီလေး စားလို့ရလား မသိဘူးဆိုတာပါ။ အခုတစ်ခေါက်တော့ ငုံးဥပြုတ်စားတဲ့အခါ ဘေဘီလေးကို ခွံလို့ရမလား တွေးနေတဲ့ မေမေတွေအတွက် အဖြေထုတ်ပေးမယ့် ဆောင်းပါးလေးပါ။ ဘေဘီလေးကို ငုံးဥပြုတ်ကျွေးလို့ရလား.............. ဘေဘီလေးကို ကြက်ဥကျွေးလို့ရတယ်တော့ ပြောတယ်။ ငုံးဥရော ကျွေးလို့မရဘူးလားဆိုတော့ ရပါတယ်။ ဘေဘီလေး အသက် ၉ လလောက်ရောက်ပြီဆိုရင် ဘေဘီလေးကို ငုံးဥ စကျွေးလို့ ရပါပြီ။ ငုံဥကျွေးတဲ့အခါ ဘေဘီလေးကို အကာစကျွေးပေးပါ။ နည်းနည်းချင်းစီ စကျွေးပြီး ဘေဘီလေးနဲ့ တည့်တယ်၊ ဓာတ်မတည့်တဲ့ လက္ခဏာလည်း မပြဘူးဆိုရင် အနှစ်ရော အကာပါ စိတ်ချလက်ချ ကျွေးလို့ရပါပြီ။ ငုံးဥက ဘေဘီလေးအတွက် အာဟာရဖြစ်ရဲ့လား........... ငုံးဥက ဘေဘီလေးအတွက် အာဟာရ ဖြစ်ရဲ့လားဆိုတော့ သိပ်ဖြစ်တာပေါ့။ ငုံးဥမှာ […]


ကလေးငယ်အာဟာရ

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C ကို ကိုယ်ခံအား ဗီတာမင်လို့ အသိများကြမယ်ထင်ပါတယ်။ အအေးမိတာ၊ ဖျားနာတာ ကင်းဖို့ဆိုရင် ဗီတာမင် C များများကျွေးပေးလေဆိုတာကကြားနေကျ စကားလေး တစ်ခွန်းပါ။ ဘာလို့ ကလေးကျန်းမာဖို့ ဗီတာမင် C များမျာကျွေးလို့ ပြောရတာလဲဆိုတာကို ပြောပြပေးသွားပါမယ်။ ဗီတာမင် C ဆိုတာ ဘာလဲ......... ဗီတာမင် C က ascorbic acid ပါ။ ချဉ်တဲ့ အသီးအနှံတွေ၊ ပန်းသီး၊ ဘယ်ရီသီး၊ အာလူး၊ ငရုတ်ပွ စတာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် တစ်မျိုးပေါ့။ ဗီတာမင် C က ဘေဘီလေးအတွက် ဘာတွေလုပ်ပေးလဲ........... ဗီတာမင် C က ဘေဘီလေးကို သွေး​ကြောတွေ ကျန်းမာစေတယ်။ အရိုးနုတွေ ကျန်းမာစေတယ်။ ကြွက်သားတွေ သန်မာစေတယ်။ တွယ်ဆက်တစ်ရှူးတွေ၊ အရေပြား တစ်ရှူးတွေကို […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ

ရောဂါတစ်ခုကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာဟာ ဖြစ်ပြီးမှ ကုသတာထက် ပိုထိရောက်ပါတယ်။ ရောဂါတွေက ပြည်တွင်းရော ပြည်ပမှာပါ ဖြစ်ပွားနေတာပါ။ နေရာအနှံ့မှာ ရောဂါပိုး မျိုးစုံပါပဲ။ ဒါပေမယ့် ကံကောင်းတာ တစ်ခုက ကြောက်စရာကောင်းတဲ့ ရောဂါတွေလို့ သတ်မှတ်လို့ ရတဲ့ ပိုလီယို၊ ဝက်သက်၊ ကြက်ညှာချောင်းဆိုး၊ ဂျာမန်ဝက်သက်၊ ရိုတာဗိုင်းရပ်စ်၊ မေးခိုင်ပိုးစတဲ့ ရောဂါပိုးတွေကို ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရနေတာပါ။ ဒီတော့ ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ ကို အတူတူ ကြည့်လိုက်ရအောင်နော်။ ကလေးကာကွယ်ဆေးတွေ အရေးပါရတဲ့ အကြောင်းရင်းများ ကာကွယ်ဆေးတွေရဲ့ ကျေးဇူးကြောင့် အချို့သော ရောဂါဆိုးတွေဟာဆိုရင် သမိုင်းတွေထဲမှာ ကျန်ရစ်ခဲ့ပြီး ကာကွယ်ဆေး ထုတ်လုပ်ဖို့အတွက် ဓာတ်ခွဲခန်းတွေမှာပဲ ရှင်သန်နေကြတော့ပါတယ်။  ကာကွယ်ဆေးတွေကြောင့် နှစ်ပေါင်းများစွာအတွင်း ချစ်ရတဲ့ ရင်သွေးလေးတွေကို ရောဂါဆိုးတွေများစွာရဲ့ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ ဘေဘီလေးတွေကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း