ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်အရွယ် သင့်ကလေးရဲ့ အင်တာနက်အသုံးပြုမှုကို ဘယ်လိုစောင့်ကြည့်မလဲ

ဒီခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုတွေဟာ အင်မတန်လွယ်ကူမြန်ဆန်ပြီး လူကြီးတွေအနေနဲ့ လိုက်မှီဖို့ မနည်းကြိုးစားနေရပါတယ်။ ဒါ့အပြင် လူတွေဟာ အင်တာနက်ပေါ်မှာ ဟုတ်တာတွေရော၊မဟုတ်တာတွေရောကို အလွယ်တကူ ပြောချင်တိုင်းပြောဆိုနေကြတဲ့အတွက် အမှန်တရားနဲ့ မုသားတို့အကြား အလွန်ပဲ ဝေခွဲရခက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေ လမ်းမှားရောက်သွားမလား၊ဝါးလုံးနင်းမိမလား၊ဝါးခြမ်းနင်းမိမလားဆိုတာကို တချိန်လုံးပူပန်နေရပါတယ်။ ဘယ်အရာမဆို အင်တာနက်ကနေ လွယ်ကူစွာ ရရှိနေတာကြောင့် မိမိရဲ့ ဆယ်ကျော်သက်အရွယ် သားသမီးတွေကို စိတ်မချတဲ့အတွက် သူတို့လေးတွေရဲ့ အွန်လိုင်းအသုံးပြုမှုကို စောင့်ကြည့်အကဲခတ်ဖို့ကလည်း အင်တာနက်နဲ့ အကျွမ်းတဝင်မရှိတဲ့ မိဘတွေအတွက်က ခက်ခဲမှုတွေ ရှိနေပြန်ပါတယ်။   သင့်ကလေးရဲ့ အွန်လိုင်းအသုံးပြုမှုတွေကို မျက်ခြေမပြတ်စောင့်ကြည့်သင့်သလား။ ဒါဟာ ယတိပြတ်ဖြေလို့မရတဲ့ မေးခွန်းပါ။ ဆယ်ကျော်သက်တွေဟာ အမှီအခိုကင်းစွာ လွတ်လွတ်လပ်လပ် နေချင်သူတွေဖြစ်ပြီး သူတို့ကို စောင့်ကြည့်တာ မကြိုက်ပါဘူး။ သူတို့အင်တာနက်အသုံးပြုတာကို စောင့်ကြည့်မယ့် ဆော့ဖ်ဝဲတွေ၊အက်ပလီကေးရှင်းတွေ ထည့်သွင်းပေးထားမယ်ဆိုရင် သူတို့ကို မယုံကြည်ဖူးဆိုတဲ့ အဓိပ္ပါယ်သက်ရောက်မှာဖြစ်တဲ့အတွက် ကလေးတွေအနေနဲ့ သင့်အကူအညီကို တကယ်တမ်း […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးနှာခေါင်းထဲ အရာတခုခုဝင်သွားရင် ဘယ်လိုဖယ်ရှားပစ်မလဲ

သင့်ကလေး နှာခေါင်းထဲကို ပုတီးစေ့လေးဝင်သွားတာမျိုး၊အစေ့တခုခု ဝင်သွားတာမျိုး ဖြစ်ပြီဆိုကြပါစို့။ ဒါဟာ အင်မတန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာတခုဆိုတာ မိဘတိုင်း သိပါတယ်။ ဟုတ်ပြီ၊ ဒီလို ဖြစ်လာခဲ့ရင် ဘာလုပ်မလဲ၊ဘယ်သူ့ကို ခေါ်ရမှာလဲ၊ဆေးခန်းဆေးရုံပြေးရမှာလား။ သုတေသနပြုလေ့လာချက်အသစ်တခုအရ သိရှိခဲ့ရတာကတော့ ဟိုးဆယ်စုနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့တဲ့ အိမ်တွင်းဆေးမြီးတိုကုသနည်း တခုဖြစ်တဲ့ "မေမေ့အနမ်း" လို့ခေါ်တဲ့ နည်းလမ်းဟာ ဒီ ပြဿနာကို ပြေလည်သွားစေတယ်ဆိုတာပါပဲ။ ဒီနည်းလမ်းဟာ နာကျင်မှုထူးထူးခြားခြားမရှိတဲ့အပြင် အရေးပေါ်ကုသခန်းမှာ တွေ့ကြုံရမယ့် စက်ကိရိယာကြီးတွေ၊လူစိမ်းတွေနဲ့ယှဉ်ရင် သားသား မီးမီးတို့အတွက် စိတ်သက်သာရာရစေ၊လုံခြုံမှုကို ခံစားရစေမှာပါ။   "မေမေ့အနမ်း" ဆိုတာဘာလဲ။ ဒီနည်းလမ်းလေးကို ၁၉၆၅ မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး အသုံးပြုပုံ အဆင့်ဆင့်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အမေ(သို့မဟုတ် လူကြီးတယောက်ယောက်)ရဲ့ ပါးစပ်နဲ့ ကလေးရဲ့ ပါးစပ်ကို နမ်းတဲ့ပုံစံအတိုင်း တေ့ထားရမှာဖြစ်ပြီး ကောင်းနေတဲ့ နှာခေါင်းတဖက်ကို လက်ချောင်းတချောင်းနဲ့ ပိတ်ထား၊ဆို့ထားရပါမယ်။ ပြီးရင် ကလေးရဲ့ ပါးစပ်ထဲကို လေမှုတ်ထည့်ရပါမယ်။ မှုတ်ထည့်လိုက်တဲ့ […]


ကလေးငယ်ပထမနှစ်

ကလေးငယ်ကို ဉာဏ်ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ

ဉာဏ်ကောင်းတဲ့ ပါရမီရှင်ကလေးငယ် တစ်ယောက်ကို မွေးဖွားဖို့အတွက် သင်ဟာ ဦးနှောက်အလွန်ကောင်းစရာ မလိုပါဘူး။ ဉာဏ်ရည်ဟာ သင့်ရဲ့ မေတ္တာနဲ့ ကလေးကို ဂရုစိုက်မှုတွေပေါ်မူတည်ပြီး ဖွံ့ဖြိုးလာမှာ ဖြစ်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ သင့်ကလေးငယ်ကို ဉာဏ်ကောင်းအောင် လုပ်ပေးနိုင်မယ့် လွယ်ကူတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။     လုံခြုံစိတ်ချရစိတ် တည်ဆောက်ပေးခြင်း Tracy Cutchlow, editor of the book Brain Rules for Baby က ဦးနှောက်ဟာ လုံခြုံတဲ့ ခံစားချက်ရမှသာ သင်ယူမှု ပြုလုပ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သင့်ကလေးငယ်အတွက် လုံခြုံတဲ့ ခံစားမှုမျိုးရရှိအောင် ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ အသားချင်း ထိထာခြင်း၊ မျက်နှာချင်းဆိုင်ခြင်း၊ ကလေးကို နှိပ်ပေးခြင်း၊ စကားပြောခြင်း၊ အဝတ်လဲပေးခြင်းတွေက ကလေးငယ်တွေရဲ့ တိုးတက်မှုကို ကူညီပေးပြီး လုံခြုံစိတ်ကို တိုးမြှင့်ပေးနိုင်ပါတယ်။ သင်နဲ့ သင့်အိမ်ထောင်ဖက်ရဲ့ […]


ကလေးကျန်းမာရေး

ဖခင်တစ်ယောက်ရဲ့ စိတ်ပူပန်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

အထူးသဖြင့် ပထမကလေးရှိခြင်းဟာ မျှော်လင့်နေတဲ့ မိဘတွေအတွက် ကြီးမားတဲ့ ဘဝအပြောင်းအလဲတစ်ခုပဲ ဖြစ်ပါတယ်။ ဖခင်ဟာ ကလေးမွေးတဲ့နာကျင်မှုကို မခံစားရပေမယ့် သူ့မှာလည်း စိတ်ပူမှုတွေရှိပါတယ်။ ကိုယ်ဝန် ဆောင်းပါးအများစုဟာ အမျိုးသမီးတွေအတွက် ဖြစ်ပြီး သူတို့ဟာ အခက်ခဲဆုံးအလုပ်ကို လုပ်ရသူတွေမို့ သင့်လျော်ပါတယ်။ ဒါပေမယ့် ဖခင်ကိုလည်း အားပေးဖို့ လိုအပ်ပါတယ်။ ဖခင်တစ်ယောက် ဖြစ်လာခြင်းဟာ ပြင်းထန်တဲ့ ခံစားချက်တွေဖြစ်တဲ့ ပျော်ရွှင်ခြင်း၊ စိတ်လှုပ်ရှားခြင်းကနေ စိတ်ပူခြင်းတွေအထိ ဖြစ်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဖခင်တွေကြောက်တတ်ကြတဲ့အချက်တွေကို ဖေါ်ပြပြီး ဘယ်လိုကျော်လွှားရမယ်ဆိုတာပါ ဖေါ်ပြသွားမှာဖြစ်ပါတယ်။   ၁။ အိမ်ထောင်ဖက်ရဲ့ ကလေးမွေးခြင်းကို ရင်ဆိုင်ရန် ကြောက်ရွံ့ခြင်း ကလေးကို မျှော်လင့်နေတဲ့ ဖခင်အတော်များများဟာ ကလေးမွေးတဲ့ ဖြစ်စဉ်အတွက် ပါဝင်ရုန်းကန်ကြပါတယ်။ အမျိုးသမီးအတော်များများ အံကြိတ်ပြီး မျက်ရည်ပြည့်နေတဲ့ မျက်လုံးတွေနဲ့ အကူအညီမဲ့နေကြပြီး နာရီပေါင်းများစွာ နာကျင်စွာ ကလေးမွေးဖွားတဲ့ ဗီဒီယိုတွေကို ကြည့်ဖူးကြမှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အိမ်ထောင်ဖက် နာကျင်မှုသက်သာစေဖို့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

မတူညီတဲ့ မိဘအုပ်ထိန်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

အိမ်ထောင်ပြုပြီးသူနှစ်ဦးဟာ သူတို့ရဲ့ဆက်ဆံရေးကို နောက်တစ်ဆင့်တက်ဖို့ ကြိုးစားမယ်ဆိုရင် စိတ်ထဲမှာရှိကြတာကကလေးယူခြင်းပဲ ဖြစ်ပါတယ်။ လူအတော်များများဟာ သူတို့အိမ်ထောင်ဖက်အကြောင်းကို အတော်သိပြီးပြီလို့ ထင်ပေမယ့် အရေးကြီးတဲ့အချက်တစ်ချက်ကို ထည့်သွင်းစဉ်းစားဖို့ မေ့နေတတ်ကြပါတယ်။ ဒီအချက်ကတော့ ကလေးပြုစုတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ဒါဟာ ဆက်ဆံမှုတွေ ပျက်ပြားခြင်းရဲ့ အဓိကအချက်လည်း ဖြစ်ပါတယ်။ ဒါဆို သင်နဲ့ သင့်အိမ်ထောင်ဖက် ဒီအချက်နဲ့ ပတ်သက်ပြီး ပြဿနာ အကြီးအကျယ်တက်နေပြီဆို ဘာလုပ်သင့်သလဲ။   အသုံးများတဲ့နည်းလမ်းတွေအကြောင်းကို နားလည်ပါ။ ကလေးပြုစုနည်း သုံးမျိုးရှိပါတယ်။ Authoritarian ဒီနည်းမှာမိဘတွေဟာ ကလေးတွေရဲ့ လုံးဝလိုက်နာမှုကိုသာ လိုလားကြပြီး ဘယ်လိုညှိနှိုင်းခြင်းမှ မပြုလုပ်ကြပါဘူး။ ကလေးတွေကိုနားထောင်မယ့်အစား  သူတို့တန်ဖိုးထားတဲ့ အချက်တွေကိုသာ ပြောတတ်ကြပါတယ်။ Permissive ဒီလိုမိဘတွေက လွယ်လွယ်ကူကူတွေးတတ်ကြပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဘယ်လိုကန့်သတ်ချက်တွေ၊ စည်းကမ်းတွေမှ မထားတတ်ကြပါဘူး။ ဒါကြောင့် ဒီလိုမိဘတွေရဲ့ ကလေးတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကို ရင်ဆိုင်ဖို့မလိုပဲ လုပ်ချင်တာအကုန် လုပ်နိုင်ကြပါတယ်။ Authoritative ဒီမိဘတွေကတော့ နှစ်မျိုးလုံးရောထားခြင်းပဲ ဖြစ်ပါတယ်။ […]


ကလေးကျန်းမာရေး

မတူညီတဲ့ မိဘအုပ်ထိန်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

လက်ထပ်ပြီးမောင်နှံတို့ သူတို့၏ဆက်ဆံရေးကို နောက်အဆင့်တစ်ခုဆီ တက်လှမ်းဖို့ရာ ဆုံးဖြတ်ရာတွင် သူတို့အများစုသည်မိမိ၏အိမ်ထောင်ဖက်ကို ကောင်းကောင်း နားလည်ပြီဟုတွေးပြီး အရေးကြီးသည့် ပြဿနာတစ်ခုကို မေ့သွားတတ်ကြပါသည်။ ၎င်းသည် မိဘဘ၀ ကလေးများကို ပြုစုပျိုးထောင်မည့်ပုံစံ အမျိုးမျိုးတို့ပင်ဖြစ်သည်။ အလွယ်တကူ ဖြေရှင်းမရနိုင်သည့် ကိစ္စဖြစ်သောကြောင့် ဝမ်းနည်းစွာပင် အိမ်ထောင်မှုပြိုကွဲရသည့် အကြောင်းရင်းတစ်ခုပင် ဖြစ်၏။ ဒီလိုပြဿနာမျိုး ဖြစ်လာပြီး မိမိ၏အိမ်ထောင်ဖက်နှင့် အကြီးအကျယ် ပဋိပက္ခဖြစ်လာလျှင် သင်ဘာတွေလုပ်မလဲ။   ပုံစံအမျိုးမျိုးကို နားလည်ပါ။ မိဘဘ၀ ကလေးများကို ပြုစုပျိုးထောင်သည့်ပုံစံ သုံးမျိုးရှိ၏။ အာဏာရှင်ပုံစံ အာဏာရှင်ပုံစံနှင့်ထိန်းသော မိဘများမှာ ကလေးများ သူတို့ပြောသမျှ အကုန်နားထောင်ရမည်၊ ညှိနှိုင်းမှု ဘာမှလုပ်ခွင့်မရှိ ဆိုသော မိဘများဖြစ်သည်။ နားထောင်ဖြေရှင်းမည့်အစား သူတို့ကိုယ်ပိုင် တန်ဖိုးများကို ကလေးများအပေါ် ရိုက်သွင်းသူများ ဖြစ်ကြ၏။ လွတ်လပ်သောပုံစံ လွတ်လပ်သောပုံစံနှင့် ထိန်းသည့် မိဘများသည် သက်ညှာသူ၊ ပြောလွယ် ဆိုလွယ်ဖြစ်သူနှင့် ကလေးများ ဖွံဖြိုးကြီးထွားရာတွင် ဘာစည်းကမ်း ဘာကန့်သတ်ချက်မှ မထားသူများ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတွေကို ဘယ်လိုရှာဖွေဖြည့်ဆည်းမလဲ

မိဘတစ်ယောက်အနေနဲ့ ကလေးတွေရဲ့ ဖုံးကွယ်နေတဲ့ အရည်အချင်းတွေကို အလွယ်တကူ တွေ့ရှိနိုင်တာကြောင့် သူတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေ၊ အားသာချက်တွေကို သိရှိဖို့ ကျွမ်းကျင်သူဆီမှာ သွားရောက်စစ်ဆေးရန် မလိုအပ်ပါဘူး။ ကလေးတွေရဲ့ အရည်အချင်းကို ဘယ်လိုဖေါ်ထုတ်မလဲ။ ၁။ သင့်ကလေး ဆော့ကစားနေစဉ် စောင့်ကြည့်ပါ။ သင့်ကလေးဆော့ကစားနေစဉ်မှာ သူတို့ဟာ ငြိမ်ငြိမ်လေး ထိုင်နေရတာကို ကြိုက်သလား၊ အရောင်ခြယ်တာကို ကြိုက်သလား၊ ပန်းခြံထဲမှာ ပြေးလွှားပြီး ဘောလုံးကန်နေရတာကို ကြိုက်သလား၊ ဒါမှမဟုတ် မြေကြီးကိုတူးပြီး တီကောင်တွေကို ရှာဖွေရတာ ကြိုက်သလားဆိုတာ စောင့်ကြည့်သင့်ပါတယ်။ သူတို့ကြိုက်နှစ်သက်တဲ့ လှုပ်ရှားမှုတွေဟာ သူတို့စိတ်ဝင်စားမှုတွေရဲ့ အရိပ်အမြွက်ဖြစ်ပြီး ကစားနေစဉ် ဖေါ်ထုတ်မယ်ဆိုရင် သူတို့အားသာချက်တွေနဲ့ ကလေးငယ်မှာ သိုဝှက်ထားတဲ့ အရည်အချင်းတွေ ရှိသလားဆိုတာကိုပါ သိနိုင်ပါတယ်။ ၂။ သင့်ကလေးကို မတူညီတဲ့ အရာတွေ ကစားပါစေ။ သင့်ကလေးကို မတူညီတဲ့ အတွေ့အကြုံတွေကို ထိတွေ့စေပြီး ကစားခြင်း အတော်များများကိုပေးလုပ်ခြင်းဟာ သူတို့ဘာကိုကြိုက်နှစ်သက်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးဖွံဖြိုးတိုးတက်မှုကို ဘယ်လိုအားပေးကူညီမလဲ

ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုဟာ ကိုယ်ခန္ဓါက တိကျတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်နိုင်စေဖို့ မတူညီတဲ့ လှုပ်ရှားမှုတွေကို ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ ထိန်းချုပ်နိုင်ခြင်း လို့ အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါတယ်။ ဖွံ့ဖြိုးမှုမှာ အပိုင်းနှစ်ပိုင်းခွဲခြားနိုင်ပြီး gross motor skills နဲ့ fine motor skills တွေပဲ ဖြစ်ပါတယ်။ Gross motor skills တွေဟာ ကိုယ်ခန္ဓါရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ လက်၊ ခြေထောင် လှုပ်ရှားမှုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ဖြစ်ပြီး fine motor skills ကတော့ လက်ချောင်း၊ ခြေချောင်း၊ တံတောင်ဆစ် အစရှိတာတွေက ပြုလုပ်တဲ့ သေးငယ်တဲ့ လှုပ်ရှားမှုတွေပဲဖြစ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ်ခန္ဓါဖွံ့ဖြိုးမှုဟာ အရေးပါတာကြောင့် ကလေးရဲ့ ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုကို တိုးတက်စေတဲ့ လှုပ်ရှားမှုလေးမျိုးကို စမ်းကြည့်သင့်ပါတယ်။     ၁။ စာရေးခြင်းနဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကိုယ့်ကလေးအကြောင်းအကြွားသန်တဲ့ မိဘတွေနဲ့ ဘယ်လိုဆက်ဆံသင့်လဲ

တစ်ခါတစ်ရံမှာ မိဘတွေဟာ ကလေးတွေကို ပြုစုပျိုးထောင်တဲ့ အတွေ့အကြုံတွေကို ဝေမျှဖို့ အတူတွေ့လေ့ရှိကြပါတယ်။ ဒီလိုဆွေးနွေးရာမှာ အချို့မိဘတွေဟာ သူတို့ကလေးရဲ့ အောင်မြင်မှုတွေအပေါ် ကြွားခြင်းကို မရပ်တန့်နိုင်ကြပါဘူး။ ကိုယ်ချစ်တဲ့သူရဲ့ အောင်မြင်မှုကို ဂုဏ်ယူကြတာဟာ ပုံမှန်ဖြစ်ပေမယ့် ကိုယ့်ကလေး အကြောင်းကို အခြားသူတွေကို ကြွားခြင်းဟာ စိတ်မသက်မသာဖြစ်စေပြီး တကယ်လို့ ဝေမျှတဲ့ အချက်အလက်က မသေချာဘူးဆိုရင် ရိုင်းနိုင်ပါတယ်။ တကယ်လို့ သင့်မှာ ကလေးအကြောင်းကို အစွဲအလန်းကြီးတဲ့ သူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့အပြုအမူနဲ့ပတ်သက်ပြီး ကိုင်တွယ်နိုင်မယ့် အချက်လေးတွေကို ဖေါ်ပြလိုက်ပါတယ်။   ပထမဦးစွာ သင်ရောက်နေတဲ့ အခြေအနေပေါ်မူတည်ပြီး နားလည်နိုင်ဖို့ ကြိုးစားပါ။ အချို့သူတွေဟာ စိတ်ပိုင်းဆိုင်ရာ လုံလောက်ခြင်းမရှိခြင်း၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်ခြင်းတွေကြောင့် ကလေးရဲ့ ကောင်းတဲ့ အချက်တွေကို ကြွားတက်ကြပါတယ်။ ဘဝရဲ့ အဆင်မပြေမှုတွေ၊ ဘဝင်မကျစရာတွေကြောင့် သူတို့ဟာ မကောင်းတဲ့ဘဝအခြမ်းကို ကလေးရဲ့ အောင်မြင်မှုတွေနဲ့ ဖုံးလွှမ်းလိုကြပါတယ်။ ဥပမာ သင့်သူငယ်ချင်းဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသစ်တစ်ယောက်ရတဲ့ ဒဏ်ကိုခံနိုင်အောင် ဘယ်လိုလုပ်သင့်လဲ

သင့်ဘဝမှာ ပျော်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အချိန်တွေကို ပထမဆုံးမိဘဖြစ်ခြင်းက သယ်ဆောင်လာပေးနိုင်ပါတယ်။ အခုတော့ သင့်ကမ္ဘာမှာ သင့်ကိုသာ လုံးလုံးလျားလျား မူတည်နေတဲ့ သူတစ်ဦးရှိနေပြီ ဖြစ်ပါတယ်။ ပျော်ရွှင်မှုဟာ တခါတရံမှာ စိတ်ဖိစီးမှု အများအပြားကိုလည်း သယ်ဆောင်လာနိုင်ပါတယ်။ အောက်ဖေါ်ပြပါ အချက်တွေကတော့ ကလေးငယ်ရဲ့ ဖိစီးမှုတွေကို လျှော့ချပေးနိုင်မယ့် အချက်တွေပဲ ဖြစ်ပါတယ်။     ၁။ ကောင်းမွန်တဲ့ ကလေးငယ်စောင့်ရှောက်တဲ့ အစီအစဉ် ဆွဲပါ။ သင်ဟာ ကျန်းမာပျော်ရွှင်မှသာ ကလေးငယ်ကို စောင့်ရှောက်ဖို့ လုံလောက်တဲ့ အားအင်ရရှိမှာ ဖြစ်ပါတယ်။ ကော်ဖီလွန်ကဲစွာ သောက်ခြင်း၊ အအိပ်ပျက်ခြင်းဟာ မိခင်အသစ်တွေကို စိတ်ဖိစီးမှု ပြင်းထန်စေပါတယ်။ ကျန်းမာတဲ့ စားသောက်မှုပုံစံ၊ ရေများများသောက်ခြင်း၊ အသီးဖျော်ရည် များများသောက်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်းတွေ လုပ်သင့်ပါတယ်။ သင့်ကလေးအိပ်နေချိန်မှာ သင်လည်း အိပ်သင့်ပါတယ်။ ကလေးကို စောင့်ရှောက်ဖို့အတွက် အချိန်ဇယားကို သင်ရော သင့်အိမ်ထောင်ဖက်ပါ ညအချိန် စောင့်ရှောက်ဖို့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း