ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

သင့်ဆယ်ကျော်သက်အရွယ်ကလေးကို ဘယ်လိုစကားပြောမလဲ

မိဘတစ်ယောက်အနေနဲ့ ကလေးတစ်ယောက်ကို သူတို့ရဲ့ ဘဝတစ်လျှောက်က အဆင့်တွေတိုင်းမှာ ပြုစုစောင့်ရှောက်ခြင်းဟာ ပျော်စရာကောင်းတာနဲ့အမျှ ခက်ခဲတယ်ဆိုတာ သင်သိရှိပြီး ဖြစ်ပါလိမ့်မယ်။ သင့်ကလေးက ကလေးလဲမဟုတ်တော့ပဲ လူကြီးလဲမဟုတ်သေးတဲ့ ဆယ်ကျော်သက်နှစ်တွေဟာ သင့်အတွက် အခက်ခဲဆုံးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘယ်လူမျိုးဖြစ်စေ၊ ဘယ်လိုယဉ်ကျေးမှုမှာ ဖြစ်စေ ဆယ်ကျော်သက်တွေနဲ့ စကားပြောဆိုဆက်ဆံရခြင်းဟာ အဖြစ်များတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ အောက်ဖေါ်ပြပါအချက်တွေကတော့ ဆယ်ကျော်သက်တွေနဲ့ ဘယ်လိုအဆင်ပြေအောင် ဆက်ဆံရာမှာ ကူညီပေးနိုင်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။     သင့်ဆယ်ကျော်သက်အရွယ်ကလေးနဲ့ ဘာကြောင့် စကားပြောဆိုဖို့ ခက်ခဲတာလဲ။ လူတစ်ယောက်ဟာ အသက်ကြီးလာတဲ့အချိန်မှာ ဆယ်ကျော်သက်နှစ်တွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ၊ ခံစားမှုပိုင်းရာ ပြောင်းလဲမှုတွေ ဖြစ်တဲ့အချိန်ဖြစ်ပါတယ်။ သင့်ကလေး ကြီးလာတာနဲ့အမျှ သူဟာ မိဘတွေနဲ့ ပိုမိုဝေးကွာလာပါလိမ့်မယ်။ ဆယ်ကျော်သက်အရွယ်မှာ ကလေးဟာ အောက်ပါပြောင်းလဲမှုတွေကို ကြုံရနိုင်ပါတယ်။ သီးသီးသန့်သန့်နေလိုခြင်း လုပ်ပိုင်ခွင့်ရှိလိုခြင်း သိသိသာသာ ကိုယ်ခန္ဓါပိုင်းဆိုင်ရာ ပြောင်းလဲမှုများ အခြားသူတွေရဲ့ ဆွဲဆောင်မှု […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးကို မျှဝေတတ်ဖို့ ဘယ်လိုသင်ကြားပေးမလဲ

သင့်ရဲ့ ကျောင်းမနေခင်ကလေးဟာ မျှဝေမှုပြုလုပ်ဖို့ ခက်ခဲနေခြင်းဟာ ပုံမှန်ပဲ ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် သူတို့ဟာ မျှဝေမှုကို အသက် ၃ နှစ်လောက်မှ သတိထားမိတာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို မျှဝေတတ်စေဖို့ ပြင်ဆင်နိုင်ရန် အချိန်ပိုပေးသင့်ပါတယ်။ အောက်ဖေါ်ပြပါ နည်းလမ်းတွေက ကလေးငယ်တွေကို မျှဝေတတ်စေဖို့ ကူညီပေးနိုင်ပါတယ်။     ပျော်စရာကောင်းပါစေ။ သင့်ကလေးကို မျှဝေခြင်းနဲ့ ပတ်သက်ပြီး သင်ကြားပေးနိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းတစ်ခုကတော့ ပြိုင်ဆိုင်ပြီး ကစားရမယ့်အစား မျှဝေပြီး ကစားရတဲ့နည်းတွေကို ကစားစေခြင်းပဲ ဖြစ်ပါတယ်။ သင့်ကလေးဟာ အခြားသူတွေနဲ့ အလုပ်လုပ်ရတဲ့အချိန်မှာ ယှဉ်ပြိုင်ခြင်းနဲ့ အောင်နိုင်ခြင်းကို အာရုံစိုက်မယ့်အစား မျှဝေခြင်းရဲ့ တန်ဖိုးကို နားလည်လာပါလိမ့်မယ်။ အခြားအကျိုးရှိစေမယ့် လှုပ်ရှားမှုတွေ ဖြစ်တဲ့ jigsaw puzzle၊ ဘောလုံးမှုတ်ခြင်း၊ ရေလောင်းခြင်း၊ ကြမ်းပြင် တံမြက်စည်းလှဲခြင်း၊ ဈေးဝယ်ပစ္စည်းတွေကို အတူတကွ ဖြည်ခြင်း တွေ ပြုလုပ်နိုင်ပါတယ်။   မျှဝေခြင်းမပြုတဲ့အတွက် သင့်ကလေးကို […]


ကျောင်းနေအရွယ်ကလေးရဲ့ ကြီးထွားမှုနဲ့ဖွံ့ဖြိုးမှု

Selfie ကြိုက်တတ်တဲ့ကလေးတွေကို ကိုယ်ချင်းစာတရားရှိအောင်၊ စာနာတတ်အောင် ဘယ်လိုသင်ကြားပေးမလဲ

သင့်ကလေးဟာ စကားပြောခြင်းထက် စာရိုက်ခြင်း၊ အင်တာနက်ပေါ်ကို လှပတဲ့ ဓာတ်ပုံတွေ တင်ခြင်းကို ကြိုက်နှစ်သက်ပြီး likes တွေ followers တွေနောက် လိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတွေဟာ ကိုယ့်ကိုယ်ကိုယ် တသသနေခြင်း၊ ကိုယ်ချင်းစာတရား ကင်းမဲ့ခြင်းတွေ ယဉ်ကျေးမှုဘောင်အတွင်း ကြီးထွားလာခြင်းကို ဖော်ပြပါသလား။။ ကလေးတွေဟာ မေတ္တာတရား၊ ပတ်ဝန်းကျင်ကို ချစ်မြတ်နိုးစိတ်တွေ ပျောက်ဆုံးကုန်ပါသလား။ မိဘတစ်ယောက်အနေနဲ့ ဒီလို မိမိကိုယ်ကိုယ် သနေခြင်းကို ဘယ်လို တိုက်ဖျက်ပြီး ကိုယ်ချင်းစာတရား ထားရှိအောင် နည်းလမ်းရှာနေတာမျိုး ဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ပြည့်ဝမှုကို အားပေးပါ။ ဒီလိုစာရိုက်နေတဲ့ ခေတ်ကြီးမှာ မျက်နှာအမူအရာတွေ၊ အသံအနေအထားတွေကို အသိအမှတ်ပြုစေဖို့ ဆိုတာ ခဲယဉ်းပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနဲ့ အခြားသူတွေရဲ့ခံစားချက်တွေကို သင်ယူစေဖို့အတွက် မိသားစုအတွက် သီးသန့်အချိန်ပေးသင့်ပါတယ်။ ဆဲလ်ဖုန်းတွေကို ချလိုက်ပြီး မျက်နှာချင်းဆိုင် စကားပြောခြင်းဟာ အခြားသူတွေ ဘယ်လိုဖေါ်ပြနေသလဲ၊ ခံစားနေရလဲဆိုတာကို […]


အခြားကလေးကျန်းမာရေးပြဿနာများ

အဆင့် R သတ်မှတ်ထားတဲ့ ရုပ်ရှင်တွေကို ကြည့်လေ့ရှိတဲ့ ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်သွားနိုင်တယ်

(အရင်ဆုံး R-rated ဆိုတဲ့ အဓိပ္ပါယ်ကို အရင်ရှင်းပြပါမယ်။ ရုပ်ရှင်တွေကို အဆင့်သတ်မှတ်တာ ကျွန်တော်တို့နိုင်ငံမှာ မရှိသေးပေမယ့် နိုင်ငံတကာမှာတော့ ရှိပါတယ်။R-rated ဆိုတာဟာ အသက် ၁၇ နှစ်အောက်ကလေးတွေအနေနဲ့ မိဘ ဒါမှမဟုတ် အုပ်ထိန်းသူပါမှ ကြည့်ခွင့်ရတဲ့ ရုပ်ရှင်တွေကို ဆိုလိုပါတယ်။ လိင်ပိုင်းဆိုင်ရာကိစ္စတွေ၊အဖော်အချွတ်တွေ၊ကြမ်းတမ်းညစ်ညမ်းတဲ့ အသုံးအနှုန်းတွေ၊သွေးသံရဲရဲ ပြကွက်တွေ ပါဝင်လို့ပဲ ဖြစ်ပါတယ်)။ R-rated ရုပ်ရှင်တွေ ကြည့်ရှုခွင့်မရတဲ့ (မိဘတွေက ပေးမကြည့်တဲ့) ကလေးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆေးလိပ်သောက်တတ်နိုင်ချေ ဒါမှမဟုတ် အတွေ့အကြုံ အသစ်အဆန်းတွေကို ရှာဖွေလိုစိတ် အင်မတန်နည်းပါးတယ်လို့ လေ့လာမှု အသစ်တခုကဆိုပါတယ်။   လေ့လာမှုများ ဒီခေတ်ကလေးတွေကို တီဗီနဲ့ ဝေးဝေးနေခိုင်းဖို့ အင်မတန်ခက်ခဲတဲ့အကြောင်းနဲ့ ကလေးတွေကို R-rated ရုပ်ရှင်တွေ ပေးမကြည့်ခြင်းကြောင့် ရလာနိုင်မယ့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို လတ်တလောလေ့လာမှု နှစ်ခုက မီးမောင်းထိုးပြထားပါတယ်။ အသက် ဆယ်နှစ်နဲ့ ဆယ့်လေးနှစ်ကြားရှိ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

လေ့လာသင်ယူမှု ပြဿနာရှိတဲ့ ကလေးတွေ

ကလေးတွေအားလုံးကတော့ ကျောင်းစာနဲ့ ပတ်သက်လို့ အခက်အခဲတွေ ကိုယ်စီရှိကြတာချည်းပါပဲ။ ဒါပေမယ့် လေ့လာသင်ယူမှုလုံးဝ မလုပ်နိုင်ဖူးဆိုရင်တော့ ဒါဟာ ပြဿနာအကြီးကြီး ဖြစ်ပါတယ်။ လေ့လာသင်ယူမှု အခက်အခဲရှိတဲ့ ကလေးအများစုဟာ ဉာဏ်ရည်အသင့်အတင့်ရှိတဲ့ ကလေးတွေဖြစ်ပြီး တချို့ကလေးတွေဆိုရင် သာမန်ထက်ပိုတဲ့ ဉာဏ်ရည်တောင် ရှိကြပါတယ်။ ဒါပေမယ့် သူတို့ဟာ အရေး၊အဖတ်နဲ့ အတွက်တို့ကို လေ့လာရာမှာ အခက်အခဲတွေ ရှိနေပါတယ်။   အဖတ်စွမ်းရည်မှာ ပြဿနာရှိတဲ့ ကလေးတွေဟာ အောက်ပါအခက်အခဲတွေကို ရင်ဆိုင်ရလေ့ရှိပါတယ်။ ရေးထားတဲ့ စာကို အသံထွက်မဖတ်နိုင်ခြင်း စာလုံးတွေကို မှန်ကန်စွာ ခွဲခြမ်းစိတ်ဖြာပြီး အသံထွက်လာအောင် Phonological processing လို့ခေါ်တဲ့ လုပ်ငန်းစဉ်က ကူညီပေးပါတယ်။ ဒါ့အပြင် အဆိုပါ အသံနဲ့ စာလုံးတို့ကို ဆက်စပ်ပြီး စာဖတ်နိုင်အောင်လည်း ဒီလုပ်ငန်းစဉ်ကပဲ ပြုလုပ်စီမံပေးတာဖြစ်ပါတယ်။ Phonological processing မလုပ်နိုင်တဲ့အတွက် ရေးထားတဲ့ စာတွေကို မဖတ်နိုင်တဲ့ ပြဿနာ(ဝါ)လက္ခဏာကို dyslexia […]


အခြားကလေးကျန်းမာရေးပြဿနာများ

သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြုလိုက်ပါ

ရှုပ်ရှုပ်ပွပွ ညစ်ညစ်ပတ်ပတ်နေတတ်တာဟာ ကလေးတိုင်းရဲ့ ထူးခြားတဲ့ အပြုအမူ ဖြစ်ပါတယ်။ မိဘတွေဟာ သူတို့ရဲ့ကလေးတွေကို ငယ်ရွယ်စဉ်ကတည်းက သန့်ရှင်း သပ်ရပ်စွာစတင် နေတတ်အောင် သင်ကြားပေး၊ ထိန်းကျောင်းပေးနေလေ့ရှိကြပါတယ်။ အဲလိုမျိုး ထိန်းကျောင်းပေးတာကို ရှောင်ရှားလို့ မရပါဘူး။ ညစ်ပေတာ အားလုံးကို ကလေးတွေကို ပေးမလုပ်တာဟာ သင့်ကလေးရဲ့ စူးစမ်းလေ့လာခြင်းကို တားမြစ်သလိုဖြစ်သွားနိုင်ပြီး သင့်ကလေး ကျန်းမာရေးအတွက် ဆိုးကျိုး သတ်ရောက်မှုပေးနိုင်တာတွေကိုပေးနိုင်ပါတယ်။ သံသယရှိနေသေးတယ်ဆိုရင်တော့ သေချာ သိရှိလာအောင် ဘာ့ကြောင့် သင့်ကလေးကို ညစ်ပေတာတွေနဲ့ ဆော့ခွင့်ပြု သင့်တယ်ဆိုတာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ကလေးဘဝနဲ့ အရွယ်ရောက်ချိန်ကြားကာလမှာ သင့်ကလေးရဲ့ ခုခံအားစနစ်ဟာ အကောင်းဆုံး နဲ့ အသန်မာဆုံး အခြေအနေကို ရောက်ရှိနေတာဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ခုခံအားစနစ်ဆိုတာဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်(စ်) ၊ ကပ်ပါးကောင်နှင့် အဆိပ်အတောင့်များ ကဲ့သို့သော ခန္ဓါကိုယ်ပြင်ပ မှ ဝင်ရောက်လာတာတွေကို […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကျောင်းစမတက်ခင်မှာ ကလေးတွေ အတွက်လိုအပ်တဲ့ သင်ခန်းစာအနည်းငယ်

ကလေးလေးတွေရဲ့ဘဝလမ်းကြောင်းမှာ ကျောင်းစတက်ခြင်းဟာ အရေးကြီးတဲ့ မှတ်ကျောက် တစ်ခုဖြစ်ပါတယ်။ ကျောင်းမှာ ကောင်းမွန်တဲ့ အတွေ့အကြုံတွေပေးနိုင်ဖို့ အတွက် မိဘတွေက ကလေးတွေကို စစချင်းကျောင်းတက်မယ့်နေ့ မတိုင်ခင်နေ့မှာ သင်ခန်းစာလေး ၄ ခုကို သင်ကြားထားပေးသင့်ပါတယ်။     ၁။ တစ်ကိုယ်ရည်သန့်ရှင်းမှု။ အဲဒီအချိန်ကာလဟာ ကလေးတွေဟာ အခြေခံ သင်ခန်းစာလေးတွေကို မှတ်သားနိုင်တဲ့ စွမ်းရည်ကောင်းတဲ့အတွက် မိဘတွေ က ကလေးတွေကို ဘယ်လို သန့်ရှင်းမှုရှိအောင်နေရမယ်ဆိုတာ သင်ကြားပေးထားသင့်ပါတယ်။ အဲဒီ ဘယ်လိုသန့်ရှင်းအောင်နေရမယ် ဆိုတာမှာ အစာမစားမီ လက်ကို ဆပ်ပြာနဲ့ဆေးဖို့၊ ပန်းကန်ထဲမှ အစာတွေကို ယူဖို့ အတွက် လက်တွေနဲ့သုံးပြီး မနှိုက်ဖို့၊ သန့်စင်ခန်းသွားပြီး (သို့) ညစ်ပတ်တဲ့အရာတွေနဲ့ ဆော့ပြီးချိန်မှာ လက်ဆေးဖို့ စတာတွေပါဝင်ပါတယ်။ အဲဒီ အချက်သေးသေးလေးတွေက သူတို့လေးတွေကို နေရာတိုင်းနီးနီးမှာ ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ ဘက်တီးရီးယား တွေရဲ့ရန်ကနေ ကာကွယ်ပေးပြီး ကျန်းမာရေးကောင်းအောင် အကာအကွယ်ပေးနိုင်ပါတယ်။ ၂။ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့

သင့်ကလေး အသက်တစ်နှစ်လောက်ရှိတဲ့ အချိန်မှာပဲ ကာကွယ်ဆေး အနည်းဆုံး ၁၆မျိုးလောက် ထိုးရမှာပါ။ ဆေးတခါတခါထိုးရင် အကြာကြီးမနာဖူးဆိုပေမယ့် ကိုယ့်ကလေးကြောက်လို့ ငိုနေတာကိုတော့ ဘယ်သူမှ အေးအေးဆေးဆေး ကြည့်မနေချင်ပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ ထောက်ကူပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေ ပြောပြပေးချင်ပါတယ်။ ကလေးတွေကို ဆေးထိုးရင် သိပ်မနာစေဖို့ သင့်ကလေးကို ဆေးထိုးတဲ့အခါ အတတ်နိုင်ဆုံး သက်သောင့်သက်သာ ရှိစေဖို့အတွက် အသုံးပြုသင့်တဲ့ နည်းစနစ်လေးတွေကို အောက်မှာဖော်ပြထားပါတယ်။ အာရုံလွှဲပါ။ ပါးစပ်က အသံပေါင်းစုံ လုပ်ပြတာ၊ ကလေးကို ချီပြီး ဟိုသည်လွှဲတာ၊ အနှီးနဲ့ ထုပ်ထားတာ ဒါမှမဟုတ် နို့စို့ခိုင်းတာတွေဟာ ဂျီတိုက်နေတဲ့ ကလေးကို အာရုံပြောင်းနိုင်ပါတယ်။ အင်မတန် အသုံးကျပြီး ကာကွယ်ဆေး ထိုးရာမှာလည်း အာရုံလွှဲဖို့အတွက် ဒီနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။ ကလေးကို ကိုယ်နဲ့ မျက်နှာချင်း ဆိုင်ထားပြီး ချီထားပါ။ ကလေးဆရာဝန် ဒါမှမဟုတ် […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကွာရှင်းပြီး မိဘတွေ လုပ်တတ်တဲ့ အမှားများ

ကွာရှင်းပြတ်စဲ ဖို့က လုပ်ဆောင်နိုင်ဖို့ခက်ခဲတဲ့ အရာပါ။ အထူးသဖြင့် ကလေးတွေအတွက် ခက်ခဲမှုရှိနိုင်ပါတယ်။ မိဘတွေကွာရှင်းထားတဲ့ မိသားစုက ကလေးတွေဟာ မိဘတွေရဲ့လမ်းခွဲမှု ကြောင့် အထိနာဆုံးဖြစ်ပါတယ်။ ရန်ဖြစ်ကြတဲ့ မိဘတွေကြောင့် ကလေးတွေရဲ့ တည်ငြိမ်မှုကို ပျက်စီးစေနိုင်ပါတယ်။ အချို့ကလေးတွေဟာ ရုတ်တရက် ထွက်ခွာသွားတဲ့ မိဘကြောင့် ဝမ်းနည်းနေတဲ့ အချိန်မှာ အချို့ကတော့ နေ့စဉ် လုပ်ငန်းဆောင်တာတွေ ဖြစ်တဲ့ ညစာပြင်ဆင်ခြင်း၊ အိမ်စာဝိုင်းလုပ်ပေးခြင်း စတာတွေကို မနိုင်နင်းတာဝန်တွေနဲ့ ကျန်ခဲ့ရပါတယ်။ ကလေးအများစုမှာ မိဘတွေကွာရှင်းတာကြောင့် ဖြစ်လာတဲ့ စိတ်ဒဏ်ရာတွေက အရွယ်ရောက်တဲ့ အထိပါသွားတတ်ကြပါတယ်။ ဒါပေမယ့် ကွာရှင်းပြတ်စဲပြီးသား မိဘတွေက ကလေးတွေရဲ့ စိတ်ဒဏ်ရာကို သက်သာစေဖို့ မကွာရှင်းခင်ကတည်းက သူတို့ရဲ့ အကျင့်တွေကို ပြင်နိုင်ပါတယ်။ ၁။ သင့်ကလေးတွေရှေ့မှာ ရန်ဖြစ်ခြင်း။ တယ်လီဖုန်းနဲ့ ဖြစ်စေ၊ အခြားခန်းမှာ ဖြစ်စေကလေးတွေကြားနိုင်တယ်ဆိုရင် ရန်ဖြစ်တာတွေ မလုပ်ဆောင်သင့်ပါဘူး။ အဲလိုလုပ်တာက သင်ထင်ထားတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မိခင်ရဲ့ ဂရုတစိုက်ပြုစုမှုက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးကူညီနိုင်တယ်

Proceedings of the National Academy of Sciences မှာ ဖော်ပြခဲ့တဲ့ လေ့လာမှုအသစ်တခုအရ မိခင်ရဲ့ ဂရုတစိုက်ပြုစုထောက်ပံ့ပေးမှုနဲ့ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုတို့အကြားမှာ ဆက်စပ်မှုရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ငယ်ရွယ်စဉ်ကာလမှာ မိခင်ရဲ့ မေတ္တာနဲ့ဂရုတစိုက်ပြုစုမှုကို ပိုမိုရရှိခံစားရတဲ့ ကလေးတွေမှာ ဦးနှောက်ရဲ့ အရေးကြီးအစိတ်အပိုင်းတခုဖြစ်တဲ့ hippocampus အရွယ်အစားဟာ ပိုမိုကြီးမားဖွံ့ဖြိုးတယ်ဆိုတဲ့အချက်ကို သုတေသီတွေက သက်သေပြခဲ့တာပါ။   hippocampus ရဲ့ လုပ်ငန်းကဘာလဲ။ hippocampus ဟာ မှတ်သားနိုင်စွမ်းနဲ့ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းအတွက် အရေးပါတဲ့ ဦးနှောက်အစိတ်အပိုင်းတခု ဖြစ်ပါတယ်။ မှတ်ဉာဏ်ထုတ်လုပ်ပေးနိုင်စွမ်းဟာ အနာဂါတ်မှာ လေ့လာသင်ယူဖို့နဲ့ ကျောင်းစွမ်းဆောင်ရည်တွေအတွက် အဓိကသော့ချက်ပါ။ စိတ်ဖိစီးမှုနဲ့ ဖိအားတွေကို ရင်ဆိုင်ရာမှာ အဆိုပါနေရာဟာ အဓိက အရေးပါတယ်လို့ လက်ခံထားကြပါတယ်။ ဒါပေမယ့် ဖိစီးမှုတွေ အရမ်းများလာရင်တော့ hippocampusရဲ့ လုပ်ဆောင်နိုင်စွမ်းကိုလည်း ခြိမ်းခြောက်လာမှာ ဖြစ်ပါတယ်။(အစောပိုင်းလေ့လာမှုတခုမှာ ဖော်ပြခဲ့တဲ့) စိတ်နဲ့ ခန္ဓါဖိစီးမှုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း