ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ

ဦးနှောက်မှာ အာရုံကြောဆဲလ်အသစ်တွေဖြစ်ပေါ်လာနေမှုနဲ့အတူလူသားတွေရဲ့ ဦးနှောက်ဟာ ကလေးဘဝအရွယ်မှာကတည်းက အကြီးအကျယ်စတင်ဖွံ့ဖြိုးနေပါပြီ။ ဒီဖွံ့ဖြိုးမှုဖြစ်စဉ်က ကလေးဘဝ တလျှောက်လုံးဖြစ်ပေါ်နေတာဖြစ်ပြီး ကလေးဘဝမှ ာဖြစ်ပေါ်လာတဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက်ကြီးလာတဲ့အခါမှာ သက်ရောက်မှုအများကြီးဖြစ်စေပါတယ်။ ဒီတစ်ခေါက်တော့ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကလေးရဲ့ဦးနှောက် ဖွံ့ဖြိုးမှုကိုတိုးတက်စေနိုင်မယ့် လှုပ်ရှားမှုများ ကလေးတွေကို သူတို့ငယ်စဉ်အရွယ်ကနေစလို့ ချစ်ခင်မှုတွေပေးမယ်၊ ဘာသာစကားတွေကြွယ်ဝစေမယ့် အတွေ့အကြုံတွေရရှိစေမယ်ဆိုရင် ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ပိုမိုကောင်းမွန်မှာဖြစ်သလို ဘာသာစကားကြွယ်ဝမှု၊ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းနဲ့ အစီအစဉ်ချမှတ်နိုင်စွမ်းတွေရရှိစေနိုင်မှာဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုပေးနိုင်မယ့် လှုပ်ရှားမှုအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ မမွေးဖွားခင်ကတည်းက ဂရုစိုက်ပါ။ ကိုယ်ဝန်ဆောင်ကာလကတည်းက ကျန်းမာအောင်နေပါ။ အာဟာရပြည့်ဝအောင်စားသုံးပါ။ ဆေးဝါးအချို့က ကလေးဦးနှောက်ကို ထိခိုက်စေတာမျိုးတွေရှိတတ်တာကြောင့် ဆေးဝါးသောက်သုံးတဲ့အခါ ဂရုစိုက်ရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရ ကလေးအများစုကမိခင်ဝမ်းအတွင်းရှိနေစဉ် မိခင်တွေရဲ့ဆေးတွေသောက်သုံးမှုကြောင့် သင်ယူမှုအပိုင်းမှာထိခိုက်တာမျိုးတွေကို ခံစားကြရပါတယ်။ ကိုယ်ဝန်ဆောင်ကာလအတွင်းမှာဆေးလိပ်သောက်သုံးတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကိုထိခိုက်စေပြီး ကလေးငယ်ရဲ့ စာဖတ်နိုင်စွမ်းနဲ့လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်စေပါတယ်။ ကလေးကို စကားပြောရင် အဓိပ္ပါယ်ပြည့်ပြည့်စုံစုံပြောပါ။ ကလေးကို […]


ကလေးအစာခြေစနစ်ပြဿနာများ

သင့်ကလေးမှာ အစာခြေစနစ်ပြဿနာရှိနေတာကို ပြသနေတဲ့လက္ခဏာ ၅ ချက်

ကလေးဆိုတာ အစားရွေးတတ်သူလည်းရှိသလို အစားကိုအဆက်မပြတ်စားနေတတ်သူတွေလည်းရှိပါတယ်။ပြီးရင်တော့ ဗိုက်အောင့်လာရင် စိတ်တိုမယ် ဒါမှမဟုတ် ဘယ်လိုခံစားနေရလဲဆိုတာတစ်ခွန်းမှမပြောဘဲလည်းနေရင်နေပါလိမ့်မယ်။ နောက်ဆုံးမှာ ကလေးအများစုက စားသောက်မှုပုံစံတွေ စနစ်တကျဖြစ်သွားပြီး တော်တန်ရုံဗိုက်နာဗိုက်အောင့်ဝေဒနာလေးတွေကမြန်မြန်ပျောက်ကင်းသက်သာသွားကြမှာပါ။ ဒါပေမယ့် ကလေးတွေမှာဖြစ်လာတဲ့ အစာချေစနစ်ပြဿနာတချို့က ပိုပြင်းထန်တဲ့ရောဂါလက္ခဏာတစ်ခုခုဖြစ်နေနိုင်တာကို သတိထားသင့်ပါတယ်။ ဒီအထဲမှာ ဘယ်လက္ခဏာတွေက စိုးရိမ်ရတဲ့အခြေအနေရှိလဲ၊ ဘယ်အချိန်မှာ ဆရာဝန်ခေါ်ဖို့လိုမလဲဆိုတာ သင်သိပါသလား။ သင့်ကလေးရဲ့အစာခြေစနစ်မကောင်းတဲ့အခါ ပျို့အန်တာ၊ဝမ်းလျှောနေတာဖြစ်ဖြစ် ဒါမှမဟုတ် သူတို့ကိုယ်တိုင်တိတိကျကျမပြောနိုင်တဲ့ဝေဒနာ တစ်ခုဖြစ်နေတာပဲဖြစ်ဖြစ် သင့်စိတ်ထဲစိုးရိမ်လာပြီဆိုရင် တုံ့ဆိုင်းမနေပါနဲ့။ ကလေးအထူးကုဆရာဝန်နဲ့ပြပါ။ ကလေးတွေမှာအဖြစ်များဆုံး အစာခြေစနစ်ဝေဒနာ ၅ ခု ကလးတွေရဲ့ ဝမ်းဗိုက်ဝေဒနာတွေအများစုက သိပ်မပြင်းထန်ကြဘဲမြန်မြန်ပျောက်ကင်းလေ့ရှိပါတယ်။ ဒါပေမယ့် အန္တရာယ်အဆင့်ထိမရောက်ရှိရအောင် မပေါ့ဆဘဲ သတိထားစောင့်ကြည့်သင့်ပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေက - ပျို့အန်ခြင်း ကလေးတွေအန်တာ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ရောဂါပိုးကြောင့်၊ ကားမူးလို့၊ အစာအဆိပ်သင့်လို့၊ အဖျားရှိလို့၊ချောင်းတအားဆိုးလို့၊ အစားများသွားလို့၊ စိတ်လှုပ်ရှားလွန်လို့၊ စိတ်ပူပန်လို့ စသည်ဖြင့်ပါပဲ။ ဒါပေမယ့် ဦးနှောက်အမြှေးရောင်ရောဂါ၊ အူအတက်ရောင်ခြင်းနဲ့ အူပိတ်ခြင်းတို့ကြောင့်လည်း အန်တတ်ပါတယ်။ ကလေးတွေမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးကိုယ်ခံအားကောင်းစေဖို့ မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်များ

ကျန်းမာပျော်ရွှင်တဲ့ ကလေးငယ်တစ်ယောက်အနေနဲ့ ကြီးပြင်းလာဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးငယ်ကို ကိုယ်ခံအားကောင်းမွန်စေမယ့် အာဟာရဓါတ်တွေ အပြည့်အဝရရှိအောင် ကျွေးမွေးစောင့်ရှောက်ဖို့က လိုအပ်ပါတယ်။ ကလေးငယ်လေးတွေမှာလည်း အစားအသောက်ရွေးတဲ့ ကလေးငယ်တွေရှိသလို သရေစာကိုမှကြိုက်နှစ်သက်တဲ့ ကလေးငယ်တွေလည်းရှိကြပါတယ်။ ကလေးငယ်တွေစားသုံးတဲ့ အစားအသောက်တွေထဲမှာ အာဟာရဓါတ်တွေပြည့်စုံပြီး ပမာဏလုံလုံလောက်လောက်ပါဝင်မှသာ ကလေးငယ်ရဲ့ ဦးနှောက်ကိုရော ခန္ဓါကိုယ်ကိုပါ ကျန်းကျန်းမာမာကြီးထွားဖွံ့ဖြိုးစေမှာဖြစ်ပါတယ်။ ကလေးငယ်ကို ကျွေးမွေးမယ့် အစားအသောက်တွေထဲမှာ အဆီနည်းတဲ့ ပရိုတင်းဓါတ်တွေ၊ အစေ့အဆန်တွေ၊ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီအနည်းငယ်ပါဝင်နေတဲ့ အာဟာရမျှတတဲ့ အစားအသောက်ဖြစ်ဖို့ကအရေးကြီးပါတယ်။ ညီညွတ်မျှတတဲ့ အစားအသောက်တွေက ကလေးငယ်မှာ လိုအပ်တဲ့ အာဟာရဓါတ်တွေကို ဖြည့်တင်းပေးမှာဖြစ်ပါတယ်။ ကလေးငယ်တွေရဲ့ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေမယ့် အာဟာရဓါတ်တွေကို သိရှိနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ ပရိုတင်း ကြွက်သားတွေနဲ့ ကလေးငယ်တွေရဲ့ ခန္ဓါကိုယ်မှာရှိတဲ့ တစ်ရှုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင်ကို ကိုယ်ခံအားစနစ်ကိုလည်း တိုးမြှင့်ပေးပါသေးတယ်။ အသက် ၂ နှစ် ကနေ ၈ […]


မိခင်နို့တိုက်ကျွေးခြင်း

မိခင်တွေ နို့ထွက်များစေဖို့ ဘာတွေစားဖို့လိုအပ်လဲ

ကလေးတွေကိုမွေးပြီးခြောက်လအထိ မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးတာအကောင်းဆုံးပါလို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုကြပါတယ်။ မိခင်နို့တိုက်ကျွေးနေပြီဆိုရင် ကလေးကိုကြီးထွားဖွံဖြိုးစေပြီးကျန်းမာစေမယ့်အာဟာရဓါတ်တွေကို နို့ရည်ကတဆင့်ပေးနေတာပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဘယ်အစားအသောက်တွေက သင့်အတွက်ကောင်းသလဲ၊ကိုယ်စားလိုက်တဲ့အရာတွေက နို့ရည်နဲ့ သင့်ကလေး အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်လဲဆိုတာ သိထားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်နဲ့ နို့တိုက်ကျွေးချိန်ကာလအတွင်းမှာ မိခင်ရဲ့ခန္ဓါကိုယ်မှာ အာဟာရတွေ အမြဲမပြတ်လိုအပ်နေတတ်ပါတယ်။ လူသားတစ်ယောက်ဖြစ်တည်လာဖို့ မိခင်ကအားဖြည့်ပေးနေရတာဖြစ်လို့ အရင်ကလို ပုံမှန်အတိုင်းစားလို့၊နေလို့မရတော့ပါဘူး။ ဒါဆို နို့တိုက်ကျွေးချိန်အတွင်း အစားပိုစားဖို့လိုသလား ဟုတ်ပါတယ်။ နည်းနည်းတော့ပိုစားပေးရပါမယ်။ အားပြည့်နေစေဖို့အတွက် တစ်နေ့ကို ကယ်လိုရီ ၄၀၀ ကနေ ၅၀၀လောက်အထိ ပိုစားပေးဖို့လိုပါလိမ့်မယ်။ ဒီလိုစားသုံးတဲ့နေရာမှာ စိတ်ထင်ရာလျှောက်စားလို့မဖြစ်ပါဘူးနော်။ ကွေကာ၊ သစ်သီး၊ နွားနို့ တို့လို အာဟာရဖြစ်စေမယ့် အစားအစာတွေကိုပဲရွေးချယ်ရမှာပါ။ နို့ထွက်များအောင် ဘာတွေစားရမလဲ နို့တိုက်မိခင်တွေအတွက် နို့ထွက်များစေ၊ နို့ရည်လိုက်စေမယ့် အစားအစာတွေရှိပါတယ်။ ကလေးငယ်ရဲ့ ကိုယ်ခန္ဓါကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့အတွက် အရေးကြီးတဲ့အာဟာရဓါတ်တွေအားလုံး မိခင်နို့မှာပါရှိပါတယ်။ ကလေးပြုစုစောင့်ရှောက်ရေးမှာ ဒီလို အရေးပါတဲ့ မိခင်နို့ရည်မှာ အာဟာရပြည့်စေဖို့၊ နို့ရည်လိုက်စေဖု့ိ […]


ကလေးငယ်ပထမနှစ်

သွားပေါက်ခြင်း

ကလေးငယ်လေးတွေမှာ ပထမဆုံးသော ငယ်သွားလေး စပေါက်ခြင်းဖြစ်တယ်။ များသောအားဖြင့် အစုံလိုက်ပေါက်လေ့ရှိပါတယ်။ အသက် ၆ လနဲ့ ၈လကြားမှာ စတင်ပေါက်လေ့ရှိပြီး သွားအချောင်း ၂၀ လုံးအပြည့်အဝပေါက်ဖို့ကတော့ နှစ်ချီပြီးကြာနိုင်ပါတယ်။ သွားပေါက်တဲ့အခါ သွားဖုံးတွေကနေ ထွက်လာတာမှန်ပေမယ့် တကယ်တော့ သွားဖုံးသားကိုဖြတ်ပြီးတိုးထွက်လာတာမဟုတ်ပါဘူး၊ သွားပေါက်ချိန်ရောက်တဲ့အခါ ဟော်မုန်းများထွက်လာပြီး ထိုဟော်မုန်းတွေက သွားထွက်လာရမယ့်နေရာမှ ဆဲလ်များကိုသေစေကာ သွားထွက်လာဖို့နေရာချဲပေးခြင်းဖြစ်တယ်။ သွားပေါက်ခြင်းဟာ ကလေးငယ်တွေရဲ့ သဘာဝကြီးထွား ဖွံ့ဖြိုးခြင်းတစ်ခုပါ။ ထွက်စမှာ နာကျင်ခြင်း၊ သက်သောင့်သက်သာမရှိခြင်းတွေကြောင့် မိဘတွေအတွက် စိတ်ပူစရာကိစ္စဖြစ်လာပါတယ်။ သွားပေါက်ချိန်ကြုံရမယ့် ဒီလက္ခဏာတွေဟာ အလျင်အမြန်ဘဲပျောက်သွားမှာဖြစ်ပြီး ကလေးငယ်ခံတွင်းသန့်ရှင်းအောင် သင့်ရဲ့အားထုတ်မှုကျေးဇူးကြောင့် မကြာခင်သင့်ရင်သွေးလေးမှာ ကျန်းမာတဲ့သွားအစုံရလာတော့မယ်ဆိုတာကို မမေ့ပါနဲ့။ ထူးခြားတဲ့လက္ခဏာတွေ၊ စိတ်ပူစရာတွေ၊ ရက်ကြာအောင်နေလို့ထိုင်လို့မကောင်းဖြစ်နေမယ်ဆိုရင်တော့ ကလေးဆရာဝန်နဲ့တိုင်ပင်ကြည့်လို့ရပါတယ်။ လက္ခဏာများ ကလေးငယ်တစ်ယောက်ချင်းစီမှာ သွားပေါက်ချိန်ကြုံရတတ်တဲ့ မတူညီတဲ့လက္ခဏာကိုယ်စီရှိတတ်ပါတယ်။ အဖြစ်အများဆုံးကတော့ စိတ်ကသိကအောက်ဖြစ်ရခြင်းနဲ့ အစားအသောက်ပျက်ခြင်းတို့ပဲဖြစ်တယ်။ တခြားလက္ခဏာတွေလည်းဖြစ်တတ်ပါသေးတယ် ဥပမာ- သွားရည်ကျခြင်း အမာစာများ ဝါးရခက်ခြင်း […]


ကလေးပြုစုစောင့်ရှောက်ခြင်း

ခံတွင်း မှက္ခရု ဆိုတာဘာလဲ

ခံတွင်း မှက္ခရုကို ခံတွင်း မှိုပိုးဝင်ခြင်း လို့လည်း ခေါ်ပါတယ်။ ၎င်းသည် ခံတွင်းတွင် ဖြစ်သော မှိုပိုးတစ်ခုဖြစ်သည်။ မကူးစက်တတ်ပါ။ အများအားဖြင့် မှိုပိုးသတ်ဆေးများဖြင့် ကုသပျောက်ကင်းသည်။ ၎င်းသည် Candida albicans ဟုခေါ်သော မှိုတစ်မျိုး ပါးစပ်နံရံတွင် စုဝေးရာမှ ဖြစ်ပေါ်သည်။ Candida သည် ပါးစပ်တွင်ရှိသော ပုံမှန် ဇီဝသက်ရှိလေးများဖြစ်ပြီး တစ်ခါတစ်ရံတွင် အပွားလွန်ကာ လက္ခဏာများပေါ်တတ်သည်။ ခံတွင်း မှက္ခရုသည် ဘယ်လောက် အဖြစ်များသလဲ။ ခံတွင်း မှက္ခရုသည် အလွန် အဖြစ်များပါသည်။ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုအဖြစ်များသည်။ မည်သည့် အသက်အရွယ်မဆို ဖြစ်ပွားနိုင်သည်။ ဖြစ်ပွားနိုင်ချေမြင့်မားစေသော အကြောင်းအရာများကို လျှော့ချခြင်းဖြင့် ကာကွယ်နိုင်သည်။ ပိုမိုသိရှိလိုသော အကြောင်းအရာများကို သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရောဂါလက္ခဏာများ အဖြစ်များသော လက္ခဏာများမှာ--- လျှာ၊ ပါးစောင်အတွင်းသား နှင့် တစ်ခါတစ်ရံ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ထမင်းစားချိန် ပျော်အောင်လုပ်ပေးနိုင်မယ့် နည်းလမ်းများ

တစ်ခါတလေမဟုတ်ဘဲ အမြဲတမ်းလိုလို ညစာထမင်းဝိုင်းမှာ အစားအသောက်တွေစားဖို့ မိဘတွေနဲ့ကလေးတွေအကြား အားပြိုင်ရတဲ့အခါ ညစာ ထမင်းဝိုင်းလေးကပျော်စရာမကောင်းတော့ပါဘူး။ ထမင်းစားဝိုင်းမှာ ကလေးကို ပန်းဂေါ်ဖီစိမ်းလေးတစ်ကိုက်လောက်စားလိုက်ပါလို့ တောင်းပန်တာကနေစလို့ ထမင်းတစ်ပန်းကန်လုံးကုန်အောင်စားရမယ်ကြိမ်းမောင်းတာအထိ အနုနည်း အကြမ်းနည်းမျိုးစုံသုံးရင်း ညစာစားပြီးချိန်မှာကလေးကလည်းငို၊ လူကြီးလည်းပင်ပန်းတာမျိုးအထိ အခက်အခဲအမျိုးမျိုးနဲ့တွေ့ကြုံခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားမျိုးက ကလေးကိုနောက်တစ်ကြိမ် ထမင်းမစားဝိုင်းကိုမလာချင်တာမျိုးအထိဖြစ်စေနိုင်ပါတယ်။ ကလေးကိုတုတ်ပြပြီး ထမင်းကျွေးတာမျိုးက ကလေးကိုစိတ်ဖိစီးတာမျိုးဖြစ်စေနိုင်ပါတယ်။ အစားအသောက်စားသုံးတာကပျော်ရွှင်စရာကောင်းတဲ့ တစ်နေ့တာလုပ်ငန်းတစ်ရပ်ဖြစ်သင့်တာပါ။ တစ်နေ့ကို သုံးကြိမ်လောက်စားသုံးနေရတဲ့ အစားအသောက်စားသုံးချိန်လေးက မိသားစုတွေအတွက်ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးပဲဖြစ်သင့်ပါတယ်။ စိတ်ဖိစီးမငကင်းတဲ့ ညစာဖြစ်ဖို့ဆိုရင် မိဘတွေအနေနဲ့ ကလေးကို သူနှစ်သက်တတ်တဲ့အစားအစာတွေပြင်ဆင်ပေးတာမျိုးလုပ်ဆောင်ပေးဖို့လိုအပ်သလို ကလေးတွေကို သူတို့မကြိုက်တဲ့အစားအစာတွေကို အတင်းအကျပ်စားစေတာမျိုးမလုပ်ဆောင်ဖို့ကအရေးကြီးလှပါတယ်။ ကလေးတွေကို ထမင်းစားချိန်တိုင်းမှာပျော်ရွှင်နေအောင်လုပ်ဆောင်ပေးမယ့် နည်းလမ်းအချို့ကို လမ်းညွှန်ပေးလိုက်ပါတယ်။ အစားအစာတွေကို အမည်ပေးပါ။ ပန်းဂေါ်ဖီစိမ်းကို ပန်းဂေါ်ဖီစိမ်းလို့ခေါ်မယ့် အစားရယ်ရတဲ့ နာမည်တစ်ခုခုပြောင်းပေးတာမျိုးလုပ်ပေးပါ။ အစားအသောက်တွေကို ကလေးတွေကြိုက်နှစ်သက်လောက်တဲ့ ရယ်စရာကောင်းတဲ့နာမည်လေးတွေပေးပေးတာက၊ အစားအစာတွေမှာပါတဲ့ စကားလုံးတွေနဲ့ဆက်စပ်ပြီး ပုံပြင်လေးတွေဖန်တီးပေးတာက ကလေးတွေကိုအစားစာချင်စိတ်ပိုမိုဖြစ်စေမယ့်အပြင် အစားစားတဲ့အချိန်တွေမှာပျော်ရွှင်မှုရရှိစေမှာဖြစ်ပါတယ်။ ထမင်းစားခန်းကို ပြင်ဆင်သူဖြစ်ခွင့်ပေးလိုက်ပါ။ ကလေးက စားဖိုမှူးတစ်ဦးဖြစ်ဖို့အရမ်းငယ်သေးတာကြောင့် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်တဲ့ကလေးအဖြစ် ကြီးပြင်းလာစေဖို့ ပျိုးထောင်နည်း (၁၀) ချက်

ကလေးတွေကို အုပ်ထိန်းစောင့်ရှောက်ရတာက ခက်ခဲနိုင်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး သိထားပြီး ဖြစ်ပါတယ်။ မိခင်ဖခင်ဖြစ်စမှာတော့ ညဘက်တွေမှာ ကလေးကိုအစာကျွေးရတာမျိုးအခက်အခဲတွေကို ပင်ပန်း ခက်ခဲတာတွေလို့မထင်ပေမယ့် ကလေးတစ်ယောက်ကို အထိအခိုက်မရှိဘဲကြီးပြင်းလာစေဖို့အတွက် အရာတော်တော်များများလိုအပ်တယ်ဆိုတာကိုသိနားလည်လာမှဖြစ်ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ကလေးတွေကို အကျင့်စာရိတ္တကောင်းကောင်းမွန်မွန်နဲ့ကျန်းမာပျော်ရွှင်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် အရေးကြီးတဲ့အချက်များစွာကိုလုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတာကို သိရှိနားလည်လာမှာဖြစ်ပါ တယ်။ မိဘတွေအနေနဲ့ ကလေးကို ဘဝတစ်လျှောက်မှာ မိမိတို့တတ်စွမ်းနိုင်သမျှ အကောင်းဆုံးသောအရာတွေကိုပဲ ပေးချင်ကြတာဖြစ်ပါတယ်။ ကလေးတွေကို ငယ်စဉ်အရွယ်ကတည်းကအကျင့်ကောင်းတွေကို သင်ကြား ပေးမယ်ဆိုပါက ဆယ်ကျော်သက်အရွယ်နဲ့အရွယ်ရောက်တဲ့အခါ အထောက်အကူပြုပေးနိုင်မယ့် ခိုင်မာတဲ့အခြေခံ အုတ်မြစ်ကိုချပေးသလိုသဘောသက်ရောက်နေပါတယ်။ ကလေးတွေကိုအကျင့်စာရိတ္တကောင်းမွန်ပြီးကျန်းမာပျော်ရွှင်တဲ့ကလေးတစ်ယောက်အဖြစ်ရှင်သန်ကြီးထွား လာဖို့အတွက် မိဘတွေအနေနဲ့ အောက်ဖော်ပြပါအချက်လေးတွေကိုလုပ်ဆောင်ကြည့်ကြဖို့တိုက်တွန်းလိုပါတယ်။ ၁။ ကျေးဇူးတင်ကြောင်းနဲ့ ကျေးဇူးပြုပြီးလုပ်ပေးပါလို့အကူအညီတောင်းခံမှုမျိုးကိုပြောတတ်ပါစေ မိဘက ကလေးတွေအတွက် အကောင်းဆုံးသောစံနမူနာယူစရာတွေဖြစ်တာကြောင့် ကလေးတွေထံကနေတစ်ခုခုလုပ်ပေးဖို့အကူအညီတောင်းတဲ့အခါမျိုးမှာ ကျေးဇူးပြုပြီး ကူညီပါလားဆိုတဲ့စကားနဲ့ ကျေးဇူးတင်ပါတယ်၊ ဆိုတဲ့စကားလုံးလေးတွေကိုပြောပေးတာမျိုးလုပ်ဆောင်ပေးပါ။ ကလေးတွေကို ဘာလုပ်ပါလို့ ညွှန်ကြား ပြီးခိုင်းတာမျိုးမလုပ်ဆောင်ပါနဲ့။ သည်စကားလုံးလေး ၃ လုံးကမိဘနဲ့သားသမီးကြားမှာ အပြန်အလှန်လေးစားမှု၊ ညှာတာ၊သည်းခံမှုတွေပေါက်ဖွားလာအောင်လုပ်ဆောင်ပေးပါတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့အာဟာရဓါတ်များ

ကလေးတွေဟာကျောင်းသွားလိုက်သင်ယူလိုက် အိမ်ပြန်လာလိုက်ဆိုတဲ့အလုပ်တွေကို အလျင်အမြန် လုပ်ဆောင်နေသလိုမျိုးပ ဲသူတို့လေးတွေရဲ့ ဦးနှောက်ကလည်း လျင်လျင်မြန်မြန်ကြီးထွားဖွံ့ဖြိုးလာနေပြီး ပြောင်းလဲမှုတွေဖြစ်ပေါ်လာနေပါတယ်။ အောက်ဖော်ပြပါအစားအသောက်ဆယ်မျိုးက ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်စားသုံးပေးသင့်တဲ့ အစားအသောက်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ငယ်ရွယ်စဉ်အရွယ်မှာ စားသောက်မှုပုံစံက ကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သိမြင်မှုစွမ်းရည်တွေတိုးတက်စေဖို့အတွက် အရမ်းကိုအရေးပါ ပါတယ်။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေကတော့ အောက်မှာ ကြည့်လိုက်ရအောင်။ (၁) ဘယ်ရီသီးများ စတော်ဘယ်ရီ၊ချယ်ရီ၊ဘလူးဘယ်ရီနဲ့ဘလက်ဘယ်ရီသီးတွေမှာ အာဟာရဓါတ်တွေများစွာပါဝင်နေပြီး ကင်ဆာရောဂါကိုကာကွယ်ပေးနိုင်တဲ့ ဗီတာမင် စီ လိုမျိုးဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေတိုးပွားအောင်လည်း လုပ်ဆောင်ပေးပါ တယ်။ လေ့လာမှုတွေအရ ဘလူးဘယ်ရီနဲ့စတော်ဘယ်ရီတွေက မှတ်ဉာဏ်စွမ်းရည်ကိုတိုးတက်ကောင်းမွန်စေပြီး အာဟာရဓါတ်တွေလည်းများစွာပါဝင်တဲ့အပြင် ဘယ်ရီသီးတွေရဲ့အစေ့တွေထဲမှာအိုမီဂါ- သရီးဖက်တီးအက်ဆစ် တွေလည်းကြွယ်ဝစွာပါဝင်နေပါတယ်။ (၂) ပဲအမျိုးမျိုး ပဲတွေမှာ ပရိုတင်းဓါတ်တွေ၊အမျှင်ဓါတ်၊ဗီတာမင်နဲ့သတ္တုဓါတ်များစွာပါဝင်တာကြောင့် ကိုယ်ခန္ဓါအတွက် စွမ်းအင်ရရှိစေနိုင်ပါတယ်။ ကလေးငယ်တွေရဲ့နေ့လည်စာထဲမှာပဲအမျိုးမျိုးကိုထည့်သွင်းစားသုံးပေးတာက နေ့လယ်ပိုင်းအချိန်မှာ ကလေးငယ်တွေရဲ့ စွမ်းရည်နဲ့တွေးတောနိုင်စွမ်းကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဗိုလ်စားပဲနဲ့ pinto ပဲတွေမှာ အခြားပဲတွေထက် အိုမီဂါ သရီးဖက်တီးအက်ဆစ်ဓါတ်ကြွယ်ဝစွာပါဝင်တယ်။ အိုမီဂါ-သရီးဖက်တီးအက်ဆစ်က ဦးနှောက်ဖွံ့ဖြိုးကြီးထွားမှုနဲ့ဦးနှောက်ရဲ့လုပ်ငန်းဆောင်တာတွေအတွက်အရေးပါ ပါတယ်။ (၃) […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေရဲ့သင်ယူလေ့လာမှုပိုမြန်ဆန်စေဖို့ ဘာတွေလုပ်ပေးမလဲ

ကလေးတွေအတွက် ရိုးရှင်းပြီးပျော်စရာကောင်းတဲ့ နည်းတွေနဲ့ကစားရင်းသင်ပေးတာက သူတို့ရဲ့ လေ့လာသင်ယူနိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုကို တိုးတက်စေပါတယ်။ ကျန်းမာပြီးပျော်ရွှင်တဲ့ကလေးတွေအဖြစ်တင်မကဘဲ ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေဖြစ်လာဖို့လည်း မိဘတွေက လိုလားကြပါတယ်။ ဒီတော့ ကလေးတွေကို အကောင်းမြင်စိတ်နဲ့ပဲ ဆက်ဆံပြီး စကားတတ်မြောက်မှု၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ အိုင်ကျူစွမ်းရည်တိုးတက်စေဖို့ နေ့စဉ်လုပ်ဆောင်နေကျကိစ္စတွေမှာပဲ ကူညီသင်ပြ ပေးနိုင်ပါတယ်။ ကိုယ်က အသံ၊အနံ့၊ အထိအတွေ့၊ အရသာတွေသင်ပြပေးချိန်မှာ ကလေးကပျော်ပျော်ရွှင်ရွှင် လေ့လာနေဖို့ ၊ပတ်ဝန်းကျင်မှာရှိသမျှတွေကို စိတ်ဝင်တစားရှိနေဖို့ က အဓိကသော့ချက်ပါ။   ကလေးကိုစကားပြောပေးပါ ကိုယ့်ရဲ့တစ်နေ့တာအကြောင်း ကလေးကိုပြန်ပြောပြတာက ကလေးမှာ သူမြင်နေရတာတွေနဲ့ တွဲဖက်နားလည်နိုင်စွမ်းတိုးတက်စေပါတယ်။ စကားကိုဖြည်းဖြည်းနဲ့ ကလေးမြူသလိုပုံစံနဲ့ ပြောပေးတာက ကလေးရဲ့လေ့လာနိုင်စွမ်းကိုတိုးတက်စေတယ်လို့ သုတေသနကဖော်ပြပါတယ်။   ကလေးကိုယ်တိုင်ပါဝင်ခံစားစေပါ လမ်းလျှောက်ထွက်ရင်း ခွေးသံကြားတဲ့အခါ “ဘာသံလဲ”လို့ကလေးကိုမေးပြီး ဒါဟာခွေးဟောင်သံ(ဝုတ်ဝုတ်) ဖြစ်တဲ့အကြောင်း ကိုယ်ကပြန်ဖြေပြပေးပါ။ နောက်ကြုံတိုင်း ပြောတဲ့အခါ ကလေးက မှတ်မိပြီး ဝုဝုလို့ ကိုယ်တိုင်ဖြေနိုင်လာပါလိမ့်မယ်။ နောက်ဆုံးမှာ ခွေး ဆိုတဲ့ဝေါဟာရကို ကိုယ်တိုင်သိသွားစေမှာပါ။ အပြင်ထွက်တဲ့အချိန်မိုးဖွဲကျလာတဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း