ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးတို့အတွက်ကာကွယ်ဆေးများ

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ။

ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးနှံခြင်းက ဘာတွေဖြစ်နိုင်သလဲ လက်ရှိမှာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေးထိုးမှုတွေလုပ်နေကြတာ အကုန်လုံးအသိဖြစ်မှာပါ။ ဒါပေမယ့် ကာကွယ်ဆေးထိုးမှုနဲ့ပတ်သက်လို့ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်၊ ပြဿနာတွေရှိနေတယ်ဆိုပြီး ပြောဆိုမှုတွေ ရေးသားမှုတွေကိုလည်း မြင်တွေ့ရမှာပါ။ ဒီအတွက် မိဘတွေရင်ထဲမှာ သို့လောသို့လော သံသယတွေနဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာရပါတယ်။ ဒီလိုစိုးရိမ်ပူပန်မှုတွေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ဂျပန်ဦးနှောက်ရောင်ရောဂါအကြောင်းနဲ့ ကာကွယ်ဆေးအကြောင်းကို ပြီးပြည့်စုံအောင် Helloဆရာဝန်က တင်ဆက်ပေးလိုက်ပါတယ်။ ပထမဆုံးသိသင့်တာက ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာဘာလဲဆိုတဲ့မေးခွန်းပါ။ ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ကြောက်စရာကောင်းတဲ့ ပြင်းထန်ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလိုပဲ ခြင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ပြီး ဦးနှောက်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပါတယ်။ ဂျပန်ဦးနှောက်ရောင်ရောဂါအတွက် ကုသဆေးမရှိဘဲ သေဆုံးမှုနှုန်း ၃၀ ရာခိုင်နှုန်းနဲ့ မသန်မစွမ်းဖြစ်နိုင်မှုနှုန်း ၅၀ ရာခိုင်နှုန်းရှိပါတယ်။ ၁၈၇၁ ခုနှစ်က ဂျပန်နိုင်ငံမှာ စတင်တွေ့ရှိခဲ့တာကြောင့် ဂျပန်ဦးနှောက်ရောင်လို့ ခေါ်ခဲ့ကြပါတယ်။   ကူးစက်မှုအခြေအနေ WHO ရဲ့ ထုတ်ပြန်ချက်အရ အခုဆိုရင် အရှေ့တောင်အာရှ နှင့် အနောက်ပစိဖိတ်အတွင်းရှိ နိုင်ငံ ၂၄ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးတွေမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက စိတ်ချရလား

1890ခုနှစ်နောက်ပိုင်း အမေရိကန်ပြည်ထောင်စုမှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက အခန်းကဏ္ဍတစ်ခုအဖြစ် ပေါ်ထွက်လာပါတယ်။ နှစ်ပေါင်း 120ကြာပြီးနောက် (ဒီနေ့ခေတ်)မှာ အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းကို ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် နိုင်ငံပေါင်း100ကျော်မှာ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကလေးတွေနဲ့ ပတ်သက်ပြီး အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်းက ဆွေးနွေးစရာကိစ္စကြီးတစ်ခု ဖြစ်လာပါတယ်။ ဘာလို့လဲဆိုတော့ ဆေးဝါးကုသမှုနဲ့ သိပ္ပံနည်းကျအထောက်အကူတွေ မပါလို့ဘဲ ဖြစ်ပါတယ်။   အာရုံကြောစနစ်နဲ့ ကြွက်သားအရိုးအဆစ်များကို ဂရုစိုက်ခြင်း အာရုံကြောစနစ်က ကျွန်ုပ်တို့ကိုယ်ရဲ့ လှုပ်ရှားမှုအားလုံးကို ထိန်းချုပ်ထားပါတယ်။ အာရုံကြောတွေကြားက ဆက်သွယ်မှုက မသေချာဘူး၊ ယိုယွင်းနေတယ်၊ ပျက်စီးနေတယ်ဆိုရင် ဆက်သွယ်မှုနဲ့ ဆက်စပ်နေတဲ့အရာအားလုံး မှားယွင်းသွားနိုင်ပါတယ်။ ကလေးတွေမှာ လေထိုးလေအောင့်၊ မအီမသာဖြစ်ခြင်း၊ နို့်မစို့နိုင်ခြင်း၊ မနက်စာမစားခြင်း၊ အအိပ်နည်းခြင်း၊ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ အစာခြေရခက်ခြင်း၊ ရင်ကြပ်ခြင်း၊ အပြုအမူပြောင်းလဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ အာရုံစူးစိုက်၍မရခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အာရုံကြောနဲ့ ကြွက်သားအရိုးအဆစ်များကို […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ကလေးများတွင် ဖြစ်သော ရေကျောက်

ရေကျောက်သည် ကလေးများတွင် အဖြစ်များဆုံး ရောဂါတစ်ခုဖြစ်သည်။ တစ်ပတ်ကြာလျှင် ပျောက်ကင်းသွားတတ်သော်လည်း တစ်ချို့တွင် အန္တရာယ်ရှိနိုင်၏။ ဤဆောင်းပါးတွင် ဒီရောဂါနှင့်ပါတ်သတ်သော အချက်အလက်များ၊ သင့်ကလေးကို ကာကွယ်နိုင်မည့်နည်းလမ်းများ ပါဝင်ပါသည်။   ရေကျောက်၏လက္ခဏာများ အဖုများမထခင် ရက်အနည်းငယ်၌ သင့်ကလေးတွင် အောက်ပါလက္ခဏာများ ရှိပါလိမ့်မည်။ ဖျားခြင်း ဗိုက်အောင့်ခြင်း ခေါင်းကိုက်ခြင်း အစားအသောက်ပျက်ခြင်း (ဘာမှစားချင်စိတ် မရှိခြင်း) မောပန်းလွယ်ခြင်း   အဖုများသည် ရောဂါရှိသည့်လူနှင့် သင့်ကလေး ထိတွေ့ပြီးနောက် ၁၀ မှ ၂၁ ရက်ခန့်အကြာတွင် ပေါက်လာနိုင်ပါသည်။ သင့်ကလေး၌ များသောအားဖြင့် အဖု ၂၅၀ မှ ၅၀၀ လောက်ထိ ပေါက်တတ်ပါသည်။ အဖုများသည် အဆင့် ၃ ဆင့်အဖြစ် ရှိမည်ဖြစ်သည် အပိန့်- အနီရောင် အပိန့်များ မျက်နှာနှင့်ရင်ဘတ်တွင်ပေါ်လာပြီးနောက် တခြားနေရာများသို့ ရက်အနည်းငယ်အတွင်း ပျံ့သွားမည်။ အရည်ကြည်ဖု - ရက်အနည်းငယ်ကြာသည့်အခါ […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကြီးထွားဖွံ့ဖြိုးမှုနောက်ကျခြင်း

ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းသည် ကျန်းမာစွာရှိရမည့် ကိုယ်အလေးချိန်၊ အရပ်အောက် နိမ့်နေပြီး စိတ်ခံစားမှုဆိုင်းရာ မဖွံဖြိုးသည့် လက္ခဏာများ မြင်ရခြင်းကို ဆိုလိုသည်။ ကလေးတွင် စံသတ်မှတ်ထားသည့် ကြီးထွားပုံသည် အသက်၊ လိင်နှင့် လူမျိုးအပေါ် မူတည်၏။ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်း၏ အဓိကအကြောင်းရင်းသည် အာဟာရမလုံလောက်ခြင်းပင် ဖြစ်သည်။   ကလေး ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ။ မိသားစုသည် ကလေး၏လိုအပ်ချက်များကို လုံလောက်စွာ မထောက်ပံခြင်း သို့မဟုတ် နားလည်မှုလွဲခြင်း ဖြစ်နေလျှင် ကလေးအတွက်လိုအပ်သည် အာဟာရကို လုံလုံလောက်လောက်ရမည်မဟုတ်ပါ။ ထို့ကြောင့် ကလေးတွင်လည်း တသတ်မတ်တည်း ကြီးထွားဖွံ့ဖြိုးမှု မရှိတော့ပဲ ကြီးထွားဖွံဖြိုးမှုနောက်ကျခြင်းဖြစ်သွားပါသည်။ ကလေးတိုင်း၌ လက္ခဏာများ မတူနိုင်ပါ။ တစ်ချို့ကလေးများတွင် ပါတ်ဝန်းကျင်အား စိတ်မဝင်စားခြင်းနှင့် တခြားသူများနှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ခြင်းတို့ တွေ့ရမည်။ တခြားကလေးများကို မတက်ကြွပဲ ပြုံးခြင်းရယ်ခြင်းမရှိသလို ခံစားချက်မဲ့နေနိုင်၏။ ကြီးထွားဖွံဖြိုးမှုနောက်ကျသောကလေးများတွင် မောပန်းလွယ်ပြီး ဇီဇာလဲကြောင်သည်။ ထို့အပြင် ကြီးထွားဖွံဖြိုးမှုမှတ်တိုင်များဖြစ်သည့် […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ရေကျောက်၏လက္ခဏာများ ကို စီမံနိုင်မည့်နည်းလမ်းများ

ရေကျောက်သည် ရေယုန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သည့် ဗဲရီဇဲလားဇိုစတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ရခြင်းဖြစ်သည်။ ကလေးအများစုတွင် ရေကျောက်ပေါက်နိုင်ပြီး များသောအားဖြင့် အသက် ၁၀ နှစ်မတိုင်မီတွင် အဖြစ်များ၏။ ရေကျောက်၏လက္ခဏာများ ကို သိထားရန်လိုအပ်သည်။ ကူးစက်ခံရစဉ်တွင် ခုခံအားစနစ်မှာ ပဋိပစ္စည်းများဟုခေါ်သော ပရိုတင်းများကိုထုတ်ကာ ဗိုင်းရပ်စ်ကိုတိုက်ခိုက်ပါသည်။ ထို့ကြောင့် ကျန်းမာသောကလေးအများစုနှင့် အရွယ်ရောက်ပြီးသူများတွင် ရေကျောက်ပျောက်ခြင်းကို အိမ်မှာကုရုံနှင့် ပျောက်ကင်းနိုင်ပါသည်။   ယားယံမှုကိုလျော့ချခြင်း ရေကျောက်ဖုများက ယားပါသည်။ သို့သော် မကုတ်ရပါ။ အဘယ်ကြောင့်ဆိုသော် အရေပြားပိုးဝင်ခြင်း သို့မဟုတ် အရည်ကြည်ဖုများပျောက်ပြီးနောက် အမာရွတ်ကျန်ခြင်းများ ဖြစ်တတ်ပါသည်။ ယားယံခြင်းကို လျော့ချနိုင်မည့်နည်းများရှိပါသည်။ အုတ်ဂျုံနှင့်ရေချိုးခြင်း၊ အအေးဝတ်အုပ်ခြင်း သို့မဟုတ် antihistamine များသောက်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကလေးအတွက် ဆေးမသုံးခင် ကလေးအထူးကုနှင့် အရင်တိုင်ပင်သင့်ပါသည်။   ကိုယ်ပူခြင်းကိုလျော့ချပေးပါ။ ဖျားခြင်းသည် ပိုးကူးခြင်းကိုတုန့်ပြန်ခြင်းဖြစ်ပြီး ဖျားနာမှုကိုဖြစ်စေသော ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ကို သတ်ပေးနိုင်ပါသည်။ ကိုယ်အပူချိန်တက်လျှင် မအီမသာ ခံစားရသောကြောင့် မိဘများက အလွယ်တကူဝယ်ယူနိုင်သည့်ဆေးများကို […]


ကလေးမှာဖြစ်တတ်တဲ့ကူးစက်ရောဂါများ

ခြေလက်ပါးစပ်ရောဂါများကို သင့်ကလေးအနေနဲ့ စီမံနိုင်မည့်နည်းလမ်းများ

ခြေလက်နှင့် ပါးစပ်ရောဂါများ(HFMD) သည် ကောက်ဇကီးဗိုင်းရပ်စ်နှင့် အန်တရိုဗိုင်းရပ်စ်များကြောင့်ဖြစ်သော ကူးစက်ရောဂါများ ဖြစ်ပါသည်။ အသက်အရွယ်အမျိုးမျိုးတွင် ဖြစ်ပွားနိုင်ပြီး အထူးသဖြင့် မွေးကင်းစများနှင့် အသက်ငါးနှစ်အောက် ကလေးများတွင် ဖြစ်ပွားနိုင်ပါသည်။ ခြေလက်နှင့် ပါးစပ်ရောဂါများကိုကုသရန် တိကျသည့်ကုသမှုမရှိပါ။ မိဘများမှ ကလေးများရောဂါပိုးမကူးစေရန် တစ်ကိုယ်ရေသန့်ရှင်းပေးခြင်းနှင့် သန့်ရှင်းစွာနေတတ်ရန် သင်ကြာပေးရပါမည်။   HFMD က ဘယ်လိုပျံ့နှံ့သလဲ။ HFMD သည် လူတစ်ဦးမှတစ်ဦးသို့ နှာရည်များ၊ တံတွေးများနှင့် ရောဂါဖြစ်နေသောလူ၏ အဖုအပိန့်များမှ ထွက်သောအရည်များ စသည်တို့နှင့် တိုက်ရိုက်ထိတွေ့မိခြင်းမှ ကူးစက်ပါသည်။ HFMD ဖြစ်စေသော ဗိုင်းရပ်စ်များသည် အသက်ရှုလမ်းကြောင်းနှင့် အစာချေလမ်းကြောင်းတွင် လက္ခဏာများ ပျောက်သွားပြီးနောက် ရက်သတ္တပတ်ပေါင်း များစွာကြာသည့်တိုင် အသက်ရှင်နိုင်ပါသည်။ ထို့ကြောင့် လက္ခဏာမပြသည့်လူမှ တခြား ကိုယ်ခံအားနည်းသော မွေးကင်းစများနှင့် ကလေးများဆီ ကူးစက်ခြင်း ဖြစ်နိုင်ပါသည်။ ကာကွယ်ဆေးရော တိကျသည့်ကုထုံးပါ HFMD အတွက် မရှိပါ။ HFMD ကိုဘယ်လိုကာကွယ်နိုင်မလဲ။ HFMD […]


ကျောင်းနေအရွယ်

ကလေးကို တစ်ကိုယ်ရည်သန့်ရှင်းစေရန်နည်းလမ်းတွေ ဘယ်လိုသင်ပေးမလဲ

ကလေးများကျန်းမာစေရေးနှင့် ရောဂါပိုးမွှားများကင်းရှင်းစေ ရန်တစ်ကိုယ်ရည်သန့်ရှင်းရေးသည်အလွန်အရေးပါပါတယ်။ ကလေးငယ်များသည်သန့်ရှင်းရေးနှင့်ပတ်သက်၍ဗဟုသုတ များမရှိခြင်းကြောင့်မိဘများက ကလေးများကိုငယ်စဉ်ကပင် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်သင်ကြားပေးသင့်ပါ တယ်။   ၁။ လက်ဆေးခြင်း လက်ဆေးခြင်းသည်ရောဂါပိုးမွှားများပျံ့ပွားခြင်းကိုထိရောက် စွာကာကွယ်နိုင်သောကြောင့်အရေးကြီးပါတယ်။ ဒါကြောင့် ကလေးများအား ကစားပြီးချိန်၊ အိမ်သာတက်ပြီးချိန်၊ အစာမ စားမီနှင့် စားပြီးချိန်တွင်လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်၂၀ခန့်ဆေးခိုင်းပါ။ ဆပ်ပြာနှင့်ရေမရလျှင် အရက်ပြန် ပါဝင်သောရေမလိုသည့်hand sanitizerကိုသုံးနိုင်ပါတယ်။ သို့သော်လည်းhand sanitizerသည် ရောဂါပိုးမွှားများအား လုံးကိုမဖယ်ရှားနိုင်ဘဲ လက်ညစ်ပေသောအခါမျိုးတွင်လည်း ဆပ်ပြာ၊ရေနှင့်ဆေးခြင်းလောက်မထိရောက်ပါဘူး။ ကလေး များကိုလက်သည်းကြားရှိအညစ်အကြေးများကိုသေချာစွာ ဆေးကြောရန်၊ လက်ကိုအနည်းဆုံးစက္ကန့်၂၀ဆေးကြောရန် သတိပေးပါ။   ၂။ သွားကျန်းမာသန့်ရှင်းရေး ကလေးများကိုသွားတိုက်ခြင်း၊ သွားကြားထဲရှိအညစ်အ ကြေးများကိုဖယ်ရှားခြင်းအလေ့အထကိုသင်ပေးသင့်ပါ တယ်။ သွားတိုက်ချိန် ၃မိနစ်သည်အသင့်တော်ဆုံးအချိန် ဖြစ်သည်ဟုသွားဆရာဝန်များကဆိုကြသည်။ သွားတိုက်ချိန် တွင်၃မိနစ်စာသီချင်းဆိုခြင်းဖြင့်ကလေးငယ်များပျော်ရွှင်နိုင်ပါ တယ်။ တခါတရံတွင်သူတို့ကြိုက်နှစ်သက်သောသွားပွတ်တံ၊ သွားတိုက်ဆေးများကလည်းကလေးများသွားမှန်မှန်တိုက်ရန် အထောက်အကူပြုနိုင်ပါတယ်။   ၃။ နှာချေ၊ ချောင်းဆိုးစဉ်တွင်ပါးစပ်ကိုအုပ်၍ဆိုးရန်သင်ပြပါ။ နှာချေ၊ ချောင်းဆိုးခြင်းသည်ရောဂါပိုးမွှားများကိုလေထုထဲ သို့ပျံ့နှံ့စေနိုင်သောကြောင့် တစ်ရှူး သို့ အဝတ်စနှင့်ခံ၍ဆိုး သင့်ပြီး ချောင်းဆိုးပြီးလျှင်လက်ကိုဆေးကြောသင့်ပါတယ်။   ၄။ ပုံမှန်ရေချိုးသောအလေ့အထပြုလုပ်ပါ။ ညနေခင်းရေချိုးခြင်းက […]


ကျောင်းနေအရွယ်ကလေးအတွက်အာဟာရ

ကလေးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာများ

ကလေးများ ကြီးထွားဖွံဖြိုးမှုအတွက် အစာတစ်ခုတွင် ပါဝင်ရမည့် မရှိမဖြစ်အာဟာရများ များစွာလိုအပ်ပါသည်။ သို့သော် လမ်းလျှောက်စအရွယ်များတွင် အစားကျွေးချိန်၌ စားချင်သလောက် များများစားမည့် ဝမ်းဗိုက်လေးများအတွက်တော့ ခက်ခဲနိုင်သည်။ တစ်နည်းပြောရလျှင် ကလေးကို သေချာထိုင်ခိုင်းပြီး အစာကောင်းကောင်းကျွေးနိုင်ဖို့က မိခင်အတွက် ဒုက္ခတစ်ခုပင်ဖြစ်သည်။ ထို့ကြောင့် အာဟာရပြည့် သရေစာများသည် ကွာဟနေမည့် အာဟာရလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့်နေရာတွင် အရေးပါပါသည်။ ကလေးများတွင် ကျန်းမာရေးနှင့် ညီညွတ်သော သရေစာများက အခရာကျသော အစာပင်ဖြစ်သည်။ ကလေးများအတွက် ကျန်းမာရေးနှင့်ညီသော သရေစာစားရန် အချိန်ကောင်းတစ်ခု ဒီနည်းလမ်းသည် ကလေးများ ကျန်းမာသော ကိုယ်အလေးချိန် ရရှိစေမည့် အခြေခံများဖြစ်သည်။ နည်းနည်းနှင့် ခဏခဏကျွေးခြင်း - ပုံမှန်အစားအစာအား ၆ ကြိမ်ကျွေးမည့်ပုံစံကို ခွဲလိုက်ပါ။ ဆိုလိုသည်မှာ ကလေးများ ၂-၃ နာရီ ခြားတစ်ခါ ထမင်း (သို့မဟုတ်) သရေစာ စားရမည်ဖြစ်သည်။ ထိုသို့ဖြင့် […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

သင့်ကလေးတွင်ဖြစ်တတ်သည့် အဖြစ်များသော ရောဂါများ

ကလေးတိုင်း ရောဂါများဖြစ်နိုင်ကြ၏။ အနည်းဆုံးတော့ သူတို့မွေးစကနေ ရောဂါတစ်ခုတော့ ဖြစ်ကိုဖြစ်နိုင်ပါသည်။ မိဘများအနေဖြင့် ကလေးဖျားနာသည့်အခါ သူသူငါငါ စိတ်ပူကြချည်းသာပင်။ တကယ်တော့ ဖျားနာခြင်းသည် သင်အမြဲတမ်း စိတ်ပူရမည့်မကောင်းသော အခြေအနေတစ်ခု မဟုတ်ပါ။ ရောဂါများသည် ကလေး၏ ကိုယ်ခံအားစနစ်ကို လှုံ့စော်ပေးရာတွင် အရေးပါကြ၏။ တစ်နည်းဆိုရလျှင် သင့်ကလေး မကျန်းမာရာမှ ပြန်ကောင်းလာသည်အခါ သူ၏ကိုယ်ခံအားကလည်း အရင်ကထက် ပိုသန်မာသွားပြီးဟု ဆိုလိုပါသည်။ သို့သော် တစ်ချို့သော ရောဂါများကိုသိထားတာကလည်း ကောင်းပါသည်။ ဤဆောင်းပါးတွင် ကလေးများ၌အဖြစ်များသည့် ရောဂါတစ်ချို့ကို စာရင်းပြုထားပါသည်။ လေပြွန်ရောင်ခြင်း သို့မဟုတ် နမိုးနီးယားဖြစ်ရသည့်အကြောင်းရင်းများ Respiratory Syncytial Virus (RSV) ဒီဗိုင်းရပ်စ်မျိုးသည် ကလေးရော လူကြီးမှာပါ လေပြွန်ရောင်ခြင်း သို့ နမိုးနီးယားကို ဖြစ်စေနိုင်ပါသည်။ သို့စော် ကိုယ်ခံအားနည်းသော ကလေးများကို RSV မှ အလွယ်တကူ တိုက်ခိုက်နိုင်၏။ RSV […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့သင်ယူနိုင်စွမ်းတိုးတက်အောင် ဘယ်လိုလုပ်မလဲ

မိဘတိုင်းက သူတို့ရဲ့ရင်သွေးငယ်တွေကို အကောင်းဆုံးပုံစံနဲ့ ဘဝခရီးကိုစတင်စေချင်ကြပါတယ်။ ကလေးကိုငယ်ရွယ်စဉ်ကတည်းက ဦးနှောက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ပေးတာကလည်း ကလေးငယ်ရဲ့ ဘဝကိုထုဆစ်ပေးရာမှာ အရေးကြီးဆုံးသောအထောက်အပံ့ဖြစ်ပါတယ်။ ကလေးငယ်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်ကောင်းမွန်စေဖို့အတွက်က အထူးတလည်ကြီးလုပ်ဆောင်ပေးစရာမလိုဘဲနေ့စဉ်လုပ်ဆောင်ပေးတဲ့ လှုပ်ရှားမှုတွေလုပ်ဆောင်ပေးရင်းနဲ့ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်စွမ်းကိုမြှင့်တက်အောင် အထောက်အကူပေးပါလိမ့်မယ်။ ကလေးလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးကမွေးကင်းစအရွယ်ကတည်းက စတင်ဖွံ့ဖြိုးလာတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ သင်ယူနိုင်မှုကိုတိုးတက်စေနိုင်မယ့် နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ပါတယ်။ ရေချိုးချိန် -ရေချိုးချိန်မှာ ကလေးငယ်အတွက် သချာၤနဲ့သိပ္ပံကို သင်ယူချိန်ပါပဲ။ ကလေးလေးတွေက ခွက်တစ်ခွက်ကနေ တစ်ခွက်ဆီကိုရေတွေလောင်းထည့်ရတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုလောင်းထည့်တာကနေ ဘယ်လိုအကျိုးဆက်တွေဖြစ်ပေါ်လာလဲဆိုတာကို သင်ယူခွင့်ရစေနိုင်သလို ကမ္ဘာမြေဆွဲအား၊ရေထုထည်တွေနဲ့ပတ်သက်ပြီးလည်းလေ့လာခွင့်ရစေပါလိမ့်မယ်။ ဒါတွေက ကလေးငယ်အနေနဲ့ရရှိနိုင်မယ့် အစောပိုင်း သချာၤစွမ်းရည်ပါပဲ။ ကလေးကိုရေချိုးပေးရင်း ဆပ်ပြာတိုက်တဲ့အခါ ကလေးသီချင်းလေးတွေဆိုပေးပါ။ ကလေးရဲ့ ဘာသာစကားစွမ်းရည်ကို တိုးတက်စေပါလိမ့်မယ်။ရေသုတ်ပေးတဲ့အဝတ်ကို သုံးပြီး ကလေးနဲ့ တူဝါးကစားပေးပါ။ ဒီလိုကစားပေးခြင်းက ကလေးငယ်ကို အရာဝတ္ထုတစ်ခုက သူတို့မမြင်ရတော့ပေမယ့်လည်းရှိနေသေးတယ်ဆိုတဲ့ အသိကိုရရှိစေပါလိမ့်မယ်။ ဈေးဝယ်ထွက်တဲ့ဆီခေါ်သွားပေးပါ -ဈေးဝယ်ထွက်တဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း