ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကို ဉာဏ်ရည်မြင့်မားစွာနဲ့ကြီးပြင်းလာစေနိုင်မယ့် အချက်များ

ကလေးငယ်လေးများရဲ့ဦးနှောက်ဖွံ့ဖြိုးမှုက သူတို့လေးတွေရဲ့ အနာဂတ်အသိဉာဏ်စွမ်းရည်တွေတိုးတက်ဖို့ အတွက် လမ်းဖွင့်ပေးနိုင်တဲ့အရာဖြစ်သလို သူတို့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်ရင့်ကျက်မှု တွေကိုဖြစ်ပေါ်စေနိုင်တဲ့အရာလည်းဖြစ်ပါတယ်။ ကလေးငယ်ရဲ့ ဘဝသက်တမ်း ပထမ ၅နှစ်တာကာလအတွင်းမှာ ကလေးငယ်ရဲ့ဦးနှောက်ဖွံ့ဖြိုးမှု ၉၀ ရာခိုင်နှုန်း ဖြစ်ပေါ်တာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ဖွံ့ဖြိုးကြီးထွားမှုတွေထဲက ၅၁ ရာခိုင်နှုန်းလောက်ကတော့ ပတ်ဝန်းကျင် အနေအထားအချင်းအရာတွေကြောင့်ဖြစ်ပေါ်လာတာလို့ယူဆရပါတယ်။ ကလေးငယ်ကို အချိန်တိုင်းမှာ ဖြစ်ပျက်တွေ့ကြုံနေရသမျှ အကြောင်းအရာအလုံးစုံကိုပြောပြပေးခြင်းဖြင့် သူတို့လေး တွေရဲ့ဘာသာစကားပြောဆိုနိုင်မှုစွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးငယ်လေးတွေ အနေနဲ့ ဘာသာစကားပြောစွမ်းရည်မြင့်မားတဲ့ မိသားစုမှာကြီးပြင်းလာရတဲ့ကလေးငယ် တွေက စကားပြောစွမ်းရည်နိမ့်ပါးတဲ့မိသားစုမှာမွေးဖွားကြီးပြင်းလာရတဲ့ ကလေးငယ်တွေထက် အသိဉာဏ် စွမ်းရည် ၃၈ ဆလောက်ပိုမိုမြင့်မားနေတာကိုတွေ့ရှိရပါတယ်။ အယူအဆနဲ့သဘောတရားပိုင်းဆိုင်ရာ စာအုပ်တွေဖတ်ပြပေးခြင်းဖြင့် ကလေးငယ်တွေကို မူလတန်းကြိုအရွယ်မှာ သိရှိရမယ့် အရောင်တွေ၊ပုံစံတွေ၊ရာသီဥတုတွေ၊သစ်သီး၊ ခြံမွေးတိရစ္ဆာန်တွေနဲ့ အခြားအခြေခံကျတဲ့ အကြောင်း ချင်းရာတွေကို သိရှိနားလည်စေနိုင်မှာဖြစ်ပါတယ်.။ ကလေးငယ်ကို စာအုပ်တစ်အုပ်ဖတ်ပြပြီး စာအုပ်ထဲမှာပါတဲ့အကြောင်းအရာတွေကို သူ့ရဲ့စကားလုံးတွေ နဲ့ပြန်ပြောပြစေတဲ့နည်းလမ်းနဲ့ကလေးငယ်ရဲ့ မှတ်ဉာဏ်စွမ်းရည်ကိုကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ပါတယ်။ သစ်သီကွင်းတွေကိုအသုံးပြုပြီးပဲဖြစ်ဖြစ် […]


မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

သင့်ကလေးကို အစာစားချင်စိတ်တိုးလာစေမယ့် နည်းလမ်း (၅)ခု

သင့်ကလေးက အစားစားရာမှာ အခုတစ်မျိုးကြိုက်လိုက်၊တော်ကြာအကြိုက်ပြောင်းလိုက်၊ ဘယ်အရာကိုမှ များများစားစား မစားတဲ့သူလား။ ဒါမှမဟုတ် အစားစားဖို့ထက် ကစားဖို့ဆော့ဖို့ကိုပဲပိုအာရုံစိုက်နေသလား။ အစားရွေးတဲ့ကလေး၊ အစားနည်းတဲ့ကလေးတွေရဲ့ မိဘတွေအနေနဲ့ ကလေးကို အစားအစာမျိုးစုံကို ကြိုးစားကျွေးကြည့်သင့်ပါတယ်။ မိဘအတော်များများက ကိုယ့်ကလေးအစားကောင်းကောင်းမစားတဲ့အပေါ် စိတ်ပူတတ်ကြပါတယ်။ ကလေးကို အစားပိုဝင်အောင် နည်းပေါင်းစုံနဲ့ကြိုးစားတတ်ကြပေမယ့် ကလေးတွေရဲ့တစ်ပတ်အတွင်းစားသောက်မှုအာဟာရမှာ လိုအပ်တဲ့အာဟာရဓါတ်တွေ ပါရှိဖို့လည်းလိုအပ်ပါတယ်။ ကလေးရဲ့အစားစားချင်စိတ်ကိုမြှင့်တင်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့နေရာမှာ ဒီအချက်လေးတွေက အဓိကကျပါတယ်။ ၁ ။ ဘာလို့အစာသိပ်မစားချင်တာလဲဆိုတာ အကြောင်းရင်းကိုသိအောင်လုပ်ပါ ကလေးက စားချင်စိတ်ကိုရှိပုံမရတာ၊ အစားကိုငြင်းနေတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ လည်ချောင်းနာနေတာ၊ ဖျားနေတာ၊ ဝမ်းပျက်နေတာ၊ ဝမ်းချုပ်နေတာ၊ သန်ထနေတာ စတဲ့အကြောင်းရင်းခံတွေရှိနိုင်ပါတယ်။ ဒါမှမဟုတ် စားဖို့ကို စိတ်မဝင်စားတာလည်းဖြစ်နိုင်ပါတယ်။ အဆော့မက်ပြီး အစားကိုစိတ်မဝင်စားတာလားဆိုတာလည်း သတိထားကြည့်ပါ။ ၂။ ကလေးမစားချင်တဲ့အချိန်မှာ အတင်းမကျွေးပါနဲ့ ကလေးကသိပ်မဆာသေးတဲ့အချိန်မှာ ထမင်း သို့မဟုတ် သရေစာတွေ အတင်းအကျပ်မကျွေးပါနဲ့။ ဒါ့အပြင် တချို့စားစရာတွေ အတင်းစားခိုင်းတာမျိုး၊ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးအတွက် အာဟာရပြည့်ဝတဲ့ နေ့လည်စာထမင်းဘူး ပြင်ဆင်မယ်

ကလေးတွေအတွက် ထမင်းဘူးပြင်ဆင်ပေးတဲ့အခါမှာ အရေးအကြီးဆုံးအချက်တစ်ခုက ကလေးတွေအတွက် တစ်နေ့တာလိုအပ်မယ့်အာဟာရဓာတ်ပြည့်ပြည့်ဝဝပါဝင်ဖို့ပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေ့လယ်စာဖြစ်ဖို့က အသီးအရွက်၊ သစ်သီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ် မာဏတွေကို သင့်တင့်မျှတစွာပါဝင်ပြီး ဆားနဲ့သကြားပါဝင်မှု မများဖို့ဘဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့နေ့လည်စာက ကလေးကိုနေ့လယ်နေ့ခင်းမှာပင်ပန်းနွမ်းနယ်မှု မခံစားရအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ကလေးတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာကို ဘယ်လိုပြင်ဆင်ပေးရမှန်းမသိဘဲ အခက်တွေ့နေရတဲ့မေမေတွေအတွက် အာဟာရပြည့်ဝတဲ့နေ့လယ်စာပြင်ဆင်ပုံလေးကိုဖော်ပြပေးလိုက်ပါတယ်။ ကလေးတွေကို အစားအသောက်ပြင်ဆင်ပေးတဲ့နေရာမှာ သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊အမျှင်ဓာတ်နဲ့ လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံအောင် ပြင်ဆင်ပေးတာက ကလေးတွေကို အဝလွန်တာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးရာရောက်ပါတယ်။ ကလေးတွေအတွက် နေ့လယ်စာ ပြင်ဆင်ပေးတဲ့အခါ ကစီဓာတ်နဲ့ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်တဲ့ အစေ့အဆန်တွေ ထည့်သွင်းပြင်ဆင်ပေးတာက တစ်နေ့တာလုံးအင်အားပြည့်ဝနေစေမှာဖြစ်ပါတယ်။ အစေ့အဆန်တွေ၊ ပေါင်မုန့်နဲ့ ပတ်စတာတွေမှာ ကစီဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ကလေးတွေကို အရိုးတွေ ကျန်းမာသန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်နှစ်မျိုးဖြစ်တဲ့ ပရိုတင်းနဲ့ ကယ်လ်ဆီယမ်တွေရရှိနိုင်တဲ့ အရင်းအမြစ်ဖြစ်တဲ့ နို့ထွက်ပစ္စည်းတွေက […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်လေးတွေအတွက် အုန်းဆီရဲ့ကျန်းမာရေးအကျိုးကျေးဇူးများ

အုန်းဆီက အရေပြားနဲ့ အခြားသောကျန်းမာရေးပြဿနာတွေကို ကုသရာမှာတော်တော်လေးအသုံးဝင်ပါတယ်။ အနာကျက်စေနိုင်စွမ်းရှိပါတယ်။ အုန်းဆီက ကလေးငယ်ရဲ့အရေပြားကို အာဟာရဓါတ်အပြည့်ဝဆုံးပေးနိုင်တဲ့ သဘာဝအဆီတစ်မျိုးဖြစ်ပါတယ်။ အုန်းဆီမှာပါတဲ့သေးငယ်တဲ့မော်လီကျူးလေးတွေက အရေပြားကအဆီကို အလွယ်တကူစုပ်ယူနိုင်အောင်လုပ်ဆောင်ပေးသလို အဆီတွေကို ဆဲအတွင်းပိုင်းနဲ့ တွယ်ဆက်တစ်ရှုးတွေအထိရောက်ရှိစေအောင်လုပ်ဆောင်ပေးပါတယ်။ အရေပြားထိခိုက်ပျက်စီးတာတွေကို သက်သာစေနိုင်စွမ်းရှိသလို အရေပြားရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ အုန်းဆီစစ်စစ်ကို ကလေးငယ်တွေအတွက်အသုံးပြုလို့ရပါတယ်။ အုန်းဆီက အနာကျက်စေနိုင်တဲ့အစွမ်းလည်းရှိပါတယ်။ အရေပြားဓါတ်မတည့်ခြင်း၊ (Hay Fever) -Hay Fever ကိုသက်သာစေဖို့အတွက် နှာခေါင်းအတွင်းဘက်ထဲကို အုန်းဆီနည်းနည်းလူးပေးပါ။ ဝတ်မှုန်တွေက အုန်းဆီမှာပျော်ဝင်သွားပါလိမ့်မယ်။ ကလေးဝက်ခြံ - ကလေးငယ်ရဲ့ ဝက်ခြံအပေါ်မှာ အုန်းဆီခပ်ပါးပါးလေး တစ်နေ့ နှစ်ကြိမ် မပျောက်မချင်းလူးပေးပါ။ ပွန်းပဲ့ဒဏ်ရာတွေ - ပွန်းပဲ့ဒဏ်ရာပေါ်ကို အုန်းဆီလူးပေးပါ။ရောင်ရမ်း နီမြန်းမှုကိုလျော့ကျစေပြီး အနာကျက်စေမှာဖြစ်ပါတယ်။ ရေကျောက် - အုန်းဆီကရေကျောက်ကြောင့် ယားယံတာကိုလျော့ပါးသက်သာစေပြီး အရောင်ကျစေတဲ့အပြင် အဖျားတာမရှည်အောင်လည်းလုပ်ဆောင်ပေးပါတယ်။ ပိုးကောင်နဲ့ အဆိပ်ရှိတဲ့အကောင်တွေအကိုက်ခံရတာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို နှိပ်နယ်ပေးခြင်းရဲ့အကျိုးကျေးဇူများ

ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးတွေကို အနားရစေပြီး ပိုမိုအိပ်ပျော်စေနိုင်တဲ့အပြင် အငိုလည်း နည်းစေနိုင်ပါတယ်၊ လို့The Cochrane Library ကလေ့လာမှုတစ်ရပ်အရသိရပါတယ်။ မွေးကင်းစကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက မိခင် နဲ့ ကလေးတို့ကြားက အပြန်အလှန်နားလည်မှုရရှိစနိုင်မှာဖြစ်တဲ့အပြင် ကလေးရဲ့အိပ်စက်မှုပိုင်းမှာလည်း အထောက်အကူပြုပြီး ကလေးငိုတာကိုလည်း သက်သာစေတဲ့အပြင် ကလေးတွေကိုနှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်တာကိုလည်း သက်သာစေပါတယ်။ ဥပမာပြောပြရရင် ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက စိတ်ဖိစီးမှုဖြစ်စေတဲ့ဟော်မုန်းကြောင့် ကလေးငယ်တွေမှာ ဆီးခဏခဏသါားတာမျိုးကိုသက်သာလျော့ပါးစေပါတယ်။ လေ့လာမှုတွေအတွင်း ကလေးကိုအချိန်ဘယ်လောက်ကြာအောင်နှိပ်ပေးတာ နဲ့ ဘယ်လ်ုနှိပ်ပေးတာကကောင်းလဲဆိုတာတွေကိုလေ့လာခဲ့ပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာက ကလေးငယ်ရဲ့ကြီးထွားမှုကိုထိခိုက်မှုမရှိစေသလို အန္တရာယ်ရှိစေတာမျိုးလည်းမရှိပါဘူး၊ လို့သိရှိရပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတာနဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမှုတွေလုပ်ဆောင်ကြည့်ဖိုတော့လိုအပ်ဦးမှာဖြစ်ပါတယ်။ မိမိရဲ့ ကလေးငယ်ကိုနှိပ်နယ်ပေးချင်တယ်ဆိုရင်တော့ အရင်ဆုံးဆရာဝန်နဲ့တိုင်ပင်ပါ။ ကလေးငယ်လေးတွေကို ဆီတစ်မျိုးမျိုးသုံးပြီး နှိပ်နယ်ပေးတာက အရမ်းကိုအရေးကြီးပါတယ်။ ကလေးငယ်လေးတွေကို နှိပ်နယ်ပေးတဲ့နေရာမှာ အရေးကြီးဆုံးအချက်တစ်ခုက မှန်ကန်တဲ့ဆီရွေးချယ်မှုပဲဖြစ်ပါတယ်။ ညင်ညင်သာသာနှိပ်နယ်ပေးတာက ကလးငယ်ကိုစိတ်ခံစားမှုကောင်းမွန်စေပြီး ကလေးငယ်ရဲ့အရေပြားအတွက်လိုအပ်တဲ့ အာဟာရဓါတ်ကိုပြည့်ဝစေပါတယ်။ ကလေးငယ်ရဲ့အရေပြားမှာလိုအပ်တဲ့ အာဟာရဓါတ်ပြည့်ဝစေဖို့အတွက်ကရွေးချယ်တဲ့ အဆီအပေးမှာ […]


ကလေးအရေပြားပြဿနာများ

ပိုးမွှားကိုက်ခံရတဲ့ကလေးမှာဖြစ်တဲ့ အရေပြားပြဿနာ ဘယ်လိုဖြေရှင်းမလဲ

သင့်ကလေးကိုပိုးမွှား၊ အင်းဆက်တွေကိုက်ခံရရင် ကလေးတွေဟာ ပုရွက်ဆိတ်၊ခြင်၊ကြမ်းပိုး၊နကျယ်၊ ပျား၊ကင်း၊နဲ့ ပင့်ကူတို့လို အင်းဆက်အမျိုးမျိုးအကိုက်ခံရတတ်ပါတယ်။ ပျားတုပ်တာ၊ပိုးမွှားကိုက်တာတွေက ခံရခက်ပြီး နာကျင်ရပေမယ့် အန္တရာယ်ဖြစ်ခဲပါတယ်။ နာကျင်မှုကနောက်တစ်နေ့မှာလျော့ပါးသွားတတ်ပြီး လုံးဝပျောက်သွားတာလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ကလေးကို ပါးစပ်၊ သို့မဟုတ် လည်ပင်းကို ပျားတုပ်ခံရရင် ဒါမှမဟုတ် အကိုက်ခံရလို့ပြင်းထန်တဲ့ဓါတ်မတည့်မှုဖြစ်လာရင် ချက်ချင်းကုသမှုခံယူသင့်ပါတယ်။ ကလေးတွေဟာ အင်းဆက်၊ပိုးမွှားတွေရဲ့၊ အထူးသဖြင့်ခြင်တွေရဲ့ ပစ်မှတ်ထားခံရတာများပါတယ်။ အကောင်ကိုက်မခံရအောင် ဘယ်လိုကာကွယ်မလဲ၊ကလေးကိုအမြဲသတိထားစောင့်ကြည့်နေမှာလား။ ဒါတောင်မှခြင်ဆိုတာ အနားမှာအမြဲရှိနေတတ်ပါတယ်။ အကောင်ကိုက်ခံရရင်ဘယ်လိုလုပ်ရမလဲ၊ ဘာတွေသတိထားသင့်သလဲဆိုတာသေချာသိထားရင်တော့ အတတ်နိုင်ဆုံးကြိုတင်ကာကွယ်နိုင်မှာပါ။ ခြင်ကိုက်ခံရရင် ခြင်ကိုက်ခံရတဲ့အခါခြင်ဖုတွေက နီရဲပြီးယားလာပါတယ်။ခြင်တွေက ငှက်ဖျား၊သွေးလွန်တုပ်ကွေး၊ဦးနှောက်ရောင်ရောဂါ၊yellow feverရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ (meningitis )၊တို့လိုပြင်းထန်တဲ့ရောဂါတွေလည်းဖြစ်စေနိုင်ပါတယ်။ သန်းကိုက်ခံရရင် ကြောင်သန်း၊ခွေးသန်းတွေကိုက်ခံရရင် ယားယံတဲ့အဖုလေးတွေ။ တခါတရံနာကျင်တဲ့အဖုတွေဖြစ်လာစေပါတယ်။ ဒီအဖုတွေက စုပြီးအပိန့်လိုထွက်လေ့ရှိပြီး နာရီအနည်းငယ်ကနေ တစ်ရက်လောက်အထိ မပျောက်ဘဲရှိနိုင်ပါတယ်။ ကြမ်းပိုးကိုက်ခံရရင် ကြမ်းပိုးကိုက်ခံရတဲ့လက္ခဏာကခြင်ကိုက်ခံရတဲ့ဝေဒနာနဲ့ဆင်တူပါတယ်။ ကလေးမှာ နီရဲပြီးဖောင်းလာတဲ့ ယားယံတဲ့အဖုလေးတွေဖြစ်လာတတ်ပြီး အများစုက ဖုတွေကစီတန်းဖြစ်ပေါ်နေ ဒါမှမဟုတ် အစုလိုက်ဖြစ်ပေါ်လေ့ရှိတတ်ပါတယ်။ ပျားတုပ်ခံရရင် ပျား၊ နကျယ်ကောင်နဲ့ အဆိပ်ပြင်းတဲ့fire ants ပုရွက်ဆိတ်တွေကိုက်ခံရရင် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ

ကလေးဖွံ့ဖြိုးကြီးထွားတာကို အထောက်အကူပြုနိုင်တဲ့ ပျော်ရွှင်စရာလှုပ်ရှားမှုများ နေ့စဉ်လုပ်ဆောင်နေတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေက ကလေးတွေအတွက် အဘက်ဘက်ကနေ အကျိုးပြုနေပါတယ်။ မိဘတွေက ကလေးငယ်ရဲ့လှုပ်ရှားမှုတွေနဲ့ ဆော့ကစားတဲ့အခါမျိုးတွေမှာ အတူပါဝင်ဆောင်ရွက်ပေးခြင်းက ကလေးရဲ့ လှုပ်ရှားမှုကိုပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ကလေးလေးတွေက သူတို့နှစ်သက်တဲ့ လှုပ်ရှားမှုတွေကို အခြားအရာတွေထက်ပိုမိုလုပ်ဆောင်ချင်စိတ်ရှိတတ်ပါတယ်။ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ပျော်မွေ့လာတဲ့အခါ ကလေးရဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်ကလည်း တဖြည်းဖြည်းနဲ့ကောင်းမွန်လာမှာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ကလေးရဲ့နေ့စဉ်ဆော့ကစားမှုတွေမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ထည့်သွင်းနိုင်သလိုတော်တော်ငယ်ငယ်အရွယ်လောက်မှာကတည်းက သင်ကြားပေးလို့ရနေပြီဖြစ်ပါတယ်။   ကလေး ၂ နှစ်ခွဲ နဲ့ ၃ နှစ်အရွယ်လောက်မှာဘာတွေလုပ်နိုင်ပြီလဲ။ ကလေးတွေဟာ အသက် ၂ နှစ်ခွဲအရွယ်ရောက်တဲ့အခါ - ကောင်းကောင်းပြေးနိုင်နေပြီ၊ ကစားစရာတွေပေါ် တက်တတ်၊ဆင်းတတ်ပြီ၊ ဇွန်းကိုင်ပြီး ကိုယ်တိုင်စားနိုင်ပြီ၊ ခွက်ကိုင်ပြီး ကိုယ်တိုင်သောက်နိုင်ပြီ။ ဦးတည်ချက်မှန်အောင်မချိန်ရွယ်နိုင်သေးပေမယ့်ဘောလုံးလိုမျိုး ခပ်ပျော့ပျော့အရာတွေကို ကန်တတ်ပြီ၊ လှေကားတက်တတ်ပြီ၊ ပစ်ချင်တဲ့နေရာကိုရောက်အောင်ဘောလုံးကိုပစ်တတ်ပြီ၊ ကိုယ်တိုင် အဝတ်လဲနိုင်ဖို့စသင်ယူနိုင်နေပြီ၊   ကလေးတွေ ၃ နှစ်သားအရွယ်ရောက်လာတဲ့အခါ တစ်ယောက်တည်း လှေကားတွေလည်းတက်နိုင်ဆင်းနိုင်ပြီ၊ ကလေးစက်ဘီးလိုမျိုးခြေထောက်နဲ့နင်းပြီးစီးရတာတွေကို စစီးတတ်ပြီ၊ ဟန်ချက်ညီညီလမ်းလျှောက်တတ်ပြီဖြစ်သလိုခြေဖျားထောက်ပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးတွေကို တင်းတင်းကျပ်ကျပ် အုပ်ထိန်းမှုက ကလေးတွေရဲ့စိတ်အခြေအနေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ

တစ်နေ့တစ်ခြား အပြိုင်အဆိုင်တွေများလာနေတဲ့ ခေတ်ကြီးထဲမှာ လူတန်းစေ့နိုင်ဖို့နဲ့ ကျောင်းကောင်းကောင်းမှာ တက်ရောက်နိုင်ဖို့၊ အလုပ်အကိုင်ကောင်းကောင်းရရှိစေဖို့၊ နေထိုင်စရာ တိုက်ခန်းတစ်ခန်းလောက်ပိုင်ဆိုင်နိုင်ဖို့ တော်တော့်ကို ကြိုးပမ်းနေရပါတယ်။ ဒီလိုခေတ်ကြီးထဲမှာ နေထိုင်ရတာက လွယ်တဲ့ကိစ္စမျိုးတော့မဟုတ်ပါဘူး။ အခုလိုမျိုး အပြိုင်အဆိုင်များတဲ့အနေအထားက မိဘတွေကို သူတို့ရဲ့ ကလေးတွေကို အသေးစိတ်ကစလို့ အရာရာတိုင်းကို အပ်ကျမတ်ကျ အုပ်ထိန်းတာမျိုးတွေဖြစ်လာစေတာ သိပ်တော့ဆန်းကြယ်တာမျိုးမဟုတ်ပါဘူး။ မိဘတွေကတော့ သူတို့ကလေးတွေအကျိုးရှိဖို့ဆိုရင် ဘာမဆိုလုပ်ပေးမှာပဲဖြစ်ပါတယ်။ တစ်ဖက်ကပြောရရင်တော့ အတိမ်းအစောင်းမခံတဲ့ ကလေးအုပ်ထိန်းမှုပုံစံကို ကလေးတွေက မနှစ်သက်ပါဘူး။ ဒီလိုမျိုး လွန်လွန်ကဲကဲ ကြပ်ကြပ်မတ်မတ်စောင့်ကြည့်နေတာမျိုးက ကလေးကိုရှုံးနိမ့်တဲ့အခါ စိန်ခေါ်မှုတစ်ရပ်နဲ့ ကြုံတွေ့ရစေနိုင်သလို အောင်မြင်မှုရတဲ့ အခါမျိုးမှာလည်း ဝမ်းသာပီတိဖြစ်တာမျိုးကိုခံစားရစေနိုင်ပါတယ်။ မိဘရဲ့ ကြပ်မတ်စောင့်ရှောက်မှုက အရွယ်ရောက်လာတဲ့အခါ အောင်မြင်တဲ့လူငယ်တစ်ယောက်ဖြစ်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဆိုပေမယ့်လည်း ကလေးတွေကို တအားတင်းတင်းကျပ်ကျပ်ကိုင်တွယ်တာမျိုးကတော့ မကောင်းပါဘူး။ လေ့လာမှုအသစ်တစ်ရပ်မှာ ကလေးတွေကို အရမ်းတင်းတင်းကျပ်ကျပ် အုပ်ထိန်းတာမျိုးက အချို့သောကလေးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်စေနိုင်သလို ကလေးငယ်ရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိဘသွေးအမျိုးအစားက ကလေးအပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ

လူသားတွေမှာ အဓိကအားဖြင့် ABO blood group system နဲ့ Rh (Rhesus) blood group system ရယ်ဆိုပြီး အဓိကသွေးအုပ်စုတွေ သတ်မှတ်ထားတာရှိပါတယ်။ တကယ်လို့ သင့်ရဲ့သွေးအမျိုးအစားက A Rh (အတိုကောက်ပြောပြရင် A positive) ဆိုပါက သင်ဟာ ABOသွေးအမျိုးအစားအုပ်စုမှာ Aသွေးအမျိုးအစားဖြစ်ပြီး Rhသွေးအုပ်စုအမျိုးအစားမှာ Rh positiveဖြစ်ပါတယ်။ မိဘရဲ့ ABO သွေးအမျိုးအစားအုပ်စု မတူတာကြောင့် ကလေးရဲ့ကျန်းမာရေးအပေါ်မျာ ထိခိုက်မှုမရှိပေမယ့် ဖခင်ဖြစ်သူက Rh positiveဖြစ်နေပြီး မိခင်က Rh negativeဖြစ်နေမယ်ဆိုရင်မွေးဖွားလာမယ့် ဒုတိယမြောက်ကလေးမှာ Rhဝေဒနာဖြစ်နိုင်ခြေရှိပါတယ်။ ဘာတွေဖြစ်နိုင်သလဲ။ ဖခင်ဖြစ်သူရဲ့သွေးအမျိုးအစားက Rh positiveဖြစ်ပြီး မိခင်ရဲ့သွေးအမျိုးအစားက Rh negativeဖြစ်နေမယ်ဆိုရင် ကလေးရဲ့သွေးအုပ်စုအမျိုးအစားက Rh positiveဖြစ်နိုင်ခြေရှိပါတယ်။ ပထမဆုံး သားဦးကလေးကိုမွေးဖွားချိန်မှာ မိခင်က ကလေးရဲ့သွေးအမျိုးအစားနဲ့ ထိတွေ့မိပြီး မိခင်ရဲ့ […]


ကလေးငယ်ပထမနှစ်

၃၂ ပတ်သားကလေး

ဖွံ့ဖြိုးတိုးတက်မှုနှင့် အပြုအမူ ကျွန်ုပ်၏ကလေးသည် မည်သို့ဖွံ့ဖြိုးလာသင့်ပါသလဲ။ သူမ၏ စိတ်ခံစားမှုသည် ပိုပြီးရှင်းလင်းလာပါသည်။ နောက်လာမည့် လများတွင် သင့်ကလေးသည် နှစ်သက်ခြင်း၊ သူများငိုလျှင် လိုက်ငိုခြင်းကဲ့သို့သော စိတ်ခံစားမှုများ အမူအရာများကို အတုခိုးတတ်လာပါလိမ့်မည်။ ရှေ့ဆက်၍ သင့်ကလေးသည် သင် အခြားသူများကို မည်သို့ဆက်ဆံသည်ကို သူမြင်သည့်အတိုင်း သင်ယူပါလိမ့်မည်။   ၇လ၏ နောက်ဆုံးပတ်တွင် သင့်ကလေးသည် • ထိုင်ရာမှ ထရပ်နိုင်သည်။ • ဝမ်းလျားမှောက်နေရာမှ ထထိုင်နိုင်သည်။ • လက်ခုပ်တီးတတ်ပြီး လက်ကိုဝှေ့ရမ်းနှုတ်ဆက်တတ်သည်။ • ပစ္စည်းများကို လက်ဖြင့် ကောက်ယူတတ်သည်။ • အိမ်နှင့် အနီးတဝိုက်ကို စူးစမ်းတတ်သည်။ • မေမေ၊ ဖေဖေ ခေါ်တတ်ပြီဖြစ်သည်။   ကလေးကို မည်သို့ ကူညီသင့်ပါသလဲ။ သင့်ကလေးသည် အခြားအခန်းတွင် သီးခြားအိပ်လျှင် သင်နှင့်ခွဲရမည်ကို စိုးရိမ်စိတ်ရှိလျှင် အိပ်ရာမဝင်ခင် သင့်ကလေးကို စာဖတ်ပြခြင်း၊ ပုခက်လွှဲပေးခြင်း၊ သီချင်းဖွင့်ပြခြင်းများလုပ်ပေးပြီး သူ့အနားတွင် အချိန်ပိုနေပေးပါ။ အိပ်ရာမဝင်ခင် ပုံမှန်လုပ်တတ်သောအရာများကို လုပ်ပေးခြင်းဖြင့် သင့်ကလေးကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း