ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ

ကလေးဆံသား နဲ့ ဦးရေပြားဟာ လူကြီးဆံပင်ထက် နုနယ်လို့ ပိုဂရုစိုက်ပေးသင့်ပါတယ်။ ကလေးလေးတွေအတွက် ဆံသားဂရုစိုက်စောင့်ရှောက်မှုတွေ လိုအပ်သလောက် မလုပ်ပေးတာတွေကြောင့်လည်း ဆံပင်ပြဿနာတွေ ဖြစ်လာစေတတ်ပါတယ်။ ကလေးတွေမှာ မွေးဆံပင်လေးတွေ ပါလာတတ်ပေမယ့် အများစုက ရက်သားကနေ လသားအရွယ်အတွင်းမှာ ရိတ်ပစ်ကြတာများပါတယ်။ ကလေးလေးတွေရဲ့ဆံသားက ကောက်ကွေးကွေးလေးတွေ ၊ အဖြောင့်လေးတွေ၊ ဆံပင်ထူတာ၊ ဆံပင်ပါးတာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ ဘယ်လိုဆံသားမျိုးပဲဖြစ်နေပါစေ။ ကလေးဆံသားက နုနယ်လွန်းတာကြောင့် လူကြီးတွေထက် ထိခိုက်လွယ်၊ ပျက်စီးလွယ်ပါတယ်။ ဒါ့ကြောင့် ဆံသားခြောက်သွေ့မှု၊ ပျက်စီးမှုမဖြစ်အောင် ဂရုစိုက်ပေးနိုင်မယ့် အချက်လေးတွေ သိထားသင့်ပါတယ်။ ကလေးဆံသား ကို ဘယ်လိုဂရုစိုက်ပေးမလဲ မလိုအပ်ဘဲ ခဏခဏ ခေါင်းမလျှာ်ပေးပါနဲ့ ၆လအောက် ကလေးငယ်တွေရဲ့ ဦးရေပြားမှာ အဆီနည်းတာကြောင့် တစ်ပတ်နှစ်ကြိမ်ထက်ပိုပြီး ခေါင်းလျှော်ပေးဖို့ မလိုပါဘူး။ ကလေးငယ်လေးအတွက် ခဏခဏခေါင်းလျှော်တာ အအေးမိနိုင်ခြေလည်း ပိုများတာကြောင့် ဂရုစိုက်ပေးပါ။ နောက်တစ်ချက်က ကလေးကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေရင် လုပ်ဆောင်ရမယ့် (၇) ချက်

သန်းဆိုတာ ဆံပင်ကြားထဲမှာနေထိုင်ပြီး ဦးရေပြားကနေ သွေးစုပ်ရှင်သန်တဲ့ ကပ်ပါးပိုး အသေးစားလေးတွေပါ။ သန်းတွယ်တာက အရမ်းကိုအဖြစ်များတဲ့ပြဿနာဖြစ်ပြီး အထူးသဖြင့် ကလေးတွေမှာ ပိုဆိုးပါတယ်။ သန်းတွေက ကူးစက်ပြန့်ပွားလွယ်လို့ စိတ်ရှုပ်စရာလည်းကောင်းပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် တာက စိတ်ရှုပ်စရာကောင်းတယ်ဆိုပေမယ့် အန္တရာယ်တော့မပေးပါဘူး။ သန်းကိုက်ရင် ကလေးရဲ့ဦးရေပြားမှာ ယားယံပြီး ကျိန်းစပ်စပ်ဖြစ်တာကလွဲလို့ ရောဂါပိုးတော့ မကူးစက်စေပါဘူး။ ဒါပေမယ့် သန်းကိုက်လို့ ဦးရေပြားကို ကုတ်လွန်းရင် ကုတ်ခြစ်ရာတွေကနေ ပိုးဝင်နိုင်တာ သတိထားရပါမယ်။ လူတစ်ယောက်နဲ့တစ်ယောက် သန်းကူးစက်ဖို့ကအရမ်းလွယ်တာကြောင့် ကလေးကို မကူးစက်ရအောင် တစ်ယောက်ယောက်ခေါင်းမှာ သန်းတွေ့တာနဲ့ အမြန်ဆုံးကုသဖယ်ရှားတာ အကောင်းဆုံးပါပဲ။ ကလေးရဲ့ခေါင်းမှာ သန်းရှိမရှိ ဘယ်လိုသိမလဲ သန်းတွေက သေးငယ်တဲ့အပြင် ဆံပင်တွေကြားမှာ ပြေးတတ်၊ ပုန်းအောင်းတတ်လို့ ရှာရခက်တယ်ဆိုပေမယ့် သန်းရှိမရှိကို သိသာစေမယ့် လက္ခဏာတွေရှိပါတယ်။ ကလေးရဲ့ခေါင်းမှာ သန်းတွယ် နေကြောင်းသိနိုင်တဲ့ လက္ခဏာရပ်များ သန်းဥ သူတို့က အတော် သေးငယ်ပေမယ့် သာမန်မျက်စိနဲ့ မြင်နိုင်ပါသေးတယ်။ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးနိုင်မယ့် အချက်(၇)ချက်

မိမိရင်သွေးလေးတွေကို ထူးချွန်ထက်မြက်တဲ့ ကလေးငယ်လေးတွေအဖြစ် ကြီးပြင်းလာစေချင်တဲ့ဆန္ဒက မိဘတိုင်းမှာရှိကြမှာပါ။ ကလေးတစ်ယောက် ဉာဏ်ရည်ဉာဏ်သွေးကောင်းဖို့ဆိုတဲ့နေရာမှာ မျိုးဗီဇကတော်တော်လေးကို သက်ရောက်မှုရှိတယ်ဆိုပေမယ့် အာဟာရပြည့်ဝအောင်ကျွေးမွေးပေးတာ၊ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေနဲ့ မထိတွေ့မိအောင်ကာကွယ်ပေးတာ၊ ကလေးကို ကစားချိန်များများပေးတာ၊ မှတ်ဉာဏ်တိုးတက်စေမယ့်လှုပ်ရှားမှုတွေလုပ်ဆောင်ပေးတာကလည်း ကလေးဦးနှောက်ဖွံ့ဖြိုးမှုကိုတော်တော်လေးအထောက်အကူပြုနိုင်ပါတယ်။   ကလေးငယ်ရဲ့ ဦးနှောက်ကဘယ်လိုဖွံ့ဖြိုးတာလဲ ကလေးငယ်ဟာ အသက် ၄ နှစ်မပြည့်ခင်မှာကို ဦးနှောက်ကတော်တော့်ကို ဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ တကယ်တော့ ကလေးဟာ မူကြိုမတက်ခင်မှာတင် ကလေးဦးနှောက်က ၉၀ ရာခိုင်နှုန်းအထိဖွံ့ဖြိုးနေပြီဖြစ်ပါတယ်။ ဒီအချိန်က ကလေးငယ်ကိုတစ်ခုခုသင်ကြားပေးနိုင်ဖို့အကောင်းဆုံးအချိန်လို့လည်းဆိုရပါမယ်။ ဒါပေမယ့်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက အသက် ၄ နှစ်မှာရပ်တန့်သွားတာတော့မဟုတ်ပါဘူး။ ကလေးငယ်လေးတွေရဲ့ဦးနှောက်က ကလေးဘဝတစ်လျှောက်လုံးကနေ အရွယ်ရောက်တဲ့အချိန်အထိ အဆက်မပြတ်ဖွံ့ဖြိုးနေတာဖြစ်ပါတယ်။   ကလေးဦးနှောက်ကို ကျန်းကျန်းမာမာနဲ့ဖွံ့ဖြိုးတိုးတက်စေမယ့်နည်းလမ်းများ (၁) ကလေးနဲ့ မျက်လုံးချင်း ဆက်သွယ်ပေးပါ ကလေးနဲ့ အကြည့်ချင်းဆိုင်ပြီး မျက်လုံးချင်းဆက်သွယ်ပေးတာက ကလေးမျက်လုံးကြွက်သားတွေကိုဖွံ့ဖြိုးအောင် အထောက်အကူပြုပေးပါတယ်။ ဒါ့အပြင်ကလေးကို အနာဂတ်မှာ မျက်လုံးပြဿနာတွေခံစားရနိုင်ခြေကနေ ကင်းဝေးစေနိုင်ပြီး မျက်နှာတွေကို မှတ်မိစေအောင်လည်း အထောက်အပံ့ပေးပါတယ်။ မိဘနဲ့သားသမီးကြား ခံစားချက်တွေနွေးထွေးစေပါတယ်။ […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ချောင်းဆိုးနေတဲ့ကလေး ကို ပြုစုဂရုစိုက်မယ်ဆိုရင်

ကလေးငယ်လေးတွေရဲ့ ကိုယ်ခံအားစနစ်က ငယ်ရွယ်စဉ်မှာ အပြည့်အဝ မဖွံ့ဖြိုးသေးတာကြောင့် အချို့ရောဂါတွေကို ခုခံနိုင်စွမ်းသိပ်မရှိသေးပါဘူး။ ရာသီဥတုကြောင့်ဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အနေအထားကြောင့်ဖြစ်ဖြစ် ကလေးတွေမှာ နှာစေး ချောင်းဆိုးတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ ချောင်းဆိုးနေတဲ့ကလေး ကိုဘယ်လိုစောင့်ရှောက်ရမလဲဆိုတာနဲ့ ဘယ်လိုအခြေအနေတွေက ကလေးကိုချောင်းဆိုးစေနိုင်လဲဆိုတာတွေကို နည်းနည်းလောက်ပြောပြချင်ပါတယ်။ ချောင်းဆိုးခြင်း ချောင်းဆိုးတယ်ဆိုတာက ခန္ဓါကိုယ်က အဆုတ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်ရဲ့ အထက်ပိုင်းမှာရောက်ရှိနေတဲ့ ချွဲနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ဖို့ တုံ့ပြန်မှုတစ်ရပ် (သို့မဟုတ်)လေပြွန်မှာ ဓါတ်မတည့်မှုတစ်ခုခုခံစားရတဲ့ခန္ဓါကိုယ်က တုံ့ပြန်တဲ့ တုံ့ပြန်မှုဖြစ်ပါတယ်။ ချောင်းဆိုတာကရောဂါတစ်ခုခုကြောင့် ဆိုးတာမျိုးဖြစ်နိုင်သလို တစ်ခါတလေမှာ ခန္ဓါကိုယ်တွင်းကဖြစ်ပျက်နေတဲ့အနေအထားတစ်ရပ်ရပ်ကိုဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်လည်းဖြစ်နေတတ်ပါတယ်။ ဒါကြောင့်ချောင်းဆိုးတဲ့အခါ ဘာကြောင့်ဆိုးရတာလဲဆိုတာကို အကြောင်းအရင်းသိအောင်လုပ်ဖို့ကတော်တော်လေးအရေးကြီးပါတယ်။ ကလေးတွေချောင်းဆိုးရတဲ့အကြောင်းအရင်းတွေကဘာတွေလဲ အပေါ်မှာပြောခဲ့သလိုပဲချောင်းဆိုးတာက ခန္ဓါကိုယ်ထဲမှာဖြစ်နေတဲ့ ဓါတ်မတည့်မှုတစ်ခုခု ဒါမှမဟုတ် ချွဲတွေနဲ့ပြင်ပအရာဝတ္ထုတွေကို ခန္ဓါကိုယ်ပြင်ပကို ထုတ်ပစ်ဖို့ တုံ့ပြန်တာမျိုးဖြစ်နိုင်ပါတယ်။ ဒီအချက်တွေကြောင့်လည်းချောင်းဆိုးနိုင်ပါတယ်။ အအေးမိတာ၊တုပ်ကွေးဖြစ်တာနဲ့ croup (ကလေးလေပြွန်ပိုးဝင်၊ရောင်ရမ်း၊ချောင်းဆိုး၊ အသက်ရှုရခက်သော croupရောဂါ)တွေကြောင့်လည်းကလေးတွေမှာချောင်းဆိုးနိုင်ပါတယ်။ တုပ်ကွေးက တစ်ခါတလေပြင်းထန်တဲ့အခါမျိုးမှာချောင်းခြောက်ဆိုးတာမျိုးလည်းဖြစ်နိုင်ပါတယ်။ စားချဉ့်ရည်ပြန်ဆန်တက်ခြင်းကြောင့်လည်း ကလေးငယ်တွေမှာချောင်းဆိုးနိုင်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်များအတွက် အကောင်းဆုံးအသားအရေ ထိန်းသိမ်းနည်းလမ်းညွှန်

အရေပြားကလူ့ခန္ဓါကိုယ်ရဲ့ အကြီးဆုံးအစိတ်အပိုင်းတစ်ခုပါ။ အရေပြားထိန်းသိမ်းစောင့်ရှောက်မှုက အရွယ်သုံးပါးစလုံးအတွက် အရေးပါပါတယ်။ ကလေးအရွယ်ကနေစလို့ အသက်အရွယ်ရလာတဲ့အထိ အရေးပြားကိုထိန်းသိမ်းစောင့်ရှောက်ဖို့လိုပါတယ်။ အရွယ်ရောက်လာတဲ့အခါ ကိုယ့်ဘာသာအရေပြားကိုထိန်းသိမ်းစောင့်ရှောက်နိုင်တယ်ဆိုပေမယ့် ငယ်စဉ်အရွယ်မှာတော့ မိဘတွေကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားက အရမ်းထိခိုက်လွယ်ပြီး အရမ်းနူးညံ့တာကြောင့်ထိန်းသိမ်းရတာလည်း အလုပ်ပိုပါတယ်။ လူကြီးတွေလိုမျိုး သင့်တော်ရာ အဆင်ပြေရာ အသားရေထိန်းသိမ်းခြင်းပစ္စည်းတွေသုံးတာမျိုးမရဘဲ ထိခိုက်လွယ်တဲ့အသားလေးကို နူးနူးညံ့ညံ့နဲ့ ဂရုစိုက်ကြင်နာပေးဖို့လိုအပ်ပါတယ်။ ဒီအတွက် အခက်အခဲတွေ့နေတဲ့ မိဘတွေအတွက် ကလေးငယ်ရဲ့အသားအရည်ကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။   ကလေးကိုဘယ်လိုရေချိုးပေးမလဲ ကလေးငယ်လေးတွေရဲ့ အရေပြားက လူကြီးတွေထက် အဆ ၃၀လောက်ပိုပါးပါတယ်။ ဆပ်ပြာတွေ၊အသားအရေအတွက်သုံးတဲ့ပစ္စည်းတွေကြောင့်ထိခိုက်မှုကလည်း ပိုများပါတယ်။ အထူးသဖြင့်မွေးကင်းစကလေးငယ်တွေရဲ့ အသားအရေက ထိခိုက်မှုဒဏ်ကိုခံနိုင်ရည်တော်တော်လေးနည်းပါတယ်။ ဒါကြောင့်မွေးကင်းစ ကလေးငယ်တွေကိုရေချိုးပေးတဲ့အခါ ရိုးရိုးရေသန့်သန့်လေးနဲ့ ချိုးပေးတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ ကလေးငယ်က ၂ လသားလောက်ရောက်လာပြီဆိုရင်တော့ ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ အပျော့စားဆပ်ပြာရည်လေးနဲ့ချိုးပေးလို့ရပါပြီ။ရေချိုးတဲ့အခါမှာလည်း တစ်ပတ်ကို ၃ ကြိမ်လောက်နဲ့ အချိန် ၃ မိနစ်ကနေ ၅ […]


ကလေးငယ်ပထမနှစ်

မွေးဖွားလာမယ့် ကလေးအတွက် ကြိုပြင်ဆင်ထားသင့်တဲ့ အချက်(၁၀) ချက်

မိခင်လောင်းအဖြစ်ကနေ သိပ်မကြာခင်မှာ မိခင်တစ်ယောက်တကယ်ဖြစ်လာရတော့မယ့်အချိန် အမျိုးသမီးတိုင်းစိတ်လှုပ်ရှားကြမှာပါပဲ။ ကာယကံရှင်မိဘလောင်းလျာတွေတင်မကဘဲ မိသားစုဝင်တွေကပါ မိသားစုဝင်အသစ်လေးအတွက် ရင်ခုန်နေမယ့်အချိန်ပါ။ ဒါပေမယ့်အရေးကြီးတာက ကလေးလေး တကယ်ရောက်လာချိန်မှာ ကလေးပြုစုစောင့်ရှောက်ရေးအတွက် အားလုံးအသင့်ဖြစ်နေဖို့လိုပါတယ်။ မိခင်လောင်းတစ်ယောက်အနေနဲ့ ကိုယ်ဝန်စရှိလာကတည်းက အမြဲမပြတ်ကိုယ့်ကျန်းမာရေးကို ဂရုစိုက်နေခဲ့ရမှာဖြစ်သလိုမွေးဖွားလာမယ့်ကလေးအတွက်လည်း ကြိုတင်ပြင်ဆင်ထားရပါမယ်။ မကြာခင်ရောက်ရှိတော့မယ့် မိခင်ဘဝမှာ ကလေးတစ်ယောက်ကိုပြုစုစောင့်ရှောက်နိုင်ဖို့ စနစ်တကျပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်ဝန်ရှိပြီးနောက်ပိုင်း မိခင်ရောကလေးအတွက်ပါဘေးကင်းကျန်းမာစေဖို့ ဘာတွေပြင်ဆင်ထားသင့်သလဲဆိုတာလေးပြောပြချင်ပါတယ်။   (၁) ကျန်းမာသော နေထိုင်မှုပုံစံကို လေ့ကျင့်ယူပါ မိခင်ရဲ့ကျန်းမာရေးဟာ ဗိုက်ထဲက ကလေးရဲ့ကျန်းမာရေးကို များစွာ သက်ရောက်မှုရှိပါတယ်။ ဒါ့ကြောင့် ကိုယ်ဘယ်လိုစားသောက်နေလဲ၊ လေ့ကျင့်ခန်းများလုပ်သလား၊ အိပ်ချိန်မှန်သလား၊ စတဲ့အချက်တွေ၊ ဆေးလိပ်၊ အရက်နဲ့ သင့်ကျန်းမာရေးကို ထိခိုက်စေသော အခြားအချက်တွေက သင့်ကလေးကျန်းမာရေးကိုလည်းထိခိုက်နိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ သင်နဲ့ သင့်အိမ်ထောင်ဖက်တို့က လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို ကလေးမယူမီကတည်းက စစ်ဆေးခြင်း၊ မိခင်အနေနဲ့ ဆီးချို သွေးတိုးကဲ့သို့သော ကျန်းမာရေးပြသနာများကို ထိန်းချုပ်နိုင်ရန် ဆေးများသောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်လာနိုင်မည့် […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

မူလတန်းအရွယ်မှာကလေးငယ်ကို ထူးချွန်ထက်မြက်စေမယ့် နည်းလမ်း (၁၀)ခု

ထူးချွန်ထက်မြက်တဲ့ကလေးငယ်တစ်ယောက်အဖြစ် ကြီးပြင်းလာဖို့ဆိုတာ မိဘတွေနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ကလေးလေးတွေကျောင်းနေစကစလို့ ဘဝတစ်လျှောက်လုံးမှာ ထူးချွန်ထက်မြက်နေဖို့ဆိုတာက လက်ဦးဆရာတွေဖြစ်တဲ့ဖေဖေ၊မေမေတို့ကသေချာလေ့ကျင့်ပျိုးထောင်ပေးမှရမှာပါ။ ဖေဖေမေမေတို့က ကလေးတွေကိုကျောင်းနေပျော်အောင်၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင်၊ စာသင်ယူရတာကိုပျော်ရွှင်လာအောင်လုပ်ဆောင်ပေးဖို့ တာဝန်ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့ (၁၀)ချက်က ကလေးငယ်တွေကို ထူးချွန်ထက်မြက်အောင်ပြုစုပျိုးထောင်လိုတဲ့မိဘတွေအတွက် အသုံးဝင်မှာပါ။   (၁) ကလေးနဲ့ မကြာခဏစကားစမြည်ပြောပေးပါ။ ကလေးရဲ့ ကျောင်းကအကြောင်းတွေ၊ သူ့ရဲ့ဆရာ၊ဆရာမတွေနဲ့ အတန်းဖော်သူငယ်ချင်းတွေရဲ့ အကြောင်းတွေကို မိဘတွေအနေနဲ့သိထားဖို့လိုပါတယ်။ ကလေးကိုမေးနေရမယ်လို့မဟုတ်ပါဘူး။ သူနဲ့စကားစမြည်ပြောရင်းနဲ့ကျောင်းနဲ့ ပတ်သက်ပြီး သူဘာတွေကိုကြိုက်တယ်၊ ဘာတွေကိုမကြိုက်ဘူးလဲဆိုတာကိုပြောပြဖို့အခွင့်အရေးပေးလိုက်ပါ။ သူခံစားနေရတဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ စိတ်ပျက်စရာတွေကိုအကြောင်းကိုလည်း အချိန်ပေးပြီးနားထောင်ပေးလိုက်ပါ။ သူရဲ့ကြိုးပမ်းမှုတွေ၊အောင်မြင်မှုတွေကို ချီးကျူးပေးပါ။ အားပေးပေးတာမျိုးတွေ လုပ်ပေးဖို့လည်းမမေ့ပါနဲ့။   (၂) ကလေးကို ဂရုစိုက်ကြောင်းပြသပေးပါ။ ကလေးကိုကျောင်းပို့ရုံ အိမ်မှာဂရုစိုက်ရုံပဲမလုပ်ပါနဲ့။ တစ်ပတ်တစ်ကြိမ်လောက်တော့ ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့ သွားတွေ့ပြီး ကလေးရဲ့အကြောင်းကိုမေးမြန်းတာမျိုးတွေလုပ်ပေးပါ။ ကလေးရဲ့ ဆရာ၊ဆရာမတွေနဲ့ ဖုန်းနဲ့ဖြစ်ဖြစ်၊ဖေ့ဘုတ်ခ်လိုမျိုး ဆိုရှယ်မီဒီယာကနေတဆင့်ဖြစ်ဖြစ် အမြဲအဆက်အသွယ်ရှိအောင်လုပ်ထားပါ။ ဒီလိုလုပ်ပေးတာက ကလေးရဲ့လိုအပ်ချက်တွေကိုသိရှိနိုင်ပြီး […]


ကလေးအရေပြားပြဿနာများ

တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးငယ်အတွက် ဂရုစိုက်ပေးရမယ့် အချက် (၁၀) ချက်

ဘေဘီလေးတစ်ယောက် ကိုယ့်ဘဝထဲရောက်လာတဲ့အခါ အစစအရာရာ စဉ်းစားစရာတွေများလာပါတယ်။ ကလေးတစ်ယောက်ရဲ့ မိခင် သို့မဟုတ် ဖခင်ဖြစ်လာပြီဆိုတာနဲ့ ဂရုတစိုက်စောင့်ရှောက်မွေးမြူရမယ့်တာဝန်ကိုပျော်ပျော်ကြီးထမ်းဆောင်ကြရမှာပါ။ ကလေးလေးကျန်းမာဝဖြိုးဖို့၊ အာဟာရပြည့်ဖို့၊ ကြီးထွားဖွံ့ဖြိုးဖို့ကို အလေးထားကြသလိုဘေဘီလေးတွေရဲ့ အသားအရေနဲ့ပတ်သက်ပြီးလည်းမေ့လျော့မထားသင့်ပါဘူး။ ကိုယ့်ကလေးက ဘယ်လိုအသားအရေရှိသလဲ၊ ဘာတွေကို ဓါတ်မတည့်ဘူးလဲ၊ ဘာတွေလုပ်ပေးရရင်ကောင်းမလဲ ဆိုတာ မိဘတွေအနေနဲ့ တဖြည်းဖြည်းသိလာမှ ကလေးအတွက်ပိုပြီးလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးရဲ့အသားအရေက နုနယ်လွန်းတာကြောင့် အထိခိုက်မခံတာများပါတယ်။ ဒီတော့ ကလေးငယ်ရဲ့အသားအရေနဲ့ ထိတွေ့မယ့်အရာမှန်သမျှ အသေးအဖွဲကအစ ဂရုစိုက်သင့်တာပေါ့နော်။ ဒါပေမယ့် တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးတွေဆို ဓါတ်မတည့်တာတွေကိုရှောင်ဖို့၊ အသားအရေထိန်းသိမ်းဖို့သတိထားရပါမယ်။ တချို့ကလေးငယ်တွေဟာ တခြားသူတွေထက် ပိုတုံ့ပြန်လွယ်တဲ့အသားအရေဖြစ်တာကြောင့် အနာဖြစ်တာ၊ယားတာ၊ရောင်လာတာတွေဖြစ်လေ့ရှိပါတယ်။ ရာသီအပြောင်းအလဲတွေ၊လေအေးပေးစက်၊ဆေးကြောသန့်စင်လွန်းတာတွေစတဲ့ ပတ်ဝန်းကျင်အကြောင်းရင်းခံတွေကြောင့် အရေပြားကိုခြောက်သွေ့စေတာအပြင် ဖုန်မှုန်နဲ့ထိလည်း နီရဲယားယံလာတယ်ဆိုတာမျိုး နည်းနည်းတောင်အထိခိုက်မခံတဲ့အသားအရေဖြစ်ပါတယ်။ အမွှေးနံ့ပြင်းတဲ့ဆပ်ပြာ၊ ကလေးအဝတ်မှာသုံးတဲ့အဝတ်လျှောက်ဆပ်ပြာနဲ့ alchohol ပါတဲ့ wipesတွေကပြဿနာရှိနိုင်ပါတယ်။ တုံ့ပြန်လွယ်အသားအရေမှာ အစိုဓါတ်မထိန်းနိုင်တဲ့အခါ အသားပိုခြောက်လာပြီးပြင်ပအရာဝတ္ထုတွေဆီက ထိခိုက်လွယ်လာပါတယ်။ ထိခိုက်စေတဲ့ပြင်ပအရာဝတ္ထုတွေကြောင့် အရေပြားရောင်ရမ်းလာပြီး ယားယံလာစေပါတယ်။ ဓါတ်မတည့်မှုဖြစ်လာခဲ့ရင် […]


ကလေးအရေပြားပြဿနာများ

ကလေးကို အသားရေ မခြောက်သွေ့အောင် ဂရုစိုက်နည်း (၁၀)နည်း

ကလေးငယ်လေးတွေမှာ အသားအရေခြောက်သွေ့ပြီး ယားယံတဲ့အကွက်လေးတွေဖြစ်နေတာတွေ့ရတတ်ပါတယ်။ အဖြူကွက်လေးတွေက အသားပတ်သလို အဖတ်တွေကွာပြီး အသားမှာခပ်ကြမ်းကြမ်းဖြစ်နေတာ သတိထားမိပါသလား။ ဒါဆိုရင် သင့်ကလေးမှာ အသားအရေခြောက်သွေ့နေပါပြီ။ ကလေးအသားအရေဆိုတာ အရမ်းကိုနုနယ်လွန်းလို့ လူကြီးတွေမှာထက် ပိုထိခိုက်လွယ်၊ ပိုခြောက်သွေ့လွယ်ပါတယ်။အေးပြီးခြောက်သွေ့တဲ့ပြင်ပလေ၊ ပူပြင်းတဲ့လေ၊နဲ့ အိမ်တွင်းလေအေးပေးစက်၊ အနွေးပေးစနစ် စတာတွေကြောင့်လည်း အသားအရေမှာရှိတဲ့ သဘာဝအစိုဓါတ်ကိုခြောက်ခန်းစေပါတယ်။ ကလေးက နဂိုကမှခြောက်သွေ့တဲ့အသားအရေပိုင်ရှင်ဖြစ်ခဲ့ရင်ဆောင်းရာသီမှာ သူများထက်ပို အသားပတ်နိုင်သလိုနွေမှာဆိုလည်းနေအပူဒဏ်၊ အဲကွန်းဒဏ် စတာတွေကြောင့် အသားခြောက်ပြီး အဖတ်လေးတွေကွာလာပါလိမ့်မယ်။ အသားခြောက်တယ်ဆိုတာ ကလေးအရွယ်မှာအဖြစ်များကြတဲ့ လက္ခဏာတစ်ခုဖြစ်တဲ့အပြင် ရာသီဥတုကြောင့် ၊ဘာကြောင့် ညာကြောင့် အကြောင်းရင်းမျိုးစုံရှိတတ်ပါတယ်။ ဒါ့ကြောင့် ငယ်ရွယ်လွန်းတဲ့ ကလေးရဲ့အသားအရေမှာ ဘာထိခိုက်မှုမှမရှိစေဖို့ အတတ်နိုင်ဆုံးကြိုတင်ကာကွယ်ရမှာ၊ဖြစ်လာခဲ့ရင် အကောင်းဆုံးပြုစုစောင့်ရှောက်ပေးရမှာ မိဘတွေရဲ့တာဝန်ပါ။ ဒီဆောင်းပါးမှာတော့ မိမိတို့ရဲ့ ရင်နှစ်သည်းချေလေးတွေရဲ့အသားအရေကို နူးညံ့ချောမွေ့စေပြီးရေဓါတ်ပြည့်ဝနေစေဖို့ ဘယ်လိုဂရုစိုက်ပေးရမလဲ၊ အသားမခြောက်အောင် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာလေးတွေ အကြံပြုပေးလိုက်တယ်နော်။ (၁) ကလေးကိုရေချိုးပေးတဲ့အခါ ရေနွေးစပ်ရင် သို့မဟုတ်ရေပူရေအေးစနစ်နဲ့ချိုးရင်ရေကိုသိပ်မပူပါစေနဲ့။ ခပ်နွေးနွေးလေးသာဖြစ်သင့်ပါတယ်။ အရေပြားမှာရှိတဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးမှာ သေးခံလောင်တာ သက်သာစေမယ့် အချက်(၅)ချက်

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် သူ့အတွက် ဂရုစိုက်စောင့်ရှောက်ရမယ့် တာဝန်တွေက အများသားရယ်။ သားဦး၊ သမီးဦးဖြစ်နေရင် ပိုဆိုးပါလေရော။ အမေရော၊ အဖေရောက အသစ်စက်စက်မိဘတွေ ဖြစ်နေတော့ ကလေးလေးအတွက် သတိပြုမိရမယ့်အချက်တွေကို လစ်ဟင်းတတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် ကလေးယူမယ်လို့ ဆုံးဖြတ်ကတည်းက ကိုယ့်မိဘတွေဆီကမေးတာပဲဖြစ်ဖြစ် စာအုပ်တွေဖတ်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် တိုးတက်နေတဲ့ခေတ်မှာ လူမှုကွန်ရက်ကနေပဲဖြစ်ဖစ် ကလေးပြုစုစောင့်ရှောက်ရေးအတွက် လေ့လာသင့်တာလေ့လာထားသင့်ပါတယ်။ ကလေးငယ်တွေမှာ ဖြစ်တတ်တဲ့ပြဿနာတွေထဲသေးခံလောင်တာကလည်း အဖြစ်များဆုံးပါဝင်နေပါတယ်။ ဖေဖေရော မေမေရော အလုပ်အရမ်းရှုပ်ကြတော့ အခုခေတ်မှာ ကလေးသေးခံ (Diaper) ကို မသုံးမဖြစ် သုံးကြရပါတယ်။ ဒီလိုသုံးတဲ့အခါ ကလေးမှာ သေးခံလောင်တာက ကြုံတွေ့ရပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ သားသားမီးမီးလေးတွေရဲ့ အရေပြားနုနုလေးမှာ ဒီဝေဒနာဖြစ်လာရင်သနားစရာကောင်းပါတယ်။ ကိုယ့်ရင်နှစ်သည်းချာလေးရဲ့ ဖြူဖွေးနုဖတ်နေတဲ့အသားအရေလေးမှာ နီနီရဲရဲလောင်ထားတဲ့အရာတွေကို ကြည့်ရတာလောက် စိတ်မချမ်းမသာဖြစ်စေမှာ မရှိလောက်ပါဘူး။ ကလေးကိုရေဆေးပေးတဲ့အချိန်ပဲဖြစ်ဖြစ် သုတ်သင်ပေးတဲ့အချိန်ဖြစ်ဖြစ် ဒီသေးခံလောင်ထားတဲ့အရာတွေကနေ စပ်လို့ ကလေးငယ်ငိုယိုတဲ့အခါ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း