ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးအတွက် ဖြည့်စွက်စာ 'အိမ်ချက်လေးလား၊ ဂျုံဆီရီယယ်လား'

၆လကျော်လာပြီဆိုရင် ကလေးကို အမေနို့အပြင် ဖြည့်စွက်စာ ကျွေးဖို့ လိုလာပါပြီ။ ဒီအခါမှာ မေမေအနေနဲ့ ကလေးကို ဘာကျွေးမှာလဲဆိုတာ စစဉ်းစားရပါပြီ။ ကြီးထွားလာတဲ့ ကလေးအတွက် အရင်ကထက် အာဟာရပိုလိုလာတာက အမှန်ပါ။ ဒါကြောင့် ဒီချိန်မှာ မေမေတွေရဲ့ စိုးရိမ်တာက ကိုယ်ကျွေးတာ မှန်ပါ့မလား။ မတည့်တာတွေ ကျွေးနေမိပြီလား။ ကလေးဝမှ ဝပါ့မလား ဆိုတာပါပဲ။ ဒီနေရာမှာ မေမေတို့ အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိပါတယ်။ အိမ်မှာ ချက်ကျွေးမှာလား။ ဖြည့်စွက်စာမှုန့်တွေ ကျွေးမှာလား ဆိုတာပါ။ တစ်ခုချင်းစီမှာ အားသာချက်လေးတွေ ရှိတဲ့အတွက် မေမေတို့ ရွေးချယ်လို့ရအောင် ပြောပြပေးပါမယ်။ ဂျုံဆီရီယယ် ဖြည့်စွက်စာ ဆီရီယယ်တွေထဲမှာ ဆန်မှုန့်၊ ဂျုံမှုန့် တချို့နိုင်ငံတွေမှာ ဘာလီ စသဖြင့် ကလေးစားလို့ အဆင်ပြေအောင် အမျိုးစုံထုတ်ကြပါတယ်။ ဒီထဲကမှ အဆင်ပြေတာကို မေမေတို့ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ […]


ဆယ်ကျော်သက်အရွယ်

ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ အကြောင်း

ဆယ်ကျော်သက်ဆိုတာက ကလေးအရွယ်ကနေ သက်လတ်ပိုင်းအရွယ်ကို ကူးပြောင်းတဲ့ အချိန်ကာလတစ်ခုပါ။ မိဘတွေကို မှီခိုနေတဲ့ အနေအထားကနေ အမှီအခိုကင်းပြီး ကိုယ့်အားကိုယ်ကိုးတဲ့ အခြေအနေကို ပြောင်းလဲလာတဲ့ အနေအထားတစ်ရပ်ပါ။ ဒီ ဆယ်ကျော်သက်အရွယ် ဆိုတာက အသက် ၁၀ နှစ် ကနေ အသက် ၂၀ အစောပိုင်း ကာလအတွင်းပါ။ ဒီကာလမှာ ကလေးတွေအနေနနဲ့ အပြောင်းအလဲ များစွာကို ​ကြုံတွေ့ရတဲ့ အခြေအနေပါ။ ဆယ်ကျော်သက်အရွယ် မှာ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာရော အသိဉာဏ်ပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာသလို စိတ်ခံစားမှုပိုင်းဆိုင်ရာပါ ဖွံ့ဖြိုးလာပါတယ်။ ဒီကာလမှာ ကလေးတွေနဲ့ မိဘတွေအတွက် အထောက်အကူပြုစေမယ့် အကြောင်းအရာလေးတွေကို ဆောင်းပါးထဲမှာ ဖော်ပြပေးထားပါတယ်။ ဆယ်ကျော်သက် ဆိုတာ ဆယ်ကျော်သက်ဆိုတာက အပေါ်မှာ ပြောခဲ့သလို ကလေးလေး အဖြစ်ကနေ လူကြီးလေးအဖြစ် ပြောင်းလဲလာတဲ့ ဖြစ်စဉ် ဖြစ်ပေါ်တဲ့ အသက်အပိုင်းအခြားပါ။ ဆယ်ကျော်သက်အရွယ်မှာ […]


ကျောင်းနေအရွယ်

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

ကျောင်းနေအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု နဲ့ပတ်သတ်လို့ လေ့လာကြည့်ရအောင်။ ကျောင်းစတက်တာက ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ရဲ့ ဘဝမှတ်တိုင် တစ်ရပ်ပါ။ မိဘတွေရဲ့ ထိန်းကျောင်းမှုကနေ သူစိမ်းလို့ ဆိုရမယ့် ဆရာ၊ ဆရာမတွေနဲ့ တွေ့ဆုံရတယ်။ မောင်နှမ မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဖွဲ့ရတယ်၊ အတူတူ သင်ယူမှု၊ လေ့လာမှုတွေ လုပ်ရတယ်။ ဒါက ကစားရတဲ့ အရွယ်ပါ။ ဒီကာလမှာ ကလေးက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေကို သင်ယူမှုတွေ လုပ်ကြရပါတယ်။ ဒီကာလမှာ ကလေးက လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးလာသလို တိုးတက်မှု ဖြစ်စဉ်ကလည်း အခြား အသက်အပိုင်းအခြားတွေနဲ့ မတူပါဘူး။ စိတ်ဝင်စားမှုတွေ ပြောင်းလဲလာမှာပါ။ ကျောင်းနေအရွယ် ကလေးတစ်ယောက် ကျော်ဖြတ်ရမယ့် အခက်အခဲတွေက ဘာတွေဖြစ်မလဲ။ ကျောင်းနေအရွယ် ကလေးတစ်ယောက်အနေနဲ့ လျင်လျင်မြန်မြန် ကြီးထွားဖွံ့ဖြိုးမှုနဲ့အတူ ကျောင်းမှာ ရွယ်တူကလေးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျတာ၊ ဆီးမထိန်းနိုင်တာ၊ […]


မတ်တတ်ပြေးအရွယ် နဲ့ မူကြိုအရွယ်

လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု

လမ်းလျှောက်တတ်စအရွယ် မှာ ကလေးတစ်ယောက်ဟာ လျင်မြန်တဲ့ ပြောင်းလဲမှုတွေ နဲ့ ကြီးထွားလာတာပါ။ ဒီအရွယ်မှာ သင်ယူလေ့လာမှုတွေကို လုပ်ကြပါတယ်။ အရာရာနဲ့ ချိတ်ဆက်ဖို့ ကြိုးစားကြတယ်။ လေ့လာ စူးစမ်းကြတယ်။ ဒါတွေက ကလေးတစ်ယောက်ရဲ့  ကြီးထွားဖွံ့ဖြိုးမှု ဖြစ်စဉ် တစ်ရပ်ပါ။ ဒီကာလမှာ ကလေးတွေရဲ့ သိမြင်မှုစွမ်းရည်တွေ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ ဘာသာစကားစွမ်းရည်တွေ၊ လူမှုဆက်ဆံရေးတွေအကုန် ဖွံ့ဖြိုးလာပါတယ်။ လမ်းလျှောက်တတ်စအရွယ် ကလေးတစ်ယောက် ဖွံ့ဖြိုးမှု လမ်းလျှောက်တတ်စ အရွယ်က ကလေးမှာ ပြောင်းလဲမှုတွေ အများကြီး ကြုံတွေ့ရတဲ့ အချိန်ပါ။ ဘယ်လို ပြောင်းလဲမှုတွေ တွေ့ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ သိမြင်မှု စွမ်းရည် ဖွံ့ဖြိုးမှု ဒါကတေ့ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှုပါ။ ကလေးက ဗဟုသုတတွေကို စတင် မှတ်သား ရယူနိုင်ပြီး သတင်းအချက်အလက်တွေ ရယူစုဆောင်းတဲ့ အဆင့်ပါ။ တွေးတောတာ၊ ကျိုးကြောင်းဆင်ခြင်တာတွေကို လုပ်ဆောင်နိုင်တဲ့ […]


ကလေးကျန်းမာရေး

ကလေးကျန်းမာရေး အကြောင်း

ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။ ကလေးကျန်းမာရေး က ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ် သက်ရောက်နေသလို ကလေးတစ်ယောက် ကျန်းမာကြံ့ခိုင်သူ တစ်ယောက် အနေနဲ့ အရွယ်ရောက်လာစေဖို့ အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ကလေးအရွယ်မှာ ကျန်းမာအောင် ဂရုစိုက် စောင့်ရှောက်ပေးတာက ကလေးကို ကျန်းမာသန်စွမ်းစွာနဲ့ အရွယ်ရောက်လာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် သားသားမီးမီးလေးတွေကို ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာစေချင်တယ်ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ လိုပါမယ်။ ကလေးကျန်းမာရေး လို့ ဆိုရာဝယ် ကလေးကျန်းမာရေးလို့ ဆိုတဲ့နေရာမှာ မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုတာက မွေးဖွား မလာခင် မိခင်ဝမ်းထဲမှာ သန္ဓေတည်ကတည်းက စတင်ခဲ့တာပါ။ ဒီဖွံ့ဖြိုးမှုက […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါ (၆) မျိုး ကနေ ကလေးတွေကိုဘယ်လိုကာကွယ်မလဲ။

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ရောဂါ (၆) မျိုး ကနေ ကလေးတွေကိုဘယ်လိုကာကွယ်မလဲ။ ဘေဘီလေးကို ပျော်ရွှင်ကျန်းမာစွာနဲ့ ကြီးပြင်းလာစေချင်တဲ့ ဆန္ဒက မိဘတိုင်းမှာရှိသလို ဘေဘီလေးကို အန္တရာယ်ပြုဖို့ စောင့်နေတဲ့ ရောဂါဆိုးတွေကလည်း ဒုနဲ့ဒေးပါ။ ဒီရောဂါဆိုးတွေထဲမှာ ကိုယ်အင်္ဂါ မသန်စွမ်းမှုကို ​ဖြစ်စေနိုင်တဲ့ ရောဂါတွေ ပါသလို အသက်ကို ရန်ရှာနိုင်တဲ့ ရောဂါမျိုးတွေလည်း ပါပါတယ်။ ဒီရောဂါဆိုးတွေကနေ ကာကွယ်ပေးဖို့ကလည်း မိဘတွေရဲ့ တာဝန်တစ်ရပ်ပါ။ ဒီတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်စေဖို့အတွက် ဘေဘီလေးတွေကို ထိခိုက်စေနိုင်တဲ့ ရောဂါဆိုးတွေက ဘာတွေလဲ။ ဘယ်လိုကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘေဘီလေးကို ထိခိုက်စေနိုင်မယ့် ရောဂါဆိုးတွေက ဘာတွေလဲ။  ဘေဘီလေးတွေရဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာမှုကို အနှောင့်အယှက်ပေးနိုင်တဲ့ ရောဂါဆိုးတွေကတော့ ၁. ဆုံဆို့နာ ဆုံဆို့နာဆိုတာက Corynebacterium diphtheriae ဘက်တီးရီးယားကြောင့် လည်ချောင်းနဲ့ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ပြင်းထန်တဲ့ ကူးစက်ရောဂါ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး ကာကွယ်ဆေးဆိုတာက ဘက်တီးရီးယားတွေနဲ့ ဗိုင်းရပ်စ်တွေကြောင့်ဖြစ်တဲ့ ကူးစက်ပြန့်နှံ့နိုင်တဲ့ ရောဂါတွေကို ထိန်းချုပ်ပေးတဲ့ အရာတစ်ခုပါ။ ကမ္ဘာတလွှားက ကူးစက်နိုင်တဲ့ရောဂါတွေကို ထိန်းချုပ်ရာမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ရပ်ပေါ့။ ကာကွယ်ဆေးထိုးတာက ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ရုံတင်မဟုတ်ဘဲ လူမှုရေးစီးပွားရေး ဝန်ပိုတွေကိုပါ လျှော့ချနိုင်တဲ့အရာပါ။ အချို့သော ရောဂါတွေ ကူးစက်ခံရတဲ့အခါ ကုသနိုင်မယ့် နည်းလမ်းမရှိဘဲ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်တာမျိုး ရှိပါတယ်။ ဒီလို ရောဂါတွေကနေ ကာကွယ်ဖို့ဆိုရင် တစ်ခုတည်းသော နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။ ဥပမာပေးရမယ်ဆိုရင် ကမ္ဘာတလွှားက နိုင်ငံအတော်များများမှာ ရေကျောက်ရောဂါနဲ့ ပိုလီယိုရောဂါ ကင်းစင်ခဲ့ရတာ ကာကွယ်ဆေးတွေကြောင့်ပါ။ ဒါကြောင့် ကာကွယ်ဆေးက ရောဂါတွေကို ထိန်းချုပ်ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဘေဘီလေးတွေကို ငယ်စဉ်ကတည်းက ကာကွယ်ဆေးတွေ စုံလင်အောင် ထိုးနှံပေးတာဟာ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်စွာ […]


ကလေးတို့အတွက်ကာကွယ်ဆေးများ

သင့်ကလေးရဲ့ ကာကွယ်ဆေးတွေထဲမှာ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးကိုပါ ဘာကြောင့်ဦးစားပေးထိုးသင့်တာလဲ

ခုခံအားကောင်းကောင်းမဖွံ့ဖြိုးသေးတဲ့ ကလေးငယ်တွေကို ရောဂါပိုးဒဏ်တွေကနေ ကာကွယ်နိုင်မယ့် ထိရောက်တဲ့နည်းလမ်းက ကာကွယ်ဆေးထိုးတာပါပဲ။ ကလေးငယ်တွေဟာ နေရာပေါင်းစုံ၊ လူပေါင်းစုံကနေ ရောဂါပိုးကူးစက်နိုင်တာကြောင့် မွေးစကတည်းက ကာကွယ်ဆေးတွေကို စနစ်တကျထိုးထားပေးသင့်ပါတယ်။ ကလေးတွေကို ကာကွယ်ဆေးတွေ အများကြီးထိုးပေးတဲ့အတွက် ဒီဆေးတွေက ကလေးအတွက် လိုအပ်လို့လားလို့ မေမေတို့ တွေးမိမှာပါ။ အထူးသဖြင့် ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးနဲ့ ပတ်သက်ပြီးပေါ့။ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ဘာကြောင့် မဖြစ်မနေထိုးပေးသင့်တာလဲ။ အဖြစ်များလို့ ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာက ခြင်ကနေတဆင့် ကူးစက်တတ်တဲ့ရောဂါတစ်မျိုးပါ။ ​Culex အမျိုးအစား ခြင်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပေါ့။ ကူးစက်တာကတော့ ရောဂါပိုးရှိတဲ့ ကြက်၊ ဝက်၊ ဘဲ စတာတွေကို ကိုက်ထားတဲ့ ခြင်ကတဆင့် လူဆီကို ကူးစက်တဲ့ ရောဂါပါ။ ဒီရောဂါပိုးက ကလေးကိုရော လူကြီးကိုပါ ကူးစက်နိုင်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေမှာ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးအာဟာရ

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ..... ကလေး တစ်ယောက် ဘဝထဲ ရောက်လာပြီ ဆိုရင် မေမေတို့ အရင်ဆုံး တွေးမိတာက ကလေး ပျော်ရွှင်ကျန်းမာစွာ ကြီးပြင်းလာပြီး လှပတဲ့ အနာဂတ်လေးကို ပိုင်ဆိုင်ဖို့ဆို ခေါင်းငြိမ့်မိမယ် ဟုတ်။ သားသားမီးမီးတို့ရဲ့ လှပတဲ့ အနာဂတ်လေးကို ပုံဖော်ဖို့ဆိုရင် မပျက်မကွက် လုပ်ဆောင်ရမယ့် အချက်လေး တစ်ခု ရှိပါတယ်။ ဒါကတော့.........  သားသားမီးမီးတို့ အတွက် အစားအစာ ဝယ်တဲ့အခါ ဘူးခွံပေါ်မှာ အထုပ်ပေါ်မှာ ဖော်ပြထားတဲ့ အာဟာရဇယားကို (Nutrition Label)  သေချာ ဖတ်ကြည့်ဖို့ပါပဲ။ ဒီလို ဖတ်ရှု လေ့လာပြီးမှ ကျွေးမွေး တာက မိမိ ကလေးကို ဘာ အာဟာရဓာတ်တွေတော့ ကျွေးမွေး ဖြစ်တယ်။ ဘာတွေတော့ လိုအပ်နေတယ် ဆိုတာ သိနိုင်ပြီး ပို […]


ကလေးငယ်အာဟာရ

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား အရင် မစဉ်းစားမိဘဲ မနက်က ဖွားဖွားက စေတနာပိုပြီး ဘေဘီလေး အတွက် ပြုတ်ထားတဲ့ စွပ်ပြုတ်ထဲကို ချင်း (ဂျင်း) လေး ဓားပြားရိုက်ပြီး ထည့်လိုက်မိတယ်။ အနံ့လေးတော့ မွှေးနေတာပဲ။ ဒါပေမယ့် တိုက်ခါနီးမှ ကလေးလေးတွေကို ချင်း(ဂျင်း) (ginger) ကျွေးလို့ရရဲ့လား ...ဘေဘီလေးကို တိုက်လို့ ဖြစ်ပါ့မလား ဆိုပြီး စိတ်ပူနေတတ်တဲ့ မေမေ တွေရှိလား။ ချင်း (ဂျင်း) ဆိုတာက အိမ်တိုင်းရဲ့ မီးဖိုခန်းမှာ ရှိတတ်တဲ့အရာလေးဖြစ်သလို ဟင်းလျာတိုင်းမှာပါဝင်လေ့ရှိတဲ့ ဇာတ်လိုက်ပါ။ ကျန်းမာရေးအတွက် ကောင်းတယ်လို့လည်း လူသိများပါတယ်။ ဒီလို ကျန်းမာရေးအကျိုးအာနိသင်ကောင်းတွေ အများကြီးရှိတဲ့အတွက် ကလေးကို ချင်း(ဂျင်း) (ginger) ကျွေးလို့ရရဲ့လား ဆိုတာကို သိချင်တယ်ဆိုရင်တော့ ဆောင်းပါးလေးထဲမှာ အတူတူဖတ်ကြည့်ရအောင်နော်။ ဘေဘီလေးကို ချင်း (ဂျင်း) […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း