ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဆောင်းရာသီမှာ ကလေးငယ်များမဖျားနာဖို့ ဆောင်ရွက်သင့်သည့်နည်းလမ်းများ

ဆောင်းရာသီသို့ ဝင်ရောက်လာသည်နှင့်အမျှ အအေးမိနှာစေးခြင်း၊ ဖျားနာခြင်းတို့အဖြစ်များလာပါတယ်။ ကိုယ်ခံစွမ်းအား ဖွံ့ဖြိုးဆဲကာလဖြစ်သည့် ကလေးအရွယ်တွင် ရောဂါပိုးမွှားများဝင်ရောက်ကာ ဖျားနာခြင်းတို့ ပိုမိုအဖြစ်များလေ့ရှိပါတယ်။ ဖြစ်မှဆေးခန်းသွားပြီး ဆေးဖိုးဝါးခကုန်မယ့်အစား မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းရာသီကာလမှာ ကိုယ်ခံအားကောင်းမွန်ဖို့ ရိုးရှင်းပြီး အစွမ်းထက်တဲ့ အောက်ပါနည်းလမ်းများကို စမ်းသပ်ကြည့်နိုင်ပါတယ်။   ၁။ နေ့စဉ် အနည်းဆုံး နို့နှစ်ခွက် ပုံမှန်တိုက်ပါ။ ကလေးများရဲ့ ကိုယ်ခန္ဓါဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမယ့် နို့ကိုရွေးချယ်တိုက်ပေးပါ။ တစ်ချို့ကလေးတွေက နွားနို့မကြိုက်တတ်တဲ့အတွက် ဗန်နီလာအရသာနဲ့လာတဲ့ Dutch Lady မလိုင်ပြည့်နို့မှုန့်ကို စမ်းတိုက်ကြည့်ဖို့ အကြံပြုလိုပါတယ်။ Dutch Lady မလိုင်ပြည့်နို့မှုန့်မှာ ကိုယ်ခံစွမ်းအားကိုတည်ဆောက်ပေးသော အာဟာရဓါတ်တွေဖြစ်တဲ့ ကယ်လ်စီယမ်၊ ပရိုတင်း၊ ဇင့်နဲ့ ဗီတာမင် (D, A, B6) တွေ ဖြည့်စွက်ထည့်သွင်းထားတာဖြစ်ပြီး နွားနို့စစ်စစ်ကနေ ထုတ်ထားတဲ့အတွက် နွားနို့မှာပါဝင်တဲ့အကျိုးကျေးဇူးများအားလုံးကိုရရှိမှာပါ။ တစ်ထုတ်ချင်းအလိုက် […]


ကလေးအရေပြားပြဿနာများ

ကလေးအရေပြားကို ထိန်းသိမ်းဖို့ဘာကြောင့်အရေးကြီးတာလဲ

အရေပြားဆိုတာကခန္ဓါကိုယ်ရဲ့ အကြီးမားဆုံးအစိတ်အပိုင်းဖြစ်သလို အမြင်သာဆုံးအစိတ်အပိုင်းဆိုလည်းဟုတ်ပါတယ်။ အသားအရေကောင်းမွန်တာက လူတစ်ယောက်ကိုလှပစေတဲ့အချက်တစ်ရပ်ပါ။ ဒါကြောင့်အသားအရေထိန်းသိမ်းဖို့ကလည်း မလုပ်မဖြစ်လုပ်သင့်တဲ့ကိစ္စရပ်တွေထဲကတစ်ခုလို့ပြောချင်ပါတယ်။ အသားအရေထိန်းသိမ်းမှုကစောစောလုပ်နိုင်လေကောင်းလေပါ။ ဒါကြောင့်ဘေဘီလေးတွေကို ငယ်စဉ်ကတည်းအရေပြားစောင့်ရှောက်ပေးထားတာက အကောင်းဆုံးပါပဲ။ ကလေးရဲ့အသားအရေကိုထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာက ပြောသလောက်တော့မလွယ်ပါဘူး။ ကလေးတွေရဲ့အသားအရေက နူးညံ့ပြီး ထိခိုက်လွယ်တာကြောင့် အသေးစိတ်ဂရုစိုက်နိုင်မှတော်ရာကျပါမယ်။ ကလေးတွေရဲ့အရေပြားကိုထိန်းသိမ်းစောင့်ရှောက်ပေးဖို့က ဘယ်လောက်ထိအရေးကြီးလဲဆိုတာလေးပြောပြပေးချင်ပါတယ်။   ဘာကြောင့်ကလေးအသားအရေကို ဂရုစိုက်ဖို့လိုတာလဲ ကလေးငယ်ရဲ့ အရေပြားက မယ်လ်လာနင်ကို နည်းနည်းပဲထုတ်လွှတ်နိုင်သလိုနေလောင်ဒဏ်ကိုလည်း ခံနိုင်ရည်နည်းပါတယ်။ပြောချင်တာကတော့ ကလေးငယ်လေးတွေရဲ့ အရေပြားက ထိခိုက်လွယ်ပြီး ပတ်ဝန်းကျင်က အရာတွေကြောင့် ထိခိုက်နိုင်ခြေကလည်း လူကြီးတွေအသားအရေထက်ပိုများပါတယ်။ ဓါတ်မတည့်တဲ့အရာတွေနဲ့ ထိတွေ့မိတဲ့အခါ အရေပြားကျိန်းစပ်တာ၊ယားယံတာနဲ့ ဓါတ်မတည့်မှုဖြစ်တာမျိုးတွေအထိခံစားရနိုင်ပါတယ်။ ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ကလေးတွေကို ကျန်းမာတဲ့ အသားအရေပိုင်ရှင်လေးတွေဖြစ်စေဖို့ ငယ်စဉ်ကတည်းကအသားအရေထိန်းသိမ်းမှုတွေလုပ်ပေးတာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။   ကလေးတွေမှာ အဖြစ်များတဲ့အရေပြားပြဿနာများ နို့ပွေး ကြွက်နို့ (Warts) Slapped cheek syndrome (fifth disease) ရေကျောက် (Chicken pox) မိတ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးဆံသား ကို ဘာကြောင့်ထိန်းသိမ်းပေးသင့်တာလဲ

ကလေးတွေကို မွေးလာချိန်ကစလို့ အရွယ်ရောက်လာတဲ့အချိန်အထိ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးဖို့လိုတဲ့ အစိတ်အပိုင်းတွေထဲမှာ ဆံသားကလည်းတစ်ခုအပါအဝင်ပါ။ ကလေးဆံသား လေးတွေက နူးညံ့လွန်းတာကြောင့် စနစ်တကျထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲကနေ မွေးလာကတည်းက နူးညံ့တဲ့ဆံသားလေးတွေနဲ့အတူ မွေးဖွားလာတာဖြစ်ပြီး ဒီဆံသားလေးတွေကို စနစ်တကျထိန်းသိမ်းပေးမှ ကျန်းမာတဲ့ဆံသားလေးတွေကို ပိုင်ဆိုင်နိုင်တဲ့ ဘေဘီလေးတွေဖြစ်လာမှာပါ။ မိဘတော်တော်များများက ကလေးလေးတွေရဲ့ဆံပင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို ဂဃနဏမသိကြပါဘူး။ ဒီတစ်ခါကတော့ ဘေဘီလေးတွေရဲ့ ဆံသားကို ဘာကြောင့်စောင့်ရှောက်ပေးဖို့လိုတာလဲဆိုတာနဲ့ ဘယ်လိုစောင့်ရှောက်ပေးသင့်လဲဆိုတာလေးတွေကို ပြောပြပေးချင်ပါတယ်။ ကလေးဆံပင်အကြောင်း တစေ့တစောင်း ကလေးငယ်လေးတွေရဲ့ ဆံသားက အသက်အရွယ်နဲ့ ဆံပင်အမျိုးအစားကို လိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ဆံသားသဘာဝချင်း မတူကြပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ဘယ်အရွယ်ပဲဖြစ်ဖြစ်၊ ဘယ်လိုဆံသားအမျိုးအစားမျိုးပဲဖြစ်ဖြစ် ပုံမှန်ခေါင်းလျှော်ပေးဖို့လိုသလို ဆံပင်ဆီလိမ်းတာ၊ ခေါင်းဖြီးပေးတာနဲ့ ဆံပင်ရှည်လာတဲ့အခါ ညှပ်ပေးဖို့လိုတာချင်းကတော့ တူတူပါပဲ။ ကလေးဆံသား ရော ဦးရေပြားကပါ နူးညံ့ထိခိုက်ထိခိုက်လွယ်တာကြောင့် သေသေချာဂရုစိုက်ဖို့တော့ လိုပါတယ်။ ကလေးငယ်လေးတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ

အစားအစာနဲ့ မတည့်လို့၊ ဆေးနဲ့ မတည့်လို့၊ အင်းဆက်ကိုက်ခံရလို့၊ ပန်းဝတ်မှုန်ကြောင့်၊ တခြားအရာဝတ္ထုတွေကြောင့် စသည်ဖြင့် ဓာတ်မတည့်မှု အမျိုးမျိုး ရှိနိုင်ပါတယ်။ ကလေးငယ်လေးတွေမှာ အရေပြားက နုနယ်လွန်းတာကြောင့် အရေပြား ဓာတ်မတည့်မှုလည်း အဖြစ်များပါတယ်။ ဒါ့ကြောင့် လူကြီးတွေထက် ပိုဂရုစိုက်ပေးသင့်တာပါ။ ကိုယ်ခံစားနေရတာကို သေချာလည်းမပြောပြတတ်တဲ့၊ ဘာမှမသိသေးတဲ့ အရွယ်မို့ မိဘတွေက သတိထားစောင့်ကြည့်ပေးရမှာပါ။ဒီတစ်ခေါက်တော့ အသားအရေထိန်းပစ္စည်းတွေကြောင့် ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုကုသစောင့်ရှောက်ပေးမလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။  ကလေးမှာ ဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုသိနိုင်မလဲ မပြင်းထန်တဲ့ လက္ခဏာတွေက အရေပြားယားယံလာမယ် နီရဲလာမယ် နည်းနည်းရောင်လာမယ် နှာခေါင်းပိတ်မယ်၊ နှာစေးမယ် နှာချေနေမယ် မျက်လုံးယားမယ်၊ မျက်ရည်ကျမယ် ခန္ဓာကိုယ်မှာ အနီဖုလေးတွေထွက်မယ်။ ကိုယ့်ကလေးမှာ ဒီလိုလက္ခဏာတွေဖြစ်နေသလား သတိထားကြည့်ပါ။ ကာလတိုအတွင်း ပျောက်ကင်းနိုင်လောက်တဲ့ အပျော့စား လက္ခဏာတွေဆိုပေမယ့် လက္ခဏာတာရှည်လာရင် ဆရာဝန်ပြဖို့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက်

မွေးကင်းစကလေးငယ်တွေနဲ့ ကလေးတွေမှာလည်း လူကြီးတွေမှာဖြစ်သလို အရေပြားခြောက်တာမျိုးတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ ကလေးတွေရဲ့ အရေပြားက နူးညံ့ပြီး ထိခိုက်လွယ်သလို ပိုပြီးတော့လည်း ခြောက်သွေ့လွယ်ပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ ပြဿနာတွေကလည်း ပိုဆိုးတတ်ပါတယ်။ ကလေးရဲ့ အရေပြားကို မခြောက်သွေ့အာင် ထိန်းသိမ်းပေးဖို့က မိဘတွေအနေနဲ့ မေ့မထားသင့်တဲ့ အချက်တစ်ခုပါ။ ဒီတစ်ခါတော့ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲဆိုတာကို ပြောပြပေးမယ်နော်။ ကလေးအရေပြားခြောက်သွေ့မှုကို ကာကွယ်ခြင်းဖြင့် ရရှိနိုင်မယ့် အကျိုးကျေးဇူး (၆) ချက် ကလေးငယ်တွေရဲ့ အရေပြားဟာ အရမ်းပူလွန်း၊ အေးလွန်းတဲ့ ရာသီဥတုအခြေအနေနဲ့ ပြင်ပလေတွေကြောင့် ခြောက်သွေ့နိုင်သလို အခန်းတွင်းအပူချိန်ပြင်းလွန်းရင်လည်း ခြောက်သွေ့တတ်ပါတယ်။ ကလေးက ခြောက်သွေ့လွယ်တဲ့ အသားအရေကို ပိုင်ဆိုင်ထားရင်တော့ ဖေဖေမေမေတွေအနေနဲ့ ပိုပြီးဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ အရေပြားမခြောက်သွေ့အောင် ဘာလို့ကာကွယ်သင့်တာလဲ ကလေးငယ်မှာ အရေပြားခြောက်သွေ့တဲ့အခါ နောက်ဆက်တွဲအရေပြားပြဿနာတွေဖြစ်တဲ့ ယားယံတာ၊ အရေပြားအဖတ်ကွာတာ၊ Eczema (နှင်းခူ) နဲ့Ichthyosis […]


ကလေးအရေပြားပြဿနာများ

သင့်ကလေးကို ဘာ့ကြောင့် moisturizer လူးပေးသင့်တာလဲ

အရေပြားခြောက်သွေ့မှုက အမြဲတမ်းလိုလို ကလေးတွေမှာပိုဆိုးတတ်ပါတယ်။ မွေးပြီးသိပ်မကြာခင်မှာ အရေပြားခြောက်သွေ့တာ၊ အဖတ်လန်တာမျိုးလေးတွေတွေ့ရတတ်ပါတယ်။ ကလေးတွေအရေပြားခြောက်သွေ့တဲ့အခါမျိုးမှာမိဘတွေအနေနဲ့ ရိုးရိုးအရေပြားခြောက်သွေ့တာလား၊ နှင်းခူလိုမျိုး အရေပြားပြဿနာတစ်ခုခုကြောင့်အရေပြားခြောက်သွေ့တာလားဆိုတာကိုသေသေချာချာသိအောင်လုပ်ဖို့လိုအပ်ပါမယ်။ အရေပြားကကောင်းမွန်စွာဖွံ့ဖြိုးခြင်းမရှိသေးတာကြောင့် ကလေးတွေမှာ အရေပြားခြောက်သွေ့တာက ပုံမှန်ဖြစ်ပေမယ့် အရမ်းဆိုးဆိုးရွားရွားဖြစ်နေပြီဆိုရင်တော့ရောဂါဝေဒနာတစ်ခုခုကြောင့်ဖြစ်နိုင်ပါတယ်။ ကိုယ့်ရင်သွေးလေးတွေကို အသားအရေစိုပြည်ချင်တယ်ဆိုရင်တော့ဖေဖေမေမေတို့အနေနဲ့ အသားအရေထိန်းသိမ်းမှုကို ဂရုတစိုက်လုပ်ပေးဖို့လိုပါလိမ့်မယ်။ အသားအရေထိန်းသိမ်းတယ်ဆိုတဲ့နေရာမှာလည်းရေချိုးပေးတာကနေစလို့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေလိမ်းပေးတာမျိုးအထိ အဖက်ဖက်ကဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ ကလေးအရေပြားကို အစိုဓါတ်ထိန်းပေးတာက ကလေးအသားအရေအတွက် ဘယ်လိုအကျိုးထူးစေမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။   ကလေးအရေပြားကို စောင့်ရှောက်နည်း ကလေးလေးတွေမှာဖြစ်တဲ့ သာမန်အသားအရေခြောက်သွေ့တာလောက်က ဆပ်ပြာနဲ့ထိတွေ့မှုကို ကန့်သတ်တာ၊ မကြာခဏအသားအရေကို အစိုဓါတ်ထိန်းပေးတဲ့ ခရင်မ်တစ်မျိုးမျိုးလူးပေးတာမျိုးလုပ်ပေးရုံနဲ့ လုံလောက်ပါတယ်။ ကလေးတွေကို အသားအရေထိန်းသိမ်းပေးတဲ့အခါ မဖြစ်မနေလုပ်ဆောင်သင့်တဲ့အချက်လေးအချို့တော့ရှိနေပါတယ်။ ဒါတွေကတော့ - ဆပ်ပြာအပျော့စားတွေကိုပဲသုံးပေးပါ - အယ်လ်ကာလိုင်းပါတဲ့ဆပ်ပြာတွေက အရေပြားကိုထိခိုက်စေနိုင်ပြီး အပေါ်ယံအရေပြားအလွှာကို ပျက်စီးစေနိုင်သလို အသားအရေကိုလည်းခြောက်သွေ့စေနိုင်ပါတယ်။ ရေချိုးချိန်ကို ကန့်သတ်ပါ -ရေပူနဲ့ အကြာကြီးချိုးတာက အရေပြားပေါ်က အဆီတွေကိုကုန်ခမ်းစေနိုင်ပါတယ်။ ဒါကြောင့်ရေကို အကြာကြီး မချိုးပေးသင့်ပါဘူး။ဖြစ်နိုင်ရင်ရေနွေးနဲ့မချိုးပေးဘဲ […]


ကလေးအရေပြားပြဿနာများ

ကလေးငယ်မှာဖြစ်တဲ့ အရေပြားပြဿနာတွေက ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာဖြစ်နိုင်ပါတယ်

ကလေးတွေရဲ့အရေပြားမှာ အဖုလေးတွေ၊ အနီစက်လေးတွေ၊ အကွက်တွေတွေ့ရတတ်တာဟာ အထူးအဆန်းမဟုတ်ပါဘူး။ ကလေးဘဝမှာတော်တော်များများဖြစ်ဖူးကြပါတယ်။ အများစုက အန္တရာယ်မရှိဘူး၊စိုးရိမ်စရာမရှိဘူး၊ တော်ရုံနဲ့သက်သာပျောက်ကင်းစေနိုင်တယ်ဆိုပေမယ့် သတိထားကုသဖို့၊ စစ်ဆေးဖို့မမေ့ပါနဲ့။ တချို့သာမန်အရေပြားပြဿနာတွေက ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့အထိ ပြင်းထန်တဲ့ရောဂါတွေရဲ့လက္ခဏာတွေဖြစ်နေနိုင်တယ်လေ။ ဒါ့ကြောင့် ကလေးတွေမှာအဖြစ်များတဲ့အရေပြားပြဿနာလေးတွေကို ခဏနေပျောက်သွားမှာပဲလို့တွေးပြီး မပေါ့ဆကြပါနဲ့။ သတိထားသင့်တဲ့လက္ခဏာတွေကိုလေ့လာမှတ်သားထားပြီး ရောဂါတစ်ခုခုအတွက်သံသယဖြစ်လာရင် ဆရာဝန်အမြန်ဆုံးပြရပါမယ်။ ရင်နှစ်သည်းချာဖြစ်တဲ့ ကိုယ့်ရင်သွေးလေးတွေအတွက် အချိန်နှောင်းလို့မဖြစ်ပါဘူးနော်။ ကလေးအထူးကုဆရာဝန်ကတော့ ကလေးကို ရောဂါရှာဖွေပြီး သင့်လျော်တဲ့ကုသစောင့်ရှောက်မှုပေးမှာပါ။ ငယ်ရွယ်လွန်းတဲ့ကလေးလေးတွေကို ကိုယ့်သဘောနဲ့ကိုယ်ဆုံးဖြတ်ပြီးဘယ်တော့မှ အိမ်မှာကြိတ်မကုပါနဲ့။ ကလေးတွေမှာအဖြစ်များတဲ့ အရေပြားနဲ့ဆက်စပ်ဖြစ်တဲ့ရောဂါတွေအကြောင်းကိုဖော်ပြပေးလိုက်ပါတယ်။ ဝက်သက်ရောဂါ ဝက်သက်ဟာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အသက်ရှူလမ်းကြောင်းကတဆင့်ကူးစက်လွယ်ပါတယ်။ ကလေးရဲ့အရေပြားအနှံ့မှာ အနီစက်လေးတွေထွက်လာမယ်၊ တုပ်ကွေးလို ဖျားနာတဲ့လက္ခဏာတွေ၊ ချောင်းဆိုးမယ်၊ နှာရည်ကျမယ် စတာတွေက သူ့လက္ခဏာတွေပါ။ ရောဂါလက္ခဏာစပေါ်လာပြီး၃/၄ရက်အကြာမှာပဲ အနီစက်တွေပြန့်လာပြီး အဖျားတက်လာမှာဖြစ်လို့ရောဂါမသိဘဲ ကုသမှုနှောင့်နှေးခဲ့ရင် အန္တရာယ်ရှိနိုင်ပါတယ်။ ရေကျောက်ရောဂါ ရေကျောက်ရောဂါဟာ ကလေးငယ်တွေမှာ အဖြစ်များတဲ့ရောဂါဖြစ်တယ်ဆိုပေမယ့် အခုတော့ ဝက်သက်ရော၊ ရေကျောက်ရော ကာကွယ်ဆေးတွေထိုးနှံပြီး တားဆီးနိုင်နေပြီဖြစ်ပါတယ်။ varicella […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်အတွက် စိတ်ချရတဲ့အသားရေထိန်းသိမ်းမှုပစ္စည်း ရွေးချယ်ကြရအောင်

မိဘတိုင်းက သားသမီးတွေကိုအကောင်းဆုံးဆိုတာတွေပဲပေးချင်မယ်ဆိုတာ အသေအချာပါပဲ။ ဒီအတွက် ကလေးအတွက် လိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ဖို့ဈေးဝယ်ထွက်တဲ့အခါမျိုးမှာ ကိုယ့်ရင်သွေးလေးအတွက်ဘေးကင်းစိတ်ချရတဲ့ အသားအရေထိန်းသိမ်းမှု ပစ္စည်းတွေကိုပဲလိုချင်ကြမယ်ဆိုတာမေးစရာတောင်လိုမယ်မထင်ပါဘူး။ ရင်သွေးလေးတွေကို အကောင်းဆုံးတွေပဲပေးချင်တဲ့ဖေဖေမေမေတို့အတွက်ရွေးရခက်တာမျိုးမဖြစ်ရလေအောင်ဘေဘီလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းဝယ်တဲ့အခါ သတိထားရမယ့် အချက်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။   ကလေးတစ်ယောက်အတွက် လိုအပ်မယ့် အသားအရေထိန်းသိမ်းမှုပစ္စည်းများ ကလေးတစ်ယောက်ရှိနေတဲ့အိမ်မှာ မရှိမဖြစ်ရှိထားသင့်တဲ့ ပစ္စည်းတွေကတော့ - ကလေးဆပ်ပြာ ရေချိုးဆပ်ပြာရည် ခေါင်းလျှော်ရည် ကလေးသုံး lotion diaper cream baby oil ကလေးအဝတ်အစားတွေ အိပ်ရာတွေကိုလျှော်ဖွတ်ဖို့ ဆပ်ပြာမှုန့် ကလေးပေါင်ဒါမှုန့်   ဘယ်လိုရွေးချယ်မလဲ လူတိုင်းအတွက်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက ကလေးငယ်လေးတွေရဲ့ အရေပြားကို ထိခိုက်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေဝယ်ယူတဲ့အခါ ဒီအချက်လေးတွေသတိထားပေးပါ။   ဓာတုပစ္စည်းကင်းစင်တဲ့ အရာတွေကိုရွေးချယ်ပါ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတော်တော်များများမှာ ဓာတုပစ္စည်းတွေပါဝင်နေတတ်ပါတယ်။ ဓာတုပစ္စည်းလုံးဝကင်းစင်တာမျိုးကတော်တော်လေးရှားပါတယ်။ သတိထားရမှာက အရေပြားကို ယားယံပြီး ဓာတ်မတည့်တာမျိုးဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့ပါ။   တုံ့ပြန်လွယ်တဲ့အသားအရေနဲ့ လိုက်ဖက်မယ့်ပစ္စည်းမျိုးကိုရွေးချယ်ပါ ကလေးငယ်လေးတွေရဲ့အသားအရေက ထိခိုက်လွယ်တာကြောင့် ရင်သွေးလေးအတွက်အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ တုံ့ပြန်လွယ်တဲ့အသားအရေအတွက်အဆင်ပြေပြီး အရေပြားဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့အရာတွေမပါဝင်တဲ့ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းမျိုးကိုရွေးချယ်ပေးပါ။ သေသေချာချာစမ်းသပ်မှုတွေလုပ်ထားပြီး […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးအသားအရေ ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ကလေးအသားအရေ က နူးညံ့ချောမွေ့ပြီး ထိတွေ့မိတဲ့အခါ စိတ်ကြည်နူးစရာကောင်းပါတယ်။ ဒီလို နူးညံ့ချောမွေ့တဲ့ အသားအရေလေးတွေကို အသက်ကြီးသွားတဲ့အထိ ရှိသွားစေချင်တယ်ဆိုရင် ငယ်ရွယ်စဉ်ကတည်းက စတင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်ရင်တော့ ထိခိုက်ပျက်စီးမှုနဲ့ ကြမ်းတမ်းလာတာတွေ ဖြစ်နိုင်ပါတယ်။ အဲဒါတွေကိုကာကွယ်ပြီး မိမိရင်သွေးငယ်လေးရဲ့ အသားအရေ အမြဲနူးညံ့ချောမွေ့နေစေချင်တယ်ဆိုရင်တော့ မိဘတွေအနေနဲ့ ရင်သွေးလေးတွေရဲ့ အသားအရေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကို သိထားဖို့လိုပါလိမ့်မယ်။ ကလေးအသားအရေ အမျိုးအစား ဘယ်နှမျိုးရှိသလဲ။ ကလေးငယ်လေးတွေရဲ့ အသားအရေကို (၄) မျိုးခွဲထားပါတယ်။ ပုံမှန်အသားအရေ -ချောမွေ့ပြီး အစက်အပြောက်နဲ့ အဖုအပိမ့်တွေကင်းစင်တဲ့အသားအရေမျိုးပါ။ ခြောက်သွေ့တဲ့ အသားအရေ -နည်းနည်းကြမ်းပြီး တစ်နှစ်ပတ်လုံး အရေပြားအဖတ်လေးတွေ လန်နေတတ်ပါတယ်။ ခြောက်သွေ့နေတတ်ပါတယ်။ တုံ့ပြန်လွယ်တဲ့ အသားအရေ - ကလေးတိုင်းရဲ့ အသားအရေက ထိခိုက်တုံ့ပြန်လွယ်ကြပါတယ်။ ဒါပေမယ့် တုံ့ပြန်လွယ်တဲ့ ကလေးတွေရဲ့ အသားအရေက အခြားကလေးတွေထက်ပိုပြီး ထိခိုက်လွယ်နေတတ်ပါတယ်။ ဓာတ်မတည့်တာတစ်ခုခုနဲ့ ထိတွေ့မိတဲ့အခါ […]


ကလေးအရေပြားပြဿနာများ

သင့်ကလေးကို moisturizer လိမ်းပေးဖို့ ဘာ့ကြောင့်လိုအပ်တာလဲ

မိဘတိုင်းက သူတို့ရဲ့ရင်သွေးလေးတွေကို ကျန်းမာစေချင်ကြတာပါပဲ။ ကလေးငယ်လေးတွေ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာတာကိုမြင်ရရင် မိဘတွေက စိတ်ချမ်းသာကြပါတယ်။ ဒီအတွက် ကလေးလေးတွေကို ငယ်ငယ်ကစလို့ အရွယ်ရောက်တဲ့အထိခေါင်းအစခြေအဆုံး မိဘတွေကဂရုစိုက်ပေးကြပါတယ်။ ဒီခေါင်းအစခြေအဆုံးဆိုမှတော့ အရေပြားလည်းပါပြီပေါ့။ ဒီဆောင်းပါးမှာတော့ အရေပြားထိန်းသိမ်းတဲ့နေရာမှာ အစိုဓါတ်ထိန်းခရမ် (moisturizer) အသုံးပြုတာက ဘယ်လောက်အရေးကြီးကြောင်းကိုဖေဖေမေမေတို့ကိုပြောပြမှာဖြစ်ပါတယ်။ ကလေးအရေပြားခြောက်သွေ့ရတဲ့အကြောင်းအရင်း မွေးကင်းစကလေးငယ်တွေဟာမွေးပြီး သီတင်းပတ်အနည်ငယ်အတွင်းမှာ အများကြီးပြောင်းလဲမှုတွေဖြစ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ ဆံပင်အရောင်၊အသားအရေအရောင်တွေပြောင်းလာတာမျိုးကိုပြောချင်တာပါ။ အသားပိုဖြူလာနိုင်သလို ပိုညိုသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဆေးရုံကမဆင်းခင် ဒါမှမဟုတ် အိမ်ကိုခေါ်လာပြီးရက်ပိုင်းလောက်မှာမွေးကင်းစကလေးငယ်လေးတွေရဲ့ အသားအရေက အဖတ်လေးတွေလန်တာနဲ့ အရေပြားခြောက်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါတွေကပုံမှန်ပါပဲ။ ကလေးလေးရဲ့ လက်တွေ၊လက်ဖဝါးတွေ၊ခြေဖဝါးနဲ့ခြေချင်းဝတ်လေးလိုမျိုး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေမှာ အရေပြားတွေအဖတ်လန်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးတွေဟာ မိခင်ဝမ်းထဲမှာနေခဲ့စဉ်က ရေမြွှာအရည်၊ သွေးနဲ့ vernix လို့ခေါ်တဲ့ အရည်တွေနဲ့ ထိတွေ့လာရတာပါ။ Vernix ဆိုတာက ကလေးငယ်ရဲ့ အရေပြားပေါ်မှာကာကွယ်ပေးထားတဲ့ အရည်တစ်မျိုးပါ။ မွေးဖွားလာတဲ့အချိန်မှာ ကလေးရဲ့ အရေပြားပေါ်က ဖုံးအုပ်ထားတဲ့အရည်တွေကို သုတ်လိုက်မိတတ်ပါတယ်။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း