ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ခေါင်းလျှော်ရမှာကြောက်တဲ့ကလေးအတွက် နည်းဗျူဟာ ၆ ခု

အမေကခေါ်နေရင် ရေမချိုးချင်လို့ ပတ်ပြေးခဲ့တဲ့အဖြစ်တွေ ၊ ခေါင်းလျှော်ပေးမှာကြောက်လို့အော်ငိုခဲ့ရတာတွေ ငယ်ငယ်ကကြုံဖူးခဲ့သူတွေရှိမှာပါ။ ကလေးအတော်များများက ရေချိုးရတာပျော်တယ်ဆိုရင်တောင်မှ ခေါင်းလျှော်တဲ့အခါ သူတို့ရဲ့မျက်နှာကိုရေစိုတာ၊ခေါင်းကိုရေလောင်းတာမကြိုက်ကြပါဘူး။ မွေးကင်းစအရွယ်ဆို ကလေးကငြင်းဆန်ရင်တောင် လုပ်ပေးရလွယ်ပေမယ့် နည်းနည်းကြီးလာတဲ့အခါ နှစ်နှစ်ဝန်းကျင်ကလေးတွေဆိုခေါင်းလျှော်ကာနီးတိုင်း တိုက်ပွဲဝင်ရတာမိဘတွေရဲ့အခက်အခဲတစ်ခုပါ။ တချို့က စည်းရုံးရလွယ်ပေမယ့် တချို့က အကြောက်အကန် ငိုယိုရုန်းကန်တာ၊ ပတ်ပြေးနေတာတွေရှိပါတယ်။ ဒါတွေဟာ ကလေးက - အရင်တခေါက်က မျက်လုံးထဲ ဒါမှမဟုတ် ပါးစပ်ထဲကို ခေါင်းလျှော်ရည်ဝင်ခဲ့ဖူးတယ်ဆိုရင် ရေကြောက်တတ်ရင် ခေါင်းလျှော်ပေးတဲ့ပုံစံအနေအထားကိုမကြိုက်ရင် ခေါင်းလျှော်ရမှာကို မကြိုက်တာမျိုးဖြစ်ရင် စတဲ့အကြောင်းရင်းအမျိုးမျိုးရှိနိုင်ပါတယ်။ ဒီတော့ခေါင်းလျှော်ပေးရခက်တဲ့ကလေးရဲ့ မိဘတွေအနေနဲ့ အောက်မှာဖော်ပြတဲ့အထဲက နည်းလမ်းတစ်ခုခုကို သုံးလို့ရပါတယ် - (၁) ခေါင်းခဏခဏမလျှော်ပေးပါနဲ့ ကလေးကိုရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။ ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့်ခေါင်းလျှော်ရတဲ့စိတ်ဒုက္ခကို ကလေးကမေ့သွားလောက်ပါတယ်။ (၂) ကလေးကို ကိုယ်တိုင်လုပ်ခွင့်ပေးပါ ကလေးကိုခေါင်းလျှော်ပေးသင့် မပေးသင့်ဆိုတာထက် ဘယ်လိုရအောင်လျှော်ပေးမလဲဆိုတာကိုအဓိကထားပါ။ ကလေးကခေါင်းလျှော်ရည်ကို ကိုယ်တိုင်လက်နဲ့ယူပြီးလျှော်ခွင့်ရရင် ပိုပျော်လာနိုင်ပါတယ်။ရေစချိုးကတည်းကခေါင်းလျှော်ပေးပါ။ […]


ကလေးအရေပြားပြဿနာများ

ကလေးမှာ အရေပြားဓာတ်မတည့်မှု ဖြစ်လာရင် ဘယ်လိုပြုစုစောင့်ရှောက်ရမလဲ

ကလေးက နှာတချေချေဖြစ်နေသလား၊ အသက်ရှူသံတရွှီရွှီဖြစ်နေသလား၊ အသားတွေယားယံနေတဲ့ပုံ တွေ့ရသလား။ အရေပြားဓာတ်မတည့်မှု ကြောင့် ဖြစ်နိုင်ပါတယ်နော်။ ဓာတ်မတည့်မှုတွေဟာ ကလေးတွေကို ဒီလိုလက္ခဏာတွေဖြစ်စေရုံတင်မကပါဘူး။ အရေပြားမှာလည်း လက္ခဏာအမျိုးမျိုးပြလာစေနိုင်ပါတယ်။ ဆရာဝန်တွေကချက်ချင်းတော့ အရေပြားပြဿနာဖြစ်ရတဲ့အကြောင်းရင်းကို တပ်အပ်မဆုံးဖြတ်ပေးနိုင်ပါဘူး။ ဓါတ်မတည့်မှု ဖြစ်တဲ့အခါ ကလေးအရေပြားမှာ အရင်ဆုံးတွေ့ရမှာက မျက်နှာ သို့မဟုတ် ဦးရေပြားပေါ်က အနီကွက်တွေ၊ အနီစက်တွေပဲဖြစ်ပါတယ်။ နောက်မှ လက်နဲ့ ခန္ဓါကိုယ်ကို ပျံ့နှံ့လာပါတယ်။ အရေပြားမှာခြောက်သွေ့၊ယားယံနေတာကြောင့် ကလေးတွေအနေခက်လာတာပဲဖြစ်ပါတယ်။ ကလေးငယ်တွေမှာတွေ့ရတဲ့ ဓါတ်မတည့်မှုလက္ခဏာတွေက - အရေပြားအနီကွက်ဖြစ်ခြင်း အရေပြားပေါက်ပြဲစေတဲ့အထိ ကုတ်ခြင်းနဲ့ ကုတ်လေပိုယားလေဖြစ်လာခြင်း အရေပြားခြောက်သွေ့ခြင်း ယားယံမှုကြောင့် ကုတ်တာပွတ်တာများလာတဲ့အခါ အသားမာဖြစ်လာခြင်း အရေပြားပိုးဝင်မှု မကြာခဏဖြစ်ခြင်း အနည်းငယ်ရောင်ရမ်းခြင်း ယားယံခြင်း နှာချေခြင်း၊ နှာရည်ကျခြင်း မျက်ရည်ထွက်ခြင်း ခန္ဓါကိုယ်မှာ အနီစက်လေးတွေပေါ်လာခြင်းတို့တွေ့ရတတ်ပါတယ်။ အရေပြားဓာတ်မတည့်မှု လက္ခဏာပြင်းထန်ရင်တော့ နှုတ်ခမ်း သို့မဟုတ် လျှာရောင်လာခြင်း မျိုချရခက်ခြင်း […]


ကလေးအရေပြားပြဿနာများ

ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက် ၈ ချက်

ကလေးလေးတွေ အတွက် လိုအပ်မယ့် ပစ္စည်းလေးတွေရွေးချယ်တဲ့အခါ မိဘတွေအနေနဲ့ နူးညံ့လှတဲ့ကလေးငယ်လေးတွေအသားအရေအတွက်ဘေးကင်းစိတ်ချရတဲ့အရာတွေကိုပဲရွေးချယ်ပေးချင်မယ်ဆိုတာသေချာပါတယ်။ ဒါကြောင့် ဘေဘီလေးတွေ အတွက် အသားအရေထိန်းသိမ်းမှုပစ္စည်းတွေရွေးချယ်တဲ့အခါရွေးချယ်ရမခက်စေဖို့အတွက် အသုံးတည့်မယ့်နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ ကလေးငယ်တွေက ဘာကြောင့် အထူးစီမံထုတ်လုပ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေလိုအပ်တာလဲ လူတိုင်းအသုံးပြုလို့ရအောင်ထုတ်ထားတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေက နူးညံ့တဲ့ ကလေးငယ်ရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် လိုက်နာသင့်တဲ့အခြေခံစည်းမျဉ်းတစ်ခုက ကလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေရွေးချယ်တဲ့အခါ ကလေးတွေအတွက် အထူးထုတ်ထားတဲ့ ပစ္စည်းမျိုးကိုရွေးချယ်ဖို့ပါ။ ကလေးငယ်ရဲ့အသားအရေက အရွယ်ရောက်ပြီးသူတွေထက် ပိုပါးလွှာ၊ ပိုလည်းနူးညံ့တဲ့အပြင် အရေပြားခြောက်သွေ့နိုင်ခြေလည်း အရမ်းများပါတယ်။ ဒါကြောင့်ကလေးတွေအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေရွေးချယ်တဲ့အခါ အရမ်းမပြင်းဘဲ ကလေးတွေရဲ့အရေပြားက အစိုဓါတ်ကိုထိန်းပေးနိုင်တဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းမျိုးကိုရွေးချယ်ရမှာဖြစ်ပါတယ်။ ကလေးအတွက် အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးတဲ့အခါ ဒါလေးတွေသတိထားပေးပါ ၁) ဆိုးဆေးတွေ၊ အမွှေးနံ့တွေပါနေလား နေ့စဉ်အသုံးပြုနေတဲ့ အသားအရေထိန်းသိမ်းမှုပစ္စည်းတွေထဲမှာ အမွှေးနံ့တစ်ခုခုလောက်တော့ပါနေတာကို သတိထားမိမှာပါ။ အမွှေးနံ့က စိတ်ကိုကြည်နူးစေတယ်ဆိုပေမယ့် ကလေးအသားအရေကို ဓါတ်မတည့်တာတွေဖြစ်စေနိုင်သလို အသက်ရှုတဲ့အခါမှာလည်း ကသိကအောက်ဖြစ်စေနိုင်ပါတယ်။ရေရှည်ဖြစ်လာတဲ့အခါ ပန်းနာရင်ကျပ်ဝေဒနာလိုမျိုး အသက်ရှုလမ်းကြောင်းထိခိုက်တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။ ဒါကြောင့်ကလေးငယ်တွေမှာ ကိုယ်ခံအားစနစ် […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

မွေးကင်းစအရွယ်ကလေးကို ဂရုစိုက်စောင့်ရှောက်ခြင်း

ကလေးလေးတစ်ယောက် လူ့လောကထဲရောက်လာပြီဆိုရင် မိဘတွေရဲ့တာဝန်ဝတ္တရားတွေက စတင်လာပြီဖြစ်ပါတယ်။ ကလေးရဲ့ဝေယျာဝစ္စတွေကို အသေးစိတ်ဂရုစိုက်လုပ်ဆောင်ပေးဖို့လည်းအရေးကြီးပါတယ်။ နုနယ်လှတဲ့ ကိုယ့်ရင်သွေးလေးကို အိမ်ကိုခေါ်လာမယ့်အချိန်အတွက် အရင်တည်းကကြိုတင်ပြင်ဆင်ထားကြရတာဖြစ်ပေမယ့် အိမ်ကိုပြန်ရောက်လာပြီဆိုတာနဲ့ ကလေးလေးချီပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်တတ်ပါတယ်။ အထူးသဖြင့် သားဦးကလေးမွေးဖွားတဲ့မိဘတွေဆို အတွေ့အကြုံမရှိတာကြောင့် မွေးပြီးနောက်ပိုင်း ဒီလိုအခက်မကြုံရအောင် ကလေးနဲ့ပတ်သက်ပြီး အစတည်းက ကြိုတင်လေ့လာထားသင့်ပါတယ်။ အသစ်စက်စက် မိခင် ဖခင်တွေအနေနဲ့ ကလေးငယ်လေးတွေကို ဂရုစိုက်စောင့်ရှောက်တဲ့အချိန် စနစ်တကျနဲ့ နည်းလမ်းမှန်မှန်လုပ်ဆောင်နိုင်ဖို့ ဒီအချက်လေးတွေ သိထားသင့်ပါတယ်။ ကလေးကို ချီတဲ့အခါ ကလေးသိပ်မချီဖူးတဲ့သူတွေ၊ကလေးတွေနဲ့အနေမနီးသူတွေ မိဘဖြစ်လာတဲ့အခါ ကလေးချီရင် မတော်တဆလွတ်ကျမှာကို စိုးရိမ်စရာရှိနိုင်ပါတယ်။ သတိထားသင့်တဲ့အခြေခံတချို့ကတော့ - ကလေးမချီခင် လက်ကိုသေချာဆေးကြောပါ( သို့မဟုတ် လက်သန့်ဆေးရည်သုံးပါ)။မွေးကင်းစအရွယ်လေးတွေဟာ လူကြီးတွေလောက် ကိုယ်ခံအားမကောင်းသေးတာကြောင့်ရောဂါကူးစက်ခံရလွယ်ပါတယ်။ ဒါ့ကြောင့် သင့်ကလေးကို ဘယ်သူပဲချီချီ လက်သန့်နေဖို့အရေးကြီးပါတယ်။ ပွေ့ချီတဲ့အခါ ကလေးရဲ့ခေါင်းနဲ့လည်ပင်းကို ထိန်းထားပေးဖို့ သတိထားပါ။ ကလေးကိုချီတဲ့အခါခေါင်းကို တံတောင်ဆစ်အကွေးမှာပွေ့ထားပေးပါ ဒါမှမဟုတ် ကလေးကိုထောင်ပြီးချီတဲ့အခါ၊ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်ကိုရေချိုးပေးတဲ့အခါ ဘာကြောင့်ဆပ်ပြာမပါတဲ့ပစ္စည်းတွေကို ရွေးချယ်ဖို့လိုတာလဲ

ယနေ့ခေတ်မှာ ကလေးငယ်တွေကိုပါမကျန် အသားအရေထိန်းသိမ်းပေးနေကြပြီဖြစ်သလိုဈေးကွက်ထဲမှာလည်း ကလေးအသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေအများအပြားရှိနေတာကြောင့်ဖေဖေမေမေအသစ်စက်စက်လေးတွေအတွက်ရွေးရခက်လွန်းပါတယ်။ ကလေးငယ်ကိုရေချိုးပေးဖို့အတွက်ရွေးခယ်တဲ့အခါမှာလည်း မှားယွင်းရွေးချယ်မိမယ်ဆိုရင် ကလေးငယ်မှာ အရေပြားပြဿနာအမျိုးမျိုးကိုခံစားရနိုင်ပါတယ်။ ကလးငယ်လေးတွေရဲ့ အရေပြားက နူးညံ့ပြီး တုံ့ပြန်လွယ်လွန်းတာကြောင့် ပုံမှန်သုံးနေကျဆပ်ပြာတွေက ကလေးတွေရဲ့အရေပြာအတွက် အရမ်းပြင်းနေမှာဖြစ်သလို အရေပြားမှာ ဓါတ်မတည့်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မယ့် အဖြေကတော့ ကလေးငယ်တွေအတွက်သီးသန့်ထုတ်ထားတဲ့Cleansersတွေကို အသုံးပြုပေးတာပါပဲ။ ဆပ်ပြာက ကလေးငယ်တွေအတွက်ဘေးကင်းရဲ့လား ပုံမှန်အားဖြင့်တော့ ကလေးငယ်တွေရဲ့ အသားအရေက လူကြီးတွေလောက်မညစ်ပတ်ကြပါဘူး။ ဒါကြောင့်ကလေးတွေကိုရေချိုးသန့်စင်ပေးတဲ့အခါ ဆပ်ပြာသုံးဖို့မလိုပါဘူး။ ကလးဆရာဝန်တွေကတော့ ကလေးတွေကိုရေချိုးပေးတဲ့အခါ ဆပ်ပြာမသုံးကြဖို့ အကြံပြုထားပါတယ်။ ကလေးအရေပြားကို ဆပ်ပြာနဲ့ပွတ်တိုက်တာက အရေပြားပေါ်က သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလိုဖြစ်သွားစေနိုင်ပြီး အသားအရေကိခြောက်သွေ့စေနိုင်တာကြောင့်ပါ။ ဒါ့အပြင် ကလေးတွေအတွက် သီးသန့်ထုတ်ထားတဲ့ ဆပ်ပြာတွေကို အလွန်အကျွံအသုံးပြုမယ်ဆိုရင်လည်း ကလေးငယ်တွေမှာ နှင်းခူ (eczema)ဖြစ်စေနိုင်ပါတယ်။ ဒီနေရာမှာ အမေတွေက ကလေးငယ်ကိုဆပ်ပြာမပါဘဲ ဘယ်လိုသန့်စင်ပေးမလဲဆိုတဲ့အချက်ကမေးစရာဖြစ်လာပါပြီ။ရေစေးကိုသာသုံးရတဲ့မိသားစုတွေအတွက် ဒီမေးခွန်းကတော်တော်လေးအရေးကြီးပါတယ်။ တကယ်လို့များ ကလေးငယ်က ရွှံ့တွေဗွက်တွေပေကျံနေမယ်၊ ဆီတွေပေကျံနေမယ်ဆိုရင်ရော ဘယ်လိုများသန့်ရှင်းပေးရမလဲ။ ဒီလိုအနေအထားမျိးမှာ […]


ကလေးအရေပြားပြဿနာများ

ကလေးအရေပြားခြောက်သွေ့တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ

အရေပြားခြောက်သွေ့မှုက အသက်အရွယ်မရွေးကြုံတွေ့ရနိုင်တဲ့ အရေပြားပြဿနာတစ်ခုပါ။ နူးညံ့ပြီး တုံ့ပြန်လွယ်သလို ခံနိုင်ရည်နည်းတဲ့ ကလေးငယ်လေးတွေမှာ အရေပြားခြောက်သွေ့တာက ပိုဆိုးပါတယ်။ အရေပြားခြောက်သွေ့တာတွေဖြစ်မယ်ဆိုရင် ကလေးငယ်ရဲ့အရေပြားမှာ နီရဲတာ၊ ခပ်တင်းတင်းကြီးဖြစ်နေတာ၊ယားယံတာ၊အရေပြားအဖတ်တွေလန်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးအရေပြားမှာခြောက်သွေ့တာတွေက အနေရခက်စေပါတယ်။ ဒါကြောင့်မိဘတွေအနေနဲ့ မိမိရင်သွေးလေးတွေရဲ့ အရေပြားကိုကာကွယ်ပေးသင့်ပါတယ်။ ရင်သွေးလေးရဲ့အရေပြားကိုဘာတွေကခြောက်သွေ့စေနိုင်လဲ ဆောင်းရာသီမှာပြင်ပကအေးမြခြောက်သွေ့တဲ့လေနဲ့ အိမ်တွင်းက အပူပေးထားတဲ့လေထုတွေက အသားအရေကိုခြေက်သွေ့စေတဲ့ အဓိကအကြောင်းအရင်းတွေပါ။ ဒီလိုမျိုး အပူအအေးလွန်ကဲတဲ့လေထုကအရေပြားပေါ်က သဘာဝအစိုဓာတ်ကို ကုန်ဆုံးစေနိုင်ပါတယ်။နွေရာသီမှာဆိုရင်တော့ နေပူရှိန်၊လေအေးပေးစက်ကလေ၊ ဆားငန်ရေနဲ့ ကလိုရင်းခတ်ထားတဲ့ရေကူးကန်ထဲကရေတွေက ကလေးအရေပြားကိုခြောက်သွေ့စေနိုင်ပါတယ်။ အရေပြားခြောက်သွေ့တာကြောင့်ဖြစ်တဲ့ ပြဿနာတွေနဲ့နောက်ဆက်တွဲပြဿနာတွေကပြင်းထန်လာနိုင်ပါတယ်။ပြင်းထန်တဲ့နောက်ဆက်တွဲ အရေပြားပြဿနာတွေက - နှင်းခူ (eczema)။ အရေပြား အရမ်းကို ခြောက်သွေ့တာက အရေပြားမှာ နှင်းခူဖြစ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ အရေပြားက နီရဲတာ၊ကွဲအက်တာနဲ့ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်ပါတယ်။ အရေပြားက အရမ်းခြောက်သွေ့လာတဲ့အခါ အပေါ်ယံအရေပြားလွှာက စတင်ကွဲအက်လာပြီး ဘက်တီးရီးယားတွေဝင်ရောက်ဖို့ လမ်းစရသွားမှာဖြစ်ပါတယ်။ ဒီလိုကနေတစ်ဆင့် ကိုယ်တွင်းကို ကူးစက်ရောဂါပိုးတွေဝင်ရောက်လာမှာဖြစ်ပါတယ်။ မိဘတွေအနေနဲ့ […]


ကလေးအရေပြားပြဿနာများ

တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးအတွက် ဘေးကင်းစိတ်ချရဆုံးအသုံးအဆောင်ပစ္စည်းကို ဘယ်လိုရွေးချယ်မလဲ

ကလေးရဲ့အသားအရေဟာ ချောချောမွတ်မွတ်၊ နူးနူးညံ့ညံ့လေးမို့ဖေဖေမေမေတို့ မနမ်းဘဲ မထိဘဲ မနေနိုင်ကြပါဘူး။ ဒါပေမယ့် ဒီလိုအသားအရေလေးကို ထိန်းသိမ်းပေးနိုင်ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးနော်။ ကလေးရဲ့အရေပြားဆိုတာ တခြားခန္ဓါကိုယ်အစိတ်အပိုင်းတွေနဲ့မတူဘဲ အမေ့ဝမ်းထဲမှာတည်းကကောင်းကောင်းဖွံ့ဖြိုးဖြစ်တည်နိုင်ဖို့ အချိန် ၉လလောက် ကြာခဲ့ရတာဖြစ်ပါတယ်။ ကလေးအသုံးအဆောင်ပစ္စည်းတွေက တကယ်ရောဘေးကင်းရဲ့လား အားလုံးတော့စိတ်ချလို့မရပါဘူး။ ကလေးတွေအတွက်ဆိုပြီး တံဆိပ်ကပ်ထားတဲ့အသားအရေနဲ့ဆံသားထိန်းသိမ်းမှုပစ္စည်းအတော်များများမှာ အရေပြားကိုနှိုးဆွပြီး ထိခိုက်စေတဲ့ဓါတ်တွေပါတတ်ပါတယ်။ ကလေးတွေမှာသုံးတဲ့အခါ တချို့ကဘာမှမဖြစ်ပေမယ့် တုံ့ပြန်လွယ်အသားအရေရှိတဲ့ကလေးတွေမှာ အရေပြားပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင်parabens နဲ့phthalates ၊dibutyl phthalate (DBP)၊ dimethylphthalate (DMP) နဲ့ diethyl phthalate (DEP) တို့က စိုးရိမ်ရတဲ့ပါဝင်ပစ္စည်းတွေပါ။ ဒီဓါတ်ပစ္စည်းတွေနဲ့ထိတွေ့မိရင် လူ့ခန္ဓါကိုယ်ရဲ့ဟော်မုန်းပမာဏကို မကောင်းတဲ့သက်ရောက်မှုဖြစ်စေပြီး ဖွံ့ဖြိုးမှုပိုင်းမှာပြဿနာတွေရှိလာစေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေကဖော်ပြထားပါတယ်။ ဒီသုတေသနအများစုက တိရစ္ဆာန်တွေမှာလေ့လာခဲ့တာဖြစ်လို့ အထောက်အထားခိုင်မာမှုက အကန့်အသတ်ရှိနေပေမယ့် ဒီပစ္စည်းတွေရဲ့စိတ်ချရမှုကလည်း သက်သေပြနိုင်တာမရှိသေးပါဘူး။ ဒီတော့ ကိုယ့်ရဲ့ရင်နှစ်သည်းချာလေးတွေအတွက်ဘေးကင်းစိတ်ချရဖို့ပဲ အဓိကထားတာအကောင်းဆုံးပါပဲ။ ကလေးအတွက် စိတ်ချရဆုံးအသုံးအဆောင်ပစ္စည်းကို ဘယ်လိုရွေးချယ်မလဲ (၁) အရင်းအမြစ်ကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ပူနွေးစွတ်စိုတဲ့အရပ်မှာ ကလေးကို သေးခံမလောင်အောင်ကာကွယ်နိုင်မယ့် နည်းလမ်း ၅ ခု

သေးခံလောင်တယ်ဆိုတာ ကလေးမှာ သေးခံဒိုင်ပါဝတ်ပေးတဲ့ နေရာတဝိုက် အရေပြားနီရဲနာကျင်လာတဲ့ လက္ခဏာဖြစ်ပါတယ်။ တစ်ခါတလေ သေးခံလောင်တဲ့နေရာမှာ ပူတဲ့ခံစားချက်နဲ့ အနည်းငယ်ရောင်ရမ်းလာနိုင်ပါတယ်။ ဒီလိုဖြစ်စေတဲ့ အဖြစ်များဆုံးအကြောင်းရင်းတစ်ခုကတော့ စိုစွတ်မှုပဲဖြစ်ပါတယ်။ သင်က ပူနွေးစွတ်စိုတဲ့မြို့မှာ နေထိုင်သူဖြစ်ရင် စုပ်ယူမှုအားအကောင်းဆုံးဒိုင်ပါတွေနဲ့တောင် စိုစွတ်မှုနဲ့ ကင်းနိုင်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အောက်မှာဖော်ပြထားတဲ့ လွယ်ကူတဲ့နည်းလမ်း ၅ ခုနဲ့ သင့်ကလေးကိုသေးခံလောင်ခြင်းဝေဒနာကနေကာကွယ်နိုင်ပါတယ် - (၁) ကလေးရဲ့အောက်ပိုင်းကို ခြောက်သွေ့သန့်ရှင်းအောင်ထားပါ ကလေးမှာ သေးခံလောင်ခြင်းဖြစ်နေပြီဆိုရင် အရေးကြီးတာက ကလေးရဲ့ဒိုင်ပါကို လဲလှယ်ချိန်အပိုင်းအခြားကို ပိုဂရုစိုက်ပေးရမှာဖြစ်ပါတယ်။ ကလေးရဲ့ဒိုင်ပါက ညစ်ပေစွန်းထင်းနေတာ သတိထားမိရင် တတ်နိုင်သလောက် အမြန်ဆုံးနောက်တစ်ခုလဲပါ။ ခြောက်သွေ့၊ သန့်ရှင်းအောင်ထားမှ ဒီဧရိယာတစ်ဝိုက်မှာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ လွယ်တဲ့နေရာတစ်ခု ဖြစ်မလာတော့ဘဲ ကလေးရဲ့အရေပြားကို မထိခိုက်စေမှာဖြစ်ပါတယ်။ ညဘက်မှာလည်း ကလေးကို ဒိုင်ပါထလဲပေးဖို့ လိုအပ်နိုင်ပါတယ်။ (၂) ဒိုင်ပါလဲတဲ့အခါတိုင်း ကလေးကို သေချာဆေးကြောသန့်စင်ပေးပါ မိဘတော်တော်များများက ဝတ်ရလွယ်ကူ၊ ချွတ်ရလွယ်ကူတဲ့ဒိုင်ပါတွေကို […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးသေးခံလောင်တာ နဲ့ ပတ်သက်ပြီးသိထားသင့်တဲ့အချက်များ

ကလေးသေးခံလောင်တာ (Diaper rash) ဆိုတာက ကလေးငယ်ကိုသေးခံဝတ်ပေးထားတဲ့နေရာမှာ အရေပြားနီမြန်းရောင်ရမ်းမှုဖြစ်တာကို ဆိုလိုတာပါ။ တစ်ခါတလေမှာ သေးခံလောင်တာကြောင့် ကလေးရဲ့အရေပြားက နီမြန်းရောင်ရမ်းပြီး ခပ်နွေးနွေးဖြစ်နေတတ်ပါတယ်။ ကလေးတစ်ယောက်နဲ့ တစ်ယောက်မှာလည်း ခံစားရတဲ့အနေအထားချင်းမတူတတ်ပါဘူး။ အချို့ကလေးတွေမှာ ကလေးသေးခံလောင်တာရဲ့ အနေအထားက တော်တော်လေးပြင်းထန်တတ်ပေမယ့် အချို့ကလေးငယ်တွေမှာတော့ သိပ်မပြင်းထန်တာမျိုးလည်းရှိပါတယ်။ ဘာကြောင့် ကလေးသေးခံလောင်တာ လဲ စုပ်ယူမှုအားအရမ်းကောင်းပါတယ်ဆိုတဲ့သေးခံသုံးပေးမယ်ဆိုရင်တောင်မှ သေးခံတွေက အကုန်လုံးကို စုပ်ယူနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကလေးငယ်ရဲ့အရေပြား စိုစွတ်တာမျိုးက ဖြစ်နေစေဦးမှာပါပဲ။ ကလေးငယ်ရဲ့ သေးခံထဲမှာ ဆီးတွေ၊ ဝမ်းတွေရောသွားတဲ့အခါ ဒီအနေအထားက ဘက်တီးရီးယားတွေပေါက်ဖွားရှင်သန်ရလွယ်တဲ့ ဝန်းကျင်တစ်ရပ် ဖြစ်သွားပါလိမ့်မယ်။ ဝမ်းခဏခဏသွားတဲ့ ကလေးငယ်တွေနဲ့ ဝမ်းပျက်နေတဲ့ ကလေးငယ်တွေမှာ သေးခံလောင်တဲ့ဝေဒနာကို ပိုခံစားရတာပါပဲ။ ဂရုတစိုက်နဲ့ မပြတ်တမ်းစောင့်ကြည့်ပြီး သေးခံလဲပေးနေတဲ့ မိဘတွေရဲ့ ကလေးငယ်တွေမှာလည်း သေးခံလောင်တဲ့ပြဿနာ မရှိတာတော့မဟုတ်ပါဘူး။ ထိခိုက်တုံ့ပြန်လွယ်တဲ့အသားအရေက အရေပြားပြဿနာတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ အရေပြားကို သေးခံနဲ့ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

သင့်ကလေးက လူရှေ့သူရှေ့မှာ ပြောစကားနားမထောင်တဲ့အခါ ထိန်းသိမ်းနည်း (၄) သွယ်

ကလေးလေးတစ်ယောက်လူ့လောကထဲရောက်ကာစမှာ မိဘတွေရင်ခုန်ပျော်ရွှင်နေကြပေမယ့် တကယ်တမ်းမွေးဖွားပြီးနောက်ပိုင်းမှာ ပိုတာဝန်ကြီးလာပါတယ်။ လသားကလေးအတွက် အိမ်မှာပဲ အသေးစိတ်ဂရုစိုက်စောင့်ရှောက်ရတယ်ဆိုပေမယ့် ကလေးကနည်းနည်းအရွယ်ကြီးလာတာနဲ့ အရင်လိုအိမ်မှာပဲထားလို့မရတော့ပါဘူး။ တစ်နှစ်ဝန်းကျင် သိနားလည်တဲ့အရွယ်ရောက်တဲ့အခါ ကလေးကို မုန့်ဆိုင်ခေါ်သွားတာ၊ အပြင်ခေါ်သွားတာတွေ လုပ်လို့ရနေပါပြီ။ဖေဖေမေမေအပြင်သွားရင် သားတို့ မီးတို့လည်းလိုက်မယ်ပေါ့။ တစ်နှစ်အရွယ်ပဲဖြစ်ဖြစ် သုံးနှစ်ပဲဖြစ်ဖြစ်ပြဿနာက ကလေးဆိုတာ လိုချင်တာမရရင် ဂျီကျတတ်တဲ့အရွယ်လေးတွေမို့ လူကြားထဲရောက်ရင် မိဘတွေ အခက်ကြုံရတတ်ပါတယ်။ဈေးဝယ်တာ၊ အခမ်းအနားပွဲတက်တာ၊ အိမ်အလည်သွားတာ စတဲ့ သွားစရာကိစ္စရှိလာတိုင်း မခေါ်ဘဲထားခဲ့လို့လည်းမရ၊ခေါ်သွားရမှာလည်း တထိတ်ထိတ်နဲ့ဖေဖေမေမေတို့အဖြစ်က ချီတုံချတုံရယ်ပါ။ ကလေးနဲ့အတူ သွားလာရရင်တော့ ကလေးလည်းပျော် မိဘတွေလည်းပျော်ရပါတယ်။ ဒါပေမယ့်ဘေဘီတို့အပျော်က တာရှည်မခံပါဘူး၊ စိတ်မကြည်စရာတွေ့တာနဲ့၊ လိုချင်တာမရတာနဲ့ ပြန်မယ်တကဲကဲ ငိုတော့တာပါပဲ။ အဲဒီမှာပြဿနာစပါတယ်။ အိမ်မှာဆိုရင် ပြောဆိုတားမြစ်လို့ရတဲ့ကိစ္စတွေ၊လုပ်ရပ်တွေကိုတောင် လူရှေ့သူရှေ့မှာ စကားနားမထောင်တော့ပါဘူး။ တခါတလေ လူအများရှေ့မှာမို့ ဆူလို့မရ၊ချော့လို့မရအောင် လုပ်ချင်ရာလုပ်နေတဲ့အခါမျိုးဆို မိဘတွေအနေနဲ့ ဘယ်လိုထိန်းကြမလဲ။ စကားနားမထောင်တဲ့ ဒါမှမဟုတ် ငိုနေတဲ့ ကလေးကိုအကြမ်းနည်းသုံးလို့မရပါဘူး။ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း