ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးအရေပြားပြဿနာများ

ညစ်ပေတဲ့အရာတွေနဲ့ ကစားမိရာကနေ ကလေးမှာဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲ

ကလေးဆိုတာမျိုးကတော့ အမြဲလိုလိုဆော့ကြမှာပါပဲ။ ဒါပေမယ့်ဆော့တဲ့နေရာမှာ မသန့်ရှင်းတဲ့အရာတွေနဲ့ဆော့မိတဲ့အခါ ကလေးရဲ့အရေပြားမှာပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကလေးကိုဆော့တဲ့အခါ ဘာတွေနဲ့တော့ဆော့လို့ရတယ်။ ဘာတွေနဲ့ဆော့လို့မရဘူးလို့တော့ပြောပြဖို့က မလွယ်သလို ကလေးကစားနေတာကို တစ်ချိန်လုံးလိုက်ကြည့်နေဖို့ဆိုတာလည်း မဖြစ်နိုင်ပါဘူး။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးငယ်တွေ ညစ်ပေတဲ့အရာတွေနဲ့ဆော့လို့ဖြစ်လာတဲ့ အရေပြားပြဿနာတွေကို ဘယ်လိုပျောက်ကင်းအောင်စောင့်ရှောက်မှုပေးရမလဲဆိုတာကို သိထားဖို့လိုအပ်မယ်ထင်ပါတယ်။ ကလေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ဘယ်လိုကုသစောင့်ရှောက်မှုပေးရမလဲဆိုတာကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ဆော့တဲ့အခါ အခုလိုအရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ် နှင်းခူ ကလေးငယ်လေးတွေမှာဖြစ်တတ်တဲ့ အရေပြားပြဿနာတွေထဲက တစ်ခုပါ။ မျိုးရိုးရှိတဲ့ကလေးငယ်တွေမှာ ပိုဖြစ်နိုင်ပါတယ်။ ညစ်ပေတဲ့အရာတွေနဲ့ထိတွေ့တာ၊ အသားအရေကိုသေချာမထိန်းသိမ်းတာကြောင့် အသားအရေခြောက်သွေ့တာကနေတဆင့် အရေပြားမှာ နှင်းခူဖြစ်နိုင်ပါတယ်။ နှင်းခူဖြစ်တဲ့အခါ အရေပြားက နီမြန်းယားယံပြီး အရေခွံလန်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ကလေးအရေပြားမှာ နှင်းခူမဖြစ်စေချင်ဘူးဆိုရင်တော့ ကလေးအရေပြားကို အစိုဓါတ်ထိန်းပေးရပါမယ်။ Baby Oil ဒါမှမဟုတ် Baby Lotion တစ်ခုခု လူးပေးရပါမယ်။ ကလေးထိတွေ့မယ့်အရာတွေကို သန့်ရှင်းအောင်ထားပေးရပါမယ်။ ပွေး ပွေးက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ပြဿနာတစ်ခုပါ။ပွေးက အရေပြားမှာ မှိုပိုးဝင်တာကြောင့်ဖြစ်ရတာဖြစ်ပါတယ်။ သန့်ရှင်းမှုမရှိတဲ့ ပတ်ဝန်းကျင်အနေအထားတွေနဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေအတွက် Hair Conditioner

ကလေးငယ်လေးတွေကို ငယ်စဉ်ကတည်းကခေါင်းအစခြေအဆုံးဂရုစိုက်ပေးဖို့က မိဘတွေရဲ့တာဝန်ပါ။ မိဘတွေအနေနဲ့ ကလေးငယ်စဉ်ကတည်းက အသားအရေအမျိုးအစားပေါ်လိုက်ပြီး အသားအရေထိန်းသိမ်းတဲ့ပစ္စည်းတွေလည်းရွေးချယ်ပေးရသလို ဆံသားအမျိုးအစားကိုကြည့်ပြီးတော့ ခေါင်းလျှော်ရည်၊ conditionerတွေကိုလည်းရွေးချယ်ပေးရပါသေးတယ်။ ကလေးတစ်ယောက်မှာ ကျန်းမာသန်စွမ်းတဲ့ ဆံသားပိုင်ဆိုင်ဖို့ဆိုရင် ငယ်စဉ်ကတည်းက ဂရုစိုက်ပေးဖို့လိုပါမယ်။ အခုတစ်ခေါက်မှာတော့ ကလေးငယ်ရဲ့ဆံသားတွေကို ဘယ်လိုထိန်းသိမ်းပေးရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်။ ကလေးဆံသားအမျိုးအစားခွဲခြားမယ် ကလေးငယ်လေးတွေမှာလည်း ဆံသားအမျိုးအစားက အမျိုးမျိုးရှိပါတယ်။ ဆံသားထိန်းသိမ်းမှုမလုပ်ခင် အရင်ဆုံးသိထားဖို့လိုမှာက ကိုယ့်ရင်သွေးရဲ့ ဆံသားအမျိုးအစားကိုပါ။ ကလေးငယ်က - ဖြောင့်စင်းတဲ့ ဆံသားပိုင်ရှင် လှိုင်းတွန့်ပါတဲ့ ဆံသားပိုင်ရှင် အဆီပြန်တဲ့ဆံသားပိုင်ရှင် ခြောက်သွေ့တဲ့ဆံသားပိုင်ရှင်လားဆိုတာကိုသေချာခွဲခြားရပါမယ်။ ကလေးတွေကို တစ်ပတ် ဘယ်နှကြိမ်လောက်ခေါင်းလျှော်ပေးသင့်လဲ ကလေးငယ်လေးတွေက လူကြီးတွေလောက်လှုပ်ရှားရတာမျိုးမရှိတာကြောင့် ခဏခဏခေါင်းလျှော်ပေးတာမျိုး မလုပ်လည်းရပါတယ်။ ဒါပေမယ့် တစ်ကိုယ်ရည်သန့်ရှင်းမှုက ကျန်းမာရေးအတွက်အရေးပါတာကြောင့် ကလေးတွေကိုခေါင်းလျှော်တာကတော့ လုပ်ပေးဖို့လိုပါတယ်။ လမ်းလျှောက်တတ်စကလေးတွေဆိုရင်တော့ တစ်ပတ်ကို ၃ ကြိမ်လောက် ဆံပင်ဖြောင့်ပြီးအဆီပြန်တတ်တယ်ဆိုရင်တော့ တစ်နေ့ကို တစ်ကြိမ်ခန့် ဆံပင်ဖြောင့်ပြီး အဆီမပြန်ဘူးဆိုရင်တော့ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်လောက် ဆံပင်ကကောက်ပြီး […]


ကလေးအရေပြားပြဿနာများ

ကလေးအသားအရေနဲ့ ပတ်သက်ပြီး ဘာတွေများသိထားသင့်လဲ

အသစ်စက်စက်မိဘဖြစ်လာသူတွေအနေနဲ့ သားသမီးကိုအစစအရာရာသေချာဂရုစိုက်ပေးဖို့လိုပါမယ်။ ဒီလိုဂရုစိုက်ပေးတယ်ဆိုတဲ့နေရာမှာလည်း အဝတ်အစား အသုံးအဆောင်တွေကိုပါ ဂရုစိုက်ပေးရမှာပါ။ အသားအရေထိန်းသိမ်းတဲ့ပစ္စည်းရွေးချယ်တဲ့အခါမျိုးမှာလည်း ကလေးအသားအရေကိုထိခိုက်စေနိုင်တဲ့ ဓါတုပစ္စည်းတွေမပါဝင်တာမျိုးကိုရွေးချယ်မိဖို့လိုပါတယ်။ မွေးကင်းစကလေးငယ်ရဲ့အသားအရေက အရမ်းကိုနူးညံ့ပြီး ထိခိုက်ခံနိုင်ရည်ကလည်းတော်တော်လေးနည်းပါတယ်။ မိဘတွေအနေနဲ့လည်း ကလေးငယ်အသားအရေကို ထိခိုက်မှာကိုတော်တော်စိုးရိမ်တတ်ကြတာက အဆန်းတော့မဟုတ်ပါဘူး။ ကလေးတွေရဲ့ အသားအရေက အရမ်းကိုထိခိုက်လွယ်တာကြောင့်သေချာဂရုမစိုက်ပေးရင်တော့ အရေပြားပြဿနာတွေဖြစ်လာနိုင်ပါတယ်။ဖေဖေမေမေတို့ သိထားဖို့လိုမယ့် ကလေးအရေပြားနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို အခုဆောင်းပါးလေးထဲမှာပြောပြပေးချင်ပါတယ်။ မွေးကင်းစကလေးရဲ့ အသားအရေကနူးညံ့ချောမွေ့ဖို့ဆိုတာ မလွယ်ကူပါဘူး မွေးကင်းစကနေ တစ်နှစ်လောက်အတွင်းမှာ ကလေးငယ်ရဲ့ အသားအရေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့် အရေပြားပေါ်မှာ မိတ်လိုမျိုးအဖုပိမ့်တွေ၊ အသားအရေမညီညာတာနဲ့ အရေပြားပေါ်မှာ အနီရောင်အကွက်လေးတွေဖြစ်ပေါ်တာက ပုံမှန်လို့ပဲပြောရပါမယ်။ ကလေးအသက်တစ်နှစ်မပြည့်ခင်အထိ အရေပြားအပေါ်ယံလွှာက အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။မွေးကင်းစကလေးငယ်တွေရဲ့ အရေပြားဟာ အရွယ်ရောက်တဲ့ကလေးငယ်တွေရဲ့ အရေပြားထက် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီးပါးလွှာသလို အရေပြားခြောက်သွေ့တာနဲ့ ဓါတ်မတည့်တာကို ခံနိုင်ရည်ကလည်းတော်တော်လေးနည်းပါသေးတယ်။ ကလေးငယ်တွေကသေးခံကနေတဆင့် ဆီးတွေနဲ့ အညစ်အကြေးတွေ နဲ့ထိတွေ့မိတာမျိုးဖြစ်နိုင်တာကြောင့် အရေပြားဓါတ်မတည့်တာမျိုးခံစားရနိုင်ခြေက တော်တော့်ကိုများပါတယ်။ ဖေဖေမေမေတို့ သိထားသင့်တဲ့ကလေးအရေပြားနဲ့ပတ်သက်တဲ့အကြောင်းအရင်းများ ရေချိုးပေးတဲ့အခါ မိဘတွေက […]


ကလေးအပြုအမူနဲ့ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ ပြဿနာများ

ကလေးက စကားနားမထောင်တဲ့အခါ ထိန်းသိမ်းဆုံးမနိုင်မယ့် နည်းလမ်း ၈ ခု

ကလေးဆိုတာ ဆိုးနွဲ့ချင်တဲ့အရွယ်၊ အလိုမကျရင် ငိုယိုဂျီကျတတ်တဲ့အရွယ်လေးတွေဖြစ်လို့ စကားမတတ်ခင်ကတည်းက အမူအရာနဲ့ စိတ်ကောက်ကြ၊ ငိုယိုဆန္ဒပြတတ်ကြပါတယ်။ မွေးကင်းစအရွယ်မှာ ချစ်စရာအမူအရာလေးတွေဖြစ်ခဲ့တဲ့ အပြုအမူတွေဟာ သိတတ်နားလည်လာတဲ့တစ်နှစ်၊နှစ်နှစ်ကျော်တဲ့အရွယ်မှာတော့ စည်းကမ်းတကျ ထိန်းသိမ်းသွန်သင်သင့်လာပါပြီ။ ကလေးရဲ့ကိုယ်ခန္ဓါဖွံ့ဖြိုးကြီးထွားလာတာအပြင် ဉာဏ်ရည်နဲ့ အသိပညာ၊ ယဉ်ကျေးလိမ္မာမှုတွေပါ ဖွံ့ဖြိုးလာဖို့ကိုပါ ဂရုစိုက်ပေးရမှာဖေဖေမေမေတို့ရဲ့တာဝန်ပါ။ ပွဲအခမ်းအနားတွေသွားတာမျိုး လူကြားထဲ သွားလာတဲ့အခါပြောမရတားမရဖြစ်ခဲ့ရင် အခက်ကြုံရမှာဆိုတာထက် ကလေးရဲ့အမူအကျင့်လေး မှန်ကန်မှ၊ မိဘကိုယုံကြည်မှုရှိမှ သူ့ရဲ့အနာဂတ်အတွက် ကိုယ်က လမ်းပြလို့ရမှာပေါ့။ မဟုတ်ရင် တဆိတ်ရှိခြေဆောင့်ငိုယိုတောင်းဆိုလိုက်ရင် ရမှာပဲ လို့ ကလေးရဲ့မှတ်ဉာဏ်မှာ အတွေးမဝင်စေချင်ပါ။ စကားနားမထောင်တဲ့ ကလေးတစ်ယောက်ကို ထိန်းသိမ်းဖို့ဆိုတာ အစတည်းကတတ်ကြတဲ့အရာတော့ မဟုတ်ပါဘူး။ သားသမီးရှိလာတဲ့အခါမှ အတွေ့အကြုံကသင်ပေးသွားတာပါ။ ဒါပေမယ့် ကလေးကိုထိန်းတဲ့နေရာမှာ အမျိုးမျိုးရှိပါတယ်။ တချို့က အလိုလိုက်တယ်၊ တချို့က အကြမ်းနည်းနဲ့စည်းကမ်းပေးတယ်၊ တချို့က ဉာဏ်ရှိရှိနဲ့ ကလေးကိုစည်းရုံးပြီးသွန်သင်ထိန်းသိမ်းပါတယ်။ ဘာနည်းပဲသုံးသုံး ကလေးငြိမ်သွားဖို့၊ ကိုယ့်စကားနားထောင်ဖို့ချည်းပဲ အဓိကထားလို့မရပါဘူး။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

Baby wipes ကိုအမြဲတမ်းတပါတည်း ယူသွားသင့်တဲ့အကြောင်းအရင်း

ကလေးငယ်လေးတွေရှိတဲ့ မိဘတွေအနေနဲ့ အပြင်သွားတဲ့အခါ ကိုယ်နဲ့တပါတည်းယူဆောင်သွားရမယ့် အရာတွေကတော်တော်လေးတော့များပါတယ်။ ကလေးအတွက်နို့ဗူး၊ အဝတ်အစားအပိုတစ်စုံ၊ ဦးထုပ်၊ခြေအိတ်လက်အိတ်လေးတွေ၊ ကလေးသေးခံ နဲ့ baby wipes တို့ကိုယူသွားဖို့လိုပါမယ်။ ကလေးတွေနဲ့အပြင်သွားတဲ့အခါ သူတို့လေးတွေရော ကိုယ်တိုင်ပါအဆင်ပြေစေဖို့က သူတို့အတွက်လိုအပ်လောက်မယ့် ပစ္စည်းတွေကိုယူသွားဖို့ပါ။ ဒီတစ်ခေါက်တော့ ဘေဘီလေးတွေနဲ့ အပြင်သွားတဲ့အခါ ကလေးတွေအတွက်အသုံးပြုတဲ့ တစ်သျှူးအစို (baby wipes) လေးတွေကို ယူသွားတာက ဘယ်လိုအသုံးဝင်လဲဆိုတာလေးကိုပြောပြလိုပါတယ်။ Baby wipes ကဒီလိုလေးတွေ အသုံးတည့်ပါတယ် အလွယ်တကူသန့်ရှင်းအောင်လုပ်လို့ရပါတယ် ကလေးအတွက်ယူလာတဲ့ အသုံးအဆောင်တွေမတော်တဆပြုတ်ကျသွားရင်ဖြစ်ဖြစ်၊ ကစားစရာလေးတွေပေရေသွားရင်ဖြစ်ဖြစ် သန့်ရှင်းပေးဖို့သုံးလို့ရပါတယ်။ ကလေးကိုခြေလက်တွေသန့်စင်ပေးချင်တဲ့အခါမျိုးမှာလည်းရေအလွယ်တကူမရနိုင်တဲ့ အနေအထားမျိုးမှာ baby wipes ကိုအသုံးပြုပေးလို့ရပါတယ်။ Baby wipes ကို ကလေးငယ်တွေအတွက်တင်မကဘဲ ကိုယ်တိုင် လက်တွေကိုသန့်ရှင်းချင်တာပေရေသွားတဲ့အသုံးအဆောင်တွေကို သန့်စင်ချင်တဲ့အခါမျိုးမှာ အလွယ်တကူသုံးလို့ရပါတယ်။ သေးခံလဲပေးတဲ့အခါ သုံးလို့ရပါတယ် ကလေးကိုသေးခံလဲပေးတဲ့အခါမျိုးမှာလည်း ကလေးကိုသေးခံအသစ်မလဲပေးခင် baby wipes ကိုသုံးပြီး သန့်စင်ပေးလို့ရပါတယ်။သေးခံဝတ်ထားတဲ့နေရာတွေကိုလည်း baby wipes […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေး ကို နူးညံ့ချောမွတ်တဲ့အသားအရေ ပိုင်ဆိုင်စေဖို့ ဘာတွေလုပ်ပေးမလဲ

လူကြီးတွေမှာတောင် အသားအရေလေးက နူးညံ့နေတာပဲ၊ ကလေးလေးကျနေတာပဲလို့ ပြောတတ်ကြတယ်။ ကလေး တွေရဲ့အသားအရေက နူးညံ့တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီအတိုင်းဆက်ပြီး အပြစ်အနာအဆာကင်းပြီး ချောမွတ်နေဖို့၊ အသားအရေလှဖို့ကတော့ ဖေဖေမေမေတို့ရဲ့တာဝန်ပါပဲ။ ကလေးလေးတွေကို အာဟာရဓါတ်ပြည့်ဝအောင်ကျွေးမွေးဖို့ စဉ်းစားရသလို သူတို့ရဲ့အရေပြားကျန်းမာရေးအတွက် လိုအပ်တဲ့ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ပေးရပါမယ်။ ဒီအချက်လေးတွေအတိုင်း လုပ်ပေးမယ်ဆိုရင် အသားအရေနူးညံ့စိုပြေတဲ့ သားသားမီးမီးလေးတွေဖြစ်လာမှာပါ။ အာဟာရကို ဂရုစိုက်ပါ ကလေးတွေက ပေါက်ကရ သရေစာတွေ၊မုန့်တွေ မက်မောပြီး အစားအသောက်ကိုကြေးထူတတ်ကြပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီတဲ့အစာတွေကိုဆိုရင်ပေါ့။ကွေကာအုပ်နဲ့ သစ်သီးတွေ မကြာခဏကျွေးခြင်းအားဖြင့် အာဟာရပိုပြည့်ဝစေမှာပါ။ အသီးအနှံတွေက ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝပြီး free radical တွေကြောင့်ဖြစ်တဲ့ ထိခိုက်မှုကို ဟန့်တားပေးနိုင်ပါတယ်။ အရေပြားထိခိုက်ပျက်စီးမှုနဲ့ အသားအရောင်မညီခြင်းကို ထိန်းချုပ်ကုသနိုင်စွမ်းရှိလို့ ကလေးရဲ့အသားအရေအတွက် အကျိုးကျေးဇူးများပါတယ်။ ရေများများတိုက်ပါ ဘယ်သူမဆို ရေကို ထိုက်သင့်တဲ့ပမာဏအထိ သောက်သုံးသင့်သလို ကလေးငယ်တွေကိုလည်းရေတိုက်မနည်းပါစေနဲ့။ ခန္ဓါကိုယ်မှာရေဓါတ်ပြည့်ဝနေမှ ခန္ဓါကိုယ်ကအဆိပ်အတောက်တွေမှန်သမျှ ရေနဲ့အတူစွန့်ထုတ်ပြီး အသားအရေကြည်လင်၊သန့်စင်လာစေမှာပါ။ ခရမ်းချဉ်သီးအနှစ်နဲ့ ဒိန်ချဉ် ခရမ်းချဉ်သီးဟာ ချေးချွတ်နိုင်တဲ့သဘာဝအာနိသင်ရှိပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးငယ်တွေကို Baby Lotion အသုံးပြုပေးတာကနေရရှိနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူး ၈ ခု

အသားအရေထိန်းသိမ်းတာကို အရွယ်မရွေးလုပ်သင့်ပါတယ်။ အသားအရေကလူတစ်ယောက်ရဲ့ သွင်ပြင်ကိုတော်တော်လေး သက်ရောက်မှုရှိစေနိုင်တဲ့အရာပါ။ လူကြီးတွေက အသားအရေကို ကိုယ်တိုင်စောင့်ရှောက်နိုင်တယ်ဆိုပေမယ့်ဘေဘီလေးတွေကိုတော့မေမေတို့ကစောင့်ရှောက်ပေးရမှာဖြစ်ပါတယ်။ ကလေးတွေရဲ့ အသားအရေက လူကြီးတွေအသားအရေထက်တုံ့ပြန်လွယ်တာကြောင့်ပိုပြီးဂရုစိုက်ပေးဖို့လိုပါမယ်။ အရမ်းဂရုစိုက်ပေးရလို့အလုပ်ရှုပ်မယ်လို့တော့မထင်ပါနဲ့။ လွယ်လွယ်ကူကူနဲ့ ကလေးအသားအရေကိုထိန်းသိမ်းပေးနိုင်မယ့်နည်းကိုပြောပြပေးပါ့မယ်။ ဒါကတော့ ကလေးငယ်ကို Baby Lotionလူးပေးတာပါပဲ။ Baby Lotionက နူးညံ့ပါးလွှာပြီးထိခိုက်လွယ်တဲ့ကလေးငယ်လေးတွေရဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားခြောက်သွေ့မှုကြောင့်ဖြစ်တဲ့ပြဿနာတွေ မဖြစ်လာအောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။ ကလေးလေးတွေကို Baby Lotion လူးပေးတာက ဘယ်လိုအကျိုးရှိစေမလဲ ကလေးငယ်တွေကို Baby Lotionအသုံးပြုပေးတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။ ၁) အသားအရေမခြောက်သွေ့အောင်ကာကွယ်ပေးတယ် Baby Lotionတွေက ကလေးငယ်တွေရဲ့ အသားအရေကိုခြောက်သွေ့ကြမ်းတမ်းတာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ အသားအရေခြောက်သွေ့တာက ကလေးတွေမှာဖြစ်တတ်တဲ့အရေပြားပြဿနာတွေရဲ့အကြောင်းရင်းခံဖြစ်တာကြောင့် အရေပြားမခြောက်သွေ့အောင်ကာကွယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မရတဲ့အကြောင်းအရင်းတစ်ရပ်ပါ။ ကလေးအရေပြားခြောက်သွေ့မှုမဖြစ်အောင်ကာကွယ်ပေးချင်တယ်ဆိုရင်တော့ ကလေးကို Baby Lotionလေးပုံမှန်လူးပေးပါ။ ၂) နေမလောင်အောင်ကာကွယ်ပေးတယ် ကလေးငယ်လေးတွေဟာ ငယ်စဉ်အရွယ်မှာ ခရမ်းလွန်ရောင်ခြည်နဲ့ထိတွေ့မှုများမယ်ဆိုရင် အသက်ကြီးလာတဲ့အခါ အရေပြားကင်ဆာဖြစ်နိုင်ခြေတော်တော်လေးများလာပါတယ်။ ကလေးငယ်လေးတွေရဲ့ အသစ်စက်စက်အရေပြားကနေရောင်ဒဏ်ကိုကာကွယ်နိုင်စွမ်းတော်တော်လေးနည်းပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကျန်းမာပျော်ရွှင်သော ရင်နှစ်သည်းချာလေးတွေဖြစ်စေဖို့

မိခင်တွေက သားသမီးတွေအပေါ် ကမ္ဘာပေါ်မှာရှိတဲ့ အခြားဘယ်အရာထက်မဆို ပိုပြီးချစ်ခင်ကြင်နာကြပါတယ်။ နေမင်းကြီးသာ အနောက်ကနေ ထွက်လာနိုင်မယ် မိခင်တွေရဲ့ သားသမီးတွေအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာကတော့ ဘယ်တော့မှ မပျောက်မပျက်နိုင်ပါဘူး။ ကိုယ့်ရဲ့ရင်သွေးလေးတွေကို ဝမ်းထဲမှာ ကိုးလလောက်လွယ်ထားပြီ အသက်နဲ့ရင်းမွေးဖွားခဲ့ကြသူတွေဖြစ်လို့ မိခင်တို့ရဲ့ ချစ်ခြင်းမေတ္တာဟာ သားသမီးတွေအပေါ်မှာ အနှိုင်းမဲ့ပါ။ သားသမီးဆီကနေ ပြန်ရကောင်းစေသဘောထားပြီး ကျွေးမွေးပြုစုပျိုးထောင်တဲ့မိခင်ဆိုတာ မရှိတဲ့အတွက် မိခင်တွေရဲ့ ချစ်ခြင်းမေတ္တာဟာ အဖြူထည်သပ်သပ်ဖြစ်ပြီး အေးချမ်းပါတယ်။ မိခင်ရော ဖခင်ရောဟာ သူတို့ရဲ့ ရင်နှစ်သည်းချာလေးတွေကို ချစ်ခင်ကြင်နာတဲ့စိတ်နဲ့ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာစေဖို့သာ ဆန္ဒရှိကြသူတွေပါ။ သူတို့ရဲ့ သားသမီးလေးတွေနဲ့ပတ်သက်လို့ တခြားဘာရယူလိုမှုမှမပါ ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာမှုကသာ သူတို့အတွက် အနှိုင်းမဲ့ပီတိဖြစ်စေတာပါ။ ကလေးလေးတစ်ယောက်ပျော်ပျော်ရွှင်ရွှင်ကြီးပြင်းလာမှုက သူတို့ရဲ့လေးတွေရဲ့ အနာဂတ်ဘဝအောင်မြင်မှုအပေါ်မှာပါ အများကြီးသက်ရောက်မှုရှိနေပါတယ်။ ငယ်ရွယ်စဉ်ကတည်းက ကြီးပြင်းလာတဲ့တလျှောက် ပျော်ရွှင်မှုကို ခံစားလာရတဲ့ ကလေးငယ်တွေက ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်းပိုများတတ်ကြပါတယ်။ မိဘတွေဟာ သားသမီးတွေရဲ့ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို မဖြစ်မနေ ပြောပြထားရမယ့် အချက်(၇)ချက်

သက်ငယ်မုဒိမ်းမှုတွေဟာ လက်ရှိ ကျွန်တော်တို့နိုင်ငံမှာ အင်မတန်မှကို အတွေ့ရများနေတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ဆင်းရဲပြီး ပညာမတတ်၊ လူနေမှုအဆင့်အတန်း နိမ့်ကျတဲ့အသိုင်းအဝိုင်းမှာ ဒီပြဿနာတွေ ဖြစ်နိုင်ချေ ပိုများပေမယ့် ဘယ်ကလေးမဆို ကြုံတွေ့ရနိုင်ပါတယ်။ လက်ရှိအရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးတွေနဲ့ စကားပြောကြည့်တဲ့အခါ အဓမ္မပြုကျင့်မှုလောက်ထိ မဟုတ်တောင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ပုံစံတစ်မျိုးမျိုးနဲ့ ငယ်စဉ်အခါက ကြုံတွေ့ခဲ့ကြရဖူးတာကို အံ့အားသင့်ဖွယ် သတိထားမိခဲ့ပါတယ်။ ကလေးတွေဟာ လူကြီးထက်စာရင် အသိပညာနည်းပါတယ်။ ခွန်အားနည်းပါတယ်။ ဒီအတွက် ကလေးကို အလွယ်တကူ အနိုင်ကျင့်လို့ ရတယ်။ အကြမ်းဖက်လို့ ရတယ်။ ဒါက လူကြီးနဲ့ ကလေးကြားက ကွာခြားချက်တွေ။ ကလေးတစ်ယောက်ကို တွေ့တဲ့အခါ ကိုယ်ကျင့်သိက္ခါ ကောင်းသူက ဒီကွာခြားချက်ကို အလွဲသုံးစား မလုပ်ဘူး။ ကလေးကို စောင့်ရှောက်ပေးမယ်။ ကာကွယ်ပေးမယ်။ ဒီလို ကိုယ်ကျင့်သိက္ခါ […]


ကလေးအရေပြားပြဿနာများ

မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ

အရေပြားပြဿနာက အရွယ်သုံးပါးလုံး ရှောင်လွဲလို့ မရတဲ့ ပြဿနာပါ။ ဒါပေမယ့် အချို့ အရေပြားပြဿနာတွေက လူကြီးတွေထက် ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ အခုတစ်ခေါက်ကတော့ မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြား ပြဿနာလေးတွေအကြောင်း ပြောပြပေးချင်ပါ။ ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ မြန်မာနိုင်ငံက ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေက ပြတ်ရှဒဏ်ရာ ကုတ်ခြစ်ဒဏ်ရာ အနာစိမ်း ပိုးကောင်ကိုက်တာ နို့ပွေး ဝဲ နှင်းခူ ရေကျောက် အင်ပျဉ် ကြွက်နို့ အသားအရေခြောက်သွေ့ခြင်း အရေပြားပြဿနာတွေကို အဖြေရှာကြမယ် အရေပြားပြဿနာ ဖြစ်တဲ့အခါ ဘာဖြစ်တာလဲ ဆိုတာကိုသေချာသိမှ ကုသမှုလုပ်ဖို့လည်း ပိုမိုလွယ်ကူမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအရေပြားမှာဖြစ်တဲ့လက္ခဏာလေးတွေက ဘယ်အရေပြားပြဿနာလည်းဆိုတာ သေသေချာချာ သိနိုင်ဖို့  ကလေးတွေမှာ အဖြစ်များတဲ့ အရေပြားပြဿနာတွေ က ဘာတွေလဲ ဆိုတာကို ဆက်ကြည့်လိုက်ကြမယ်နော်။ ပွေး ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေကြောင့် ဖြစ်တာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း