ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ကလေးများ ကိုယ်နေဟန်ထားမှန်ကန်ရေး

ကိုယ်နေဟန်ထားမှန်ကန်ခြင်းဟာ ကိုယ်ခန္ဒါရဲ့ အစိတ်အပိုင်းတချို့ကို အလွန်အကျွံ အားစိုက်ရခြင်းကနေ ကာကွယ်ပေးပါတယ်။ ဒီအားစိုက်မှုဟာ ကိုယ်ခန္ဓါအပေါ် သက်ရောက်မှု ရှိပါတယ်။ ကလေးများအတွက် ဘယ်လို ကိုယ်နေဟန်ထားတွေက ကောင်းသလားဆိုတာ တွေးတောဖူးပါသလား။ ကိုယ်နေဟန်ထား မကောင်းရတဲ့ အကြောင်းအရင်းများ ကလေးများမှာဆိုရင် - ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်မှုပုံစံ - အာဟာရဓါတ်မပြည့်ဝမှု - စံမမီသော ဖွံ့ဖြိုးတိုးတက်မှု စတာတွေကြောင့် ဖြစ်ပါတယ်။ ကျောင်းနေ ဆယ်ကျော်သက်အရွယ်တွေဆိုရင် - အဝလွန်ခြင်း - အလှုပ်ရှားနည်းပြီး အထိုင်များသော လူနေမှုပုံစံ - ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း - အတုခိုးမှားခြင်း။ ၃-၅နှစ်အရွယ် ကလေးများဟာ တခြားလူတွေရဲ့ ကိုယ်နေဟန်ထားကို အတုခိုးတတ်တဲ့ အလေ့အကျင့်ရှိပါတယ်။ ဒါကြောင့် အတုခိုးမှားရင် ကိုယ်ဟန်နေထား မကောင်း ဖြစ်သွားတတ်ပါတယ်။ - ကျောင်းလွယ်အိတ်အလေးကြီးများ သယ်ရခြင်း။ ကလေးများအတွက် သင့်တော်တဲ့ ကျေင်းလွယ်အိတ် အလေးချိန်ကတော့ အဲဒီကလေး ကိုယ်အလေးချိန်ရဲ့ ၃၀% ပဲ […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု

နေ့ကလေးထိန်းကျောင်းသွားကြသော ကလေးများသည် အိမ်မှနေသော ကလေးများထက် ပိုပြီး တော်ကြတတ်ကြသည်

ဘယ်မိဘမှ မိမိတို့ကလေးကို ဂရုစိုက်ဖို့ အိမ်မှာ တနေ့လုံး မနေနိုင်ကြပါဘူး။ ဒါကြောင့် နေ့ကလေးထိန်းကျောင်းများမှာ မိဘအများစုရဲ့ ရွေးချယ်စရာဖြစ်လာပါတယ်။ မူကြိုကျောင်းပို့သော ကလေးများဟာ မိဘတွေဆီက ချစ်ခြင်းမေတ္တာကို မရကြဘူးလို့ လူတချို့က စိတ်ပူကြပါတယ်။ ဒါပေမယ့် အများထင်သလို မဟုတ်ဘဲ ဒီကျောင်းတွေဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိတဲ့ ပတ်ဝန်းကျင်ဘဲ ဖြစ်ပါတယ်။ နေ့ကလေးထိန်းကျောင်းများရဲ့ အကျိုးကျေးဇူးများ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု ကလေးများဟာ ကျောင်းကို စရောက်ခါစနေ့မှာ တုံ့ပြန်မှုမျိုးစုံ လုပ်ကြပါတယ်။ ကလေးတချို့ဟာ မိဘတွေနဲ့ ခွဲရတာကြောင့် ကန်ကျောက် အော်ဟစ်ငိုယို ကြပါတယ်။ တချို့ကတော့ ခံစားချက်ကို ညှိယူနိုင်ပြီး သူငယ်ချင်းအသစ်များကို ပေါင်းသင်းဖို့ ကြိုးစားကြပါတယ်။ ဘယ်လိုပဲဖြစ်စေ နေ့ကလေးထိန်း ကျောင်းများဟာ ကလေးတွေအနေနဲ့ ကျောင်းပျော်ပြီး အတန်းကြီးတွေ တက်ရတဲ့အခါ ကြောက်ရွံ့မှု ဖြစ်မနေအောင် စီမံထားကြပါတယ်။ အမူအကျင့်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးခြင်း အရည်အသွေးမြင့် […]


ဆယ်ကျော်သက်လူငယ် စိတ်ပိုင်းဆိုင်ရာ

ဆယ်ကျော်သက်များ ခံစားမှုကောင်းစေဖို့ သုံးသောအရာများ (အလွဲသုံးခြင်း)

ဆေးများနဲ့ အရက်တွေဟာ အတိတ်မှာ ကျန်ခဲ့ပါပြီး။ ဒီနေ့ ဆယ်ကျော်သက်များဟာ ဆေးရှူဖို့အတွက် ပိုပြီး ရူးသွပ်လာကြပါတယ်။ ဒီပြသနာတွေကို သိပြီး ပညာရေး စီမံချက်တွေ ဆောင်ရွက်နိုင်ဖို့၊ ကလေးတွေကို ကာကွယ်ဖို့ သူတို့ဘာတွေ လုပ်ကြသလဲဆိုတာ သိထားသင့်ပါတယ်။ ဒါပေမယ့် သူတို့ဘာတွေသုံးနေသလဲဆိုတာကို မြင်ရရင် သင်အရမ်းအံ့သြသွားနိုင်ပါတယ်။ ဆေးရှူခြင်း Twix ဒါဟာ နာမည်ကျော် သကြားအုပ် ကွတ်ကီးချောင်း ဖြစ်ပြီး ကလေးများ ဆေးရှူဖို့လည်း သုံးကြပါတယ်။ ဒီစားစရာကို မီးရှို့ပြီး ဘယ်လိုရှူမလဲ ဆိုတဲ့ ဗီဒီယိုတွေ အင်တာနက်ပေါ်မှာ အများကြီးတွေ့နိုင်ပါတယ်။ Twix ဟာ လူတွေကို ခံစားချက် ကောင်းစေခြင်း ရှိမရှိကိုတော့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိသေးပါဘူး။ ဒါပေမယ့် မိဘများအနေနဲ့ ဒီနည်းလမ်းကို သိထားသင့်ပါတယ်။ အိမ်တွင်း ပစ္စည်းများ အမြင်အရ အန္တရာယ်မရှိဘူးလို့ သိထားတဲ့ အိမ်တွင်းသုံး ပစ္စည်းတွေ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ညီအကိုမောင်နှမများ ပြိုင်ဆိုင်မှုများအား ကိုင်တွယ်ခြင်း

ပဋိပက္ခ စဖြစ်လာရင် ဘာလုပ်မလဲ အများစု ယုံကြည်တဲ့အချက်နဲ့ မတူတာကတော့ ကျွမ်းကျင်သူများက အကြံပြုတာဟာ မိဘများအနေနဲ့ မိမိကလေးများ အချင်းချင်းရန်ဖြစ်တဲ့အခါ လူအများနဲ့ သက်ဆိုင်တဲ့နေရာ မဟုတ်ရင်၊ အန္တရာယ် ကြီးကြီးမားမား မဖြစ်လောက်ရင် စောစီးစွာ ဝင်ဟန့်တာမျိုး မလုပ်ရဘူးလို့ ဆိုပါတယ်။ ကလေးများ စကားများရန်ဖြစ်တာကို လုံးလုံး ခွင့်မပြုခြင်းဟာ သူတို့ရဲ့ကိုယ်ပိုင် ပြသနာဖြေရှင်းနိုင်စွမ်းကို အဟန့်အတား ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကလေးများရဲ့ စိတ်ထဲမှာ စွဲသွားမှာက ပြသနာတခုခုကြုံမယ်ကြံတိုင်း တယောက်ယောက်က လာပြီး ကူညီ ကယ်တင်နိုင်လိမ့်မယ် ဆိုတာပါပဲ။ နောက်တချက်က ကလေးတယောက်ဟာ ကျန်တဲ့တယောက်ထက် ပိုပြီး မျက်နှာသာ ပေးခံရတယ်လို့ မှားယွင်းပြီး နားလည်သွားနိုင်ပါတယ်။ ကလေးများကို သူတို့ဖာသာ ပြသနာဖြေရှင်းစေတာ အကောင်းဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် ဝင်ရောက်ဟန့်တားဖို့ လိုအပ်ရင် အောက်ပါအချက်တွေကို စဉ်းစားရပါမယ်။ […]


ကလေးအရေပြားပြဿနာများ

ကလေးတွေမှာဖြစ်တဲ့ အသားအရည် ခြောက်သွေ့ခြင်း

ကလေးများ(ရင်သွေးငယ်တွေမှာတောင်မှ) အကြောင်း အမျိုးမျိုးကြောင့် အသားအရေ ခြောက်သွေ့တာမျိုးဖြစ်နိုင်ပါတယ်။ အဲလို ဖြစ်တာက သေစေနိုင်လောက်တဲ့ ပြသနာ မဟုတ်ပေမယ့် မကုသဘဲထားရင် မသက်မသာ နဲ့ ယားယံပြီး စိတ်အနှောက်အယှက်ဖြစ်တာတွေခံစားရမှာပါ။ အောက်မှာ ဖော်ပြမယ့် အချက်တွေက ကလေးတွေမှာ ဘာ့ကြောင့် အဲလိုဖြစ်ရတယ်၊ ဘယ်အချိန်မှာ ဆရာဝန်သွားပြပြီး သင့်ကလေး အရေပြား ပြန်ကောင်းလာအောင် ကုသမှုခံယူသင့်တယ် ဆိုတာတွေပဲဖြစ်ပါတယ်။   အသား အရေခြောက်ခြင်း ကို ဖြစ်စေသော အကြောင်းအရင်းများ။ ကလေးအများစု ( အထူးသဖြင့် အပတ်၄၀ကျော်မှ မွေးတဲ့ကလေးများ) မှာ မွေးပြီးတဲ့အချိန် ကတည်းက အသားအရေခြောက်သွေ့ခြင်းတွေ ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်ရတာက ပုံမှန်ပါပဲ။ ပြီးတော့ အဲလိုဖြစ်တာက အချိန်တို အတွင်းပျောက်သွားနိုင်ပါတယ်။ ကလေးရဲ့ ပုံမှန်ဖြစ်နေကျတွေကြောင့် မဟုတ်ဘဲ ရေအများကြီးချိုးခြင်း(သို့) ဆပ်ပြာ အလွန်အကျွံအသုံးပြုခြင်း တွေက လည်း ကလေးရဲ့ […]


အခြားကလေးကျန်းမာရေးပြဿနာများ

ကလေးများ ဓါတ်လိုက်ခြင်း

ဓါတ်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ မတော်တဆ ဖြစ်ရပ်တွေဟာ ၁၉၉၇မှာ ကလေးပေါင်း ၆၀၀၀ ကျော်ကို ဆေးရုံကိုရောက်စေခဲ့ပါတယ်။ ဓါတ်လိုက်ခြင်းနဲ့ ပတ်သက်တဲ့ ဒဏ်ရာတွေရဲ့ ၇၀%ဟာ လျှပ်စစ်မီးကြိုးတွေ၊ ပလပ်ပေါက်တွေကို ကိုင်တွယ်ကစားတဲ့ ၅နှစ်အောက် ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ ကလေးဟာ အိမ်သုံးပစ္စည်းတွေကို ထိရုံပဲထိမိရင် လက်ကိုပြန်ဆွဲနိုင်ပြီး ဆိုးရွားတဲ့ အန္တရာယ်မဖြစ်တတ်ပါဘူး။ ဒါပေမယ့် ရေထဲမှာ မတ်တပ်ရပ်မိနေချိန်ကိုင်မိရင်၊ ဝါယာကြိုးကို ကိုက်မိရင် လျှပ်စစ်စီးကြောင်းဟာ သွေးကြောနဲ့ အာရုံကြောတွေကို ဖြတ်စီးသွားပြီး သတိလစ်တာတွေ၊ နှလုံးခုန်ရပ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓါတ်လိုက်တဲ့ ကလေးတွေကို ဘယ်လို ရှေးဦးပြုစုမယ်ဆိုတာ သိထားသင့်ပြီး မဖြစ်အောင်လည်း ကြိုတင်ကာကွယ်သင့်ပါတယ်။ ဓါတ်လိုက်ခြင်းဆိုတာ ဘာလဲ လူတယောက်ဟာ လျှပ်စစ်ဓါတ်နဲ့ ထိတွေ့ရင် ဓါတ်လိုက်တတ်ပါတယ်။ လျှပ်စစ်စီးကြောင်းဟာ ကိုယ်ခန္ဓါကို ဖြတ်စီးသွားပြီး ရှော့ဖြစ်စေပါတယ်။ ကလေးတွေဟာ လျှပ်စစ်ဓါတ်တွေနဲ့ ထိတွေ့မိတဲ့အခါ […]


ကလေးငယ်အာဟာရ

ကလေးများကို ဖျော်ရည်မတိုက်မီ သတိပြုရမည့် အချက် ၆ချက်

မိဘများဟာ ကလေးများကို မနက်စာကျွေးရာမှာ ဖျော်ရည်တမျိုးမျိုးကို မပါမဖြစ်အနေနဲ့ တိုက်ကျွေးတတ်ကြပါတယ်။ ဖျော်ရည်များဟာ အရသာရှိပြီး အလွယ်ရနိုင်အေမယ့် သတိပြုသင့်တဲ့ အချက်တွေ ရှိပါတယ်။ ဖျော်ရည်များမှာ အမျှင်ဓါတ်ပါဝင်မှု နည်းပါတယ် ဖျော်ရည်တွေဟာ အသီးတခုလုံးထက်စာရင် အမျှင်ဓါတ်နည်းပါတယ်။ အိမ်မှာဖျော်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်ကနေ မှာတာဖြစ်ဖြစ် အခွံချွတ်ပြီး အမှုန်အမွှားတွေကို ဖယ်ရှားဖို့ အလွန်အကျွံ ဆေးကြောခြင်းတွေ ပါဝင်ပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် အသီးမှာပါဝင်တဲ့ အမျှင်ဓါတ်ထက် ဖျော်ရည်မှာ ပါဝင်မှု နည်းပါးသွားပါတယ်။ ဒါ့အပြင် ဖျော်ရည်ပြုလုပ်ရာမှာ ဘက်တီးရီးယားတွေကို သေအောင် ပိုးသတ်ဖို့လိုပါတယ်။ အဲဒီအခါ အစာခြေဖို့ အားပေးတဲ့ အကျိုးပြုဘက်တီးရီးယားများကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် ပိုးသတ်ခြင်းကြောင့် ဗီတာမင်နဲ့ ဓါတ်ဆားတွေကိုပါ ပျက်စီးစေပါတယ်။ သင့်ရဲ့ကလေးဟာ အသီးကို စားမယ်ဆိုရင် အာဟာရဓါတ်၊ အမျှင်ဓါတ်တွေ အများအပြားရပြီး သကြားဓါတ်ကို နည်းပါးစွာပဲ ရမှာဖြစ်ပါတယ်။ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

သင့်ကလေးကို အစားစကျွေးချိန် သိသင့်သော အချက် ၆ချက်

သင့်ကလေးကို အစားစကျွေးချိန်ဟာ အရေးအကြီးဆုံး ဖွံ့ဖြိုးမှုမှတ်တိုင်တခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သင့်ကလေးကို အစားစကျွေးချိန်မှာ သိသင့်တဲ့အချက်တွေ ဆွေးနွေးထားပါတယ်။ အစားစကျွေးဖို့ သင့်တော်တဲ့အချိန်ရွေးချယ်ပါ ကျွမ်းကျင်သူများကတော့ ကလေးအသက် ၄-၆လမှာ အစားစကျွေးဖို့ ညွှန်းဆိုကြပါတယ်။ ဒါပေမယ့် ကလေးအားလုံးဟာ တပြေးညီတော့ မဟုတ်ပါဘူး။ တချို့ကလေးများဟာ အစားစစားဖို့ အချိန်ပိုယူ ရတတ်ပါတယ်။ အစာစကျွေးဖို့ သင့်တော်တဲ့ အချိန်ကတော့ ကလေးဟာ အကူအညီမလိုဘဲ မတ်မတ်ထိုင်နိုင်တဲ့အချိန်ပဲ ဖြစ်ပါတယ်။ ဒါမှမဟုတ် ကလေးများ ခေါင်းလှည့်နိုင်တဲ့အချိန်၊ အစားကို ဝါးစားနိုင်တဲ့အချိန် ဖြစ်ပါတယ်။ ကလေးများကို မိခင်နို့ဆက်တိုက်သင့်ပါတယ် မိခင်နို့ကနေ အဖတ်ကို လုံးဝပြောင်းကျွေးလိုက်ရင် ကလေးရဲ့ အစာခြေစနစ်ကို ခက်ခဲစေပါတယ်။ ရုတ်တရက်ပြောင်းလဲလိုက်မယ့်အစား အဖတ်ကို ဖြည်းဖြည်းချင်းပြောင်းကျွေးရပါမယ်။ မိခင်နို့နေရာမှာ လုံးဝအစားမထိုးဖို့ သတိပြုပါ။ ကလေးပြောင်းဆန်များကို စကျွေးပါ ကလေးပြောင်းဆန်များ (Cereal) စကျွေးနိုင်ပါတယ်။ ဈေးကွက်ထဲမှာ အရသာမျိုးစုံနဲ့ ရနိုင်ပါတယ်။ သံဓါတ်အားဖြည့်ထားတဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၁)

မိမိကလေး ကျောင်းတက်စ နှစ်တွေဟာ မိဘတွေ အနေနဲ့ သားသမီးရဲ့ ပညာရေးအခြေအနေကို သိမြင်နိုင်ပြီး အထောက်အပံ့ပေးဖို့ အရေးကြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ၁။ သင့်ကလေးရဲ့ကျောင်းကိစ္စတွေမှာ ပါဝင်ပါ ကျောင်းဖွင့်စရက်တွေမှာမှာ သင့်ကလေးနဲ့ အတူရှိနေတာ ကောင်းပါတယ်။ ကလေးရဲ့ ဆရာ/ဆရာမတွေအကြောင်းနဲ့ သူတို့ရဲ့ မျှော်မှန်းချက်တွေကို သိရှိဖို့ ဖြစ်ပါတယ်။ ကျောင်းတာဝန်ခံတွေနဲ့လည်း တွေ့ဆုံပြီး ကျောင်းရဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ ဆွေးနွေးနိုင်ပါတယ်။ စာသင်နှစ်တလျှောက်မှာ သင့်ကလေးရဲ့ ပညာရေး အခြေအနေကို သိရအောင် မိဘ-ဆရာ စည်းဝေးပွဲတွေ တက်သင့်ပါတယ်။ ဒါဟာ ဆရာများနဲ့ တွေ့ဆုံဆွေးနွေးပြီး သင့်ကလေးမှာ အထူး ဂရုစိုက်သင့်တဲ့ အခြေအနေရှိလား မရှိလား သိနိုင်ဖို့ အခွင့်အလမ်း ဖြစ်ပါတယ်။   ၂။ သင့်ကလေးရဲ့ ကျေင်းအကြောင်းသိအောင် လုပ်ပါ သင့်ကလေးကျောင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကအစ သိထားခြင်းဟာ ကျောင်းဖွင့်ရက်တွေအကြောင်း ပြောဆိုကြရာမှာ သင့်ကလေးနဲ့ […]


ကျောင်းနေအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှုအဆင့်ဆင့်

သင့်ကလေး မူလတန်းကျောင်းမှာ အောင်မြင်စေဖို့ နည်းလမ်း ၁၀ချက် (အပိုင်း ၂)

မိမိကလေး ကျောင်းတက်စ နှစ်တွေဟာ မိဘတွေ အနေနဲ့ သားသမီးရဲ့ ပညာရေးအခြေအနေကို သိမြင်နိုင်ပြီး အထောက်အပံ့ပေးဖို့ အရေးကြီးတဲ့အချိန်ပဲ ဖြစ်ပါတယ်။ ၆။ သင်ယူမှုစွမ်းရည်များ မြှင့်တင်ပါ စာမေးပွဲဆိုတာ ကလေးများအတွက် ကြောက်လန့်ဖွယ် အရာတခုပဲ ဖြစ်ပါတယ်။ စာမေးပွဲတွေဖြေရမယ်ရင် မတုန်လှုပ်တဲ့သူ မရှိပါဘူး။ ကံအားလျော်စွာပဲ မဘများဟာ သားသမီးများရဲ့ အခြေခံပညာရေးမှာ ပါဝင် အကူအညီပေးနိုင်ပါတယ်။ သင့်ကလေးကို သင်ယူမှုစွမ်းရည် မြင့်မားအောင် သင်ကြားပေးမယ် ဆိုရင် ဘသတလျှောက်လုံးအတွက် အထောက်အကူ ဖြစ်ပါတယ်။ သူတိုရဲ့ စာမေးပွဲအချိန်စာရင်းကို သိအောင်လုပ်ထားပြီး မဖြေခင်ညတွေအထိ ကူညီဖတ်မှတ်ပေးနိုင်ပါတယ်။ များပြားတဲ့ စာတွေကို ဘယ်လိုချုံ့ပစ်မလဲ၊ ကျက်မှတ်ဖို့ ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ ကလေးများကို သင်ကြားပေးပါ။ တခုမှတ်ထားရမှာတော့ ၄၅မိနစ်ပြီးတိုင်း ခေတ္တအနားယူခြင်းဟာ သင့်ကလေးရဲ့ စာကျက်မှတ်မှုကို ပိုပြီးထိရောက်စေတယ်ဆိုတာပါပဲ။ စာကျက်ခြင်းနဲ့ စာမေးပွဲဖြေခြင်းကို သင့်ကလေးဟာ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း