ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးရဲ့ ဘဝတစ်သက်တာမှာ ကျန်းမာပျော်ရွှင်နေစေဖို့ အရွယ်အလိုက် ထိန်းကျောင်းနည်းတွေကို သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ သင့်ကလေးလေး ပျော်ပျော်ရွှင်ရွှင်နဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာစေဖို့ လိုအပ်တဲ့ အချက်အလက်တွေ အကုန်လုံးကို ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကလေးပြုစုစောင့်ရှောက်ခြင်း

ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း

အာဟာရ မပြည့်ဝမှုကို ပုံစံ အမျိုးမျိုးနဲ့ တွေ့ရနိုင်ပါတယ်။ အာဟာရ မပြည့်ဝမှုဆိုတာ အာဟာရ မပြည့်မီတာ၊ တစ်မျိုးတည်းကို အလွန်အကျွံ စားသုံးမိပြီး အခြား အာဟာရဓာတ်တွေကို ပြည့်မီအောင် မဖြည့်တင်းမိတာ စသဖြင့် အမျိုးမျိုး ရှိနိုင်ပါတယ်။ အဝလွန်တာကလည်း အာဟာရမပြည့်ဝမှုတစ်ခုပါပဲ။ အာဟာရ ချို့တဲ့မှု ဆိုတာကတော့ လုံလောက်တဲ့ အာဟာရကို ပြည့်မီအောင် မရတာပါ။ ဒီလို အာဟာရ မပြည့်ဝတာက အာဟာရ ချို့တဲ့မှု ကို ဖြစ်စေပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ကမ္ဘာ့တလွှားက အသက် ၅ နှစ်အောက် ကလေးငယ် 149 သန်းလောက်ဟာ အာဟာရချို့တဲ့မှုကို ခံစားနေကြရပါတယ်။ ဒီတစ်ခေါက်တော့ ကလေးများနဲ့ အာဟာရ ချို့တဲ့ခြင်း အကြောင်းလေး ပြောပြပေးချင်ပါတယ်။ အာဟာရ ချို့တဲ့ခြင်း အာဟာရ […]

ကလေးပြုစုစောင့်ရှောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကလေးပြုစုစောင့်ရှောက်ခြင်း ကို ရှာဖွေမည်။

ကလေးငယ်အာဟာရ

ကလေးများအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ သရေစာ ၂၇မျိုး

သရေစာစားချိန်ဟာ ကလေးတိုင်းရဲ့ အကြိုက်ဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သင့်ကလေးကို အသင့်စားနိုင်အောင် ပြုပြင်ထားတဲ့ စားစရာတွေ၊ သကြားများတဲ့ စားစရာတွေ မကျွေးသင့်ပါဘူး။ ယခုဖော်ပြမယ့် သရေစာ ၂၇မျိုးကို စမ်းကျွေးကြည့်ပါ။ သင့်ကလေး ပျော်ရွှင်ပြီး ကျန်းမာသန်စွမ်းပါလိမ့်မယ်။ ကလေးများကို သရေစာ ဘယ်နှကြိမ် ကျွေးသင့်လဲ ကလေးများအတွက် သရေစာတွေကို အစားတကြိမ်နဲ့ တကြိမ်ကြား ကျွေးနိုင်ပါတယ်။ နေ့လယ်ပိုင်းမှာ ကျွေးတဲ့သရေစာဟာ ညစာစားသည့်တိုင်အောင် အာဟာရနဲ့ စွမ်းအင်ကို ပေးနိုင်ပါတယ်။ ပုံမှန်အချိန်နဲ့ စားတဲ့ သရေစာများဟာ သင့်ကလေး ဆာပြီး ဂျီမကျအောင် အကူအညီပေးပါတယ်။ ဒါပေမယ့် သရေစာစားတာ လွန်သွားရင်လည်း ညစာလွတ်သွားနိုင်ပါတယ်။ ဒါဆိုရင် အချိန်မှန်အောင် ဘယ်လို ရွေးချယ်ကြမလဲ။ သင့်အနေနဲ့ ကလေးတွေ ဆာနေပုံရတဲ့အချိန်မှ ကျွေးသင့်ပါတယ်။ ဒါဟာ သူတို့ဘဝတလျှောက်လုံးအတွက် ကျန်းမာရေးနဲ့ညီတဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်အောင် […]


အခြားကလေးကျန်းမာရေးပြဿနာများ

မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအကြောင်း သင့်ကလေးကို ပြောပြဖို့ နည်းလမ်းများ

အင်တာနက်ဆိုဒ်တွေမှာ မိမိကိုယ်ကိုသေကြောင်း ကြံစည်တဲ့ ဂိမ်းအမျိုးအစားတွေကို တွေ့နိုင်ပြီး သူတို့ဟာ မိမိကိုယ်ကို သတ်သေခြင်းကို နောက်ဆုံးဦးတည်ချက် လုပ်ပေးထားတတ်ပါတယ်။ Suicide game ဆိုတဲ့ စကားလုံးကို အင်တာနက်မှာ ရှာကြည့်ရင် တစက္ကန့်မှာ ၅၆.၃၀၀.၀၀၀ ထက်များတဲ့ ရလာဒ်တွေ ပေါ်လာတာကို တွေ့နိုင်ပါတယ်။ ယနေ့အခါမှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ကလေးတွေဟာ မိမိကိုယ်ကို သေကြောင်းကြံလာနိုင်တဲ့ အခွင့်အလမ်းတွေ တွေ့လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးမှာ မိမိကိုယ်ကို သေကြောင်းကြံလိုတဲ့ အတွေးအမြင်တွေ ပေါ်လာရင် ပြောဆိုရှင်းပြရပါမယ်။ လက္ခဏာများကို သတိပြုမိခြင်း FACTS ဆိုတဲ့ စကားလုံးဟာ သင့်ကလေးမှာ သေကြောင်းကြံလိုစိတ် ဖြစ်မဖြစ် သိနိုင်မယ့် အတိုကောက်စာလုံးတွေ ဖြစ်ပါတယ်။ F=Feeling ခံစားမှုပိုင်းဆိုင်ရာနဲ့ ပတ်သက်ရင် မျှော်လင့်ချက် ကင်းမဲ့ခြင်း၊ တန်ဖိုးမဲ့ခြင်း၊ ဆုံးရှုံးမှုအတွက် ကြောက်ရွံ့ခြင်းနဲ့ သင့်ကလေးကို အရင်နဲ့မတူ ကွဲပြားတဲ့ […]


ကလေးငယ်အာဟာရ

ကလေးငယ်များစားသောက်မှုပုံစံများအတွက် သိမှတ်ဖွယ်ရာများ

သင့်ကလေးကို ပုံစံတကျ ကျွေးဖို့ စီမံထားရင် မေးစရာတွေ ရှိလာနိုင်ပါတယ်။ နွားနို့နဲ့ ပဲနို့ ဘယ်ဟာကို ရွေးရမလဲ။ တံဆိပ်တွေက အဆင်ပြေရဲ့လား။ ဘယ်တံဆိပ်က အကောင်းဆုံးလဲ။ အောက်ပါ အချက်တွေကတော့ ကလေးငယ်များအတွက် ပုံစံတကျကျွေးရာမှာ သိသင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ ကလေးငယ်များကို ပုံစံတကျကျွေးရာမှာ ဘာတွေက အဓိက အမျိုးအစားတွေလဲ တရားဝင်ခွင့်ပြုချက်များအရ ကလေးများကို ပုံစံတကျကျွေးဖို့ အဓိကအမျိုးအစား ၃ခု ရှိပါတယ်။ - နွားနို့ပရိုတိန်းအခြေပြုပုံစံ။ အတွေ့ရအများဆုံး ပုံစံဖြစ်ပြီး မိခင်နို့နဲ့ အများဆုံးဆင်တူပါတယ်။ ဒီအမျိုးအစားမှာသုံးတဲ့ နွားနို့ဟာ ကလေးငယ်များ အစာခြေဖျက်ရ လွယ်ကူစေဖို့နဲ့ အာဟာရဓါတ်ပိုမို ပါဝင်အောင် ပြောင်းလဲထားပါတယ်။ ကလေးငယ် အများစုဟာ နွားနို့နဲ့ အဆင်ပြေပါတယ်။ ဒါပေမယ့် သင့်ကလေးဟာ နွားနို့ဓါတ်မတည့်မှုရှိရင် တခြားပုံစံကို ရွေးချယ်သင့်ပါတယ်။ - ပဲနို့အခြေခံပုံစံ။ နွားနို့နဲ့ lactose မတည့်တဲ့ […]


ဆယ်ကျော်သက်အရွယ်ဖွံ့ဖြိုးမှုအဆင့်ဆင့်

ဆယ်ကျော်သက်များစားသောက်မှုပုံစံအတွက် အချက် ၃ချက်

ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့ ကလေးတယောက်ကို အစားကျွေးရတာ ခက်ခဲပါတယ်။ သူတို့ဟာ ကိုယ်အလေးချိန်အတွက် အမြဲစိတ်ပူပန်နေတတ်ပြီး တတ်နိုင်သလောက် ကိုယ်အေလေးချိန်ကို လျှော့ချင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီအရွယ်ဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများစွာ ရှိတာမို့ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တင့်မျှတတဲ့ အစားအသောက်ကို ကျွေးတာ ပိုကောင်းပါတယ်။ ကျန်းမာရေးနှင့် ညီညွတ်အောင် စားခြင်း ဆယ်ကျော်သက်အရွယ်တွေဟာ အသင့်စား သရေစာတွေကို သဘောကျတတ်ကြပါတယ်။ ကျန်းမာရေးနဲ့ညီအောင် စားတယ်ဆိုတာ အသင့်စား စားစရာအားလုံးကို ရှောင်လိုက်တာတော့ မဟုတ်ပါဘူး။ အစားမျိုးစုံကို မျှမျှတတဖြစ်အောင်စားပြီး အချိုများနဲ့အစာတွေ အမြန်စာတွေကို လျှော့ချလိုက်ခြင်းပဲ ဖြစ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ ပရိုတိန်းဓါတ်၊ ကစီဓါတ်၊ အဆီဓါတ် စတာတွေဟာ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ စွမ်းအင်ရင်းမြစ်ပဲ ဖြစ်ပါတယ်။ - ပရိုတိန်းဓါတ်ဟာ ကိုယ်ခန္ဓါရဲ့ ၅၀%ခန့် ရှိပါတယ်။ ဆယ်ကျော်သက်တွေအကြိုက် စားစရာတွေဖြစ်တဲ့ အမဲသား၊ […]


ကလေးပြုစုစောင့်ရှောက်ခြင်း

သင့်ကလေးများက သင့်ကို လှည့်ပတ်နေကျ နည်းလမ်းများ

ကလေးတွေဟာ ဆက်ဆံကိုင်တွယ်ရတာ ခက်ခဲပါတယ်။ အထူးသဖြင့် ဒီနေ့လို တိုးတက်မှုမြန်တဲ့ ခေတ်မှာ အမီမလိုက်နိုင်ပါဘူး။ သင့်ကလေးတွေဟာ ဒီအချက်ကို အခွင့်ကောင်းယူလာနိုင်ပါတယ်။ သင်နဲ့ သင့်ကလေးကြားက ဒီပြသနာကို ဟန်ချက်ညီစေဖို့ သင့်ကလေးက သင့်ကို လှည့်ပတ်နေတဲ့ နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဂျီတိုက်ခြင်း ဆယ်ကျော်သက်ကလေးတွေ အများဆုံးလုပ်နေကြက ဂျီတိုက်ခြင်းပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ သူတို့ကို အလျှော့ပေးလိုက်လျောလာအောင် ထပ်တလဲလဲ တောင်းဆိုတာတွေ ပြုလုပ်နိုင်ပါတယ်။ စတေဆီကိုင်ဆာ ဆိုတဲ့ စာရေးဆရာဟာ မိဘတွေ အနေနဲ့လည်း တူညီတဲ့ တုံ့ပြန်ပုံမျိုး ရှိသင့်တယ်လို့ ဆိုပါတယ်။ မိဘတွေပြောသလို လုပ်နိုင်မှ သူတို့ လိုချင်တာကိုပေးနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တူညီတဲ့ အဖြေကို ထပ်တလဲလဲ ပေးခြင်းဟာ သူတို့ ဂျီတိုက်ခြင်းကို အားပျော့သွားစေနိုင်ပါတယ်။ လိမ်ညာခြင်း ကလေးတွေဟာ တချို့အကြောင်းအရာတွေကို မိဘတွေသိရင် သဘောမတူမှာ စိုးပါတယ်။ ဒါကြောင့် ကလေးတွေဟာ […]


ကလေးငယ်ပြုစုစောင့်ရှောက်နည်း

ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင်

လူတိုင်းကျန်းမာဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတယ် ဆိုတာကို ပြောစရာမလိုအောင်ကို သိထားပြီး ဖြစ်မယ်ထင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဆိုတဲ့ နေရာမှာလည်း ခေါင်းအစခြေအဆုံး သန့်ရှင်းဖို့ လိုပါမယ်။ ခြေသည်းလက်သည်းတွေ ကိုလည်း မေ့ထားလို့ မဖြစ်ပြန်ပါဘူး။ ခြေသည်းလက်သည်းတွေ ရှည်လာတဲ့အခါ လက်သည်းတွေကြားမှာ မသန့်ရှင်းတဲ့အရာတွေ ကပ်ညှိပြီး လက်ကနေတဆင့် ပါးစပ်ထဲဝင်သွားရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးတွေကိုလည်း ရောဂါကင်းတဲ့ ကလေးလေးတွေအဖြစ် ကြီးပြင်းလာစေဖို့အတွက် ငယ်စဉ်ကတည်းက လက်သည်းတွေကို သေချာသန့်စင်ပေးဖို့ လိုပါမယ်။ လူတွေက ကိုယ့်လက်သည်းကို ကိုယ်တိုင်ညှပ်ကြတာများပါတယ်။ ကိုယ့်လက်သည်းခြေသည်းတွေကို ကိုယ်တိုင်ညှပ်တဲ့အခါ သိပ်ပြဿနာ မရှိပေမယ့် ကလေးတွေရဲ့လက်သည်းကို ညှပ်ပေးဖို့ကျတော့ မတော်တဆ ထိခိုက်သွားမှာကိုစိုးရိမ်ကြပါတယ်။ ဒါကြောင့် အခုတစ်ခေါက် ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ဘယ်အချက်လေးတွေကို သတိထားရမလဲ ဆိုတာကို ပြောပြပေးပါရစေ။ ဘေဘီလေးတွေကို လက်သည်းညှပ်ပေးမယ်ဆိုရင် ကလေးလေးတွေရဲ့ လက်သည်းလေးတွေက […]


မတ်တတ်ပြေးအရွယ်နဲ့မူကြိုအရွယ်ကလေးရဲ့ ဖွံ့ဖြိုးမှု အဆင့်ဆင့်

ကလေးကို အိမ်သာသွားတတ်အောင် ဘယ်လိုလေ့ကျင့်ပေးမလဲ

ကလေးကသေးခံ(diaper)လေးဝတ်စရာမလိုတော့ဘဲ ရှူးရှူးတည်လို့ရတဲ့၊ နားလည်တဲ့အရွယ်ရောက်နေပြီဆိုရင် စနစ်တကျစည်းကမ်းစပေးလို့ရနေပါပြီ။ လမ်းလျှောက်တတ်ခါစအရွယ်၊ အသက် ၁၈ လကနေ ၂၄ လအတွင်း ဆို အိမ်သာသွားတတ်အောင် ခွက်နဲ့အကျင့်လုပ်ပေးရတော့မှာပါ။ ဒါပေမယ့် သိပ်လောစရာတော့မလိုပါဘူး။ ကလေးကိုစည်းကမ်းပေးတာ သိပ်စောလွန်းသွားရင် သင်ရပိုကြာနိုင်တဲ့အပြင် ကလေးလည်းပင်ပန်းပါတယ်။ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုက အသင့်ဖြစ်မဖြစ် အရင်ဆုံးကြည့်ရမှာပါ။ အပြုအမူပိုင်းလေးတွေ သင်လို့ရနေပြီဆိုရင်တော့ စလိုက်ပါတော့။ ခွက်လေးနဲ့ အင်အင်းပါတတ်အောင် အကျင့်လုပ်ပေးတာက ကလေးရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ရော၊ ကျန်းမာရေးအတွက်ပါကောင်းပါတယ်။ တချို့ကလေးတွေဆို အိမ်ထဲပတ်ပြေးဆော့ကစားရင်း အင်အင်းတွေ တစစီပြန့်ကျဲကုန်တာပဲ။ ဒီလိုမဖြစ်ရအောင် တဖြည်းဖြည်းချင်း ကျင့်ယူပေးရင် မိဘလည်းသက်သာတာကြောင့် အသုံးဝင်မယ့်အချက်လေးတွေအကြံပြုလိုက်ပါတယ်။ မှန်ကန်တဲ့အသက်အရွယ်မှာပဲ စသင်ပါ ကလေးအများစုက အသက် ၂ နှစ်နဲ့ ၃ နှစ်အတွင်းမှာ သင်လို့၊ စည်းကမ်းပေးလို့ရတာသေချာပါတယ်။ တချို့ကျတော့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမြန်ဆန်တာကြောင့် လူကြီးတွေပြောသမျှ လုပ်သမျှ ငယ်ကတည်းက နားလည်နေတတ်ပါတယ်။ ဒါ့ကြောင့် မှန်ကန်တဲ့အသက်အရွယ်အပိုင်းအခြားဆိုတာက ကလေးရဲ့ဖွံ့ဖြိုးမှုကိုအဓိကမူတည်နေတာကြောင့် […]


ကလေးငယ်အာဟာရ

ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး

ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကိုကောင်းကောင်းစားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကိုပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင်ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။ ကလေးခံတွင်းနဲ့သွားကျန်းမာစေဖို့ အစားအစာ (၅) မျိုး ပန်းသီး ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓါတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကိုကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူပြုပေးပါတယ်။   ဥအမျိုးမျိုး ကြက်ဥ၊ဘဲဥနဲ့ငုံးဥတို့လိုမျိုး ဥတွေမှာ ကယ်လ်ဆီယမ်၊ပရိုတင်းနဲ့ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓါတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဥအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ […]


မိခင်နို့တိုက်ကျွေးခြင်း

ကလေးနို့ဖြတ်ချိန်မှာ သတိထားသင့်တဲ့အချက်များ

ကလေးတစ်ယောက်ရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အသက်တစ်နှစ်မပြည့်ခင်ကာလက အရေးကြီးဆုံးအချိန်ပါ။မွေးစကနေခြောက်လအတွင်းတော့ မိခင်နို့ သို့မဟုတ် နို့မှုန့်နဲ့ အာဟာရဖြည့်တင်းလာခဲ့ပေမယ့်ခြောက်လကျော်၊ တစ်နှစ်ဝန်းကျင်လောက်ဖြစ်လာရင်ကြေညက်အောင်ချေထားတဲ့ထမင်း သို့မဟုတ်ဖြည့်စွက်အာဟာရတွေပါ တွဲကျွေးလို့ရပါပြီ။ နို့ဖြတ်သင့်တဲ့အရွယ်ကိုလည်းရောက်လာပါပြီ။ ဒါပေမယ့် နို့ချိုအာဟာရနဲ့ပဲ အမြဲအားဖြည့်လာခဲ့တဲ့ ကလေးကို နို့ဖြတ်ဖို့ဆိုတာ လွယ်ပါ့မလား။ မိခင်အတော်များများက အတွေ့အကြုံရှိသူတွေအကြံပေးတဲ့အတိုင်း ရင်သားထိပ်မှာ ဆားခါးသုတ်ထားတာ၊ ခါးတဲ့အရာတစ်ခုခုသုတ်လိမ်းထားတာ စတဲ့နည်းတွေကိုသုံးတတ်ကြပါတယ်။နောက်ဆုံးတော့ နို့ပြတ်သွားတယ်ဆိုပေမယ့် ကလေးက နို့မစို့ရလို့ ငိုယို၊ လျှာမှာခါးသွားတဲ့အရသာကြောင့် ဒုက္ခရောက်နေရတာတွေကိုမြင်ရတဲ့အခါ အမေဖြစ်သူရင်ထဲမှာလည်း စိတ်မသက်မသာဖြစ်ရ၊ သနားရ နဲ့ ပင်ပန်းရပါတယ်။ ကလေးကိုဘယ်အချိန်မှာ နို့ဖြတ်မလဲ နို့ဖြတ်သင့်တဲ့အချိန်ကိုရောက်လာပြီဆိုရင် ရုတ်တရက် ချက်ချင်းဖြတ်တာထက် တဖြည်းဖြည်းချင်း နို့ဖြတ်တာ ပိုကောင်းပါတယ်။ ကလေးကိုယ်တိုင်က နို့မစို့ချင်တော့ဘဲ အစာအာဟာရဘက်ကို ဦးစားပေးလာအောင် ကျင့်ယူပေးရမှာဖြစ်ပါတယ်။ ဒီအနေအထားမှာ စိတ်မလောဘဲ ကလေးရဲ့ကျန်းမာစွာကြီးထွားဖွံ့ဖြိုးမှုကို အားပေးနိုင်တဲ့ အစာအာဟာရကိုဖြည့်တင်းပေးဖို့လိုပါတယ်။ ဒါ့ကြောင့် ကလေးနို့ဖြတ်တဲ့အခါမှာ နည်းလမ်းမှန်ကန်စေဖို့၊ အဆင်ပြေစေဖို့ သိထားသင့်၊ သတိထားသင့်တဲ့အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။ အစောကြီး […]


ကလေးတွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ှScarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) ကဘာလဲ။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် တစ်ချို့လူများ၌ လည်ချောင်းနာပြီးနောက် ဘက်တီးရီးယားကြောင့်ဖျားခြင်း ဖြစ်ပါသည်။ Scarlatina ဟုလည်းခေါ်ပြီး ခန္ဓါကိုယ်တစ်ခုလုံး နီးပါးတွင် အနီတောက်တောက် အကွက်များထခြင်း ဖြစ်ပေါ်နိုင်ပါသည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှာ များသောအားဖြင့် လည်ချောင်းနာခြင်းနှင့် အပြင်းဖျားခြင်းတို့ဖြင့် တွဲတတ်ပါသည်။ ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းသည် ကလေး ၅ – ၁၅ နှစ်အတွင်း အဖြစ်များဆုံးပင်။ ကြက်သွေးရောင်အဖုပေါက် ဖျားခြင်းကို ကလေးဘဝအပြင်းဖျားနာအဖြစ် ယူဆကြပြီး ပဋိဇီဝဆေးများဖြင့် အန္တရာယ်နည်းစေနိုင်ပါသည်။ မကုသပဲထားပါက ကြက်သွေးရောင်အဖုပေါက်ဖျားခြင်းမှ ပိုပြင်းထန်းသောအခြေအနေများဖြစ်လာပြီး နှလုံး၊ ကျောက်ကပ်နှင့် တခြားအစိတ်ပိုင်းများကိုပါ ထိသွားနိုင်သည်။ Scarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်များတွင် အဖြစ်အများဆုံးဆိုသော်လည်း လူတိုင်းဖြစ်နိုင်ပါသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများScarlet fever ( ကြက်သွေးရောင်အဖုပေါက်ဖျားခြင်း […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း